← Chapters

အခန်း (၂၀၃၁-၂၀၃၂)

Vol. 144 Ch. 2031-2032

အခန်း (၂၀၃၁-၂၀၃၂)

Vol. 144 Ch. 2031-2032

အဆတစ်ရာစနစ် စာစဥ်(၁၄၄)

အခန်း(၂၀၃၁)

ထိုစကားကို ကြားလျှင် သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခါးသီးစွာ ပြုံးလိုက်သည်။

"အကြီးအကဲမို.. ဟိုတုန်းက ဖြစ်ခဲ့တာတွေကို ကျွန်တော်.."

"တော်ပြီ.."

ပိန်လှီနေသော အဘိုးအိုက လက်ကို ဝှေ့ယမ်းကာ သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

"အရင်က ကိစ္စတွေကို ပြန်မပြောနဲ့တော့.. ငါ တောင်ဘက်ပင်မခန်းမက လူတွေ ရှင်းထျန်းချီကို ဖိနှိပ်တာမျိုး မမြင်ချင်ဘူး .. ကျန်းချန် ဆိုတဲ့ ကောင်လေးနဲ့ ထာဝရဘုရားကျောင်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ရမယ်"

"စိတ်ချပါ အကြီးအကဲမို"

သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ရှိနေခဲ့သည်။

"လမ်းစဥ် ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ဒီကမ္ဘာမှာ မွေးဖွားလာမယ်လို့ ကျွန်တော် တကယ် ထင်မထားခဲ့ဘူး"

လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော အဆင့်သည် သူတော်စင်ကောင်းကင် နတ်ဘုရားအဆင့်ထက်ပင် သာလွန်နေသော အဆင့် ဖြစ်သည်။

တောင်ဘက်ပင်မခန်းမ၏ နန်းတော်သခင် အနေဖြင့် သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ယင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်မျိုး ဖြစ်သည်ကို ကောင်းစွာ သိရှိထားသည်။

ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်သည် မတော်တဆ ကိစ္စရပ်များ မရှိသ၍ အနာဂတ်တွင် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ် နေရာ၌ ရပ်တည်မည့် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး ဖြစ်လာမည်မှာ သေချာသည် ဖြစ်ရာ သူက အဘယ်ကြောင့် အလွယ်တကူ အပြစ်ပြုရဲပါမည်နည်း။

ထိုအချိန်တွင် ပိန်လှီနေသော အဘိုးအိုက သူ အံ့သြလောက်သည့် စကားကို ပြောလိုက်သည်။

"လမ်းစဥ်ဆယ်ပါးကို ပိုင်ဆိုင်တဲ့ ကောင်းကင်နတ်ဘုရား အဆင့်က မှတ်တမ်း မှတ်ရာတွေထဲမှာ မရှိပေမဲ့ ဒီအဆင့်က တစ်ခါမှ မပေါ်ပေါက်ဖူးတာတော့ မဟုတ်ဘူး"

"ဘယ်လို.."

သန်မာထွားကြိုင်းသော လူလတ်ပိုင်းက ထိတ်လန့်တကြား အမူအရာဖြင့် အဘိုးအိုကို ကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ကိုးမျိုးသည် အဆုံးစွန်သော အဆင့် ဖြစ်သည်။

လမ်းစဥ်ကိုးပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်၏ အကန့်အသတ် ဖြစ်ပြီး ယင်းမှာ နတ်ကုန်းမြေတိုက်၏ ပြောင်းလဲ၍မရသော သံမဏိဥပဒေသ တစ်ခုလည်း ဖြစ်သည်။

သူက ကျန်းချန်ကို သမိုင်းတစ်လျှောက် ပထမဆုံးလူဟု ထင်မှတ်ခဲ့သော်လည်း ကျင့်ကြံခြင်းလောကတွင် လမ်းစဥ် ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ ယခင်ကတည်းက ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒီလောကမှာ မင်း သိဖို့ အရည်အချင်း မပြည့်သေးတဲ့ ကိစ္စအချို့ ရှိသေးတယ်"

ပိန်လှီနေသော အဘိုးအိုက သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို အေးစက်စက် စိုက်ကြည့်ကာ ​​ပြောလိုက်သည်။

"အရှင်းဆုံးပြောရရင် ထာဝရဘုရားကျောင်းက ဘယ်လို တန်ဖိုးပဲ ပေးရပေးရ ကျန်းချန်နဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်ရမယ်"

"ဟုတ်ကဲ့ပါ အကြီးအကဲမို"

သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးစားစွာ ပြန်ဖြေလိုက်သည်။

သူ၏ နှလုံးသားထဲတွင်မူ တုန်လှုပ်နေခဲ့၏။

တောင်ဘက်ပင်မခန်းမ၏ နန်းတော်သခင် အနေဖြင့် သူက ထာဝရဘုရားကျောင်း၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်တိုင် သူ သိခွင့်မရှိသည့် ကိစ္စများ ထာဝရဘုရားကျောင်းတွင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆိုရလျှင် လမ်းစဥ် ဆယ်ပါး၏ စွမ်းအားကို တတ်မြောက်ထားခြင်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်နေပုံရ၏။

-----------------------

တောင်ဘက်ပင်မခန်းမ၏ တိုက်ခိုက်ရေး ကွင်းပြင်တွင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ပထမနေရာကို ကြိုတင်ရရှိသွားပြီ ဖြစ်ကြောင်း ဒိုင်လူကြီး၏ ကြေညာချက်ကို ကြားပြီးနောက်တွင် ကျန်းချန်သည် တိုက်ခိုက်ရေးကွင်းပြင်ထဲမှ ထွက်ခွာသွားခဲ့သည်။

ပြိုင်ပွဲကမူ ဆက်လက် ကျင်းပနေခဲ့သော်လည်း ကျန်းချန်က တစ်ယောက်တည်းနှင့် ထာဝရဘုရားကျောင်းမှ ကြယ်နှစ်ပွင့် အရှင်သခင် အဆင့် ပါရမီရှင် သုံးယောက်ကို အနိုင်ယူခဲ့သည့် အံ့သြဖွယ် တိုက်ပွဲကို ကြည့်ရှုပြီးနောက်တွင် နောက်ထပ်လာမည့် တိုက်ပွဲများသည် မှေးမှိန်သွားခဲ့ပြီး လူအများစုသည် ကြည့်ရှုလိုစိတ် မရှိကြတော့ပေ။

"ညီနောင်ကျန်းချန်.. မင်းရဲ့ ကြီးမားတဲ့ ကျေးဇူးကို ငါ ဘယ်လိုဆပ်ရမလဲတောင် မသိတော့ဘူး.. ဒီတစ်ခေါက် အတွက် မင်းကို တကယ် ကျေးဇူးတင်ပါတယ်.. အနာဂတ်မှာ မင်းလိုအပ်တဲ့ ကိစ္စရှိရင် ငါ့ကို ပြောပါ.. မီးပင်လယ် ဖြစ်နေရင်တောင် ရှင်းထျန်းချီက မျက်ခုံးတစ်ချက် မတွန့်စေရဘူး"

ရှင်းထျန်းချီက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဒါက ဘာမှအပန်းမကြီးပါဘူး.. နန်းတော်သခင်ရှင်း အားမနာပါနဲ့"

"ကျွန်တော် တောင်းဆိုချင်တာ တစ်ခုပဲ ရှိပါတယ်.. မဟာမြေရိုင်းနယ်မြေရဲ့ အခြေအနေကို ပိုပြီး ဂရုစိုက်ပေးစေချင်တယ်.. အထူးသဖြင့် ဟန်ယွဲ့နန်းတော်ကိုပေါ့"

"တစ်ခုခု ဖြစ်လာရင် ကျွန်တော့်ဆီ အမြန်ဆုံး အကြောင်းကြားပေးပါ"

ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ ပြုံး၍ ပြောလိုက်သည်။

စန်းယို နတ်ဘုရင်က မဟာမြေရိုင်းနယ်မြေတွင် အစီအစဉ်များ ချမှတ်ထားပြီးပြီ ဖြစ်ရာ မဟာမြေရိုင်းနယ်မြေသည် အချိန်မရွေး ကြီးမားသော အပြောင်းအလဲနှင့် ရင်ဆိုင်ရနိုင်၏။

အထူးသဖြင့် ဟန်ယွဲ့နန်းတော်မှ ကုန်းလင်သည် စန်းယို နတ်ဘုရင်၏ အဓိက နယ်ရုပ်တစ်ခု ဖြစ်လာနိုင်ခြေ ရှိနေသဖြင့် ကျန်းချန်သည် သူ့အမေ ကျီဝူရွှယ်၏ ဘေးကင်းရေး အတွက် သဘာဝကျစွာပင် စိုးရိမ်ပူပန်နေမိသည်။

