← Chapters

ချင်းကျီ- နှစ်ခုထဲက တစ်ခုကို ရွေးပါ၊ ဝူယွမ်- ကျွန်တော် အားလုံးကို လိုချင်တယ်!

Vol. 18 Ch. 175

ချင်းကျီ- နှစ်ခုထဲက တစ်ခုကို ရွေးပါ၊ ဝူယွမ်- ကျွန်တော် အားလုံးကို လိုချင်တယ်!

Vol. 18 Ch. 175

အပြာရောင်နဂါးခန်းမအတွင်း။

ဝူယွမ်က ရှေ့မှောက်ရှိ မိုးကြိုးပင်လယ်ကြီးကို ကြည့်ရင်း ကြည်နူးပီတိဖြစ်နေစဉ်မှာပင်၊ သူ၏ စိတ်အာရုံထဲ၌ စနစ်၏ အကြောင်းကြားသံက ပဲ့တင်ထပ်လာလေသည်။

“ဒင်း... ရှေးဟောင်းနတ်နန်းတော်သိုါ ရောက်ရှိပါပြီ။ ဆိုင်းအင် ဝင်ရောက်လိုပါသလား”

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ...” ဝူယွမ် ၏ နှုတ်ခမ်းတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်သွားပြီး “ဆိုင်းအင်၀င်မယ်” ဟု ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် ... အောင်မြင်စွာ ဆိုင်းအင် ဝင်ရောက်နိုင်ခဲ့ပါပြီ။ ဆုလာဘ်အနေဖြင့် လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး ကို လက်ခံရရှိပါသည်။”

[လမ်းခြောက်သွယ်ဝင်စားခြင်းလက်သီး : လမ်းကြောင်း ခြောက်သွယ် ဝင်စားခြင်း၏ စစ်မှန်သော အဓိပ္ပာယ် နက်နဲမှုကို ဖော်ဆောင်ထားသည့် အမြင့်မြတ်ဆုံးသော လက်သီးပညာရပ်။ ကျင့်ကြံရန် အလွန် ခက်ခဲသော်လည်း၊ တစ်ကြိမ်မျှ ကျွမ်းကျင်ပိုင်နိုင်သွားပါက အမြင့်မြတ်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်။ လက်သီးတစ်ချက်ဖြင့် တောင်တန်များကို ဖြိုချနိုင်ပြီး၊ သမုဒ္ဒရာတို့ကို လှိုင်းထစေကာ၊ နေနှင့်လတို့၏ အလင်းရောင်ကို ကွယ်ပျောက်စေလျက် ကြယ်တာရာတို့ကို ရွေ့လျားစေပြီး ပြန်လည်ဝင်စားခြင်း နိယာမကိုပင် ပျက်စီးစေနိုင်သည်။]

ဤလက်သီးပညာရပ်၏ မိတ်ဆက်စကားကို ကြားလိုက်ရချိန်တွင် ဝူယွမ် ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ ဤသည်မှာ တကယ်ပင် ကောင်းကင်ထက်၌ ပျံသန်းနေသော နွားငယ်တစ်ကောင်ကဲ့သို့ အံ့ဩဖွယ်ရာ ကောင်းလှပေသည်။

သူသည် ယခင်ကး ပါ့ကျိလက်သီးရည်ရွယ်ချက်ကို ရရှိထားပြီးဖြစ်ကာ၊ သူ၏ ကောင်းကင်ပြာ ဧကရာဇ်သွေး ၌ ပါဝင်သော တိုင့်ရန်လက်သီးနှင့် ပေါင်းစပ်ပြီး လက်သီးလမ်းကြောင်း၌ တိုးတက်ရန် ကြံရွယ်နေခြင်းဖြစ်ကာ ယခုရရှိသော လမ်းခြောက်သွယ်ဝင်စားခြင်းလက်သီးမှာ တိုင်ရန့်လက်သီးထက် နည်းနည်းလေးမှမနိမ့်သော အစွမ်းထက်လှသည့် ပညာရပ်တစ်ခုပဲ ဖြစ်ပေသည်။

