ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ!(၅)
Vol. 16 Ch. 230
"အားးး…"
ဂါးးး…
မင်ရောင်အကြေးခွံရှိသော သွေးစပါးအုံးမြွေနှင့် ချွန်းမြောင်တို့သည် တစ်ဦးဆီသို့ တစ်ဦး အပြေးသွားကြလေသည်။နှစ်ယောက်စလုံး၏ မြန်ဆန်လွန်းသော အရှိန်အဟုန်က ရေများ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားစေသည်။
"ရေပေါ်မှာ ပျံနေကြတာလား…"
"သူ ရေပေါ်ပြေးနေတယ်ဟေ့…ရေပေါ်ပြေးနေတာ…"
ရေပေါ်ပျံနေကြတယ်…
သာမာန်နည်းပညာများကို ကျော်လွန်နေသည့် ပေါ့ပါးသော ခြေလှမ်းကွက်တစ်ကွက်ပင်ဖြစ်သည်။ထိုခြေလှမ်းကွက်မှာ အဆင့်အမြင့်ဆုံး ခြေလှမ်းကွက်နည်းပညာများထဲမှ တစ်ခုဖြစ်ပြီး အသုံးပြုသူကို ရေပေါ်ပြေးနိုင်စေသည်။
၎င်းကို လက်တွေ့ဘဝတွင် အမှန်တကယ် လက်တွေ့အသုံးချနိုင်ရန်မှာ နစ်မြုပ်ခြင်းမရှိဘဲ ရေကို တွန်းထုတ်ရာတွင် လွယ်ကူချောမွေ့စေရန် အလွန့်အလွန်များပြားသော စွမ်းအားများ လိုအပ်သည်။ထို့ကြောင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘဲနှင့် ဒီလိုနည်းလမ်းမျိုးကို ကြိုးတောင် ကြိုးစားနိုင်မည်မဟုတ်ပါ။
သို့သော် ချွန်းမြောင်က ထိုခြေလှမ်းကွက်ကို အတော်လေး သဘာဝကျကျနှင့် အပြည့်အဝ အသုံးချနေလေသည်။
ဟွာဆန်းမှ တပည့်များသည် လက်သီးများကို ဆုပ်ထားကြလေသည်။
'ဖြစ်နိုင်ပါ့မလား…'
ဘတ်ချုန်းသည်လည်း အမူအရာများ တောင့်တင်းနေလေသည်။ချွန်းမြောင်သည် မြွေကြီးကို ဖမ်းရန် တစ်ကြိမ် ကျရှုံးခဲ့ပြီးသားဖြစ်သည်။
“သူ့မှာ ဓားမှမရှိတာ…ဘာအတွက် တိုက်ခိုက်နေတာလဲ…”
ဒီတိုက်ပွဲက စစ်သည်သူရဲကောင်းများကြားက သာမာန်တိုက်ပွဲတစ်ခုနှင့် မတူပေ။
သူရဲကောင်းများကြားက တိုက်ပွဲသည် မည်သူက ပိုကောင်းသည့် ဓားကို ကိုင်ဆောင်သည်ဟူသည့်အပေါ် မမူတည်ပါ။ဓားသမားကို အားကောင်းသော နည်းစနစ်ကို အသုံးပြု၍ ရင်ဆိုင်သောသောအခါ နည်းပညာတစ်ခု၏ ခွန်အားသည် အရေးကြီးလှသည်။နောက်ဆုံးတွင် ပိုမိုကောင်းမွန်သောနည်းပညာကို ကိုင်စွဲထားသူကသာ အောင်နိုင်ပေလိမ့်မည်။သို့သော် ထိုအရာတစ်ခုတည်းကသာ ကွာဟမှုကို ပြုလုပ်တာမဟုတ်ပေ။လျင်မြန်သောဓားကိုအသုံးပြုသော ဓားသမားသည် အားပြင်းသောဓားကိုအသုံးပြုသော ဓားသမား၏နည်းပညာများထဲမှ ဟာကွက်ကို ချိန်ရွယ်နိုင်သည်။
သို့သော် ဒီနေရာမှာတော့ လုံးဝ မတူပေ။
ထိုမြွေကြီး၏ အကြေးခွံများသည် ဓားသိုင်းပညာကို အဓိပ္ပာယ်မဲ့စေခဲ့သည်။ချွန်းမြောင် အသုံးပြုသောဓားသည် အတော်လေးကောင်းမွန်ပြီး လျင်မြန်သော်လည်း မြွေ၏အကြေးခွံကို တားဆီးနိုင်ခဲ့လျှင် အလကားပင်။ထို့ကြောင့် တိုက်ပွဲကိုအနိုင်ရရန် အဓိကသော့ချက်မှာ ဓားက ထိုအကြေးခွံများကို ထိုးတောင် ထိုးဖောက်နိုင်ပါ့မလားကို မသိနိုင်ပေ။