ထာဝရဘုရားကျောင်းသည် ထာဝရ ဟင်းလင်းပြင် တစ်ခုလုံးတွင် ဖြန့်ကျက်ထားသော အင်အားစု ဖြစ်သည်။

နန်းတော်သခင်ရှင်းက မဟာမြေရိုင်းနယ်မြေ၏ အခြေအနေကို ဂရုစိုက်နေသရွေ့ သတင်းများကို သူ့ထံ အမြန်ဆုံး ပို့ပေးနိုင်မည် ဖြစ်ရာ သူက ပို၍ စိတ်အေးနိုင်မည် မဟုတ်ပါလား။

"ညီနောင် ကျန်းချန် စိတ်မပူပါနဲ့.. ထာဝရ မဟာပွဲတော် ပြီးတာနဲ့ ငါ ရှချန်းကို တာဝန်ပေးပြီး မဟာမြေရိုင်းနယ်မြေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို အသေအချာ စောင့်ကြည့်ခိုင်းလိုက်ပါ့မယ်"

ရှင်းထျန်းချီက အခိုင်အမာ ကတိပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် နန်းတော်သခင်ရှင်း"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထာဝရဘုရားကျောင်း၏ အတွင်းပိုင်း နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

နတ်ကုန်းမြေတိုက် ဆီသို့ သူ သွားရမည့် အချိန်က ရောက်လာပြီ ဖြစ်သည်။

ထိုနေရာသို့ သွားရန် အကောင်းဆုံး နည်းလမ်းမှာ ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန် ဖြစ်သည်။

ယမန်နေ့က ထာဝရဘုရားကျောင်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူသည် သူ့ထံ စိတ်ချင်းဆက်သွယ်၍ ပြောဆိုခဲ့၏။

ထို့ကြောင့် ကျန်းချန်သည် ထို​နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ တည်နေရာကို ခပ်ရေးရေး အာရုံခံမိခဲ့သည်။

သူက ထိုနတ်ဘုရင် နှင့် ကိုယ်တိုင် စကားပြောရန် ရည်ရွယ်ထားပြီး ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုခွင့် တောင်းခံလိုခဲ့၏။

ကျန်းချန်က ထာဝရဘုရားကျောင်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူကို ရှာဖွေရန် ပြင်နေစဉ်မှာပင် ထာဝရဘုရားကျောင်း၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းကင်အရှင် တစ်ပါးသည် ကျန်းချန်ထံ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

"အရှင်ကျန်းချန် .. ကျွန်တော်က နန်းတော်သခင်ရဲ့ အမိန့်အရ ဒီကို လက်ဆောင်တစ်ခု လာပေးတာပါ"

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူက ကျန်းချန်ကို ရိုသေစွာ ပြောလိုက်ပြီး ကျန်းချန်၏ အရှေ့တွင် ရိုးရှင်းသော သစ်သား သေတ္တာ တစ်လုံးကို ချထားလိုက်သည်။

ကျန်းချန်က သစ်သား သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ သေတ္တာထဲတွင် ခရမ်းရောင် ထာဝရ တံဆိပ်ပြား တစ်ခုကို တွေ့လိုက်ရသည်။

ထိုထာဝရတံဆိပ်ပြားသည် ရှင်းထျန်းချီ သူ့ကို ပေးခဲ့ဖူးသည့် ရွှေရောင် ထာဝရ တံဆိပ်ပြားထက် ပိုမို အဆင့်မြင့်ပြီး သိသိသာသာပင် လျှို့ဝှက် ဆန်းပြားနေခဲ့သည်။

ဆိုရလျှင် ခရမ်းရောင် ထာဝရ တံဆိပ်ပြားသည် ထာဝရဘုရားကျောင်း၏ အထွတ်အထိပ် ထာဝရ တံဆိပ်ပြား ဖြစ်ရန် အလားအလာ အလွန်များနေ၏။

"အထွတ်အထိပ် ထာဝရ တံဆိပ်ပြားပါလား"

ရှင်းထျန်းချီက သေတ္တာထဲမှ ခရမ်းရောင် တံဆိပ်ပြားကို မြင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အထွတ်အထိပ် ထာဝရ တံဆိပ်ပြား ဆိုသည်မှာ ထာဝရဘုရားကျောင်း၏ အမြင့်ဆုံး ထာဝရ တံဆိပ်ပြား ဖြစ်၏။