တိုင်ရန့်လက်သီး နှင့် လမ်းခြောက်သွယ်ဝင်စားခြင်းလက်သီး တို့သည် ကမ္ဘာလောက၌ အစွမ်းထက်ဆုံးသော လက်သီးပညာရပ်နှစ်ခု ဖြစ်ကြပြီး ယခုအခါ ဝူယွမ် တစ်ဦးတည်းက နှစ်ခုစလုံးကို ပိုင်ဆိုင်သွားပီဖြစ်သည်။ သို့သော်လည်း ဤပညာရပ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ဝူယွမ်က သူ၏ မွေးရာပါပါရမီဖြစ်သော တိုင်ရန့်လက်သီးကိုပင် ယခုအချိန်အထိ အစောပိုင်းအဆင့်ကိုသာ နားလည်သေးသည်ဖြစ်ရာ၊ လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီးကို ကျင့်ကြံရန်မှာ ပို၍ပင် ခက်ခဲဦးမည် ဖြစ်သည်။ သို့သော်လည်း ဝူယွမ်က စိုးရိမ်ပူပန်မှုမရှိပေ၊ အောင်မြင်သွားပါက ရရှိမည့် အကျိုးကျေးဇူးက လေ့ကျင့်မှုခရီး၏ ပင်ပန်းမှုကို ကုစားပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

“ဝုန်း...!”

ထိုအချိန်တွင် မိုးကြိုးပစ်သံကြီးတစ်ခုက ဝူယွမ် ကို လက်တွေ့လောကသို့ ပြန်လည်ခေါ်ဆောင်သွားသည်။ မိုးကြိုးပင်လယ်ကြီးက ဟိန်းဟောက်နေပြီး မိုးကြိုးလှိုင်းတံပိုးတို့က ဝူယွမ် ဆီသို့ ရိုက်ခတ်လာကြသည်။ ၎င်းတို့သည် ကျူးကျော်သူကို နှုတ်ဆက်နေကြသည့်အလားပင်။

“ဂျစ်... ဂျစ်ဂျစ်...”

ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ မူလစွမ်းအင်အောက်တွင် ရှိနေသော မိုးကြိုးဝိညာဉ် ကောင်းကင်ဓားပဲ ဖြစ်သည်။

“ဟုတ်သားဘဲ... ဒီနေရာက သာမန်လူတွေအတွက် ငရဲခန်းဖြစ်ပေမဲ့၊ မိုးကြိုးဝိညာဉ်အတွက်တော့ နတ်ဘုံနတ်နန်းပဲ”

ဝူယွမ်က အတွေးတစ်ချက်ဖြင့် မိုးကြိုးဝိညာဉ်ဓားကို လက်ဖဝါးထဲသို့ ခေါ်ယူလိုက်ပြီး မိုးကြိုးပင်လယ်ထဲသို့ ပစ်ချလိုက်သည်။ ဤဓားမှာ ဝူယွမ် ၏ ပြုစုပျိုးထောင်မှုကြောင့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် ဖြစ်လာရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။ ယခု ဤသိပ်သည်းလှသော မိုးကြိုးပင်လယ်က ၎င်းအား အဆင့်တက်စေရန် လုံလောက်သော စွမ်းအင်ကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။

မိုးကြိုးဝိညာဉ်ဓားက မိုးကြိုးရည်များကြားတွင် ပျော်မြူးနေပြီး၊ ဓားကိုယ်ထည်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ ပေါ်ထွက်လာခဲ့သည်။

“မိုးကြိုးရူးန်း တွေပါလား”

ဝူယွမ် က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ မိုးကြိုးဝိညာဉ်ဓားက မိမိဘာသာ မိုးကြိုးရူးန်းများကို နားလည်သဘောပေါက်ပြီး သူ၏ ကိုယ်ထည်ပေါ်၌ ထွင်းထုနေခြင်းပဲဖြစ်သည်။

