← Chapters

ကုမ္ပဏီသို့ အလည်တစ်ခေါက်

Vol. 51 Ch. 832

ကုမ္ပဏီသို့ အလည်တစ်ခေါက်

Vol. 51 Ch. 832

လဲ့ကျုံးဇီ ကုမ္ပဏီထဲဝင်လိုက်သည်နှင့် လူချော၊ လူလှများစွာကို တွေ့လိုက်ရသည်။

"ထုံထုံ၊ သူတို့က ဘယ်သူတွေလဲ" လဲ့ကျုံးဇီ တိုးတိုးလေး မေးလိုက်သည်။

ရှောင်လဲ့ထုံက ပြန်ဖြေလိုက်သည်။ "ဒါတွေက ကုမ္ပဏီက စီမံခန့်ခွဲရေးဝန်ထမ်းတွေလေ"

"အကုန်လုံးလား" လဲ့ကျုံးဇီ အံ့သြသွားသည်။

"ဟုတ်တယ်... အကုန်လုံးပဲ" ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။

"မင်းအမေက ဝန်ထမ်းခေါ်ရင် ရုပ်ရည်ကြည့်ပြီး ရွေးတာလား။ ကြည့်ပါဦး... အကုန်လုံးက မျက်စိပသာဒဖြစ်နေကြတာ" လဲ့ကျုံးဇီ တိုးတိုးလေး ပြောလိုက်သည်။ သူ့ကုမ္ပဏီမှာတော့ အတွင်းရေးမှူးတချို့ကလွဲရင် ကျန်တာတွေက ရုပ်ဆိုးဆိုးတွေချည်းပဲ။ အထူးသဖြင့် IT ပညာရှင်တွေဆိုရင် ပိုဆိုးသေးတယ်။

ရှောင်လဲ့ထုံက ပြန်ပြောလိုက်သည်။ "မေမေက ဝန်ထမ်းခေါ်ရင် စိတ်ထားကိုကြည့်ပြီး ရွေးတာပါ။ စိတ်ထားမကောင်းရင် ဘယ်လောက်တော်တော် မခန့်ဘူး"

ထို့နောက် ခဏစဉ်းစားပြီး ဆက်ပြောသည်။ "စိတ်ထားကောင်းရင် ရုပ်ရည်လည်း လှလာတတ်တယ်လို့ ဆိုရိုးစကား ရှိတယ်မလား။ သူတို့ စိတ်ထားကောင်းလို့ ရုပ်ရည်လှနေတာနေမှာပေါ့"

လဲ့ကျုံးဇီ - "......" ဆိုရိုးစကားက အဲဒီလိုလား။

လဲ့ကျုံးဇီ ရယ်မောကာ ပြောလိုက်သည်။ "မင်းက တကယ်လူတတ်ကြီးပဲ"

ရှောင်လဲ့ထုံက ပြောလိုက်သည်။ "ဦးလေးလဲ့ လာ၊ လိုက်ပြမယ်။ သူတို့ကို အလုပ်မရှုပ်စေသရွေ့ သူတို့က သဘောကောင်းပါတယ်"

လဲ့ကျုံးဇီ - "......" ဒါဆို မတော်တဆ အလုပ်ရှုပ်သွားစေမိရင် သူတို့ သဘောမကောင်းတော့ဘူးပေါ့။

ရှောင်လဲ့ထုံနှင့် ရှောင်လင်တို့သည် လဲ့ကျုံးဇီကို ကုမ္ပဏီအနှံ့ လိုက်ပြနေသည်။ ကုမ္ပဏီဝန်ထမ်းများက သခင်လေးနှစ်ယောက်ကိုသိနေကြသဖြင့် လှိုက်လှဲစွာ နှုတ်ဆက်ကြသည်။

သူတို့အဆင့်အတန်းကြောင့်တင် မဟုတ်ဘဲ ချစ်စရာကောင်းပြီး လှပနေလို့ လူချစ်လူခင်များကြတာပါ။

ရှောင်လဲ့ထုံက နှုတ်ဆက်လိုက်သည်။ "ဦးဦး၊ ဒေါ်ဒေါ်တို့ အလုပ်ဆက်လုပ်ကြပါ။ ကျွန်တော် ဦးလေးလဲ့ကို လိုက်ပြနေတာပါ"

ဦးလေးလဲ့ "..."