အထွတ်အထိပ် ထာဝရ တံဆိပ်ပြားကို ကိုင်ဆောင်ထားသူများသည် ထာဝရဘုရားကျောင်းတွင် အလွန်ပင် မြင့်မားသော အဆင့်အတန်း ရှိပြီး ပင်မခန်းမ၏ အကြီးအကဲများနှင့် အဆင့်အတန်း တူညီကာ ပင်မခန်းမများကိုပင် အမိန့်ပေးနိုင်သည်။

ကျင့်ကြံခြင်းလောက တစ်ခုလုံးကို ကြည့်လျှင်ပင် အထွတ်အထိပ် ထာဝရ တံဆိပ်ပြားကို ရရှိထားသူများသည် လက်ချိုးရေတွက်၍ပင် ရသည်။

ကျန်းချန်ကို တောင်ဘက်ပင်မခန်းမ၏ နန်းတော်သခင် ပေးမည့် လက်ဆောင်က အထွတ်အထိပ် ထာဝရ တံဆိပ်ပြား ဖြစ်နေလိမ့်မည်ဟု ရှင်းထျန်းချီ မထင်ထားခဲ့ပေ။

သို့သော်လည်း ကျန်းချန်က လမ်းစဥ် ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပထမဆုံး ကောင်းကင် နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သည်ကို တွေးမိလျှင် ရှင်းထျန်းချီသည် လျင်မြန်စွာပင် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ် ပါရမီဖြင့်သာ ဆိုလျှင် ထာဝရဘုရားကျောင်းက အထွတ်အထိပ် ထာဝရ တံဆိပ်ပြားဖြင့် သိမ်းသွင်းရန် ကြိုးစားခြင်းမှာ လွန်သည်ဟု မဆိုနိုင်ပေ။

ကျန်းချန်က သူ၏ လက်ထဲမှ အထွတ်အထိပ် ထာဝရ တံဆိပ်ပြားကို အသေအချာ ကြည့်လိုက်ပြီးနောက်တွင် သူ၏ ရှေ့ရှိ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။

"ဒီတံဆိပ်ပြားနဲ့ ဆိုရင် ထာဝရဘုရားကျောင်းကနေ နတ်ကုန်းမြေတိုက် ဆီကို တည်နေရာ ရွှေ့ပြောင်းခွင့် ရှိလား"

တောင်ဘက်ပင်မခန်းမကို စရောက်ကတည်းကပင် အထွတ်အထိပ် ထာဝရ တံဆိပ်ပြား ရှိပါက ထာဝရဘုရားကျောင်းကနေ နတ်ကုန်းမြေတိုက် ဆီသို့ တည်နေရာ ရွှေ့ပြောင်းနိုင်ကြောင်း သူ ကြားဖူးခဲ့သည်။

ဆိုရလျှင် ဤတံဆိပ်ပြား လက်ဝယ် ရှိနေသ၍ ထာဝရဘုရားကျောင်းမှ နတ်ဘုရင်အဆင့် ကျင့်ကြံသူကို ရှာရန် မလိုအပ်တော့ပေ။

"သေချာပေါက် ရတာပေါ့"

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ နတ်ကုန်းမြေတိုက်က တခြားနယ်မြေတွေနဲ့ မတူဘူး.. အရှင် ကျန်းချန် အနေနဲ့ နတ်ကုန်းမြေတိုက်ကို သွားချင်တယ်ဆိုရင် နန်းတော်သခင်နဲ့ တွေ့ဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ"

"ဒါဆိုရင် ပိုအဆင်ပြေသွားတာပေါ့"

ကျန်းချန်က ပြုံးလိုက်ပြီး ရှင်းထျန်းချီ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"နန်းတော်သခင်ရှင်း.. ကျွန်တော် နတ်ကုန်းမြေတိုက်ဆီ သွားတော့မယ်.. နန်းတော်သခင်ရှင်းရဲ့ ဆန္ဒတွေ ပြည့်ဝပြီး ထိပ်ဆုံးကို ပြန်ရောက်ဖို့ မျှော်လင့်ပါတယ်"

ရှင်းထျန်းချီက အံ့သြသွားခဲ့သည်။

"ညီနောင် ကျန်းချန်က ထွက်သွားတော့မလို့လား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒီတစ်ကြိမ် ထာဝရဘုရားကျောင်းရဲ့ တောင်ဘက်ပင်မခန်းမကို လမ်းကြုံလို့ ဝင်လာရုံပါပဲ"

