← Chapters

ရှေးဟောင်း သိုင်းသူတော်စင် ထျန်းကျန့် (အပိုင်း ၃)

Vol. 25 Ch. 362

ရှေးဟောင်း သိုင်းသူတော်စင် ထျန်းကျန့် (အပိုင်း ၃)

Vol. 25 Ch. 362

~သံလိုက်အိမ်မြှောင်သည် သွေးရင့်ရောင် လွှမ်းနေပြီး ရွှေရောင် အလင်းတန်းလေးများက မှိန်ဖျော့ဖျော့ လင်းလက်နေ၏။ ကြည့်လိုက်လျှင် နေမင်းကြီး တစ်စင်းပမာပင်။ မျက်နှာပြင်ပေါ်မှာတော့ ရွှေကျီးကန်း၊ မီးခြင်္သေ့၊ မီးကျီးကန်း စသည့် ထူးဆန်းသော သားရဲပုံရိပ်များ ထွင်းထုထားလေ၏။ တချို့ပုံရိပ်များက ဝါးတားတား ဖြစ်နေသော်လည်း ရွှေကျီးကန်းထက်ပင် ပိုမို၍ အစွမ်းထက်မည့်ပုံ ပေါက်နေ၏။

နင်ချီ အနည်းငယ် အံ့သြသွားရလေ၏။

'ကြည့်ရတာ... ဒီ နေနီ သိုင်းသူတော်စင် ဆိုတဲ့ကောင်... သူ့ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ပြန်မရောက်သေးဘူးပဲ... ဒီရတနာရဲ့ စွမ်းအားတချို့ကိုတောင် သူ ထုတ်မသုံးနိုင်သေးပါလား...'

အတွင်းထဲ၌မူ ပူပြင်းလှသည့် စွမ်းအားများ စုဝေးနေချေသည်။

ယွီဘုရင် ပုလဲ နှင့် ယှဉ်လိုက်မည်ဆိုလျှင် ဤလျှို့ဝှက်ရတနာ၏ ဖျက်ဆီးနိုင်စွမ်းက ပို၍ပင် ပြင်းထန်သေးတော့၏။

သူက ပိုပြီး နက်နက်ရှိုင်းရှိုင်း စမ်းသပ်ကြည့်လိုက်ရာ ရုတ်တရက် ရပ်တန့်သွားမိသည်။

“တံဆိပ်ခတ်နှိပ်ထားတာလား”

နင်ချီ ရယ်မောလိုက်လေ၏။

ဒါက သူ့အတွက်တော့ အခက်အခဲ တစ်ခု မဟုတ်ပါချေ။

သူ၏ နတ်ဘုရား အာရုံခံစားများ ဒလဟော စီးဆင်းသွားပြီး ဝိညာဉ်စွမ်းအင်၏ လမ်းပြမှုအောက်တွင် အတွင်းပိုင်း တည်ဆောက်ပုံကို သတိကြီးကြီးထားကာ စူးစမ်းလိုက်၏။

ဝိညာဉ်အလင်းတန်းများ သူ့စိတ်ထဲတွင် လက်ခနဲ ဖြစ်သွားသည်နှင့် ဗဟိုချက်မမှ စွမ်းအားကို နငချီ စတင် ဖြိုခွင်းလိုက်တော့၏။

...

တစ်ချိန်တည်းမှာပင်။

နေနီဂိုဏ်း၌၊

နေနီ သိုင်းသူတော်စင် ပြန်ရောက်လာကတည်းက ဂိုဏ်းတစ်ခုလုံး၏ လေထုမှာ လေးလံ ဖိစီးနေတော့၏။

သိုင်းသူတော်စင်ကြီး အပြင်မှာ အရှက်ကွဲလာပြီး ဒေါသ အကြီးအကျယ် ထွက်နေမှန်း လူတိုင်း သိရှိကြသည်။ သိုင်းပညာရှင်များဆိုလျှင် အသက်ကိုပင် ရဲရဲမရှူရဲဘဲ မိုးကြိုးပစ်ခံရမည်ကို စိုးရိမ်သဖြင့် ခြေသံလုံလုံနှင့် သွားလာနေကြရရှာသည်။

