← Chapters

အဆင့်မြင့်ပြည်ထောင်စု ငါးခု၏ သုတ်သင်ခံရခြင်း

Vol. 17 Ch. 165

အဆင့်မြင့်ပြည်ထောင်စု ငါးခု၏ သုတ်သင်ခံရခြင်း

Vol. 17 Ch. 165

ဝူယွမ်၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း၊ ခန်းမဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်ရိုက်ခတ်သွားခဲ့သည်။ အချို့သော ပြည်ထောင်စုများမှ လူများက ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိသဖြင့် တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြ၏။

“ဝူယွမ်၊ မင်း ငါမရှိခိုက် နတ်ဆိုးကျောက်တုန်းမြို့ ကို ချောင်းမြောင်း တိုက်ခိုက်ပြီး ငါ့ရဲ့ ညီအစ်ကို တစ်ရာကျော်ကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့၊ မင်း အဲ့ဒီသွေးကြွေးကို ပြန်ဆပ်ရလိမ့်မယ်”

ရှီကွမ်း ၏ မျက်လုံးများ နီရဲကာ အံကြိတ်ရင်း ဆိုလိုက်သည်။

“မင်း အဲ့ဒီနေ့က နတ်ဆိုးကျောက်တုံးမြို မှာ မရှိခဲ့တာကိုပဲ ကျေးဇူးတင်သင့်တယ်။ ဒါ့ကြောင့် မင်း ဒီလောက်ကြာအောင် အသက်ရှင်နေနိုင်တာပေါ့” ဝူယွမ်၏ မျက်နှာက အေးစက်နေကာ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်သွားရင်း “မင်းက ငါ့ရှေ့ကို ပေါ်လာဖို့အထိ ဉာဏ်မရှိခဲ့တာကတော့ စိတ်မကောင်းစရာပဲ။ ဒီလိုဆိုရင်တော့ မင်းရဲ့ ညီအစ်ကိုတွေနဲ့ တွေ့ဖို့ မင်းကို ငါလွှတ်ပေးရတော့မှာပေါ့” ဟု အေးစက်စက် ပြောဆိုလိုက်သည်။

“ဝူယွမ်၊ မင်း အရမ်း မာန်မာန ကြီးလွန်းတယ်။ မင်း အခြေအနေကို သေသေချာချာ နားမလည်သေးဘူး ထင်တယ်။ မင်း ရင်ဆိုင်နေရတာ အဆင့်မြင့် ပြည်ထောင်စုတစ်ခုတည်း မဟုတ်ဘူးဆိုတာ မင်း သတိထားသင့်တယ်” ယုချန်း ၏ ချောမောလှပသော မျက်နှာက အေးစက်သွားကာ၊ ခပ်ပါးပါး လှောင်ပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

အားကောင်းသော ဝိညာဉ်စွမ်းအင်များက ထွက်ပေါ်လာပြီး ဝူယွမ် အကျဉ်းချုံး စစ်ဆေးကြည့်လိုက်ရာ နိဗ္ဗာန်အဆင့်တစ် ကျင့်ကြံသူ ရှစ်ဦးနှင့် နိဗ္ဗာန်အဆင့် ကျင့်ကြံ ဆယ်ဦးကျော်ကို တွေ့ရှိရသည်။ ဤနေရာ၌ အဆင့်မြင့် ပြည်ထောင်စု အနည်းဆုံး ငါးခု ပါဝင်နေ၏။ (အဆင့်တစ် နိဗ္ဗာန်အဆင့်ဆိုတာ ဖတ်ရတာ ထောက်နေသလားလို့ နိဗ္ဗာန်အဆင့်တစ်၊နိဗ္ဗာန်အဆင့်နှစ် အဲ့လိုဘဲပြောင်းသုံးသွားပါမယ်ဗျ)

မိုလင်းနှင့် အခြားသူများအားလုံးက အလေးအနက်ထားသည့် အမူအရာများဖြင့် သူတို့၏ ဝိညာဉ်ရတနာလက်နက် များကို ထုတ်ယူကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

ဝူယွမ်က စိတ်အနှောင့်အယှက် မဖြစ်ဘဲ၊ သူ၏လေသံမှာ အတော်ပင် မထီမဲ့မြင် ဖြစ်နေလေသည်။

“ငါက မင်းတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါထင်တာက ဒီနေရာမှာ ရှိတဲ့လူတိုင်းဟာ အမှိုက်တွေပဲ”

ဝူယွမ် ဤစကားကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာများက အကျည်းတန်သွားပြီး လုံးဝ ဒေါသထွက်သွားကြသည်။

“သူနဲ့ စကားများနေဖို့ ဘာလို့ အချိန်ဖြုန်းနေမှာလဲ။ ဒီနေ့၊ မဟာယန် ပြည်ထောင်စုကို ဒီခန်းမထဲမှာပဲ မြေမြှုပ်ပစ်လိုက်ကြစို့”

ဟုန်ကျုံးက စိတ်မထိန်းနိုင်ဘဲ ပထမဆုံး ဒေါသထွက်သွားသည်။ ခါးအထက်ပိုင်း ဗလာကျင်းထားပြီး၊ သူ၏ ကြွက်သားများက ပေါက်ကွဲလုနီးပါး ဖောင်းကားနေပြီး ယွမ်စွမ်းအင်များ လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့ထွက်ပေါ်လာကာ၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရူန်းဆေးမင်ကြောင်များ တောက်ပလာသည်။ ထိုယွမ်စွမ်းအင် များက ရှေးဟောင်း သားရဲတစ်ကောင်ပမာ လင်းတုန်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။