“လိမ္မာလိုက်တဲ့ ကလေးလေး... တကယ့်ကို သိတတ်လွန်းတယ်” ဝူယွမ် က သားသမီးကို ကြည့်နေသော ဖခင်တစ်ဦးကဲ့သို့ ပြုံးလိုက်မိသည်။ “အခု ငါ့အလှည့်ပဲ!”ထို့နောက် သူလည်း မိုးကြိုးပင်လယ်ထဲသို့ ခုန်ဆင်းလိုက်လေသည်။

ဤသိပ်သည်းသော မိုးကြိုးစွမ်းအင်များကို အသုံးချကာ သူ၏ နတ်ဆင်နှိမ်နင်းခြင်း ကို ဒုတိယအဆင့်သို့ တိုးမြှင့်ရန် သူ ဆုံးဖြတ်လိုက်သည်။ သူက ခန္ဓာကိုယ်ရှိ အမှုန်ပေါင်း သန်း ၈၄၀ ကို နှိုးဆွလိုက်ပြီး မူလ ဝါးမြိုခြင်းရူးန်းကို အသက်သွင်းကာ မိုးကြိုးစွမ်းအင်ကို ဝါးမြိုလိုက်သည်။

ဒုတိယအဆင့်သို့ ရောက်ရှိပါက သူက “ပျံသန်းခြင်း စွမ်းအား” ဖြစ်သော အတောင်ပံသုံးမျိုးကို ရရှိမည်ဖြစ်သည်။

၁။ နတ်ဆိုးအတောင်ပံ : အလွန်အမင်း မြန်ဆန်သော အရှိန်။

၂။ ကောင်းကင်တမန်အတောင်ပံ : ဟင်းလင်းပြင် နတ်ဘုရားနိယာမကို နားလည်စေပြီး “မုန်တိုင်း” အမည်ရှိ တိုက်ခိုက်မှုကို သုံးနိုင်။

၃။ လွတ်လပ်ခြင်းအတောင်ပံ : လောကီချုပ်နှောင်မှုကင်းသော လွတ်လပ်မှုနှင့် ချုပ်တည်းမှုကင်းခြင်း။

ဝူယွမ် ၏ ခန္ဓာကိုယ်မှာ သန်မာလှသော်လည်း အရှိန်နှုန်းမှာ အားနည်းချက် ဖြစ်နေသဖြင့် ဤနတ်ဆိုးအတောင်ပံကို ရယူရန်မှာ အလွန်အရေးကြီးပေသည်။ သူက မိုးကြိုးပင်လယ်အတွင်း လမ်းလျှောက်နေစဉ် သူ၏ ကိုယ်မှ ခရမ်းရွှေရောင် အလင်းများ ထွက်ပေါ်နေပြီး မိုးကြိုးများကို တိုက်ရိုက်ထိတွေ့ကာ ကျင့်ကြံနေသည်။ ထို့အပြင် ကမ္ဘာဦးနတ်ဘုရား စိတ်၀ညာဉ်ကြိတ်ဆုံကိုပါ အသုံးချကာ စိတ်စွမ်းအင်ကို ကျင့်ကြံနေလေသည်။

ဆယ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ဝူယွမ်က ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီး သူ၏ ကျောပြင်၌ အနက်ရောင် နတ်ဆိုးအတောင်ပံ တစ်စုံ ပေါ်ထွက်လာခဲ့သည်။ အတောင်ပံများကို ခတ်လိုက်သည်နှင့် သူ၏ အရှိန်မှာ ယခင်ထက် ဆယ်ဆမက မြန်ဆန်သွားတော့သည်။