ဟော်ထျန်းယန်က ကျန်းချန် ၏ ခရီးစဉ် ရည်ရွယ်ချက်ကို သိရှိပြီး ဖြစ်သောကြောင့် စကားအများကြီး မပြောတော့ဘဲ ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်.. နှုတ်ဆက်ပါတယ် .. အနာဂတ်မှာ အခွင့်အရေး ရခဲ့ရင် နတ်ကုန်းမြေတိုက်ဆီ လာပြီး မင်းဆီ လာလည်မယ်"

"ကောင်းပြီ.. ငါ နတ်ကုန်းမြေတိုက်ကနေ မင်းကို စောင့်နေမယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီး ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ နောက်သို့ တစ်ခါတည်း လိုက်ပါသွားခဲ့သည်။

အခန်း(၂၀၃၁) ပြီး၏

အခန်း(၂၀၃၂)

ကျန်းချန်သည် ရှင်းထျန်းချီ နှင့် အခြားသူများကို နှုတ်ဆက်ခဲ့ပြီးနောက် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ၏ ဦးဆောင်မှုဖြင့် ထာဝရဘုရားကျောင်း၏ အတွင်းပိုင်းရှိ ခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ခန်းမ၏ အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုလူ၏ ခန္ဓာကိုယ်ကနေ အသက်ရှူကြပ်မတတ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

"နန်းတော်သခင်.. ကျွန်တော် အထွတ်အထိပ် ထာဝရ တံဆိပ်ပြားကို အရှင်ကျန်းချန်ဆီ ပေးအပ်ခဲ့ပြီးပါပြီ.. ဒါပေမဲ့ အရှင်ကျန်းချန်က ထာဝရဘုရားကျောင်းကနေ တစ်ဆင့် နတ်ကုန်းမြေတိုက် ဆီကို သွားချင်တယ်လို့ ​တောင်းဆိုတဲ့အတွက် နန်းတော်သခင်ဆီ ခေါ်လာခဲ့တာပါ"

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူက လေးစားစွာ ပြောလိုက်သည်။

ထိုခဏတွင် သန်မာထွားကြိုင်းသော အမျိုးသား၏ နက်ရှိုင်းသော အကြည့်များက ကျန်းချန် ထံသို့ ကျရောက်လာခဲ့သည်။

သူက ပြုံးရွှင်စွာ ပြောလိုက်၏။

"လမ်းစဥ် ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နတ်ဘုရား ကျန်းချန်.. ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ပြောင်းလဲလို့မရတဲ့ ဥပဒေသတွေကို ချိုးဖျက်နိုင်တဲ့သူ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး"

ကျန်းချန်က သူ၏ရှေ့မှ သန်မာထွားကြိုင်းသော အမျိုးသားကို ကြည့်လိုက်ပြီးနောက်တွင် စိတ်နှလုံး အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

[နတ်ဘုရင်အဆင့်​ရဲ့ မဟာလမ်းစဥ် စွမ်းအားပါလား]

သူ့ရှေ့မှ သန်မာထွားကြိုင်းသည့် အမျိုးသားသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့၏။

သို့သော် ယမန်နေ့က သူ့ဆီကို စိတ်ချင်းဆက်သွယ်ကာ ပြောဆိုခဲ့သည့် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်သည်မှာ သေချာ၏။

တစ်နည်းအားဖြင့် ပြောရလျှင် ဤထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိနေနိုင်ခြင်းပင်။

ပင်မခန်းမတစ်ခုတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိနေသည် ဆိုလျှင် ထာဝရဘုရားကျောင်း၏ ပင်မခန်းမ လေးခုလုံးသာ ဆိုလျှင် ထာဝရဘုရားကျောင်း၌ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရှစ်ယောက် ရှိနေသည့် အဓိပ္ပါယ်ပင် မဟုတ်လား။

ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင် တစ်ခုလုံးကို ဖြန့်ကျက်ကာ တည်ရှိနေပြီး နတ်ဘုရင် အဆင့် ကျင့်ကြံသူများကို ကြောက်ရွံ့စေသော တည်ရှိမှုမျိုးမှန်း ကျန်းချန် ယခင်ကတည်းက သိထားသော်လည်း ထာဝရဘုရားကျောင်း၏ အင်အားက ယခုလောက်ထိ နက်ရှိုင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ ကျင့်ကြံခြင်း လောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အဆင့် ဖြစ်သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ထာဝရဟင်းလင်းပြင် ထဲရှိ နယ်မြေများကို လွှမ်းမိုးထားနိုင်၏။

နတ်ဘုရင်အဆင့်သည် နတ်ကုန်းမြေတိုက်ကြီးမှာပင် ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ် အဆင့် ဖြစ်သည်။

