အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အပိုင်း ( 301 )
စွမ်းရည်အသစ်၊ ဟင်းလင်းပြင် တုန်ခါမှု
ဂျိန်းးးးး !!
ကောင်းကင်ထက်၌ မိုးခြိမ်းသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြီးမားသော သားရဲကြီးနှစ်ကောင်သည် သွေးလွှမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့သည်။
ထောင်းထျဲ့သည် ၎င်း၏ သွေးမျိုးဆက်ကို လောင်ကျွမ်းပြီး စွမ်းအားများ အဆပေါင်းများစွာ မြင့်တက်လာခဲ့ပြီး၊ ဒုတိယအဆင့် အထွတ်အထိပ် နတ်သားရဲတစ်ကောင်အဖြစ်သို့ ယာယီရောက်ရှိသွားခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်၌ နတ်နဂါးသားရဲကြီးကပင် ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေခဲ့ရသည်။
ကောင်းကင်ယံ၌ ပုံရိပ်နှစ်ခုသည် တောင်နှစ်လုံး တိုက်မိသွားသကဲ့သို့ ဟိန်းဟောက်သံများနှင့်အတူ ထပ်ခါတလဲလဲ တိုက်မိနေလျက်ရှိသည်။
ရံဖန်ရံခါတွင် တုန်ခါမှုလှိုင်းလုံးများပင် ပေါ်ထွက်လာခဲ့ကာ သစ်ပင်များကို အမြစ်များပင် ဆွဲလှန်သွားခဲ့သည်။
“ ခရက် !! “
နတ်နဂါးသားရဲကြီးသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ ထောင်းထျဲ့၏ ဦးချိုတစ်ချောင်းကို ကိုက်ဖြတ်လိုက်ရာ ခရက်ဟူသော အသံနှင့်အတူ ဦးချိုတစ်ချောင်း ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
ထောင်းထျဲ့၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ ၎င်း၏ ပုံရိပ်သည် လဲကျလုမတတ် လှုပ်ခါသွားခဲ့သည်။
၎င်းသည် ကြောက်စိတ်ဝင်သွားခဲ့သည် “ ဒီကောင်၊ ဒဏ်ရာတွေ ရနေခဲ့ပြီးတာတောင် ငါ့ချိုကို ဖျက်စီးနိုင်တဲ့ ခွန်အားမျိုး ရှိနေသေးတာလား? “
၎င်းသည် ပြင်းထန်သော တိုက်ခိုက်မှုများအတွက် သွေးမျိုးဆက်ကို လောင်ကျွမ်းစေကာ၊ ပြိုင်ဘက်အား ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားစေခဲ့သည်။
သို့သော် ပြိုင်ဘက်သည် ဒဏ်ရာများကြောင့် မောပန်းသွားရမည့်အစား ပို၍ပင်တက်တက်ကြွကြွ ဖြစ်လာခဲ့ကာ၊ ပို၍ရဲရဲဝံ့ဝံ့ တိုက်ခိုက်လာခဲ့သည်။
သို့သော် ထောင်းထျဲ့ကမူ ဒဏ်ရာများ ပိုမိုရရှိနေသောကြောင့် ထပ်မံ၍ တောင့်ခံထားရန် ခဲယဥ်းလာခဲ့သည်။
“ ဝုန်းးးး !!! “
နတ်နဂါးသားရဲကြီးမှ ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
ထောင်းထျဲ့၏ အမူအရာ ပြောင်းလဲသွားတော့သည်၊ ၎င်း၏ပုံရိပ်သည် လျှပ်စီး အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် အဝေးသို့ ပြေးထွက်သွားတော့သည်။
“ လျှို့ဝှက်စွမ်းရည် နောက်တစ်ခုလား? “
နတ်နဂါးသားရဲကြီးသည် ထိုမြင်ကွင်းကို ကြည့်ကာ တအံ့တဩဖြစ်သွားတော့သည်။
အဆိုပါ ထောင်းထျဲ့ထံတွင် စွမ်းရည်များ ပေါများကြွယ်ဝလွန်းနေခဲ့သည်၊ ပထမဦးဆုံးအနေဖြင့် မီးဘောလုံးနည်းစနစ်၊ ထို့နောက်တွင် သွေးမျိုးဆက် လောင်ကျွမ်းခြင်းနှင့် ယခု၌ ၎င်းသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အတေးသို့ ပြေးထွက်သွားခဲ့သည်။
ထိုကဲ့သို့သော စွမ်းရည်များ ပိုင်ဆိုင်ထားခြင်းကြောင့် နတ်နဂါးသားရဲကြီးကပင် အတော်လေး မနာလိုအားကျဖြစ်သွားခဲ့သည်။
“ ဒါပင်မဲ့ မင်းဘယ်လောက်ပဲ မြန်နေပါစေ၊ ငါ့ရဲ့ တည်နေရာကူးပြောင်းထပ် ပိုမြန်နိုင်မှာမို့လို့လား? “
မသေမျိုးနတ်နဂါးသားရဲကြီးမှ တောင်ပံများကို ခတ်လိုက်ရာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဝှစ် ဝှစ် ဝှစ် !!!
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်နဂါးသားရဲကြီးသည် အကြိမ်ပေါင်းများစွာ တည်နေရာ ကူးပြောင်းသွားပြီး၊ ထောင်းထျဲ့၏ ပြေးလမ်းကြောင်းပေါ်တွင် ပြန်ပေါ်လာခဲ့သည်။
ဝုန်းးး !!
