← Chapters

မိုးပြာရောင်နဂါးဘုရင်နှင့် အရောင်းအဝယ်ပြုခြင်း၊ အံ့အားသင့်ဖွယ် နဂါးဘုရင်

Vol. 18 Ch. 176

မိုးပြာရောင်နဂါးဘုရင်နှင့် အရောင်းအဝယ်ပြုခြင်း၊ အံ့အားသင့်ဖွယ် နဂါးဘုရင်

Vol. 18 Ch. 176

ဝူယွမ် ၏ ပြတ်သားလှသော အဖြေစကားကို ကြားလိုက်ရချိန်တွင် မိုးပြာရောင်နဂါးဘုရင်က သိသိသာသာပင် အံ့အားသင့်သွားရလေသည်။

“ကျွန်တော်… အားလုံးကို လိုချင်တယ်!”

ဤကဲ့သို့သော ရဲတင်းလွန်းသည့် ရွေးချယ်မှုကို ပြုဝံ့သူမှာ မျိုးဆက်သစ်လူငယ်များထဲတွင် အလွန်ပင် ရှားပါးလှပေသည်။

ဝူယွမ်က ဆုံးဖြတ်ချက်ချထားသော အမူအရာဖြင့် ဆက်လက်‌ေပြာဆိုလိုက်သည် -

“ကျွန်တော်က နဂါးပြာစမ်းသပ်ပွဲ ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူမလို့၊ နဂါးပြာခန်းမရဲ့ အမွေအနှစ်ကို ရရှိဖို့က တရားဝင် အခွင့်အရေးပဲ ဖြစ်သင့်ပြီး ရွေးချယ်စရာတစ်ခုအဖြစ် မသတ်မှတ်သင့်ဘူး၊ ဟုတ်ပါတယ်... နဂါးပြာခန်းမရဲ့ အမွေအနှစ်က အဆင့်မြင့် ဝိညာဉ်သိုင်းပညာ နှစ်မျိုးတည်း ဖြစ်လို့ စီနီယာရဲ့ ကိုယ်ပိုင်အမွေအနှစ်နဲ့ နှိုင်းယှဉ်လို့ မရနိုင်တာကို ကျွန်တော် သိပါတယ်.. ဒါပေမဲ့ စီနီယာအနေနဲ့ နှစ်မျိုးစလုံးကို ကျွန်တော့်အား ပေးအပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

“ဟီးဟီး... မင်းရဲ့ ရည်မှန်းချက်က တကယ့်ကို ကြီးမားတာပဲ။ အားလုံးကို လိုချင်တယ်ဆိုတာ ငါမမျှော်လင့်ထားတဲ့ အဖြေပဲ။ ဒါပေမဲ့ နှစ်ခုစလုံးကို ရဖို့ဆိုတာ ဒီလောက်မလွယ်ကူဘူး။ ကောင်လေး... မင်း အဲဒီလောက် လောဘမကြီးသင့်ဘူး” မိုးပြာရောင်နဂါးဘုရင် က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော်က လောဘကြီးနေတာလား.. မဟုတ်တာဒါက ကျွန်တော့်ရဲ့ ရင်တွင်းထဲက အမှန်တရားပဲ။ တစ်ယောက်ယောက်က နှစ်ခုစလုံးကို ရနိုင်မယ့် အခွင့်အရေးရှိရင် ဘယ်သူက တစ်ခုတည်းကိုပဲ ရွေးချယ်ချင်မှာလဲ။ စီနီယာ... ကျွန်တော် အရာအားလုံးကို ဘယ်လိုရနိုင်မလဲဆိုတာ လမ်းညွှန်ပေးပါဦး။”

ဝူယွမ် က တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူက မိုးပြာနဂါးဘုရင် ကဲ့သို့သော အရှင်သခင်နှင့် စကားပြောနေသော်လည်း တန်းတူ လေသံဖြင့် ပြောဆိုနေခြင်းဖြစ်သည်။ သူပိုင်ဆိုင်ထားသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များမှာ ဤအဆင့်မြင့် ဝိညာဉ်သိုင်းပညာရပ်များထက်ပင် များစွာ သာလွန်နေသဖြင့် ထိုအရာတို့ကို မရရှိခဲ့လျှင်ပင် နှမြောတသဖြစ်နေမည် မဟုတ်ပေ။ သူ အရာအားလုံးကို ရယူလိုခြင်းမှာ သူ ပြန်လည်တည်ထောင်နေသော မဟာရှေးဟောင်စဂိုဏ်း ၏ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန်အတွက်သာ ဖြစ်ပေသည်။

