ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ!(၄)
Vol. 16 Ch. 229
"မင်း ခွေးကောင်လေး…"
ဘတ်ချုန်းက ဒေါသထွက်နေသော မျက်နှာကြီးဖြင့် အော်လိုက်လေသည်။
"ဘာလဲ…'
သို့သော် ချွန်းမြောင်ကတော့ အရေးစိုက်ပုံမပေါ်ပေ။ဒါကို ဒေါသထွက်နေသည့် ဘတ်ချုန်းက စကားများ ထစ်အကာ ပြောလာလေသည်။
"မ-မဟုတ်ဘူး…အယုတ်တမာကောင်…အခုတော့ သွားရအောင်…'
"ဘယ်လို…"
"အဝတ်အစား သွားဝတ်ဦး…မင်းအဝတ်အစားတွေ…”
"အာ…"
ချွန်းမြောင်က ခေါင်းငုံ့ကာ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
“ငါ အတွင်းခံဝတ်ထားတုန်းပဲလေ…ဘာပြဿနာ ရှိလို့လဲ…”
"အား…'
ဘတ်ချုန်းက ခေါင်းကုတ်လိုက်သည်။ချွန်းမြောင်မှာ အတွင်းခံဝတ်ထားဆဲဖြစ်သော်လည်း သူ့တစ်ကိုယ်လုံး၏ တခြားအစိတ်အပိုင်းများကို မြင်နေရသည်။ထိုအဝတ်အပိုင်းမှာလည်း ဖွားဖက်တော် လုံရုံမျှသာဖြစ်သည်။
အမှန်တကယ်ပင် သူ့ကြွက်သားများက လူတစ်ယောက်ကို မနာလိုဖြစ်စေလောက်အောင် ကောင်းမွန်နေပေမယ့် အနည်းဆုံးတော့ ဘောင်းဘီတိုလေးတော့ ၀တ်ထားသင့်သည်။သူဘယ်လိုခံစားရသည်က အသာထား။သူ့ကိုမြင်လိုက်ရသည့် လူအတွက်ကတော့ အရှက်ရစရာပင်။
"ငါတို့နဲ့အတူ ဆရာတူအမလည်း ရှိနေတယ်လေ…"
ဘတ်ချုန်းက ဤမြင်ကွင်းကြောင့် ယုရီဆိုး၏ မျက်လုံးများ အမည်းစက် စွန်းထင်းသွားမှာကို စိုးရိမ်နေမိသည်။သို့သော် သူမသည် တည်ငြိမ်နေပုံရသည်။သူမက စကားတစ်ခွန်းမှ မပြောဘဲ အနီးအနားဝန်းကျင်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်လိုက်ပြီး တွေ့တဲ့ အဝတ်စတစ်စကို ကောက်ယူလိုက်၏။ထို့နောက် သူမသည် ချွန်းမြောင်ဆီသို့ သွားလေသည်။
“ဒါကို ဝတ်ထားလိုက်…”
"အိုး ငါတို့ ဆရာတူအမ ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ…"
"မင်းက အကျည်းတန်နေလို့…"
"…ကျေးဇူးတင်ပါတယ်.."
