← Chapters

ဆေးလုံးမြစ်၊ ဆေးဝိညာဉ်အလောင်းကောင် များကို သန့်စင်ခြင်း၊ နိဗ္ဗာန်စစ်သည် သုံးထောင်

Vol. 17 Ch. 166

ဆေးလုံးမြစ်၊ ဆေးဝိညာဉ်အလောင်းကောင် များကို သန့်စင်ခြင်း၊ နိဗ္ဗာန်စစ်သည် သုံးထောင်

Vol. 17 Ch. 166

ရှေးဟောင်းဧရာမ တံခါးကြီး ပွင့်ဟသွားခဲ့လေသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုတို့ တောက်လောင်လာကြပြီး ထိုကြီးမားလှသော လေဟာနယ်ဟင်းလင်းပြင် တံခါးဝကြီးထဲသို့ အချိန်မရွေး တိုးဝင်သွားရန် အသင့်ဖြစ်နေကြကာ ယွမ်စွမ်းအင်များ စတင်လှိုင်းထလာတော့သည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ ယွမ်စွမ်းအင်များက ဤအခိုက်အတန့်တွင် ဆူပွက်လာသည်။ ဤဆူပွက်မှုက ရှေးဟောင်းဧရာမတံခါးကြီးကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ သောင်းနှင့်ချီသော လူအများ၏ ခန္ဓာကိုယ်အတွင်းမှ ယွမ်စွမ်းအင်များ ရူးသွပ်မတတ် တုန်ခါလှုပ်ရှားမှုကြောင့် ဖြစ်သည်။

ဝူယွမ်၏ အသက်ရှူသံများလည်း ပြင်းထန်လာသည်။ သူက လက်ကိုဝှေ့ယမ်းကာ ရှေးဟောင်းသော့လေးချောင်းကို သူ၏လက်ထဲသို့ သိမ်းဆည်းလိုက်သည်။ တံခါးပွင့်သွားပြီ ဖြစ်သော်လည်း ရှေးဟောင်းသော့များတွင် အသုံး၀င်သည့်အရာ ရှိနေဆဲဖြစ်သည်။

အကယ်၍ သော့များ၏ အသုံး၀င်မှုက တံခါးဖွင့်ရန်သက်သက်သာ ဖြစ်ခဲ့ပါက လူအများ၏ ယှဉ်ပြိုင်လုယူမှုများက မလိုအပ်သောအရာ ဖြစ်သွားပေလိမ့်မည်။

“သွားကြစို့”

ဝူယွမ်၏ အမိန့်ပေးသံအဆုံးတွင် မဟာယန်ပြည်ထောင်စုမှ လူများက သူနှင့်အတူ ဧရာမတံခါးကြီးထဲသို့ ခြေလှမ်းစတင် ဝင်ရောက်သွားကြသည်။

“ဘုန်း”

သူတို့ ဦးဆောင်၍ ဝင်သွားသည်နှင့် တပြိုင်နက် နောက်မှလူအုပ်ကြီးက ရူးသွပ်သွားကြပြီး ဆက်တိုက်ဆိုသလို ရှေ့သို့တိုးဝှေ့ဝင်ရောက် လာကြတော့သည်။

အဆုံးမဲ့ လူပင်လယ်ကြီးသည် ကောင်းကင်ယံကို လွှမ်းခြုံကာ ရှေးဟောင်းဧရာမ တံခါးကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသော ရေစီးကြောင်းကြီးသဖွယ် လှိုင်းထနေခဲ့သည်။

မြင့်မားသော မျှော်စင်တစ်ခုထက်မှ လှိုင်းထနေသော လူအုပ်ကြီးကို ကြည့်ရင်း မုဟုန်လင်းနှင့် အခြားသူများ၏ မျက်ဝန်းများတွင်လည်း စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ အဖြူရောင်၀တ်ရုံ ဝတ်ဆင်ထားသူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ငါတို့လည်း သွားကြစို့၊ ဒီလို ခမ်းနားတဲ့ မြင်ကွင်းမျိုးကို မမြင်ရတာ ကြာပြီ၊ ငါ့သွေးတွေ ဆူပွက်နေပြီ”

... “အားလုံးပဲ ဂရုစိုက်ကြ၊ ဒီ လေဟာနယ်ဟင်းလင်းပြင် စွမ်းအားကို သတိထား”

ဝူယွမ်က အော်ဟစ် သတိပေးလိုက်သည်။ အလွန်အစွမ်းထက်သော လေဟာနယ် ဟင်းလင်းပြင် တုန်ခါမှုတစ်ခု ပျံ့နှံ့လာသည်ကို သူရှင်းလင်းစွာ ခံစားလိုက်ရပြီး ပြင်းထန်သော စုတ်ဖြဲအားများ အရပ်မျက်နှာအနှံ့မှ တိုးဝင်လာကာ သူ့ကို အပိုင်းပိုင်းအစစ ဆွဲဆုတ်ဖြဲပစ်ရန်နှင့် လူများကို လူစုကွဲသွားစေရန် ကြိုးစားနေခဲ့သည်။

“တစ်ယောက်ကိုတစ်ယောက် ကိုင်ထားကြ၊ လေဟာနယ်ဟင်းလင်းပြင် စွမ်းအားကြောင့် လူစုမကွဲစေနဲ့” ဝူယွမ်၏ ယွမ်စွမ်းအင်များ ထွက်ပေါ်လာပြီး အဖွဲ့ကို တည်ငြိမ်စေရန် ဟင်းလင်းပြင် ရူန်းများကို ထုတ်လွှတ်လိုက်သည်။

