← Chapters

မိုးပြာရောင်နဂါးဘုရင်နှင့် အရောင်းအဝယ်ပြုခြင်း၊ အံ့အားသင့်ဖွယ် နဂါးဘုရင်

Vol. 18 Ch. 177

မိုးပြာရောင်နဂါးဘုရင်နှင့် အရောင်းအဝယ်ပြုခြင်း၊ အံ့အားသင့်ဖွယ် နဂါးဘုရင်

Vol. 18 Ch. 177

၁၇၇: ကျားဖြူယဇ်ပူဇော်ခြင်း၊ ဗာမီလီယံငှက် စစ်မှန်သောမီး၊ အနက်ရောင်လိပ် ဝိညာဉ်တံဆိပ်နှင့် နက်နဲသောနန်းတော်လေးခုအား သိမ်းပိုက်ခြင်း

ချင်းကျီက အလွန်တရာ အံ့အားသင့်သွားရသည်။ ဝူယွမ်သည် အဘယ်ကြောင့် ဤမျှ မာနထောင်လွှားကာ မိမိနှင့်တန်းတူ စကားပြောရဲသနည်းဟူသော အဖြေကို သူ ယခုမှပင် သဘောပေါက်သွားတော့သည်။

ဤလူငယ်ကား အမှန်တကယ်ပင် ထူးခြားသူတစ်ယောက်ဖြစ်ပေသည်။

ဝူယွမ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက နဂါးမျိုးနွယ်စုထက်ပင် သာလွန်နေခြင်းက ချင်းကျီကို တုန်လှုပ်စေခဲ့ရုံမက၊ ယခု ပေါ်ထွက်လာသော ‘ကစဥ်ကလျားနှိမ်နှင်းခြင်းဓားအတတ်’က ဝူယွမ်သည် ရုပ်ပိုင်းဆိုင်ရာ သန်မာရုံသာမကဘဲ ဘက်ပေါင်းစုံ၌ ပြိုင်ဘက်ကင်းသော စွမ်းအားရှင်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

သူ၏ ဝါရင့်နေပီဖြစ်သော အမြင်အရ ဤဓားသိုင်းပညာက သူ့ ‘နဂါးအသွင်ပြောင်းမိုးပြာကမ္ဘာ ’ ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းကြောင်း ရိပ်စားမိပေသည်။ ၎င်း၏ သဘောတရားများမှာ သူ၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေ၏။

အကယ်၍ သူသာ ဤဓားသိုင်းကို အောင်မြင်စွာ လေ့ကျင့်နိုင်ပါက သူ၏ အစွမ်းက နောက်ထပ် အရေးပါသော အဆင့်တစ်ခုသို့ မြင့်တက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ပြန်လည်‌ေမွးဖွားခြင်း သံသရာ ကျွမ်းကျင်သူတစ်ဦးအဖို့ ရှေ့သို့ခြေတစ်လှမ်းတိုးရန် မည်မျှခက်ခဲသည်ကို သူကိုယ်တိုင် ကောင်းကောင်းနားလည်ထားသည်။ ချင်းကျီအနေဖြင့် နှစ်ပေါင်းတစ်ထောင်အတွင်း ဤမျှ စိတ်လှုပ်ရှားခဲ့ရသည့် အခိုက်အတန့်မျိုး မရှိခဲ့ဖူးပေ။

ဤလူငယ်လေးက သူ့အား မမျှော်လင့်သော အံ့အားသင့်မှုများ အကြိမ်ကြိမ် ပေးအပ်ခဲ့လေပြီ။

ဤ ‘မိုးကြိုးပင်လယ်’ ကိုသာမက၊ သူတို့ မိုးပြာနဂါးမျိုးနွယ်စု၏ ရတနာသိုက်တစ်ခုလုံးကိုပင် ဝူယွမ်နှင့် လဲလှယ်ရန် သူ ဝန်လေးမည်မဟုတ်ပေ။ ‘ကစဉ်ကလျားနှိမ်နင်းခြင်း ဓားအတတ်' ကို ရရှိလိုက်ချိန်တွင် ချင်းကျီက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

မူလက ထွက်ခွာတော့မည့် ချင်းကျီက ဝူယွမ်ကို အံ့ဩငေးမောစွာ ကြည့်ရင်း အခြားဘာများ လိုအပ်သေးသလဲဟု မေးမြန်းလိုက်မိသည်။

ဝူယွမ်တစ်‌ေယာက် ခေတ္တမျှ မှင်သက်သွားရသည်။ ချင်းကျီ၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကြောင့် သူ အနည်းငယ် အံ့အားသင့်သွားရခြင်း ဖြစ်သည်။ အစက ချင်းကျီအား အရင်ကလိုပင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ခန့်ညားသော ဟန်ပန်မျိုးဖြင့်သာ တွေ့မြင်ရလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

“ဟီးဟီး... တကယ်တော့ ကျွန်တော် အမှန်တကယ် လိုအပ်နေတာ တစ်ခုရှိပါတယ်။ အကြီးအကဲ မိုးပြာနဂါးဘုရင်ရဲ့ ဝိညာဉ်ပုံရိပ်က ကျွန်တော့်ကို ကူညီပေးနိုင်မလား မသိဘူး”

‘ကစဉ်ကလျားဓားအတတ်’ ကို ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ဝူယွမ်က အားနာမနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

ချင်းကျီက ဝူယွမ်၏အပြောကို သဘောထားကြီးစွာဖြင့် အတည်ပြုလိုက်သည်။ “ပြောသာပြောစမ်းပါ။ ငါ့စွမ်းအားနဲ့ တတ်နိုင်သရွေ့ မင်းရဲ့ ဆန္ဒကို ငါ သေချာပေါက် ဖြည့်ဆည်းပေးမယ်!”