ထိုးဖောက်ခဲ့လျှင်လည်း သူက တစ်ချက်တည်းနှင့် အဆုံးသတ်နိုင်ရမှာဖြစ်သည်။
"အားးး…"
ချွန်းမြောင်က ခုန်တက်လာပြီး မြွေကြီး၏ခေါင်းကို တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လေသည်။
ခွပ်…
ထို့နောက်…
'မင်းကိုစားပစ်မယ်…'
သူ၏လုပ်ရပ်က ထိုစကားလုံးများကို ကိုယ်စားပြုနေသလိုမျိုးနှင့် သူက မြွေကြီးကို ခေါင်းဖြင့် ဝင်အောင်း၍ နှုတ်ဆက်လိုက်လေသည်။
"မင်း ဆိုးပေကတော့လေ…"
ချွန်းမြောင်က ၎င်းကို ကြည့်ပြီး 'မင်း သားကောင်အဖြစ် ဘယ်လိုများ ဆက်ဆံရဲရတာလဲ' လို့ တွေးလိုက်မိ၏…
ချွန်းမြောင်၏ခြေထောက်များက လေကို ထိမိသွားလေသည်။သူက လေကို ခြေနင်းကျောက်တုံးတစ်ခုကဲ့သို့ အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီးနောက် မြွေကြီး၏ဦးခေါင်းပေါ်သို့ ဥက္ကာပျံတစ်ခုကဲ့သို့ သက်ဆင်းလေသည်။
"အားးး…"
သူ၏ကျိုးနေသော ဓားသည် အပြာရောင် ချီ ဖြင့် စတင်တောက်ပလာသည်။အရောင်ပိုရင့်လာသည်ဟု သူခံစားလိုက်ရသည်။သို့သော် ထိုအတွေးနှင့်အတူ သူ လုံးဝ သဘောမပေါက်ခင်တွင် သူ၏ချီသည် ခရမ်းရောင်ပြောင်းသွားခဲ့ပြီဖြစ်သည်။
"အဲ့-အဲ့ဒီအရောင်က…"
"ခရမ်းရောင်လား…"
သို့သော် တပည့်များသည် အံ့အားသင့်နေရန် အချိန်မလောက်ပေ။ချွန်းမြောင်၏ဓားသည် မြွေ၏ဦးခေါင်းဆီသို့ ရောက်သွားခဲ့သည်။
ခွက်…
ဧရာမ ဓားကြီးတစ်လက်၏ မြည်သံနှင့်အတူ မြွေ၏ဦးခေါင်းကို ထိသွားပြီး ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပြိုကျလာခဲ့သည်။
"အိုး…"
“အိုး…”
ဘတ်ချုန်းမှာ အံ့သြသွား၏။အံ့ဩထိတ်လန့်နေတဲ့ မြွေကြီးရဲ့မျက်လုံးတွေကို အနီးကပ်မြင်လိုက်ရတာလား။
အချို့က မြွေများတွင် မျက်နှာအမူအရာမရှိဘူးဟု ပြောကြပြီး အချို့ကတော့ မြွေများ၏အမူအရာမှာ အရိုင်းဆန်သည်ဟု ဆိုကြသော်လည်း ဤမြွေသည် ၎င်း၏မျက်နှာတွင် တုံ့ပြန်မှုတစ်မျိုးမျိုးကို ပြနေခဲ့သည်ကို ဘတ်ချုန်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
"သူ့ကို ထိသွားတာလား…"
အဝေးတွင် ရှိနေသည်မို့ သူ သေချာတော့ မပြောနိုင်ပေ။ဘတ်ချုန်းဘက် တတ်နိုင်တာဆိုလို့ ချွန်းမြောင်အား နောက်တစ်ကြိမ် ဓားကို ဆွဲကိုင်နိုင်အောင် လုပ်ပေးနိုင်တာသာရှိသည်။
“ဟုတ်ပြီကွ…”
ခွက်…
'အာ…'
'ထူးဆန်းတဲ့အသံတချို့ပါ ရောနေတာလား…'
ချွန်းမြောင်က သူ့ခေါင်းသူ ယိမ်းလိုက်၏။
အဟုတ်ပင်။သူတို့တွေ မြွေအော်သံကို တစ်ခါမှ မကြားဖူးကြသောကြောင့် ထူးဆန်းသည့်အသံလား မြွေအော်သံလားဆိုတာ မပြောနိုင်ကြပေ။
သို့သော် သူတို့ အခု ကြားလိုက်ရသည်မှာ အရင်ကနှင့်မတူသည်မှာ သိသာလှသည်။
အရင်ကတော့ ချွန်းမြောင်က သူ့ဓားကို ဘယ်လောက်ပဲ လွှဲယမ်းခဲ့ပါစေ အကြောင်းမထူးခဲ့ပေ...