သူ၏ပြည်ထောင်စုက ခန္ဓာကိုယ် သိုင်းပညာရပ်ကို လေ့ကျင့်ရာတွင် အာရုံစိုက်လေ့ရှိရာ၊ ဟုန်ကျုံး ၏ တိုက်ပွဲများက လက်ချင်းနီးကပ် တိုက်ခိုက်မှုများဖြင့်သာ အမြဲတမ်း ပါဝင်နေတတ်သည်။

“သတ်”

ယုချန်း ၏ အေးစက်သော အော်ဟစ်သံနှင့်အတူ ပတ်ဝန်းကျင်မှ လူအားလုံးက မဟာယန် ပြည်ထောင်စု သို့ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

ဝူယွမ်က မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ရာ၊ ခန္ဓာကိုယ်ပေါ်၌ ခရမ်းရွှေရောင် အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ လက်သီးဖြင့် ဟုန်ကျုံး၏ လက်သီးကို တန်ပြန် ထိုးသွင်းလိုက်သည်။

“ဒုန်း”

လက်သီးတစ်ချက်တည်းဖြင့် ဟုန်ကျုံးက တိုက်ရိုက် လွင့်စင်သွားကာ ခန်းမ၏ နောက်နံရံနှင့် တိုက်မိပြီး ပျက်စီးသွား၏။

“ညီနှစ် အဲ့ဒီမိန်းမက မင်းအတွက်ပဲ။ သူမ သေတာ သေချာပါစေ” ဝူယွမ်က ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ လင်းတုန်ကို ပြောလိုက်သည်။

“ဒီနေ့ တိုက်ခိုက်လာတဲ့ သူတွေထဲက တစ်ယောက်မှ မလွတ်စေနဲ့” ဝူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အင်္ကျီလက်ကို ခါလိုက်ကာ အလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်သည်။

လူ့ပုံသဏ္ဌာန် အရိပ်တစ်ခုနှင့် ဧရာမ သားရဲ အရိပ်တစ်ခု ခန်းမထဲ၌ တစ်ပြိုင်တည်း ပေါ်လာခဲ့သည်။ သွေးဝိညာဉ်ရုပ်သေးနှင့် ကောင်းကင် မိကျောင်း အရိုး ရုပ်သေးတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ပြိုင်ဘက်များထဲဘက်တွင် နိဗ္ဗာန်အဆင့်တစ် ကျွမ်းကျင်သူ ရှစ်ဦး ရှိနေရာ အထိအခိုက် မရှိစေရန်အတွက် ဝူယွမ်က ဤ ဝိညာဉ်အဆင့် ရုပ်သေးနှစ်ခုလုံးကို ထွက်လာခိုင်းပြီး လှုပ်ရှားစေရန်မှအပ အခြားရွေးချယ်စရာမရှိခဲ့ပေ။

လင်းတုန်၊ ဝူယွမ်၊ ပိုင်ယွမ်၊ ရှောင်ယန်၊ တာ့ကျွမ်း အပြင် သွေးဝိညာဉ်ရုပ်သေး နှင့် ကောင်းကင် မိကျောင်း အရိုး ရုပ်သေး တို့ကြောင့် နိဗ္ဗာန်အဆင့် တစ်ယွမ် အင်အားရှင် ရှစ်ဦးကို အလွယ်တကူ တားဆီးထားနိုင်ခဲ့သည်။ ကျန်ရှိသူများကို မိုလင်း နှင့် အခြားသူများအတွက် ချန်ထားခဲ့သည်။

မိုလင်း နှင့် သူ၏အဖွဲ့မှ လူအများအပြားသည် နိဗ္ဗာန်အဆင့် သို့ တက်လှမ်းပြီးပီဖြစ်ရာ၊ ဆယ်ယောက် ပေါင်းစပ် တိုက်ခိုက်ရေး သိုင်းပညာရပ် ပုံစံကို အသုံးပြုခြင်းဖြင့် ထို နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ သူတို့ကို မသတ်နိုင်ရင်တောင် ခဏတာ ထိန်းချုပ်ထားနိုင်ဖို့ရာ ပြဿနာ မရှိပေ။

တိုက်ပွဲက အတော်လေး ပြင်းထန်ခဲ့ပြီး၊ အမျိုးမျိုးသော သိုင်းပညာရပ် အလင်းများ တိုက်ခိုက်ခြင်း၊ ပွင့်လန်းခြင်း၊ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့သည်။

ကံကောင်းစွာဖြင့် ဤခန်းမက ရှေးဟောင်းဂိုဏ်းတစ်ခုမှ တည်ဆောက်ထား ခြင်းဖြစ်သောကြောင့် အလွန် ခိုင်ခံ့သည်။ သာမန် နိဗ္ဗာန်အဆင့်တစ် ကျွမ်းကျင်သူများက ဖျက်ဆီးရန် ခက်ခဲလိမ့်မည်။

အဆင့်မြင့် ပြည်ထောင်စု ငါးခုသည် အရေအတွက် များသော်လည်း လက်တွေ့မှာတော့ အားသာချက် တစ်စုံတစ်ရာ မရခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဝူယွမ်တစ်ဦးတည်းကပင် အင်အားအကြီးဆုံး သုံးဦးကို တားဆီးထားနိုင်သောကြောင့် ဖြစ်သည်။ ရှီကွမ်း နှင့် ဟုန်ကျုံးတို့က ခန်းမ၏ အတွင်းပိုင်း၌ သူ၏ ပိတ်ဆို့ခြင်းကို ခံနေရသည်။