ဒီနာမည်ကြားတော့ လူတိုင်း သံသယ ဖြစ်သွားကြသည်။

ဒီလူကို သူတို့ မသိပါဘူး။

သခင်လေးနှစ်ယောက်ရဲ့ ဦးလေးဆိုတာ ဆယ်ကျော်သက်ကောင်လေးလေ။ ဒီလူငယ် မဟုတ်ပါဘူး။

ရှောင်လဲ့ထုံက သူတို့ သံသယဖြစ်နေမှန်း သိသဖြင့် ရှင်းပြလိုက်သည်။ "ဒါက ဖိုးဖိုးနဲ့ ဖွားဖွား မွေးစားထားတဲ့ သားပါ။ ဖိုးဖိုးတို့က သားနှစ်ယောက် မွေးစားထားတယ်။ ဒါက ဒုတိယဦးလေး။ နောက်တစ်ယောက်က ဦးလေးကြီး"

ရှောင်လဲ့ထုံ ရှင်းပြလိုက်တော့မှ အားလုံး သဘောပေါက်သွားကြသည်။ ထို့နောက် လဲ့ကျုံးဇီကို အားကျမနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ကံကောင်းလိုက်တာ။ သူဌေးရဲ့မိဘတွေက မွေးစားတယ်ဆိုတော့ ကံကောင်းလွန်းတယ်။ သူတို့ကျတော့ ဘာလို့ ကံမကောင်းရတာလဲ။

ကုမ္ပဏီမှာ ကြာကြာလုပ်ဖူးသူတိုင်း သူဌေးရဲ့အမေ ဟင်းချက်ကောင်းမှန်း သိကြတယ်။ ထောင်ယွမ်ရွာ စားသောက်ဆိုင်က ဟင်းတွေ နာမည်ကြီးပေမယ့် သူဌေးရဲ့အမေ လက်ရာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။

သူတို့ အားကျပြီး သွားရည်ကျနေမှန်းသိလို့ သူဌေးက အထူးဆုကြေးစနစ်တစ်ခု ထုတ်ပြန်ထားတယ်။ အလုပ်အကောင်းဆုံးလုပ်တဲ့သူက ရှောင်အိမ်တော်မှာ တစ်နပ်သွားစားခွင့်ရမယ်တဲ့။

ဒီဆုကြေးက ငွေကြေးထက် ပိုတန်ဖိုးရှိတယ်။

ငွေနဲ့ အရာရာ ဝယ်လို့ရပေမယ့် အမေရှောင်ရဲ့လက်ရာကိုတော့ ဝယ်လို့မရဘူး။

ဒါကြောင့် ဒီဆုကြေးရဖို့အတွက် ဝန်ထမ်းတွေ အသေအလဲ ကြိုးစားကြတယ်။

ဝန်ထမ်းတွေအမြင်မှာ သူတို့သူဌေးက ဘဝမှာအောင်မြင်သူပါပဲ။

ပျော်ရွှင်စရာ မိသားစု၊ ချစ်ခင်ရတဲ့ ခင်ပွန်း၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်ထားတယ်။ လူအများစုအမြင်မှာ ဒါက အမြင့်ဆုံး ပျော်ရွှင်မှုပါပဲ။

သူဌေးရဲ့မိသားစုဝင် ဖြစ်ခွင့်ရတာလည်း ပျော်ရွှင်မှု တစ်မျိုးပါပဲ။

ဒီလူက ဘယ်ကရောက်လာတာလဲ။ သူဌေးရဲ့မိသားစုက လက်ခံထားတယ်ဆိုတော့ အထင်သေးလို့ မရဘူး။

လဲ့ကျုံးဇီသည် သူ့ကိုကြည့်နေသော အကြည့်များတွင် အားကျမနာလိုမှုများ ပါဝင်နေသည်ကို သတိထားမိလိုက်သည်။ နားမလည်နိုင် ဖြစ်နေသည်။ ဒါပေမဲ့ သူက စိတ်ထားကောင်းတဲ့သူမို့လို့ သိပ်မတွေးတော့ဘဲ ကလေးနှစ်ယောက်နောက် လိုက်သွားလိုက်သည်။

"ထုံထုံ၊ မင်းအမေ ရုံးခန်းက ဘယ်မှာလဲ" လဲ့ကျုံးဇီ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"၅ လွှာမှာ" ရှောင်လဲ့ထုံက ပြောလိုက်သည်။ "သွားကြစို့... လိုက်ပို့ပေးမယ်"

မကြာမီ ၅ လွှာသို့ ရောက်ရှိသွားသည်။ သို့သော် အတွင်းရေးမှူးက ပြောလိုက်သည်။ "ထုံထုံ၊ သူဌေးက အစည်းအဝေး လုပ်နေတယ်"

အစည်းအဝေး လုပ်နေတယ်ဆိုတော့ ရှောင်လဲ့ထုံက လိမ္မာစွာ ပြောလိုက်သည်။ "ဟုတ် ဒါဆို အပြင်မှာပဲ စောင့်နေလိုက်မယ်။ ဒေါ်လေး၊ ဦးလေးလဲ့အတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါဦး။ သကြားထည့်ပေးနော်"