“မင်းက တကယ်ကို ထူးခြားတာပဲ။ မင်းဆီကနေ ကြီးကျယ်ခမ်းနားတဲ့ အထီးကျန်ဧကရာဇ် ရဲ့ အရှိန်အဝါတွေကို ငါ ခံစားနေရတယ်။ မင်းလို လူငယ်စွမ်းအားရှင်တွေကို ငါ တကယ် လေးစားပါတယ်။ ဒါပေမဲ့ မင်းက နည်းနည်းတော့ မာနကြီးလွန်းတယ်။ မာကျောလွန်းတဲ့ သစ်ပင်က အလွယ်တကူ ကျိုးပဲ့သွားတတ်တာကို မမေ့နဲ့။ မင်း အပြည့်အဝ မရင့်ကျက်သေးသရွေ့ မင်းဟာ ဘာမှမဟုတ်သေးဘူး။ နဂါးပြာခန်းမရဲ့ အမွေအနှစ်ကို မင်းဆီ ပေးအပ်နိုင်ပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်အမွေအနှစ်ကိုတော့ အလွယ်တကူ မရနိုင်ဘူး။”

ထို့နောက် မိုးပြာရောင်နဂါးဘုရင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏ အစိမ်းရောင် ဝတ်ရုံစအတွင်းမှ လက်ဝါးကို ထုတ်ဖော်လိုက်ပြီး တလက်လက်တောက်ပနေသော မိုးပြာရောင် အလင်းတန်းများက သူ၏ လက်ချောင်းထိပ်များ၌ စုစည်းလာသည်။

ဝှစ်ရှ်။

သူက လက်ချောင်းဖြင့် ညွှန်ပြလိုက်ရာ၊ ခမ်းနားလှသော အလင်းတန်းတစ်ခုက လေထုအတွင်း၌ မိုးပြာရောင်နဂါးငယ်တစ်ကောင်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။ ထိုနဂါးငယ်ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ဝူယွမ် ပင်လျှင် အန္တရာယ်ရှိသော ခံစားချက်ကို ရရှိလိုက်သည်။

“ဒီနဂါးငယ်ထဲမှာ နဂါးပြာခန်းမရဲ့ အမွေအနှစ်နဲ့ ငါ့ရဲ့ ကိုယ်ပိုင်အမွေအနှစ် နှစ်မျိုးစလုံး ရှိတယ်။ မင်း အားလုံးကို လိုချင်ရင်တော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်!”

နဂါးဘုရင်က ပုံရိပ်ယောင်နဂါးကြီး၏ ဦးခေါင်းပေါ်တွင် ရပ်လျက် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ နဂါးငယ်လေးက ကောင်းကင်သို့ ဟိန်းဟောက်ကာ ပျံတက်သွားပြီး မိုးတိမ်များကြားမှ မိုးကြိုးများကို အဆက်မပြတ် ဆွဲဆောင်လိုက်လေသည်။ သူက ဝူယွမ် အား သင်ခန်းစာတစ်ခု ပေးလိုနေခြင်း ဖြစ်သည်။ အထီးကျန်ဧကရာဇ်၏ အမွေအနှစ်ကို ရရုံမျှဖြင့် ဤမျှ မာနထောင်လွှားရန် မလုံလောက်ကြောင်းနှင့် ဝူယွမ်တွင် တကယ့်စွမ်းရည် ရှိ၊ မရှိကို စမ်းသပ်လိုခြင်း ဖြစ်သည်။

မိုးကြိုးများ ကောင်းကင်ယံ၌ ပြန့်နှံ့သွားပြီး နဂါးငယ်က အရှိန်ပြင်းစွာဖြင့် ဝူယွမ် ထံသို့ တိုးဝင်လာခဲ့သည်။ ၎င်း၏ အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ မိုးကြိုးပင်လယ်မှာပင် ပေသုံးရာခန့်ရှိသော ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ဖိနှိပ်ခံလိုက်ရလေသည်။

ဝူယွမ် ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့သည်။ ရင်ဆိုင်ရသူမှာ သံသရာအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် လျှော့တွက်၍ မရပေ။ သို့ပေမဲ့ သူ၏ အစွမ်းကုန် ခွန်အားကို မထုတ်ဖော်ရသည်မှာ ကြာပြီဖြစ်ရာ၊ ဤသည်မှာ သူ၏ အကန့်အသတ်ကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