မဟာယန် ပြည်ထောင်စု ဘက်တွင် လင်းတုန်၊ ပိုင်ယွမ်၊ ရှောင်ယန် နှင့် ဝိညာဉ်ရုပ်သေး နှစ်ခုတို့က နိဗ္ဗာန်အဆင့်တစ် ကျွမ်းကျင်သူ ရှစ်စ်ဦးကို ကိုင်တွယ်ရာတွင် ပြဿနာမရှိခဲ့ပေ။ ယခုအခါ တစ်ဦးချင်းစီအတွက် လူတစ်ဦးစီ ရှိနေသောကြောင့် မော်လင် နှင့် အခြားသူများကိုပင် ပံ့ပိုးပေးနိုင်သည့် လူပိုများ ရှိနေပြီး၊ အခြေအနေကို လွှမ်းမိုးထားနိုင်ခဲ့သည်။

“အို ဘုရားရေ၊ မဟာယန် ပြည်ထောင်စု မှာ နိဗ္ဗာန်အဆင့်တစ် အင်အားရှင်တွေ ဒီလောက် အများကြီး ရှိနေတာ ကြောက်စရာပဲ”

“အဆင့်မြင့် ပြည်ထောင်စု ငါးခုက ပေါင်းပြီး တိုက်ခိုက်နေတာတောင် သူတို့က အားသာချက် မရကြဘူး”

“အဲ့ဒီ ဝူယွမ်က အရမ်းကို ထူးဆန်းလွန်းတယ်။ သူ တစ်ယောက်တည်းက ရှီကွမ်း နဲ့ နောက်နှစ်ယောက်ကို တားဆီးထားနိုင်တယ်။ ရှီကွမ်း နဲ့ ကျန်နှစ်ယောက်က နိဗ္ဗာန်အဆင့်နှစ် နီးပါး စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေဘဲ။ သာမန် နိဗ္ဗာန်အဆင့်တစ် ကျင့်ကြံသူဆိုရဲ့ သူတို့နဲ့ ဆယ်ကွက်တောင် ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး”

“ကြောက်စရာပဲ။ မဟာယန် ပြည်ထောင်စုက ဒီနှစ်ရဲ့ အကြီးမားဆုံး ဖျက်မြင်း ဖြစ်လာနိုင်တယ်”

…ခန်းမအပြင်ဘက်ကနေ နောက်ဆုတ်သွားတဲ့ ပြည်ထောင်စု တွေဟာ အဝေးကနေ ကြည့်ရှုနေခဲ့ကြတယ်။ မဟာယန် ပြည်ထောင်စု ရဲ့ စစ်မှန်တဲ့ ခွန်အားက သူတို့ကို ကြောက်ရွံ့မှု အပြည့် ဖြစ်စေခဲ့သည်။

အထူးသဖြင့် မဟာယန် ပြည်ထောင်စု ကို ကိုင်တွယ်ဖြေရှင်းရာမှာ မပါဝင်ဖို့ စောစောက နုတ်ထွက်သွားတဲ့ အဆင့်မြင့် ပြည်ထောင်စု တွေက ယခုမှ အသက်ပြင်းပြင်း ရှူနိုင်ခဲ့ကြသည်။

ဝူယွမ်၏ လက်ထဲတွင် ဖောက်ထွင်းမြင်နိုင်သော ခရမ်းငွေရောင် ဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။

“နယ်ပယ်ရှစ်ပါး ဖျက်ဆီးဓား”

သူသည် အမျက်ဒေါသဖြင့် ဟိန်းဟောက်လိုက်ပြီး မိုးကြိုး ဝိညာဉ်ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော ယွမ်စွမ်းအင် များ လှိုင်းလုံးများလို ထွက်ပေါ်လာကာ တောက်ပသော ဓားအလင်းများ ပစ်ထုတ်လိုက်သည်။

ဤခန်းမအတွင်း၌ ရှီကွမ်းနှင့် ကျန်နှစ်ဦးက မရေမတွက်နိုင်သည့် ဓားအလင်းများ ပိတ်ဆို့ခြင်းကို တိုက်ရိုက် ခံလိုက်ရသည်။

ဝူယွမ်၏ ဓားအလင်းများက အလွန် အစွမ်းထက်လွန်းလှကာ ခန္ဓာကိုယ် အခိုင်ခံ့ဆုံး ဖြစ်သော ဟုန်ကျုံး ပင်လျှင် ခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းသော ဓားရာနှစ်ခု ပေါ်လာပြီးနောက် တိုက်ရိုက် ခုခံရန် မရဲတော့ပေ။

သူတို့ သုံးဦးစလုံးက စုတ်ပြတ်သတ်နေသော အခြေအနေဖြင့် အမျိုးမျိုးသော အစွမ်းထက် သိုင်းပညာရပ် များကို အသက်သွင်းကာ ခုခံလိုက်ကြပြီး၊ လက်ထဲ၌ ဝိညာဉ်ရတနာလက်နက် တစ်ခုပြီးတစ်ခု ပြောင်းလဲ အသုံးပြုကြသော်လည်း မတားဆီးနိုင်ခဲ့ကြပေ။ ဝူယွမ်၏ မိုးကြိုး ဝိညာဉ်ကောင်းကင်ဓားက သူတို့ကို နှစ်ချက် သုံးချက်မျှဖြင့် ဖျက်ဆီးပစ်လိုက်ခဲ့သည်။

မိုးကြိုး ဝိညာဉ်ကောင်းကင်ဓား ၏ ထိုးဖောက်နိုင်စွမ်းက အလွန်ပင် အားကောင်းလွန်းလှကာ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက် များထဲတွင် ပြိုင်ဘက် မရှိသလောက်ပင် ဖြစ်သည်။ လေလံ အကျင်းထောင်တောင်ထိပ် ကဲ့သို့သော ထူးခြား မြေကမ္ဘ အဆင့် ဝိညာဉ်ရတနာလက်နက် များမှလွဲ၍ ဓားခုတ်ချက်ကို ခံနိုင်ရည်ရှိသည့်အရာ မရှိပေ။