သို့သော် ခဏအကြာ၌မူ၊

ကြောက်မက်ဖွယ်ကောင်းသည့် နေမင်းကြီး၏ အလင်းရောင်က နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဖိနှိပ်ထားသော ဒေါသတကြီး ဟိန်းဟောက်သံက ကောင်းကင်ယံဝယ် ပဲ့တင်ထပ်သွားရာ လူတိုင်း အသည်းထိတ် ကုန်ကြတော့၏။

“ထျန်းကျန့်... ခွေးကောင်... မင်း တော်တော် လွန်လာပါလား”

နေနီ သိုင်းသူတော်စင်၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာသည်။

ယခုလေးတင်ပင်၊

မဟာနေမင်း သံလိုက်အိမ်မြှောင်ထဲ၌ သူ ချန်ထားခဲ့သော ဝိညာဉ်စွမ်းအင် တံဆိပ်တော်ကို တစ်စုံတစ်ယောက်က အတင်းအဓမ္မ ဖျက်ဆီးလိုက်ကြောင်း အာရုံခံလိုက်မိသည်။

ဆိုလိုသည်မှာ မဟာနေမင်း သံလိုက်အိမ်မြှောင်အပေါ် ထားရှိသည့် သူ၏ ထိန်းချုပ်မှု အားလုံး ယာယီ ပြတ်တောက်သွားခြင်း ဖြစ်ချေသည်။

ယခင်ကမူ နင်ချီက ကိုယ့်အဆင့်ကိုယ် နားမလည်ဘဲ ရှေးဟောင်း သူတော်စင်၏ အသက်သွေးကြော လျှို့ဝှက်ရတနာကို လိုချင်ရသလား ဟု သူ လှောင်ပြောင်ခဲ့သေး၏။ သို့သော် မထင်မှတ်ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့် ဒေါသထွက်ခြင်းနှင့် မယုံကြည်နိုင် ဖြစ်ရခြင်းတို့ ပေါင်းစပ်ကာ ရူးမတတ် ဖြစ်နေတော့၏။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီတံဆိပ်က သာမန်လူ ဖျက်နိုင်တာ မဟုတ်ဘူး...'

'ကောင်းကင်သတ် သိုင်းသူတော်စင် လက်ချက်လား... ဒါမှမဟုတ် ဟို လိပ်အိုကြီး ဝင်ပါတာလား...'

နေနီ သိုင်းသူတော်စင်၏ မျက်နှာထားက မှုန်ကုပ်လိုက် မည်းမှောင်လိုက်ဖြင့် အမျိုးမျိုး ပြောင်းလဲနေလေ၏။

သူ အတော်လေး ဂနာမငြိမ် ဖြစ်နေရှာ၏။

မဟာနေမင်း သံလိုက်အိမ်မြှောင် မရှိတော့၍ သူ ထာဝရ ကျဆုံးသွားမည် မဟုတ်သော်ငြား၊ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်နေသည်ကတော့ အမှန်ပင်။ ဝိညာဉ် နိုးထခြင်း ဖြစ်ပေါ်လာသည့်အခါ သူ၏ စွမ်းအားများ ပြန်လည်ရယူမည့် အစီအစဉ်ကိုပါ ထိခိုက်စေနိုင်သည်။

'တောက်... ဒီကောင်လေးရဲ့ နောက်ခံက ခန့်မှန်းရ ခက်လွန်းတယ်... ပြီးတော့ ဟို လိပ်အိုကြီးကလည်း သူ့ဘက်က ပါနေတယ်... လောလောဆယ်တော့ သည်းခံနေမှ ရမယ့် အခြေအနေပဲ'

