← Chapters

အရှင်သခင်တျောင်း- ငါ့ကို အရှင်သခင်တျောင်းလို့ ခေါ်စမ်း

Vol. 17 Ch. 163

အရှင်သခင်တျောင်း- ငါ့ကို အရှင်သခင်တျောင်းလို့ ခေါ်စမ်း

Vol. 17 Ch. 163

အနန္တမြေခွဲကျားက ဝူယွမ်၏ စကားကို နတ်ဘုရား၏ ဗျာဒိတ်တော်ပမာ လေးလေးနက်နက် မှတ်ယူကာ ဝူယွမ်၏ ရှေ့မှောက်တွင် အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“သခင်... သခင်ကြီး”

“ဟဲဟဲ၊ ဒီကျားက တော်တော်လေး လိမ္မာသိတတ်တာပဲ” ဝူယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “ထတော့” ဟု အမိန့်ပေးလိုက်သည်။

အနန္တမြေခွဲကျားက ပြန်လည်ရပ်တန့်လိုက်ရာ သူ၏ ကျားတစ်ပိုင်း လူတစ်ပိုင်း ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် ကြည့်ရဆိုးသော်လည်း ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခုတော့ ရှိနေပေသည်။

“နှစ်ကောင်လုံးက လူအသွင်ကူးပြောင်းထားတဲ့ ကျားမျိုးနွယ် မိစ္ဆာသားရဲတွေပဲကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ...” ဝူယွမ်ပ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ပိုင်ယွမ်နှင့် နှိုင်းယှဉ်လိုက်ပါက ဤအနန္တမြေခွဲကျားမှာ အတော်လေးကို အရုပ်ဆိုးလွန်းလှသည်။

“ဟဲဟဲ၊ ဒါက သွေးမျိုးဆက် အားသာချက် ရှိနေတဲ့ သားရဲတစ်ကောင် လူအသွင်ပြောင်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကွာခြားချက်ပဲ။ ဒီအနန္တမြေခွဲကျားက ဘယ်လိုပဲဖြစ်ဖြစ် သွေးနှောနေတဲ့ သာမန်မိစ္ဆာသားရဲတစ်ကောင်ပဲလေ၊ ပိုင်ယွမ်နဲ့ဆိုရင် လုံးဝကို နှိုင်းယှဉ်လို့မရသလို ရှောင်ယန်ထက်တောင် အများကြီး အဆင့်နိမ့်သေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အခုအခြေအနေအရဆိုရင် နောက်ထပ် နိဗ္ဗာန်ဘေးဒုက္ခ နှစ်ကြိမ်၊ သုံးကြိမ်လောက် ကျော်ဖြတ်ပြီးရင်တော့ လူအသွင်ကို အပြည့်အဝ ပြောင်းလဲနိုင်မှာပါ” ဟု ရှောင်တျောင်းက ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်ကာ ရှင်းပြလေသည်။

ဝူယွမ်က “ကဲ... အခု ကောင်းကင်နတ်ဆိုးကျားအရိုးကို ထုတ်ပေးတော့” ဟု အမိန့်ပေးလိုက်သည်။

အနန္တမြေခွဲကျား၏ မျက်နှာတွင် တွန့်ဆုတ်နေသော အမူအရာများ ထွက်ပေါ်လာသည်။ ထိုကျားအရိုးမှာ သူ့အတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေသည်မဟုတ်ပါလား။

“ဒုန်း”

သူက ရုတ်တရက် ဒူးထောက်ချလိုက်ပြန်ပြီး အသနားခံလိုက်လေသည်။ “သခင်ကြီး... အဲဒီကျားအရိုးက ကျွန်တော် အဆင့်နှစ် နိဗ္ဗာန်အဆင့်ကို တက်လှမ်းတဲ့အခါ သုံးဖို့ ပြင်ဆင်ထားတာပါ။ အကယ်၍ ဒီအရိုးသာ မရှိဘူးဆိုရင် ကျွန်တော် ဒုတိယအကြိမ်မြောက် ဘေးဒုက္ခကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး”

