← Chapters

ရှေးဟောင်းသိုင်းသူတော်စင် မလုပ်နိုင်ခဲ့တာကို ငါ နင်ချီ လုပ်နိုင်ခဲ့ပြီ (အပိုင်း ၃)

Vol. 25 Ch. 368

ရှေးဟောင်းသိုင်းသူတော်စင် မလုပ်နိုင်ခဲ့တာကို ငါ နင်ချီ လုပ်နိုင်ခဲ့ပြီ (အပိုင်း ၃)

Vol. 25 Ch. 368

~သူမသည် လူတိုင်း၏ အဓိက အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်လေ၏။

ဟိုတုန်းက အစစ်အမှန်သိုင်းတောင်မှာ ချင်ယွင်ကို ကယ်တင်ခဲ့တာက စိတ်ထဲမှာ ဘာကြောင့်မှန်းမသိသော ခံစားချက်တစ်ခုကြောင့် ဖြစ်သလို၊ တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်ပါ ပါဝင်လေ၏။

တကယ်လို့သာ ကံကြမ္မာ မျှဝေခံစားခြင်း ကူ ကို အသုံးပြုပြီး သူမ၏ သက်တမ်း တစ်ဝက်ကို မပေးဆပ်ခဲ့ရင်...

ယခုချိန် သူမ သေသွားလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ဒါက အချိန်ဆွဲသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်ကြောင်း လန်ရီရီ ကောင်းကောင်း သိနေပါသည်။

ဟုန်ယန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုတ်တရက် လှောင်ပြောင် ရယ်မောလိုက်လေ၏။

“ကောင်းပြီလေ... နင်က သေမှာ မကြောက်ဘူးဆိုတော့... ဒီနည်းလမ်းလေးကော ဘယ်လိုလဲ”

သူ လက်ခုပ်တီးလိုက်သည်။

အလွန်အမင်း အော့အန်ချင်စရာကောင်းတဲ့ အနံ့ဆိုးတွေ ထွက်နေတဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြ၏။ တချို့က အသက်မဲ့နေသလို၊ တချို့က သွားရည်တွေကျလို့၊ တချို့ကျတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းဘဲ ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။ အားလုံးက အဝတ်အစားတောင် လုံလောက်အောင် ဝတ်ဆင်ထားခြင်း မရှိပေ။ သို့သော် ယခုအချိန်တွင် သူတို့အားလုံး လန်ရီရီကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး မျက်လုံးများ နီရဲလာကာ အသက်ရှူသံများ ပြင်းထန်လာကြတော့၏။

“ခန့်မှန်းကြည့်စမ်း... ဒီကောင်တွေက ငါတို့ရဲ့ မြင့်မြတ်လှတဲ့ သူတော်စင်မလေးကို ကောင်းကောင်း ပြုစုပေးနိုင်မလား ဆိုတာကိုလေ”

ဟုန်ယန်က အံကိုကြိတ်ပြီး ပြောလိုက်လေ၏။ လွန်ခဲ့သည့် ရက်ပိုင်းတုန်းက အငြင်းပွားမှုတစ်ခုမှာ သူ့သားဖြစ်သူ လန်ရီရီ လက်ချက်နှင့် သေသွားခဲ့ရ၍ ဟုန်ယန်၏ ဒေါသက ငယ်ထိပ် ရောက်နေခြင်း ဖြစ်သည်။

လန်ရီရီသည် ရင်ထဲမှ စိမ့်တက်လာသော အေးစက်မှုကို ခံစားလိုက်ရသော်လည်း မျက်နှာထားကမူ ပြောင်းလဲခြင်း မရှိချေ။

“ကျွန်မကို စော်ကားတာဟာ ရှင်တို့ရဲ့ ကူနတ်ဘုရား ကို စော်ကားတာနဲ့ အတူတူပဲ နော်”

ထိုစကားကို ကြားသော်၊ ဟုန်ယန်က ယုတ်မာကောက်ကျစ်စွာ ရယ်မောလိုက်ပြန်၏။

“ဟမ့်၊ကူနတ်ဘုရားက အမိန့်ပေးပြီးသား... သူ လိုချင်တာက နင့်ရဲ့ အသက်အနှစ်သာရ ပဲ... နင့်ခန္ဓာကိုယ် စုတ်ပြတ်သတ်သွားတာ သူ ဂရုမစိုက်ဘူး”

လန်ရီရီ၏ မျက်ဝန်းအိမ်များ တုန်ခါသွားပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေ၏။

နောက်ထပ် ဘာစကားမှ ပြောချင်စိတ် မရှိတော့ချေ။

“နင့်ကို အချိန် ဆယ်ခါ ရှူရှိုက်စာ ပေးမယ်... ဒီ 'လူကောင်းလေးတွေ' က စောင့်နိုင်တော့မှာ မဟုတ်ဘူး”

ဟုန်ယန် အေးစက်စွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်သော အသက်ရှူသံများဖြင့် ပြည့်နှက်သွားတော့၏။

“ဆယ်”

“ကိုး”

...