'သူ အခု တကယ်ပဲ အခွင့်အရေး ရှိပြီလား…'
ယခင်ကတော့ တုပ်တုပ်တောင် မလှုပ်ခဲ့သော မြွေကြီးသည် ယခုအခါ ၎င်း၏ ခန္ဓာကိုယ်ကို နာကျင်စွာ တွန့်လိမ်နေပြီဖြစ်သည်။
"မင်း ဘယ်လိုသတ္တိနဲ့…"
ချွန်းမြောင်က မြွေကြီး၏အကြေးခွံများထဲမှ တစ်ခုကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။
"အား…ရှသွားပြီ…"
ချွန်ထက်သော အကြေးခွံများ၏ ထိပ်ဖျားကြောင့် သူ၏လက်မှာ အနည်းငယ် ပြတ်ရှသွားလေသည်။ချွန်းမြောင်က အံကြိတ်ကာ သူ၏လက်ထဲသို့ ချီများကို လှည့်ပတ်လိုက်သည်။ချီနှင့် သူ၏လက်ကို အားဖြည့်တင်းပြီးနောက် အကြေးခွံကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"မင်းက အဆင်ပြေနေသေးတယ်လား…"
ထို့နောက် သူက မြွေကြီးကို သဲကြီးမဲကြီးဖြင့် ရုတ်တရက် ပြန်လည်တိုက်ခိုက်လေသည်။
အနက်ရောင်အကြေးခွံကို ကျိုးနေသော ခရမ်းရောင်ဓားဖြင့် ထိလိုက်သည်နှင့် ၎င်း၏ဦးခေါင်းသည် ထူးထူးဆန်းဆန်း စတင် လှုပ်ရှားလာခဲ့သည်။
ဂီးးး…
အရင်ကနှင့် လုံးဝမတူသည့် အော်သံက တောအုပ်တစ်လျှောက် ထွက်ပေါ်လာခဲ့သည်။ဒါကို မြင်နေရသည့် ဟွာဆန်းမှ တပည့်များက သူတို့၏လက်သီးများကို တင်းတင်းဆုပ်ထားကြသည်။
"သူလုပ်လိုက်တာနော်…"
"ဝိုး သူလုပ်လိုက်တာလား…"
အမှန်ပင်။အကြေးခွံများကို မထိုးဖောက်ရသေးပေမယ့် နောက်ဆုံးတိုက်ခိုက်မှုက သေချာပေါက် လုံးဝအပီအပြင် ထိမိသွားသလို ခံစားရသည်။သူ၏ဓားကျိုးလေး ပြုတ်ကျသည့်အခါတိုင်း မြွေကြီးက နာကျင်စွာ လူးလိမ့်နေလိမ့်မည်။
'အခုတ်ခံရပြီး သေသည်ဖြစ်စေ…ရိုက်နှက်ခံရလို့ သေသည်ဖြစ်စေ ရလဒ်က အတူတူပဲမဟုတ်ဘူးလား…’
ထို့အပြင် ယခင်က အားသာချက်တစ်ခုဖြစ်ခဲ့ပြီး ကြောက်မက်ဖွယ် ဇာစ်အမြစ်ဖြစ်ခဲ့သည့် ၎င်း၏ကြီးမားသောအရွယ်အစားသည် ယခုအခါ အားနည်းချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။၎င်းတွင် ခြေလက်တွေ မရှိသဖြင့် ချွန်းမြောင်ကို ဖယ်ထုတ်ဖို့က ပိုလို့တောင် ခက်ခဲသေးသည်။
ခွက် ခွက်…
စူးစူဝါးဝါး အော်ဟစ်သံများနှင့်အတူ မြွေကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို ဆက်လက် တွန့်လိမ်နေခဲ့သည်။
“ငြိမ်ငြိမ်နေစမ်းပါ ငမိုက်သားရဲ့…”
ထန်း… ထန်း…
ချွန်းမြောင်က တခြား ဘာကိုမှ အာရုံထားမနေဘဲ မြွေ၏ဦးခေါင်းကို အကြိမ်ကြိမ်အခါခါ ပိတ်ပိတ်ရိုက်လေသည်။
အတော်လေး ကြီးမားသောကြောင့် မြွေကြီးက မည်မျှပင် ထင်ရာစိုင်း၍ လှုပ်ရှားနေပါစေ သူ၏တိုက်ခိုက်မှုများသည် လုံးဝပင် ပစ်မလွဲပေ။ဒီလိုအခြေအနေမျိုးက ချွန်းမြောင်အတွက်တော့ သိပ်ကို ဟန်ကျလှသည်။
အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ရိုက်မိပါက အချိန် နည်းနည်းလောက် ပိုကြာလျှင်ပင် မြွေသည် သေချာပေါက် ပြုတ်ကျသွားနိုင်သည်။
ထိုအချိန်မှာပင်။
မြွေကြီး၏မျက်လုံးများထံမှ တောက်ပသော အနီရောင်အလင်းတန်းတစ်ခုက လင်းလက်လာသည်။
ဝူးးး….