ဝူယွမ်၏ စကားကို ကြားသောအခါ မိုလင်းနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် အမြန်ဖမ်းဆွဲထားကြပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခန္ဓာကိုယ်အတွင်းမှ ယွမ်စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။

သို့သော် ဤအခြေအနေက လျင်မြန်စွာ ပြီးဆုံးသွားပြီး လေဟာနယ်ဟင်းလင်းပြင် စုတ်ဖြဲအား ပျောက်ကွယ်သွားချိန်တွင် တောက်ပသော အလင်းရောင်သည် လူများ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

“ဒါက ရှေးဟောင်းရတနာသိုက်ပဲ”

ဝူယွမ်က ဤကမ္ဘာကို ချက်ချင်း လေ့လာလိုက်သည်။ ကမ္ဘာတစ်ခုလုံး သက်ရှိစွမ်းအား ကင်းမဲ့နေသော ညှိုးနွမ်းသည့် အဝါရောင် ဖြစ်ပေါ်နေသည်။ ကောင်းကင်ကြီးသည်ပင်လျှင် အထီးကျန်ဆန်သော အရောင်မျိုး ဖြစ်နေသည်။

ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ဧရာမကျောက်တုံးကြီးများ လွင့်မျောနေကာ သူတို့သည်လည်း မြေပြင်နှင့် အတော်အတန် ဝေးကွာသော အလွန်ကျယ်ပြန့်သည့် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။

သို့သော် မြေပြင်ပေါ်တွင် ကြီးမားသော တိုက်ပွဲတစ်ခု၏ အကြွင်းအကျန် အရာများကို မြင်တွေ့နိုင်ပြီး ယင်းက ပျက်စီးယိုယွင်းနေသော အပျက်အစီးများ ဖြစ်နေပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။ သက်ရှိကင်းမဲ့သော ညှိုးနွမ်းသည့် အဝါရောင်ပြင်ကျယ်နှင့် မှိန်ဖျော့သော ကောင်းကင်ကြီးတို့က ကမ္ဘာပျက်ကပ် တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ဝူယွမ်က အလွန်ကြမ်းတမ်းသော လေဟာနယ်ဟင်းလင်းပြင် တုန်ခါမှုများကိုလည်း အာရုံခံမိသည်။ ဤလျှို့ဝှက်နယ်မြေ၏ လေဟာနယ်ဟင်းလင်းပြင်က အလွန် မတည်မငြိမ် ဖြစ်နေကြောင်း ထင်ရှားသည်။

“အရင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်ခဲ့လို့ ဒီနေရာတစ်ခုလုံးကို ဒီလောက်အထိ ပျက်စီးစေခဲ့တာလဲ”

ဝူယွမ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ ဤနေရာက မဟာရှေးဟောင်းကျောက်တိုင်နှင့် အနည်းငယ် တူညီမှုရှိသော်လည်း ရှေးဟောင်းကျောက်တိုင် နယ်မြေထက် ပိုမို အပိုင်းပိုင်းအစစ ပျက်စီးနေသည်။

“ကောင်းပြီ၊ သွားကြစို့၊ ရတနာရှာပုံတော် စလိုက်ကြတာပေါ့၊ ငါတို့ရဲ့ အဓိကတာဝန်က နိဗ္ဗာန်ကပ်ဘေးကို အမြန်ကျော်ဖြတ်နိုင်ဖို့ လုံလောက်တဲ့ နိဗ္ဗာန်ဆေးလုံးတွေကို ရှာဖွေဖို့နဲ့ ရှောင်တျောင်းအတွက် သေခြင်းနှင့်ရှင်ခြင်း သံသရာဆေးလုံးကို ရှာဖွေပေးဖို့ပဲ”

ဝူယွမ်က လင်းတုန်အား ပြောလိုက်သည်။ “ငါတို့အပြင် အမှောင်ထဲမှာ စွမ်းအားကြီး ကျင့်ကြံသူတွေ အများကြီး ရှိနေတယ်၊ သူတို့ရဲ့ အရှိန်အဝါက ရှီကွမ်းတို့လို လူတွေထက် အများကြီး သာလွန်တယ်၊ အနည်းဆုံးတော့ နိဗ္ဗာန်အဆင့်နှစ် ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့သူတွေ ဖြစ်လောက်တယ်၊ သူတို့နဲ့ တွေ့ရင် ပြဿနာရှိနိုင်တယ်”

“နားလည်ပါပြီ” လင်းတုန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

သူတို့က ကျောက်တုံးကြီးတစ်ခုမှ တစ်ခုသို့ ခုန်ကူးရင်း လျင်မြန်စွာ ရှေ့ဆက်သွားကြသည်။ လမ်းတစ်လျှောက်တွင် အပျက်အစီးများကြား မြှုပ်နှံထားသော ဂိုဏ်းကျောက်တိုင် အများအပြားကို တွေ့မြင်ရသဖြင့် ဤရှေးဟောင်းရတနာသိုက်က ဂိုဏ်းမဟာမိတ်အဖွဲ့တစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

