← Chapters

ပိုင်ရှင်မဲ့ နယ်မြေနှင့် လျှို့ဝှက်သော အရိပ်မည်း

Vol. 26 Ch. 378

ပိုင်ရှင်မဲ့ နယ်မြေနှင့် လျှို့ဝှက်သော အရိပ်မည်း

Vol. 26 Ch. 378

~ခေတ္တမျှ ကြာပြီးနောက်၊

ယဲ့ချင်းဟယ်နှင့် လင်ရူဟွာတို့သည် လန်ရီရီအား အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်စေရန် ခေါ်ဆောင်သွားကြလေ၏။

နင်ချီသည် တောင်ပိုင်းနယ်စပ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို လော့ဝမ်ထျန်းအား အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။ တောင်ပိုင်းနယ်စပ်၏ ထိပ်တန်းတိုက်ခိုက်ရေး အင်အားစုများအားလုံး နီးပါး သုတ်သင်ခံလိုက်ရသည်ဟု ကြားသိလိုက်ရသောအခါ၊ လော့ဝမ်ထျန်းသည် အံ့သြစွာဖြင့် လျှာကို ကိုက်လိုက်မိ၏။

သို့သော် ကူနတ်ဘုရား ၏ နောက်ကွယ်၌ ရှိနေနိုင်သော လက်မည်းကြီးအကြောင်း နင်ချီ၏ ခန့်မှန်းချက်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားသည် လေးနက်သွားလေ၏။

"ဒီခန့်မှန်းချက်က မမှန်ရင်တောင်မှ သတိထားတာတော့ မမှားပါဘူး..." ဟု လော့ဝမ်ထျန်းက ရေရွတ်လိုက်သည်။

အတည်ပြောရလျှင်...

ရှေးဟောင်း သိုင်းသူတော်စင်များ

စုပေါင်းနိုးထလာကြသည့် အချိန်မှစ၍၊ အစစ်အမှန်သိုင်းဂိုဏ်း အတွင်း၌ လော့ဝမ်ထျန်းသည် ဖိအားအများဆုံး ခံစားနေရသူ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တစ်ချိန်က အလွန်စွမ်းအားကြီးမားခဲ့သော သိုင်းဂိုဏ်းကြီးများသည် ရှေးဟောင်း သိုင်းသူတော်စင်များ၏ လက်ချက်ဖြင့် မျိုးပြုန်းသွားရသည့် သတင်းများကို မကြာခဏ ကြားသိနေရသောကြောင့် ဖြစ်၏။ ယခင်က ဘီလူးကြီးများ ဖြစ်ခဲ့ကြသော်လည်း သိုင်းသူတော်စင်များ၏ ရှေ့မှောက်တွင်မူ သူတို့သည် အားကိုးရာမဲ့နေကြရှာ၏။ အကြောင်းအမျိုးမျိုးကြောင့် ရှေးဟောင်း သိုင်းသူတော်စင်များကို ပြစ်မှားမိလိုက်သည်နှင့် ၎င်းတို့သည် မျိုးသုဉ်းမည့် ဘေးနှင့် ရင်ဆိုင်ကြရလေ၏။

ဤကဲ့သို့သော ရှေ့ဖြစ်ရပ်များက သူ့အား သတိကြီးစွာ ထားရှိစေခဲ့ခြင်း ဖြစ်၏။

နင်ချီသည် သူ့အား နှစ်သိမ့်လိုက်လေ၏။

"အစ်ကိုကြီး... သိပ်ပြီး စိတ်ပူမနေပါနဲ့ဗျာ... ကျွန်တော်က အခု အားနည်းတဲ့သူမှ မဟုတ်တော့တာ"

လော့ဝမ်ထျန်း၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ချင်း ပေါ်ပေါက်လာ၏။

နင်ချီသည် အစစ်အမှန်သိုင်းဂိုဏ်းရှိ လူတိုင်း၏ ဂုဏ်ယူစရာ ဖြစ်ပေ၏။

အခြားသူများက နင်ချီအား ရှေးဟောင်းသူတော်စင် တစ်ပါးပါး ဝင်စားသည်ဟုသာ ထင်မြင်နေကြသော်လည်း၊ နင်ချီသည် မည်သည့် ရှေးဟောင်းသူတော်စင်၏ ဝင်စားခြင်းမျှ မဟုတ်ကြောင်း ရင်းနှီးသူများကသာ သိရှိကြသည်။

