Chapters

အကူအညီတောင်းခံခြင်း

Vol. 51 Ch. 836

အကူအညီတောင်းခံခြင်း

Vol. 51 Ch. 836

"လင်းယွီ၊ ရှောင်ဇီက စိုက်ပျိုးရေး ဝါသနာပါတယ် ပြောတယ်။ နောက်ဆို မင်းကို အကူအညီတောင်းရဦးမယ်။ သူ့ကို သင်ပေးပါဦးနော်" မပြန်ခင် လဲ့ကျွင်းရှန်သည် ရှောင်လင်းယွီကို သီးသန့်တွေ့ဆုံပြီး အကူအညီတောင်းလိုက်သည်။

ရှောင်လင်းယွီ ပြုံးလျက် ပြောလိုက်သည်။ "အစ်ကိုကြီး၊ ရှောင်ဇီက အခု ကျွန်မမောင်လေး ဖြစ်နေပြီလေ။ မောင်လေးရဲ့ဝါသနာကို အစ်မတစ်ယောက်အနေနဲ့ သေချာပေါက် ထောက်ပံ့ပေးရမှာပေါ့။ စိတ်ချပါ၊ သူ့အတွက် ဆရာကောင်းတစ်ယောက် ငှားပေးလိုက်ပါ့မယ်"

ဒီနှစ်တွေအတွင်း သူမသည် နယ်ပယ်ထဲက ကျွမ်းကျင်ပညာရှင်အများအပြားနှင့် ရင်းနှီးခဲ့သည်။ လဲ့ကျုံးဇီအတွက် ဆရာကောင်းတစ်ယောက် ရှာပေးဖို့ဆိုတာ အခက်အခဲ မရှိပါဘူး။

လဲ့ကျွင်းရှန် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"

ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "အစ်ကိုကြီး၊ မိသားစုအချင်းချင်း အားနာစရာ မလိုပါဘူး။ အခု ကျွန်မတို့က မိသားစုဝင်တွေဖြစ်နေပြီလေ။ ကျေးဇူးတင်စကား ပြောနေစရာ မလိုပါဘူး"

လဲ့ကျွင်းရှန် စဉ်းစားကြည့်ပြီး ရယ်မောလိုက်သည်။ "ဟုတ်သားပဲ"

ရှောင်မိသားစုကို မိသားစုအဖြစ် သတ်မှတ်လိုက်ပြီဆိုမှတော့ အားနာနေစရာ မလိုတော့ဘူး။ အားနာလွန်းရင် စိမ်းသက်သလို ခံစားရလိမ့်မယ်။

"ကောင်းပါပြီ၊ နောက်ဆို မိသားစုအချင်းချင်း အားမနာကြေး" လဲ့ကျွင်းရှန် ပြုံးလျက် ပြောလိုက်သည်။

……

လဲ့ကျုံးဇီ စိုက်ပျိုးရေးဝါသနာပါသွားခြင်းအပေါ် ရှောင်မိသားစုက အများကြီး ဝင်မစွက်ဖက်ပေ။ ဒါက သူ့ရွေးချယ်မှု၊ သူ့ဝါသနာလေ။

"ရှောင်ဇီ၊ မင်း ဝါသနာပါရင် နောက်ဆို ရွာသားတွေနောက်လိုက်ပြီး သေချာလေ့လာနော်" အဖွားရှောင်က ပြုံးလျက် ပြောလိုက်သည်။ "ငါတို့ရွာက နှစ်တိုင်း နွေဦးရောက်ရင် သစ်ပင်တွေ အများကြီး စိုက်ကြတယ်"

လဲ့ကျုံးဇီ နှိမ့်ချစွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ အဘွား၊ ကျွန်တော် သိပါပြီ"

"အလုပ်ပေါင်း ၃၆၀ မှာ အလုပ်တိုင်းက ထူးချွန်သူတွေ ထွက်ပေါ်လာစမြဲပဲ" အဖိုးရှောင်က ပြောလိုက်သည်။ "အရင်တုန်းက တောင်ပေါ်မှာ သစ်သီးပင်တွေစိုက်တုန်းက ယွီအာက ပညာရှင်တွေ အများကြီး ငှားခဲ့တယ်။ အဲဒီပညာရှင်တွေက တကယ့်လူတော်တွေပဲ။ နောက်ဆို ရှောင်ဇီလည်း ဒီနယ်ပယ်မှာ ထူးချွန်တဲ့သူဖြစ်လာမှာပါ"