“ဘုန်း”

မိုးပြာရောင်အလင်းတန်း ရောက်ရှိလာချိန်တွင် ဝူယွမ်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစားလိုက်ရသည်။ သာမန် နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူတစ်ဦးသာဆိုလျှင် ချက်ချင်းပင် အသက်ပျောက်သွားနိုင်ပေသည်။

သို့‌ေသာ် ဝူယွမ်ကမူ မကြောက်ရွံ့ပေ။ သူ၏ ဒန်‌တျန် အတွင်းရှိ ယွမ်ဒန်ပေါ်တွင် ရှုပ်ထွေးလှသော ဖွဲ့စည်းပုံများ ပေါ်ထွက်လာသည်။ ၎င်းမှာ စကြဝဠာ ရှေးဟောင်းဖွဲ့စည်းပုံပဲ ဖြစ်သည်။ သူက ဤဖွဲ့စည်းပုံကို သူ၏ ခန္ဓာကိုယ်အတွင်း၌ပင် ထွင်းထုထားပြီး ဖြစ်ရာ၊ မိမိ၏ လက်ရုံးတစ်ခုပမာ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်လေသည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ ခရမ်းရောင်သွေးများ ဆူပွက်လာပြီး နီဝမ်နန်းတော်မှ စိတ်စွမ်းအင်များ မြင့်တက်လာသည်။ သူ၏ အဆောင်သန္ဓေသားပေါ်တွင်လည်း ဝါးမြိုခြင်းစွမ်းအား၊ မိုးကြိုးစွမ်းအားနှင့် လေစွမ်းအားတို့ တစ်ပြိုင်နက် ပေါ်လာကြသည်။

“ ရှေးဟောင်း စကြဝဠာဖွဲ့စည်းပုံ... ပေါင်းစည်းစမ်း”

ဝူယွမ်က အာဏာရှင်သွေး၊ စိတ်စွမ်းအင်၊ လေ-မိုးကြိုးစွမ်းအား၊ ယွမ်စွမ်းအားနှင့် ဆွဲငင်အားတို့အားလုံးကို စကြဝဠာ ရှေးဟောင်းဖွဲ့စည်းပုံအတွင်းသို့ ပေါင်းစည်းလိုက်ရာ၊ မီးခိုးရောင်ရင့်ရင့်ရှိသော ကစဉ်ကလျား စွမ်းအင်များ ဖြစ်ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နဂါးပြာဘုရင်ပင် မှင်တက်သွားရသည်။ “ဒါက... စွမ်းအင်ပေါင်းစည်းမှုလား စိတ်ဝိညာဉ်စွမ်းအင်၊ ယွမ်စွမ်းအား၊ မိုးကြိုးစွမ်းအားနဲ့ ဝါးမြိုခြင်းစွမ်းအားတွေ... သူ့ခန္ဓာကိုယ်ထဲမှာ ဒီလောက် စွမ်းအင်တွေအများကြီး ဘယ်လိုလုပ် ရှိနေရတာလဲ”

ဝူယွမ် ၏ ခန္ဓာကိုယ်မှ မီးခိုးရောင် အလင်းတိုင်ကြီး ငါးတိုင်က ကောင်းကင်သို့ ထိုးတက်သွားပြီး ဧရာမ လက်ချောင်းကြီးများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က ပေါင်းစည်းကာ အာကာသကို ဖောက်ထွင်းဝင်ရောက်လာသည့် မဟာအထီးကျန် ကောင်းကင်လက်ဝါးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုလက်ဝါးကြီး၏ နောက်ကွယ်တွင် ကြီးကျယ်လှသော အထီးကျန်ဧကရာဇ်၏ ဝိညာဉ်ပုံရိပ်ကြီးက မားမားမတ်မတ် ပေါ်ထွက်လာသည်။

ဘန်း!