ဝူယွမ်က ဆက်လက်၍ “အကြီးအကဲ မိုးပြာနဂါးဘုရင်အနေနဲ့ ‘အထီးကျန်ဧကရာဇ်ရဲ့ ရှေးဟောင်းကျောက်တိုင်’ အကြောင်းကို သိထားတဲ့အတွက် ‘မဟာရှေးဟောင်းဂိုဏ်း’ က အဲဒီကမ္ပည်းပြားထဲမှာ တည်ရှိနေတာကိုလည်း နားလည်မှာပါ။ ကျွန်တော်က မဟာရှေးဟောင်းဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံထားသူဖြစ်တဲ့အတွက် ဂိုဏ်းကို ပြန်လည်မြှင့်တင်ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ရှေးဟောင်းကျောက်တိုင်ကို အသုံးချပြီး ပိုမိုအစွမ်းထက်တဲ့ ပညာရှင်တွေကို ပြုစုပျိုးထောင်ချင်ပါတယ်။”

“ဒီ ‘ရွှမ်နန်းတော်လေးခု’ ရဲ့ တည်ရှိမှုကို ကျွန်တော် အာရုံစိုက်မိနေတာ ကြာပါပြီ။ ဒါကို ရှေးဟောင်းကျောက်တိုင်ရဲ့ ကမ္ဘာထဲကို ရွှေ့ပြောင်းချင်တာပါ။”

ဝူယွမ်က ဤနေရာကို ကာလရှည်ကြာကတည်းက ရယူလိုခဲ့ခြင်းဖြစ်သည်။ ပြင်ပလောကတွင် ရှိနေစဉ်ကပင် ဤနန်းတော်လေးခုကို ကျောက်တိုင်အာကာသထဲသို့ တိုက်ရိုက်ထည့်သွင်းရန် ကြံစည်ခဲ့သော်လည်း လက်တွေ့တွင်မူ အလွန်ခက်ခဲလှသည်။

အမှန်စင်စစ် ‘ရွှမ်နန်းတော်လေးခု’ က ရှေးဟောင်းကျောက်တိုင်ကြီးနှင့် သဘောတရားချင်း တူညီသည်။ ထိုအရာက အာကာသဝိညာဉ်ရတနာ တစ်မျိုးဖြစ်ပြီး၊ တံခါးဝမှ ဝင်ရောက်လိုက်သည်နှင့် အတွင်း၌ ကျယ်ပြောလှသော ကမ္ဘာတစ်ခု တည်ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဝူယွမ် ရောက်ရှိနေသော ‘မိုးကြိုးပင်လယ်’က မိုးပြာနဂါးခန်းမ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

ချင်းကျီက ခါးသီးစွာ ပြုံးလိုက်ပြီး “လိမ္မာလိုက်တဲ့ကောင်လေးပဲ... မင်းရဲ့ လောဘကလည်း မသေးဘူး။ ဒါပေမဲ့ မင်းက ရှေးဟောင်းကျောက်တိုင်ကြီးကိုတောင် သယ်ဆောင်နိုင်သူဆိုတော့ ငါတို့ရဲ့ ‘ရွှမ်နန်းတော်လေးခု’ အပေါ် မျက်စိကျနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။”

သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ “ဟင်း... ဒီနေရာဟာ ပြိုကွဲမသွားခင် နောက်ထပ် ရာစုနှစ်တစ်ခုလောက်ပဲ ခံနိုင်တော့မှာပါ။ အဲဒီအချိန်ကျရင် ကောင်းကင်ဂိုဏ်း မဟာမိတ်အဖွဲ့ကလည်း တပါတည်း ပျက်သုဉ်းသွားလိမ့်မယ်။”

“ငါ မင်းကို ‘ရွှမ်နန်းတော်လေးခု’ ရဲ့ ဖွဲ့စည်းပုံ မန္တန်ကိုပဲ ပေးနိုင်မယ်။ မင်း ဒါကို အဓိပ္ပာယ်ဖွင့်ဆိုပြီး ထိန်းချုပ်နိုင်မလားဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်။ ငါ့ရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်ပုံရိပ်က မင်းကို တခြားဘာမှ မကူညီနိုင်ဘူး။”

“ဝူယွမ် ကောင်လေး... မင်းသာ ဒီနန်းတော်လေးခုကို ရရှိပြီး အမွေအနှစ်ကို လက်ဝါးကြီးအုပ်နိုင်ခဲ့ရင် ‘မဟာရှေးဟောင်းဂိုဏ်း’ ကို ပြန်လည်အသက်သွင်းပြီး ပိုအစွမ်းထက်တဲ့ ပညာရှင်တွေကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။”

ချင်းကျီက စကားအဆုံးတွင် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝူယွမ်၏ စိတ်အာရုံထဲသို့ အစိမ်းရောင် အလင်းတန်းတစ်ခု ဝင်ရောက်သွားတော့သည်။ ၎င်းမှာ ‘ရွှမ်နန်းတော်လေးခု’ ၏ ဖွဲ့စည်းပုံ လျှို့ဝှက်ချက်ပင် ဖြစ်သည်။

ဝူယွမ်ကလည်း အလေးအနက် ကတိပေးလိုက်သည်။ “စီနီယာ မိုးပြာနဂါးဘုရင်... စိတ်ချပါ။ ‘ရွှမ်နန်းတော်လေးခု’ ရဲ့ အမွေအနှစ်ကို ကျွန်တော် လုံးဝ အလဟဿ အဖြစ်မခံပါဘူး!”

“ကောင်းပြီ!”

ချင်းကျီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီးနောက် လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။ ဤဂျူနီယာ ဝူယွမ်နှင့် ဆက်ဆံရသည်မှာ သူ့အဖို့ မလွယ်ကူလှကြောင်း၊ ဤကောင်လေး၏ မျက်နှာမှာ တကယ်ပင် အရည်ထူလှကြောင်း သူ တွေးလိုက်မိသည်။

ဝူယွမ်က ကျင့်ကြံရန် အလျင်မလိုသေးဘဲ နန်းတော်လေးခု၏ ဖွဲ့စည်းပုံကိုသာ အာရုံစိုက် လေ့လာနေတော့သည်။ ၎င်းတို့ကို ရှေးဟောင်းကျောက်တိုင် အာကာသထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့လျှင် အရာအားလုံးက လုံခြုံသွားမည်ဖြစ်ပြီး၊ သူ အလိုရှိသည့် အချိန်တိုင်း လေ့ကျင့်နိုင်မည် ဖြစ်သည်။

