← Chapters

ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ(၂)

Vol. 16 Ch. 227

ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ(၂)

Vol. 16 Ch. 227

“အ ငါ့သိက္ခာ ထိခိုက်တယ်…မြွေစုတ်မြွေညစ် တစ်ကောင်ကြောင့်နဲ့။အား သောက်ချေး…”

ထွီ… ထွီ…

ချွန်းမြောင်က သူ့ပါးစပ်အတွင်းရှိ အညစ်အကြေးများကို အမြန်ထွေးထုတ်လိုက်၏။သူထွေးထုတ်လိုက်တိုင်း နှာခေါင်းထဲမှ သွေးများ လျှံကျလာလေသည်။

“……နှာခေါင်းကို သုတ်လိုက်ဦး…”

“နှာခေါင်းသွေးလျှံတာက အရမ်း အရေးကြီးနေလို့လား…ဘာလဲ…ဘာလဲ…ဘာလို့ ဒီလိုမျိုး စီးကျနေတာလဲ…အိုး ဘုရား အဲ့ဒီမြွေနာက လူတွေကို သတ်တော့မယ်…”

ထိုသို့ဖြစ်နေသည်ကို ကြည့်နေသည့် ယုရီဆိုးက သူမ၏ခေါင်းကို ယမ်းကာ သူမ၏အင်္ကျီလက်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ဆွဲထုတ်လိုက်၏။သူမက လက်ကိုင်ပဝါကိုယူကာ ချွန်းမြောင်အနားသို့ သွားလေသည်။

‘အ သူမက ညင်ညင်သာ သန်းရှင်းပေးသည့်အကြောင်းကို တွေးတောနေလေသည်…

ရှ…ရှူး…

“အား…အားးး…”

ယုရီဆိုးက ချွန်းမြောင်၏နှာခေါင်းထဲသို့ လက်ကိုင်ပဝါအား ထိုးထည့်လိုက်၏။ချွန်းမြောင်က လှုပ်ရှားဖို့ ကြိုးစားပေမဲ့ သူမက သူ့လည်ပင်းကို ဆွဲ၍ သူ၏နှာခေါင်းထဲသို့ အဝတ်စကို တွန်းထည့်ပေး၏။

“…”

‘ဒါက ဂရုစိုက်ပေးနေတာလား…ဒုက္ခပေးနေတာလား…’

…ချွန်းမြောင်၏မျက်နှာကို ကြည့်လိုက်ရုံနှင့် သူ ဒါကို သဘောမကျမှန်း သိသာလှသည်။

ယခု နှာခေါင်းထဲတွင် လက်ကိုင်ပဝါတစ်ထည် ရှိနေပြီဖြစ်သည့် ချွန်းမြောင်က ခပ်ပြတ်ပြတ် ပြောလိုက်၏။

“အား…ဘယ်နေရာမှကို မငြိမ်းချမ်းဘူး…”

တပည့်များကို တိတ်တိတ်လေး ကြည့်နေခဲ့သည့် သားရဲနန်းတော်သခင်က စကားစလာ၏။

“မင်အကြေးခွံ သွေးစပါးအုံးက ယန်နန်မှာ အန္တရာယ်အရှိဆုံး ဝိညဉ်သားရဲပဲ…အနည်းဆုံးတော့ နူးညံ့သိမ်မွေ့တဲ့ စရိုက်မျိုးရှိတယ်…ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်လာမယ်ဆိုရင် အကဲဆတ်ပြီး သဘောမကျကြတာကြောင့် အန္တရာယ်ပြုတတ်တာ…”

“နူးညံ့သိမ်မွေ့တယ်…”

“ဟုတ်တယ် …သိမ်မွေ့တာကို ပြောတာ…”

“အာ…”

“ဒါပေမဲ့ အဲ့ဒါက သူ့ပိုင်နက်ကို အစွဲအလမ်းကြီးကြောင်း ပြနေတာပဲ…ကျောက်တုံးလေး တစ်တုံးကိုဖြစ်ဖြစ် မြက်ပင်လေးတစ်ပင်ကိုဖြစ်ဖြစ် တခြားတစ်ယောက်ယောက်က လာထိရင် သည်းခံမှာမဟုတ်ဘူး…အဲ့ဒါကြောင့် သူ့ကို လှည့်စားပြီး မင်းတို့လိုနေတဲ့ မြက်ကို ဆွဲနှုတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး…”

“စောစောက ဖြစ်သွားတဲ့အကြောင်း ပြောကြရအောင်….”