“သခင်ကြီး၊ အခုချိန်ကစပြီး ကျွန်တော် သခင်ကြီးနောက်ကို လိုက်ပါပါ့မယ်။ ကျွန်တော့်ရဲ့ စွမ်းအားတွေ တိုးတက်လာရင် သခင်ကြီးကို ပိုပြီး အကျိုးပြုနိုင်မှာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီအရိုးကို ကျွန်တော့်ဆီမှာပဲ ချန်ထားပေးပါဦး”

အနန္တမြေခွဲကျားက အလွန်ပင် လေးနက်လှသော လေသံဖြင့် အကျိုးအကြောင်းပြကာ ကျားအရိုးကို သိမ်းဆည်းထားရန် ကြိုးစားနေသည်။

“ဟက်၊ မင်းက မင်းရဲ့သခင်အတွက် တော်တော်လေးကို အမြော်အမြင်ရှိရှိ တွေးပေးတာပဲ” ဝူယွမ်သည် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ဤကျားကြီးက ကိုယ်ပိုင်အကြံအစည်ငယ်လေးများ ရှိနေသည့်အပြင် လူစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ပေသည်။

“စိတ်မပူပါနဲ့၊ ငါ့နောက်ကို လိုက်လာတဲ့သူကို ငါ ဘယ်တော့မှ နှိပ်စက်မှာ မဟုတ်ဘူး။ ဒီကျားအရိုးက မင်းနဲ့ မထိုက်တန်သေးဘူး၊ ဒါပေမဲ့ မင်းအတွက် တခြားအစားထိုးပေးနိုင်မယ့် အရာတွေ ငါ့မှာ ရှိပါတယ်” ဝူယွမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဒါကတော့...” အနန္တမြေခွဲကျားက အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် တွေဝေနေသည်။

“ဘာကို တွေဝေနေတာလဲ၊ ကျားအိုကြီး။ နင်က သခင်ကြီးရဲ့ စကားကို မယုံဘူးလား။ သခင်ကြီးကို ထပ်ပြီး ငြင်းဆန်ဦးမယ်ဆိုရင် ငါ နင့်ရြိ ရိုက်သတ်ပစ်မယ်” ပိုင်ယွမ်က စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ဟောက်လိုက်လေသည်။

“ဟုတ်... ဟုတ်ကဲ့ပါ”

အနန္တမြေခွဲကျားက ပိုင်ယွမ်ကို အလွန် ကြောက်ရွံ့လှသည်။ ထိုကြောက်ရွံ့မှုမှာ သွေးမျိုးဆက်၏ နက်ရှိုင်းသော နေရာမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ သူသည် အလျင်အမြန်ပင် တောင်ပေါ်ဂူအတွင်းသို့ ပြေးဝင်သွားတော့သည်။

“ဒုန်း... ဒုန်း... ဒုန်း”

ခေတ္တခဏ ကြာပြီးနောက် ဂူအတွင်းမှ လေးလံသော ခြေသံများ ထွက်ပေါ်လာပြီး အနန္တမြေခွဲကျား ပြန်လည်ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ သူ၏ ပုခုံးပေါ်၌ ပေပေါင်းများစွာ ရှည်လျားလှသော ဧရာမ အမည်းရောင် အရိုးစုကြီးတစ်ခုကို ထမ်းပိုးလာလေသည်။

“ဝုန်း”

အမည်းရောင် အရိုးစုကြီးကို မြေပြင်ပေါ်သို့ ချလိုက်သောအခါ ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားရသည်။ ဝူယွမ်နှင့် အခြားသူများက ထိုအရိုးစု၏ လေးလံမှုကို မြင်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့က ကောင်းကင်နတ်ဆိုးကျားအရိုးကို သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်ကြသည်။

အရိုးစုမှာ အလွန်ကြီးမားပြီး ပြည့်စုံလှပေသည်။ တစ်ခုလုံးမှာ အမည်းရောင်ဖြစ်ပြီး သံမဏိကဲ့သို့ တောက်ပနေကာ အနက်ရောင် ရွှေရည်ဖြင့် သွန်းလုပ်ထားသကဲ့သို့ ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အရိုးအတွင်းမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားဆဲပင်။