ဖွဲ့စည်းပုံ မန္တန်များနှင့် ပတ်သက်လျှင် ဝူယွမ်သည် ‘ဖွဲ့စည်းပုံနှင့် အစီအရင်ကျမ်း’ ကို ရရှိထားဖူးသဖြင့် အခြေခံ အလွန်ကောင်းမွန်သူ ဖြစ်သည်။ ယခု ဖွဲ့စည်းပုံ ပုံစံငယ်ကိုပါ ရရှိလိုက်သဖြင့် အဓိပ္ပာယ်ဖော်ရသည်မှာ များစွာ ပိုမိုလွယ်ကူသွားတော့သည်။

ချင်းကျီ ပေးအပ်ခဲ့သော ဖွဲ့စည်းပုံမှာ ‘ကောင်းကင်ဂ မြေကြီးနတ်ဆိုးကြယ်ဖွဲ့စည်းမှု’ ဟုခေါ်သော ရှေးဟောင်း ရတနာသိုက်တစ်ခုလုံး၏ ဖွဲ့စည်းမှုပုံစံ ဖြစ်သည်။ ၎င်းသည် အလွန်ကြီးမားသော အစီအရင်ဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး အဓိက အစီအရင် သုံးဆယ့်ခြောက်ခုနှင့် အခွဲ ခုနှစ်ဆယ့်နှစ်ခု ပါဝင်သည်။

၎င်းတို့အနက် ‘ရွှမ်နန်းတော်လေးခု’ ၏ ဖွဲ့စည်းပုံကို ‘ သင်္ကေတလေးခု မဟာဖွဲ့စည်းပုံ’ဟုခေါ်ပြီး အချင်းချင်း ချိတ်ဆက်နေသော်လည်း သီးခြားလွတ်လပ်သော အခွဲလေးခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝူယွမ်က ‘မိုးပြာရောင်နဂါးခန်းမ’ မှ စတင်၍ တစ်ခုချင်းစီကို အဓိပ္ပာယ်ဖော်တော့သည်။

အချိန်များ တစ်မိနစ်ချင်း ကုန်ဆုံးသွားခဲ့သည်။ ဝူယွမ်က မျက်လုံးများ စုံမှိတ်ကာ လက်ချောင်းများဖြင့် ရူန်းများကို အဆက်မပြတ် ရိုက်နှိပ်နေ၏။ သူသည် ‘မိုးပြာရောင်နဂါးခန်းမ’ ၏ အထက်တွင် ဝဲပျံနေရင်း သူ၏ စိတ်စွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်သည်။ ယွမ်စွမ်းအင်နှင့် စိတ်စွမ်းအင်များ ပေါင်းစပ်ကာ ရူန်အက္ခရာများကို ဖန်တီးပြီး ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်လိုက်ခဲ့သည်။

နာရီဝက်ခန့်အကြာတွင်!

ဝူယွမ်ု မိုးပြာရောင်နဂါးဖွဲ့စည်းပုံကို အောင်မြင်စွာ အဓိပ္ပာယ်ဖော်နိုင်ခဲ့သည်။ ဤခန်းမအတွင်း၌ သီးခြားနေရာငယ်များစွာ ရှိနေပြီး၊ အကြီးဆုံးနှစ်ခုမှာ ‘မိုးကြိုးပင်လယ်’ နှင့် ‘ဆေးမြစ်' တို့ ဖြစ်ကြသည်။

မကြာမီတွင် ဝူယွမ်က ‘သင်္ကေတလေးခု မဟာဖွဲ့စည်းပုံ’ တစ်ခုလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လင်းတုန်၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့က သူတို့၏ အမွေအနှစ်များကို လက်ခံနေဆဲ ဖြစ်သဖြင့် သူက နန်းတော်များကို ရွှေ့ပြောင်းရန် အလျင်မလိုသေးပေ။ အကယ်၍ သူသာ ယခုပင် လုပ်ဆောင်လိုက်ပါက သူတို့အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိသွားနိုင်သည်။

သို့ဖြစ်ရာ သူက ဖွဲ့စည်းပုံကို ကျွမ်းကျင်အောင်သာ ပြုလုပ်ပြီးနောက် စတင် ကျင့်ကြံလိုက်သည်။ သူက ‘မိုးကြိုးပင်လယ်’ ကို ခေတ္တပိတ်သိမ်းကာ ခန်းမကျယ်ကြီးအတွင်း၌ ‘ဒန်မြစ်’ နေရာကို ဖွင့်လှစ်လိုက်တော့သည်။

အမှောင်ထဲမှ ချင်းကျီက ဝူယွမ် ‘သင်္ကေတလေးခု မဟာဖွဲ့စည်းပုံ’ ကို ဤမျှ မြန်ဆန်စွာ ကျွမ်းကျင်သွားသည်ကို မြင်သောအခါ အံ့အားသင့်ကာ ရေရွတ်လိုက်မိသည်။ “တကယ့်ကို ဘီလူးတစ်ကောင်ပါပဲလား! ဒီလောက်မြန်မြန် ကျွမ်းကျင်သွားလိမ့်မယ်လို့ မထင်ထားဘူး!”

“ဝူယွမ်... အနာဂတ်မှာ ငါတို့ ပြန်ဆုံဖို့ မျှော်လင့်ပါတယ်။ မင်းကို ငါ မှတ်မိနေမယ်။ ငါတို့ ပြန်တွေ့တဲ့အခါ မင်းဟာ ငါနဲ့ အဆင့်တူ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေဖို့ရာ ငါမျှော်လင့်တယ်”

ချင်းကျီက ဝူယွမ်ကို လေးစားသော အကြည့်ဖြင့် ကြည့်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ လုံးဝ၀င်ရောက် ပျောက်ကွယ်သွားတော့သည်။

ဝှစ်ရှ်!