မြွေကြီးက အော်သံနက်ကြီးဖြင့် အော်လိုက်ပြီး မြေပြင်ဆီသို့ ပြေးသွားလေတော့သည်။
“အာ…”
သူ့ခေါင်းပေါ်တွင် ချွန်းမြောင်ပါလျက်နှင့် သူ့ကိုယ်သူ မြေပြင်ပေါ် သို့ ပစ်ဆောင့်၏။
ခွမ်း…
“…အွတ်…”
ဒဏ်ခံလိုက်ရသည်မှာ အတော်လေး များသဖြင့် မြေပြင်ပေါ်တွင် ချိုင့်ခွက်တစ်ခု ဖြစ်သွားလေသည်။သို့သော် ချွန်းမြောင်သည် နာကျင်မှုကို ခံစားနေရပေမယ့် ၎င်း၏အကြေးခွံများကို လက်မလွှတ်ခဲ့ပေ။
“ဒါ…”
မြွေကြီး၏မျက်လုံးများမှာ နီရဲ တောက်ပနေတုန်းဖြစ်သည်။
ခွမ်း…ခွမ်း…ဝုန်း…ခွမ်း…
ထိုမြွေကြီးက ဒီပုံစံအတိုင်းပဲ ထပ်ခါထပ်ခါ လုပ်နေခဲ့သည်။အခုအချိန်မှာ မြေပြင်က အတော်လေး ပြိုကျသွားသဖြင့် သစ်ပင်များနှင့် ကျောက်တုံးများမှာ ပြန့်ကျဲကုန်သည်။
“ဒါ-ဒါက…”
တပည့်များအားလုံးက ဓားများကို ဆွဲကိုင်ထားကြလေသည်။ဒီတစ်ကြိမ်မှာတော့ သူတို့၏ဦးခေါင်းကို ရိုက်နေကြရာကနေ ဘယ်သူက အရင် သေမလဲဟူသော ကစားပွဲတစ်ခုနှင့် တကယ်တူနေသည်။ချွန်းမြောင်က ဒါကို မထိန်းနိုင်တော့လျှင် သူတို့က အမြန် ပြေးဝင်ပြီး သူ့ကို ကယ်ကြမှာဖြစ်သည်။
ချွန်းမြောင်တစ်ယောက် အဆက်မပြတ် အရိုက်ခံနေရသည်ကို မြင်သည့် ဘတ်ချုန်းက တစ်ဖက်ကို ပြေးသွားလေသည်။
“မ-မလုပ်နဲ့…”
‘ခရမ်းရောင်သစ်သားမြက်’
“ခရမ်းရောင်သစ်သားမြက်…”
မြွေကြီးက သူ့ကိုယ်သူ မြေပြင်နှင့် ဆောင့်ရန် ပြင်ဆင်နေ၏။သို့သော် သူရွေးချယ်လိုက်သည့် နေရာမှာ ခရမ်းရောင်သစ်သားမြက် ရှိသည့် နေရာဖြစ်သည်။နောက်ပြီး ၎င်း၏ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ထိုနေရာအနီးတစ်ဝိုက်ကိုပင် ပစ်ဆောင့်မိပါက တိုက်မိသည့်နေရာမှ ဆေးပင်လေးတစ်ပင် အသက်ရှင် ကျန်ရစ်နိုင်မည်မဟုတ်ပေ။
“အဲ့ဒီနားကို မလုပ်နဲ့…”
ဘတ်ချုန်းက အော်ဟစ်လိုက်သောအခါ ၎င်း၏အကြေးခွံတွင် ချိတ်တွယ်နေသည့် ချွန်းမြောင်ပင်လျှင် တွန့်သွားလေသည်။
“အားး…”
ချွန်းမြောင်က မြွေ၏ဦးခေါင်းကို ဖမ်းဆုပ်ထားရန် လက်နှစ်ဖက်ကို ကျယ်ကျယ်ဖြန့်ထား၍ မြေပြင်သို့ ရောက်ရန် ကြိုးစားလိုက်သည်။
နောက်ဆုံးတွင် မြေပြင်ကိုထိတော့မည့် အချိန်၌ သူ မြွေကြီးကို အားကုန် ကိုင်ထားလိုက်သည်။
ချွန်းမြောင်၏ခြေထောက်များသည် အရှိန်မသပ်နိုင်ဘဲ မြေပြင်ပေါ်တွင် ဆက်လက် ထယ်ထိုးသွားသလို ဖြစ်နေလေသည်။သူ့ဘက်က ခုခံနေသော်လည်း သူကသာ ပြန်တွန်းခံနေရသူဖြစ်သည်။တဖြည်းဖြည်းနှင့် မြေပြင်ပေါ်တွင် ချိုင့်သေးသေးလေးတစ်ခု ပေါ်လာပြီး သူ့ကို ဦးဆောင်ခေါ်သွားနိုင်စေမည့် လုံလောက်သော ဟန်ချက်ကို ရှာတွေ့ခဲ့သည်။