'မင်း ငါတို့ကို ပြခဲ့တဲ့ မြင်ကွင်းကြောင့် ငါတို့ရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ကျလာစေတဲ့အတွက် ကျေးဇူးတင်ပါတယ်…'
သို့သော် ချွန်းမြောင်သည် ယုရီဆီုးထံမှ အဝတ်အစားများကို တည်ငြိမ်စွာယူလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် သူ့ပခုံးကို ပခုံးတွန့်ပြလိုက်သည်။
“အခု ငါ ဒီမြွေစုတ်မြွေနာကို အနိုင်တိုက်ပြီး…မြက်တွေ သွားယူရအောင်…"
ယွန်းဂျွန်သည် ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။
"ချွန်းမြောင်...အခု မြွေက ပြဿနာ မဟုတ်ဘူး…"
"အာ…ဘာလို့လဲ…"
ထိုစဉ်
"ဒါက ဘာလဲ…"
"ဘယ်အရူးသေချင်းဆိုးက ဒီလို လုပ်လိုက်တာလဲ…"
"အာ…"
ကျယ်လောင်သောအော်သံများနှင့်အတူ သားရဲနန်းတော်မှ စစ်သည်များသည် ပျက်စီးနေသောနေရာကို အပြေး ရောက်လာကြသည်။ဒေါသထွက်နေသာကြောင့် သူတို့၏မျက်နှာများမှာ နီရဲနေကြသည်။
"သူတို့ကဇီးပန်းဓားသူတော်စင်ရဲ့ သားမြေးတွေမို့ ငါတို့က သူတို့ကို ဧည့်သည်တွေအဖြစ် စိတ်ရင်းနဲ့ ဆက်ဆံပေးခဲ့တယ်…"
"ကြည့်ရတာ သူတို့တွေ သေချင်နေတဲ့ပုံပဲ…"
စစ်သားအားလုံးက မြင်မြင်ချင်း ဒေါသတကြီးနှင့် အော်ငေါက်ကြလေသည်။သူတို့တွေက စတင်အော်ဟစ်လိုက်သည်နှင့် လူတွေက ပိုပိုများလာခဲ့သည်။
“အိုး…”
ချွန်းမြောင်က ပြိုကျနေသော အဆောက်အဦများကို လှည့်ပတ်ကြည့်ရင်း ကသိကအောက်ဖြင့် ပြုံးလိုက်လေသည်။ထိုနေရာတစ်ခုလုံးမှာ စစ်ပွဲတစ်ခု ဖြစ်သွားတာနှင့်တောင်တူသည်။
“ဟူး… တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး…”
ဒီစကားတွေက ဒီလိုအခြေအနေမျိုးကို တကယ်ပဲ ဖြေရှင်းနိုင်ပါ့မလား။
ဘတ်ချုန်းက သက်ပြင်းချပြီး စကားပြောဖို့ ကြိုးစားလေသည်။
ဒီကိစ္စမှာ ချွန်းမြောင်လုပ်ခဲ့သည့် ကိစ္စဖြစ်ပေမဲ့ သူကတော့ ဒီအဖွဲ့ထဲမှာ တာဝန်ရှိသည့် လူတစ်ယောက်ဖြစ်သည်။အရင်ဆုံး သူကပဲ ရှေ့ထွက်ပြီး တောင်းပန်ရမည်။
"တောင်းပန်ပါတယ်…"
သို့သော် ချွန်းမြောင်က သူ့ကို ပခုံးကနေ ဆွဲပြီး နောက်ကို ဆုတ်ခိုင်းလိုက်သည်။
"နည်းပြ ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်..."
"အာ…"
"အမ်…"
အသာလေး ဆွဲလိုက်သည်မှာ သိသာထင်ရှားသော်လည်း ဘတ်ချုန်း၏ ခန္ဓာကိုယ်သည် အမြောက်ထဲမှ ပစ်လွှတ်လိုက်သကဲ့သို့ အနောက်သို့ ပျံတက်သွားလေသည်။
ဘုန်းးး….
ဘတ်ချုန်းသည် ရေပေါ်တွေင် ပစ်ပေါက်လိုက်သော ကျောက်ခဲတစ်ခဲကဲ့သို့ ခုန်ပြီး လှုပ်ခတ်သွားလေသည်။
“…”
“…”
“အိုး…”
ချွန်းမြောင်သည် တုန်ယင်နေသည့် မျက်နှာဖြင့် သူ့လက်ကို သူကြည့်လိုက်သည်။ထို့နောက် သူ့ခေါင်းအနောက်ဘက်ကို ကုတ်ရင်း ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်၏။
“တောင်း-တောင်းပန်ပါတယ်…ငါ ဒါကို အသားမကျသေးလို့ပါ…”
“ကျွတ်…”
ကြမ်းပြင်ပေါ်မှထလာသော ဘတ်ချုန်းသည် ချွန်းမြောင်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေ၏။
"ဒီကိုလာစမ်းပါ…ဒီနေ့က မင်းရဲ့သေနေ့ပဲ…မင်း သေကိုသေရမယ်…"
"အား...”
