← Chapters

မင်းတို့က သွေးရင်းတွေပဲ (အပိုင်း ၂)

Vol. 25 Ch. 372

မင်းတို့က သွေးရင်းတွေပဲ (အပိုင်း ၂)

Vol. 25 Ch. 372

~ရုတ်တရက် သူ၏ စိတ်ဝင်စားမှုက အထွတ်အထိပ် ရောက်သွားလေ၏။

မူလကတော့ ဒီခရီးစဉ်က ကူနတ်ဘုရား ဆိုသည့် လူကို သွားရှင်းရုံ သက်သက်သာဟု ထင်ထားခဲ့သော်လည်း၊ အခုတော့ ဒီ ကူနတ်ဘုရား နောက်ကွယ်မှာ ကြီးမားသည့် လျှို့ဝှက်ချက် တစ်ခု ရှိနေလောက်သည်ဟု နင်ချီ ယူဆမိလိုက်၏။

“ကိုးလေး... ဘယ်လိုလဲ... ထူးခြားတာ တစ်ခုခု တွေ့လား”

နင်ချီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်တော့မှ ချင်ယွင်က စိုးရိမ်တကြီး မေးလိုက်သည်။ ဒီ မသိနိုင်သော အရာတစ်ခုက လန်ရီရီကို ထိခိုက်စေမှာ သူ စိုးရိမ်နေမိသည်။

နင်ချီ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။

“လောလောဆယ်တော့ မမြင်ရသေးဘူး... ခန့်မှန်းချက် တစ်ခုတော့ ရှိပါတယ်”

သူ လန်ရီရီကို ကြည့်ပြီး မေးလိုက်သည်။

“မိန်းကလေး လန်... ခင်ဗျား ဒီ ကူနတ်ဘုရား ကို မြင်ဖူးပါသလား”

လန်ရီရီ ခေါင်းခါလိုက်၏။

“တစ်ခါမှ မမြင်ဖူးဘူး... သူက ကျွန်မရဲ့ လျှို့ဝှက်နည်းစနစ် တိုးတက်မှုကို ရံဖန်ရံခါ စစ်ဆေးတတ်ပေမယ့် သူ့ရဲ့ မူလရုပ်သွင်ကို ဘယ်တော့မှ မပြဖူးဘူး... ဘာများ ခန့်မှန်းမိလို့လဲ”

ဘာကြောင့်မှန်းမသိ သူမ ရုတ်တရက် စိတ်လှုပ်ရှားလာမိသည်။

နင်ချီက ဖြည်းညှင်းစွာ ပြောလိုက်လေ၏။

“ကျွန်တော့် ခန့်မှန်းချက်သာ မှန်ရင်... ကူနတ်ဘုရား က ခင်ဗျားရဲ့ သွေးရင်းသားရင်း ဖြစ်လောက်တယ်”

လန်ရီရီ ကြောင်အသွားရ၏။

မိုးကြိုး ပစ်ချလိုက်သလို သူမ စိတ်အာရုံတွေ ထူပူသွားသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူမ ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး အသံမှာ အနည်းငယ် စူးရှသွားလေ၏။

ချင်ယွင်၏ မျက်လုံးများလည်း ပြူးကျယ်သွားရ၏။

လန်ရီရီ ယိုင်နဲ့နဲ့ ဖြစ်သွားပြီး ပြောလိုက်သည်။

“ကျွန်မ မိဘတွေက ကျွန်မ မွေးပြီး မကြာခင်မှာပဲ သားရဲတွေ စားလို့ သေသွားခဲ့တာ... ကူနတ်ဘုရား က ကျွန်မနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ... ရှင် မှားနေတာ ဖြစ်မှာပါ”

နင်ချီ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။

“လောလောဆယ်တော့ ကျွန်တော့် ခန့်မှန်းချက်ပါပဲ... အမှန်တရားကို ကူနတ်ဘုရား နဲ့ တွေ့မှပဲ သိရပါလိမ့်မယ်”

လန်ရီရီ ဘာလုပ်ရမှန်း မသိတော့ချေ။

သူမ ယုံကြည်ထားသမျှ ကမ္ဘာကြီး ဇောက်ထိုးမှောက်ခုံ ဖြစ်သွားသလိုပါပဲ။

ချင်ယွင်က သူမကို တွဲကူထားပြီး တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

တကယ်လို့သာ နင်ချီ၏ ခန့်မှန်းချက် မှန်နေခဲ့ရင်၊ လန်ရီရီ အတွက်တော့ ရက်စက်လွန်းရာ ကျနေပေလိမ့်မည်။

