← Chapters

မြို့တော်သို့ အလည်တစ်ခေါက်

Vol. 51 Ch. 837

မြို့တော်သို့ အလည်တစ်ခေါက်

Vol. 51 Ch. 837

တစ်ခါတလေ စာတွေ့နဲ့လက်တွေ့ ပေါင်းစပ်မှ အလုပ်က ပြီးပြည့်စုံတာပါ။

လဲ့ကျုံးဇီက စိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်ဖြေဖို့ အချိန်ယူရမှာ။ ဒါကြောင့် အဆက်အသွယ်တချို့သုံးပြီး နိုင်ငံရဲ့ အကောင်းဆုံး စိုက်ပျိုးရေးတက္ကသိုလ်ကို တိုက်ရိုက် ပို့လိုက်တာ ပိုကောင်းတယ်။

စာကြိုးစားတာ မကြိုးစားတာကတော့ သူ့အပိုင်းပါပဲ။ စာမေးပွဲဖြေတာတောင် မိသားစု အကူအညီ ယူနေလို့ မဖြစ်ဘူးလေ။

လဲ့ကျုံးဇီ ထွက်သွားပြီးနောက် ရှောင်မိသားစု အနေရခက်သွားသည်။

အဓိကကတော့ လဲ့ကျုံးဇီက လူကြီးရော ကလေးပါ ပျော်ရွှင်အောင် လုပ်ပေးတတ်လို့ပါ။

အမေရှောင်က ပြောဖူးတယ်။ "သူက ပုန်ကန်ချင်တဲ့အရွယ် ရောက်နေတာ မဟုတ်ပါဘူး။ ဂရုစိုက်ခံချင်လို့၊ အာရုံစိုက်ခံချင်လို့ ဟန်လုပ်ပြနေတာပါ။ ၃၊ ၄ နှစ်အရွယ် ကလေးလေးက အမေ အာရုံစိုက်လာအောင် ဂျီကျသလိုမျိုးပေါ့"

နောက်ပိုင်း ရှောင်မိသားစုရဲ့ ဂရုစိုက်မှုကို ရလာတော့ သူ ပျော်ရွှင်လာပြီး လန်းဆန်းတက်ကြွလာတယ်။ စကားပြောရင်လည်း ပြုံးရွှင်နေပြီး လူချစ်လူခင် များလာတယ်။

"မားမား... ဒုတိယဦးလေး ဘယ်တော့ ပြန်လာမှာလဲဟင်" ရှောင်လဲ့ထုံက လဲ့ကျုံးဇီကို အလွမ်းဆုံးပါပဲ။

လဲ့ကျုံးဇီ ရှိတုန်းက သူ့ကို အဖော်ပြုပေးတယ်။ ကစားပေးတယ်။ တခြားလူကြီးတွေလို အလုပ်မများဘူး။ အလုပ်လုပ်ရင် ပြီးတော့တာ မဟုတ်ဘူး။ သူက လွတ်လပ်နေတဲ့ သိုးလေးတစ်ကောင်လိုပဲ။

"ကျွန်တော်လည်း ဒုတိယဦးလေးကို လွမ်းတယ်" ရှောင်လင်ကလည်း ဝင်ပြောလိုက်သည်။

ဒုတိယဦးလေးရှိတုန်းက သူတို့ကို လိုက်ပို့ပေးတယ်။ ပျော်ဖို့ကောင်းတယ်။

အခု ဒုတိယဦးလေး မရှိတော့ လွမ်းနေကြပြီ။

ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "ဒုတိယဦးလေးက စာသင်နေရတာလေ။ သားတို့ကို အချိန်ပြည့် ဘယ်အဖော်ပြုပေးနိုင်မှာလဲ။ လိမ္မာတယ်နော်၊ ဒုတိယဦးလေး အားတဲ့အခါ ပြန်လာပြီး ကစားပေးပါလိမ့်မယ်"

"ဒါဆို ဘယ်တော့ အားမှာလဲ" ရှောင်လဲ့ထုံ မေးလိုက်သည်။

"အင်း... ကျောင်းပိတ်ရက်လောက် ဖြစ်မယ်ထင်တယ်" ရှောင်လင်းယွီ မရေမရာ ဖြေလိုက်သည်။ လဲ့ကျုံးဇီက စိုက်ပျိုးရေးကို စိတ်ဝင်စားလွန်းလို့ အသက်ကြီးမှ ကျောင်းပြန်တက်တာ။ ဒါကြောင့် သာမန်လူတွေထက် ပိုကြိုးစားရမယ်။ မဟုတ်ရင် နောက်ကောက်ကျန်ခဲ့မှာ။

