နဂါးပြာ၊ ကျားဖြူ၊ ငှက်နီ၊ လိပ်နက်
Vol. 18 Ch. 174
ဘုန်း... ဘုန်း...
ရက်စက်ကြမ်းကြုတ်လှသော ယွမ်စွမ်းအားလှိုင်းတို့က ရင်ပြင်တစ်ခုလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ဆေးဝိညာဉ်အလောင်းစစ်တပ်ကြီးက ရောက်ရှိလာသူအားလုံးကို အကြွင်းမဲ့ နှိမ်နင်းထားလေသည်။ ဤကျင့်ကြံသူအပေါင်းတို့မှာ ဆေးဝိညာဉ်အလောင်းတို့၏ တစ်ရစပ်တိုက်ခိုက်မှုအောက်တွင် ထိတ်လန့်တကြား ရှောင်တိမ်းနေရပြီး စစ်မြေပြင်မှာ ဖရိုဖရဲ ဖြစ်နေတော့သည်။
အစောပိုင်းက ဝူယွမ်ထံမှ ရှေးဟောင်းသော့ ကို လုယူရန် မာနထောင်လွှားစွာ ကြွေးကျော်ခဲ့သူတို့သည် ယခုအခါ ရင်ထဲ၌ မချိတင်ကဲ ကျိန်ဆဲနေကြရသည်။ ဝူယွမ်ဆီတွင် ဤမျှကြီးမားလှသော အလောင်းစစ်သည်တော် တပ်မတော်ကြီး ရှိနေလိမ့်မည်ဟု မည်သူကမျှ ကြိုတင်တွေးဆထားခြင်း မရှိခဲ့ကြပေ။
အားအကြီးဆုံးဖြစ်သော “မြေအောက်ဘုရင်” ယန်ဆန် ပင်လျှင် ဆိုးရွားသော အခြေအနေသို့ ရောက်နေရသည်။ သူ့အား သွေးတိမ်က အငြိုးတကြီး ပစ်မှတ်ထားနေပြီး၊ သူ၏ကျောဘက်ရှိ ဓားအစီအရင်မှ တောက်ပသော အလင်းတန်းတို့ကို ထုတ်လွှတ်ကာ ခုခံနေရသော်လည်း အစွမ်းထက်လှသော ဓားအလင်းရောင်တို့က သူ့အား အဆက်မပြတ် ဖိအားပေး တိုက်ခိုက်နေဆဲပင်။
ကြွားဝါတတ်သော “အာဏာရှင်ဝံပုလွေ” တျန်းကျန်း မှာမူ ဆက်လက်၍ ရယ်မောနိုင်ခြင်း မရှိတော့ပေ။ ဝူယွမ် ၏ လက်ထဲတွင် ဆေးဝိညာဉ်အလောင်းအချို့ ရှိသည်ကို သူသိသော်လည်း၊ ယခုကဲ့သို့ ဆေးဝိညာဉ်အလောင်း တစ်ထောင်တိတိ ရှိနေလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့မိပေ။ ဤမြင်ကွင်းက သူတို့အားလုံးကို စိတ်ပျက်အားငယ်မှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေခဲ့သည်။
တစ်ဖက်တွင်လည်း လင်းတုန် နှင့် အပေါင်းအပါတို့က ထွက်ပေါက်ကို လုံခြုံစွာ ပိတ်ဆို့ထားကြပြီးဖြစ်သည်။
“ဒါ... ဒါကတော့ အရမ်းလွန်လွန်းသွားပြီ.. သူတို့က ငါတို့ရဲ့ သိုလှောင်အိတ် ကိုတောင် လုယူချင်နေတာပဲ၊ အားလုံးပဲ... ဝိုင်းဝန်းပြီး ဖောက်ထွက်ကြမယ်” ကျန်းရှန် က အသံကုန် အော်ဟစ်လိုက်သည်။