သို့ဖြစ်ရာ နတ်ဘုရင် ရှစ်ယောက်ခန့် ပိုင်ဆိုင်ထားသော ထာဝရဘုရားကျောင်းသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းမည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

ဤအတိုင်းဆို နတ်ကုန်းမြေတိုက်ကြီးမှာပင် ထာဝရဘုရားကျောင်းနှင့် ယှဉ်နိုင်သည့် နတ်ဘုရင် အင်အားစုမှာ လက်ချိုးရေတွက်၍ပင် ရလောက်၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ကျင့်ကြံတယ် ဆိုတာက ကောင်းကင်ကို ဆန့်ကျင်နေတာပဲလေ.. ကျွန်တော်က လူအများစု မကြိုးစားရဲတဲ့ အရာတွေကို ကြိုးစားကြည့်ခဲ့ရုံပါ"

"ဒီလို ဆိုပေမဲ့လည်း ဒီလောကမှာ ကြိုးစားတိုင်း အောင်မြင်မှာ မဟုတ်တဲ့ အရာအချို့တော့ ရှိတယ်"

သန်မာထွားကြိုင်းသော အမျိုးသားက ထိုကိစ္စကို ဆက်မပြောတော့ဘဲ ခေါင်းစဥ် ပြောင်းကာ ပြောလိုက်သည်။

"မင်းက နတ်ကုန်းမြေတိုက်ကို သွားမလို့လား"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်.. နတ်ကုန်းမြေတိုက်ကို သွားဖို့အတွက် ထာဝရဘုရားကျောင်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုချင်တာပါ.. နန်းတော်သခင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"

"နတ်ကုန်းမြေတိုက်က တခြားနေရာတွေနဲ့ မတူဘူး.. ငါတို့ ထာဝရဘုရားကျောင်းက နတ်ကုန်းမြေတိုက်ကနေ ထာဝရဘုရားကျောင်း ဆီကိုပဲ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်နိုင်တယ်.. ထာဝရဘုရားကျောင်းကနေတော့ နတ်ကုန်းမြေတိုက်ဆီကို လူတွေ ပို့ပေးဖို့တော့ မလွယ်ဘူး"

"နတ်ကုန်းမြေတိုက်ဆီ ပို့ပေးရမယ့် အခြေအနေတွေက အရမ်း ခက်ခဲတယ်.. မင်း ငါနဲ့အတူ လိုက်ခဲ့ပါ"

ထိုစကားကို ပြောပြီးနောက်တွင် သန်မာထွားကြိုင်းသော အမျိုးသားသည် ကျန်းချန်ကို အတွင်းခန်းမဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

မကြာခင်မှာပင် သန်မာထွားကြိုင်းသော အမျိုးသားသည် ကျန်းချန်ကို ပေထောင်ချီ ကျယ်ဝန်းသော ခန်းမကြီး တစ်ခုထဲသို့ ခေါ်လာခဲ့၏။

ခန်းမကြီးက အလွန်ပင် ဟာလာဟင်းလင်း ဖြစ်နေပြီး ခန်းမအလယ်တွင် အစီအရင် သင်္ကေတ များစွာ ဝိုင်းရံထားသော နေရာလွတ် အစီအရင် တစ်ခု တောက်ပစွာ ရှိနေခဲ့သည်။

ထိုနေရာလွတ် အစီအရင်ဘေးတွင် ထူးခြားသော အဘိုးအို လေးဦးသည် တင်ပျဥ်ခွေ၍ ထိုင်နေကြပြီး တစ်ဦးစီတွင် အလွန် နက်နဲသော အရှိန်အဝါများ ရှိနေကြ၏။

သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျန်းချန်.. နတ်ကုန်းမြေတိုက်ရဲ့ ကောင်းကင် ဥပဒေသတွေက အရမ်း အားကောင်းတယ်.. ပြင်ပကမ္ဘာကနေ နတ်ကုန်းမြေတိုက် ဆီကို တိုက်ရိုက် ဆက်သွယ်ပေးမယ့် လမ်းကြောင်းကို တည်ဆောက်ဖို့ နည်းလမ်း မရှိဘူး"

"ငါတို့ ထာဝရဘုရားကျောင်းက ဒီနေရာလွတ် အစီအရင်ကို အသက်သွင်းဖို့ ကောင်းကင်အရှင် အဆင့် အစီအရင်သခင် လေးယောက်ကို သုံးပြီး မင်းကို နတ်ကုန်းမြေတိုက်ဆီ ရောက်အောင် ပို့ပေးမှပဲ ရလိမ့်မယ်"