နေနီ သိုင်းသူတော်စင် အံကို ကြိတ်လိုက်လေ၏။

'ခဏလောက် စောင့်ဦးမယ်... ဇီယွဲ့ ပြန်ရောက်လာတဲ့အထိ စောင့်လိုက်ဦးမယ်... အဲဒီကျမှ ဝိညာဉ် နိုးထခြင်း ဖြစ်တဲ့အချိန် နှစ်ယောက်ပေါင်းပြီး လက်စားချေ တိုက်ခိုက်ပစ်မယ်... အဲဒီအချိန်ကျရင် ကောင်းကင်သတ် သိုင်းသူတော်စင် ကလည်း သူ့ရဲ့ အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်နေမှာဆိုတော့ တခြားကိစ္စတွေကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး... အဲဒါ အကောင်းဆုံး အခွင့်အရေးပဲ'

နေနီ သိုင်းသူတော်စင် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဂနာမငြိမ် ဖြစ်နေသော စိတ်များကို အတင်း ဖိနှိပ်ထားလိုက်၏။

နောက်ဆုံး၌မူ သူ ဆုံးဖြတ်ချက် ချလိုက်လေ၏။

လောလောဆယ်တွင် ခေါင်းငုံ့ခံနေလိုက်ဦးမည်။

...

တာအိုရှာဖွေခြင်း ကျောင်းတော်၌၊

နင်ချီ၏ မျက်လုံးများတွင် ပျော်ရွှင်ရိပ်များ သန်းနေ၏။

လက်ဖဝါးလောက်အထိ အရွယ်အစား သေးငယ်သွားသော မဟာနေမင်း သံလိုက်အိမ်မြှောင်ကို သူ လက်ထဲတွင် လှည့်ပတ် ကစားနေလိုက်သည်။ တံဆိပ်တော်ကို ဖျက်ဆီးပြီးသည့်နောက်တွင် သံလိုက်အိမ်မြှောင်က ယဉ်ပါးသွားပြီး နင်ချီ သဘောရှိ လုပ်သမျှ ငြိမ်ခံနေတော့၏။ သူ သေချာ အာရုံခံကြည့်လိုက်သည့်အခါ အတွင်းထဲ၌ မီးဓာတ် စွမ်းအားများ အများအပြား ပါဝင်နေသည်ကို တွေ့ရှိလိုက်ရ၏။

သူသာ ဤအရာကို အသုံးပြုလိုက်ပါက ထွက်ပေါ်လာမည့် စွမ်းအားသည် နေနီ သိုင်းသူတော်စင် ထက်ပင် သာလွန်သွားနိုင်ပေ၏။

'ဒီ နေနီ သိုင်းသူတော်စင်က... တကယ့် အသုံးမကျတဲ့ လူပဲ... ဒီလောက်နှစ်တွေ အကြာကြီး နေလာပြီး ဘာမှလည်း အသုံးမကျပါလား... အကျင့်စရိုက် ယုတ်ညံ့တာလည်း မပြောနဲ့တော့...'

နင်ချီ့ စိတ်ထဲ၌ အထင်အမြင်သေးစွာ တွေးလိုက်မိလေ၏။

သို့သော်လည်း ကျေးဇူးတင်စရာတော့ ကောင်းသား။ သူ့အတွက် အချောင်ရလိုက်သလိုပင်။

သူ့တွင် အကြံအစည် ရှိပြီးသား ဖြစ်ချေသည်။

အချိန်တန်လျှင် ဤ မဟာနေမင်း သံလိုက်အိမ်မြှောင်ကို အဆင့်တက်ရန်အတွက် ကျောက်တုံးတစ်တုံးသဖွယ် နင်းပြီး တက်လှမ်းပစ်လိုက်မည်။

'နှမြောစရာပဲ... ဒီလို အခွင့်အရေးက ရခဲပါတယ်ဆိုမှ... ပထမအချက်က တခြား ရှေးဟောင်း သူတော်စင်တွေကလည်း မရိုးရှင်းဘူး... ပြီးတော့ ကောင်းကင်သတ် သိုင်းသူတော်စင်လည်း ရှိသေးတယ်... ဒီတစ်ခေါက်သာ လိပ်အိုကြီး မျက်နှာ မထောက်ရင် မဟာနေမင်း သံလိုက်အိမ်မြှောင်ကိုတောင် ရမှာ မဟုတ်ဘူး...'