“အဆုံးသတ်ကျ မင်း မြက်ပင်ကို အရ မယူနိုင်ခဲ့ဘူးဆိုတဲ့ သဘောပဲ…”

“ဟုတ်တယ်…”

သားရဲနန်းတော်သခင်က ခေါင်းညိတ်လိုက်၏။

“အလယ်ပိုင်း လွင်ပြင်က လာတဲ့ ဇီးပန်းဓားသူတော်စင်ရဲ့ မျိုးဆက်တွေကို ဒီလိုပြောရတာ ဝမ်းနည်းစရာပဲ…ဒါပေမဲ့ သားရဲနန်းတော်မှာ ဒီပြဿနာအတွက် ဖြေရှင်းချက်မရှိပါဘူး…ဒီကိစ္စကို မင်းတို့ဘာသာ ဖြေရှင်းရမှာ…”

ထို့နောက် ဘတ်ချုန်းက တည်ကြည်လေးနက်သော မျက်နှာနှင့် ချွန်းမြောင် အနားသို့ ချဉ်းကပ်လာ၏။

“ချွန်းမြောင် လက်လျှော့လိုက်တာ ကောင်းမယ်ထင်တယ်…”

“လက်လျှော့ရမှာလား…မင်းက လက်လျှော့ချင်လို့လား…”

“တခြားနည်းလမ်းမှ မရှိတော့တာ…ငါတို့ဓားတွေကမှ သူ့ကို ထိခိုက်အောင်လုပ်လို့မရတာ…ဒီတော့ ငါတို့က ဘယ်လို ဖြေရှင်းကြမှာလဲ…မင်း ခုနကတောင် ကံကောင်းလို့လေ…ကံသာ မကောင်းရင် မင်းက သူ့အစာဖြစ်သွားမှာ…”

ချွန်းမြောင်က သူကြားလိုက်ရသည်ကို မကြိုက်သဖြင့် အော့နှလုံးနာဟန် လုပ်ပြနေ၏။

တကယ်တော့ သူ သေသွားခဲ့သင့်တာ။

တကယ်လို့ ချွန်းမြောင်မဟုတ်ဘဲ တခြားတစ်ယောက်သာ ဖြစ်နေခဲ့လျှင် သူတို့တွေ ကမ္ဘာလောကြီးကို ပြတ်ပြတ်သားသား ထားခဲ့ရပြီး ငရဲပြည်သို့ သွားနေလောက်ပြီဖြစ်သည်။

‘ဒီလိုအရာတွေက ဘယ်လိုလုပ် တည်ရှိနေတာလဲ…’

၎င်း၏ဧရာမ အရွယ်အစားကို ထည့်မတွက်လျှင်တောင် ပို၍ကြောက်စရာကောင်းသည့်အရာမှာ ၎င်း၏ သောက်ကျိုးနည်း မာကြောသော အကြေးခွံများပင် ဖြစ်သည်။ချွန်းမြောင်က သူ၏ချီစွမ်းအား အမြင့်ဆုံးထိ တိုးမြှင့်ထားတောင် ထိုမြွေကြီးအား အဆင်းရာလေး တစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့ပေ။

လက်ရှိ ချွန်းမြောင်မှာ တောင်တန်းများကို ပိုင်းဖြတ်နိုင်လောက်သည်အထိ စွမ်းအားပြည့်ဝသူဖြစ်သည်။ထို့ကြောင့် မြွေကြီး၏အကြေးခွံများသည် တောင်တန်းများထက် ပို၍သန်မာသည်ဟု ဆိုလိုနေသည်။

ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်လိုက်၏။ပထမဆုံးအနေနဲ့ ဓားသိုင်းကျွမ်းကျင်သူက လူသားအချင်းချင်း တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြတာဖြစ်သည်။လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရမည့် အတွေးဖြင့် ရာစုနှစ်များစွာ ပြုပြင်မွမ်းမံခံရပြီး လေ့ကျင့်ခဲ့ရတာဖြစ်သည်။

တစ်နည်းအားဖြင့် သူစွမ်းဆောင်နိုင်သည့် ဓားရေးကျွမ်းကျင်မှုကို ထည့်သွင်းမစဉ်းစားလျှင်တောင် အဓိပ္ပာယ်လုံးဝ မရှိပေ။

“တကယ်တမ်းကျ ငါက အင်အားမရှိလို့ မဟုတ်ဘူးလား…”

“ဟုတ်တယ်…မင်းက အင်အား မရှိလို့မဟုတ်ပါဘူး…ဒါတင်မကဘူး…အချိန်မှန်လည်း မဟုတ်သေးဘူး…အရင်ဆုံး ပြန်သွားပြီးမှ ငါတို့ တခြား နည်းလမ်းတစ်ခု စဉ်းစားလို့ရမှာပါ…”

“ဟုတ်ကဲ့ပါ…အခုတော့ အရင် ပြန်ကြတာပေါ့…”

“အိုး…”

ဘတ်ချုန်းက အံ့အားသင့်နေသော မျက်လုံးများဖြင့် ချွန်းမြောင်ကို ကြည့်နေလေသည်။

‘မဟုတ်သေးဘူး…သူက ဘာလို့ ဒီလောက်ထိ နာခံတတ်နေတာလဲ…’