“အစ်ကိုကြီး၊ အစ်ကိုနှစ် ဟိုဘက်က ကျောက်တုံးကြီးပေါ်မှာ တစ်ခုခု ရှိနေပုံရတယ်”

ရှောင်တျောင်း၏ အသံက ဝူယွမ်နှင့် လင်းတုန်တို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

သူလိုအပ်သော သေခြင်းနှင့်ရှင်ခြင်း သံသရာဆေးလုံးကို မကြာခင် တွေ့တော့မည် ဖြစ်သဖြင့် ရှောင်တျောင်းက အလွန်တက်ကြွနေပြီး လမ်းကြောင်း စူးစမ်းရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ဖြန့်ကျက်ထားသည်။

ရှောင်တျောင်း၏ ဝိညာဉ်စွမ်းအင်ဖြင့် ညွှန်ပြသော အရပ်မျက်နှာသို့ ဝူယွမ် ကြည့်လိုက်ရာ ဝေးကွာသော ဟင်းလင်းပြင်ထဲတွင် အလွန်ကျယ်ပြန့်သော ကျောက်တုံးကြီးတစ်ခု လွင့်မျောနေတာကိုတွေ့လိုက်ရသည်။ ထိုကျောက်တုံးကြီးသည် အလွန်ကြီးမားပြီး ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ကျွန်းတစ်ကျွန်းသဖွယ် ဖြစ်နေသည်။

“ဂျစ်”

ဝူယွမ်င လေနှင့် လျှပ်စီးစွမ်းအားကို အသုံးပြု၍ ထိုကျောက်တုံးကျွန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။

ကျောက်တုံးကျွန်းပေါ်တွင် မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဲကန္တာရတစ်ခု ရှိပြီး အလွန် ခြောက်သွေ့နေကာ အလယ်ဗဟိုတွင် အရိုးစုတစ်ခု တိတ်ဆိတ်စွာ ထိုင်နေသည်။ အရိုးစုက ရှေးဟောင်းဆန်ကာ အဝါရောင် ဖြစ်နေပြီး မှိန်ဖျော့သော ရွှေရောင်အစက်အပျောက်များကို မြင်တွေ့နေရဆဲ ဖြစ်ရာ ယင်းက နိဗ္ဗာန်ကပ်ဘေးကို ကျော်ဖြတ်နေစဉ် သေဆုံးသွားခဲ့တာဖြစ်ကြောင်း ဖော်ပြနေသည်။

“ဒီအရိုးစုက အနည်းဆုံးတော့ ခြောက်ကြိမ်မြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးခဲ့ပုံရတယ်၊ ဒီကျောက်တုံးကျွန်းပေါ်က အဝါရောင်သဲတွေက သူ့ရဲ့ နိဗ္ဗာန်ကပ်ဘေးရလဒ် ဖြစ်လောက်တယ်” ရှောင်တျောင်းက အခြေအနေကိုကြည့်ရင်း သုံးသပ်လိုက်သည်။

ဝူယွမ်က လက်ဆန့်တန်းကာ ကစဉ်ကလျားသန္ဓေသားပေါ်ရှိ ဝါးမျိုခြင်းရူန်းကို အသက်သွင်းလိုက်သည်။ သူ၏လက်က ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားပြီး အရိုးစုမှ ကျန်ရှိနေသော စွမ်းအင်များကို စုပ်ယူလိုက်သည်။

ဤအရိုးစုက မဟာရှေးဟောင်းကျောက်တိုင်အတွင်း သေဆုံးခဲ့သူများနှင့် ဆင်တူပြီး သူတို့၏ အရိုးများထဲတွင် လက်ကျန် အတွေးအမြင်များ ကျန်ရှိနေတတ်သည်။ ဝူယွမ်က သူ၏ လက်ကျန် အတွေးအမြင်များကို ဝါးမျိုခြင်းဖြင့် ဤရှေးဟောင်းရတနာသိုက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရယူလိုခြင်း ဖြစ်သည်။

ဝါးမျိုခြင်းစွမ်းအားအောက်တွင် အရိုးစုက ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

“အိုး၊ အစ်ကိုကြီး၊ တစ်ခုခု ရှိ ရှနေတယ်”

လင်းတုန်က အံ့အားသင့်စွာ ပြောလိုက်သည်။ ပြာများထဲမှ ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် လက်လှမ်းလိုက်ပြီး လက်မအရွယ်အစားခန့်ရှိသော တောက်ပနေသည့် ရွှေရောင်ဘောလုံးလေး တစ်ခုကို ဆွဲထုတ်လိုက်သည်။

“ရွှေကိုယ်ထည်ဓာတ်လုံး၊ ပစ္စည်းကောင်းလေးပဲ”

ရှောင်တျောင်းက အံအားသင့်သွားသည့် လေသံဖြင့် ပြောလိုက်သည်။

“အဲဒီအထဲမှာ ကြွယ်ဝတဲ့ နိဗ္ဗာန်စွမ်းအင်တွေ ပါဝင်နေရုံတင်မကဘူး၊ သန့်စင်ပြီးရင် မူလပိုင်ရှင်ဆီက ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုတချို့ကိုတောင် ရနိုင်တယ်၊ ဒါက ဘယ်နိဗ္ဗာန်အဆင့် ပညာရှင်မဆို ဖွဲ့စည်းနိုင်တဲ့အရာ မဟုတ်ဘူး”