"နည်းပြ စိတ်အေးအေးထားပါ"
"သူက အမြဲ ဒီလိုမဟုတ်ဘူးလား…စိတ်အေးအေးထားပါ…"
“အာ…”
ဂျိုဂုနှင့် ယွန်းဂျွန်တို့သည် ရန်ပွဲကို အစပျိုးနေသော ဘတ်ချုန်းကို အမြန် ဖမ်းဆွဲထားကြသည်။
ချွန်းမြောင်ကတော့ ဂရုစိုက်မနေဘဲ စစ်သားများနှင့် ရင်ဆိုင်ရန် ရှေ့တိုးလာခဲ့သည်။ယခုအခါ သူတို့၏ အရေအတွက်သည် လူအုပ်ကြီးတစ်အုပ် ဖြစ်လောက်အောင်ကို များလာခဲ့သည်။
သူတို့အားလုံးက အေးစက်သောမျက်လုံးများဖြင့် ချွန်းမြောင်ကို စိုက်ကြည့်နေကြသည်။
"ဒီလိုဖြစ်အောင် လုပ်လိုက်တဲ့သူက မင်းလား…"
"အာ…ဘာကိုလဲ…"
"နေရာတစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့သူလေ…"
"အာ မင်းတို့ အခု လာနောက်နေကြတာပဲ…ငါတို့က ဒါကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ…"
"ဘာလဲ…မင်းက အဆောက်အဦးတစ်ခုလုံး ဖျက်ဆီးခဲ့တာကို ငြင်းနေတာလား…”
ထိုစကားကိုကြားသောအခါ ချွန်မြောင်က ရယ်လိုက်သည်။
"အဲ့ဒီလိုလုပ်ခဲ့တာကို တစ်ယောက်ယောက်က မြင်လိုက်လို့လား…"
ဒါက လုပ်နေကျ လိမ်ညာမှုတစ်ခု ဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ပေ။
“ငါမြင်လိုက်တယ်…”
စစ်သားတစ်ယောက်က အရှေ့ကို ထွက်လာခဲ့သည်။
"ငါ မြင်လိုက်တယ်…မျက်စိနဲ့တပ်အပ်ကို မြင်လိုက်တာ…အနက်ရောင် စက်ဝိုင်းတစ်ခုက လေဆင်နှာမောင်းလိုမျိုး ကောင်းကင်ပေါ် တက်လာပြီး အဲ့ဒီထဲက ထွက်လာတဲ့ လေက အရာအားလုံးကို ဆွဲယူသွားတာ…အဲ့ဒါကြောင့် ဒီလို ဆင်ခြေမျိုးတွေ ပေးဖို့ စဉ်းတောင်မစဉ်းစားနဲ့…"
"အိုး…"
ချွန်းမြောင်က အံ့အားသင့်နေသော မျက်လုံးများဖြင့် ထိုလူကို ကြည့်လိုက်သည်။
"လေဆင်နှာမောင်းတစ်ခုလိုလား…"
“ဟုတ်တယ်…”
ထိုလူ၏မျက်နှာသည် တင်းမာနေဆဲဖြစ်သော်လည်း သူက ဆက်ပြောလာသည်။
“ရှင်းပြပါဦး…တကယ်လို့ မင်း ဒါကို ကောင်းကောင်း ရှင်းမပြနိုင်ရင် မင်းတို့က ဇီးပန်းဓားသူတော်စင်ရဲ့ သားမြေးတွေဖြစ်နေရင်တောင် မင်းတို့ ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး…ဇီးပန်းဓားသူတော်စင်ကိုယ်တိုင် ဒီကို ရောက်လာရင်တောင် မရဘူး”
'ဒီကို ရောက်လာရင်တောင်လား…'
'ငါက ဇီးပန်းဓားသူတောင်စင်ပဲလေ…'
ချွန်းမြောင်က သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
"ဒါဆို…ငါတို့က မရှင်းပြနိုင်ရင် မင်းတို့က ငါတို့ကို ရိုက်နှက်မှာလား…"
"လုပ်ဖို့လိုရင်ပေါ့…"
“အာ…ဒါပေမယ့် မထူးဆန်းဘူးလား…”
"အမ်…"
စစ်သားက ခေါင်းကို စောင်းလိုက်သည်။
'ဘာထူးဆန်းလို့လဲ'
"အဆောက်အဦးရဲ့ အဲ့ဒီအပိုင်း အနီးအနားမှာ လေဆင်နှာမောင်းတစ်ခု ရှိနေခဲ့တယ်လို့ မင်းပြောခဲ့တာလေ…"
"ဟုတ်တယ်လေ…'
"ငါက အဲ့ဒီလေဆင်နှာမောင်းကို လုပ်ခဲ့တာမို့လား…"
“…အာ…”
"လူသားတစ်ယောက်က ဒီလိုလုပ်လို့ရပါ့လား…"
“…”
'အမ်…'
'ဟုတ်တယ်...လူတစ်ယောက်က ဒီလိုလုပ်နိုင်ပါ့မလား…'
ချွန်းမြောင်က သူ့ခေါင်းကို ယမ်းပြီး ဆက်ပြောလိုက်သည်။
“လေဆင်နှာမောင်းတိုက်ပြီး အဆောက်အအုံပြိုကျတဲ့အခါ ပုံမှန်ဆို အဆောက်အအုံအတွင်းမှာရှိတဲ့ လူတွေအတွက် စိုးရိမ်တတ်ကြတာ ဖြစ်နေကျ သဘောတရားမဟုတ်ဘူးလား…ဒါပေမယ့် မင်းတို့က ငါ့ကို အပြစ်တင်ဖို့ ကြိုးစားနေကြတာပဲ…"
“…အဲဒါ…”
စစ်သားက နှုတ်ဆိတ်သွားလေသည်။
မဟုတ်ဘူး သူတို့ အဲ့ဒီအကြောင်းကို နည်းနည်းလောက် စဉ်းစားရင်ကို တကယ်ကို ဖြစ်နိုင်ချေရှိတယ်။
'လူသားတစ်ယောက်က ဒီလိုလေမျိုးကို တကယ်ပဲ ဖန်တီးနိုင်ပါ့မလား…'
'မဟုတ်ဘူး...'