သူ၏ ရှိရှိသမျှ ခွန်အားအားလုံးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သော ချွန်းမြောင်သည် နောက်ဆုံးတွင် မြွေကြီးက ခရမ်းရောင်သစ်သားမြက်များကို ဖျက်ဆီးမည့်အရေးကို ဟန့်တားနိုင်ခဲ့သည်။
“ဒီ…”
သူက ၎င်း၏ကြီးမားသော ခေါင်းကြီးကို ကိုင်ကာ လှည့်ကာ မြွေ၏ ခန္ဓာကိုယ်ကို လိမ်သွားအောင် လုပ်လိုက်သည်။ထို့နောက် သူက ၎င်း၏မျက်နှာကို ပိတ်ကန်လေတော့သည်။
“အရာရာကို မင်းစိတ်ကြိုက် ဖြစ်အောင် လွှတ်ထားစရာ အကြောင်းမရှိဘူး…”
ဂါးး…
ချွန်းမြောင်၏ ရိုက်နှက်မှုကြောင့် မြွေကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရေကန်ထဲသို့ ကျသွားကာ ရေများ ပြင်းပြင်းထန်ထန် ဖိတ်စင်ကုန်လေသည်။
“အ”
ချွန်းမြောင်မှာ တစ်ကိုယ်လုံး နာကျင်နေသဖြင့် သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။သူ့တစ်ကိုယ်လုံး ရှုပ်ပွနေသလို ခံစားနေရ၏။နောက်ပြီး ဖုန်မှုန့်များနှင့် မြက်ပင်များလည်း ရှိနေသည်။သူ၏အကြည့်များက တစ်နေရာဆီသို့ ကျရောက်သွားကာ မြွေကြီး ပျောက်နေသည်ကို သတိထားမိလေသည်။
ရေထဲတွင် ရေပူဖောင်းများ ထနေ၏။
ရေကန်၏ထိပ်တွင် တဗွက်ဗွက်ထနေသည်ကို မြင်လိုက်ရသောအခါ ထိုအကြောင်းကို သူ သဘောပေါက်လိုက်သည်။
“မြန်မြန် အဆုံးသတ်ခဲ့သင့်တာ…”
ချွန်းမြောင်က ဓားကျိုးလေးကို ရေကန်ဆီသို့ ချိန်ရွယ်လိုက်သည်။
သူ၏လှုပ်ရှားမှုကို တုံ့ပြန်ေနသလိုမျိုး ပူဖောင်းများက ရုတ်တရက် စက်ဝိုင်းပုံစံ ရွေ့လျားကုန်သည်။မကြာခင်မှာပင် ရေများ စတင် လှုပ်ခတ်လာပြီး ထိုရေကန်ထဲကနေ မြွေကြီးက ထပ်ထွက်လာပြန်သည်။
“အမ်…”
ချွန်းမြောင်က ခေါင်းကို စောင်းလိုက်၏။
‘ကြည့်ရတာ ကွာခြားမှုရှိလို့လား…’
‘မတူဘူးပဲ….အားးး…’
ချွန်းမြောင်က အံ့အားသင့်သွားလေသည်။
ယခု မြွေ၏အကြေးခွံများသည် ထောင်မတ်နေပြီဖြစ်သည်။၎င်း၏ခန္ဓာကိုယ်ကို အကာအကွယ်ပေးထားသည့် သံမဏိအကြေးခွံများ ယခုတော့ ထောင်မတ်နေကြသည်။၎င်း၏ ပျော့ပျောင်းသောအသားကို ပြသခြင်းဖြင့် သူ၏ပြိုင်ဘက်ကို လှောင်ပြောင်နေသကဲ့သို့ပင်။
“မင်းကြည့်ရတာ စိတ်ဆိုးနေတဲ့ပုံပဲ…”
ချွန်းမြောင်က ပြုံးလိုက်သည်။
“ဒါက မင်းရဲ့ ပြိုင်ဘက်ကို မင်း ထင်မြင်တဲ့နည်းပဲ…”
ဂါးးး…
ထိုစကားကို ကြားသောအခါ မြွေကြီးက သူ၏ခေါင်းကို ထောင်ပြီး အကျယ်ကြီး အော်ဟစ်လိုက်၏။ဤမျှကျယ်လောင်သော အော်သံကို ကြားရသူတိုင်း စိုးရိမ်ထိတ်လန့်သွားလောက်သည်။
ဟွာဆန်းမှ တပည့်များသည် ထိုအော်သံကို နားမခံသာသဖြင့် နားရွက်များကို အုပ်ထားကြလေသည်။
ထိုမြွေကြီးက ရဲရဲတောက်နေသော မျက်လုံးများဖြင့် ချွန်မြောင်ဆီသို့ စတင် ပြေးဝင်လာခဲ့သည်။ဒီတစ်ခါတော့ အရင်ကလို ရေကန်ထဲကနေပဲ လည်ပင်းလေးဖော်ပြီး တိုက်ခိုက်ခဲ့သည်နှင့် မတူတော့ပေ။အခုတော့ ချွန်းမြောင်ဆီသို့ ပို၍ သဲကြီးမဲကြီး ပြေးလာလေသည်။