“အဲဒါကို သိမ်းထားလိုက်၊ လုံလောက်တဲ့ နိဗ္ဗာန်စွမ်းအင် ဘယ်မှာရှိလဲဆိုတာ ငါသိပြီးသား”

ဝူယွမ်က မျက်လုံးကို ဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ဝမ်းမြောက်၀မ်းသာဖြစ်ကာ ပြောလိုက်သည်။

ခုနက သူစုပ်ယူလိုက်သော လက်ကျန်အတွေးအမြင်မှတစ်ဆင့် ဆေးလုံးမြစ်တစ်ခုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူရရှိထားပြီး ဖြစ်သည်။ ခေါင်းဆောင်၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသဖြင့် မိုလင်းနှင့် အခြားသူများလည်း ပျော်ရွှင်သွားကြသည်။ သံသယဖြစ်စရာမလိုဘဲ ဤသည်မှာ သတင်းကောင်းတစ်ခု ဖြစ်ပေသည်။

လူအုပ်ကြီးက ဝူယွမ်နောက်သို့ လိုက်ကာ လျင်မြန်စွာ ရှေ့သို့ တိုးသွားကြသည်။ ဤအချိန်တွင် အခြားသောပုံရိပ်များလည်း သူတို့နောက်မှ အမှီလိုက်လာကြသည်။

ရတနာရှာဖွေရာတွင် လူတိုင်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ရတနာသိုက်၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန် အသည်းအသန် ကြိုးပမ်းနေကြသည်။

ဝူယွမ်နှင့် သူ၏အဖွဲ့သည်လည်း အရှိန်မြှင့်လိုက်ကြသည်။

အချိန်အတန်ကြာ ပျံသန်းလာပြီးနောက် မဲမှောင်နေသော မိုးကုပ်စက်ဝိုင်းတွင် ဒေါင်လိုက်ကျနေသော အနီရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်။

“ရှေ့နားလေးမှာပဲ”

ဝူယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ကာ ရှေ့ဆက်သွားရင် ပိုနီးကပ်လာခဲ့သည်။

အနီရောင်မျဉ်းက အမှန်တကယ်တော့ ကောင်းကင်မှ ဆင်းသက်လာသော ကောင်းကင်မြစ်တစ်စင်း ဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ အနီရောင် ကောင်းကင်မြစ်က အမြင့်တွင် တွဲလောင်းကျနေပြီး မြစ်၏ မြစ်ဖျားခံရာကို မသိရှိရသလို မျက်စိတစ်ဆုံး ကြည့်လိုက်လျှင်လည်း အဆုံးကို မမြင်ရပေ၊ ထိုမြစ်က ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားသကဲ့သို့ ရှိပြီး အလွန် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပဲ ဖြစ်သည်။

ကြွယ်ဝသော နိဗ္ဗာန်စွမ်ူအင်များက သူတို့ကို ဆီးကြိုနေလေသည်။

လူတိုင်း အသက်ရှူမှားသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤမြစ်ရေက သာမန်ရေ မဟုတ်ဘဲ နိဗ္ဗာန်ဆေးလုံးများဖြင့် ဖွဲ့စည်းထားသော အနီရောင်အရည်များ ဖြစ်နေသောကြောင့် ဖြစ်သည်။

“ဆေးလုံးတွေနဲ့ မြစ်တစ်စင်း ဖြစ်လာအောင် လုပ်ထားတာလား၊ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ လက်ရာလဲ”

လူတိုင်း အံအားသင့်သွား ကြသည်။

ကျောက်လက်ဖွဲ့ အာကာသထဲရှိ အမြင်ကျယ်သော ရှောင်တျောင်းပင်လျှင် အနည်းငယ် တုန်လှုပ်သွားသည်။

ဤမျှ ခမ်းနားသော ကောင်းကင်မြစ်ကြီးကို ဝူယွမ်နှင့် လင်းတုန်တို့ အစွမ်းကုန် ကြိုးစားလျှင်ပင် အကုန်စုပ်ယူနိုင်မည် မဟုတ်ပေ၊ တစ်ထောင်ပုံတစ်ပုံကိုပင် စုပ်ယူရန် ခက်ခဲပေလိမ့်မည်။

လူတစ်ယောက်က မနေနိုင်တော့ဘဲ ကောင်းကင်မြစ်ကို သွားရောက်ထိတွေ့ရန် ပြေးသွားသဖြင့် ဝူယွမ်က လှမ်းတားလိုက်သည်။

“သတိထား၊ အဲဒီကို မသွားနဲ့၊ အထဲမှာ တစ်ခုခုရှိတယ်”

“ဘုန်း”

အနီရောင် ရေမျက်နှာပြင်က ရုတ်တရက် ပေါက်ကွဲသွားပြီး အနည်းငယ် ဝေဝါးသော မီးလျှံနီရောင် ပုံရိပ်တစ်ခုက လျှပ်စီးသဖွယ် ပစ်ထွက်လာကာ ချဉ်းကပ်လာသူအား အလွန်ပြင်းထန်သော လေပြင်းဖြင့် တိုက်ခိုက်လိုက်သည်။

“ကလန့်”

ဝူယွမ်က လျင်မြန်စွာ ရှေ့တိုးသွားပြီး ထိုမီးနီရောင် ပုံရိပ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

“ကျွီး…”