"ကျောင်းပိတ်ရက်မှလား" ရှောင်လဲ့ထုံ မျက်နှာလေး ညှိုးငယ်သွားသည်။

"မေမေ... ဒုတိယဦးလေးက မြို့တော်မှာ ကျောင်းတက်နေတာမလား"

"အင်း... ဟုတ်တယ်" ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ဒါဆို သားတို့ မြို့တော်သွားပြီး ဒုတိယဦးလေးနဲ့ သွားကစားလို့ ရမလား" ရှောင်လဲ့ထုံ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။ "ဩော်... မဟုတ်သေးဘူး... အခုဆိုရင် ဦးလေး ၃ ယောက်စလုံး မြို့တော်မှာ ရှိနေကြတာပဲ။ သားတို့ မြို့တော်သွားရင် ဦးလေး ၃ ယောက်စလုံးနဲ့ ကစားလို့ ရပြီပေါ့"

ရှောင်လင်းယွီ - "......"

ရှောင်လဲ့ထုံ စဉ်းစားပြီး ပြောလိုက်သည်။ "မားမား၊ ကြားတာတော့ ဦးလေးကြီးက အရမ်းတော်တဲ့သူတဲ့။ ကုမ္ပဏီကြီးတစ်ခု တည်ထောင်ထားတယ်ဆို။ သားတို့ ဦးလေးကြီးဆီ သွားလည်လို့ ရမလား"

ရှောင်လင်က ဘေးနားမှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ဟုတ်တယ် သွားလည်မယ်"

ရှောင်လင်းယွီ - "......" ဒီကလေးတွေက ကစားဖို့အတွက်နဲ့ မြို့တော်သွားချင်နေကြတာလား။

"ပြီးတော့ သားတို့ ပါပါးရဲ့ကုမ္ပဏီကိုလည်း မရောက်ဖူးသေးဘူး။ မြို့တော်ရောက်ရင် ပါပါးကုမ္ပဏီကိုလည်း သွားကြည့်ချင်တယ်" ရှောင်လဲ့ထုံ ထပ်ပြောလိုက်သည်။

ရှောင်လင်းယွီ - "......" ပြောရရင် မြို့တော်သွားလည်ချင်နေကြတာပါပဲ။

ဒါပေမဲ့ ကလေးတွေကိုခေါ်ပြီး လျှောက်လည်သင့်ပါပြီ။

ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပြီ... မားမား ဒီ ၂ ရက်အတွင်း အလုပ်ကိစ္စတွေ စီစဉ်ပြီးရင် သားတို့ကို မြို့တော်ခေါ်သွားပြီး လိုက်ပို့ပေးမယ်။ ရပြီလား"

ရှောင်လဲ့ထုံ ဝမ်းသာအားရ ခုန်ပေါက်လိုက်ပြီး အော်ဟစ်လိုက်သည်။ "ရေး... အရမ်းကောင်းတာပဲ။ မြို့တော်သွားလည်ရတော့မယ်"

မိသားစုဝင်များက ကလေးနှစ်ယောက် မြို့တော်သွားလည်မည်ကို ကြားသောအခါ စိတ်မကောင်း ဖြစ်ကြသည်။ ဒါပေမဲ့ ထောင်ယွမ်ရွာမှာပဲ ပိတ်လှောင်ထားလို့ မဖြစ်ဘူးလေ။

မြို့တော်ဆိုတာ သူတို့ အနာဂတ်မှာ နေထိုင်ရမယ့်နေရာပဲ။ များများလေ့လာထားတာ ကောင်းပါတယ်။

သခင်ကြီးကုန်းက ထောင်ယွမ်ရွာကို မခွာချင်သော်လည်း မြေးတော်လေးအတွက် မြို့တော်ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ မြို့တော်မှာရှိနေရင် ဘယ်သူမှ သူ့မြေးနဲ့ မြေးချွေးမကို အနိုင်မကျင့်ရဲဘူးလေ။

***

All Chapters