နတ်နဂါးသားရဲကြီးမှ ကြီးမားသော ခွန်အားဖြင့် ရိုက်ချလိုက်ရာ၊ ၎င်းသည် လေထုကို ပေါက်ကွဲသွားစေပြီး၊ ထောင်းထျဲ့၏ ဦးခေါင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။
ခရက်ဟူသော အသံနှင့်အတူ ထောင်းထျဲ့၏ ဦးခေါင်းခွံ ကွဲအက်ကျိုးပဲ့သွားခဲ့သည်။
“ သေ !!! “
နတ်နဂါးသားရဲကြီးသည် အသက်ရှူခွင့်ပင် မပေးဘဲ၊ တိုက်ခိုက်မှုများကို ထပ်မံ၍ ပြုလုပ်လာခဲ့ပြီး၊ ထောင်းထျဲ့၏ ခန္ဓာကိုယ်ပေါ်သို့ လက်ဝါးချက်များ အကြိမ်ကြိမ်အခါခါ ကျရောက်သွားစေခဲ့သည်။
ဘုမ်း ဘုမ်း ဘုမ်း ~~~
ထောင်းထျဲ့၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ရှိနေခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။
…
“ အလယ်အလတ်အဆင့် နတ်သားရဲကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တော်တော်လေးကို သတ်ရခက်တယ် “
နတ်နဂါးသားရဲကြီးမှာလည်း မြေပြင်ပေါ်သို့ ဆင်းလာခဲ့ပြီး၊ အရှေ့ရှိ ကြီးမားသော အလောင်းကြီးကိုကြည့်ကာ စိတ်သက်သာရာရသွားခဲ့သည်။
ယခုတွင် သူသည် ဒုတိယအဆင့် အဆင့်၅သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း၊ ထောင်းထျဲ့ကို ကိုင်တွယ်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
အကယ်၍ သူ့ထံတွင် အင်မော်တယ်စွမ်းရည် မရှိဘူးဆိုပါက သူသာလျှင် သေဆုံးသွားရမည် ဖြစ်သည်။
“ ငါ့ရဲ့ တည်နေရာ ကူးပြောင်းခြင်းက သွေးနှောသားရဲတွေလောက်ပဲ ကိုင်တွယ်ဖြေရှင်းလို့ရတယ် “
ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ဒါပင်မဲ့ ဒီလို စွမ်းအားကောင်းတဲ့ နတ်သားရဲတွေအတွက်ဆိုရင်တော့ နည်းနည်းလေး လိုနေသေးတယ် “
ဤကဲ့သို့ အလယ်အလတ်အဆင့် နတ်သားရဲထံတွင် ထူးခြားသော စွမ်းရည်များ ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဥပမာအားဖြင့် ဤထောင်းထျဲ့သည် ၎င်း၏ ကိုယ်ပိုင်သွေးမျိုဆက်ကိုပင် လောင်ကျွမ်းနိုင်ပြီး၊ ခွန်အားကို ကြီးကြီးမားမား မြင့်တက်သွားစေခဲ့ကာ တည်နေရာကူးပြောင်းခြင်းကိုပင် ရှိန်မနေတော့ချေ။
ထို့ကြောင့် နတ်နဂါးသားရဲကြီးသည် ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေရုံသာ တတ်နိုင်ခဲ့သည်။
“ ဒါပင်မဲ့ သတ်ဖို့ခက်လေလေ၊ တန်ဖိုးပိုရှိလေလေပဲ “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီဟာက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေနိုင်မှာလဲ? “
၎င်းသည် အတော်လေး မျှော်လင့်မိနေတော့သည်။
သို့သော် နတ်နဂါးသားရဲကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ ကောင်းကင်ထက်သို့ မော့ကြည့်ကာ ထောင်းထျဲ့၏ အသိုက်ဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။
အသိုက်ထဲ၌
များပြားသော သားပေါက်လေးများသည် မျက်စိများ ပိတ်ကာ လှဲလျောင်းနေလျက်ရှိသည်၊ ၎င်းတို့သည် မွေးခါစသာ ရှိသေးသောကြောင့် မျက်လုံးများ မဖွင့်နိုင်သေးပေ။
၎င်းတို့သည် သူတို့၏အမေက ပြန်ရောက်လာပြီဟု ထင်သွားကာ ဆာလောင်မှုများဖြင့် အော်ဟစ်လာကြတော့သည်။
“ ဟမ်? “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ အလယ်အလတ်အဆင့် နတ်သားရဲသွေးမျိုးဆက်က တကယ်ကြီးရှိနေတာလား? “
ထောင်းထျဲ့သားပေါက်အများစုသည် အဆင့်နိမ့် နတ်သားရဲများသာဖြစ်သည်။ သို့သော် အလယ်အလတ်အဆင့် နတ်သားရဲသွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် သားပေါက်တစ်ကောင်လည်း ရှိနေခဲ့ပြီး၊ ၎င်းသည် အတော်အတန် အဆင့်မြင့်ပုံရသည်။
“ ကောင်းလိုက်တဲ့ အဆာပြေစာလေးတွေ “
နတ်နဂါးသားရဲကြီးသည် တောင်ပံကို ဝေ့ယမ်းကာ ထောင်းထျဲ့သားပေါက် အကုန်လုံးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပို့လိုက်ပြီး၊ ထို့နောက်တွင် ထောင်းထျဲ့အလောင်းဆီသို့ ပျံသန်းသွားတော့သည်။
“ ခရက် !! “
နတ်နဂါးသားရဲကြီးသည် ထောင်းထျဲ့၏ ရင်ဘတ်ကို ကိုက်ကာ ရင်အုပ်သားအကြီးကြီးတစ်ခုကို ကိုက်ဖြတ်လိုက်သည်။
“ ဂလု ဂလု ~~~ “
“ ဒီအလယ်အလတ်အဆင့် နတ်သားရဲရဲ့ အသားက တကယ်ကို မတူဘူးပဲ၊ အရသာရှိတာထပ်ကို ပိုတယ် “
နတ်နဂါးသားရဲကြီးသည် ဖြည်းဖြည်းချင်း ကိုက်ဝါးကာ အရသာခံစားသောက်နေတော့သည်။
…
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
နတ်နဂါးသားရဲကြီး ဗိုက်ပြည့်သည်အထိ စားသောက်ပြီးစီးသွားကာ ၎င်း၏အလေးချိန်မှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။
၎င်း၏ ယခုလက်ရှိ အလေးချိန်ဖြင့်ဆိုလျှင်တောင်မှ ကီလိုဂရမ် ၃၀၀ ရရှိလာခြင်းသည် သိသာထင်ရှားနေစဲပင်ဖြစ်သည်။
“ ဝရုန်း ~~ “
၎င်းသည် တောင်ငယ်လေးတစ်လုံးက ရုတ်တရက် ဖောင်းကားလာသည်နှင့် တူညီနေခဲ့သည်။
မကြာခင်မှာပင် မသေမျိုးနတ်နဂါးသားရဲကြီး၏ အရပ်အမြင့်မှာလည်း ထပ်မံ၍ မြင့်တက်လာခဲ့သည်။
[ အလေးချိန် + ၃၀၀ ကီလိုဂရမ်]
[ အဆင့် + ၁၀၀% ]
အဆင့် : ဒုတိယအဆင့် အဆင့်၆ ( ၈၀% )
ဝရုန်း !!!
နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ် လှုပ်ရမ်းသွားခဲ့ပြီး၊ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ကာ ၎င်းသည် ကီလိုမီတာပေါင်းများစွာအထိ ပျံ့လွင့်သွားခဲ့သည်။
ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အားတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဒီအသားက ငါ့ရဲ့အဆင့်ကို ၁၀၀%အထိတောင် တိုးတက်သွားစေတာလားဟ? “
ရှုကျိုး အံ့ဩတုန်လှုပ်သွားတော့သည်၊ ၎င်းမှာ မကြုံစဖူး ရလဒ်ထူးပင်ဖြစ်သည်။
တန်တယ်ဟေ့ !!
အလယ်အလတ်အဆင့် နတ်သားရဲ၏ သွေးမျိုးဆက်သည် မျှော်လင့်ထားသည့်အတိုင်း အမှန်ပင် အစွမ်းထက်လွန်းနေခဲ့သည်။
ထိုအချိန်၏ နတ်နဂါးသားရဲကြီး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ အဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ၎င်းသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပြောင်းလဲသွားပုံရသည်ဟု ခံစားနေခဲ့ရသည်။
၎င်းသည် ဟင်းလင်းပြင်စွမ်းအင်များ၏ တည်ရှိမှုကို ခံစားနေနိုင်ပြီဖြစ်သည်။
“ ဝှစ် !! “
ရုတ်တရက်ဆိုသလိုပင် ၎င်း၏ တောင်ပံများ အနည်းငယ် လှုပ်ခါသွားခဲ့သည်။
အရှေ့ရှိ ဟင်းလင်းပြင်သည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ လှုပ်ခါသွားခဲ့ပြီး၊ များပြားသော ဟင်းလင်းပြင်စွမ်းအင်များသည် အရှေ့ဘက်တွင် စုစည်းလာခဲ့သည်။
“ ဝရုန်းးးး !!! “
မလှမ်းမကမ်းတွင် ငါးမီတာ မြင့်မားသည့် ကျောက်တုံးကြီးတစ်တုံးသည် ငလျင်လှုပ်ခတ်သွားသကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများပင် ပေါ်လာခဲ့သည်။
……………………………………………………………………………………………………………………………….
အပိုင်း ( 302 )
စွမ်းရည်အသစ်၊ ဟင်းလင်းပြင် တုန်ခါမှု ၂
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကျောက်တုံးကြီးသည် သေးငယ်သော အပိုင်းအစလေးများအဖြစ် ကွဲအက်သွားသည်။
“ ဟင်းလင်းပြင် တုန်ခါမှု !!! “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများ တောက်ပသွားတော့သည်။
၎င်းသည် ဤတစ်ကြိမ်တိုးတက်မှုက ဟင်းလင်းပြင် စွမ်းရည်အသစ်များ ရရှိစေလာမည်ဟု သံသယဖြစ်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းသည် စွမ်းရည်အသစ်ဖြစ်သည့် “ ဟင်းလင်းပြင် တုန်ခါမှု ” ကို ထပ်မံ၍ နားလည်သွားခဲ့သည်။
၎င်းသည် ဟင်းလင်းပြင် စွမ်းအင်များကို ထိန်းချုပ်၍ ရည်မှန်းထားသော တည်နေရာတစ်ခုတွင် ကြိမ်နှုန်းမြင့် တုန်ခါမှုများကို ဖန်တီးကာ၊ ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှုများကို ဖြစ်ပေါ်သွားစေခြင်းဖြစ်သည်။
အဆိုပါ တုန်ခါမှုများ၏ အကျိုးသက်ရောက်မှုများသည် ငလျင်လှုပ်ခြင်းနှင့် တူညီနေခဲ့သည်။
၎င်းတို့သည် ပြင်းထန်သော အတွင်းပိုင်း ဒဏ်ရာများ ဖြစ်ပေါ်စေရန် ပစ်မှတ်ထားကာ အတွင်းပိုင်းမှတစ်ဆင့် အပြင်ပိုင်းကိုပါ ကွဲထွက်သွားစေခြင်းဖြစ်သည်။
“ စွမ်းအားကို ကြည့်ရသလောက်တော့ အဲ့တာရဲ့ အဖျက်အစီးစွမ်းအားက အနည်းဆုံး မဂ္ဂနီကျု ၈.၀ရှိတဲ့ ငလျင်တစ်ခုနဲ့ ယှဥ်နိုင်တယ် “
ကြီးမားသော ဧရာမကျောက်တုံးကြီးသည် ချက်ချင်း ပြိုကျပျက်စီးသွားတော့သည်။
ထိုကဲ့သို့သော အဖျက်အစီးစွမ်းအားကို အသွေးအသားရှိသည့် အရာတစ်ခုပေါ်တွင် အသုံးပြုလိုက်မည်ဆိုပါက ပို၍ ကြောက်မက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။
သို့ရာတွင် ယခု၌ အဆိုပါ စွမ်းရည်သည် ပစ်မှတ်တစ်ခုကိုသာလျှင် ပစ်မှတ်ထားနိုင်သေးသည်၊ ၎င်းသည် ၈.၀ရှိသည့် ငလျင်အစစ်တစ်ခုကဲ့သို့ ကြီးမားသော ဧရိယာကို ချက်ချင်း မဖျက်စီးနိုင်သေးပေ။