ထိုသတ္တဝါဆန်းက စူးရှသော အော်မြည်သံကို ပြုလုပ်လိုက်မှသာ လူတိုင်းက ဤထူးဆန်းသော သတ္တဝါ လူပုံသဏ္ဌာန် ရှိကြောင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ကို မီးလျှံနီရောင် အကြေးခွံများ ဖုံးအုပ်ထားပြီး သုံးခွခက်ရင်းခွကို ကိုင်ဆောင်ထားကာ မျက်လုံးများမှာ အနီရောင်တောက်ကာ ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသည်။

ထိုဘီလူးကောင်က ဝူယွမ်၏ လက်ဝါးရိုက်ချက်ကြောင့် ဆေးလုံးမြစ်ထဲသို့ ပြန်လည် ပြုတ်ကျသွားသည်။ ကနဦး ခန့်မှန်းချက်အရ ထိုဘီလူး၏ အင်အားက အနည်းဆုံး နိဗ္ဗာန်အဆင့်တစ်နှင့် ညီမျှပေသည်။

ဆေးလုံးမြစ်ထဲတွင် ထိုကဲ့သို့သော အကောင်များစွာ ပြည့်နှက်နေပြီး အရေအတွက် အလွန်များပြားကြောင်း ထင်ရှားသည်။

လူတိုင်း ထိတ်လန့်တကြား ဆုတ်ခွာလိုက်ကြသည်။ ဤဆေးလုံးမြစ်ကို စုပ်ယူရန် မလွယ်ကူချေ။

“အစ်ကိုကြီး၊ အစ်ကိုနှစ် ဒါတွေက ဆေးဝိညာဉ်အလောင်းကောင်တွေပဲ”

ရှောင်တျောင်းက ချက်ချင်း ရှင်းပြလိုက်သည်။ “ဒီဆေးလုံးမြစ်ထဲမှာ စိမ်ထားတဲ့ သေဆုံးပြီးသား အလောင်းတွေက တဖြည်းဖြည်းနဲ့ အသက်မဲ့ပြီး စိတ်ဝိညာဉ်မရှိတဲ့ ဒီလိုသတ္တဝါတွေအဖြစ် ပြောင်းလဲသွားတာ၊ ‌ေပြာရမယ်ဆို ရုပ်သေးတွေနဲ့ တူတယ်”

“ကျွန်တော်တို့ ဘာလုပ်ကြမလဲ အစ်ကိုကြီး၊ ဒီဒန်ဝိညာဉ်အလောင်းကောင်တွေ ရှိနေရင် ငါတို့ နိဗ္ဗာန်စွမ်းအင်ကို စုပ်ယူလို့ရမှာ မဟုတ်ဘူး”

ဝူယွမ်က “မပူပါနဲ့၊ ရှေးဟောင်းဂိုဏ်းက သူတို့ရဲ့ တပည့်တွေ စုပ်ယူဖို့အတွက် ဆေးလုံးမြစ်ကို တည်ဆောက်ထားတာပဲ၊ ဒီမြစ်ပေါ်မှာ ကျင့်ကြံခြင်းစင်မြင့်တစ်ခု ရှိတယ်၊ အဲဒီမှာ ဆေးလုံးမြစ်ထဲက ကြမ်းတမ်းတဲ့စွမ်းအင်ကို လျော့ပါးစေပြီး ဒန်ဝိညာဉ်အလောင်းကောင်တွေရဲ့ နှောင့်ယှက်မှုကနေလည်း ကာကွယ်ပေးနိုင်တဲ့ အစီအရင်တစ်ခု ရှိတယ်”

သူက သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ဆေးလုံးမြစ်ကို ဂရုတစိုက် စူးစမ်းလိုက်သည်။

မကြာမီပင် လှည့်ပတ်စီးဆင်းနေသော အနီရောင် နိဗ္ဗာန်စွမ်းအင် များအောက်တွင် ရှေးဟောင်းစင်မြင့်တစ်ခု မှိန်ဖျော့ဖျော့ ပေါ်ထွက်လာသည်ကို သူမြင်လိုက်ရသည်။

“ညီနှစ် မင်း ဝင်ပြီး ကျင့်ကြံတော့၊ နိဗ္ဗာန်ကပ်ဘေးကို အမြန် တိုက်ခိုက်လိုက်” ကျင့်ကြံခြင်းစင်မြင့်က တစ်ခုတည်းသာ ရှိသဖြင့် ဝူယွမ်က လင်းတုန်ကို အရင်၀င်ရန် ပြောလိုက်သည်။

“ဒါဆို အစ်ကိုကြီးကရော”

“မပူပါနဲ့၊ အခု အချိန်က သိပ်အရေးကြီးနေပြီ၊ ငါ့အတွက် အဆင့်တက်ဖို့ အချိန်မရှိဘူး၊ ငါ့ရဲ့အင်အားက ဒီရှေးဟောင်းရတနာသိုက်ထဲမှာ လွတ်လပ်စွာ သွားလာဖို့ လုံလောက်တယ်၊ မင်း မြန်မြန် ဝင်သင့်တယ်၊ လူတွေ လာနေကြပြီ”

အဝေးတွင် လူရိပ်များက ဤဘက်သို့ ဦးတည်လာနေပြီ ဖြစ်သည်။ သူတို့ကလည်း တွဲလောင်းကျနေသော အနီရောင် ကောင်းကင်မြစ်ကို မြင်ပြီး ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