၀ူယွမ်က သူတစ်ဦးတည်းဖြင့် ထိုသုံးဦးကို ဖိနှိပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တိုက်ပွဲအတွင်း၌ သွေးမိုးများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။ သွေးဝိညာဉ်ရုပ်သေးက ဝူယွမ် ပေးထားသည့် မဟာရှေးဟောင်း ဓားအစီအရင်ကို ကျောဘက်၌ သယ်ဆောင်ထားပြီး ဓားအစီအရင်ကို အသက်သွင်းလိုက်သောအခါ နိဗ္ဗာန်အဆင့်တစ် ကျင့်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ဓားအလင်းများကို ထုတ်လွှတ်နိုင်ခဲ့သည်။

ထို့အပြင် လက်ထဲတွင် အဆူရာသွေးနတ်ဆိုး လှံကို ကိုင်ဆောင်ထားကာ၊ သွေးဝိညာဉ်ရုပ်သေးက ၎င်းက တိုက်ရိုက် အသက်သွင်းခဲ့သည်။ လှံတစ်ချက်တိုင်းက ခန်းမအတွင်း ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။

သူက နိဗ္ဗာန်အဆင့်တစ် ကျင့်ကြံသူ နှစ်ဦးနှင့် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ အများအပြားကို အလွယ်တကူ ကိုင်တွယ် နိုင်ခဲ့သည်။

သွေးဖြင့် လှုံ့ဆော်ခံရသော စစ်မှန်သော နတ်ဆိုး တစ်ပါးကဲ့သို့၊ သွေးဝိညာဉ်ရုပ်သေးက ရူးသွပ်နေခဲ့သည်။ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ထိန်းချုပ်မှုဖြင့်ပင်လျှင် အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ရန် ခက်ခဲနေသည်။ ဝူယွမ်က တိုက်ခိုက်လာသူ အားလုံးကို သုတ်သင်ရန် ရုပ်သေး ထိန်းချုပ်ကာ အဆင့်မြင့် ပြည်ထောင်စု များ၏ အဆင့်သို့ စေလွှတ်လိုက်သည်။

လှံတစ်ချက်၊ သတ်ဖြတ်မှုတစ်ခု။ မည်သူမျှ သွေးမျက်လုံး၏ ပစ်မှတ်ထားခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

တိုက်ပွဲက ချက်ချင်းဆိုသလို တစ်ဖက်သတ် ဖြစ်သွားခဲ့ပြီး၊ အဆင့်မြင့် ပြည်ထောင်စု ငါးခုမှ လူများသည် အားလုံး သုတ်သင်ခံရသည်။

ဤ ယာယီဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့က၊ လုံးဝ အမြစ်ပြတ် ဖျက်ဆီးခံလိုက်ရသည်။

လင်းတုန် သည်က ပြိုင်ဘက်ကို ရှင်းလင်းပြီးနောက် သူ၏ အစ်ကိုကြီး ဝူယွမ်ထံမှ ဖိအားကို သွားရောက် လျော့ချပေးခဲ့ကာ၊ စွဲမက်ဖွယ်ကောင်းသော ယုချန်းကို တိုက်ရိုက် ရင်ဆိုင်ခဲ့သည်။ သူ၏ လက်ထဲမှ ဓားကြီးနှင့် မညှာမတာ ထိုးသွင်းလိုက်ရာကို ထောင့်ကျဉ်းသို့ ရောက်စေပြီး ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။

ဝှီး ဝှီး ဝှီး… ဓားအလင်းများ ဆက်တိုက် တောက်ပနေခဲ့သည်။ ဝူယွမ်၏ တိုက်ခိုက်မှုများက ရိုးရှင်းပြီး ရိုင်းစိုင်းကာ၊ ရှီကွမ်းနှင့် ဟုန်ကျုံးတို့ကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။

ခန်းမတစ်ခုလုံး သွေးများဖြင့် ရွှဲရွှဲစိုနေပြီး အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဟူးး”

ဝူယွမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သွေးဝိညာဉ်ရုပ်သေးနှင့် ကောင်းကင်မိကျောင်း အရိုး ရုပ်သေး တို့ကို ပြန်သိမ်းဆည်းလိုက်သည်။

ထိုအခါမှသာ သူ၏ မျက်လုံးများထဲမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။

ရှေးဟောင်း စစ်မြေပြင်သို့ ခြေချလိုက်သည့်အချိန်မှစ၍ သူက သတ်ဖြတ်ခြင်း လမ်းကြောင်းပေါ်၌သာ အမြဲတစေ လျှောက်လှမ်းနေခဲ့ရသည်။ လူကို သတ်သည်ဖြစ်စေ၊ သားရဲ ကို သတ်သည်ဖြစ်စေ၊ သူ၏ လက်ဖြင့် သေဆုံးခဲ့သူ ဝိညာဉ်များ၏ အရေအတွက်က သားရဲ များက အများစုဖြစ်သော်လည်း အနည်းဆုံး ရှစ်ထောင်၊ မဟုတ်လျှင် တစ်သောင်းခန့် ရှိမည်ဖြစ်သည်။

သို့သော် သတိမထားမိဘဲ ဤအရာက ဝူယွမ်၏ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်ကို အလွန် လေးလံစေခဲ့သည်။

ယနေ့တွင် ရှီကွမ်း၏ အဆင့်မြင့် ပြည်ထောင်စု ငါးခုနှင့် ပူးပေါင်းကာ သူတို့ကို တိုက်ခိုက်ခြင်းက ဝူယွမ်၏ လေးလံနေပြီဖြစ်သော သတ်ဖြတ်လိုစိတ်ကို ချက်ချင်း မီးတောက်စေခဲ့ပြီး၊ ဤလူများကို အနည်းငယ်မျှပင် မသနားခဲ့ပေ။