ဝူယွမ်က ‘ဆေးမြစ်’ ကို ဖွင့်လှစ်လိုက်သည့်နှင့် လေဟာနယ်ထဲမှ ကြက်သွေးရောင် အလင်းတန်းများ စီးဆင်းလာသည်။ ဝူယွမ်က ထိုဖန်တီးထားသော ကမ္ဘာငယ်လေးထဲတွင် ပေါလောမျောနေရင်း ကောင်းကင်မှ မြစ်ဝကို ကြည့်ကာ မျက်လုံးများကို မှေးစိုက်လိုက်သည်။ တဟုန်ထိုး စီးဆင်းနေသော ရေလှိုင်းသံများနှင့်အတူ အလွန်ကျယ်ပြန့်သော ‘နိဗ္ဗာန်စွမ်းအင်’ များက မီးတောင်ပေါက်ကွဲသကဲ့သို့ ပွက်ပွက်ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ဝူယွမ်က အမှန်တရားကို နားလည်သွားသည်။ သူပထမဆုံး တွေ့မြင်ခဲ့ရသော ‘ဆေးမြစ်’မှာ အမှန်တကယ်တွင် လေဟာနယ်အတွင်း တည်ရှိသော နေရာငယ်နှစ်ခုကို ဆက်သွယ်ထားခြင်း ဖြစ်ပြီး ရေလှည့်ပတ်မှုစနစ်တစ်ခုကဲ့သို့ အဆက်မပြတ် စီးဆင်းနေခြင်း ဖြစ်သည်။

ခမ်းနားလှသော ‘နိဗ္ဗာန်စွမ်းအင်’ များကြောင့် မှေးမှိန်နေသော ခန်းမကြီးက ချက်ချင်းပင် ကြက်သွေးရောင်သို့ ပြောင်းလဲသွားပြီး မီတာတစ်ထောင်ခန့် ကျယ်ဝန်းသော တောက်ပသော မြစ်တစ်စင်း ဖြစ်ပေါ်လာသည်။ မြစ်ရေက ပျစ်ချွဲနေပြီး မျက်နှာပြင်ပေါ်တွင် နီရဲသော မီးတောက်များ ပေါလောမျောနေသည်။ ၎င်းတို့မှာ ‘နိဗ္ဗာန်စွမ်းအင်’ အလွန်အမင်း ကြွယ်ဝမှုကြောင့် ဖြစ်ပေါ်လာသော ‘နိဗ္ဗာန်မီးလျှံ’ များပင် ဖြစ်သည်။

ထို့အပြင် ဤမြစ်သည် အလွန်သန့်စင်လှပြီး ‘‌ေဆးဝိညာဉ်အလောင်း’ များ လုံးဝမရှိပေ။ ၎င်း၏ အရည်အသွေးက ဝူယွမ် ယခင်က တွေ့ဖူးသမျှသော မြစ်များထက် များစွာ သာလွန်လှသည်။

ဝူယွမ်က ဤတောက်ပသော ဆေးမြစ်ကို ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ဤမျှ အရည်အသွေးမြင့်မားသော မြစ်တစ်စင်း ဖြစ်ပေါ်လာရန်အတွက် အနည်းဆုံး ‘နိဗ္ဗာန်ဆေးလုံး’ ဘီလီယံနှင့်ချီ၍ လိုအပ်မည်ဖြစ်သည်။

“ဘယ်လောက်တောင် ကြီးကျယ်လိုက်သလဲ... ‘ရွှမ်နန်းတော်လေးခု’ က တကယ်ပဲ ကြွယ်ဝလွန်းတယ်”

ဝူယွမ်က မချီးကျူးဘဲ မနေနိုင်တော့ပေ။ ခန်းမတစ်ခုစီ၌ ဤကဲ့သို့သော ဆေးမြစ်တစ်ခုစီ ရှိနေကြောင်း သူ သိရှိခဲ့ပြီးဖြစ်ရာ ယခုမူ ဤရတနာအားလုံးက သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

ဝူယွမ်က ဆေးမြစ်အလယ်ရှိ ကျင့်ကြံခြင်းစင်မြင့်ပေါ်တွင် ထိုင်၍ စတင်ကျင့်ကြံတော့သည်။ သူက ‘နိဗ္ဗာန်’ အဆင့်သြို ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ‘နိဗ္ဗာန်ဆေးလုံး’ မလုံလောက်မှုကြောင့် ‘နိဗ္ဗာန်ကပ်ဘေး’ ကို တမင် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဤမြစ်ကြီး ရှိနေပြီဖြစ်ရာ သူက စိတ်အေးလက်အေးဖြင့် ဖြတ်ကျော်နိုင်ပြီ ဖြစ်သည်။

“ဘုန်း”

သူ လေ့ကျင့်မှု စတင်လိုက်သည်နှင့် ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံများ ထွက်ပေါ်လာပြီး ပြင်းထန်သော နိဗ္ဗာန်မီးလျှံများ သူ့ဆီမှ ဟုန်းဟုန်းတောက်လောင်လာသည်။

လူတစ်ဦး၏ အခြေခံအုတ်မြစ် ခိုင်မာလေလေ၊ ကြုံတွေ့ရမည့် ‘နိဗ္ဗာန်ကပ်ဘေး’ က ပိုမိုပြင်းထန်လေလေ ဖြစ်သည်။ သို့သော် ၎င်းကို ကျော်ဖြတ်နိုင်ပါက ရရှိမည့် စွမ်းအားမှာလည်း အဆမတန် တိုးတက်လာမည် ဖြစ်သည်။

ဝူယွမ် နိဗ္ဗာန်အဆင့်သို့ ပထမဆုံး ဝင်ရောက်စဉ်ကပင် ‘နိဗ္ဗာန်ဆေးပြား’ သန်းတစ်ရာကို သုံးစွဲခဲ့ရသူ ဖြစ်သည်။ သူ၏ အခြေခံအုတ်မြစ်က သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ရာကျော်ထက်ပင် ပိုခိုင်မာနေပေသည်။ ထို့ကြောင့် သူ၏ ကပ်ဘေးသည်လည်း သာမန်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ပြင်းထန်လိမ့်မည်မှာ သေချာသည်။

သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော နိဗ္ဗာန်မီးလျှံများက ခန်းမတစ်ခုလုံးကို ကြက်သွေးရောင် လွှမ်းသွားစေပြီး အပူချိန်မှာလည်း အဆမတန် မြင့်တက်လာသည်။ ဝူယွမ်၏ အဝတ်အစားများက ခဏချင်းအတွင်း ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

‘ဝါးမျိုခြင်းရူန်း’ ကလညါး အပြည့်အဝ နိုးထလာပြီး ဆေးမြစ်အတွင်းမှ နိဗ္ဗာန်ချီများကို ဝူယွမ်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဆွဲယူလိုက်သည်။

ကျားဖြူခန်းမ!