“မိုလင်း၊ ဒီနေရာကို ငါတို့ မဟာယန်ပြည်ထောင်စုက သိမ်းပိုက်လိုက်ပြီလို့ သူတို့ကို သွားပြောလိုက်၊ ဘယ်သူမဆို မနာခံရင် သတ်ပစ်၊ ရှောင်ယန်၊ တာ့ကျွမ်း၊ မင်းတို့နှစ်ယောက် မိုလင်းနဲ့အတူ လိုက်သွား” ဝူယွမ်က တင်းတင်းကျပ်ကျပ် အမိန့်ပေးလိုက်သည်။

ဤအချိန်တွင် လင်းတုန်က ကျင့်ကြံခြင်းစင်မြင့်ထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်း စတင်နေပြီ ဖြစ်သည်။

“ပိုင်ယွမ်၊ ငါ့ကို ကာကွယ်ထားပေး”

ဝူယွမ်က သွေးဝိညာဉ်ရုပ်သေးနှင့် ကောင်းကင်မိကျောင်း အရိုးရုပ်သေးကို ထုတ်ယူကာ ဘေးတစ်ဖက်တစ်ချက်စီတွင် ထားလိုက်သည်။ ထို့နောက် ကောင်းကင်မြစ်ရှေ့သို့ ရောက်သည်နှင့် တပြိုင်နက် ဆေးဝိညာဉ် အလောင်းကောင်များက အထဲမှ ပြေးထွက်လာကြသည်။

ဝူယွမ်၏ မျက်လုံးထဲတွင် ဤဆေးဝိညာဉ် အလောင်းကောင်များက သတ်ဖြတ်ခြင်းကိုသာ သိရှိသော စိတ်ဝိညာဉ်မရှိသည့် သတ္တဝါများသာ ဖြစ်သည်။

သူက အတားအဆီးအစီအရင် ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်ရာ ဆေးလုံးမြစ်ရှေ့တွင် အထူးစွမ်းအင်အတားအဆီးတစ်ခု ပေါ်လာခဲ့သည်။ ဤအတားအဆီးက အတွင်းမှ စွမ်းအင်အရှိန်အဝါကို ပိတ်ဆို့ထားရုံသာမက အတွင်းမှ အလင်းရောင်ကိုပါ ပိတ်ဆို့ထားသဖြင့် အပြင်မှလူများက ဝူယွမ် ဘာလုပ်နေသည်ကို မမြင်နိုင်ကြပေ။

ဆေးဝိညာဉ်အလောင်းကောင်များ အစုလိုက်အပြုံလိုက် ကောင်းကင်မြစ်ထဲမှ ထွက်ပေါ်လာခဲ့ကြသည်။ ထိုဆေးဝိညာဉ်အလောင်းကောင်များက အလွန်အစွမ်းထက်ကြပြီး တစ်ကောင်စီက နိဗ္ဗာန်အဆင့်တစ်နှင့် ယှဉ်နိုင်သည်၊၊

“ဒါတွေအားလုံးက သခင်မဲ့ အရိုးဝိညာဉ်ရုပ်သေးတွေပဲ၊ မင်းတို့အားလုံးကို ငါဘယ်လို သန့်စင်မလဲဆိုတာ ကြည့်ထားကြ” ဝူယွမ်က တခစ်ခစ် ရယ်မောလိုက်သည်။

သူက မြေပြင်ပေါ်တွင် သွေးပူဇော်ခြင်း အစီအရင်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်ပြီး ချီရှင်း သင်ပေးခဲ့သော သွေးဝိညာဉ်ရုပ်သေးကို သန့်စင်သည့် သွေးပေါင်းစပ်နည်းလမ်းကို အသုံးပြုကာ ဆေးဝိညာဉ်အလောင်းကောင်များကို ထိန်းချုပ်ရန် ပြင်ဆင်လိုက်သည်။

ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ဝူယွမ်၏ လက်ချောင်းက လက်ဖဝါးကို ဖြတ်သန်းသွားကာ ခရမ်းရောင် သွေးစက်များ စီးကျလာသည်။

ဒီတစ်ကြိမ်တွင် သူက ယခင်ကကဲ့သို့ သွေးစက်အများအပြား အသုံးပြုရန် မလိုအပ်ပေ။ ထိုဆေးဝိညာဉ်အလောင်းကောင်များက သွေးဝိညာဉ်ရုပ်သေးကဲ့သို့ အစွမ်းထက်သော ဝိညာဉ်နှင့် မကောင်းဆိုးဝါး အရှိန်အဝါများ မရှိကြသဖြင့် သိပ်ပြီး ဒုက္ခမပေးနိုင်ကြပေ။ ထို့အပြင် သူက သွေးဝိညာဉ်ရုပ်သေးကဲ့သို့ အသေးစိတ် သန့်စင်ရန် မလိုအပ်ဘဲ ယာယီ တည်ငြိမ်စေရုံသာ လိုအပ်သည်။ နောက်ပိုင်း အချိန်ရမှ ဖြည်းဖြည်းချင်း ပြန်လည်သန့်စင်နိုင်သည်၊၊

ဝိညာဉ်စွမ်းအင် ရူန်းများ ပျံထွက်လာပြီး တစ်ခုစီတွင် တောက်ပသော ခရမ်းရောင် သွေးစက်တစ်စက် ပါဝင်သည်။