“နောက်ပြီး ထူးဆန်းတာတစ်ခုရှိသေးတယ်…”
"ဘာ-ဘာလဲ…"
"ထားပါတော့…ငါက အဲ့ဒီလေဆင်နှာမှောင်းကို ဖန်တီးခဲ့တယ် ဆိုကြပါစို့…"
ချွန်းမြောင်က လှည့်ကြည့်ချင်ယောင်ဆောင်လိုက်သည်။
“ဒါဆို မင်းတို့က လက်ဗလာနဲ့ ဒီလိုလေဆင်နှာမောင်းကို ဖန်တီးခဲ့တဲ့သူကို ရိုက်ပစ်မယ်လို့ ပြောနေတာလား…မင်းတို့ စိတ်ကောမှန်သေးရဲ့လား…"
“…”
စစ်သားက ဆက်ပြီးနှုတ်ဆိတ်နေသည်။
'သူ မမှားပါဘူး…'
အကယ်၍ ဤအခြေအနေကို ဟွာဆန်းမှ တပည့်ငယ်လေးက အမှန်တကယ် ကြိုးကိုင်နေခဲ့သူဖြစ်လျှင် သူသည် သာမာန်အသိဉာဏ်ထက် ကျော်လွန်နေသူတစ်ယောက် ဖြစ်ရမည်။ဒီလိုလူကို ဖမ်းပြီး ထောင်ချဖို့ဆိုတာ မလွယ်ကူနိုင်ပေ။
အနည်းဆုံး…
"ဒါက ဘာဖြစ်နေကြတာလဲ…"
ရုတ်တရက် ဟိန်းနေသော အသံတစ်သံက ထိုနေရာတွင် ကျွတ်ကျွတ်ညံသွားလေသည်။
"အရှင်…"
"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်…"
သူ့ကိုမြင်လိုက်သည့် စစ်သားများနှင့် အစောင့်များကက မြေပြင်ပေါ် ဝတ်တွားလိုက်ကြသည်။ဟွာဆန်းမှ တပည့်များကလည်း ထိုလူကိုမြင်သောအခါ ဦးညွှတ်လိုက်ကြသည်။
စစ်သည်များနှင့် အစောင့်များသည် သူတို့၏အရှင်ကို ကြည့်နေကြသည်။
"အရှင်…ဒီလူတွေက…"
"တိတ်တိတ်နေကြစမ်း…"
သားရဲနန်းတော်သခင်က သူ့လက်ကို မြှောက်လိုက်ပြီး အစောင့်ကို ဘာမှမပြောဖို့ တားမြစ်လိုက်သည်။
ထို့နောက် သူက ထိတ်လန့်သော မျက်လုံးများဖြင့် ချွန်မြောင်ဆီသို့ အကြည့်များ ရွှေ့သွားလေသည်။
သူက ခြေတစ်လှမ်း လှမ်းတိုင်း မြေပြင်က တုန်ခါသွားပြီး သူ့ခြေထောက်က မြေပြင်ကို ထိလိုက်တိုင်း သူပတ်ဝန်းကျင်တွင် ဝုန်းဆန်လို့နေသည်။
မကြာခင်မှာပင် သားရဲနန်းတော်သခင်က ချွန်းမြောင်ထံ ချဉ်းကပ်လာပြီး သူ့ကို စိုက်ကြည့်နေ၏။
"ကောင်လေး…"
“…ဟုတ်ကဲ့…”
ထိုလူကြီး၏မျက်နှာသည် နီရဲနေသည်။ချွန်မြောင်ကိုကြည့်ရင်း ခပ်တိုးတိုးညည်းသံထက် ပိုကျယ်သော အသံဖြင့် ပြောလိုက်၏။
"... မင်းအောင်မြင်ခဲ့ပြီလား…"
"အာ....အတိုင်းအတာတစ်ခုထိပါပဲ…ကျွန်တော့်ရဲ့အတွင်းပိုင်း ချီစွမ်းအားက နည်းနည်းတော့ တိုးလာတယ်လို့ ပြောလို့ရမယ်ထင်တယ်…"