ထိုစဉ်မှာပင် သူ၏ နီဝမ်နန်းတော် အတွင်းသို့ မိုးကြိုးများ စတင်ကျရောက်လာပြီး လေ၊မိုးကြိုး ကပ်ဘေးကို ဒုတိယအကြိမ် ရင်ဆိုင်လိုက်ရလေသည်။ ဝူယွမ်က မတွန့်ဆုတ်ဘဲ ‌ေရှးဦး ကစဉ်ကလျားသန္ဓေသားဖြင့် မိုးကြိုးဒဏ်ကို ခံယူလိုက်သည်။ သူက မိုးကြိုးစွမ်းအင်ဖြင့် အ‌ေဆာင်သန္ဓေသားကို သန့်စင်လိုက်ရာ၊ သူ၏ စိတ်စွမ်းအင်မှာ တဟုန်ထိုး တိုးတက်လာပြီး ကောင်းကင်အဆောင်သခင် အဆင့်သုံး အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ယခုအခါက မိုးကြိုးပင်လယ်၏ အတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားစဉ်၊ ပတ်ဝန်းကျင်ရှိ မိုးကြိုးများမှာ သူ့အား မတိုက်ခိုက်တော့ဘဲ တလေးတစား ရှောင်ဖယ်ပေးလိုက်ကြသည်။ ရုတ်တရက် မိုးကြိုးပင်လယ်အတွင်းမှ ဧရာမ အရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရိပ်မှာ အလျားပေ တစ်ထောင်ကျော်မျှ ရှိပြီး တစ်ကိုယ်လုံး စိမ်းညို့သော အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ ကောင်းကင်ယံအထိ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည်။

“နဂါး... နဂါးပြာ ” ဝူယွမ်က ကြိုတင်သိထားသော်လည်း လက်တွေ့ မြင်လိုက်ရသောအခါ အသံပင် တုန်ယင်သွားရသည်။ ဤနဂါးပြာမှာ သာမန်မိစ္ဆာသားရဲမဟုတ်ဘဲ နတ်ဘုရားသားရဲတစ်ကောင်ကဲ့သို့ ခန့်ညားလှပေသည်။ ထိုစဉ် နဂါးပြာ၏ ဦးခေါင်းထက်၌ အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ပေါ်လာသည်။

“မျိုးဆက်သစ် ဝူယွမ်က စီနီယာကို ဂါရဝပြုပါတယ်” ဝူယွမ် က လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

“ဟဟ... ငါ့နာမည်က ချင်းကျီလို့ ခေါ်တယ်။ လူအများစုကတော့ နဂါးပြာဘုရင်လို့ သိကြတာပေါ့” ထိုပုဂ္ဂိုလ်က ပြုံးလျက် စကားစပြောလိုက်သည်။

“စကားပလ္လင်တွေ ဖယ်ထားလိုက်ပါ စီနီယာ... ကျွန်တော် ဒီကို ရောက်လာတာက အမွေအနှစ်ကို သိမ်းယူဖို့ပါ။” ဝူယွမ် က မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ပြီး “နဂါးပြာဘုရင်ကြီးခင်ဗျာ... ကျွန်တော် မိုးကြိုးပင်လယ်ကို ဖြတ်ကျော်ပြီးပြီဆိုတော့ နဂါးပြာခန်းမရဲ့ အမွေအနှစ်ကို ရယူပိုင်ခွင့်ရှိပြီလား”

“စမ်းသပ်ခြင်းကို ကျော်ဖြတ်နိုင်ပြီဆိုတော့ မင်က အမွေအနှစ်ကို ရယူဖို့ ထိုက်တန်သူပါပဲ။”

ချင်းကျီက ပြောရင်း ဝူယွမ် ကို စူးစိုက်ကြည့်လိုက်ရာ မမြင်ရသော အင်အားတစ်ခုက ဝူယွမ် ၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ချက်များကို စတင်ရှာဖွေလိုက်သဖြင့် ဝူယွမ် ၏ ခန္ဓာကိုယ်အတွင်းမှ မိုးကြိုးဝိညာဉ်ဓား ၊ ကြယ်ပုံစံ ယွမ်ဒန် ၊ ကစဉ်ကလျားအဆောင် သန္ဓေသား ၊ ရှေးဟောင်းကျောက်တိုင် နှင့် ကောင်းကင်ပြာ ဧကရာဇ်သွေး တို့က ထိုဖိအားကို ပြန်လည်ခုခံလိုက်ကြသည်။