သူမ မွေးဖွားလာတာက ကိရိယာ တစ်ခု အဖြစ် အသုံးချခံဖို့ သက်သက်သာ ဖြစ်ပြီး၊ သူမ၏ ဘဝတစ်လျှောက်လုံး လှည့်စားမှုတွေ၊ မုသားတွေနှင့် ပြည့်နှက်နေခဲ့ခဲ့ရ၏။

“ကဲ... ကူနတ်ဘုရား ဆိုတာ ဘယ်သူလဲ သွားကြည့်ရအောင်”

နင်ချီ ပိုပြီး သတိထားလိုက်မိသည်။

သူ့စွမ်းအားက ကြီးမားလှသော်လည်း ဘယ်သူ့ကိုမှ လျှော့မတွက်တတ်ပေ။ အထူးသဖြင့် ဒီ ကူနတ်ဘုရား ဆိုသည့် လူက မရိုးရှင်းဘူးဟု ထင်ရသည့် အခါ သဘာဝကျကျပင်.. သူ ပို၍ သတိထားရတော့မည်။ ကံကောင်းသည်မှာ မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ရပြီးနောက် သူ၏ တိုက်ခိုက်ရေး စွမ်းရည် တိုးတက်လာခဲ့ပြီး၊ ကောင်းကင်သတ် သိုင်းသူတော်စင် လို လူမျိုးနှင့် မတွေ့သရွေ့ ဘေးကင်းကင်း ဆုတ်ခွာနိုင်စွမ်း ရှိသည်။

နင်ချီသည် သူတို့ နှစ်ယောက်ကို ခေါ်ဆောင်ပြီး ကောင်းကင်ယံထက်သို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။

လန်ရီရီက လမ်းပြပေးသည်။

သူမ သည်နေရာသို့.. ထွက်ပြေးလာတုန်းက အကြာကြီး ပြေးခဲ့ရသော်ငြား၊ နင်ချီ အတွက်တော့ ခဏလေးပါပင်။

အဆိပ်မြူများ တစ်ခုပြီး တစ်ခု တွေ့ရသော်လည်း ချင်ယွင်၏ မျက်နှာထား ပြောင်းလဲ

သွားစေခဲ့သော်ငြား၊ နဂါးဖြူကြီး၏ အကာအကွယ်အောက်တွင် သူတို့သည် တောင်ကြီး တစ်လုံးပမာ တည်ငြိမ်နေကြသည်။

လန်ရီရီ စိတ်ကို အတော်လေး ပြန်လည် တည်ငြိမ်အောင် ထားလိုက်နိုင်၏။

သို့တိုင်၊ တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေနှင့် နီးကပ်လာလေ သူမ စိတ်ထဲမှာ ရှုပ်ထွေးလာလေပါပင်။

နင်ချီ၏ ခန့်မှန်းချက် မှားပါစေဟု သူမ ဆုတောင်းနေမိသည်။ ကူနတ်ဘုရား ဆိုတာ သူစိမ်း တစ်ယောက်သာ ဖြစ်စေချင်သည်။

ဘိုးဘေးနယ်မြေကို လှမ်းမြင်နေရပြီ။

နင်ချီ၏ မျက်လုံးများ ရွှေရောင် တောက်ပသွားပြီး ပုံစံမျိုးစုံ ခြေတံရှည် အိမ်လေးများကို တွေ့လိုက်ရ၏။

အထူးသဖြင့် အလယ်ဗဟိုရှိ ဗိမာန်တွင် စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခု အိပ်စက်နေသည်ကို အာရုံခံလိုက်မိသော်လည်း၊ ကံကောင်းထောက်မစွာ သူ ဖြေရှင်းနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေး၏။

သူ ချက်ချင်း ဝင်မသွားဘဲ လေဟာနယ်ထဲတွင် ရပ်တန့်လိုက်ရာ ချင်ယွင်နှင့် လန်ရီရီတို့ အံ့သြသွားကြသည်။

‘ရန်သူက အိပ်ပျော်နေမှတော့...