ဤတစ်ကြိမ် ဝူယွမ်၏ နည်းလမ်းများ မရှိခဲ့ပါက မဟာယန် ပြည်ထောင်စုက သူတို့၏ ဖျက်ဆီးခြင်းကို ခံရမည်မှာ သေချာသညကို စိတ်ကူးကြည့်နိုင်သည်။

“တိုက်ပွဲမြေပြင်ကို ရှင်းလင်းကြ”

ဝူယွမ်က တိုးတိုးလေး ပြောလိုက်သည်။

သတ်ဖြတ်ခြင်းက သူလိုချင်သောအရာ မဟုတ်သော်လည်း၊ သတ်ဖြတ်ခြင်းကသာ သတ်ဖြတ်ခြင်းကို ရပ်တန့်စေနိုင်လေသည်။

ဝူယွမ် ခန်းမထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှ ရှိုးပွဲ ကြည့်နေသူများ အားလုံး တစ်ပြိုင်တည်း နောက်ဆုတ်သွားကြသည်။ မည်သူမျှ သူ၏ အကြည့်ကို ရင်ဆိုင်ဝံ့ခြင်း မရှိပေ။

ယခု ရှေးဟောင်းနတ်နန်းတော်တွင် မဟာယန် ပြည်ထောင်စု ကို မည်သူမှ မဆန့်ကျင်ရဲကြတော့ပေ။

သူတို့က ယခုအခါ မဟာယန် ပြည်ထောင်စု ကို ကျားများကဲ့သို့ ကြောက်ရွံ့နေကြသည်။

ပိုင်ယွမ်က ဝူယွမ် အနီးသို့ ညင်သာစွာ ချဉ်းကပ်လာပြီး ရေဘူးကို ကမ်းပေးလိုက်သည်။

“သခင်၊ ရေလေး နည်းနည်း သောက်လိုက်ပါ”

“အင်း”

ဝူယွမ်က ရေဘူးကို ယူကာ အားပါးတရ သောက်လိုက်သည်။ အေးမြသော ဝိညာဉ်စမ်းရေက သူ့ကို အစောပိုင်းက ဖြစ်‌ေပါ်နေသော စိတ်လှုပ်ရှားမှုများမှ ငြိမ်သက်စေခဲ့သည်။

သူက ခန်းမအပေါ်ရှိ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး၊ သူ၏ နှုတ်ခမ်းထောင့်၌ အေးစက်စင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကောင်းကင်၌ အရိပ်များစွာက တိမ်များကြားတွင် လျင်မြန်စွာ ပုန်းကွယ်သွားကြသည်။

“တစ်ကယ် ကြောက်စရာပဲ။ သူ ငါတို့ကို ရှာတွေ့သွားတာလား”

“သေချာပေါက်ပဲ။ ဒီ ဝူယွမ်ရဲ့ ခွန်အားက အရမ်း ကြီးမားလွန်းတယ်။ သူအခုထိ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို မထုတ်ပြသေးဘူး။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်က အနည်းဆုံး အဆင့်တစ် ကောင်းကင်အဆောင်သခင်အဆင့်မှာ ရှိနေပြီ”

“သူက နိဗ္ဗာန်အဆင့်အတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီနေသင့်ပြီ”

“ဟုန်လင်း၊ မင်း အရင်က လူတစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားတယ်လို့ ပြောခဲ့ဖူးတယ်။ အဲ့ဒါ ဒီ ဝူယွမ်လား”

“ဟုတ်တယ်”

“မင်း ဒီလူကြောင့် သီးသန့် အလျင်စလို လာခဲ့တာ မဟုတ်လား”

“အနည်းနဲ့အများတော့ ဟုတ်တယ်။ နင်တို့ သူ့ကို မဆွတာ အကောင်းဆုံးပဲ။ ဒီကောင်က ငါတို့ ထင်ထားတာထက်တောင် ပိုကြောက်စရာကောင်းတယ်လို့ ငါ ခံစားနေရတယ်။ ဒီတစ်ခေါက် ငါ သူနဲ့ ပူးပေါင်းဖို့ပဲ စီစဉ်ထားတာ။ ဒါပေမယ့် လက်ရှိ အခြေအနေအရ သူတို့မှာ ရှိတဲ့ အင်အားစုနဲ့ဆိုရင် ငါ ပါဝင်ရင်တောင် ငါ့ရဲ့ အခန်းကဏ္ဍက အရေးပါမှာ မဟုတ်ဘူး။ တကယ်တော့ ငါက နည်းနည်း လူပိုဖြစ် နေတယ်လို့တောင် ထင်ရနိုင်တယ်”

အနီရောင် ဝတ်စုံဝတ်ထားသော မုဟုန်လင်းက သက်ပြင်းချကာ ပြောလိုက်သည်။

သူမက ဝူယွမ်၏ ကြီးထွားမှုနှုန်းက သူမ မျှော်မှန်းထားသည်ထက် များစွာ ပိုမိုမြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အရေးအကြီးဆုံးကတော့ သူ၏ စစ်မှန်သော ခွန်အားက အောက်ခြေမရှိသော ချောက်နက်ကြီးနှင့်တူပြီး အမြဲတမ်း ခန့်မှန်းရခက်စေသည်။

“ဟဲဟဲ၊ ငါတို့ မိန်းကလေးမုကို ဒီလောက် စိုးရိမ်စေနိုင်တဲ့ တစ်စုံတစ်ယောက် ရှိနေတာပဲ”