အတွင်းရေးမှူးက ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပါပြီ" အတွင်းရေးမှူးက ပြောရင်း ဗီရိုထဲမှ နို့ဘူးနှစ်ဘူးထုတ်ပြီး ရှောင်လဲ့ထုံနှင့် ရှောင်လင်ကို ပေးလိုက်သည်။

ဒီနို့ဘူးတွေက ကလေးတွေအတွက် အမြဲဆောင်ထားတာပါ။

ရှောင်လဲ့ထုံက နို့ဘူးကို ယူပြီး သောက်လိုက်သည်။ ရှောင်လင်က နို့မကြိုက်တော့ ရှောင်လဲ့ထုံက ယူသောက်လိုက်သည်။ ပုံမှန်ဆိုရင် ဒီလိုပဲ လုပ်နေကျပါ။

ခဏအကြာတွင် အတွင်းရေးမှူးက လဲ့ကျုံးဇီအတွက် ကော်ဖီတစ်ခွက် ဖျော်လာပြီး ပြုံးလျက် ပြောလိုက်သည်။ "ကော်ဖီ ရပါပြီ။ သုံးဆောင်ပါဦး"

"ကျေးဇူးတင်ပါတယ်" လဲ့ကျုံးဇီ ယဉ်ကျေးစွာ ပြောလိုက်သည်။

ရုံးခန်းထဲတွင် ရှောင်လင်းယွီသည် လက်အောက်ငယ်သားများနှင့် အပန်းဖြေစခန်း စီမံကိန်းအကြောင်း ဆွေးနွေးနေသည်။

ဖီးနစ်အပန်းဖြေစခန်းကတော့ အဆင်ပြေသွားပြီ။ တခြားဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု အခက်အခဲတချို့ ရှိနေတယ်။

"ဒီအစီအစဉ်တွေက မကောင်းဘူး။ ပြန်ရေးခဲ့" ရှောင်လင်းယွီက လက်အောက်ငယ်သားများ တင်ပြသော အစီအစဉ်များကို ပယ်ချလိုက်သည်။ "ဒီအစီအစဉ်တွေရေးတုန်းက ဒေသခံတွေဆီ သွားလေ့လာခဲ့ရဲ့လား။ ဒေသခံတွေရဲ့ရိုးရာဓလေ့တွေကို သိရဲ့လား..."

ရှောင်လင်းယွီက ပုံမှန်ဆိုရင်သဘောကောင်းပေမယ့် သူဌေးဆိုတော့ လိုအပ်ရင် တင်းမာရတာပေါ့။ အလုပ်မဖြစ်ရင် ဆူပူရမှာပဲ။

"နောက်ထပ် ၅ ရက်အချိန်ပေးမယ်။ စိတ်တိုင်းကျတဲ့ အစီအစဉ်တစ်ခု ပြန်ရေးခဲ့" ရှောင်လင်းယွီ လေးနက်စွာ ပြောလိုက်သည်။ "၅ ရက်နေလို့မှ စိတ်တိုင်းကျတာ မရရင် ၆ လစာ ဘောနပ်စ်ဖြတ်မယ်"

၆ လစာဘောနပ်စ်ဖြတ်မယ်ဆိုတော့ အားလုံးတုန်လှုပ်သွားကြသည်။ "ဘော့စ် စိတ်ချပါ။ ကျွန်တော်တို့ သေချာ ပြန်ရေးခဲ့ပါ့မယ်"

ရှောင်လင်းယွီက ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်မ စိတ်တိုင်းကျတဲ့ အစီအစဉ် ရေးနိုင်တဲ့သူကို တစ်လလုံး ကျွန်မအိမ်မှာ ထမင်းကျွေးမယ်။ အဖွဲ့လိုက်ကျွေးမယ်" တစ်ယောက်ကျွေးတာနဲ့ အများကျွေးတာ အတူတူပါပဲ။ အမေ ပင်ပန်းမှာပဲရှိတာ။

တစ်လလုံး သူဌေးအိမ်မှာ ထမင်းစားခွင့်ရမယ်ဆိုတော့ အဖွဲ့ခေါင်းဆောင် ၆ ယောက်စလုံး မျက်လုံးများ အရောင်လက်သွားကြသည်။

တစ်လလုံး စားရမှာ။ ဒီလိုအခွင့်အရေးမျိုးက ရှားပါးတယ်။

အရင်တုန်းက တစ်နပ်လောက်၊ တစ်ပတ်လောက်ပဲ ကျွေးဖူးတာ။ တစ်လလုံး၊ အဖွဲ့လိုက် ကျွေးတာ တစ်ခါမှ မရှိဖူးဘူး။

"ဘော့စ် တကယ်လား" တစ်ယောက်က မေးလိုက်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "တကယ်ပေါ့... ကျွန်မ ဘယ်တုန်းက ကတိမတည်ဖူးလို့လဲ"