“ လုံလောက်ပါတယ် “ နတ်နဂါးသားရဲကြီးသည် အဆိုပါစွမ်းရည်နှင့်ပတ်သတ်၍ စိတ်ကျေနပ်သွားခဲ့သည် “ ငါ့ရဲ့စွမ်းအား မြင့်လာတာနဲ့၊ ငါ့ရဲ့ ဟင်းလင်းပြင်စွမ်းရည်ကပါ လိုက်ပြီးတော့ တိုးတက်လာမှာပဲ၊ အကျိုးသက်ရောက်မှုက ပိုပိုပြီးတော့ ကောင်းလာမှာ …… “
ဆွစ်ရှ် !!
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် နတ်နဂါးသားရဲကြီး၏ ပုံရိပ်သည် မိုင်ပေါင်းများစွာ ဝေးကွာသည့် နေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။
“ အရင်တုန်းကဆိုရင် တည်နေရာကူးပြောင်းတာက အများဆုံးအနေနဲ့ မီတာ ၁၀၀အတွင်းကိုပဲ သွားနိုင်တယ်၊ အခုဆိုရင်တစ်ခါလောက် တည်နေရာ ကူးပြောင်းတာနဲ့ မိုင်နဲ့ချီပြီးတော့ကို သွားနေနိုင်ပြီ “
၎င်းသည် နတ်သားရဲ စွမ်းရည်၏ စွမ်းအားပင်ဖြစ်သည်။
၎င်းသည် မူလခန္ဓာကိုယ်နှင့်အတူ လိုက်ပါ၍ ကြီးထွားလာမည်ဖြစ်သည်။
ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် မသေမျိုးနတ်နဂါးသားရဲကြီးသည် နတ်သားရဲတို့၏ အခြေခံစွမ်းရည်(သို့) လက္ခဏာရပ်များကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။
အဆက်မပြတ် တိုးတက်လာခြင်းနှင့်အတူ ၎င်း၏ အမျိုးမျိုးသော စွမ်းရည်များသည် ပိုပို၍ အားကောင်းလာမည်သာဖြစ်သည်။
…
စံအိမ်အတွင်း၌
ရှုကျိုးသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ချွေးများဖြင့် စိုရွှဲနေပြီး၊ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ အလွန်မောပန်းနွမ်းနွယ်နေခဲ့သည်။
ဤတစ်ကြိမ်တွင် ကိုယ်ပွားထံမှ ရောက်ရှိလာခဲ့သည့် ထောက်ပံ့မှုမှာ ထူးထူးခြားခြား အားကောင်းနေခဲ့သည်။
အဆင့်သည် ၁၀၀%တိတိ မြင့်တက်သွားခဲ့ပြီး၊ ချီ-သွေးစွမ်းအင်မှာလည်း ၄၀၀ ကယ်လိုရီနီးပါး တိုးမြင့်လာခဲ့သည်။
“ အခုလက်ရှိ ချီ-သွေးစွမ်းအားတိုးတက်မှုက ခွန်အားကိုပဲ တိုးမြှင့်ပေးနိုင်ကတော့ တကယ်ဆိုးတယ်ကွာ၊ နယ်ပယ်ရဲ့ အတားအဆီးတွေကို မချိုးဖျက်ပေးနိုင်ဘူး “ ရှုကျိုးသည် တိတ်တဆိတ် ညီးတွားနေတော့သည်။
ချီ-သွေးစွမ်းအားအရသာဆိုပါက သူ၏ ယခုလက်ရှိ စွမ်းအားသည် တတိယအဆင့်သို့ ရောက်ခါစဖြစ်သည့် ပညာရှင်တစ်ဦးနှင့် ယှဥ်နိုင်နေပြီဖြစ်သည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသည့် ပမာဏဖြစ်သည်။
ဒုတိယအဆင့်အထွတ်အထိပ်မှ တတိယအဆင့်သို့ ရောက်ရှိရန်အတွက် ချီ-သွေးစွမ်းအင် ကယ်လိုရီ ၂၀၀၀တိတိ တိုးလာရန်လိုအပ်သည်၊ ၎င်းသည် နယ်ပယ်ကြီးတစ်ခု၏ ကွာဟချက်ကို ကိုယ်စားပြုနေခဲ့သည်။
ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦးကပင် ဒုတိယအဆင့်နယ်ပယ်တွင် ရှိနေသည့် အချိန်တွင် တတိယအဆင့်နယ်ပယ်နှင့် ယှဥ်နိုင်သည့် ချီ-သွေးစွမ်းအားမျိုး ရှိနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ရှုကျိုးကမူ နှောင်းပိုင်း ဒုတိယအဆင့်မှာပင် ၎င်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
“ ဒါပင်မဲ့ ငါကြားရတာကတော့ စတုတ္ထအဆင့်ကို ရောက်သွားတာနဲ့ ချီ-သွေးစွမ်းအားက တော်တော်လေးကို အရေးပါလာလိမ့်မယ်တဲ့ “
ရှုကျိုးသည် တစ်ကိုယ်တည်း အတွေးနက်နေတော့သည် “ ကလီစာငါးခုရဲ့ စွမ်းအားကို ကျင့်ကြံဖို့အတွက် ချီ-သွေးစွမ်းအားရဲ့ ထောက်ပံ့မှုကို လိုအပ်တယ်၊ ငါက စတုတ္ထအဆင့် နယ်ပယ်အတွက် အခြေခံအုတ်မြစ်တောင် ချပြီးသွားပြီ “
သူ၏ ချီ-သွေးစွမ်းအင်က ပိုအားကောင်းလေလေ၊ စတုတ္ထအဆင့်သို့ ရောက်ပြီးသည့်နောက်တွင် သူ၏ကျင့်ကြံရေးက ပို၍လေယ်ကူချောမွေ့လာလေလေပင် ဖြစ်သည်။