"အတိုင်းအတာက…"
"ဟုတ်ကဲ့...ဒီလောက်များများပါ…"
သားရဲနန်းတော်သခင်၏ မျက်နှာသည် တွန့်ရှုံ့သွားလေသည်။ထိုလူကြီးက သူကြားလိုက်ရသည်ကို သည်းမခံနိုင်တော့သလိုမျိုး တုန်လှုပ်သွားလေသည်။
ထို့နောက် သူသည် ချွန်းမြောင်၏ပုခုံးကို ပုတ်လိုက်သည်။
"ဟားဟားဟား…ဒီလောက်အတိုင်းအတာပေါ့… မှန်တယ်… ကောင်းတယ်…ဒီလောက်များရင် ဖြစ်နိုင်ပါတယ်…ဟားဟားဟားဟား…"
ချွန်းမြောင်၏ ပခုံးကို သူ့လက်များဖြင့် အရှိန်ပြင်းပြင်း ပုတ်လိုက်တိုင် ကွဲအက်ကုန်သည့် အသံကို ကြားလိုက်ရသည်။
'ငါတော့ ဒီနေရာမှာတင် သေရတော့မှာလား…'
'သူ ငါ့ကို တကယ်ကြီး စိတ်ဆိုးနေတာလား…'
သူ့လက်က ချွန်းမြောင်၏ ခန္ဓာကိုယ်ကို ထိလိုက်တိုင်း နာကျင်မှုများက တလိပ်လိပ်တိုးလာခဲ့သည်။နန်းတော်သခင် ရယ်မောလို့ ပြီးဆုံးသွားချိန်တွင် ချွန်းမြောင်သည် ကြမ်းပြင်အောက်ထဲသို့ ဝင်လုမတတ် တစ်ဝက်လောက် သံမှိုရိုက်ခံခဲ့ရပြီးပြီဖြစ်သည်။
ထိုလူက စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသလို ပြုံးပြီး ချွန်းမြောင်ကို ဆွဲထူပေးလိုက်သည်။
“ဟုတ်တာပေါ့…ဒီလိုအောင်မြင်မှုမျိုးက အရက်သောက်ဖို့ ခေါ်နေတာပဲ…”
စစ်သည်များ၏ မျက်နှာများမှာ ဖြူဖျော့သွားလေသည်။
“အရှင်…သူတို့က နန်းတော်ကို ဖျက်ဆီးခဲ့ကြတဲ့ အပြစ်သားတွေပါ…”
"သူတို့ကို အပြစ်ပေးရပါမယ်…"
"ဘာလဲ…"
နန်းတော်သခင်က အော်ငေါက်လိုက်၏။
"နန်းတော်ရဲ့ အပိုင်းသေးသေးလေးလောက်ကို ဖောက်ခွဲခဲ့လို့ ငါတို့ရဲ့ဧည့်သည်တွေကို အပြစ်ပေးစေချင်နေတာလား..ငါ့ရဲ့သားရဲနန်းတော်ကလူတွေက ဘယ်အချိန်ကစလို့ ဒီလိုအပေါစားဆန်တဲ့ စိတ်ဓာတ်ရှိတဲ့လူတွေ ဖြစ်သွားတာလဲ…နုံချာလိုက်တဲ့ သတ္တဝါတွေ…"
သူ့စကားများကြောင့် ထိုစစ်သည်များက အလျင်အမြန် ဦးညွှတ်ကြလေသည်။
ထိုအချိန်တွင် ချွန်းမြောင်က စစ်သားများကို လျှာထုတ်၍ ရန်စလိုက်သေးသည်။ထို့ကြောင့် စစ်သားများ သူ့ကို ပို၍တောင် မုန်းတီးသွားကြလေသည်။
'အာ့ ဒီအယုတ်တမာကောင်ကို တကယ် ရိုက်ပစ်ချင်တာ…'
‘အင်းပါ..သူက ဧည့်သည်အနေနဲ့ ရောက်လာတော့လည်း...'