ရေတွက်သံ တစ်ခုစီတိုင်းသည် လန်ရီရီ၏ နှလုံးသားကို ထုနှက်နေသော စည်တီးသံကြီးများပမာပင်။

ဘေးပတ်ဝန်းကျင်မှ လူများလည်း သည်းမခံနိုင် ဖြစ်လာကြသည်။

မူလက လန်ရီရီသည် မဟာမိတ်အဖွဲ့အတွင်း အလွန်အမင်း လေးစားခံရသူ ဖြစ်သည်။ သူမ ဒီလို အခြေအနေမျိုးအထိ နိမ့်ကျသွားပြီး ဂုဏ်သိက္ခာ နင်းချေခံရသည်ကို ကြည့်ရက်သူ နည်းပါးလှသည်။ သို့သော် အခြားနည်းလမ်း မရှိတော့ပေ။ ကူနတ်ဘုရား သွေးဧကရာဇ် ကူ နှင့် ပေါင်းစပ်ပြီး နိုးထလာချိန်မှာ လန်ရီရီ ၏ အသက်အနှစ်သာရ မပြည့်စုံလျှင် အကျိုးဆက်က ပိုပြီး ဆိုးရွားသွားနိုင်ပေသည်။

သူတို့မှာ အချိန် သိပ်မကျန်တော့သဖြင့် အတင်းအကျပ် ဖိအားပေးရုံမှတစ်ပါး အခြား မတတ်နိုင်ကြချေ။

“သူတော်စင်မလေးရယ်... ပြောလိုက်ပါတော့... ကူနတ်ဘုရားဆီ ယဇ်ပူဇော်ခံရတယ် ဆိုတာ ဆိုးတဲ့ကိစ္စမှ မဟုတ်တာ... လူအများကြီး လိုချင်နေပေမယ့် မရနိုင်တဲ့ အခွင့်အရေးပဲဥစ္စာ”

တစ်စုံတစ်ယောက်က ညင်သာစွာ ဖြောင်းဖျလိုက်သည်။

သို့သော် လန်ရီရီက နှုတ်ဆိတ်နေဆဲပင်။

“လေး”

“သုံး”

ဟုန်ယန်၏ ညာလက်က မြင့်မြတ်စွာ မြောက်တက်သွားပြီး အမိန့်ပေးရန် ရွယ်လိုက်သည်။

ပတ်ဝန်းကျင်မှ နိမ့်လိုက် မြင့်လိုက် ဖြစ်နေသော အသက်ရှူသံများသည် ရူးသွပ်နေသော ဝံပုလွေများ၊ ခွေးရူးများနှင့် တူလှသည်။ ဤလူများကိုသာ လွှတ်ပေးလိုက်လျှင် လန်ရီရီ မည်သို့သော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမလဲ ဆိုတာ တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

“နှစ်”

ဟုန်ယန် ယုတ်မာစွာ ပြုံးလိုက်လေ၏။

ထိုစဉ် ဘိုးဘေးနယ်မြေ အတွင်းမှ စူးရှသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတော့၏။

“အုန်း”

“သတ်ကြ... သူတော်စင်မလေးကို”

“သတ်ကြ” ဟူသော အော်ဟစ်သံများနှင့်အတူ အားလုံး အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြရာ အရပ်မျက်နှာ အသီးသီးမှ စွမ်းအားပြင်းသော ပုံရိပ်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ဟုန်ယန်က လန်ရီရီကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်ရာ လန်ရီရီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်ကို တွေ့လိုက်ရလေ၏။

“ဒီလောက်နှစ်တွေ အကြာကြီး ကျွန်မက လက်ပိုက်ကြည့်နေမယ်လို့ ရှင်တို့ တကယ် ထင်နေတာလား”