“သားရဲနန်းတော်ကို အရင်ပြန်ကြမယ်…”

“…”

‘အာ စကားဆုံးတဲ့ထိ နားထောင်ခဲ့သင့်တာ…’

“တကယ်လို့ ငါ့ခွန်အားက နည်းနေတယ်ဆိုရင်လည်း ပိုတိုးအောင် လုပ်ရမှာပေါ့…အဲ့ဒီသောက်ကျိုးနည်း မြွေရဲ့ခေါင်းကို ဓားရေးအစွမ်းနဲ့ ခွဲပစ်ဦးမှာ..”

ချွန်းမြောင်က အံတကြိတ်ကြိတ် လုပ်နေလေ၏။

တကယ်လို့ သူသာ ဇီးပန်းဓားသူတော်စင် ဖြစ်နေသေးလျှင် သူသာ အနိုင်ယူလိုပါက တူချောင်းလေးများနှင့်တောင် အနိုင်တိုက်နိုင်သည်။သို့သော် သူက ဓားသူတော်စင် မဟုတ်တော့ပေ……နောက်ပြီး ဒီလိုမျိုး ဒုက္ခရောက်နေသည့် ပုံစံမျိုးနှင့် ဖြေရှင်းရမှာကို မုန်းတီးမိသည်။

‘အာ ဆရာတူအကိုကြီး ကျွန်တော်ရဲ့ ဆရာတူအကိုကြီး’

‘ကျွန်တော် ဒီလိုနေရာမျိုးမှာ နေနေရတယ်လေ…”

ရေကန်ကို ကြည့်နေသည့် ချွန်းမြောင်က တိုးတိုးရွေရွတ်လိုက်သည်။

“ငါ ပြန်လာခဲ့မယ်…ခဏနေရင် တွေ့ကြတာပေါ့…”

ထို့နောက် သူက ပြန်လှည့်၍ သားရဲနန်းတော်ဆီသို့ ပြေးလေတော့သည်။

“ငါ့နောက် လိုက်ခဲ့ကြ…”

“မဟုတ်သေးဘူး…မင်းက ဘာ ထပ်လုပ်ဦးမလို့လဲ…”

ဟွာဆန်းမှ တပည့်များမှာ ချွန်းမြောင်နောက်သို့ စတင်ပြေးလိုက်ကြရလေသည်။

သားရဲနန်းတော်သခင်က ကလေးတွေကြောင့် ရယ်မောနေလေတော့သည်။

“ပျော်တတ်လိုက်တဲ့လူတွေ…”

“ဘယ်သူမှ အထဲကို မဝင်ခဲ့ကြနဲ့…”

“ယား မင်း အရူးကောင်ကတော့….”

ခွမ်း…

ချွန်းမြောင်က တံခါးကို ဆောင့်ပိတ်လိုက်ပြီး အထဲကို ဝင်သွားလေသည်။ဘတ်ချုန်းက သူ့ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

“…သူ ဘာလုပ်ဦးမလို့လဲ…”

ယွန်းဂျွန်က ဘတ်ချုန်းကို ကြည့်ပြီးပြောလိုက်လေသည်။

“အဲ့ဒါ ချွန်းမြောင်ဖြစ်နေတုန်းပဲမလား…သူက ပြဿနာရှိရင် အဖြေကို အမြဲရအောင် ရှာတတ်တဲ့သူလေ…”

“…ဒါပေမဲ့ သူ ဘယ်တုန်းကများ အဖြေကို အလွယ်လေး ရှာတွေ့ခဲ့လို့လဲ…”

“အာ…”

“ငါက သူ ထူးဆန်းတာတွေ လျှောက်လုပ်မှာ စိုးလို့ပါ…ဒီလိုအချိန်မှာ ငါ ဒီလိုတွေးမိတာ တော်တော် သဘာဝကျပါတယ်…အခုအချိန် သူ သားရဲနန်းတော်ထဲမှာ လျှောက်လုပ်မှာစိုးတာပါ…ငါက နန်မန်သားရဲနန်းတော်ကို စိုးရိမ်တာပါ…”

“…အာ အဲ့ဒါက…”

ဒါ အမှန်ပဲ…

ယွန်းဂျွန်က ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။သူ့ဘေးနားရှိ စစ်သားများ၏ အကြည့်များကို ခံစားမိသောအခါ သူက အနေခက်စွာဖြင့် ပြောလိုက်၏။

“သူ ဒီအကြောင်းကို မတွေးနိုင်လောက်ပါဘူးနော်…ဟုတ်တယ်မလား…”

“အဆင်ပြေသွားမှာပါ….”