'သူ့ပါးစပ်ထဲက သွားတစ်ချောင်းလောက်သာ နှုတ်ယူနိုင်ရင်ကို ငါသေပျော်ပြီ…’
'ဇီးပန်းဓားသူတော်စင်ရဲ့ မျိုးဆက် ဖြစ်နေပေမဲ့ သူ့မှာ ဒီလို ဗရုတ်ကျတဲ့ စရိုက်မျိုး ဘယ်လိုများ ရှိနေရတာလဲ…'
သူတို့တွေ ချွန်းမြောင်၏ အတိတ်ကပုံစံနှင့်သာ တွေ့ခဲ့မည်ဆိုလျှင် သူတို့ နှစ်ယောက်က တစ်ထေရာတည်း တူနေသည်ကို သိကြလောက်သည်။သို့သော် ဓားသူတော်စင်၏ သမိုင်းကြောင်းနှင့် စရိုက်မှာ အလှဆင်ထားခဲ့သဖြင့် သူတို့ မသိကြတော့ပေ။
“ငါတို့ ဧည့်သည်တွေက နန်းတော်ထဲမှာ ပေါက်ကွဲစေပြီး အောင်မြင်မှုရခဲ့တယ်ဆိုတော့ ငါတို့က ဂုဏ်ပြုပေးလို့မရဘူးပေါ့…ဘာလဲ…ဒီကောင်စုတ်လေးကတော့...."
“အာ အရှင် စိတ်ဆိုးတော်မမူပါနဲ့…ကျွန်တော်တို့ရဲ့အရှင်က စိတ်နှလုံး ကြီးမားတော်မူပါတယ်…”
"အာ ဟုတ်သား…”
"ပြီးတော့ ကျွန်တော်မျိုးတို့ မှားပါတယ်…"
"မှားတယ်လား…မင်းတို့ ဘယ်နေရာမှာ မှားနေကြတာလဲ…သူရဲကောင်းတစ်ယောက်က သူတို့ လေ့ကျင့်တဲ့အချိန်မှာ ဒီလိုကိစ္စတွေ အများကြီး ဖြစ်လာနိုင်တယ်…ငါလည်း ငယ်ငယ်တုန်းက လေ့ကျင့်ရေးခန်းမတွေကို ဖောက်ခွဲခဲ့တာပဲလေ…”
“ဟီးဟီး…ဟုတ်ပါတယ်…ကျွန်တော်မျိုး နားလည်ပါပြီ…"
စစ်သည်များ၏ မျက်နှာများမှာ ရှုပ်ပွနေခဲ့သည်။
အရှင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တွေ့ခဲ့တဲ့ သူစိမ်းတွေနဲ့ ဘယ်လိုလုပ် တည့်တည့်ရှုရှုဖြစ်နေနိုင်တာလဲ။ဆယ်စုနှစ်တစ်ခုကြာအောင် သူနဲ့အတူရှိခဲ့တဲ့ စစ်သားတွေနဲ့ အစောင့်တွေကို ကျော်ပြီး ပစားပေးတယ်တဲ့လား။
'သူက ကလေးကတ်ကို ကစားနေတာပဲ…'
'သူဟာ ကောင်စုတ်လေးလို့ ခေါ်ရလောက်အောင်တောင် မငယ်တော့ပါဘူး…'
'ငါ့ကို ပြောင်ပြနေတဲ့ သူ့မျက်နှာကို ကြည့်ရုံနဲ့တင် သတ်ပစ်ချင်လိုက်တာ…’
ဟွာဆန်းမှ တပည့်များရှေ့တွင် စစ်သည်များအားလုံးက သက်ပြင်းချလိုက်ကြသည်။ထိုစဉ် တပည့်များကလည်း သူတို့ကို ကြည့်နေပုံမပေါ်ပေ။နှစ်ဖွဲ့လုံး သက်ပြင်းချမိကြလေသည်။
"ဟားဟားဟား…စားပွဲသောက်ပွဲလုပ်ရအောင်လေ…"
“မဟုတ်ဘူး…အခုတော့ မလုပ်သေးဘူးလေ…"
"အမ်…"
နန်းတော်သခင်က သူ့ခေါင်းကို စောင်းလိုက်လေသည်။
"အခု မဟုတ်သေးဘူးလား…"
“အရင်ဆုံး ကျွန်တော်တို့ ဟိုမြွေစုတ်ကို ဖမ်းရမယ်လေ…ပြီးမှ ညကျ သူ့ကို အမြည်းအဖြစ် စားရအောင်လေ”
"မင်ရောင်အကြေးခွံရှိတဲ့ သွေးစပါးအုံအကြောင်း ပြောနေတာလား…"