နင်ချီ မကျေမနပ် ဖြစ်နေသေး၏။

သူ ခဏလောက် ဆက်ကစားနေလိုက်လေ၏။

နောက်ဆုံးတွင်မူ သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်လေ၏။

ဤနည်းအားဖြင့် သူ၏ နည်းဗျူဟာများက ပိုပြီး စုံလင်လာသလို၊ ခံနိုင်ရည် စွမ်းအားကလည်း အများကြီး မြင့်တက်လာသည်။

ယခုရော၊ နောင်အနာဂတ်၌ပါ...

အကျိုးကျေးဇူးများက အများကြီး ရှိလာမည်မှာ အသေအချာပင်။

ဤကိစ္စ ပြီးသွားတော့မှ နင်ချီ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေ၏။

နောက်တစ်ဆင့်မှာ အသက်အဆိပ်ကို စစ်ထုတ်မည့် နည်းလမ်းကို ဖန်တီးရန် အာရုံအပြည့် စိုက်ရတော့မည်။ ဤတစ်ခေါက်တွင် အသက်အဆိပ်ကို ဖယ်ရှားရန် ရှေးဟောင်း သူတော်စင်များ တီထွင်ထားသော နည်းလမ်းကို ရထားသဖြင့် အသက်အဆိပ် နေရာကို ရှာဖွေရသည့် ပြဿနာက ပြေလည်သွားပြီ ဖြစ်လေ၏။ ဤ လျှို့ဝှက်နည်းစနစ်ကို အခြေခံပြီး ဝိညာဉ် နိုးထခြင်း မတိုင်ခင် ဖန်တီးနိုင်မည်ဟု နင်ချီ ယုံကြည်ချက် ရှိနေ၏။

သို့သော်။

ဤ လျှို့ဝှက်နည်းစနစ်က အလွန်အမင်း ခက်ခဲလိမ့်မည်ဟု သူ့စိတ်ထဲတွင် ကြိုတင် ခံစားနေရ၏။ သူကလွဲ၍ တခြားလူများ နားလည်နိုင်ပါ့မလား ဆိုသည်မှာ မသေချာလှ။

'စည်းမျဉ်းအဆိပ် ဆိုတာက ပိုမြင့်မားတဲ့ ဘုံတစ်ခုရဲ့ စွမ်းအားနဲ့ သက်ဆိုင်နေတာ... ငါ့ရဲ့ လက်ရှိ စွမ်းအား အတိုင်းအတာနဲ့ စစ်ထုတ်နိုင်ဖို့ ဆိုတာက လိုအပ်ချက်တွေ အများကြီး ရှိနေနိုင်တယ်'

သူ အနောက်ဘက်တောင်ကို အရင် သွားရန် စီစဉ်လိုက်သည်။

ခြေတစ်လှမ်း လှမ်းလိုက်လေ၏။

နင်ချီ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

ဓားမ မိစ္ဆာ ရောက်ရှိလာပြီး မျှော်လင့်တကြီး မျက်လုံးများဖြင့် မေးမြန်းလိုက်သည်။

“မိတ်ဆွေ ထျန်းကျန့်... ဒီတစ်ခေါက် ခရီးစဉ်မှာ အကျိုးအမြတ် ဘယ်လိုလဲ”

နင်ချီ ပြုံးလိုက်လေ၏။

“ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး... သိုင်းသူတော်စင် အမွေအနှစ် ရလာတယ်... မိတ်ဆွေကြီး... ခင်ဗျား အရင် ကြည့်လိုက်ပါဦး”