သွေးစက်နှင့်ရူန်းများက ဆေးဝိညာဉ်အလောင်းကောင်များ၏ ဦးခေါင်းခွံများထဲသို့ ပေါင်းစပ်သွားပြီး ဝိညာဉ်အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။

ချက်ချင်းပင် ဝူယွမ်က ဆေးဝိညာဉ်အလောင်းကောင်များနှင့် ဆက်သွယ်မှု ရရှိသွားသည်။ ကြမ်းတမ်းသော ဆေးဝိညာဉ်အလောင်းကောင်များက ခုခံရန်၊ ဝူယွမ်၏ ဝိညာဉ်အမှတ်အသားကို ဖျက်ပစ်ရန် ကြိုးစားကြသော်လည်း ၀ူယွမ်၏ အစွမ်းထက် သွေးအဆီအနှစ်က သူတို့၏ ပျော့ညံ့သော ဝိညာဉ်စွမ်းအားဖြင့် လှုပ်ခါနိုင်သောအရာ မဟုတ်ပေ။ ဝူယွမ်၏ ဝိညာဉ်အမှတ်အသားက သူတို့၏ ဦးခေါင်းခွံများထဲသို့ မြဲမြံစွာ ပေါင်းစပ်သွားပြီး ဖျက်ပစ်ရန် မဖြစ်နိုင်တော့ပေ။

ကြမ်းတမ်းသော ဆေးဝိညာဉ်အလောင်းကောင်များ ဆက်တိုက် ပြေးထွက်လာကြသော်လည်း သူတို့ကို စောင့်ကြိုနေသည်မှာ သွေးစက်နှင့်ရူန်းတစ်ခုသာ ဖြစ်သည်။ သွေးစက် ထိမှန်သွားသော ဆေးဝိညာဉ်အလောင်းကောင်များအားလုံး ချက်ချင်း လေးလံထိုင်းမှိုင်းသွားပြီး ငြိမ်သက်သွားကာ ဝူယွမ်၏နောက်တွင် သေသပ်စွာ တန်းစီနေကြတော့သည်။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။

အပြင်ဘက်တွင် မဟာယန်ပြည်ထောင်စုက ဤနေရာကို သိမ်းပိုက်ထားကြောင်း သိရသောအခါ အခြားပြည်ထောင်စုများက ကြာကြာနေရန် မဝံ့ရဲဘဲ အမြန်ထွက်ခွာသွားကြသည်။ အစောပိုင်းက ရှေးဟောင်းမြင့်မြတ်နန်းတော်တွင် မဟာယန်ပြည်ထောင်စုက သူ၏ အစွမ်းအစကို အပြည့်အဝ ပြသခဲ့ပြီးဖြစ်ရာ မည်သူမျှ ရန်မစလိုကြပေ။ သူတို့သည် အခြားသူများ အထိတ်တစ်လန့် ရှောင်ရှားရမည့် တည်ရှိမှုများ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် အစီအရင်အတွင်း၌ ဝူယွမ်က ဆေးဝိညာဉ်အလောင်းကောင် တစ်ထောင်ကျော်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

ဤသည်မှာ နိဗ္ဗာန်အဆင့်တစ်ရှိ အရိုးဝိညာဉ်ရုပ်သေး တစ်ထောင်ကျော်နှင့် ညီမျှသည်။

ဤအရာက ဝူယွမ်၏ ဝိညာဉ်စွမ်းအင်နှင့် ကိုယ်ခန္ဓာကို သိသိသာသာ ယိုယွင်းစေသည်။

ဆေးလုံးမြစ်ထဲတွင် ဆေးဝိညာဉ်အလောင်းကောင် အများအပြား ကျန်ရှိနေသေးသည်။ ရှေးဟောင်းခေတ်က အလောင်းအများအပြားကို ဒန်မြစ်ထဲသို့ ပစ်ချခဲ့ကြပြီး ဝူယွမ်သည် အချိန်တိုအတွင်း အားလုံးကို မသန့်စင်နိုင်ပေ။ သူ ပြန်လည်သက်သာလာစေရန် ရပ်နားရမည်။

သို့သော် ယခု သူပိုင်ဆိုင်ထားသော ဆေးဝိညာဉ်အလောင်းကောင် တစ်ထောင်ကျော်က လုံလောက်နေပြီ ဖြစ်သည်။ ဝူယွမ်က သန့်စင်ပြီးသား ဆေးဝိညာဉ်အလောင်းကောင်များကို ထိန်းချုပ်ကာ မြစ်ထဲမှ ပြေးထွက်လာပြီး သူ့ကို တိုက်ခိုက်လိုသော မသန့်စင်ရသေးသည့် ဆေးဝိညာဉ်အလောင်းကောင်များကို ပိတ်ဆို့စေကာ အနှောင့်အယှက် ကင်းသော မြစ်တစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက် သူက မဟာရှေးဟောင်းကျောက်တိုင်ကို ထုတ်ယူလိုက်ပြီး ကျောက်တိုင်ဝိညာဉ်နှင့် ချက်ချင်း ဆက်သွယ်ကာ ဆေးလုံးမြစ်အတွင်းသို့ ဟင်းလင်းပြင် တံခါးတစ်ခုကို ထိုးဖောက်ဝင်ရောက်စေလိုက်သည်။