“ဟုတ်တယ်လေ…”
“အမ် …ဒါပေမယ့် သတိထားနော်…တကယ်တမ်းကျ သူက ဝိညာဉ်သားရဲတစ်ကောင်ပဲလေ…”
"ဟုတ်တယ်လေ…မြွေတစ်ကောင်ပဲ…"
"မှန်တယ်…လူတစ်ယောက်က ဒီလောက်မာနတော့ ရှိသင့်တာပေါ့…”
"ဟုတ်တာပေါ့…
ထိုလူနှစ်ယောက်၏စကားကို နားထောင်ရင်း အရပ်မျက်နှာအသီးသီးမှ သက်ပြင်းချသံများ ထွက်ပေါ်လာလေသည်။
"…မင်း ဘာလုပ်ခဲ့တာလဲ…"
"ဘာကိုလဲ…"
"ငါမေးနေတာက မင်း ဘာလုပ်ခဲ့တာလဲလို့…"
"အာ အဲဒါလား…"
နတ်ဘုရားရေကန်ဆီကို ဦးဆောင်သွားနေသည့် ချွန်းမြောင်က ဘတ်ချုန်း၏စကားများကြောင့် ပြုံးပြလိုက်သည်။
"ငါ့ရဲ့ချီစွမ်းအား နည်းနည်းတိုးလာခဲ့တယ်…"
“…”
“နည်းနည်းလေးပဲ တိုးလာတာပါ…နည်းနည်းလေးပဲ…"
ဘတ်ချုန်းက ခေါင်းမော့ပြီး သစ်ပင်များ ဖုံးကွယ်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
'အိုဘုရားရေ…'
'ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးတော်မူပါ…'
'ဘယ်လို အတွင်းအားချီ နည်းနည်းက ဒီလောက်ခက်ခက်ခဲခဲ ဖြစ်စေမှာလဲ…အဆောက်အဦးတစ်ခုကို သူက ဘယ်လိုလုပ် ဘယ်လိုဖြိုချနိုင်မှာလဲ…ပြီးတော့ သားရဲတွေရောပဲ…'
ချွန်းမြောင်၏ လျင်မြန်သောတိုးတက်မှုကြောင့် သူစိုးရိမ်သင့်သလား။ဒါမှမဟုတ် မြွေကိုတိုက်ခိုက်ဖို့ ဒီလောက်ခွန်အားတွေ ရလာနိုင်လို့ အံ့အားသင့်နေရမလား။
'ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီး…ငါ့ကိုလမ်းပြကြပါဦး…'
"အင်း ငါထင်ထားသလောက်တော့ တိုးမလာပါဘူး...ဒါပေမယ့် ငါမသေခဲ့လို့ တော်သေးတယ်…"
"အတွင်းအားချီ တိုးအောင်လုပ်ရင်းနဲ့ သေသွားနိုင်တာလား"
"ဒီတစ်ခါက နည်းနည်းတော့ အန္တရာယ်များတယ်…"
“… မသိတော့ဘူး…”
‘ငါ ဒီလိုသောက်ကျိုးနည်းကိစ္စတွေ မသိတော့ဘူး…'
ဘတ်ချုန်းက သက်ပြင်းချလိုက်ပြီး တစ်ခုတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။သို့သော် ချွန်းမြောင်က ၎င်းကို အာရုံစိုက်မနေဘဲ လမ်းကို တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။
'ဒါက အန္တရာယ်များတယ်…'
အဆိပ်နှင့်ချီများသည် သူ၏ယူဆချက်များထက် များစွာကျော်လွန်နေခဲ့သည်။အမှားအသေးလေးတစ်ခုကတော့...သူ၏ချီထိန်းချုပ်မှုဟာ နည်းနည်း အားပျော့နေခဲ့လျှင် သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲပြီး သေသွားရလိမ့်မည်။