"အဲဒီအခါကျရင် မင်း နတ်ကုန်းမြေတိုက်ရဲ့ ဘယ်နေရာကို ရောက်သွားမလဲ ဆိုတာကတော့ ကျပန်းပဲ ဖြစ်လိမ့်မယ်.. မင်းအတွက် ပြဿနာ မရှိဘူး ဆိုရင်တော့ နေရာလွတ် အစီအရင်ထဲကို ဝင်လိုက်ပါ"

သန်မာထွားကြိုင်းသော အမျိုးသားက ကျန်းချန်ကို ရှင်းပြလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခန်းမ၏ အလယ်ဗဟိုရှိ နေရာလွတ် အစီအရင် ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် နေရာလွတ် အစီအရင် ဘေးတွင် တင်ပျဥ်ခွေ၍ ထိုင်နေသော အဘိုးအို လေးဦးသည် လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး သူတို့ရှေ့ရှိ နေရာလွတ် အစီအရင် ဆီသို့ စွမ်းအားများ ပစ်လွှတ်လိုက်သည်။

ရုတ်တရက် ကြီးမားသော နေရာလွတ် စွမ်းအား တစ်ခုသည် နေရာလွတ် အစီအရင် ထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် နေရာလွတ် အစီအရင် ထဲကနေ တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားခဲ့၏။

----------------

နတ်ကုန်းမြေတိုက်ရှိ လူသူကင်းမဲ့၍ တိတ်ဆိတ်နေသော တောင်ပေါ်တောအုပ် တစ်ခုထဲရှိ လေထုထဲတွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် မူလက အလွန် တည်ငြိမ်နေသော ကောင်းကင်ယံတွင် ရုတ်တရက် ပေတစ်ရာခန့် ရှည်လျားသော အနက်ရောင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုအက်ကြောင်းထဲကနေ အနက်ရောင် ပုံရိပ်တစ်ခု ရိပ်ခနဲ ထွက်ပေါ်လာခဲ့သည်။

ဤအနက်ရောင် ပုံရိပ်သည် တခြားသူ မဟုတ်ဘဲ ထာဝရဘုရားကျောင်း၏ နေရာလွတ် အစီအရင် ထဲသို့ ဝင်ရောက်ခဲ့သော ကျန်းချန်ပင် ဖြစ်သည်။

"ဒါက နတ်ကုန်းမြေတိုက်လား"

ကျန်းချန်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

နတ်ကုန်းမြေတိုက်သည် နတ်ဘုရားနယ်မြေ၏ ဗဟိုချက်မ နယ်မြေ ဖြစ်သည်မှာ အမှန်ပင်။

ဤနေရာရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ကျန်းဝူ ကောင်းကင် နယ်မြေနှင့် နှိုင်းယှဉ်လျှင်ပင် ဆယ်ဆမက ပို၍ ကြွယ်ဝသည်။

ထို့အပြင် ကျန်းချန်သည် ဤနေရာရှိ ကောင်းကင် ဥပဒေသ များက ထာဝရဟင်းလင်းပြင် တစ်ခုလုံးရှိ အခြားသော နယ်မြေများနှင့် အခြေခံအားဖြင့် ကွာခြားနေသည်ကို ခပ်ရေးရေး ခံစားမိခဲ့သည်။

ထိုကွာဟချက်သည် ရှေးဟောင်းနဂါး နယ်မြေကနေ မဟာမြေရိုင်းနယ်မြေဆီ ရောက်စဥ်က ခံစားခဲ့ရသည့် ကွာဟချက်ထက်ပင် ပိုကြီးမားနေသေး၏။

"ဒီနေရာမှာ နေထိုင်တဲ့ ကျင့်ကြံသူတွေက ပိုပြီး ထိထိရောက်ရောက် ကျင့်ကြံနိုင်မှာပဲ.. အဆင့်တူချင်း ယှဥ်မယ်ဆိုရင် အခြားနယ်မြေတွေက ကျင့်ကြံသူတွေထက် ပိုအစွမ်းထက်မှာ သေချာသလောက်ပဲ"

"ထာဝရဘုရားကျောင်းရဲ့ နေရာလွတ် အစီအရင်က ငါ့ကို ကျပန်း ပို့ဆောင်လိုက်တာ ဆိုတော့ အခု ငါ ဘယ်နေရာကို ရောက်နေလည်း မသိဘူး.. တစ်နေရာရာကို သွားပြီး စုံစမ်းကြည့်ရမယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီး စဥ်းစားရင်းဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