“ ချီ-သွေးစွမ်းအင် တိုးတက်မှုက နယ်ပယ်အတွက် အကျိုးမရှိပင်မဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတော့ မြှင့်တင်ပေးနိုင်တယ် “
ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေတော့သည် “ ချီ-သွေးစွမ်းအားတစ်ခုတည်းနဲ့တင် ငါက တတိယအဆင့် ပညာရှင်ကို တိုက်ခိုက်နေနိုင်ပြီ။ တကယ်လို့ စွမ်းအားကုန်ထုတ်သုံးမယ်ရင် နှောင်းပိုင်း တတိယအဆင့် ပညာရှင်ကတောင် ငါ့ကို နိုင်တော့မှာ မဟုတ်ဘူး “
ရှုကျိုးသည် မတ်တပ်ထရပ်လိုက်သည်။
ကိုယ်ပွားသည် စွမ်းရည်အသစ်ဖြစ်သည့် ဟင်းလင်းပြင် တုန်ခါမှုကို နားလည်သွားခဲ့ပြီး၊ မူလကိုယ်မှာလည်း အဆိုပါစွမ်းရည်၏ ၅၀%ကို တတ်မြောက်သွားခဲ့သည်။
“ ဟင်းလင်းပြင် တုန်ခါမှု ……. ဒါက မူလကိုယ်မှာဆိုရင် ဘယ်လောက်တောင် အစွမ်းထက်နေလိုက်မလဲ? “
ရှုကျိုး၏ ပုံရိပ်သည် အပြင်ဘက်သို့ ထပ်မံ၍ ရောက်ရှိလာပြန်သည်။
ဤတစ်ကြိမ်၌ သူသည် ကျောင်းနောက်ဘက်ရှိ တောင်တန်းဆီသို့ မသွားတော့ပေ။
ထို့အစား သူသည် ကျောင်းဝန်းအပြင်ဘက်သို့သာ တိုက်ရိုက်ထွက်သွားခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ တောင်တန်းများစွာ ဝိုင်းရံနေသည့် မြို့ပြင်ပဝန်းကျင်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
မကြာခင်မှာပင် ရှုကျိုးသည် အရှေ့ဘက်တွင် ငါးမီတာအရွယ်မျှ ကျောက်တုံးကြီးတစ်တုံး ရှိနေသည့် လူသူကင်းမဲ့နေသော တောင်ကုန်းတစ်ခုကို ရှာတွေ့သွားခဲ့ပြီး၊ သူ၏မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်စွမ်းအင်များကို အာရုံခံကြည့်နေတော့သည်။
“ ဇွီ ဇွီ !! “
သူ၏ထိန်းချုပ်မှုကြောင့် သူ့ဘေးနားတွင် ရှိနေသည့် ဟင်းလင်းပြင်စွမ်းအင်များသည် လျင်မြန်စွာ ဆူပွက်လာခဲ့ပြီး၊ နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် ငါးမီတာမြင့်သည့် ကျောက်တုံးကြီးသည် စတင်၍ လှုပ်ရမ်းလာခဲ့သည်။
“ ခရက် !! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ခရက်ဟူသော ကွဲအက်သံနှင့်အတူ ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။
နှစ်စက္ကန့်မျှကြာခဲ့ပြီးသည့်နောက်၌ ပိုမိုများပြားသည့် အက်ကွဲကြောင်းများ ပေါ်လာခဲ့ပြီး၊ ကျောက်တုံးတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
“ ဝုန်းးးး !! “
သုံးစက္ကန့်မျှ ကြာခဲ့ပြီးသည့်နောက်၌ ငါးမီတာမြင့်သည့် ကျောက်တုံးကြီးသည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ မီတာဝက်အရွယ်ရှိ ကျောက်တုံးလေးများအဖြစ် ကွဲထွက်သွားကာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။
“ ကိုယ်ပွားရဲ့ စွမ်းရည်နဲ့ ယှဥ်လိုက်မယ်ဆိုရင် တော်တော်ကြီးကို အားပျော့နေတာပဲ “
အကယ်၍ နတ်နဂါးသားရဲကြီးကသာ ဟင်းလင်းပြင် တုန်ခါမှုကို အသုံးပြုလိုက်ပါက အဆိုပါ ကျောက်တုံးသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော် မူလကိုယ်က အသုံးပြုသည့်အခါတွင်မူ ထိုမျှလောက် အားကောင်းမနေခဲ့ပေ။
“ ဒါပင်မဲ့ ဟင်းလင်းပြင် တုန်ခါမှုရဲ့ အနှစ်သာရက ပစ္စည်းကို ဖောက်ခွဲနိုင်တဲ့စွမ်းအား မဟုတ်ဘူး “ ရှုကျိုး အတွေးနက်သွားတော့သည်။
“ ရန်သူကို စိတ်အာရုံထွေပြားသွားအောင် လုပ်ရတာပဲ “
ယခုလက်ရှိ သူ၏စွမ်းအားဖြင့်သာဆိုပါက သူသည် ကျောက်တုံးကြီးကို တစ်ချက်တည်းဖြင့် ချေမွပစ်နိုင်သည်။
စွမ်းအားရှုထောင့်မှ ကြည့်မည်ဆိုပါက ဤဟင်းလင်းပြင် တုန်ခါမှုသည် အတော်လေး လိုအပ်ချက် ရှိနေစဲပင်ဖြစ်သည်။
သို့ရာတွင် ၎င်းသည် သေးငယ်သော ဧရိယာအတွင်းရှိ ဟင်းလင်းပြင်ကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားစေကာ ရန်သူ၏ လှုပ်ရှားမှုကို နှောင့်နှေးသွားစေရန် ပြုလုပ်နိုင်ပေသည်။