သို့သော် ချွန်းမြောင်သည် အလှလေး၏မျက်ရည်များကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီး စုပ်ယူနိုင်ခဲ့သည်။
'တောက်..စုပ်ယူလို့ရတာတောင် ကံကောင်းလို့…'
အစကတော့ ချီပမာဏသည် များပြားနေခဲ့သော်လည်း ခန္ဓာကိုယ်တွင်းသို့ သူစုပ်ယူနိုင်သည့်ပမာဏမှာ မူလပမာဏ၏ တစ်စိတ်တစ်ဒေသလောက်ပင် မဟုတ်ပေ။
ကံကောင်းထောက်မစွာ များပြားလှသော ချီပမာဏသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လည်ပတ်နေခဲ့ပြီး သူဆွဲထုတ်ထားသော အတွင်းအား ချီအနည်းငယ်ကြောင့်သာ ပိုမိုသန့်စင်သော အတွင်းအားချီများကို ဖန်တီးနိုင်ခဲ့သည်။
သူသည် အတိတ်ဘဝ၏ အထင်ပေါ်ဆုံးအချိန်များနှင့် နှိုင်းယှဉ်လျှင် လိုအပ်မှုရှိနေသေးသော်လည်း ဤမျှလောက်ဖြင့် ခဏတာလောက်တော့ ဒုက္ခခံနေစရာ မလိုတော့ပေ။
"ဒါကြောင့် လက်ရှိကိစ္စက ပထဦးစားပေးပဲ.."
သူက ဟိုဟိုသည်သည် ကြည့်လိုက်ပြီးနောက် ရေကန်ကို ရှာတွေ့သွားလေသည်။
"သူတစ်ပါးပစ္စည်းကို ထိရင် ပြန်ပေးရတဲ့ တန်ကြေးကို ငါပြောပြရတာပေါ့…"
'ချွန်းမြောင်'
'အနည်းဆုံးတော့ အမှန်အတိုင်းပြောစမ်းပါ…'
'မင်းက သူ့ပစ္စည်းတွေကို သွားထိနေတာလေ'
'သူက ငါတို့ကို ဘာမှမလုပ်ဘူးလေ…’
ဟွာဆန်းမှ တပည့်များသည် သက်ပြင်းချလိုက်ကြသည်။
“ငါလာပြီကွ…”
ချွန်းမြောင်က နှောင့်နှေးမနေဘဲ သူ၏ဓားကိုဆွဲကာ ရေကန်ထဲသို့ ခုန်ချလိုက်သည်။
"အဲ့ဒီဓားက ကျိုးနေတာလေ…”
"အဆင်ပြေပါတယ်…"
ချွန်းမြောင်က လေထဲမှ ဆင်းလာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက အော်လိုက်၏။
"ထွက်လာခဲ့ ကောင်စုတ်လေး…"
ထိုစဉ်တွင်
ငြိမ်သက်နေသော ရေကန်ထဲတွင် အလွန်သေးငယ်သော လှိုင်းတွန့်လေးတစ်ခု ပေါ်လာပြီး မကြာခင်တွင် မြွေကြီးက သူ၏ဧရာမ အရွယ်အစားကို ဖော်ပြရင်း ထွက်ပေါ်လာခဲ့သည်။
ရှူးးး…
သူက ချွန်းမြောင်ကို ကြည့်နေသည့်အချိန်တွင် သူ၏ အနီရောင် စွန်းထင်းနေပြီး သေးငယ်စူးရှနေသော မျက်လုံးများနှင့် အနက်ရောင် အကြေးခွံများသည် ပို၍ပင် ခြိမ်းခြောက်ဟန်ပေါ်နေသည်။
"မင်း ဒီနေ့ သေကိုသေရမယ်…"
ချွန်းမြောင်က တံတွေးထွေးပြီး သူဓားကို ဆွဲကာ မြွေကြီးနောက်သို့ ပြေးလိုက်လေသည်။
ဂါးးး….
မြွေကြီးကလည်း ချွန်းမြောင်ဆီသို့ ပြေးလာပြီး သူ့ကို အော်ဟစ်နေသကဲ့သို့ ရန်လိုမှုအပြည့်ဖြင့် တရှူးရှူးအော်ဟစ်နေသည်။