သူတို့က ဤေဆးဝိညာဉ်အလောင်းတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သကဲ့သို့ ရှေးဟောင်းသော့ အတွက် ယှဉ်ပြိုင်ရန်ဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်တော့သော ကိစ္စဖြစ်နေသည်။ သို့သော်လည်း လင်းတုန် တို့ ပိတ်ဆို့ထားသည့် ထွက်ပေါက်ကို ဖြတ်ကျော်ရန်မှာလည်း လွယ်ကူလှသည်မဟုတ်ပေ။
“ကောင်းပြီ... အားလုံး စုပေါင်းပြီး တိုက်ခိုက်ကြမယ်! ဝူယွမ် က ဒီဆေးဝိညာဉ်အလောင်းတွေကိုပဲ အားကိုးနေတာ။ သူတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို တားဆီးနိုင်လိမ့်မယ်လို့ ငါမယုံဘူး!” မူလိ က ထပ်လောင်းပြောကြားလိုက်သည်။
ခေါင်းဆောင်နှစ်ဦးက ရှေ့က မားမားမတ်မတ် ရပ်လိုက်သောအခါ ကျန်ရှိသူများလည်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ သူတို့၏ သိုလှောင်အိတ်ထဲတွင် တစ်သက်တာ စုဆောင်းထားသော ပိုင်ဆိုင်မှုအားလုံး ပါရှိနေသဖြင့် မည်သူကမျှ အလွယ်တကူ ပေးအပ်ရန် ဆန္ဒမရှိကြပေ။ တကယ်သာ လုယူခံလိုက်ရပါက ဒေါသကြောင့် သွေးများပင် အန်ထွက်သွားနိုင်လောက်သည်။
ထို့အပြင် လင်းတုန် တစ်ဦးတည်းသာ နိဗ္ဗာန်အဆင့်နှစ် သို့ ရောက်ရှိသေးပြီး၊ ရှောင်ယန် နှင့် ပိုင်ယွမ် တို့မှာ နိဗ္ဗာန်အဆင့်တစ် တွင်သာ ရှိသေးသဖြင့် ဤပိတ်ဆို့မှုကို ဖောက်ထွက်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်။
“ဟီးဟီး... လာစမ်းပါ။ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ နောက်ဆက်တွဲက ဘယ်လောက် ဆိုးရွားမလဲဆိုတာ ပြပေးရသေးတာပေါ့” ဝူယွမ် ၏ နှုတ်ခမ်းထောင့်တွင် သွေးဆာနေသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲပသည်။
“ငါ့ပုဆိန်ကို မြည်းစမ်းကြည့်စမ်း!” ကျန်းရှန်က သူ၏ ဧရာမပုဆိန်ကြီးကို မြှောက်ကာ တောင်ငယ်တစ်ခုပမာ ဖိအားများဖြင့် ခုတ်ချလိုက်သည်။
“အစ်ကိုကြီး... ဒီကောင့်ကို ကျွန်တော့်ဆီပဲ ထားခဲ့လိုက်”
ရှောင်ယန် အော်ဟစ်လိုက်ပြီး သူ၏ အနက်ရောင်သံတုတ်ကြီးဖြင့် ပြန်လည်ခုခံလိုက်ရာ ပုဆိန်နှင့် တုတ်တို့ ထိတွေ့သံတစ်ခု ဟိန်းထွက်သွားတော့သည်။ ရှောင်ယန်က သူလေ့ကျင့်ထားသော ဒေါသနတ်ဘုရင် ကိုယ်ခန္ဓာ၏ တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ဘုန်း...