ဓားမ မိစ္ဆာ ဝမ်းသာအားရ ဖြစ်သွားရ၏။

နင်ချီ လက်ကို ဝှေ့ယမ်းလိုက်ရာ အသင့် ပြင်ဆင်ထားသော သိုင်းသူတော်စင် နည်းစနစ် ကျမ်းစာအုပ်များနှင့် အသက်အဆိပ် လျော့ပါးစေသည့် နည်းလမ်း မှတ်တမ်းများ ဓားမ မိစ္ဆာ ရှေ့၌ ပေါ်လာတော့၏။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စိတ်အားထက်သန်စွာ လေ့လာတော့လေ၏။

နေဝင်ပြီး လထွက်လာသည်အထိ သူ မရပ်နားခဲ့ပေ။

ရံဖန်ရံခါတွင် သူက အံ့သြတကြီး ရေရွတ်လိုက်သလို၊ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည့် ပုံစံမျိုးလည်း ဖြစ်သွားတတ်သည်။

အချိန်အတော်ကြာတော့မှ သူ အနားယူလိုက်လေ၏။

“ကျေးဇူးတင်ပါတယ် မိတ်ဆွေ ထျန်းကျန့်”

ဓားမ မိစ္ဆာ က ခါးကို ကိုင်းညွှတ်ပြီး လေးလေးနက်နက် အရိုအသေ ပေးလိုက်၏။ သူ့ရင်ထဲ၌မူ အံ့သြလေးစားမှုများ အပြည့်ပင်။

တခြားလူသာ ဆိုလျှင် သိုင်းသူတော်စင် အမွေအနှစ်ကို ရရှိပါက ဝေမျှဖို့ နေနေသာသာ လျှို့ဝှက်ပြီး သိမ်းထားကြပေလိမ့်မည်။ သို့သော် နင်ချီကတော့ နှမြောတွန့်တိုခြင်း မရှိဘဲ ရက်ရက်ရောရော မျှဝေပေးခဲ့သည်။ ဤအချက်က သူ့ကို အတိုင်းအဆမရှိ ကျေးဇူးတင်စေသည်။

ထို့အပြင်၊

နင်ချီ၏ ထူးကဲလှသော ဉာဏ်ပညာကိုလည်း သူ အံ့သြမဆုံး ဖြစ်နေရ၏။

အဘယ်ကြောင့်ဆိုသော် ယခု သူ လေ့လာနေသည့် သိုင်းသူတော်စင် နည်းစနစ်သည် နင်ချီ ယခင်က တွက်ချက်ထားသော လမ်းကြောင်းနှင့် တစ်ထပ်တည်း ကျနေသောကြောင့်ပင်။

သို့သော် ဟိုအရာက ခေတ်အဆက်ဆက် ပညာရှိများ၏ ဉာဏ်ပညာ စုစည်းမှု ဖြစ်ပြီး၊ နင်ချီကတော့ ဤအရာများအားလုံးကို သူ့ဘာသာသူ တစ်ယောက်တည်း တွက်ချက်ခဲ့ခြင်း ဖြစ်လေ၏။

ဓားမ မိစ္ဆာ တစ်ယောက် သူ့ကိုယ်သူ ပြန်သုံးသပ်မိလိုက်သည်။

သူက ဘေးနားမှ လက်ခုပ်တီးပေးရုံ သက်သက်သာ ရှိသည့် ပွဲကြည့်ပရိသတ် တစ်ယောက်ပါလား ဟူ၍ပင်။

သူ ရှိရှိ မရှိရှိ၊ နင်ချီကတော့ ဤနည်းလမ်းများကို တွက်ချက်နိုင်မည်မှာ အသေအချာပင်။

သူ၏ ပါဝင်ပတ်သက်မှုက ပြောပလောက်အောင် မရှိပါချေ။

All Chapters