ထိုအတွက်ကြောင့် ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကျော်မှာ တစ်ခါတည်း အကုန်ပေါ်လာခဲ့သည်။
ကြည့်နေကြသူများမှာ မြွေကြီး၏အရွယ်အစားကို မြင်လိုက်ရသောအခါ အံ့အားသင့်ကုန်ကြသည်။အလွန်ကြီးမားသောကြောင့် သူရှေ့တွင် ချွန်းမြောင်မှာ ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေ၏။သို့သော် ချွန်းမြောင်က နောက် ပြန်မဆုတ်ပေ...သူက အနောက်ကို ခြေတစ်လှမ်းတောင် မဆုတ်ဘဲ ကြည့်သာနေလေသည်။သူသည် အမူအရာမဲ့သော မျက်နှာဖြင့် ထိုမြွေကြီးကို စိုက်ကြည့်နေသည်။
‘အလုပ်ဖြစ်ပါ့မလား…’
‘ဒီကိုယ်ခန္ဓာနဲ့ ဒီချီအတွင်းအားနဲ့ဆို…’
‘အာ... မသိတော့ဘူး’
‘ဒါပေမယ့် မကြိုးစားကြည့်စရာ အကြောင်းမှ မရှိတာ…’
ချွန်းမြောင်၏ မျက်လုံးများသည် အာရုံစူးစိုက်နေပုံပေါ်ကာ အေးစက်နေသည်။သူသည် သူ၏ကန့်သတ်ချက်ကို ထပ်ပြီး ကျော်ခဲ့မိပြီဖြစ်သော်လည်း ဒီအတိုင်းချန်ထားခဲ့သည်က အဓိပ္ပာယ်မရှိပေ။
လူတစ်ယောက်က စွန့်စားမှုမရှိရင် တိုးတက်ကြီးပွားမှုက အဓိပ္ပာယ်မရှိတော့ပေ။
ချွန်းမြောင်၏ဓားထိပ်တွင် ခရမ်းရောင်ချီသည် တစ်ဖန်ပြန်လည် တောက်ပလာခဲ့သည်။အရောင်ရင့်သထက် ရင့်လာခဲ့ပြီး စတင် အရောင်ပြောင်းပြန်လေ၏။
အခုဆို နီညိုရောင်တောက်တောက် ဖြစ်သွားပေသည်။
ထို့နောက် ဟွာဆန်း၏ ဇီးပန်းပန်းအရောင်နှင့် ဆင်တူသည့် အနီရောင် တောက်တောက်လေး ဖြစ်လာခဲ့သည်။ယခု သူ့ဓား၏ အရောင်မှာ ထိုအရောင်ဖြစ်သည်။
သူ့ဆီသို့ တဟုန်ထိုး ပြေးလာနေသော မြွေကို စိုက်ကြည့်ကာ နောက်ဆုံးတွင် သူ၏ဓားကို လှုပ်ရှားလိုက်လေသည်။
သူက ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
ဓားကို ဆုပ်ကိုင်ထားသည့်လက်မှာ ပို၍ တင်းကြပ်လာကာ ချီက ဓားကို စိမ့်ဝင်သွားသောအခါ သူ့လက်ထဲမှ သွေးကြောများမှာ စတင်တောက်ပလာပြီး သူ၏ဓားမှာလည်း ကြက်သွေးရောင် ဖြစ်သွားလေ၏။
‘ခွန်အားသည်သာ တန်ခိုးအာဏာပဲ’
သူ၏ဒန်တျန်ထဲမှ ချီများသည် လွတ်လွတ်လပ်လပ် လှည့်ပတ်နေကြသည်။အတွင်းအားချီ၏ ပြိုင်ဘက်ကင်းသော စွမ်းအားကို အသက်သွင်းပြီးနောက် မြွေကြီးက သူ ဓားကိုင်ထားသည့် လက်ထဲသို့ ပြေးဝင်လာခဲ့သည်။
သူ့ဓားမှာ အချိန်မရွေးပေါက်ကွဲသွားနိုင်သလို ခံစားမိနေသည်။ထိုစွမ်းအားကို ခံစားရင်း သူ၏ဓားကို အောက်ကို ထိုးစိုက် လိုက်သည်။တစ်ချိန်တည်းမှာပင် ဓားဖျားထက်တွင် ဇီးပန်းပွင့်ဖတ်လေးများ ဖြစ်တည်လာခဲ့သည်။
လေထဲတွင် ဇီးပန်းပင်၏အကိုင်းအခတ်များ ရှိနေသကဲ့သို့ ဇီးပန်းများသည် တစ်ဖန်ပြန်ပွင့်လာပြန်သည်။
ကျားး…