“အဲ့ဒီ ကောင်လေးမှာ အချို့ အရာတွေ ရှိပေမယ့်၊ မင်း ဒီလောက်အထိ စွဲလမ်းနေဖို့တော့ မလုံလောက်ဘူး ထင်တယ်နော်။ သူ ပြသခဲ့တဲ့ ခွန်အားက နိဗ္ဗာန်အဆင့် မှာပဲ ရှိသေးတာ။ ပထမအဆင့် ဝိညာဉ်ရုပ်သေး နှစ်ခုပဲ ရှိတယ်”

“နိဗ္ဗာန်အဆင့်၊ ဒါပေမယ့် နိဗ္ဗာန်အဆင့်နှစ် နီးပါး ကျင့်ကြံသူ နှစ်ဦးကို အလွယ်တကူ ချေမှုန်းနိုင်တယ်။ ဒီလိုလူမျိုးကို သူတို့ရဲ့ အပေါ်ယံ ကျင့်ကြံခြင်းအဆင့်နဲ့ဘဲ ဆုံးဖြတ်လို့ ရနိုင်သေးလား။ ဟွန့်၊ အပြင်ပန်းကို ကြည့်ပြီး လှည့်စားမခံပါနဲ့။ သူ့ရဲ့ ကန့်သတ်ချက်တွေက ဒီထက်မကတာ သေချာပဲ။ နင် နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူ ဖြစ်နေရင်တောင် သူ့ရှေ့မှာ နင့်ရဲ့ ကံကြမ္မာက အဲ့ဒီနှစ်ယောက်ထက် ပိုကောင်းမယ်လို့ ငါမထင်ဘူး”

“အဲ့ဒါကတော့ သေချာပေါက် မဟုတ်ဘူး”

“ငါ နင်တို့ကို သတိပေးဖို့ လိုတယ်။ ဒီတစ်ခေါက် ရှေးဟောင်းရတနာဘဏ္ဍာတိုက် အတွက် အနောက်တောင်ဒေသက လူတွေလည်း ရောက်လာကြပြီ။ ပြဿနာက မသေးဘူး။ သူတို့အားလုံးဟာ နိဗ္ဗာန်အဆင့် ဇယားမှာ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီတဲ့ သူတွေပဲ” သူမ၏ နူးညံ့သော မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားရင်း ဆိုလိုက်သည်။

“ဒါကြောင့် အဲ့ဒီအချိန်ကျရင် ငါတို့ ဝူယွမ်နဲ့ ပူးပေါင်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားရမယ်။ အနောက်တောင်ဒေသက လူတွေကို ငါတို့ အနောက်မြောက်ဒေသရဲ့ အရာတွေဟာ သူတို့ ခိုးယူဖို့ မဟုတ်ဘူးဆိုတာ သိစေရမယ်”

“ဒါပေမယ့် အဲ့ဒီ ဝူယွမ်က မာန်မာနကြီးပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သလို၊ လုပ်ရပ်တွေကလည်း ရက်စက်တယ်။ သူ မင်းကို မျက်နှာသာ ပေးမှာ မဟုတ်မှာကို ငါ စိုးရိမ်တယ်”

...ကောင်းကင်ပေါ်က လူများစွာသည် မုဟုန်လင်း ဝန်းကျင်၌ စကားပြောဆိုနေကြပြီး သူတို့၏ လေသံများထဲတွင် မာန်မာန အနည်းငယ် ရောနှောနေဆဲ ဖြစ်သည်။

သူတို့၏ ခွန်အားများက အားနည်းခြင်းမရှိချေ။ သူတို့ထဲမှ အားအနည်းဆုံးသူများပင် ရှီကွမ်း နှင့် သူ၏ အဖွဲ့ထက် ပို အစွမ်းထက်သည်။

သူတို့၏ ကိုယ်ပိုင်လက္ခဏာများသည်လည်း သာမန် အဆင့်မြင့် ပြည်ထောင်စု များ နှိုင်းယှဉ်နိုင်သော အရာများ မဟုတ်ပေ။ သူတို့အားလုံးနီးပါးသည် အထူးဂိုဏ်းများမှ မျိုးစေ့အဆင့် ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။

“တော်ပြီ၊ အငြင်းပွားမနေကြနဲ့တော့။ ငါတို့ ပူးပေါင်းလို့ မရရင်တောင် ငါ ဝူယွမ်ကို သွားမထိခိုက်ချု်ဘူး။ ဘယ်သူမဆို အဲ့ဒီ ဝူယွမ်ကို မိုက်မဲစွာ သွားဆွပြီး ငါတို့တွေကို မဆွဲချပါနဲ့။ အခုတော့ ရှေးဟောင်းရတနာဘဏ္ဍာတိုက် ပွင့်ဖို့ကိုပဲ စောင့်ကြပြီး၊ ဒီနေရာမှာ တစ်ခုခု ရဖို့ မျှော်လင့်ကြစို့”

…မိုလင်း နှင့် အခြားသူများက တိုက်ပွဲမြေကို ရှင်းလင်းပြီးနောက် ထိုလူများ၏ သိုလှောင်အိတ် များကို သိမ်းဆည်းခဲ့ရာ၊ နိဗ္ဗာန်ဆေးလုံး ဆယ်သန်းကျော် ရရှိခဲ့သည်။

ထို့အပြင်၊ အခြား ရှေးဟောင်းသော့ သုံးချောင်းလည်း ပါဝင်ခဲ့သည်။

ယခုအခါ ရှေးဟောင်းသော့ လေးချောင်းစလုံးက ဝူယွမ်၏ လက်ထဲတွင် ရှိနေခဲ့သည်။

သို့သော်လည်း၊ ရှေးဟောင်းသော့ များမှ ထုတ်လွှင့်သော အချက်အလက်များအရ ရှေးဟောင်းရတနာဘဏ္ဍာတိုက် ပွင့်ရန် ရက်အနည်းငယ်သာ လိုတော့သည်။