သူက ယခု နတ်ကုန်းမြေတိုက်ကို ရောက်ရှိနေပြီ ဖြစ်ရာ လက်ရှိတွင် လုပ်ဆောင်ရမည့် အဓိကအချက် သုံးချက် ရှိသည်။

ပထမအချက်မှာ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုထံ သွားရောက်ပြီး မုန့်ချင်းရွှယ် နှင့် ကူဖုန်းအာ တို့ကို ရှာဖွေရန် ဖြစ်သည်။

ဒုတိယအချက်မှာ လူသားဧကရာဇ် နန်းတော် ဆီသို့ သွားပြီး သူ၏ ဖခင် ကျန်းဝူရကို ရှာတွေ့နိုင်မလား သွားကြည့်ရန် ဖြစ်သည်။

တတိယအချက်မှာ သူ့​ဆရာ ရွှယ်သောင်း နှင့် ပြန်လည် ဆုံတွေ့ရန် ဖြစ်၏။

ရှေးဟောင်း နတ်မျိုးနွယ်စု ဖြစ်သော နတ်ဖီးနစ် မျိုးနွယ်စု သည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း မျိုးနွယ်စု ဖြစ်သဖြင့် ဘေးကင်းစေရန်အတွက် ကျန်းချန်က အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်ရှိမှ သွားရန် စီစဉ်ထားသည်။

လူသားဧကရာဇ် နန်းတော်ကမူ နတ်ကုန်းမြေတိုက်တွင် အလွန် လျှို့ဝှက်ပြီး လူအများစုသည် လူသားဧကရာဇ် နန်းတော်၏ တည်နေရာကိုပင် မသိကြပေ။

ထို့ကြောင့် ကျန်းချန် အနေဖြင့် လူသားဧကရာဇ် နန်းတော်ထံ တိုက်ရိုက် သွားရန်မှာ မဖြစ်နိုင်ချေ။

လက်ရှိတွင် ကျန်းချန် အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ ဆရာသခင် ရွှယ်သောင်း နှင့် ပြန်လည် ဆုံတွေ့ရန် ဖြစ်သည်။

အဆုံးသတ်တွင် နတ်ကုန်းမြေတိုက်သည် နတ်ဘုရား နယ်မြေ၏ ဗဟိုချက်မ ဖြစ်ပြီး မဟာကပ်ဘေးကြီး အပြီးတွင် ကျန်ရှိနေသော နတ်ဘုရား နယ်မြေ၏ အကောင်းမွန်ဆုံး အစိတ်အပိုင်း ဖြစ်၍ မည်သည့် နယ်မြေထက်မဆို ပို၍ ကျယ်ဝန်းသည်။

ကျန်းဝူ ကောင်းကင် နယ်မြေပင်လျှင် နတ်ကုန်းမြေတိုက်နှင့် နှိုင်းယှဥ်လျှင် တစ် ရာခိုင်နှုန်းလောက်သာ ရှိသည်။

ဤကဲ့သို့ ကျယ်ပြောလှသော နတ်ကုန်းမြေတိုက်ကြီး ပေါ်တွင် ယခုမှ ရောက်ရှိလာသော ကျန်းချန်မှာ ခေါင်းမပါသော ယင်ကောင် တစ်ကောင်လို ဖြစ်နေခဲ့သည်။

သူ့ဆရာ ရွှယ်သောင်းသည် နတ်ကုန်းမြေတိုက်မှ လာသူ ဖြစ်၍ နတ်ကုန်းမြေတိုက်နှင့် ပတ်သက်ပြီး သူ့ထက် ပိုရင်းနှီးမည်မှာ သေချာသည်။

သူသာ သူ့ဆရာ ရွှယ်သောင်း နှင့် ပြန်လည် ဆုံတွေ့နိုင်သရွေ့ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုကို သွားသည်ဖြစ်စေ၊ လူသားဧကရာဇ် နန်းတော်ကို သွားသည်ဖြစ်စေ ပို၍ လွယ်ကူသွားမည်မှာ သေချာ၏။

ကျန်းချန်က လမ်းတစ်လျှောက်လုံး တစ်နာရီခန့် ပျံသန်းပြီးချိန်တွင် ကြီးမားသော မြို့ကြီးတစ်မြို့၏ ပုံရိပ်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

အခန်း(၂၀၃၂) ပြီး၏

All Chapters