ပြင်ဆင်ချိန် ရတာပေါ့။’

စိတ်အကြံ တစ်ချက်ဖြင့် ထူးဆန်းသော အရှိန်အဝါများ ရစ်သိုင်းနေသည့် ကျောက်စိမ်းတုံးများ ယွီဘုရင် ပုလဲ ထဲမှ ပျံထွက်လာကြသည်။

ထို့နောက် ဝိညာဉ်စွမ်းအားများ ပေါင်းစပ်သွားသည့်အခါ ကျောက်စိမ်းတုံးများသည် ပိုမို တောက်ပလာပြီး ရှေးဟောင်း စာလုံးများ ပေါ်လာတော့၏။

နင်ချီ လက်ကို ဝှေ့ယမ်းလိုက်၏။

စုစုပေါင်း ကျောက်စိမ်း (၈၁) တုံးသည် လည်ပတ်သွားပြီး ချင်ယွင်နှင့် လန်ရီရီတို့၏ အံ့သြတကြီး အကြည့်အောက်မှာပင် ဘိုးဘေးနယ်မြေ ပတ်ဝန်းကျင်ရှိ အထူးနေရာများသို့ လူစုခွဲကာ ကျရောက်သွားကြလေ၏။

‘အခင်းအကျင်း... အသက်သွင်းမယ်’

နင်ချီ စိတ်ထဲမှ အမိန့်ပေးလိုက်၏။

ချက်ချင်းပင်၊ သူတို့ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဘိုးဘေးနယ်မြေ ပတ်ဝန်းကျင်ရှိ မြူခိုးများကြားတွင် အဖြူရောင် မြူခိုးများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ အစပိုင်းတွင် ပါးလွှာသော်လည်း လျင်မြန်စွာ ထူထပ်လာပြီး၊ ချင်ယွင်က သူ၏ နတ်ဘုရားအာရုံ ဖြင့် ထိုးဖောက်ကြည့်ရန် ကြိုးစားသော်လည်း မရနိုင်ဘဲ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဒါ... ဒါက...”

ယဲ့ချင်းဟယ်နှင့် အခြားသူများ အစစ်အမှန်သိုင်း အမွေအနှစ် အကြောင်း ပြောသည်ကို ကြားဖူးထားသော ချင်ယွင် ချက်ချင်း သတိရသွားသည်။

နင်ချီ ပြုံးလိုက်၏။

“ဉာဏ်အလင်းလေး နည်းနည်း ရသွားလို့ပါ”

ထိုနေ့က အစစ်အမှန်သိုင်း ခန်းမဆောင်ရှိ အဖြူရောင် မြူခိုးများ၏ စွမ်းအားကို သူ ဉာဏ်အလင်း ပွင့်ခဲ့ပြီး၊ ချီမင် ဂိတ်တံခါး (ဝါ) ချီမင် အခင်းအကျင်း နှင့် ဝိညာဉ်စွမ်းအား ပေါင်းစပ်လိုက်လျှင် အံ့ဖွယ် ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း သဘောပေါက်ခဲ့သည်။ အချိန်ယူ လေ့လာပြီးနောက် အမွေအနှစ် နေရာမှ အဖြူရောင် မြူခိုးများကို အတိုင်းအတာ တစ်ခုအထိ တုပနိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းမွန်သော အစပျိုးမှု ဖြစ်ပါ၏။

အခု ထုတ်သုံးလိုက်တော့ သူတို့နှစ်ယောက် အံ့သြသွားကြသည်။

နင်ချီ၏ အကြံအစည်က ရိုးရှင်းပါ၏။

ရန်သူကို ပိတ်လှောင်ဖို့ တိုက်ခိုက်မလား၊ အချိန်ဆွဲဖို့ ဆုတ်ခွာမလား၊ ဘယ်လို အခြေအနေပင် ဖြစ်ဖြစ် ရှုံးနိမ့်စရာ အကြောင်း မရှိဘူးလေ။

ထိုအချိန်မှာပင်၊ ဘိုးဘေးနယ်မြေ အတွင်းရှိ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလာကြသည်။

ပတ်ဝန်းကျင်ရှိ ထူထပ်သော အဖြူရောင် မြူခိုးများက ထူးဆန်းအောင့်သက်သက် ဖြစ်နေပြီး အတွင်းဘက်သို့ တဖြည်းဖြည်း တိုးဝင်လာနေ၏။ ဟုန်ယန်နှင့် အခြားသူများဆီမှ သတင်းကောင်းကို စောင့်မျှော်ရင်း ဘိုးဘေးနယ်မြေကို တင်းမာစွာ စောင့်ကြပ်နေကြသော်လည်း မထင်မှတ်ဘဲ ဤကဲ့သို့ အပြောင်းအလဲနှင့် ကြုံတွေ့လိုက်ရ၏။

“ဘယ်သူလဲ”