လင်းတုန်က “ဒါဟာ တကယ့်ကို ကမ္ဘာကျော် ကျားမျိုးနွယ်ကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်နတ်ဆိုးကျားရဲ့ အရိုးပဲ” ဟု ရေရွတ်လိုက်မိသည်။

“အစ်ကိုကြီး၊ အစ်ကိုနှစ်၊ ဒက တကယ့်ကို ကောင်းကင်နတ်ဆိုးကျားအရိုးအစစ်ပဲ။ အဲဒီအထဲမှာ ပါဝင်တဲ့ သွေးမျိုးဆက် စွမ်းအားတွေကလည်း မနည်းဘူး။ ရှောင်ယန် အသုံးပြုဖို့အတွက် လုံလောက်တာထက်တောင် ပိုသေးတယ်” ရှောင်တျောင်းကလည်း ဝမ်းသာအားရ ပြောလိုက်သည်။

“ဝုန်း”

ရှောင်ယန်က ခန့်ညားထည်ဝါသော ကျားအရိုးကို ကြည့်ရင်း သူ၏ မျက်လုံးများမှာလည်း ပြင်းပြသော လိုလားတောင့်တမှုများဖြင့် တောက်ပနေသည်။ သူသည်လည်း ဤကဲ့သို့ အားကောင်းသော စွမ်းအားရှင်တစ်ဦး ဖြစ်လိုပေသည်။

“ကျားအရိုးကို ရပြီဆိုမှတော့ စကြစို့။ ငါတို့ ဒီနေရာမှာပဲ ရှောင်ယန်ကို ကျားအရိုးနဲ့ ပေါင်းစပ်ဖို့ ကူညီပေးမယ်။ မိုလင်း၊ မင်းက ညီအစ်ကိုတွေကို ခေါ်ပြီး ချိုင့်ဝှမ်းရဲ့ အပြင်ဘက်မှာ ကင်းစောင့်နေပါ။ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့” ဝူယွမ်က ချက်ချင်း ညွှန်ကြားလိုက်သည်။

မိုလင်းတို့ ထွက်သွားပြီးနောက် ထိုနေရာတွင် ပိုင်ယွမ်၊ ဝူယွမ်၊ လင်းတုန်၊ ရှောင်ယန်နှင့် ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော အနန္တမြေခွဲကျားတို့သာ ကျန်ရစ်တော့သည်။ ရှောင်တျောင်းက ကျောက်လက်ဖွဲ့အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ကျားအရိုးနှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်မှာ သူ၏ လမ်းညွှန်မှု လိုအပ်ပေသည်။

အနန္တမြေခွဲကျားက ရှောင်တျောင်းကို မြင်သောအခါ မျက်နှာပျက်သွားရသည်။ ရှောင်တျောင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားကြောင့် အသက်ရှူပင် ကျပ်သွားရသည်။

“ရှောင်ယန်၊ မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ် ရှိနေပေမဲ့ မင်းရဲ့ သွေးမျိုးဆက်ကတော့ သိပ်ပြီး မမြင့်မားဘူး။ ဒီအရုပ်ဆိုးတဲ့ ကျားထက်တောင် နိမ့်ကျနေသေးတယ်” ရှောင်တျောင်းက ဘေးတွင် ထိုင်နေသော အနန္တမြေခွဲကျားကို ညွှန်ပြလျက် ပြောလိုက်သည်။