ဘတ်ချုန်းက သူ၏ကြိုတင်ခန့်မှန်းချက်များက မှားလိမ့်မည်ကို သိနေသဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

အထဲကို ဝင်သွားသည်နှင့် ချွန်းမြောင်က သစ်သားသေတ္တာနှစ်ခုကို ထုတ်လိုက်သည်။တစ်ခုက အကြီး၊တစ်ခုက အသေးဖြစ်သည်။

သူက နောက်ထပ် သေတ္ထာငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ထို့နောက် တင်ပျဉ်ချိတ်ထိုင်လိုက်၏။

သူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

‘အနည်းဆုံးတစ်ကြိမ်တော့ လုပ်ရမယ့်ကိစ္စပဲ…”

ဒီလိုနေ့ရောက်လာမည်ဆိုတာ သူ သိနေခဲ့သည်။လက်ရှိ သူသည် သူ၏အတိတ်က အရိပ်တစ်ခု ဆင်တူသည့် ခွန်အားမျိုး ရှိနေသော်လည်း ဓားသူတော်စင် အဆင့်ထိ ရောက်ရန်မှာ အတော်လေး မနီးစပ်သေးပေ။

ဟုတ်ပါသည်။လက်ရှိ ချွန်းမြောင်သည် နှေးကွေးသော အရှိန်ဖြင့် ကျင့်ကြံနေဆဲဖြစ်သည်။သို့သော် ရက်တွေကြာလာသည်နှင့်အမျှ သူ၏တာဝန်များမှာ တိုးလာပြီး သူတစ်ခုခုကို လုပ်လိုက်လေလေ ရန်သူကလည်း ပိုပိုများလာခဲ့သည်။

အတိတ်တုန်းကလို သူ့မှာ အလွယ်တကူ ကျင့်ကြံချိန်မရှိပေ။အခုမှ စိတ်အားထက်သန်စွာဖြင့် စတင် လေ့ကျင့်လျှင်ပင် သူ၏အတိတ်က ပုံစံကို လိုက်မီရန် နှစ်သုံးဆယ်လောက် ကြာပေလိမ့်မည်….

‘ဒါပေမဲ့ အနှစ်သုံးဆယ်အတွင်းမှာ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ အာမခံချက်က ရှိပါ့မလား…’

တောင်ဘက်အစွန်အဖျားဂိုဏ်း သို့မဟုတ် ဝူတန်ဂိုဏ်သည် ဟွာဆန်းကို လာရောက် တိုက်ခိုက်လာနိုင်သည်။နတ်ဆိုးဂိုဏ်းဆီကတောင် ထပ်ပြီး စော်ကားခံရနိုင်သည်။

ကံမကောင်းလျှင် ဝိညာဉ်သားရဲတစ်ကောင် စားတာတောင် ခံလိုက်ရနိုင်သည်။

ဘယ်လိုအခြေအနေမျိုးမှာမဆို သူ ကျော်လွှားနိုင်ရမည်။သူ ကျော်လွှားနိုင်ဖို့က ပိုပြီး သန်မာလာဖို့လိုသည်။သို့မှသာ ဟွာဆန်းသည် ပိုပြီး သန်မာလာလိမ့်မည်။

‘နောက်ဆုံးတော့ ကိုယ့်ရဲ့ခွန်အားပေါ်မှာ မူတည်နေတာပဲ…’

သူလေ့ကျင့်ထားသည့် သိုင်းပညာများနှင့်အတူ သူ၏ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံတာ ပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။အခုတော့ သူ၏အတိတ်က အတွေ့အကြုံများနှင့် အတိတ်တုန်းက သူအသုံးပြုခဲ့သော သိုင်းပညာများကို ချပြနိုင်တော့မည်ဖြစ်သည်။သို့သော် ထိုသို့လုပ်နိုင်ရန် နောက်ဆုံးတစ်ခု လိုနေသေးသည်။

“ပြီးတော့…..”

ချွန်းမြောင်က သက်ပြင်းချလိုက်ပြီး သူ့ရှေ့က သစ်သားသေတ္တာများကို ကြည့်လိုက်၏။

ချောက်…

သူပထမဆုံးဖွင့်လိုက်သည့် သေတ္တာမှာ သေတ္တာအကြီးဖြစ်သည်။

အထဲတွင် ဟွမ်းဂျွန်ဆီမှ အတင်းခိုးယူခဲ့ရသည့် စိတ်ဝိညာဉ်အတွက် အရေးပါသည့် ဆေးလုံး ပါရှိသည်။ချွန်းမြောင်က ထိုအရာကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

ထို့နောက် ဒုတိယတစ်လုံးကို ဖွင့်လိုက်၏။

ပထမတစ်လုံးထက် သေးသော်လည်း တန်ဖိုးကြီးပုံပေါ်နေသည်။

ချောက်…

ဒုတိသစ်သား သေတ္တာကို ဖွင့်လိုက်သည်နှင့် အခန်းထဲသို့ ပုပ်စော်နံသည့်အနံ့က စတင်ပျံနှံ့သွားတော့သည်။