ပြင်းထန်လှသော ထိတိုက်တွေ့မှုကြောင့် ကျန်းရှန်သည် လက်များမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ပုဆိန်ကြီးပင် ပုံပျက်သွားရသည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးအနက် သွားတော့သည်။ “ဒီအသားမည်းမည်းနဲ့လူက တစ်ယွမ်နိဗ္ဗာန်ဘုံမှာပဲ ရှိသေးတာကို... ဘယ်လိုလုပ် ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲအားမျိုး ရှိနေရတာလဲ” ဟု သူ တွေးတောမိလိုက်သည်။
“ဟွန်း... ငါ့ကိုတောင် မကျော်နိုင်ဘဲနဲ့ အစ်ကိုကြီးဆီ သွားဖို့ဆိုတာ မစဉ်းစားနဲ့ဦး။ ငါ့လက်ထဲက တုတ်ကို အရင်နိုင်အောင် တိုက်စမ်း”
ရှောင်ယန် နှာခေါင်းရှုံ့လိုက်ပြီး “ကောင်းကင်နတ်ဆိုး အသွင်ပြောင်းခြင်း- ကျားဟိန်းဟောက် အသွင်ပြောင်းခြင်း” ကို အသက်သွင်းကာ အနက်ရောင်အလင်းတန်းများကြားတွင် တရစပ် ပြန်လည်တိုက်ခိုက်တော့သည်။ တစ်ဖက်တွင်လည်း လင်းတုန် က မုလိ ကို ရင်ဆိုင်ထားလေသည်။
ကျန်ရှိသော ကျင့်ကြံသူများသည်လည်း ထွက်ပေါက်ကို ဖောက်ထွက်ရန် အားခဲကာ ပြေးဝင်လာကြသည်။ ပိုင်ယွမ်က ဝူယွမ် ၏ ဘေးတွင် ရပ်တန့်ကာ အဖြူရောင်ကျား လက်ဝါးများဖြင့် အဆက်မပြတ် တိုက်ထုတ်နေသည်။
“ လေးလံ အကျင်းထောင်တောင်ထိပ် ... ဖိနှိပ်စမ်း”
ဝူယွမ် က သူ၏ စိတ်စွမ်းအင်ဖြင့် ဆွဲငင်အားရူန်းများကို ရေးဆွဲကာ တောင်ထိပ်ကို စွမ်းအားကိုမြှင့်ပြီး ပစ်လွှတ်လိုက်သည်။ တောင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသော ထောင်တောင်ထိပ်အောက်တွင် ပြေးဝင်လာသူတိုင်း လွင့်စင်သွားကြရသည်။
ဝူယွမ်က ပိုင်ယွမ် နှင့်အတူ ထောင်တောင်ထိပ်ပေါ်သို့ ပျံတက်သွားပြီး သူ၏ မိုးကြိုးဝိညာဉ် ကောင်းကင်ဓား ကို ဝှေ့ယမ်းလိုက်ရာ၊ ဓားအလင်းရောင်များအောက်တွင် ကံမကောင်းသော သူအများအပြား အသက်ပျောက်သွားကြရသည်။ ထို့နောက် သူက အေးစက်စက် အမူအရာဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့မှာ ရွေးချယ်စရာ နှစ်လမ်းရှိတယ်- ပထမလမ်းက မင်းတို့ရဲ့ သိုလှောင်အိတ်နဲ့ ဝိညာဉ်ရတနာလက်နက်တွေကို နာနာခံခံနဲ့ ပေးအပ်ပြီး အသက်ချမ်းသာရာ ရှာမလား... ဒါမှမဟုတ် ဒုတိယလမ်းဖြစ်တဲ့ မင်းတို့ရဲ့ အသက်တွေကိုပါ ဒီမှာ တပါတည်း မြှုပ်နှံခဲ့မလား”
ဝူယွမ် ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က အမြန်ဆုံး ရှေ့သို့ တိုးထွက်လာလေသည်။
“ငါ ပေးမယ်! ငါ ပေးပါ့မယ်!”