“အကယ်၍ ဒီအရုပ်ဆိုးတဲ့ ကျားသာ ဒီအရိုးနဲ့ ပေါင်းစပ်မယ်ဆိုရင် သူ သေမှာ အသေအချာပဲ။ အလားတူပဲ မင်းအတွက်လည်း အလွန်အန္တရာယ် များလိမ့်မယ်။ ဒါကြောင့် မင်း ကျိန်းသေ ပေါက် အောင်မြင်အောင် ကြိုးစားရမယ်။ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှသာ မင်း တကယ့်ကို ပြောင်းလဲနိုင်မှာ။ မင်းမှာ သတ္တိမရှိဘူးဆိုရင်တော့ မဟာရှေးဟောင်းကျောက်တိုင် အာကာသထဲမှာပဲ သွားနေလိုက်တော့” ရှောင်တျောင်းက အကျိုးအကြောင်းများကို အေးစက်စွာ ရှင်းပြလိုက်သည်။

“ဝေါင်း”

ရှောင်ယန်က သူသေချာပေါက် လုပ်နိုင်ကြောင်းကို ဟိန်းဟောက်၍ အသိပေးလိုက်သည်။ သူက အမြဲတမ်း စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး သူ၏ သခင်ကို အနှောင့်အယှက် မဖြစ်စေလိုပေ။

“စကြစို့၊ ဒီလောက် အခက်အခဲလေးကတော့ ရှောင်ယန်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ သူက အမြဲတမ်း သတ္တိရှိတဲ့သူပဲ” ဝူယွမ်က တိုက်တွန်းလိုက်သည်။ သူက ရှောင်ယန်အ‌ပေါ် ယုံကြည်မှု အပြည့်ရှိပြီး သူ၏ ရဲရင့်မှုကိုလည်း လေးစားမိသည်။

ရှောင်တျောင်းက ခေါင်းညိတ်ပြလိုက်ပြီး “ကျားအရိုးနဲ့ ပေါင်းစပ်ဖို့ဆိုရင် အရင်ဆုံး မူလအရိုးတွေကို ထုတ်ပစ်ရမယ်။ ဒါက အရမ်းအန္တရာယ်များတဲ့ အဆင့်ပဲ၊ အမှားအယွင်း အနည်းငယ်ရှိတာနဲ့ အရိုးရော ကျားပါ ပျက်စီးသွားနိုင်တယ်”

“အစ်ကိုကြီး၊ နိဗ္ဗာန်ဆေးလုံးတွေပေး”

ဝူယွမ်က သိုလှောင်အိတ်တစ်ခုကို ပစ်ပေးလိုက်ရာ နိဗ္ဗာန်ဆေးလုံး သိန်းပေါင်းများစွာ ထွက်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေသည်။

“နိဗ္ဗာန်မီးတောက်၊ စုစည်းစမ်း”

ရှောင်တျောင်း၏ လက်သည်းများကြားမှ ခရမ်းပုပ်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နိဗ္ဗာန်ဆေးလုံးများဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုအခိုက်တွင် နီရဲသော မီးတောက်များ ထွက်ပေါ်လာပြီး မီးတောက်များက ဟင်းလင်းပြင်ကိုပင် လောင်မြိုက်စေတော့မတတ် ပြင်းထန်လှသည်။

နိဗ္ဗာန်မီးတောက်များက ရှောင်ယန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားလိုက်ရာ သူ၏ အကြေးခွံများမှာ ကွဲအက်သံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာလည်း အရည်ပျော်စပြုလာသည်။ ရှောင်ယန်က အလွန်အမင်း နာကျင်နေသော်လည်း အံကြိတ်ကာ အောင့်ထားရှာသည်။

ပိုင်ယွမ်က သူမ၏ မောင်လေး မီးတောက်ထဲတွင် ရုန်းကန်နေရသည်ကို ကြည့်ပြီး မခံစားနိုင်တော့သဖြင့် ဝူယွမ်၏ ပုခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

“စိတ်မပူပါနဲ့၊ ရှောင်ယန် ဒါကို ကြံ့ကြံ့ခံနိုင်မှာပါ။ ဒီဒုက္ခကို ကျော်ဖြတ်ပြီးရင် သူ လုံးဝ ပြောင်းလဲသွားလိမ့်မယ်” ဝူယွမ်က ပိုင်ယွမ်ကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည်။