ဆေးလုံးသည် နိမိတ်ဆိုးသော ခံစားချက်ပါသည့် အနက်ရောင် လုံးလုံးဝိုင်းဝိုင်း အရာတစ်ခုဖြစ်သည်။

ဤအရာသည် ထန်မိသားစု၏အမွေအနှစ်ဖြစ်သည့် ကောင်းကင်ဘုံအဆိပ် ဆေးလုံးဖြစ်သည်။

ကောင်းကင်ဘုံအဆိပ် ဆေးလုံးသည် ကမ္ဘာပေါ်တွင် အဂ္ဂိရတ်ပညာရပ် အကောင်းဆုံး ထုတ်ကုန်များထဲမှ တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။အစကတော့ အပြင်လူတွေ မရနိုင်သည့် ပစ္စည်းဖြစ်ခဲ့သော်လည်း ထန်ဂန်းက ချွန်းမြောင်ကို ပေးခဲ့သည်။

ထိုဆေးလုံးသည် ၎င်း၏အသွင်အပြင်အရ အန္တရာယ်ရှိပုံပေါ်နေသော်လည်း တကယ်တော့ လူတစ်ယောက်၏ချီစွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် ဆေးလုံးဖြစ်သည်။ဆေးကိုသောက်လိုက်သည့်သူက ဘာအဆိပ်မှ မသင့်တော့ဘဲ ထိခိုက်ပျက်ဆီးမှုကိုလည်း အများအပြား လျှော့ချပေးလိမ့်မည်။

‘အဆိပ်ကို ခံနိုင်ရည် ရှိစေမယ့် အရာတစ်ခုသာဆိုရင်…’

“ဖူး…’

ချွန်းမြောင်က အသက်ပြင်းပြင်း ရှူလိုက်၏။

ထို့နောက် အသေးဆုံး သေတ္တာကို ကြည့်လိုက်လေသည်။

တခြားဆေးလုံးနှစ်လုံးနှင့် မတူဘဲ တတိယတစ်လုံးမှာ ကွဲပြားနေသည်…အတိတ်တုန်းကလို သန်မာသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ချွန်းမြောင်က နောက်ထပ်ဆေးများကို မကိုင်တွယ်နိုင်တော့ပေ…။

ပြဿနာက တတိယတစ်ခုပင်ဖြစ်သည်။

“ခွက်…”

ထန်ဂန်းပင်လျှင် ထိုအရာကို သူ့အား ပေးရန် တုံ့ဆိုင်းနေခဲ့သည်။ချွန်းမြောင်က သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်၏။အရင်သေတ္တာများနှင့် မတူဘဲ သေတ္တာထဲတွင် ဆေးလုံးများနှင့် ကပ်လျက်တွင် ပုလင်းတစ်လုံးရှိနေသည်။ထိုပုလင်းမှာ သေးငယ်သော အဖြူရောင်ကျောက်စိမ်းပုလင်းလေးဖြစ်သည်။သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုပုလင်း၏အဖုံးကို ဖွင့်လိုက်၏။

ဝှစ်…

သူဖွင့်လိုက်သည်နှင့် ပုလင်းထဲကအနံ့သည် သူ့နှာခေါင်းကို ယားယံစေသည်။အနည်းငယ် ချို၍ လန်းဆန်းစဖွယ်ဖြစ်သည်။အနံ့ချည်းသက်သက်ဆိုလျှင် ထိုဆေးက တခြားဆေးအများစုထက် ပို၍သန့်စင်သည်ဟု ခံစားရသည်။

သို့သော် ဒီဆေးကို ကိုင်ထားသည့်အချိန်တွင် ရနံ့နဲ့တင် အရူးမလုပ်ခံရသင့်ပေ။

အထဲမှာရှိနေသည့် ဤအရာသည် တခြားအရာမဟုတ်။အဆိပ်သာဖြစ်သည်။

ထို့ပြင် “အလှလေးမျက်ရည်”ဟုခေါ်သည့် အင်မတန် အဆိပ်ပြင်းသော အဆိပ်ဖြစ်သည်။

“ဖူး”

ချွန်းမြောင်က ပုလင်းကိုကြည့်ပြီး အနံ့ခံကြည့်လိုက်၏။

“ကျွတ်”

အနံရှူလိုက်သည်နှင့် ထိုအရာနှင့် ဝေးဝေးနေရန် သူ့ကိုယ်သူ ချက်ချင်း တောင်းဆိုလိုက်ရသည်။

“ငါ သူ့ကို ယုံကြည်ရပါ့မလား…”