ဤနေရကား သွေးနံ့များ လှိုင်နေသော စစ်မြေပြင်တစ်ခု ဖြစ်သည်။ သွေးများ စိုရွှဲနေသော ပုံရိပ်များ၊ တိုက်ပွဲသံများဖြင့် ပြည့်နှက်နေပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသော လေထုက နေရာအနှံ့ ပျံ့နှံ့နေသည်။

ထိုစစ်မြေပြင်ရှိ ပုံရိပ်များက အခေါင်းပေါက်ဖြစ်နေသော မျက်လုံးများနှင့် ပိန်ချုံးနေသော ခန္ဓာကိုယ်များ ရှိကြသော်လည်း သူတို့၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ အလွန်လှပသော အမျိုးသမီးတစ်ဦးက လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနေသည်။ သူမ၏ ကြော့ရှင်းသော ဟန်ပန်က ဤရက်စက်သော စစ်မြေပြင်နှင့် မလိုက်ဖက်သော်လည်း၊ သူမ၏ သွေးနီရောင် ပြောင်းနေသော မျက်လုံးများက သူမ၏ အလှတရားကို သတ်ဖြတ်ခြင်းနတ်ဘုရားမတစ်ပါးကဲ့သို့ ခန့်ညားသွားစေသည်။

“ဘုန်း... ဘုန်း..ဘုန်း..”

ကျားဖြူစွမ်းအင်တန်းများက ထိုပုံရိပ်များကို ထိမှန်ကာ တစစီ ပေါက်ကွဲပျက်စီးသွားစေသည်။ တိုက်ပွဲများအတွင်း ပိုင်ယွမ်က သူမ၏ ‘ကျားဖြူသွေးမျိုးဆက်’ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည်။ ကျားဖြူကား သတ်ဖြတ်ခြင်းကို အစိုးရသော သားရဲပဲဖြစ်လေသည်။

ဤအချိန်၌ ပိုင်ယွမ်သည် ဝူယွမ်၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေလေ့ရှိသော ပိုင်ယွမ်နှင့် လုံးဝ မတူတော့ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း နတ်ဘုရားမတစ်ပါး အသွင်သို့ ကူးပြောင်းသွားချေပြီ။ ရှေးဟောင်း နတ်ဘုရားသားရဲတစ်ကောင်၏ ပြင်းထန်သော အရှိန်အဝါက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။

သူမ၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ကျားဖြူသွေးမျိုးဆက်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ‘သတ်ဖြတ်ခြင်းနယ်မြေ’ တစ်ခုကို ဖန်တီးလိုက်သည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် သွေးရောင်နယ်မြေတစ်ခု ဖြစ်ပေါ်လာပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့နေသော အလောင်းကောင်များပင် ထိုနယ်မြေထဲသို့ မချဉ်းကပ်ရဲဘဲ ရှိနေကြသည်။

ပိုင်ယွမ်က သူမ၏ ‘ကျားဖြူလေတောင်ပံ’ များကို ခတ်ခတ်ကာ စစ်မြေပြင်ကို ဖြတ်ကျော်ပြီး အဆုံးသတ်သို့ ရောက်ရှိသွားသည်။

ထိုအခါ ဟင်းလင်းပြင်ထဲမှ ဧရာမ ကျားဖြူကြီးတစ်ကောင်၏ ပုံရိပ် ပေါ်ထွက်လာပြီး ဘိုင်ယွမ်ကို အံ့ဩစွာ စိုက်ကြည့်ကာ ဆိုလိုက်သည်။ “ဒီလောကမှာ ဒီလောက် သန့်စင်တဲ့ ကျားဖြူသွေးမျိုးဆက် ကျန်ရှိနေသေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ကျားဖြူမျိုးနွယ်စုက လုံးဝ ပျောက်ကွယ်မသွားသေးပါလား။”

“ကျားဖြူလေး... မင်းဟာ ငါတို့မျိုးနွယ်စုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ မင်းရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို သန်မာတာပါလား။ မင်း ဘယ်လိုများ လေ့ကျင့်ခဲ့သလဲဆိုတာ ငါ စမ်းသပ်ကြည့်ပါရစေ။”

ထိုသို့ ဆိုကာ ကျားဖြူဝိညာဉ်က တံဆိပ်များကို တစ်ခုပြီးတစ်ခု ရိုက်နှိပ်ကာ ပိုင်ယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။ ဘိုင်ယွမ်သည်လည်း အလျော့မပေးဘဲ ပြန်လည် ခုခံတိုက်ခိုက်တော့သည်။

အချိန်အတန်ကြာပြီးနောက် ပိုင်ယွမ်က အမောတကော ဖြစ်နေသော်လည်း သူမ၏ ဟန်ပန်မှာမူ ကြော့ရှင်းနေပြီး လေထဲတွင် ဝဲပျံနေဆဲ ဖြစ်သည်။

“အရမ်းကောင်းတယ်... ငါ ထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်ပါလား။ ငါတို့ ကျားဖြူမျိုးနွယ်စုက ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်လို့ မင်းအတွက် ဘာမှမကျန်ခဲ့တာ ဝမ်းနည်းစရာပဲ။ ငါ့မှာ ဒီဝိညာဉ်ပုံရိပ်ပဲ ကျန်တော့တယ်။ ဒါကြောင့် ငါ့ရဲ့ နောက်ဆုံး စွမ်းအားတွေကိုသုံးပြီး မင်းကို အထွတ်အထိပ် ရောက်အောင် ကူညီပေးပါရစေ!”