အကယ်၍ ရန်သူက လေပေါ်တွင် ရှိနေမည်ဆိုလျှင်တောင်မှ ရှုကျိုးသည် သူ့ဘေးနားရှိ ဟင်းလင်းပြင်ကို ထိန်းချုပ်နေနိုင်စဲပင်ဖြစ်ပြီး၊ ဟန်ချက်ညီမျှမှုနှင့် တည်ငြိမ်မှုတို့ကို ဖြိုခွင်းမည် ဖြစ်သည်။
၎င်းက ကြောက်မက်ဖွယ် အကောင်းဆုံးအပိုင်းဖြစ်သည်။
အကယ်၍ တိုက်ပွဲတစ်ခုအတွင်း၌ တည်တည်ငြိမ်ငြိမ် ရပ်မနေနိုင်ဘူးဆိုပါက မည်ကဲ့သို့ တိုက်ခိုက်နိုင်တော့မည်နည်း?
သူတို့သည် ရှုကျိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားကြမည် ဖြစ်သည်။
“ ဒါကို ကျွမ်းကျင်သွားအောင် များများလေ့ကျင့်ရမယ်၊ ဒါက ငါ့အတွက် တော်တော်ကြီးကို အထောက်အကူပြုလာမှာ “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ ပုံရိပ် လှုပ်ခတ်သွားခဲ့ပြီး၊ ထပ်မံ၍ စမ်းသပ်စစ်ဆေး၊ လေ့ကျင့်နေတော့သည်။
…
တောင်ဝင်သိုင်းပညာ တက္ကသိုလ်
နိုင်ငံအတွင်းရှိ ထိပ်တန်းတက္ကသိုလ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် တော်ဝင်သိုင်းပညာ တက္ကသိုလ်သည် တျန်းကျိုးတွင် တည်ရှိပြီး၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထပ်ပို၍ ချမ်းသာကြွယ်ဝနေခဲ့သည်။
ထို့ကြောင့် သိုင်းပညာရှင်များ ပေါများကာ သိုင်းပညာမှာလည်း ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ထိုအချိန်၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်ရှိ စံအိမ်တစ်ခုအတွင်း၌
ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ပါးစပ်ထဲတွင် လော်လီပေါ့ တစ်ချောင်းထည့်ထားသည့် မိန်းမပျိုလေးတစ်ဦးသည် သူမအရှေ့ရှိ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို ကြည့်ကာ မျက်လုံးများ မှေးကျဥ်းသွားခဲ့သည်။
“ လနတ်ဘုရားဂိုဏ်းခွဲကို ရှင်းမှာလား? “
သူမသည် ခေါင်းခါပြ၍ အရပ်ရှည်ရှည်လူကို စကားပြောလိုက်သည် “ သမီးဆီမှာ အဲ့တာအတွက် အချိန်မရှိဘူး၊ နောက်ရက်ပိုင်းလောက်ဆိုရင် သမီးက ကွမ်ဟန်ကို သွားတော့မှာ “
……………………………………………………………………………………………………………………………………
အပိုင်း ( 303 )
စွမ်းရည်အသစ်၊ ဟင်းလင်းပြင် တုန်ခါမှု ၃
ထိုလူမှ ပြန်ပြောလာခဲ့သည် “ လီယွဲ့၊ ဒီမစ်ရှင်က တော်တော်လေးကို အရေးကြီးတယ်၊ အဓိကအရာကတော့ မြေးက လူတစ်ယောက်ကို ကာကွယ်ပေးရမယ် “
“ ဘယ်သူ့ကို ကာကွယ်ပေးရမှာလဲ? “
“ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ရှုကျိုးလို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ကို “
ထိုလူကြီးမှ အပြုံးဖြင့် ပြောလာခဲ့သည်။
အကယ်၍ ရှုကျိုးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက သူသည် ဤလူကြီးက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းကမှ ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် မြင်တွေ့ခဲ့ရသည့် နဝမအဆင့် အထွတ်အထိပ် ပညာရှင်၊ ရှားလီကော်ဖြစ်နေသောကြောင့် အံ့ဩသွားမည် ဖြစ်သည်။
တော်ဝင်သိုင်းပညာ တက္ကသိုလ်နှင့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တို့သည် မိုင်ပေါင်းသောင်းနှင့်ချီ ကွာဝေးနေခဲ့သည်။
သို့ရာတွင် ၎င်းသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအတွက် မိနစ်ပိုင်းမျှသာ အချိန်ယူရသော ကိစ္စတစ်ခုဖြစ်သည်။
အကယ်၍ ဟင်းလင်းပြင် စွမ်းရည် ပိုင်ဆိုင်ထားသည့် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာဆိုပါက၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားမည်ဖြစ်သည်။
“ ရှုကျိုးလား? “
ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် အဆိုပါနာမည်ကို ရင်းနှီးနေပုံရသည် “ သူက ကျွန်မတို့ ရှားမိသားစုထဲက တစ်ယောက်လား? “
“ အို့? “ ရှားလီကော်မှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ သူက ရှားမိသားစုနဲ့ ပူးပေါင်းထားတာလား? “
သူသည် ကွမ်ဟန်တွင် အချိန်အတော်ကြာ အခြေစိုက်နေခဲ့သောကြောင့် ထိုကိစ္စများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိသေးပေ။
ရှားလီယွဲ့သည် တက်ဘလက်တစ်လုံးကို ထုတ်၍ အလျင်အမြန် စစ်ဆေးလိုက်ပြီး၊ အထင်တသေးပြောလာခဲ့သည် “ ရှားမိသားစုဝင် မဟုတ်ဘူး၊ ဒါပင်မဲ့ မိသားစုကတော့ သူ့ကို Aအဆင့် ထောက်ပံ့မှု ပေးထားတယ် “
ရှားမိသားစုထံတွင် ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ရှိနေခဲ့သည်။
သို့သော် သူမ၏အမြင်၌ ထိုကဲ့သို့သော လူများသည် အချောင်သမားများနှင့် မည်သို့မျှ မကွာခြားပေ၊ အကယ်၍ သူတို့က ကြီးပျင်း တိုးတက်လာမည်ဆိုလျှင်တောင်မှ ထိုလူများသည် နောင်အနာဂတ်တွင် ရှားမိသားစုကို ကူညီလာကြမည် မဟုတ်ပေ။
ထို့အပြင် သူတို့ထံတွင် တိုးတက်လိုစိတ် ရှိ၊ မရှိဆိုသည်မှာလည်း မသေချာလှပေ။
ရှားလီကော်သည် ထိုကိစ္စများနှင့် ပတ်သက်၍ များစွာ တွေးတောစဥ်းစားမနေဘဲ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ကြည့်ရတာတော့ အဲ့ကောင်လေးက ရှားမိသားစုနဲ့ အဆက်အဆံရှိတာက တော်တော်ကြာပြီနဲ့တူတယ်၊ အဲ့တာလည်း ကောင်းတာပဲ။ အဲ့ဒီအချိန်ကျရင် အချိန်ကျရင် မြေးက ဒီမစ်ရှင်ရဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီးတော့၊ သူ့ကို စောင့်ကြည့်နေလို့ရတယ် “
ရှားလီယွဲ့သည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည် “ ဘိုးဘိုး၊ အဲ့လူက သမီးတို့ကျောင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးခဲ့တာလေ၊ ကျွန်မက သူနဲ့ အဖွဲ့မဖွဲ့ချင်ဘူး “
ဝမ်ချောင်ခုန်းကို အနိုင်ယူကာ ယန်တျန်ဒုံကို အပိုင်းပိုင်း အစစဖြစ်အောင် ပြုလုပ်ခဲ့သည့် ရှုကျိုး၏ ဂုဏ်သတင်းသည် သိုင်းပညာ တက္ကသိုလ်များကြားတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
ထိုတိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုး၏ အောင်မြင်ကျော်ကြားမှုသည် မိုးထိထောင်တက်လာခဲ့သည်။
တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာလည်း ရှုကျိုး၏ ခြေနင်းတုံးဖြစ်သွားခဲ့ရသည်။
ဂုဏ်သိက္ခာမြင့်မားသည့် တော်ဝင်သိုင်းပညာ တက္ကသိုလ်က ရှုကျိုးကြောင့် ခေါင်းပင်မဖော်နိုင်တော့ဘူးဟု ကောလဟာလများပင် ထွက်နေပြီဖြစ်သည်။
ရှားလီယွဲ့သည် သကြားလုံးကို ကိုက်ဝါးနေတော့သည်၊ ရှုကျိုးက ယန်တျန်ဒုံအား နဝမအဆင့် ပညာရှင်နှစ်ဦး၏ အရှေ့မှာပင် အပိုင်းပိုင်း အစစ လုပ်ခဲ့သည်ဟု ကြားသိခဲ့ရသည့် အချိန်တွင် အလွန်တရာ မကျေမနပ်ဖြစ်သွားခဲ့သည်။
အဲ့လို လူကြမ်းကောင်ကို ကာကွယ်ပေးရမှာလား?
ဟာသပဲ !!
“ ငါ့ရဲ့ အကဲဖြတ်မှုက မမှားနိုင်ဘူး၊ အဲ့ကောင်လေးဆီမှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ်၊ သူက နောင်အနာဂတ်မှာ နဝမအဆင့် နယ်ပယ်ရဲ့ ပြိုင်ဘက်ကင်း လမ်းကြောင်ကိုတောင် လျှောက်နိုင်လောက်တယ် “
ရှားလီကော်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ သူနဲ့ ရင်းနှီးဖို့အတွက် ဒီအခွင့်အရေးကို ယူလိုက်သင့်တယ်၊ အဲ့တာက မြေးအတွက် အကျိုးရှိတယ် “
“ ကျွန်မက သူနဲ့ ဘာလို့ရင်းနှီးသင့်တာလဲ? “ ရှားလီယွဲ့သည် တိတ်တဆိတ် မျက်စောင်းထိုးနေတော့သည်။
အဲ့လိုရက်စက်ကြမ်းကြုတ်တဲ့ လူကြီးနဲ့ ဘယ်သူက ပူးပေါင်းချင်မှာလဲ?