ဝူယွမ်နှင့် အခြားသူများက ခန်းမထဲ၌ အနားယူကာ လျင်မြန်စွာ လေ့ကျင့်နေကြသည်။

သူနှင့် လင်းတုန် တို့က နိဗ္ဗာန်အဆင့်တစ် သို့ တက်လှမ်းနိုင်ပြီး ဖြစ်သော်လည်း ထိုအရာကို ဖိနှိပ်ထားခဲ့သည်။ အဓိက အကြောင်းရင်းမှာ သူတို့၏ နိဗ္ဗာန်ဆေးလုံး များ ကုန်ခမ်းလုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။ မဟာရှေးဟောင်းဂိုဏ်း၏ သိုလှောင်ထားသော နိဗ္ဗာန်ဆေးလုံးများထဲမှ ဆေးလုံးတောင် နှစ်တောင်သာ ကျန်တော့သည်။

ဝူယွမ် နှင့် လင်းတုန် တို့ နိဗ္ဗာန်အဆင့် သို့ ပထမဆုံးအကြိမ် ကျော်ဖြတ်ခဲ့စဉ်က နိဗ္ဗာန်ဆေးလုံး သန်းတစ်ရာ အသုံးပြုခဲ့ရသည်။ နိဗ္ဗာန်စွမ်းအင် အများစုကို သူတို့၏ ခန္ဓာကိုယ်ကို မြှင့်တင်ရန် အသုံးပြုခဲ့သော်လည်း နိဗ္ဗာန်ဘေးကို ကျော်လွှားရန်အတွက် နိဗ္ဗာန်ဆေးလုံး သန်းတစ်ရာ အနည်းဆုံး လိုအပ်လိမ့်မည်မှာ သံသယမရှိပေ။

ထိုနှစ်ဦးက ရှေးဟောင်းရတနာဘဏ္ဍာတိုက် တွင် လုံလောက်သော နိဗ္ဗာန်ဆေးလုံး များ မရရှိမချင်း အဆင့်တက်ခြင်း မဖြစ်စေရန် ကိုယ့်ကိုယ်ကို ဖိနှိပ်ထားခဲ့ကြသည်။ သူတို့၏ အုတ်မြစ်များအရ ထိုအချိန်ကြမဇ နိဗ္ဗာန်ကပ်ဘေးများ ဆက်တိုက် ကျော်လွှားနိုင်ဖို့ရာ စဉ်းစားထားခဲ့ကြသည်။

ရက်များ ကုန်လွန်သွားပြီး သတင်းကြား၍ လာရောက်သူများ ပိုများလာကာ မြို့ထဲ၌ စုဝေးလာကြသည်။ ရတနာဘဏ္ဍာတိုက်သတင်းက ပေါက်ကွဲအား အလွန်ကောင်းသောကြောင့် ဝူယွမ်က မဟာယန် ပြည်ထောင်စု သို့ ပြန်ရောက်နေသကဲ့သို့ပင် ခဏတာ ခံစားလိုက်ရသည်။

ဤ လူပေါင်း သိန်းချီက သာမန်လူငယ်လေးများ မဟုတ်ကြပေ။

ယင်းအစား၊ သူတို့က အမျိုးမျိုးသော အဆင့်မြင့်ပြည်ထောင်စု များမှ ငယ်ရွယ်သော ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့အများစုက သူတို့၏ မျိုးဆက်မှ ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော် ယခုအခါ ဤ ရှေးဟောင်းနတ်နန်းတော်၌ သူတို့က သာမန်လူများကဲ့သို့ ထင်နေရသည်။

ဝူယွမ်နှင့် မဟာယန် ပြည်ထောင်စု မှ လူများက မြို့၏ ဗဟိုခန်းမ၌ အနားယူနေကြသည်။ မည်သည့် ပြည်ထောင်စုက မည်သူမျှ ကန့်ကွက်ရန် မဝံ့ရဲကြပေ။

သူတို့က အဆင့်မြင့် ပြည်ထောင်စု ငါးခုကို သတ်ဖြတ်ပြီး ရှေးဟောင်းသော့ လေးချောင်း ရယူခဲ့သည့် သတင်းက မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တာ ကြာပြီဖြစ်သည်။

မဟာယန် ပြည်ထောင်စုရ မြို့၏ အရှင်သခင် ဖြစ်လာသည်မှာ ထင်ရှားပြီး၊ လူတိုင်းက လေးစားစွာဖြင့် သူတို့နှင့် အကွာအဝေးကို ထိန်းထားကြသည်။

နောက်ဆုံးတွင်၊ ဆဋ္ဌမမြောက်နေ့၌ ဝူယွမ်၏ လက်ထဲရှိ ရှေးဟောင်းသော့က နွေးထွေးသော အလင်းကို ထုတ်လွှတ်လိုက်သည်။

မြင့်မားသော ခန်းမအပေါ်ရှိ ကောင်းကင်၌ ပြင်းထန်သော ယွမ်စွမ်းအင်လှိုင်းလုံးများ ပေါ်လာသည်။

မြို့ထဲရှိ လူတိုင်း ထိုအရာကို ခံစားမိကြပြီး သူတို့နေထိုင်ရာမှ ထွက်ခွာကာ ခန်းမသို့ အလျင်အမြန် ပြေးလာကြသည်။