စကားအဆုံးတွင် ကျားဖြူဝိညာဉ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပိုင်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။ ၎င်းက မိမိကိုယ်ကို စတေး၍ ဘိုင်ယွမ်အား အရာအားလုံး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ချက်ချင်းပင် ဘိုင်ယွမ်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားများက သူမအတွင်း၌ ပျံ့နှံ့သွားသည်။ သူမ၏ သွေးများ ဆူပွက်လာကာ သူမ အထက်တွင် ‘‌ေဆးမြစ်’ တစ်စင်း ပေါ်လာသည်။ ပိုင်ယွမ်သည်လည်း ထို ဆေးမြစ်အတွင်းက စင်မြင့်ပေါ်တွင် ထိုင်၍ ဒုတိယမြောက် ‘နိဗ္ဗာန်ကပ်ဘေး’ ကို စတင် ကျော်ဖြတ်တော့သည်။

ဗာမီလီယံငှက်ခန်းမ

ရှောင်ယန်က ဟုန်းဟုန်းတောက်နေသော မီးပင်လယ်အတွင်း၌ အဝတ်မပါဘဲ လျှောက်လှမ်းနေသည်။ သူ၏ ကြွက်သားထုကြီးများတောင့်တင်းသော ခန္ဓာကိုယ်က မီးကဲ့သို့ ရဲရဲနီနေပြီး ‘ခန္ဓာကိုယ်ကျမ်း’ ၏ ‘ခိုင်မာ’ စာလုံးကို အပြည့်အဝ အသက်သွင်းကာ မီးလျှံများ၏ စွမ်းအားကို စုပ်ယူ၍ လေ့ကျင့်နေသည်။

ဤမီးလျှံများက သာမန်မီးများ မဟုတ်ဘဲ ‘ဗာမီလီယံငှက် စစ်မှန်သောမီး’ များ ဖြစ်ကြရာ နိဗ္ဗာန်မီးလျှံထက်ပင် ပိုမိုပြင်းထန်လှသည်။ ကံကောင်းသည်မှာ ရှောင်ယန်က မူလကပင် ‘မီးလျှံကျား’ ဖြစ်သဖြင့် မီးစွမ်းအားနှင့် အကျွမ်းတဝင် ရှိလှသည်။ ထို့အပြင် ‘ခိုင်မာ’ စာလုံးကိုလည်း လေ့ကျင့်ထားသဖြင့် သူသည် ပြင်းထန်လှသော မီးလျှံလမ်းစဉ်ကို ကောင်းစွာ လိုက်လျောညီထွေ ဖြစ်နေခဲ့သည်။

သူက ရှေ့သို့ တိုးလှမ်းရင်း သူ၏ ခန္ဓာကိုယ်ကို စစ်မှန်သောမီးလျှံများဖြင့် ပြုပြင်မွမ်းမံလိုက်သည်။ နောက်ဆုံးတွင် သူက မီးပင်လယ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ဟင်းလင်းပြင်မှ မီးနီရောင် ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

“မင်းက ‘ဗာမီလီယံငှက်’ ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ။ ဒီခန်းမရဲ့ အမွေအနှစ်က မင်းအတွက်ပဲ!”

ဗာမီလီယံငှက်က လိုရင်းကိုသာ ပြောလိုက်ကာ ရှောင်ယန်၏ ခန္ဓာကိုယ်ထဲသို့ အလင်းတန်းတစ်ခု ထွေးထုတ်ပေးလိုက်သည်။ ၎င်းသည် ရှောင်ယန်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ကြည့်ကာ မျက်လုံးများ တောက်ပနေပြီး မမြင်ရသော စွမ်းအားတစ်ခုဖြင့် စစ်ဆေးကြည့်လိုက်သည်။

ထို့နာက် ဗာမီလီယံငှက်က “မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အတော်လေး သန်မာပါလား။ စစ်မှန်တဲ့မီးလျှံကို တောင့်ခံနိုင်ရုံတင်မကဘဲ စုပ်ယူနိုင်စွမ်းလည်း ရှိတယ်။ ငါ ဒီခန်းမထဲမှာ ‘ဗာမီလီယံငှက် စစ်မှန်တဲ့မီး’ အနှစ်သာရကို ချန်ထားခဲ့တယ်။ မင်း အဲဒါကို နှိမ်နင်းဖို့ သတ္တိရှိရဲ့လား?”

“အကယ်၍ မင်းသာ အဲဒီမီးလျှံကို ရရှိခဲ့ရင် ဒီခန်းမရဲ့ အမွေအနှစ်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားတဲ့ အကျိုးကျေးဇူးကို ရလိမ့်မယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ရင်တော့ မင်းဟာ ဝိညာဉ်ပါမကျန်ဘဲ ပြာဖြစ်သွားလိမ့်မယ်!”

အမြဲတမ်း ရဲရင့်လှသော ရှောင်ယန်က မျက်ခုံးတစ်ချက်ပင် မလှုပ်ဘဲ “ကျွန်တော် ကြိုးစားကြည့်ဖို့ အသင့်ပါပဲ!” ဟု ခိုင်မာစွာ ပြောဆိုလိုက်သည်။

ထိုအခါ ဗာမီလီယံငှက်ဝိညာဉ်က တောက်ပသော ကြက်သွေးရောင် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ယန်ကို ဝန်းရံလိုက်သည်။ ထိုမီးလျှံအတွင်း၌ လိမ္မော်ရောင် အရိပ်အယောင်တစ်ခု ကိန်းအောင်းနေခဲ့သည်။

“ဟွန်း!”

ရှောင်ယန်က ဟိန်းဟောက်လိုက်ပြီး ထိုလိမ္မော်ရောင်မီးလျှံကို တိုက်ရိုက် မျိုချလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အရည်ပျော်မတတ် ပူပြင်းလာပြီး အတွင်းမှ မီးတောက်ငယ်များ ပေါက်ကွဲထွက်လာသည်။ နာကျင်မှုကြောင့် သူ သတိလစ်မတတ် ဖြစ်သွားသော်လည်း အားတင်းကာ ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ‘ဗာမီလီယံငှက် စစ်မှန်တဲ့မီး’ ကို နှိမ်နင်း၍ ကိုယ်ခံပညာများကို စတင် လေ့ကျင့်တော့သည်။

အနက်ရောင်လိပ်ခန်းမ!