သူသည် (၁၂) နှစ်ဆိုသော အချိန်ကာလတိုလေးအတွင်း၌ ဤကဲ့သို့သော အောင်မြင်မှုများကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။

အကယ်၍ ဤအမှန်တရားကိုသာ လောကက သိရှိသွားခဲ့လျှင် လူတိုင်း တုန်လှုပ်

ချောက်ချားသွားကြမည်မှာ အသေအချာပင်။

နင်ချီအား အချိန်လုံလောက်စွာ ပေးလိုက်နိုင်ပါက လောက၌၊ အသန်မာဆုံး ဖြစ်လာရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စရပ် တစ်ခုသာ ဖြစ်ကြောင်း သူတို့၌ သံသယ မရှိကြချေ။

"မင်းကို ပြောပြစရာ ကိစ္စတစ်ခု ရှိသေးတယ်... မင်းထွက်သွားပြီး မကြာခင်မှာပဲ မြို့စောင့် မြောက်ပိုင်းဘုရင် ရောက်လာခဲ့တယ်"

လော့ဝမ်ထျန်းက လေးနက်စွာ ပြောကြားလိုက်သည်။

နင်ချီသည် အံ့အားသင့်သွားခဲ့ရ၏။

('မြို့စောင့် မြောက်ပိုင်းဘုရင် လီရွှမ်ယန်လား... သူတကယ် ရောက်လာတာပေါ့...')

ထိုအခါမှ လီလင်ကို အစောပိုင်းက မတွေ့မိရခြင်း၏ အကြောင်းရင်းကို နင်ချီ ရုတ်တရက် သဘောပေါက်လိုက်သည်။

မြို့စောင့် မြောက်ပိုင်းဘုရင် အကြောင်း ပြောရလျှင်၊ သူသည် မကြာသေးမီ ကာလများအတွင်း၌ အလွန် ထင်ရှားကျော်ကြားလာခဲ့သူ ဖြစ်၏။

ယခင်က လူရိုင်းဧကရာဇ် သည် မဟာယန် သိုင်းသူတော်စင်၏ အင်အားကို စမ်းသပ်ရန်အတွက် တပ်မတော်ကို ဦးဆောင်ကာ မြောက်ပိုင်းခံတပ်မြို့ကို ဝင်ရောက်စီးနင်းခဲ့စဉ်က၊ မြို့စောင့် မြောက်ပိုင်းဘုရင်သည် လူရိုင်းဧကရာဇ်ကို ခုခံရင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးသွား

ခဲ့ဖူးသည်။

သို့သော် မဟာယန် သိုင်းသူတော်စင် ပြန်လည် ပေါ်ထွက်လာပြီးနောက်တွင်မူ၊ မြို့စောင့် မြောက်ပိုင်းဘုရင်၏ အရှိန်အဝါသည် မိုးထိအောင် မြင့်မားလာခဲ့လေ၏။

မဟာယန် သိုင်းသူတော်စင်၏ အထူးဂရုစိုက် ပျိုးထောင်

ပေးမှုအောက်တွင်၊ မြို့စောင့် မြောက်ပိုင်းဘုရင်၏ စွမ်းအားသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး၊ သိုင်းသူတော်စင်အဆင့် လျှို့ဝှက်ရတနာ တစ်ခုကိုပင် ချီးမြှင့်ခံခဲ့ရသည်။ သူသည် ထိုရတနာ၏ လျှို့ဝှက်ချက်များကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး၊ မကြာသေးမီကပင် ရှေးဟောင်းသူတော်စင် တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာ၊ အသာစီးမရခဲ့သော်လည်း မိမိခြေကုပ်ကို ခိုင်မြဲအောင် ရပ်တည်နိုင်ခဲ့လေ၏။