သူ့စိတ်ထဲတွင် အမှတ်တရဟောင်းများ ပေါ်လာခဲ့သည်။

“တာအို”

“တာအိုအကိုကြီး”

“ဘာလဲ…’

“အလယ်ပိုင်းလွင်ပြင်မှာ အကောင်းဆုံးဆေးက ဘာလဲသိလား…”

ချွန်းမြောင်က မေးခွန်းကြောင့် မျက်မှောင်ကြုတ်လိုက်သည်။သို့သော် ထန်ပေါ်မှာ သာမန်အားဖြင့် သူ့ကို ဒီလိုရိုးရှင်းသောအရာများ ပုံမှန်မေးလေ့ရှိသည်။

“စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးလား…ကောင်းကင်ဘုံအဆိပ် ဆေးလုံးလား…”

“မှားတယ်…သူတို့က ဆေးတောင်မဟုတ်ဘူး”

“….ဘာအကြောင်းကို ပြောနေတာလဲ”

ချွန်းမြောင်၏မျက်နှာပေါ်က အမူအရာကို မြင်သောအခါ ထန်ပေါ်က တခစ်ခစ်ရယ်ပြီး ပြုံးလေသည်။

“ကမ္ဘာပေါ်မှာ အကောင်းဆုံးက ကျွန်တော်တို့မိသားစုမှာပဲ တကယ် ရှိတာလေ…”

“ကောင်းကင်ဘုံအဆိပ်ဆေးလုံးအကြောင်းကို ငါသိတယ်…ဒါပေမဲ့ အဲ့ဒါက တခြားဂိုဏ်းတွေရဲ့ ဆေးတွေနဲ့ ယှဉ်ရင် အဆင့်နိမ့်မယ်…အဲ့ဒါက အဆိပ်ကို ဆေးအဖြစ်သုံးတာပဲလေ…ဒါပေမဲ့ ဒါ အကုန်ပဲလေ…”

“အိုး…”

ထန်ပေါ်က ဘာမှပြောစရာ မရှိတော့ပုံပေါ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါလည်း မဟုတ်ဘူး…အကောင်းဆုံးဆေးက “အလှလေးရဲ့မျက်ရည်”လို့ခေါ်တယ်…”

“အလှလေးရဲ့မျက်ရည် ဟုတ်လား…မကြားဖူးပါဘူး…”

“ထင်တဲ့အတိုင်းပဲ…ဘာလို့လဲဆိုတော့ အဲ့ဒါက အဆိပ်လေ…အဲ့ဒီအဆိပ်က ကျွန်တော်တို့ မိသားစုအတွက်တောင် ကိုင်တွယ်ဖို့မလွယ်ဘူး…”

“….သက်စောင့်ဆေးထဲမှာ အဲ့ဒီလောက်ပြင်းတဲ့ အဆိပ်ပါတယ်လား…မင်းကြည့်ရ မင်းဒီရက်ပိုင်း အရိုက်ခံရတာများပြီး စကားတွေလည်း ရှုပ်ကုန်တာများလား…”

“ဘယ်အချိန်တုန်းက အရိုက်ခံရလို့လဲ…ကျွန်တော် ရိုက်ခံရသမျှက အကိုကြီးဆီကပဲ…”

ချွန်းမြောင်က ထရပ်လာပြီး ထန်ပေါ်ကို နောက်ပြန်ဆုတ်အောင် လုပ်လိုက်၏။

“အဲ့ဒါ ကျွန်တော့်ကို ရိုက်ရမယ်လို့ မဆိုလိုဘူးလေ…”

ချွန်းမြောင်က ပြုံးပြီး ထိုင်ချလိုက်သည်။

“ဆက်ပြောလေ…”

“ဒီအလှလေးရဲ့မျက်ရည်က တခြားအရာထက် ကမ္ဘာပေါ်က အဆိပ်ပေါင်းများစွာကို ပေါင်းစပ်ထားတာပဲ…”

“ငါ့အတွက်ရော အဲ့ဒါက အဆိုးဆုံးအဆိပ် ဖြစ်မယ်လို့ ထင်နေတုန်းလား…”

“….မထင်ပါဘူး…အဲ့ဒါက ဆိုးမှမဆိုးတာ…”

“အာ…”

ထန်ပေါ် ပြုံးလိုက်သည်။

“တကယ်တော့ အဆိပ်ကို ဖော်ခဲ့တာ ဘာလို့လဲဆိုတော့ ပျောက်ကင်းအောင် မကုသနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ အဆိပ်ကို ကျွန်တော်တို့ဆီ ပေးလိမ့်မယ်လို့ ထင်လို့ပဲ…ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်နေခဲ့တဲ့ အကျိုးဆက်ကိုတော့ မပြပါဘူး…မတူညီတဲ့ အဆိပ်တွေက တစ်ခုနဲ့တစ်ခု အာနိသင်လျော့ပြီး ဘာပြင်းထန်တဲ့ သက်ရောက်မှုမှတောင်မရှိဘူး…”