ချွန်းမြောင်သည် မြွေကြီးနှင့် ပိုပို နီးကပ်လာသည်ကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် တောက်ပနေသော အပြာရောင်အလင်းတန်းတစ်ခုက လင်းလက်သွားလေသည်။
“အားး…”
ယခုအခါ ဇီးပန်းများအားလုံးက တစ်နေရာတည်းတွင် စုစည်းသွားကြပြီဖြစ်သည်။
ဇီးပန်းကြွေကျ၊မြစ်ကိုပိတ်ဆို့
အင်မတန်ကို နူးညံ့လှသော ပန်းပွင့်များ၏ စုစည်းမှုသည် မြစ်ရေစီးဆင်းမှုကိုပင် ပိတ်ဆို့တားဆီးနိုင်သည်။
အရာအားလုံးကို တားဆီပိတ်ဆို့ရန် ခွန်အားရှိသော ဇီးပန်းများသည် ကြယ်တစ်ပွင့်ကဲ့သို့ တရှိန်ထိုးသွားတက်သည်။
ဝှီးးး…
အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော ဇီးပန်းများ၏အသံနှင့် သူတို့ကို အပြတ်ဖြုတ်ဖို့ မဆင်မခြင်နှင့် ဒေါသထွက်နေသော မြွေ၏အသံတို့သည် သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်း၏နားထဲသို့ စူးစူးရှရှ ဝင်ရောက်သွားလေသည်။
ခရက်..
ဤဓားနည်းပညာ၏ရှေ့တွင် မြွေ၏အကြေးခွံများသည် တကယ့်ကို စုတ်ပြဲကုန်ကြသည်။မြွေကြီးက ၎င်း၏အကြေးခွံများနှင့် ကိုယ်ခန္ဓာ၏ အခြားအပိုင်းအစများကို ဦးတည်ရာအမျိုးမျိုးဖြင့် မှုတ်ထုတ်ခဲ့သည်။အရှိန်မပြယ်သေးသော ဇီးပန်းများသည် မြွေ၏အသားကို ထိုးဖောက်သွားကြသည်။
ဂါးးး…
မြွေကြီးသည် ပါးစပ်ကို ကျယ်ကျယ်ဖွင်ထားကာ ကြောက်မက်ဖွယ်ကောင်းသော အော်သံတစ်သံက နေရာအနှံ့ လွှမ်းသွားလေသည်။
ဖုန်းး…
တစ်ခုတစ်ခုပေါက်ကွဲသံနှင့်အတူ ဧရာမတိရစ္ဆာန်ကြီး၏ မာကျောသော အရေခွံများမှာ စတင် ကွဲအက်လာ၏။သွေးနီနီရဲများသည် ၎င်း၏ခေါင်းဆီမှ ရေတံခွန်ကဲ့သို့ စီးကျလာသည်။
“ကျွတ်….ကျွတ်….”
မည်းမှောင်နေသောခန္ဓာကိုယ်သည် တုန်ယင်နေ၏။ထို့နောက် နီရဲနေသော မျက်လုံးများက ချွန်းမြောင်ကို ဖြည်းဖြည်းချင်း ကြည့်လာသည်။
“အာ့…”
တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲရွှဲစိုနေသည့် ချွန်းမြောင်က ဒဏ်ရာရသွားသည့် မြွေကို ကြည့်လိုက်၏။
‘မပြည့်စုံခဲ့ဘူး…’
သူ အရင်တုန်းကလို အပြည့်အ၀ မကိုင်နိုင်ခဲ့ပါ။သို့သော် သူ ဒါကို ဖြစ်ကတတ်ဆန်း လုပ်ထားသည့် အချက်ကို ထည့်မတွက်ဘဲ ပြသနိုင်ခဲ့သည်က အရေးကြီး၏။ကျန်တာကို အချိန်က ကုစားသွားလိမ့်မည်။
“အဟွတ် အဟွတ်…”
ချွန်းမြောင်က နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး ဓားကို ညင်ညင်သာသာ ချထားလိုက်သည်။မြွေကြီးသည် ၎င်း၏ဦးခေါင်းထဲရှိ အပေါက်နှင့်အတူ နာကျင်စွာ လူးလိမ်နေရင်း သွေးများလည်း ပန်းထွက်နေခဲ့သည်။
၎င်းကို နာကျင်စေလောက်သော ဒဏ်ရာ အရွယ်အစားတော့ မဟုတ်ပေ။သူ့ဓားပေါ်ရှိ ချီသည် ထိုမြွေ၏အတွင်းပိုင်းကို ဆုတ်ဖြစ်ပစ်လောက်မည်ဖြစ်သည်။သက်သေပြချက်အနေဖြင့် မြွေကြီးသည် တုန်ယင်နေရာက သူ့ကိုယ်သူ မထိန်းနိုင်တော့တာမျိုးဖြစ်လာသည်။