ဤနေရာ၌ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ရှိပြီး၊ ပြင်းထန်သော ရေလှိုင်းများက ဆူပွက်နေသည်။ ဤသည်မှာ ‘နက်ရှိုင်းသောရေ’ ဖြစ်ပြီး၊ ရေစက်တစ်စက်ချင်းစီမှာပင် ကတ်တီထောင်ပေါင်းများစွာ လေးလံလှသည်။

လင်းတုန်က ထိုလေးလံလှသော ရေစက်များကြားတွင် ခက်ခက်ခဲခဲ လျှောက်လှမ်းနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး၊ ကောင်းကင်မှ ကျဆင်းလာသော ရေစက်များ သူ့အား ထိမှန်သည့်အခါ ဘေးသို့ လွင့်စင်သွားကြသည်။ လင်းတုန်က ခက်ခက်ခဲခဲ ရုန်းကန်နေရသော်လည်း ရွှေခေါင်းလောင်းခန္ဓာကိုယ် ကို အောင်မြင်မှု ရရှိထားသူ ဖြစ်သဖြင့် ဤလေးလံသော ဝန်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။

“ဟီးဟီး... ဒီစမ်းသပ်မှုက တကယ်ကို ထူးဆန်းတာပဲ။ ဒီလောက် လေးလံတဲ့ ရေတွေကြားမှာ ခန္ဓာကိုယ် မသန်မာတဲ့သူဆိုရင် ခဏလေးနဲ့ ပြားသွားမှာပဲ။” ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက အစ်ကိုနှစ်အတွက်တော့ အကောင်းဆုံးပဲ။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို အသုံးချပြီး ရေရဲ့ စွမ်းအင်တွေကို စုပ်ယူလိုက်စမ်းပါ။”

လင်းတုန်က ခေါင်းညိတ်ကာ ဝါးမျိုးခြင်း‌ဘိုးဘေးအဆောင်ကို အသက်သွင်းလိုက်ရာ ရေစွမ်းအင်များကို ဝါးမျိုသည့် ဧရာမ ဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမိုကြံ့ခိုင်လာပြီး ရွှေရောင်အလင်းများကြားတွင် နက်မှောင်သော အနက်ရောင် အလင်းအလွှာတစ်ခု ထပ်ဆောင်းဖြစ်တည်လာသည်။ ယခုမူ ရေစက်များက သူ့အား ခြိမ်းခြောက်မှု မပေးနိုင်တော့ပေ။

“ဘန်း!”

ရုတ်တရက် ရေလှိုင်းများကြားမှ ဧရာမ သားရဲကြီးတစ်ကောင်၏ အရိပ် ပေါ်ထွက်လာသည်။ ၎င်းက လိပ်တစ်ကောင်နှင့် မြွေတစ်ကောင် ရောနှောနေသည့် ထူးဆန်းသော အသွင်ရှိသည်။

“လိပ်နက်ပဲ ” ရှောင်တျောင်းက အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။

“အိုး... ဒီနေရာမှာ ‘ကောင်းကင်မြွေပါ: ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” အနက်ရောင်လိပ်ကြီးက အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။

ရှောင်တျောင်းက ချက်ချင်းက “ကျွန်တော်တို့ စမ်းသပ်မှုကို အောင်မြင်သွားပြီမို့ အမွေအနှစ်ကို ပေးအပ်ဖို့ အချိန်တန်ပြီ မဟုတ်လား” ဟု ဆိုလိုက်သည်။

အနက်ရောင်လိပ်ကြီးသည် လင်းတုန်ကို သေချာ စစ်ဆေးကြည့်ပြီးနောက်၊ လင်းတုန်၏ ခန္ဓာကိုယ်မှ မှောင်မိုက်သော ရွှေရောင်အလင်းကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။

ရုတ်တရက် လင်းတုန်၏ လက်ထဲမှ ‘ကျောက်လက်ဖွဲ့’က နူးညံ့သော အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်ရာ အနက်ရောင်လိပ်၏ စစ်ဆေးမှုကို ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဟားဟား... ခင်ဗျားက အရမ်းအစွမ်းထက်တာ မှန်ပေမယ့် သူက ခင်ဗျား ပေါ့ပေါ့တန်တန် စမ်းသပ်လို့ရတဲ့သူ မဟုတ်ဘူး။” ရှောင်တျောင်း ပြုံး၍ ဆိုလိုက်သည်။

“မင်းမှာ လျှို့ဝှက်ချက်တွေ အတော်များများ ရှိနေပုံပဲ။” အနက်ရောင်လိပ်ကြီးက လင်းတုန်ကို စိုက်ကြည့်ရင်း ဆိုသည်။ “မင်းရဲ့ ခုခံနိုင်စွမ်းက အတော်လေး အားကောင်းနေပြီမို့ ဒီခန်းမရဲ့ အမွေအနှစ်က မင်းအတွက် သိပ်ပြီး ထူးခြားမှာ မဟုတ်တော့ဘူး။”

“ခင်ဗျား ဘာကို ဆိုလိုတာလဲ? ကျွန်တော်တို့ကို မပေးချင်ဘူးလို့ ပြောတာလား?” ရှောင်တျောင်းက စိုးရိမ်တကြီး မေးလိုက်သည်။

“ဟားဟား... ငါဟာ ဒီလောက်အထိ ကပ်စေးနဲတဲ့ နတ်သားရဲ မဟုတ်ပါဘူး။ ဒီခန်းမရဲ့ အမွေအနှစ်က ခန္ဓာကိုယ်ကို ပြုပြင်ပေးတဲ့ အဆင့်မြင့် ဝိညာဉ်ကိုယ်ခံပညာ တစ်ခုပါပဲ။ မင်းသာ ငါ့ဆီက မြားတစ်စင်းကို ခံနိုင်ရင် ငါ့ရဲ့ အမွေအနှစ်အားလုံးကို ပေးမယ်။”

လင်းတုန်က “မြားတစ်စင်းလား အကြီးအကဲ... ကျေးဇူးပြုပြီး စမ်းသပ်ပါ” ဟု တည်တည်ကြည်ကြည်ပဲ ပြောလိုက်သည်။

အနက်ရောင်လိပ်ကြီးက ပါးစပ်ကို ဟ၍ ထူထဲလှသော အနက်ရောင် ရေမြားတစ်စင်းကို ထွေးထုတ်လိုက်ရာ လေထုကို ခွဲ၍ လင်းတုန်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ လင်းတုန်က သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများကို စုစည်းကာ ခိုင်ခံ့သော ရွှေခေါင်းလောင်းဒိုင်းတစ်ခုကို ဖန်တီး၍ ခုခံလိုက်သည်။

“ဘုန်း”

ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ အနက်ရောင် ရေမြှားက ကွဲကြေပျက်စီးသွားတော့သည်။

“မျှော်လင့်ထားတဲ့အတိုင်းပါပဲ... မင်းရဲ့ ခန္ဓာကိုယ်က ငါတို့မျိုးနွယ်စုရဲ့ အနက်ရောင်လိပ်နက်ခန္ဓာကိုယ်ထက် မနိမ့်ပါလား။” အနက်ရောင်လိပ်ကြီးက သက်ပြင်းချကာ ကျေနပ်စွာ ပြောလိုက်သည်။ “မင်းရဲ့ အရည်အချင်းကို ငါ အလွန်ကျေနပ်မိတယ်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့နောက်မှာ ငါ့ရဲ့ ‘ဝိညာဉ်တံဆိပ်’ ကို ခံယူနိုင်တဲ့သူ ပေါ်လာခဲ့ပြီ။ ဒါကို လက်ခံလိုက်ရင် မင်းဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာလိမ့်မယ!”