စိုက်ပျိုးရေးဆိုတာ တောင်သူတွေအတွက်တော့ သာမန်အလုပ်ပါပဲ။ နွေဦးရောက်ရင် စိုက်ချင်တဲ့ သစ်ပင်မျိုးကို မြို့ပေါ်က ဝယ်လာပြီး စိုက်လိုက်ရုံပဲ။ ရှင်သန်မလား၊ သေသွားမလား သိပ်ဂရုမစိုက်ဘူး။ ရှင်ရင်ရှင်၊ မရှင်ရင် နောက်နှစ်မှ အသစ်ပြန်စိုက်လိုက်မယ်။

ဒါပေမဲ့ ဘာလုပ်လုပ် နည်းစနစ်ကျဖို့ လိုပါတယ်။

လယ်စိုက်တာ၊ ယာစိုက်တာက တောင်သူတွေအတွက် သာမန်ကိစ္စဆိုပေမယ့် စိုက်ပျိုးနည်းစနစ် မှန်ကန်ဖို့ လိုအပ်တယ်။ ဒါကြောင့် တက္ကသိုလ်တွေမှာ စိုက်ပျိုးရေးမေဂျာတွေ ပေါ်ပေါက်လာတာပေါ့။

"ရှောင်ဇီ၊ မင်း သေချာစဉ်းစားပြီး ဆုံးဖြတ်လိုက်ရင် ရပါပြီ" အဖေရှောင်က လေးနက်စွာ မှာကြားလိုက်သည်။ "ဒါပေမဲ့ အဖေ တစ်ခုတော့ မှာချင်တယ်။ ရွေးချယ်ပြီးရင် ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ အခက်အခဲတွေ ကြုံပါစေ လက်မလျှော့နဲ့နော်။ ဇွဲရှိမှ အောင်မြင်မှုရမှာ"

လဲ့ကျုံးဇီ စိတ်လှုပ်ရှားသွားပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ အဖေ၊ ကျွန်တော် သိပါပြီ။ ကျွန်တော် ရွေးချယ်ပြီးပြီဆိုတော့ သေချာပေါက် ဇွဲရှိရှိကြိုးစားပါ့မယ်"

သူက အောင်မြင်မှုကြီးကြီးမားမား ရချင်တာ မဟုတ်ပါဘူး။ ရှောင်လင်းယွီနဲ့ ရှောင်မိသားစုကို ကူညီပေးနိုင်ရင် ကျေနပ်ပါပြီ။

"အင်း၊ စိုက်ပျိုးရေး လေ့လာချင်ရင် ကျောင်းပြန်တက်ရင် ကောင်းမလား" ဦးလေးရှောင်က ရုတ်တရက် အကြံပြုလိုက်သည်။ "ရှို့အာ ပြောတာတော့ စိုက်ပျိုးရေးတက္ကသိုလ်တွေ ရှိတယ်တဲ့။ အဲဒီမှာ သီးသန့် သင်ပေးတာတဲ့"

"အဲဒါ စာမေးပွဲဖြေပြီး ဝင်ရတာ မဟုတ်ဘူးလား" အမေရှောင်က ရှောင်လင်းယွီကို သံသယဖြင့် မေးလိုက်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် စာမေးပွဲဖြေပြီး ဝင်ရတာပါ။ တကယ်လို့ ရှောင်ဇီက ဘွဲ့လက်မှတ်တွေ၊ အရည်အချင်းစစ်လက်မှတ်တွေ လိုချင်ရင်တော့ ကျောင်းတက်တာ ကောင်းတယ်။ ရှောင်ဇီ၊ မင်းဘယ်လိုသဘောရလဲ"

လဲ့ကျုံးဇီ စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ် တက်မယ်" တစ်ခါတလေ ကျောင်းမှာ သင်ယူရတဲ့ ပညာရပ်တွေကို လျှော့တွက်လို့ မရဘူးလေ။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... အစ်မ စီစဉ်လိုက်မယ်"

***