“ငါ ပြီးအောင်လုပ်ရမယ်….အခု…”
ထိုအချိန်မှာပင်။
ရုတ်တရက် ရေတွေအများကြီးက ဖိတ်ထွက်လာသည်။မြွေကြီးက ရေထဲသို့ အမြန်ပြေးသွားပြီး တခဏအတွင်းမှာပင် ရေကန်၏ အနက်ဆုံးသောနေရာသို့ ပြေးသွားလေသည်။
“…အမ်…”
ချွန်းမြောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
‘ထွက်ပြေးသွားတာလား…’
‘အဲ့ဒီသူက လူသားတစ်ယောက်ဖြစ်နေခဲ့လျှင်... မဟုတ်ဘူး…သူ့ကို စစ်သည်သူရဲကောင်းလို့ မှတ်ယူဖို့က ခက်လိမ့်မယ်…ဒါပေမဲ့ သားရဲတစ်ကောင်က မာန…ဂုဏ်သိက္ခာမရှိတော့ အချိန်မရွေး ထွက်ပြေးသွားနိုင်တယ်…’
သို့သော် ထိုအထိ မစဉ်းစားရသေးသော ချွန်းမြောင်မှာ ရေကန်ကို အံ့ဩတကြီး ကြည့်နေခဲ့သည်။
“ချွန်းမြောင်…”
“မင်းနိုင်သွားပြီ…”
တပည့်များက သူ့ဆီသို့ ပြေးလာကြသည်။
“ဝိုး…မင်း တကယ် ချနိုင်လိုက်တာပဲ…”
“အံ့သြစရာပဲ…ချွန်းမြောင်…အဆုံးမှာ မင်းသုံးလိုက်တဲ့ဓားက... အာ…”
စကားပြောနေသော ဂျိုဂုက သူ့ခေါင်းကို စောင်းလိုက်သည်။
“ချွန်းမြောင်…”
အဘယ်ကြောင့်ဆိုသော် ချွန်းမြောင်က ခေါင်းငုံ့ကာ တုန်ယင်နေသောကြောင့်ဖြစ်သည်။ဂျိုဂုက သူ့မျက်နှာကို မြင်သောအခါ အံ့ဩမှင်တက်သွားမိသည်။
သူမြင်လိုက်ရသည်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ဆုံးတော့မည့် မျက်နှာတစ်ခုဖြစ်သည်။
“မင်း-မင်း ဘယ်လိုသတ္တိနဲ့...မင်း ဘယ်လိုလုပ် ထွက်ပြေးရဲလဲ…”
ဒေါသကြောင့် သူ၏မျက်နှာမှာ တုန်လှုပ်သွားခဲ့သည်။
“ဒီလိုမျိုး လူတွေကို ဒုက္ခရောက်အောင်လုပ်ပြီး ထွက်ပြေးနေတာလား…ဒီလို မယဉ်ကျေးတဲ့ အရာတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲ…”
“မြွေတစ်ကောင်နဲ့ တိုက်ခိုက်နေရတာကို မင်းက ဂုဏ်သိက္ခာလိုက်ရှာနေသေးတယ်…မင်းက ကြောက်စရာကောင်းလိုက်တာ…”
“အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိရမယ်လေ…ဂုဏ်သိက္ခာ…ထွက်လာခဲ့စမ်းပါ…ဂုဏ်သိက္ခာအကြောင်း ငါသင်ပေးမယ်…”
ချွန်းမြောင်က ရေကန်ဆီသို့ စတင် ပြေးလေသည်။
“ယား ကောင်စုတ်လေး…”
“သူ့ကို တားကြ…”
သို့သော် သူတို့က ခြေတစ်လှမ်း နောက်ကျသွားပြီး ချွန်းမြောင်က ရေကန်ထဲကို ခုန်ချသွားခဲ့ချေပြီ။
“ငါ့ရဲ့ဆုလာဘ်…”
ပလုံ
ချွန်းမြောင်က ချက်ချင်းပင် ရေကန်အောက်ခြေတွင် ပျောက်ကွယ်သွားလေတော့သည်။
“…”
ကိစ္စတစ်ခုလုံးကို ကြည့်နေခဲ့သည့် ဂျိုဂုက ခေါင်းငုံ့ပြီး ဘတ်ချုန်းကို မေးလိုက်၏။
“...သူ အဆင်ပြေပါ့မလား…ရေထဲမှာလေ…”
ဘတ်ချုန်းက ပြုံးလိုက်သည်။
“သူ့ကို တစ်ယောက်တည်းသာ ထားလိုက်စမ်းပါ…သူက သတ်လိုက်တာဖြစ်ဖြစ် သူပဲ သေသွားတာဖြစ်ဖြစ် … ငါ ဂရုမစိုက်တော့ဘူး…”
“….”