ထိုသူမှာ အခြားသူမဟုတ်... တျန်းကျန်း ပင် ဖြစ်သည်။ သူက ခရမ်းရောင် သိုလှောင်အိတ်ကို ကိုင်ဆောင်လျက် ဝူယွမ် ထံသို့ ရိုသေလေးစားစွာ ချဉ်းကပ်လာပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သဖြင့် ဝူယွမ်ပင် အံ့ဩသွားရသည်။ သူက အစောပိုင်းကမှ ထျန်းကျန်း ထံမှ အိတ်ကို လုယူထားခဲ့ခြင်း ဖြစ်သော်လည်း၊ ဤလူမှာ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်အိတ်တစ်ခုကို မည်သို့ ရရှိလာသည်ကိုပင် မတွေးတတ်တော့ပေ။
ဝူယွမ် က အိတ်ကို စစ်ဆေးကြည့်ရာ အဖိုးတန်ပစ္စည်းများစွာကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... မင်း သွားနိုင်ပြီ!” ဤပစ္စည်းပို့သမားမှာ တကယ်ပင် စွမ်းဆောင်ရည်မြင့်မားပြီး အခြေအနေကို သိတတ်လွန်းလှသည်။
“တောက်... တျန်းကျန်း ၊ မင်းကတော့ လူတိုင်းကို ထပ်ပြီး သစ္စာဖောက်ပြန်ပြီ!”
“အရှင်သခင် လေးယောက်ထဲက တစ်ယောက်ဖြစ်ပြီးတော့မှ ကျောရိုးမရှိတဲ့ကောင်လိုဘဲ”
... တျန်ကျန်း၏လုပ်ရက်ေကြာင့် လူအုပ်ကြီး၏ ကျိန်ဆဲသံများမှာ ညံသွားတော့သည်။ အစောပိုင်း ဆေးဥယျာဉ်တွင် အလိမ်ခံခဲ့ရသူများမှာမူ ပို၍ပင် ဒေါသထွက်နေကြသည်။
“ဟို... လူမိုက်တွေ၊ ကိုယ့်အသက်ကိုယ် အရင်ကယ်နိုင်အောင် ကြိုးစားကြစမ်းပါ!” တျန်းကျန်း က တိုးတိုးလေး ရေရွတ်ကာ ပုံပျက်နေသော နေရာမှတစ်ဆင့် အမြန် ထွက်ပြေးသွားတော့သည်။ သူ၏ မျက်လုံးများထဲတွင်မူ အငြိုးအတေးများ ပြည့်နှက်နေပြီး တန်ချန်ပြည်ထောင်စု ကဲ့သို့သော အထူးပြည်ေထာင်စုများကို အသုံးပြုကာ ဝူယွမ် ကို လက်စားချေရန် ကြံစည်နေလေသည်။
တျန်းကျန်း ၏ အပြုအမူကြောင့် ကျန်ရှိသော သူများလည်း အတုယူကာ သူတို့၏ အိတ်များနှင့် ရတနာများကို တစ်ဦးပြီးတစ်ဦး လက်နက်ချ ပေးအပ်လိုက်ကြတော့သည်။ ကျန်းရှန်လည်း မကျေမနပ်ဖြင့် သူ၏ ပုဆိန်နှင့် အိတ်ကို ပေးအပ်ကာ နောင်တစ်ချိန်တွင် မင်းဆီက အဆပေါင်းရာချီ ပြန်ယူမယ် ကြုံးဝါးကာ ထွက်ခွာသွားသည်။
“မြေအောက်ဘုရင်” ယန်ဆန် ၏ အလှည့်တွင်မူ သူက မာနတကြီးဖ့င့် အကြွေးတစ်ခု တင်ထားရန် ကမ်းလှမ်းသော်လည်း ဝူယွမ် ကမူ “ဘာအကြွေးလဲ... အခုချက်ချင်း အိတ်ကိုသာ ပေးပြီး ထွက်သွားစမ်း” ဟု အရှက်ခွဲကာ လုယူလိုက်လေသည်။