ခဏ ကြာသောအခါ ရှောင်ယန်၏ ခန္ဓာကိုယ်မှာ သွေးစက်လက်ဖြင့် ပုံသဏ္ဌာန်မရှိသော အသားတုံးတစ်ခုပမာ ဖြစ်သွားရသည်။

“အရိုးကို ထုတ်တော့” ရှောင်တျောင်းက အော်ဟစ်လိုက်သည်။

သူသည် သူ၏ လက်သည်းကို ဆန့်ထုတ်ကာ ရှောင်ယန်၏ အသားတုံးအတွင်းမှ မူလကျားအရိုးဟောင်းကို အတင်းအဓမ္မ ဆွဲထုတ်လိုက်လေသည်။

“အား”

ဤမြင်ကွင်းကို မြင်လိုက်ရသော ပိုင်ယွမ်မှာ အော်ဟစ်ကာ ဝူယွမ်ကို တင်းကျပ်စွာ ဖက်ထားလိုက်မိကာ သူမ၏ ခန္ဓာကိုယ်မှာလည်း ပျော့ခွေသွားရသည်။ ဝူယွမ်သည်လည်း ရှောင်ယန် ခံစားနေရမည့် နာကျင်မှုကို တွေးတောမိကာ စိတ်မကောင်းဖြစ်မိသဖြင့် ပိုင်ယွမ်ကို ပိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။

အနန္တမြေခွဲကျားမှာမူ ကြောက်လန့်တကြားဖြင့် မီးတောက်များရှိရာမှ နောက်သို့ ဆုတ်ခွာနေတော့သည်။

ထိုအခိုက်တွင် ဧရာမ ကောင်းကင်နတ်ဆိုးကျားအရိုးမှာ နိဗ္ဗာန်မီးတောက်အတွင်းသို့ ဝင်ရောက်သွားသည်။ ရှောင်ယန်၏ အသားတုံးမှာလည်း ထိုအရိုးကြီးကို ရူးသွပ်စွာဖြင့် ရစ်ပတ်လိုက်တော့သည်။ ကျားအရိုးမှ ထွက်ပေါ်နေသော အနက်ရောင် အလင်းတန်းများက ရှောင်ယန်ကို တွန်းလှန်ရန် ကြိုးစားနေသော်လည်း ရှောင်ယန်က အလျှော့မပေးဘဲ ပြန်လည် တိုက်ခိုက်နေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် အနက်ရောင် အလင်းတန်းများ မှေးမှိန်သွားပြီး ရှောင်ယန်၏ အသားနှင့် သွေးများက ကျားအရိုးကြီးနှင့် အောင်မြင်စွာ ပေါင်းစပ်သွားတော့သည်။ မီးတောက်များအတွင်းမှ ဧရာမ သားရဲအရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ယခင်ကထက် ပိုမိုပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

“ဝေါင်း”

သားရဲ ဟိန်းဟောက်သံကြီးက ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ ရှောင်ယန် အောင်မြင်သွားလေပြီ။

လင်းတုန်၏ တင်းကျပ်နေသော လက်သီးများမှာ ဟိန်းသံကြားမှ ပြေလျော့သွားရပြီး ဝူယွမ်နှင့် ပိုင်ယွမ်တို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။

“သခင်” ပိုင်ယွမ်က ဝူယွမ်၏ ပုခုံးပေါ်တွင် ခေါင်းမှီထားရင်း တိုးတိုးလေး ခေါ်လိုက်သည်။ “ကျွန်မ ခုနက တော်တော်လေး ကြောက်သွားတာ။ ကျွန်မတို့ လေးယောက်လုံး အမြဲတမ်း အတူတူ ရှိနေရမယ်နော်”

“စိတ်မပူပါနဲ့၊ ငါတို့ ဘယ်တော့မှ ခွဲမှာမဟုတ်ဘူး” ဝူယွမ်က သူမ၏ နားရွက်လေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။

နိဗ္ဗာန်မီးတောက်များမှာ ဆက်လက်တောက်လောင်နေဆဲဖြစ်ကာ ရှောင်ယန်က ပြင်းထန်လှသော နိဗ္ဗာန်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေသည်။