ဤအဖြစ်အပျက်သည် မြို့စောင့် မြောက်ပိုင်းဘုရင်ကို ချက်ချင်းဆိုသလို ကျော်ကြားသွားစေခဲ့ပြီး၊ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' နှင့် 'ဓားမ မိစ္ဆာ'တို့ထက်ပင် ပိုမို ထင်ရှားလာခဲ့သည်။

နင်ချီသည် ထိုအကြောင်းအရာများကို သိရှိပြီး ဖြစ်၏။ မဟာယန် သိုင်းသူတော်စင်သည် မြို့စောင့် မြောက်ပိုင်းဘုရင်အား လျှို့ဝှက်ရတနာကို သန့်စင်နိုင်စေရန် နည်းလမ်းများ ကူညီပေးခဲ့ပြီး၊ သိုင်းသူတော်စင်အဆင့် ပညာရပ်များကိုပင် သင်ကြားပေးထားကာ 'ဝိညာဉ်နိုးထခြင်း' ကို စောင့်ဆိုင်းနေခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။

ဤသည်မှာ ပုံမှန် ဖြစ်ပျက်နေကျ ကိစ္စရပ်တစ်ခုပင် ဖြစ်၏။ နင်ချီ ကိုယ်တိုင်ပင်လျှင် 'ဓားမ မိစ္ဆာ' နှင့် အခြားသူများအတွက် အရင်းအမြစ်များကို စီစဉ်ပေးရင်း ကြိုးစား ပြင်ဆင်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် မဟာယန် သိုင်းသူတော်စင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ပို၍ပင် လုပ်ဆောင်ပေလိမ့်မည်။ မြို့စောင့် မြောက်ပိုင်းဘုရင် တစ်ယောက်တည်း မဟုတ်သည်မှာလည်း သေချာပေ၏။

"သူက မဟာယန် သိုင်းသူတော်စင် ကိုယ်စား မင်းနဲ့ လာတွေ့တာ... ပြီးတော့ ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းအတွက် နယ်မြေတစ်ခု သတ်မှတ်ပေးဖို့ လာတာကွ"

ထိုစကားကို ပြောလိုက်သောအခါ...

လော့ဝမ်ထျန်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အချို့ ပေါ်လွင်နေလေ၏။

ရှေးဟောင်းသူတော်စင် တစ်ပါး ပေါ်ထွက်လာတိုင်း၊ မဟာယန် မင်းဆက်သည် လေးစားမှု ပြသသောအားဖြင့် ထိုသူတော်စင်အတွက် နယ်မြေတစ်ခုကို သတ်မှတ်ပေးလေ့ ရှိသည်။ ထိုနယ်မြေအပေါ်တွင် အပြည့်အဝ ထိန်းချုပ်ခွင့် ပေးအပ်ထားရာ၊ အနှစ်သာရအားဖြင့် နိုင်ငံအတွင်းမှ နိုင်ငံငယ်တစ်ခု ဖြစ်လာစေသည်။ သို့သော် အစစ်အမှန်သိုင်း အမွေအနှစ်နေရာ၌ နေနီ သိုင်းသူတော်စင်နှင့် နင်ချီတို့ တိုက်ခိုက်ပြီးနောက်တွင်၊ မဟာယန် မင်းဆက်သည် နှုတ်ဆိတ်နေခဲ့၏။

မဟာယန် သိုင်းသူတော်စင်သည် နင်ချီ၏ စစ်မှန်သော စွမ်းရည်အချို့ကို အာရုံခံမိသဖြင့် အခြား ရှေးဟောင်းသူတော်စင်များနှင့် တန်းတူ ဆက်ဆံမှု မပေးခြင်း ဖြစ်မည်ဟု လော့ဝမ်ထျန်းက မူလက ထင်မှတ်ထားခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုသို့ မဟုတ်ကြောင်း ထင်ရှားနေခဲ့ပြီ ဖြစ်ပါသည်။

ဤသည်မှာ အစစ်အမှန်သိုင်းဂိုဏ်းအတွက် အလွန်ကောင်းမွန်သော သတင်းတစ်ရပ် ဖြစ်သည်မှာ ယုံမှားဖွယ် မရှိချေ။