အော်ဟစ်သံများ ထွက်ပေါ်လာသည်။

တောင်ပိုင်းနယ်စပ်မှ လူစွမ်းကောင်းများ ကောင်းကင်ယံသို့ ပျံတက်လာကြပြီး သူတို့၏ စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်ကြသည်။ ပုံရိပ် သုံးခုကို ဝေဝါးဝါး မြင်လိုက်ရသော်လည်း သေချာ မသဲကွဲပါ။

ဤထူးဆန်းသော မြင်ကွင်းက သူတို့၏ နှလုံးသားများကို တင်းကြပ်သွားစေသည်။

နင်ချီ နှုတ်ဆိတ်နေဆဲပင်၊

ဘိုးဘေးနယ်မြေ အလယ်ရှိ ဗိမာန်ကို စိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ဓားများကို ဖန်တီးလိုက်လေ၏။ အဖြူရောင် မြူခိုးများ၏ ရောင်ပြန်ဟပ်မှု

အောက်တွင် ကောင်းကင်ဓားများသည် ကြယ်များပမာ ပြန့်ကျဲနောက်ဆက်တွဲနေပြီး၊ ညှို့ဓာတ်ပြင်းသလို သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ပြည့်နှက်နေ၏။

နောက်တစ်ခဏမှာ၊

ကောင်းကင်ဓားများသည် ခမ်းနားကြီးကျယ်စွာ ဆင်းသက်လာတော့၏။

“ဘုန်း…”

တောင်ပိုင်းနယ်စပ် လူစွမ်းကောင်းများ အားလုံး မျက်လုံးပြူးကျယ်သွားကြပြီး၊ ကောင်းကင်ဓား မိုးရွာသွန်းကျလာသည်ကို ကြည့်နေမိကြသည်။ ကြောက်မက်ဖွယ် ထက်ရှသော အရှိန်အဝါများ ယှက်နွယ်နေပြီး ဘိုးဘေးနယ်မြေ တစ်ခုလုံးကို ဓားအရှိန်အဝါများဖြင့် လွှမ်းခြုံသွားစေသည်။

အရာအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေ၏။

ထိုကဲ့သို့သော ကောင်းကင်ဓားများအောက်တွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များမှာ ပုရွက်ဆိတ်များသဖွယ် ဖြစ်နေပြီး၊ အခြားသူများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

သနားစဖွယ် အော်ဟစ်သံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။

စည်တိုမျှော်စင်များ ချက်ချင်း ပြိုကျပျက်စီးသွားသည်။

ထူးဆန်းသော ကူပိုးမွှား အမျိုးမျိုးသည် တစ်ခဏတာ ပွင့်လန်းသော ပန်းများပမာ သူတို့၏ စွမ်းအားကို ပြသလိုက်သော်လည်း ချက်ချင်းပင် ချေမှုန်းခံလိုက်ရတော့၏။

နင်ချီ၏ မျက်နှာထားက တည်ငြိမ်နေဆဲ။

လှုပ်ရှားဖို့ ဆုံးဖြတ်ပြီးလျှင်၊ ရန်သူကို အမြစ်ပြတ် ချေမှုန်းရမည်။

ချင်ယွင်နှင့် လန်ရီရီတို့သည် ဤမြင်ကွင်းကို ကြည့်ပြီး အသက်ရှူမှားသွားကြရ၏။ ကြီးမားလှသော စွမ်းအားကြောင့် လွှမ်းမိုးခံလိုက်ရသလိုပင်။

ယင်းက ကောင်းကင်ဓားတွေ၏ တစ်စိတ်တစ်ပိုင်းသာ ရှိပါသေးသည်။

နင်ချီသည် လက်ဖြင့် ဓားသိုင်းကွက် တစ်ခု ပုံဖော်လိုက်ပြီး ကျန်ရှိနေသော ကောင်းကင်ဓားများကို ဧရာမ ကောင်းကင်ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲလိုက်လေ၏။

“ဝီ…”

ဧရာမ ကောင်းကင်ဓားကြီးသည် လေဟာနယ်ကို ဖြတ်သန်းပြီး တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဆင်းသက်လာသည်။ ရင်ကွဲမတတ် မြည်ဟီးသံကြီးနှင့်အတူ မပျက်မစီး ကျန်ရှိနေသေးသော ဗိမာန်ကို ဦးတည်လိုက်လေ၏။

အရင်က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကား အပိုဆောင်းဆုလာဘ် ဖြစ်လေ၏။

ဤတိုက်ကွက်ကသာလျှင် အဓိက အကျဆုံး ဖြစ်တော့သည်။

မသိနားမလည်သော ရန်သူကို ရင်ဆိုင်ရသည့်အခါ နင်ချီသည် အစကတည်းက လက်လျှော့ထားခြင်း မရှိချေ။