“ဟေး... ရှောင်ယန်က ဒီအခွင့်အရေးကို သုံးပြီး နိဗ္ဗာန်အဆင့်ကို တစ်ခါတည်း တက်လှမ်းတော့မှာပဲ” ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဝူယွမ်က နိဗ္ဗာန်ဆေးလုံး သိန်းပေါင်းများစွာကို ထပ်မံ ထုတ်ပေးလိုက်သည်။ ရှောင်ယန်၏ အရှိန်အဝါမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။

အနန္တမြေခွဲကျားမှာမူ အံ့အားသင့်လျက်သာ ငေးကြည့်နေရသည်။ နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန် ဤမျှလောက်များပြားသော နိဗ္ဗာန်ဆေးလုံးများ အသုံးပြုရသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူသည် ဝူယွမ်ကို လေးစားစွာ ကြည့်လိုက်မိသည်။ ဤသခင်နောက်ကို လိုက်ရခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

“ကျားရုပ်ဆိုးကြီး၊ မင်း ဘာကြည့်နေတာလဲ၊ အားကျနေတာလား” ရှောင်တျောင်းက အနန္တမြေခွဲကျား၏ ခေါင်းကို ပုတ်ကာ လှောင်လိုက်သည်။

“ဝေါင်း” အနန္တမြေခွဲကျားက ပြန်လည် ဟိန်းဟောက်လိုက်သည်။

“အော်... မင်းက ငါ့ကို ပြန်ပြီး ရန်မူချင်နေတာလား” ရှောင်တျောင်းက ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ဧရာမ ကောင်းကင်မြွေပါ ပုံရိပ်ကို ပြသလိုက်သည်။

အနန္တမြေခွဲကျား၏ မျက်နှာမှာ ထိတ်လန့်သွားပြီး “ကောင်း... ကောင်းကင်မြွေပါ”

“ဟွန့်၊ မင်းက တော်တော်လေး အမြင်ရှိသားပဲ။ အခုရော ဟိန်းဟောက်ချင်သေးလား” ရှောင်တျောင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

“မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး၊ ကောင်းကင်မြွေပါ အရှင်သခင်ကြီး... ကျွန်တော်က အသိဉာဏ် မရှိလို့ပါ” အနန္တမြေခွဲကျားက အမြန်ပင် ဦးညွှတ်လိုက်သည်။

ဝူယွမ်က “ရှောင်တျောင်း၊ မင်းမှာ သားရဲမျိုးနွယ်တွေအတွက် အစွမ်းထက်တဲ့ နည်းစနစ်တွေ ရှိတယ်မဟုတ်လား။ ဒီကျားကြီးကို တစ်ခု၊ နှစ်ခုလောက် သင်ပေးလိုက်ပါဦး။ သူက အခုကစပြီး မင်းရဲ့ တပည့်ပေါ့” ဟု ပြောလိုက်သည်။

“‌အော်…ပြီူးတော့ သူ့ကို နာမည်တစ်ခုလည်း ပေးလိုက်ဦး”

ရှောင်တျောင်းက ခေါင်းညိတ်လိုက်ပြီး “မင်းက အရမ်းရုပ်ဆိုးတာပဲ၊ ငါတို့ သားရဲမျိုးနွယ်ရဲ့ ဂုဏ်ကို ညှိုးနွမ်းစေတယ်။ နောက်ပိုင်း လူအသွင်ပြောင်းရင်တော့ နည်းနည်းလောက် ချောအောင် ပြောင်းဦးပေါ့။ မင်းက ထွားကျိုင်းသန်မာတာဆိုတော့ မင်းကို ‘တာ့ကျွမ်း’ လို့ပဲ ခေါ်မယ်”

“နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်သခင် ကောင်းကင်မြွေပါ”

“ငါ့ကို အရှင်သခင်တျောင်းလို့ ခေါ်စမ်း”

“ဟုတ်ကဲ့ပါ၊ အရှင်သခင်တျောင်း”

All Chapters