မူလက အစစ်အမှန်သိုင်းမြို့တော် အား ထိန်းချုပ်ခွင့် ရရှိထားခြင်းကပင် သူတို့အား အာဏာ၏ အရသာကို မြည်းစမ်းခွင့် ရစေခဲ့ပြီး ဖြစ်၏။ ယခုအခါ သတ်မှတ်ပေးမည့် နယ်မြေသည် ပိုမို ကျယ်ပြန့်မည် ဖြစ်ရာ၊ အစစ်အမှန်သိုင်းဂိုဏ်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။

လော့ဝမ်ထျန်းသည် စိတ်အားထက်သန်နေပြီ ဖြစ်၏။

နောင်အနာဂတ်တွင် သူသည် ဤနယ်မြေကို ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်နေလေ၏။

နင်ချီသည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ... သူနဲ့ သွားတွေ့ကြတာပေါ့ဗျ"

ခေတ္တမျှ ကြာပြီးနောက်၊

နင်ချီသည် ကာလကြာရှည် မတွေ့ဆုံခဲ့ရသော မြို့စောင့် မြောက်ပိုင်းဘုရင်နှင့် ပြန်လည် တွေ့ဆုံလိုက်ရသည်။ ယခုအခါ မြို့စောင့် မြောက်ပိုင်းဘုရင်သည် ပိုမို စွမ်းအားကြီးမားပြီး ခံ့ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း၊ နင်ချီ ကိုယ်တိုင်သည်လည်း ပို၍ စွမ်းအားကြီးမားလာခဲ့ပြီ ဖြစ်၏။

နတ်ဆိုးဂိုဏ်းမှ ကောင်းကင်ဘုံလူသား ငါးယောက် ဝင်ရောက်တိုက်ခိုက်စဉ်က မြို့စောင့် မြောက်ပိုင်းဘုရင်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရပုံနှင့် ထိုအချိန်က သူ့အား ရည်မှန်းချက်ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ဖူးပုံတို့ကို ပြန်လည်အောက်မေ့ရင်း နင်ချီသည် လွမ်းဆွတ်သလို ခံစားလိုက်ရ၏။

သို့သော် ယခုအခါတွင်မူ... သူသည် ထိုပုဂ္ဂိုလ်ကို အဝေးကြီးသို့ ဖြတ်ကျော် ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

"ဂါရဝပြုပါတယ် စီနီယာထျန်းကျန့်..." ဟု မြို့စောင့် မြောက်ပိုင်းဘုရင်က ကောင်းမွန်သော သဘောထားဖြင့် နှုတ်ဆက်လိုက်လေ၏။

သူသည်လည်း မိမိရှေ့ရှိ ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် လူငယ်တာအိုဆရာကို အကဲခတ် ကြည့်ရှုနေမိသည်။ ထိုလူငယ်သည် ကောင်းကင်ဘုံသို့ တက်လှမ်းတော့မည့် ငှက်မွှေး အသွင်ပြောင်းခြင်း ပုံစံမျိုးဖြင့် ထူးကဲနေပေ၏။

သူသည်လည်း နက်ရှိုင်းသော စိတ်ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။

'ထျန်းကျန့်' ဆိုသော အမည်နာမကို သူ ပထမဆုံး စတင်ကြားသိခဲ့စဉ်က၊ တစ်ဖက်လူသည် ကောင်းကင်ဘုံ လူသား အဆင့် စာရင်း၏ အောက်ဆုံး၌သာ ရှိနေသေးသူ ဖြစ်၏။ တဖြည်းဖြည်းနှင့် မိုးထိအောင် မြင့်တက်သွားခဲ့ရာ၊ ယခုအခါတွင်မူ ရှေးဟောင်းသူတော်စင် တစ်ပါး၏ ဝင်စားခြင်း ဖြစ်ကြောင်း သိရှိလိုက်ရခဲ့ပြီ ဖြစ်ပါသည်။ နင်ချီ၏ စစ်မှန်သော ပုံစံကို သူ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း၊ ထူးခြားမှု တစ်စုံတစ်ရာ ရှိသည်ဟုသာ ခံစားခဲ့ရပြီး နက်နက်နဲနဲ မတွေးမိခဲ့ချေ။