ဘုန်း ဘုန်း ဘုန်း... ကောင်းကင်မှ ဆင်းသက်လာသော အနီရောင် ဆေးလုံးမြစ်ရေများသည် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲသို့ အကုန် စီးဝင်သွားသည်။

မြစ်ရေက ပြတ်တောက်သွားပြီး ဝူယွမ်က ဆေးလုံးမြစ်ကို ရှေးဟောင်းကျောက်တိုင်နယ်မြေထဲသို့ တိုက်ရိုက် လမ်းလွှဲလိုက်သည်။ စီးဆင်းနေသော ဆေးလုံးမြစ်ရေများက ကမ္ဘာ့သစ်ပင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ကျောက်တိုင်ဝိညာဉ်၏ လမ်းညွှန်မှုအောက်တွင် ဤမီးလျှံနီရောင် မြစ်ရေများက ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်တစ်ခုတည်းသို့ စီးဆင်းသွားပြီး ခြောက်သွေ့နေသော ကြမ်းပြင်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။

ဤအဆင့်တွင် ဝူယွမ်က သူ့ဝိညာဉ်စွမ်းအင် ပြန်လည်သက်သာလာစေရန် ဆေးလုံးများကို ထုတ်ယူလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ့ဆီတွင် အရင်းအမြစ်များ ပေါများကာ လက်ဖဝါးထဲက ကောင်းကင်ပုလင်းဖြင့် သူက ဝိညာဉ်ဆေးပင်များစွာကို စိုက်ပျိုးနိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိရန်နှင့် သွေးဖြည့်တင်းရန် ဆေးလုံးများစွာ အပါအဝင် ဖြစ်သည်။ ဝူယွမ်က သူ၏ အခြေအနေ ပြန်လည်ကောင်းမွန်လာစေရန် ဆေးလုံးများကို လျင်မြန်စွာ စားသုံးလိုက်သည်။

ကောင်းကင်မြစ်ထဲတွင် ရှိနေသော လင်းတုန်က နိဗ္ဗာန်ကပ်ဘေးကို စတင် ခံစားနေရပြီ ဖြစ်သည်။ အစွမ်းထက်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာပြီး သူ၏ အင်အားက လျင်မြန်စွာ တိုးတက်နေသည်။

ဤသို့ဖြင့် နှစ်ရက် ကုန်ဆုံးသွားသည်။

ဝူယွမ် ပြန်လည်သက်သာလာပြီးနောက် ဆေးဝိညာဉ်အလောင်းကောင်များကို ဆက်လက်သန့်စင်ခဲ့သည်။

နှစ်ရက်နှင့် နှစ်ညကြာပြီးနောက် ရှေးဟောင်းကျောက်တိုင်နယ်မြေရှိ မဟာရှေးဟောင်းမြို့တော် ပတ်လည်တွင် အနီရောင်မြစ်တစ်စင်း စီးဆင်းနေခဲ့သည်။

ကမ္ဘာ့သစ်ပင်က နိဗ္ဗာန်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ကြီးထွားလာသည်။ သူ၏ အမြစ်များက ရှေးဟောင်းကျောက်တိုင်နယ်မြေ တစ်ခုလုံးသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားပြီး သူ၏ စိမ်းလန်းစိုပြေသော အရွက်များက ကောင်းကင်ကို လွှမ်းမိုးထားသည်။

စိမ်းလန်းသော အရွက်များက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး ဝိညာဉ်စွမ်းအင်များကို ထုတ်ပေးကာ ရှေးဟောင်းကျောက်တိုင်နယ်မြေ တစ်ခုလုံးကို ပြန်လည်လန်းဆန်းစေလာသည်။

ရှေးဟောင်းကျောက်တိုင်နယ်မြေထဲရှိ လူတိုင်း အလွန် ဝမ်းသာနေကြသည်။ ကြွယ်ဝသော နိဗ္ဗာန်စွမ်းအင်များသည် လူများစွာကို ထိုနေရာတွင်ပင် အဆင့်တက်စေခဲ့သည်။

လင်းတုန်က ထွက်မလာသေးဘဲ သူ၏ အရှိန်အဝါက လှိုင်းထနေဆဲ ဖြစ်သည်။ သူသည် နိဗ္ဗာန်ကပ်ဘ နှစ်ခုကို ဆက်တိုက် ခံယူနေပြီး နိဗ္ဗာန်အဆင့်နှစ်ကို တက်ရန် တိုက်ရိုက် ကြိုးပမ်းနေကြောင်း ဝူယွမ် ခန့်မှန်းလိုက်သည်။

လေးရက်မြောက်နေ့။

လင်းတုန် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့သည်။

ဝူယွမ်က ဆေးဝိညာဉ်အလောင်းကောင် သုံးထောင်ကျော်ကို သန့်စင်ပြီးဖြစ်ရာ ဆေးလုံးမြစ်ထဲရှိ ဆေးဝိညာဉ်အလောင်းကောင်များ ရှားပါးသွားပြီ ဖြစ်သည်။

ထို့အပြင် မဟာရှေးဟောင်း ကျောက်တိုင်ထဲတွင် နိဗ္ဗာန်အဆင့်တစ်ရှိ ရုပ်သေးစစ်သည် သုံးထောင်ကျော် အပိုထပ်တိုး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

All Chapters