ဇီးပန်းဓားသူတော်စင် ချွန်းမြောင်က တန်ပေါ်ကို ကြည့်လိုက်၏။

“အဆုံးသတ်က…”

“တာအိုအကိုကြီး….အဲ့ဒါက ဘာအစွမ်းလဲ…”

“…ချီ”

“ဟုတ်တယ်…အဲ့ဒါက ချီပဲ…ဒါပေမဲ့ တိရိစ္ဆာန်တွေနဲ့ အပင်တွေက သင့်တော်တဲ့ အရွယ်အစားလောက်ပဲ ချီစွမ်းအားရှိတာလေ…ဒါပေမဲ့ စစ်သည်တွေက သူတို့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအားကို အဆုံးမရှိအောင် ထပ်ဖြည့်နိုင်တယ်မလား…”

“ဟုတ်တယ်…”

“ဒါပေမဲ့ တိရစ္ဆာန်တွေကြားမှာ ချီစွမ်းအားကို ထိန်းနိုင်တဲ့ သတ္တဝါတွေရှိတယ်…သူတို့ကို ဝိညာဉ်သားရဲလို့ ခေါ်ကြတယ်…အဲ့ဒီတိရစ္ဆာန်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ပိုင်အတွင်းအားတွေ ရှိကြတယ်…သူတို့က တခြားတိရစ္ဆာန်တွေထက် ကန့်သတ်ချက်တွေကို ကျော်လွန်သွားကြပြီ…”

“ထင်သာမြင်သာ ရှိတာတွေ ပြောမနေပါနဲ့…ရလဒ်က ဘာလဲဆိုတာသာ ပြောပြစမ်းပါ…”

“အာ အဲ့ဒီစကားကို ရောက်တော့မှာပါ…ဒါပေမဲ့ ဝိညာဉ်သားရဲတွေက ချီစွမ်းအားကို ထိန်းထားနိုင်တဲ့ စစ်သည်သူရဲကောင်းတွေနဲ့မတူတာလည်း ရှိတယ်…သူတို့က အဆိပ်ကိုလည်း ထိန်းထားနိုင်တယ်…”

“အာ…”

ထန်ပေါ်က ပြုံးလိုက်သည်။

“အဆိပ်မရှိတဲ့သားရဲက ချီကို ပိုင်ဆိုင်လာတဲ့အခါ ဝိညာဉ်သားရဲအဖြစ် ပြောင်းသွားတယ်…ဒါပေမဲ့ အဆိပ်ရှိတဲ့ တိရစ္ဆာန်က ချီရှိလာတဲ့အခါ အဆိပ်ချီအဖြစ်….”

“အဆိပ်ချီ…”

“ဟုတ်တယ်…အဲ့ဒီလိုမဟုတ်ရင် အဆိပ်တွေက မရပ်တန့်နိုင်ဘဲ ပိုပြီး အဆိပ်ရှိသွားလိမ့်မယ်…တစ်မျိုးပြောရရင် အဆိပ်ရှိတဲ့သတ္တဝါရဲ့ အဆိပ်က သူ့ဘဝတစ်လျှောက်လုံး စုဆောင်းထားတဲ့ ချီထက် ဘာမှမပိုတော့ဘူး…”

ချွန်းမြောင်က သူ့ခေါင်းသူ စောင်းလိုက်သည်။

‘ဟိုချီးထုပ်ခွေးနဲ့ တူလိုက်တာ…’

“ဒါကြောင့် ကျွန်တော်တို့မိသားစုမှာ အဆိပ်ရှိတဲ့ သားရဲတွေဆီက အဆိပ်တွေ စုပ်ယူဖို့ ကြိုးစားခဲ့ကြတာပေါ့…အဆိပ်တွေကို တစ်နေရာတည်းမှာ စုနေအောင် စီမံဖို့ ကြိုးစားခဲ့တယ်…ပြီးတော့ ကျွန်တော်တို့အတွက် ချီအဖြစ် အသုံးပြုဖို့ ကြိုးစားတယ်…”

“ပြီးတော့ ဘာဖြစ်သွားလဲ…”

“လူတိုင်း သေသွားကြတယ်”

“…”

‘ဘာလဲဟ ဒီအရူးတော့…’

ချွန်းမြောင်က သူ့လက်သီးကို ဆုပ်ထားသောအခါ ထန်ပေါ်က သူ့လက်ကို ဝှေ့ယမ်း၍ နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။

“အ မဟုတ်ဘူးလေ…အဆုံးထိ နားထောင်ပါဦး…အဆုံးထိ…”