နေနီ သိုင်းသူတော်စင်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်မှသာ ဤလူငယ်သည် အစစ်အမှန် 'ထျန်းကျန်' ဖြစ်ကြောင်း သူ သဘောပေါက်ခဲ့ရခြင်း ဖြစ်၏။

နင်ချီသည် ပြုံး၍ ပြောလိုက်လေ၏။

"ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... 'ဆယ့်တစ်လေး' (Shiyi - လီလင်) က ကျွန်တော့် ဂျူနီယာညီလေးပဲဟာ... စီနီယာနဲ့ ကျွန်တော်က ရွယ်တူတန်းတူ ပြောလို့ ရပါတယ်"

သူသည် တစ်ဖက်လူအပေါ် အခွင့်ကောင်း မယူလိုပေ။

မြို့စောင့် မြောက်ပိုင်းဘုရင်သည် ခေတ္တမျှ ကြောင်အသွားသော်လည်း၊ ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းများထဲတွင် ပိုမို တောက်ပသော အပြုံးများ ပေါ်ပေါက်လာခဲ့သည်။

သူသည် အစစ်အမှန်သိုင်းဂိုဏ်း၌ နေထိုင်ရသည်ကို အလွန် ကျေနပ်နေသော သားဖြစ်သူ လီလင်နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်၏။ လီလင်၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်နေပေ၏။

ဤအရာက သူ့အား အတိတ်ကို ပြန်လည် သတိရစေခဲ့သည်။

လီလင်သည် 'ထျန်းကျန့်' အား လေးစားအားကျသဖြင့် အစစ်အမှန်သိုင်းဂိုဏ်းသို့ ဝင်ရောက်ချင်ခဲ့ခြင်း ဖြစ်ရာ၊ မမျှော်လင့်ဘဲ ထျန်းကျန့်က သူ၏ စီနီယာအစ်ကို ဖြစ်လာခဲ့လေ၏။

ဤမျှ စွမ်းအားကြီးမားသော ရှေးဟောင်းသူတော်စင် တစ်ပါးကို အစ်ကိုအဖြစ် ရရှိထားသည့်အတွက်၊ မြို့စောင့် မြောက်ပိုင်းဘုရင်သည် သားဖြစ်သူအတွက် ဝမ်းသာမဆုံး ဖြစ်နေရရှာသည်။

နင်ချီ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူ နားလည်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဝင်စားသော ရှေးဟောင်းသူတော်စင်များသည် သူတို့၏ လက်ရှိဘဝ ရပ်တည်မှုကို လျစ်လျူရှုလေ့ မရှိကြသောကြောင့် ဖြစ်၏။

"လီလင်က စိတ်လိုလက်ရ လုပ်တတ်တဲ့ ကလေးပါ... ဒါကြောင့် တာအိုညီနောင်ထျန်းကျန့် ကိုပဲ သူ့ကို စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းရတော့မှာပဲ" ဟု မြို့စောင့် မြောက်ပိုင်းဘုရင်က လက်သီးဆုပ် ဂါရဝပြုရင်း ပြုံး၍ ဆိုလေ၏။

"ဒီနေ့ ကျွန်တော်လာတာက မဟာယန် သိုင်းသူတော်စင် ကိုယ်စား တာအိုညီနောင်အတွက် ကိုယ်ပိုင်နယ်မြေ လာသတ်မှတ်ပေးတာပါ... ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်... မဟာယန် သိုင်းသူတော်စင် ကိုယ်တိုင် မလာချင်လို့ မဟုတ်ပါဘူး... သူက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက တံခါးပိတ် ကျင့်ကြံခြင်း ဝင်သွားလို့ပါ"

နင်ချီသည် သဘောပေါက်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

('ဒီအချိန်မှာ တံခါးပိတ် ကျင့်ကြံတယ် ဆိုတော့... ဝိညာဉ်နိုးထခြင်းအတွက် ပြင်ဆင်တာများလား...')

သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဤကဲ့သို့ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ လုပ်ရပ်များသည် တစ်နည်းအားဖြင့် လမ်းညွှန်ချက်များ ဖြစ်နေတတ်သည်။ အချိန်ကို တွက်ချက်ကြည့်လိုက်လျှင် လွန်ခဲ့သော တစ်နှစ်က 'တာအိုဆရာ ပိုင်ရှန်' ပြောခဲ့သည့်အတိုင်း နှစ်လ၊ သုံးလခန့်သာ လိုတော့သည်။ ဝိညာဉ်နိုးထမည့် နေ့ရက်သည် နီးကပ်လာခဲ့ပြီ ဖြစ်၏။

နင်ချီသည် လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"သဘောပေါက်ပါတယ်... ကိစ္စသေးလေးပါဗျာ... ဘာမှ မဖြစ်ပါဘူး"

မြို့စောင့် မြောက်ပိုင်းဘုရင်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ နေနီ သိုင်းသူတော်စင်၏ လက်မောင်းကို ဖြတ်တောက်နိုင်သော၊ ရှေးဟောင်းသူတော်စင်များ အကြား၌ ထိပ်တန်းအဆင့် ရှိနေသူ တစ်ယောက်က စိတ်ဆိုးသွားမည်ကို သူ စိုးရိမ်နေခဲ့မိခြင်း ဖြစ်၏။

မဟာယန် သိုင်းသူတော်စင်၏ အဆိုအရ၊ ဤပုဂ္ဂိုလ်၏ အထွတ်အထိပ် စွမ်းအားသည် ပဉ္စမအဆင့် သိုင်းသူတော်စင် အဆင့်၌ ရှိသင့်သည် ဟူ၏။

ထိုသို့ တွေးတောရင်း...

မြို့စောင့် မြောက်ပိုင်းဘုရင်သည် အချိန်ဆွဲမနေတော့ဘဲ သူ၏ ကျောဘက်မှ မြေပုံ တစ်ခုကို ထုတ်ယူကာ နင်ချီ၏ ရှေ့တွင် ဖြန့်ခင်းလိုက်ပြီး၊ အစစ်အမှန်သိုင်းတောင် တည်ရှိရာ နေရာကို လက်ညှိုးထိုးပြလိုက်သည်။

"တာအိုညီနောင်မှာ စိတ်ကူးထားတဲ့ နေရာများ ရှိမလား... မရှိရင် အစစ်အမှန်သိုင်းတောင်ကို ဗဟိုပြုပြီး နယ်မြေပိုင်းခြားကြမလား"

ထိုအခါ၊ နင်ချီသည် တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"အစစ်အမှန်သိုင်းတောင် ပတ်ဝန်းကျင်ကိုပဲ ယူလိုက်ကြတာပေါ့"

အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ဤနေရာတွင် ရှိနေသဖြင့် ပြောင်းရွှေ့စရာ မလိုပေ။

နင်ချီသည် ဤကိစ္စကို လော့ဝမ်ထျန်းနှင့် ယခင်ကတည်းက တိုင်ပင်ထားပြီးဖြစ်ရာ၊ ယခုအခါတွင် မြေပုံပေါ်၌ ခရိုင်တစ်ခုစာ ပမာဏကို ပေါ့ပါးစွာ ဝိုင်းပြလိုက်လေ၏။

ဤပမာဏသည် ယခင် ရှေးဟောင်းသူတော်စင်များ ရရှိခဲ့သော နယ်မြေအကျယ်အဝန်း၏ ကန့်သတ်ချက်လည်း ဖြစ်၏။

မြို့စောင့် မြောက်ပိုင်းဘုရင်သည် လက်မထောင်ပြလိုက်လေ၏။

"တာအိုညီနောင်ရဲ့ မျက်လုံးက စူးရှပါပေတယ်"

မူလက သူ အကြံပြုချက် အချို့ ပေးရန် ရည်ရွယ်ထားသော်လည်း၊ ယခုကြည့်ရသည်မှာ တစ်ဖက်လူသည် သေချာစွာ လေ့လာထားပုံ ရသည်။ ဤဒေသသည် များစွာသော အရာများကို လွှမ်းခြုံထားပြီး လွယ်ကူစွာ ဖွံ့ဖြိုးတိုးတက်နိုင်ပေ၏။

နင်ချီသည် တိုးညင်းစွာ ရယ်မောလိုက်သည်။

ထို့နောက်...