သူတို့က ခန်းမကို အတွင်းရော အပြင်ပါ ဝန်းရံထားလိုက်ကြသည်။

သူတို့၏ အကြည့်များက မြို့၏ အလယ်ဗဟိုသို့ စုစည်းသွားသည်။ ထိုနေရာ၌ ယစါပူဇော် ပလ္လင်ကဲ့သို့သော အဆောက်အအုံတစ်ခု ပေါ်လာသည်။ ထိုအဆောက်အအုံပတ်လည်တွင် ထူးဆန်းသော ရူန်း များ ရေးဆွဲထားပြီး၊ ဖုံးကွယ်ထားသော မှိန်ဖျော့ဖျော့ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ဤနေရာက ရတနာဘဏ္ဍာတိုက် ပွင့်မည့်နေရာပဲ ဖြစ်သည်။

လူတိုင်းက ဝူယွမ် ပေါ်လာရန် စောင့်ဆိုင်းနေကြသော်လည်း တစ်ယောက်မှ အတွန့်မတက်ရဲကြပေ။

ခဏအကြာတွင် ဝူယွမ်က ခန်းမထဲမှ ထွက်လာပြီး နောက်တွင် ပိုင်ယွမ်၊ လင်းတုန် နှင့် အခြားသူများလည်း လိုက်ပါလာသည်။

ပတ်ဝန်းကျင်မှ စိတ်အားထက်သန်သော အကြည့်များကို ကြည့်ရင်း ဝူယွမ်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

လူပေါင်း သိန်းချီ ထူထပ် စုဝေးနေပြီး၊ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် အောက်မှ ကျင့်ကြံသူ များ အားလုံးက သူတို့ကို ဗဟိုတွင် ဝန်းရံထားသည်။

သူတို့က ရတနာဘဏ္ဍာတိုက်ကို ဖွင့်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ဤအချိန်တွင် ဝူယွမ်သည် သော့ကို လွှတ်ချလိုက်ပြီး မဖွင့်နိုင်ခဲ့ပါက၊ သူက ဤလူပေါင်း သိန်းချီ၏ သိုင်းပညာရပ် အလင်းများအောက်တွင် နစ်မြုပ်သွားတော့မည့်ဟန် ရှိသည်။

ဝူယွမ်က လေထဲသို့ ပျံတက်သွားပြီး ပလ္လင်ပေါ်သို့ ရောက်ရှိသွားကာ သူ၏ လက်ဖဝါးပေါ်၌ ရှေးဟောင်းသော့ လေးချောင်း ပေါ်လာခဲ့သည်။

ရှေးဟောင်းသော့ လေးချောင်း ပေါ်လာသည့်အခိုက်အတန့်၌ သော့များက လျင်မြန်စွာ တုန်ခါလာပြီး အလင်းလှိုင်းများ ထွက်ပေါ်လာကာ နောက်ဆုံးတွင် ပလ္လင်ကို ဝန်းရံသွားသည်။

တစ်ချိန်တည်းမှာပင်၊ ပလ္လင်ပေါ်ရှိ မှိန်ဖျော့နေသော ရှေးဟောင်းရူန်း များက ရုတ်တရက် တောက်ပလာသည်။

တစ်မျိုးမျိုးသော ခေါ်ဆိုမှုကို ခံစားမိသည့်အလား၊ ထိုရူန်း များက ပလ္လင်မှ ပျံတက်သွားပြီး လေထဲတွင် ဆိုင်းငံ့နေကာ နောက်ဆုံးတွင် စုစည်းသွားသည်။

ရှေးဟောင်းရူန်း များအားလုံးက အစုလိုက်အပုံလိုက် စုစည်းသွားပြီး ကြီးမားသော အလင်းတိုင်တစ်ခု ချက်ချင်း ပေါ်ထွက်လာကာ ပလ္လင်အပေါ်သို့ တည့်တည့် ပစ်လွှတ်လိုက်သည်။

ဒုန်း

အလင်းတိုင်က လေဟာနယ်ထဲသို့ ပြင်းထန်စွာ တိုက်ခိုက်မိသွားပြီး လေဟာနယ်ထဲ တွင် ပြင်းထန်သော လှိုင်းလုံးများ ဖြစ်ပေါ်စေခဲ့သည်။

လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲမှ မီးတောက်များ ပိုမို ပူပြင်းလာခဲ့သည်။

အရေးကြီးဆုံး အခိုက်အတန့် ရောက်ရှိလာပြီ ဖြစ်သည်။

လေဟာနယ် လှိုင်းလုံးများက ပို၍ ပို၍ ကြီးမားလာကာ မျက်စိဖြင့် မြင်နိုင်သော လှိုင်းများဖြစ်ပေါ်လာပြီး ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင်၊ ထိုအလင်းများက စုစည်းသွားပြီး လေဟာနယ် လှိုင်းလုံးများ၏ ဗဟိုချက်၌ ရှေးဟောင်းဆန်သောက စွမ်းအင်များဖြင့် ပြည့်နက်လာပြီး အလင်းတခါးကြီးအဖြစ် စုစည်းသွားသည်။

ရူန်းများက ဆက်တိုက် လင်းလက်နေပြီး၊ ရှေးဟောင်း ဧရာမတံခါးကြီးက တကျွီကျွီမြည်သံများဖြင့် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ချက်ချင်းဆိုသလို နှစ်ပေါင်း မရေမတွက်နိုင်အောင် ချိတ်ပိတ်ထားခံခဲ့ရသည့် အငွေ့အသက်တစ်ခု ဧရာမတံခါးကြီး၏ နောက်ကွယ်မှ စီးဆင်းလာသည်။

ရှေးဟောင်းရတနာဘဏ္ဍာတိုက် နောက်ဆုံးတွင် ပွင့်လာခဲ့ပြီဖြစ်သည်။

All Chapters