“မလုပ်ပါနဲ့”

အသက်ရှင် ကျန်ရစ်သူများက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။

ကူနတ်ဘုရား ဆိုတာ သူတို့၏ ယုံကြည်ချက်ပင်။

ချင်ယွင်နှင့် လန်ရီရီတို့၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် ဧရာမ ကောင်းကင်ဓားကြီး ကျဆင်းလာခဲ့သည်။

“အုန်း…”

ပြင်းထန်သော တုန်ခါမှု တစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ဗိမာန်သည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေ၏။ ကြောက်မက်ဖွယ် အားလှိုင်းများ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး၊ ယခင် ဓားမိုးရွာသွန်းမှုမှ အသက်ရှင် ကျန်ရစ်သူ အနည်းငယ်သည်လည်း ဂယက်ကြောင့် သွေးမှုန်များအဖြစ် ပျောက်ကွယ်သွားကြရတော့၏။

တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်လေ၏။

“ကူနတ်ဘုရား သေသွားပြီလား”

ချင်ယွင် တိုးတိုးလေး မေးလိုက်မိသည်။

နင်ချီ၏ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် သူ အံ့သြမှင်သက်နေရ၏။

ဖုန်မှုန့်များ လေထဲတွင် ပြည့်နှက်နေ၏။

သို့သော် နင်ချီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ့အာရုံခံစားမှုထဲတွင် အားကောင်းသော အရှိန်အဝါသည် အားနည်းသွား

သော်လည်း ရှင်းလင်းစွာ ရှိနေဆဲပင်။

“လှည့်ကွက် တချို့ သုံးထားတာပဲ”

မူလက ရန်သူ အိပ်ပျော်နေတုန်း အပြတ်ရှင်းပစ်ချင်ခဲ့သော်လည်း သိပ်အဆင်မပြေလိုက်ပေ။ သိသာထင်ရှားစွာပင် ရန်သူက မအိပ်ခင် ကြိုတင်ကာကွယ်မှုတချို့ လုပ်ထားခဲ့ပုံ ရ၏။

လန်ရီရီ၏ အသက်ရှူသံများ ရုတ်တရက် မြန်ဆန်လာပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါလာလေ၏။

သူမ မြင်လိုက်ရ၏။

ဖုန်မှုန့်များကြားတွင် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း စုစည်းသွားကာ ရွှေရောင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ထိုပုံရိပ်သည် ဖုန်မှုန့်များကြားမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသည်။

အလွန် နှေးကွေးသော်လည်း ထူးဆန်းသော သွေးမျိုးဆက် တုံ့ပြန်မှုတစ်ခုက တဒိတ်ဒိတ် ခုန်နေ၏။ လန်ရီရီ သူမ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ ဘယ်တုန်းကမှ ဒီလောက် မမြန်ဖူးခဲ့။

သူမ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားရ၏။

နောက်ဆုံးတွင် ရွှေရောင် ပုံရိပ်သည် ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာတော့၏။

ချင်ယွင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ထိုပုံရိပ်ကို မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားပြီး၊ အတွင်းမှ ထွက်ပေါ်လာပုံရသော ထိုအလင်းကြောင့် သူ့ကို နတ်ဘုရား ဆန်သော အသွင်အပြင်မျိုး ဖြစ်စေသည်။

၎င်းသည် ချောမောခန့်ညားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး၊ သေချာ ကြည့်လိုက်လျှင် သူ့မျက်နှာသွင်ပြင်သည် လန်ရီရီနှင့် (၆) (၇) ပုံခန့် တူညီနေလေ၏။

သက်လတ်ပိုင်း အမျိုးသားသည် နင်ချီနှင့် အခြားသူများကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် လန်ရီရီထံ၌ အကြည့် ရပ်တန့်သွားသည်။

သူ ပြုံးလိုက်လေ၏။ အလွန် တောက်ပသော အပြုံး တစ်ပွင့်ပင်။

“မင်းက တကယ့်ကို ငါ့သမီးလိမ္မာလေးပါပဲ... အဖေက ခြေတစ်လှမ်းပဲ လိုတော့တာကို သိလို့ ကိုယ်တိုင်ကိုယ်ကျ လာရှာတာပေါ့လေ... ငါ မင်းကို ပင်ပန်းခံပြီး ပျိုးထောင်ခဲ့ရကျိုး နပ်ပါပေတယ်”

All Chapters