ရင်ပြင်တစ်ခုလုံးတွင် ဝူယွမ် နှင့် သူ၏ ညီအစ်ကိုများသာ ကျန်ရစ်သောအခါ သူက လုယူထားသော ပစ္စည်းအားလုံးကို ရှေးဟောင်းကျောက်တိုင် အတွင်းသို့ ပို့ဆောင်ကာ ရွှမ်စု နှင့် မူချန်ချန် တို့အား ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲသို့ သိမ်းဆည်းရန် ညွှန်ကြားလိုက်သည်။
ထို့နောက် ရှောင်တျောင်းက အမွေအနှစ် ခန်းမလေးခုကို ဝင်ရောက်ရန် တိုက်တွန်းလိုက်သည်။
• နဂါးပြာခန်းမက : အစ်ကိုကြီးဝူယွမ် အတွက် ။
• ကျားဖြူခန်းမက : ပိုင်ယွမ် အတွက်။
• ငှက်နီခန်းမက : ရှောင်ယန် အတွက်။
• လိပ်နက်ခန်းမက : လင်းတုန် အတွက်။ အသင့်တော်ဆုံးဘဲ။
ဝူယွမ်က ရှေးဟောင်းသော့ လေးခုကို ထုတ်ယူလိုက်သောအခါ ကြေးတံခါးကြီး လေးခုမှာ အလင်းရောင်များလင်းလက်ကာ ပွင့်ဟသွားပြီး သူတို့ လေးဦးက သက်ဆိုင်ရာ ခန်းမများအတွင်းသို့ ကူးပြောင်း ဝင်ရောက်သွားကြတော့သည်။
ဝူယွမ်က နဂါးပြာခန်းမသို့ ရောက်ရှိသွားသောအခါ သူ၏ အာရုံများအားလုံး ပိတ်ဆို့ခံလိုက်ရသည်။ ခဏအကြာတွင် အလွန်ကြီးမားသော တံခါးကြီးတစ်ချပ်နှင့်အတူ စာတန်းများကို တွေ့လိုက်ရသည်။
“စတုမဟာ နက်နဲခြင်းဂိုဏ်း- နဂါးပြာခန်းမ!”
“နဂါးပြာ စမ်းသပ်ခြင်း - သေခြင်းကိုးခု၊ ရှင်ခြင်းတစ်ခု။ သတိထား၍ ဝင်ပါ”
ဝူယွမ် က သက်ပြင်းချကာ ပြောလိုက်သည်။ “သတိထားဝင်ပါတဲ့လား... ဒါက ဝင်ကိုဝင်ရမယ်လို့ အတင်းခိုင်းနေတာပဲ မဟုတ်လား။” သူက တံခါးအတွင်းသို့ ရဲဝံ့စွာ လှမ်းဝင်လိုက်သည်။
သူ၏ရှေ့တွင် အဆုံးမရှိသော ငွေရောင်မိုးကြိုးပင်လယ်ကြီး ရှိနေပြီး၊ ကောင်းကင်ယံမှ မိုးကြိုးနဂါးများက ပင်လယ်အတွင်းသို့ တဒုန်းဒုန်း ကျဆင်းနေသည်။ ဤသည်မှာ သာမန်ပင်လယ်မဟုတ်ဘဲ မိုးကြိုးပင်လယ်ပင် ဖြစ်သည်။
“ဒါက မင်းတို့ရဲ့ စမ်းသပ်ခြင်းပေါ့... ဒီမိုးကြိုးပင်လယ်ကို ဖြတ်ခိုင်းတာလား”
ဝူယွမ် က ရေရွတ်လိုက်သော်လည်း သူ၏ မျက်လုံးများမှာ လောဘစိတ်ဖြင့် တောက်ပလာသည်။ “ငါ့ရဲ့ ရှေးဟောင်းကျောက်တိုင်ကမ္ဘာ ထဲမှာ မိုးကြိုးဒြပ်စင်တွေ လိုအပ်နေတာ ကွက်တိပဲ... ဒီမိုးကြိုးရည်တွေကို ငါ အကုန်ဝါးမြိုပစ်မယ်”