မြို့စောင့် မြောက်ပိုင်းဘုရင်သည် မြေပုံပေါ်တွင် လက်ညှိုးဖြင့် ထပ်မံ၍ မျဉ်းဆွဲလိုက်ရာ၊ နင်ချီ မမှတ်သားခဲ့သော အစစ်အမှန်သိုင်း တောင်တန်းကြီး၏ အစိတ်အပိုင်းများကိုပါ ထည့်သွင်းလိုက်ပြီး၊ မူလ နယ်မြေအကျယ်အဝန်းကို နှစ်ဆနီးပါး ချဲ့ထွင်လိုက်သည်ကို နင်ချီ အံ့သြစွာ မြင်တွေ့လိုက်ရသည်။

မြို့စောင့် မြောက်ပိုင်းဘုရင်သည် နွေးထွေးစွာ ပြုံးလိုက်လေ၏။

"တာအိုညီနောင်ထျန်းကျန်က အလွန် စွမ်းအားကြီးမားတဲ့အတွက် အမြင့်ဆုံးသော လေးစားမှုကို ပေးအပ်သင့်တယ်လို့ မဟာယန် သိုင်းသူတော်စင်က မှာလိုက်ပါတယ်... နွမ်းပါးတဲ့ နယ်မြေလေး နည်းနည်း ထပ်ထည့်ပေးလိုက်တာက ဘာမှ မဟုတ်ပါဘူးဗျာ"

နင်ချီ သဘောပေါက်လိုက်သည်။

ဤသည်မှာ တစ်ဖက်လူက မိတ်ကောင်းဆွေကောင်း ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပြီး၊ သာမန် ပြသမှုမျိုး မဟုတ်ချေ။

အစစ်အမှန်သိုင်း ဟူသော အမည်ကို ယူထားသော်လည်း၊ အစစ်အမှန်သိုင်း တောင်တန်းကြီးသည် နွမ်းပါးသော မြေရိုင်းတစ်ခု ဖြစ်မနေဘဲ၊ ကျယ်ပြော၍ ကြွယ်ဝသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ အစစ်အမှန်သိုင်းတောင်သည် ၎င်း၏ နယ်နိမိတ် တစ်ခုမျှသာ ဖြစ်၏။ နင်ချီသည် တစ်ချိန်က မျောက်ဖြူ၏ တောင်ထွတ်ကို ထိုနေရာ၌ တွေ့ရှိခဲ့ဖူးသည်။

('နန်းတွင်းထဲမှာ မဟာမိတ်တွေ ရှိနေတာက ကိစ္စတွေကို တကယ် လွယ်ကူစေပါလား...')

နင်ချီ မတွေးဘဲ မနေနိုင်တော့ချေ။

"ကျေးဇူးပါပဲဗျာ..." ဟု နင်ချီက လေးနက်စွာ ပြောကြားလိုက်သည်။

မြို့စောင့် မြောက်ပိုင်းဘုရင်၏ အပြုံးသည် ပိုမို ပီပြင်လာခဲ့သည်။

မူလက မဟာယန် မင်းဆက်အပေါ် သစ္စာရှိခဲ့သော သူသည်၊ 'မီးလျှံသိုင်း စစ်သူကြီးချုပ်' နှင့် ပတ်သက်သော အချို့ အကြောင်းအရာများကို သိရှိလိုက်ရပြီးနောက်တွင် အရာရာကို ထူးဆန်းသည်ဟု ခံစားလာရသည်။

မဟာယန် သိုင်းသူတော်စင်က မည်မျှပင် ရက်ရောပါစေ၊ နင်ချီ၏ စိတ်နှလုံးသည် ငြိမ်းချမ်းမှုကို မရှာဖွေနိုင်ခဲ့ချေ။

မဟာယန် သိုင်းသူတော်စင်၏ မျက်နှာကို မြင်တွေ့ရတိုင်း၊ နင်ချီ၏ နှလုံးသားသည် ထိတ်လန့်တကြား ခုန်လှုပ်သွားရစမြဲ ဖြစ်လေ၏။

All Chapters