“ဝုန်း!” ဝူယွမ်၏ ခန္ဓာကိုယ်မှ မမြင်ရသော အင်အားတစ်ခု ထွက်ပေါ်လာပြီး ချင်းကျီ ၏ ရှာဖွေမှုကို တွန်းလှန်လိုက်သဖြင့် ချင်းကျီ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရသည်။ ဤလူငယ်လေး၏ လျှို့ဝှက်ချက်အားလုံးကို သူ မမြင်နိုင်ခဲ့ပေ။

“အိုး... စိတ်ဝင်စားစရာပဲ၊ လူငယ်တစ်ယောက်က ငါ့ကို အံ့ဩအောင် မလုပ်နိုင်တာ ကြာပြီ” ချင်းကျီ ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူရ ဝူယွမ် ၏ ခန္ဓာကိုယ်မှာ သူတို့ နဂါးပြာမျိုးနွယ်ဝင် လူငယ်များထက်ပင် သန်မာနေသည်ကို သတိပြုမိလိုက်သည်။

ဝူယွမ်: “စီနီယာ... သူတစ်ပါးရဲ့ လျှို့ဝှက်ချက်တွေကို လိုက်ကြည့်တာ မကောင်းတဲ့ အပြုအမူပဲနော်။ စီနီယာရဲ့ ပုံရိပ်က ကျွန်တော့်ကို ဘာမှလုပ်လို့မရပါဘူး။ တစ်ခုခု သိချင်ရင် တိုက်ရိုက်မေးပါ... ကျွန်တော်လည်း စီနီယာ့ကို စိတ်ဝင်စားနေတာဆိုတော့ အမြင်ချင်း ဖလှယ်ကြရင် မကောင်းဘူးလား”

“မင်းကတော့ တကယ့်ကို အေးစက်စက်နဲ့ ပျင်းစရာကောင်းတာပဲ” ချင်းကျီက နှုတ်ခမ်းမဲ့ကာ ဆိုလိုက်သည်။ သူသည် ဝူယွမ်၌ ဝါးမြိုခြင်းအင်အား ရှိသော်လည်း ဝါးမြိုခြင်းအဆောင် မရှိသည်ကို တွေ့ရသဖြင့် ထူးဆန်းနေမိသည်။ သို့သော်လည်း ဤလူငယ်က နောင်တစ်ချိန်တွင် ကြီးမြတ်သောသူ ဖြစ်လာမည်ကို သူမြင်ယောင်နေသည်။

“ဟဟ... လူငယ်လေး ဝူယွမ် ... မင်းရဲ့ ကြီးထွားမှုကို ငါတကယ် မျှော်လင့်မိတယ်။ မင်းက တကယ့်ကို ထူးခြားသူမို့လို့ ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်” ချင်းကျီ က အေးအေးဆေးဆေးပဲ ပြောလိုက်သည်။

“ပထမတစ်ခုက နဂါးပြာခန်းမ ရဲ့ အမွေအနှစ်... အဲဒီထဲမှာ အစွမ်းထက်ဆုံးသော သိုင်းပညာရပ် နှစ်မျိုး ပါဝင်ပြီး အဆင့်မြင့် ဝိညာဉ်သိုင်းပညာ အဆင့်အထိ ရှိတယ်။”

“ဒုတိယတစ်ခုကတော့... ငါ ချင်းကျီ ရဲ့ ကိုယ်ပိုင်အမွေအနှစ်ပဲ”

ချင်းကျီ သည် စကားဆုံးသည်နှင့် ဝူယွမ် ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေလေသည်။

ဝူယွမ်၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကော့တက်သွားကာ ပြုံးလိုက်ပြီး...

“ကလေးတွေကပဲ ရွေးချယ်မှု လုပ်ကြတာပါ စီနီယာ... ကျွန်တော်ကတော့ အားလုံးကို လိုချင်တယ်“

All Chapters