သူမ၏ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

နဂါးလှောင်အိမ် ကြေမွပျက်စီးသွားလေ၏။

တစ်ချိန်က ကူနတ်ဘုရား ပေးသနားခဲ့သော စွမ်းအားများသည် သူမကို ရွယ်တူများထက် သာလွန်စေခဲ့သော်လည်း၊ ယခုအခါ ဤစွမ်းအားများသည် သူမ ရုန်းထွက်ရမည့် သံခြေချင်းများ ဖြစ်လာခဲ့ပြီ ဖြစ်လေ၏။

ဟုန်ယန် လှုပ်ရှားရန် ပြင်လိုက်သည်။

သို့သော် ဘေးတစ်ဖက်တစ်ချက်ဆီမှ ကောင်းကင်နှင့် မြေကြီး စွမ်းအား အားလှိုင်းများ ထွက်ပေါ်လာသဖြင့် သူ ကပျာကယာ ရှောင်တိမ်းလိုက်ရ၏။

လန်ရီရီကို စီရင်ချက် ချနေသော အကြီးအကဲတွေထဲမှာလည်း သစ္စာဖောက်တွေ ပါနေသည်ပင်။

ဟုန်ယန် ဒေါသတကြီး အော်ဟစ်လိုက်၏။

“သတ်... ဒီသစ္စာဖောက်တွေကို အကုန်သတ်ပစ်”

ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်နေပြီး တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေ တစ်ခုလုံးသည် အသူရာ စစ်မြေပြင် အဖြစ် ပြောင်းလဲသွားလေတော့၏။

ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ဆက်တိုက် ပေါက်ကွဲနေပြီး စောင့်ကြည့်ရေး မျှော်စင်များကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်၏။

ယုံကြည်စိတ်ချရသော နောက်လိုက်အချို့၏ အကာအကွယ်ဖြင့် လန်ရီရီသည် ဝိုင်းရံပိတ်ဆို့ထားမှုများကို ဖောက်ထွက်လိုက်သည်။ သူမ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ရင်ထဲတွင် အလွန်အမင်း အရေးတကြီး ဖြစ်နေရ၏။

သည်နေ့ကို ရွေးချယ်ပြီး လှုပ်ရှားလိုက်တာက ကူနတ်ဘုရား နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဆိုတာ သေချာ၍ပင်။ သည်အချက်က သူမအတွက် တစ်ခုတည်းသော အခွင့်အရေးပင်။

သူမမှာ အစီအစဉ်တွေ အများကြီး ရှိခဲ့ပြီး နှစ်ပေါင်းများစွာ ကိုယ်ပိုင် အင်အားစုတစ်ခု တည်ဆောက်ခဲ့သော်ငြား၊ ယခု ရနေသော အသာစီး အနည်းငယ်က တစ်ဖက်လူ မထင်မှတ်ထားသော အချိန်မှာ ဝင်တိုက်လိုက်၍ ရနေခြင်းမျှသာ။ အကြီးအကဲတွေ ပြန်လည် တုံ့ပြန်လာသည်နှင့်၊ သူတို့ သေချာပေါက် ယှဉ်နိုင်တော့မှာ မဟုတ်ပါချေ။

‘ချက်ချင်း ထွက်ပြေးမှ ရမယ်’

လန်ရီရီ တိုက်ပွဲထဲမှာ အချိန်ဆွဲနေဖို့ စိတ်ကူး မရှိချေ။ ယုံကြည်ရသော နောက်လိုက်များနှင့် လန်မျိုးနွယ်စုဝင်များ၏ အကာအကွယ်အောက်တွင် ဘိုးဘေးနယ်မြေ အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ပြေး

လွတ်မြောက်သွားလေ၏။

အရင်တုန်းက သူမ ထွက်ပြေးလို့ မရခဲ့ခြင်းက ခန္ဓာကိုယ်ထဲမှာ အမှတ်အသား တစ်ခု ရှိနေ၍ပါပင်။

ထို့ကြောင့် ကမ္ဘာမြေ အဆုံးထိ ပြေးလျှင်တောင် ပုန်း၍ မရနိုင်ခဲ့ပေ။

ယခုတော့၊ ဤအမှတ်အသားကို ဖယ်ရှားပြီးပြီ ဆိုတော့ ယနေ့ ကပ်ဘေးကို ကျော်လွှားနိုင်သည်နှင့် ကောင်းကင်ကြီးက သူမအတွက် အကန့်အသတ်မဲ့ လွတ်လပ်သွားပြီ ဖြစ်လေ၏။

All Chapters