အဖွဲ့ခေါင်းဆောင် ၆ ယောက် စိတ်လှုပ်ရှားသွားကြသည်။ "ဘော့စ် စိတ်ချပါ။ ၅ ရက်အတွင်း စိတ်တိုင်းကျတဲ့ အစီအစဉ် တင်ပြပါ့မယ်"

ထို့နောက် အဖွဲ့ခေါင်းဆောင် ၆ ယောက် အချင်းချင်း စိန်ခေါ်သလို ကြည့်လိုက်ကြသည်။

ဒီဆုကြေးကို မရမနေ ယူရမယ်။

"ကဲ... ပြန်သွားကြတော့" ရှောင်လင်းယွီ လက်ကာပြပြီး မောင်းထုတ်လိုက်သည်။

အဖွဲ့ခေါင်းဆောင် ၆ ယောက် ထွက်သွားပြီးနောက် ရှောင်လဲ့ထုံနှင့် ရှောင်လင်တို့သည် လဲ့ကျုံးဇီကို ခေါ်ဆောင်ပြီး ဝင်လာကြသည်။

ရှောင်လင်းယွီ မြင်လိုက်သောအခါ ပြုံးလျက်မေးလိုက်သည်။ "ရောက်နေတာ ကြာပြီလား"

ရှောင်လဲ့ထုံက "မကြာပါဘူး။ နို့နှစ်ဘူး သောက်လို့ကုန်တဲ့အချိန်လောက်ပါပဲ"

ရှောင်လင်းယွီ လဲ့ကျုံးဇီကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။ "ရှောင်ဇီ၊ ကုမ္ပဏီ ရောက်လာတော့ ဘယ်လိုမြင်လဲ"

လဲ့ကျုံးဇီက ပြုံးလျက် "အစတုန်းကတော့ ကုမ္ပဏီကြီးဆိုတော့ မိုးမျှော်တိုက်ကြီးတွေ ဖြစ်မယ်ထင်တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ထောင်ယွမ်ရွာ Green Fresh အုပ်စု ရုံးချုပ်က ရိုးရှင်းပြီး လှပနေတာ တွေ့ရတယ်။ အဝေးကကြည့်ရင် ဗီလာတွေထဲမှာ ရုံးခန်းဖွင့်ထားသလိုပဲ"

ထို့နောက် ရုံးခန်းအပြင်အဆင်ကို ကြည့်လိုက်သည်။ ရိုးရှင်းပြီး ခန့်ညားတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လိုက်ဖက်တယ်။

လဲ့ကျုံးဇီက ဆက်ပြောသည်။ "ကုမ္ပဏီမှာ လူချောတွေ များလိုက်တာ။ အစ်မ ဝန်ထမ်းရွေးရင် ဘာစံနှုန်းနဲ့ ရွေးတာလဲ။ ရုပ်ရည်ကြည့်ပြီး ရွေးတာလား။ ကျွန်တော့်ရုပ်ရည်နဲ့ဆိုရင် ကုမ္ပဏီမှာ အလုပ်လုပ်လို့ ရမလား"

"ဦးလေးလဲ့" ရှောင်လဲ့ထုံ လေးနက်စွာ ပြောလိုက်သည်။ "ကုမ္ပဏီလာတာ အလှပလေးတွေကို ဖွန်ကြောင်ဖို့လား"

"ဟမ်" လဲ့ကျုံးဇီ ကြောင်သွားပြီးနောက် သဘောပေါက်သွားကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါဆို ထုံထုံပြောချင်တာက ဦးလေးလဲ့က အရမ်းချောတယ်ပေါ့"

ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။ "အင်း... ဦးလေးလဲ့က ချောပါတယ်"

လဲ့ကျုံးဇီ တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည်။ "ထုံထုံ၊ ဦးလေးလဲ့က ချောလား၊ မင်းဦးလေးအရင်းက ချောလား"

"......" ရှောင်လဲ့ထုံ လိမ်ပြီး ပြောလိုက်သည်။ "ဦးလေးလဲ့က ပိုချောတာပေါ့"

သို့သော် ရိုးသားပြီး ဖြူစင်တဲ့ ရှောင်လင်က ဝင်ပြောလိုက်သည်။ "ဒါပေမဲ့ ဦးလေးအရင်းက ပိုချောတာပါ"

ရှောင်လဲ့ထုံက လေးနက်စွာ ပြုပြင်ပေးလိုက်သည်။ "လင်အာ၊ တစ်ခါတလေ စေတနာပါတဲ့ မုသားစကားက လူတွေကို နှစ်သိမ့်ပေးနိုင်တယ်"

လဲ့ကျုံးဇီ - "......"

"ဟားဟား..." ရှောင်လင်းယွီ မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။

***

All Chapters