ဧရာမလက်ဝါးကြီးနှင့် မိုးပြာရောင်အလင်းတန်းတို့ ထိတွေ့သွားရာ၊ မိုးကြိုးပင်လယ်တစ်ခုလုံး လှုပ်ခတ်သွားပြီး လေဟာနယ်တစ်ခု ဖြစ်ပေါ်သွားသည်။ မိုးပြာရောင်အလင်းတန်းမှာ အက်ကွဲသွားသဖြင့် နဂါးဘုရင် က လက်ကို ဝှေ့ယမ်းကာ ပိုမိုပြင်းထန်သော စွမ်းအင်တို့ကို ထပ်မံ ဖြည့်တင်းပေးလိုက်သည်။

“ ကောင်းကင်ပြာ ဧကရာဇ်သွေး... အာဏာရှင်လက်သီး”

ဝူယွမ်က ဟိန်းဟောက်လိုက်ရာ၊ သူ၏ လက်သီးတွင် ပါ့ကျိလက်သီးဆန္ဒ များ စုပုံလာသည်။ သူ၏ သွေးများမှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ထူးဆန်းသော သားရဲဝိညာဉ်ပုံရိပ်များ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝန်းရံလာကြသည်။ ဤသားရဲဝိညာဉ်များ ပေါ်ထွက်လာမှုကြောင့် ဝူယွမ် ၏ အရှိန်အဝါမှာ နောက်တစ်ဆင့်သို့ ထပ်မံ မြင့်တက်သွားပြန်သည်။

“ ချေမှုန်းစမ်း! “

ပြင်းထန်လှသော လက်သီးချက်ကြောင့် ဧရာမ ခရမ်းရောင် လက်သီးပုံရိပ်ကြီး ဖြစ်ပေါ်လာပြီး မိုးပြာရောင်အလင်းတန်းကို အစိတ်စိတ်အမြွှာမြွှာ ချေဖျက်ပစ်လိုက်သည်။ နဂါးငယ်လေး ပျက်စီးသွားသောအခါ ထိုအတွင်းမှ မိုးပြာရောင် သက်တံသုံးစင်း ပေါ်ထွက်လာသည်။

အကြီးမားဆုံးသော သက်တံမှာ ဝူယွမ် ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး သူ၏ စိတ်အာရုံထဲ၌ ရှေးဟောင်း စာလုံးကြီးငါးလုံး ပေါ်ထွက်လာခဲ့သည်။

“ နဂါးအသွင်ပြောင်း မိုးပြာကမ္ဘာ”

ဤသည်မှာ ကောင်းကင်အဆင့် သိုင်းပညာရပ် ဖြစ်သော နဂါးပြာဘုရင်၏ ကိုယ်ပိုင်အမွေအနှစ်ပင် ဖြစ်သည်။ ဝူယွမ်က ကျန်ရှိသော အလင်းလုံးနှစ်ခုကိုလည်း ဖမ်းယူလိုက်ပြီး နဂါးပြာဘုရင် ကို လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။

“စီနီယာ နဂါးပြာဘုရင်ကြီးရဲ့ ရက်ရော‌လှတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

နဂါးပြာဘုရင်၏ မျက်နှာမှာ တည်ကြည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ “မျိုးဆက်သစ်တွေထဲမှာ မင်းလို အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို ဒီ အရှေ့ဘက်ရွှမ်ဒေသမှာ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

သူသည် နိဗ္ဗာန်အဆင့်သာ ရှိသေးသော လူငယ်တစ်ဦးက နိဗ္ဗာန်အဆင့်ငါး ကျင့်ကြံသူထက်ပင် ပိုပြင်းထန်သော တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်နေမိသည်။ ၎င်းပြင် ဝူယွမ် ၌ အသုံးမပြုရသေးသော အစွမ်းထက် ဝှက်ဖဲများ ရှိနေသေးသည်ကိုလည်း သူ ခံစားမိနေသည်။

“မင်းရဲ့ ခန္ဓာကိုယ်က တကယ့်ကို သန်မာတယ်။ ငါ့ရဲ့ နဂါးအသွင်ပြောင်း မိုးပြာကမ္ဘာ ကို ကျင့်ကြံရင် မင်းဟာ ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်လိမ့်မယ်။ ဒါပေမဲ့ ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် နဂါးချီ လိုအပ်လိမ့်မယ်။”

နဂါးပြာဘုရင် သည် သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ၊ သူ၏ ခြေရင်းမှ ဧရာမ နဂါးပြာကြီးမှာ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ် ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။ ချက်ချင်းပင် ဝူယွမ် ၏ အရေပြားပေါ်တွင် အပြာရောင် အကြေးခွံများ စတင် ပေါ်ပေါက်လာသည်။

“အိုး... နဂါးပြာအရေပြားက ဒီလောက်မြန်မြန် ဖြစ်ပေါ်လာတာလား!”