“ဒီခန်းမထဲမှာ ဆေးမြစ်တစ်ခု ငါ ချန်ထားခဲ့တယ်။ အဲဒါက မင်း ကျင့်ကြံဖို့ လုံလောက်မှာပါ။”

“အနာဂတ်မှာ ဒီစွမ်းအားကိုသုံးပြီး အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပြီးတော့ ဒီကမ္ဘာမှာ ရှိနေတဲ့ ‘အခြားကမ္ဘာနတ်ဆိုး’ တွေကို သန့်စင်ပေးဖို့ ငါ မျှော်လင့်ပါတယ်။”

“ဝိညာဉ်တံဆိပ်လား” ရှောင်ကျောက်၏ မျက်လုံးများ ပြူးကျသွားပြီး၊ အနက်ရောင်လိပ်ကြီးက ဤကဲ့သို့သော လက်ဆောင်ကို ချန်ထားလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ပေ။

လင်းတုန်မှာမူ ‘အခြားကမ္ဘာနတ်ဆိုး’ များအကြောင်းကို သိရှိပြီးဖြစ်သော်လည်း ‘ဝိညာဉ်တံဆိပ်’ ဆိုသည်မှာ ဘယ်လိုဟာလဲဟု တွေးတောနေမိသည်။ ထိုအခိုက်တွင် အနက်ရောင်လိပ်၏ ဝိညာဉ်က အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲကာ လင်းတုန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။

လင်းတုန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ သူ၏ကိုယ် အတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရကာ “ဘယ်လောက်တောင် ကြီးမားတဲ့ စွမ်းအင်လဲ!” ဟု အော်ဟစ်လိုက်မိသည်။ သို့သော် ထိုစွမ်းအားများကို လင်းတုန်၏ ခန္ဓာကိုယ်ရှိ အမှတ်အသားအတွင်း၌ စနစ်တကျ တံဆိပ်ခတ်၍ ထိန်းသိမ်းထားလိုက်လေသည်။

“အစ်ကိုနှစ်... မင်း တကယ်ကို ကံကောင်းတာပဲ။ ‘ဝိညာဉ်တံဆိပ်’ အမွေကို ရလိုက်ပြီဆိုတော့ မကြာခင်မှာ အစ်ကိုကြီးကိုတောင် ကျော်တက်သွားနိုင်တော့မှာပဲ!” ရှောင်ကျောက်က မနာလိုဟန်ဖြင့် ဆိုလိုက်သည်။

လင်းတုန်က နဖူးမှ ချွေးများကို သုတ်ရင်း “ဝိညာဉ်တံဆိပ် ဆိုတာ ဘာလဲ” ဟု မေးလိုက်သည်။

ရှောင်ကျောက်က ရှင်းပြလိုက်သည်။ “ဝိညာဉ်တံဆိပ်ဆိုတာ ရှေးခေတ် ကျွမ်းကျင်သူတွေက သူတို့ရဲ့ စွမ်းအားအားလုံးကို အနာဂတ်မျိုးဆက်တွေအတွက် ဝိညာဉ်နဲ့အတူ တံဆိပ်ခတ်ပြီး ချန်ထားခဲ့တဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ပဲ။ ဒါဟာ တဖက်လူကို မိမိရဲ့ ကျင့်ကြံမှုအားလုံးကို လွှဲပြောင်းပေးလိုက်တာနဲ့ တူတယ်။ ဒါကို ‘ ဆန်းကြယ်သေခြင်းအဆင့် ရောက်ရှိသူတွေမှသာ လုပ်ဆောင်နိုင်တာ။ ဒါကို ရလိုက်ပြီဆိုရင် အဲဒီနယ်ပယ်အထိ ရောက်ဖို့က လုံးဝ ပြဿနာ မရှိတော့ဘူး။ အကယ်၍ ချန်ထားခဲ့တဲ့သူက ပိုပြီး သန်မာရင် ‘ပြန်လည်ဝင်စားခြင်းအဆင့်’ အထိကိုတောင် မှန်းနိုင်တယ်။”

“ဒါပေမဲ့ ဒီစွမ်းအားက အရမ်းကြီးလွန်းတော့၊ လက်ခံရရှိသူက မထိန်းချုပ်နိုင်ရင် သူ့ရဲ့ ဝိညာဉ်ကို ပြန်လည် ဝါးမျိုသွားပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ခံရနိုင်တဲ့ ဘေးရှိတယ်။ ဒါပေမဲ့ မင်းအတွက်ကတော့ မင်းရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာနေပြီဖြစ်လို့၊ ပြီးတော့ ငါတို့လည်း ရှိနေလို့ အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး။”

“ဒီလိပ်နက်ကြီးက သူ့ရဲ့စွမ်းအားတွေကို မင်းဆီမှာပဲ ယုံကြည်စိတ်ချစွာ အပ်နှံသွားခဲ့တာပါ။ သူဟာ တကယ့်ကို လေးစားဖွယ်ကောင်းတဲ့ အကြီးအကဲတစ်ယောက်ပဲ။ သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ မင်းကို သန်မာတဲ့သူတစ်ယောက် ဖြစ်စေချင်တာနဲ့၊ ကမ္ဘာပေါ်က နတ်ဆိုးတွေကို သန့်စင်စေချင်တာပဲ ဖြစ်လိမ့်မယ်။”

လင်းတုန်က ချက်ချင်းပင် တည်ကြည်လေးနက်သွားကာ လက်နှစ်ဖက်ကို စု၍ ဟင်းလင်းပြင်ထဲကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်... အကြီးအကဲ”

All Chapters