“ဒီလို သောက်ရေးမပါတာတွေကို နားထောင်ရမှာလား…”

“ဘာလို့လဲဆိုတော့ ဒါက အရေးမပါတာမှ မဟုတ်တာ…ကျရှုံးခဲ့ပေမဲ့ အလုပ်ဖြစ်ခဲ့တယ်လေ…”

“မင်းက အဲ့ဒါကို ဘယ်လိုလုပ် သိမှာလဲ…လူတွေက သေသွားပြီလေ…”

ထန်ပေါ် က တခစ်ခစ်ရယ်လိုက်၏။

“ထန်မိသားစုဝင်တွေက အဆိပ်တွေရောပြီး ရူးသွပ်သွားတဲ့ အသက်ရှင်ကျန်ရစ်သူကို နှိမ်နင်းဖို့ အပြေးသွားခဲ့ပေမဲ့ သူတို့တွေ အရှုံးပေးလိုက်ရပြီး ထွက်ပြေးခဲ့ရတယ်…ဘာလို့လဲဆိုတော့ အဲ့ဒီလူရဲ့ ရုတ်ချည်း ခွန်အားနဲ့ ဇွဲကြီးမှုကြောင့် ဂိုဏ်းကြီးက ပြိုလဲလုနီးပါပဲ…စကားမစပ် အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က ဖြစ်ခဲ့တာနော်…”

“…”

“နောက်ပိုင်းကျ အဲ့ဒါက အဲ့ဒီလူက အဆိပ်ကို ခုခံပြီး သူ့ခန္ဓာကိုယ်က လက်မခံလို့ အဲ့ဒီလူထဲကို အရမ်း သန့်ရှင်းတဲ့ ချီကိုပဲ ပေးခဲ့လို့ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်…တခြား အကျိုးသက်ရောက်မှုလည်း ရှိခဲ့တယ်…တခြားဆေးနဲ့ နှိုင်းယှဉ်လို့မရနိုင်တဲ့ ချီစွမ်းအား ပမာဏများများကို ရနေကျဖြစ်လို့ ဖြစ်မယ်…အလှလေးရဲ့မျက်ရည်က ကမ္ဘာပေါ်ရှိတဲ့ အဆုံးအစွန်ထိ ပြင်းတဲ့ အဆိပ်မဟုတ်လောက်ပေမဲ့ ကမ္ဘာပေါ်က အကောင်းဆုံးဆေးတော့ ဖြစ်နိုင်တယ်…သူက အရာရာကို သန့်စင်နိုင်တယ်..”

ချွန်းမြောင်က အသက်ကို ပြင်းပြင်းရှူလိုက်၏။

“ဒါဆို အဆိပ်က ခန္ဓာကိုယ်ကို ဘယ်လိုလုပ် သန့်စင်မှာလဲ…”

“….ကျွန်တော် မသိပါဘူး…”

“…”

“သိနေရင် ကျွန်တော်လည်း ဒီလိုပုံဖြစ်နေပါ့မလား…အရက်တစ်ခွက်လောက်သောက်ပြီး အကိုကြီးကျောကို ရိုက်ချိုးပစ်လောက်ပြီပေါ့…အ…မလုပ်ပါနဲ့…မှားပြောမိတာပါ…”

“ရိုက်ချိုးမယ်…”

“…”

“နောက်ကျောကိုတဲ့လား…”

ချွန်းမြောင်က ပြုံးပြီး သူ၏ထိုင်ခုံပေါ်မှ ထလိုက်သည်။

“ဟားဟားဟား…”

ထန်ပေါ်က ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်သွားသည်။

“အိုး…ဒီနေ့တော ဒီလောက်နဲ့ပဲ တော်လိုက်ရအောင်…”

ချွန်းမြောင်က နှောင့်နှေးမနေဘဲ ထန်ပေါ်ဆီသို့ ပျံတက်သွား၏။

“အီးးး…တာအိုအကိုကြီး…အကိုကြီး ကျွန်တော် အဲ့ဒီသဘော ပြောတာမဟုတ်ပါဘူး…အ…အကိုကြီး လူယုတ်မာကြီး…တာအိုကျင့်ကြံသူက လူတွေကို ဒီလို ရိုက်လို့ရလို့လား…အား…ကျွန်တော့်ကို ချမ်းသာပေးပါ…အကိုကြီး…”

“သေစမ်း…အရူးကောင်…”

“….”

အတိတ်က အမှတ်တရများကို ပြန်တွေးနေမိသည့် ချွန်းမြောင်က သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက ပုလင်းကို ကြည့်လိုက်သည်။

“….ကြည့်ရတာ ငါ့ရဲ့အတိတ်ကို ငြိတွယ်နေမိတယ်ထင်တယ်”

‘အခုတော့…ဒါကို ငါ စားရမလား…မစားရဘူးလား…’

All Chapters