နဂါးဘုရင်က ပို၍ပင် မှင်တက်သွားရပြန်သည်။ ဝူယွမ်က လူသားတစ်ဦးဖြစ်သော်လည်း နဂါးမျိုးနွယ်များထက်ပင် ပိုမိုလွယ်ကူစွာ နဂါးအကြေးခွံများကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။

“ငါ မင်းကို တကယ်ကို စိတ်ဝင်စားမိသွားပြီ။ မင်း မြန်မြန်ဆန်ဆန် ကြီးထွားလာတာကို ငါမြင်ချင်တယ်။ ငါ ပျောက်ကွယ်သွားရင် ဒီမိုးကြိုးပင်လယ်ကြီးကလည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒီခန်းမထဲမှာ ငါ ချန်ထားခဲ့တဲ့ ဆေးမြစ်တစ်စင်း ရှိသေးတယ်... ဒါကတော့ မင်းအတွက် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်ပေါ့။”

နဂါးဘုရင် ထွက်ခွာရန် ပြင်ဆင်နေစဉ် ဝူယွမ် က အလျင်အမြန်ပင် တားဆီးလိုက်သည်။ “ခဏလေးပါ စီနီယာ”

တားလိုက်ပြီး‌ေနာက် ဝူယွမ် က ပြုံးစိစိဖြင့်-

“ပထမဆုံးအနေနဲ့ နဂါးချီ နဲ့ ဆေးမြစ် အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ကျွန်တော်ဒီ မိုးကြိုးပင်လယ်ကြီး ကိုလည်း လိုချင်သေးတယ်”

နဂါးပြာဘုရင် က အံ့ဩတကြီး ရယ်မောလိုက်သည်။ “မင်းကတော့ တကယ့်ကို လောဘကြီးတဲ့ ကောင်လေးပဲ။ ဘာလို့ အကုန်လုံးကို လိုချင်နေရတာလဲ၊ ဒီမိုးကြိုးပင်လယ်က နောက်ထပ် စမ်းသပ်ပွဲဝင်မယ့်သူတွေအတွက် ချန်ထားရဦးမှာ။”

“စီနီယာ... ဒီတစ်ခါတော့ ကျွန်တော် အလကားမယူပါဘူး။ စီနီယာ မနစ်နာစေမယ့် အရောင်းအဝယ်တစ်ခု လုပ်ချင်ပါတယ်။” ဝူယွမ် က သူ၏ စိတ်စွမ်းအင်များကို လက်ဖဝါး၌ စုစည်းလိုက်ပြီး နဂါးဘုရင် ထံသို့ အချက်အလက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

“ဒါက... ကစဉ်ကလျားနှိမ်နင်းခြင်း ဓားအတတ် ”

ထိုအရာမှာ စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်သော အစွမ်းထက်ဆုံး ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ နဂါးပြာဘုရင်က သူ၏ ခန္ဓာကိုယ်သန်မာသော်လည်း စိတ်စွမ်းအင်ပိုင်း၌ အားနည်းချက်ရှိနေသဖြင့် ဤပညာရပ်ကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပသွားတော့သည်။

“ဒီဓားသိုင်းက စီနီယာအတွက် တကယ်ကို အကျိုးရှိမှာပါ။ ဒီမိုးကြိုးပင်လယ်ကြီးက ကျွန်တော့်အတွက် ဂိုဏ်းတည်ထောင်ဖို့ အရမ်းအရေးကြီးလို့ပါ” ဟု ဝူယွမ် က ပြောလိုက်သည်။

နဂါးပြာဘုရင်က ဤပညာရပ်၏ တန်ဖိုးကို ချက်ချင်းပင် သိသွားပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ “ကောင်းပြီ... ဒီ မိုးကြိုးပင်လယ်က မင်းပိုင်ပြီ။ နောက်ထပ်ရော ဘာများ လိုချင်သေးလဲ”

ဝူယွမ် သည် နဂါးပြာဘုရင်ထံမှ နောက်ထပ် ဘာတွေ တောင်းဆိုဦးမလဲ သူ ရရှိထားတဲ့ အမွေအနှစ်အသစ်တွေနဲ့ မည်သို့ အစွမ်းထက်လာမည်ကို နောက်အခန်း၌ ဆက်လက်ရှုစားတော်မူကြပါဦး။

All Chapters