ရှားလီကော်၏ အမူအရာ တင်းမာသွားကာ အော်ငေါက်လာတော့သည် “ လီယွဲ့၊ သဘောထား သေးမနေနဲ့ “
ရှားလီယွဲ့သည် ကူရာကယ်ရာမဲ့နေသာ အမူအရာမျိုးဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီ၊ သမီးသွားပါ့မယ် “
…
အချိန်များ ဖြတ်သန်းသွားကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌
နတ်သိုင်းဌာနတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေလျက်ရှိပြီး၊ ပထမအဆင့်မှ Sအဆင့်စွမ်းရည်ပိုင်ရှင် ပါရမီရှင်များသည် အစစ်အမှန် သိုင်းပညာဌာနဘက်သို့ ကူးပြောင်းသွားကြသည်။
ဒုတိယအဆင့်နယ်ပယ်များအတွက်မူ သူတို့သည် ဂိုဏ်းရှင်းလင်းမစ်ရှင်တွင် ပါဝင်ရမည်ဖြစ်သောကြောင့် ဌာနပြောင်း၍ မရသေးပေ။
နတ်သိုင်းဌာန၏ နည်းပြဆရာ၊ ဆရာမများသည် မကျေမနပ်ဖြစ်နေကြသော်လည်း ပေါ်ပေါ်တင်တင် ထုတ်မပြောရဲကြပေ။
အဓိကဌာနကြီးငါးခုက ပူးပေါင်းထုတ်ပြန်လာခဲ့သည့် အမိန့်စာဖြစ်သောကြောင့် နဝမအဆင့် ပညာရှင်တစ်ဦးကပင် ထိုအမိန့်ကို မနာခံဘဲ မနေရဲချေ။
အစစ်အမှန် သိုင်းပညာဌာကမူ မကြာခင်ကမှ အတော်လေး ထင်ပေါ်ကျော်ကြားလာခဲ့သည်။
တစ်နေ့တွင် ရှန့်ဝမ်ချန်းသည် တစ်ကျောင်းလုံးရှိ ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်မှ ပါရမီရှင်များကို ဆင့်ခေါ်ကာ အစည်းအဝေးတစ်ခု ကျင်းပနေတော့သည်။
အစည်းအဝေးခန်းမအတွင်း၌
လူထူထပ်နေလျက်ရှိသည်။
အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာန နှစ်ခုလုံးမှ ဒုတိယအဆင့်နှင့် တတိယအဆင့် ပါရမီရှင် အကုန်လုံး အတူတကွ စုစည်းနေကြပြီဖြစ်သည်။
ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ဇဝေဇဝ ဖြစ်သွားခဲ့သည် “ ဘာလို့ လျူတျန်မုကို မတွေ့ရတာလဲဟ? “
လျူတျန်မုအား ဝမ်ချောင်ခုန်း(သို့) ယန်တျန်ဒုံတို့ကဲ့သို့သော ပါရမီရှင်များနှင့် နှိုင်းယှဥ်၍မရသော်လည်း၊ သူသည် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်နေစဲပင်ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် သူ၏ဒုတိယနှစ်မှာပင် တတိယအဆင့်နယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူသည် ဤရက်ပိုင်းအတွင်း၌ လုံးဝပျောက်ကွယ်နေခဲ့သည်။
သူ့ဘေးရှိ ချင်ဖုန်းသည် တဟားဟား ရယ်မောနေတော့သည် “ ပြိုင်ပွဲပြီးတဲ့နောက်မှာ အဲ့ကောင် ကွမ်ဟန်ဆီကို ညတွင်းချင်းပြေးသွားတယ်လေ၊ မင်းက သူ့ကို စာရင်းလာရှင်းမှာကို ကြောက်နေတာနဲ့ တူတယ် “
ရှုကျိုးမှာလည်း အသာအယာ ရယ်မောနေတော့သည်။
ယခုလက်ရှိအချိန်တွင် သူသည် ထိုကောင်နဲ့ စာရင်းရှင်းရန် အစီအစဥ်မရှိသေးပေ၊ သို့သော် ယခုလက်ရှိ သူ၏စွမ်းအားဖြင့်သာဆိုပါက၊ သူသည် လျူတျန်မုကို အလွယ်တကူ ဖိနှိပ်နေနိုင်ပြီဖြစ်သည်။
တစ်ခါက တောင်တန်းကဲ့သို့ မြင့်မားခဲ့ဖူးသော ပြိုင်ဘက်သည် ယခုတွင် မြေကြီးထဲသို့ ရောက်သွားခဲ့ပြီဖြစ်သည်။
မသိလိုက်ခင်အချိန်မှာပင် လျူတျန်မုသည် သူ့ကိုကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။
ရှုကျိုးသည် ထိုကိစ္စကို တွေးတောမနေတော့ဘဲ၊ ပတ်ဝန်းကျင်ကိုသာ လှည့်ပတ်ကြည့်ရှုနေတော့သည် “ ဌာနမှူးက လူတွေ ဒီလောက်အများကြီးကို မနက်အစောကြီး လူစုခိုင်းထားတယ်ဆိုတော့ ဂိုဏ်းရှင်းလင်းရေး မစ်ရှင်က စတော့မှာများလား? “
သူတစ်ဦးသာလျှင် မဟုတ်ဘဲ တစ်ခြားလူများကပါ ထိုကဲ့သို့ သံသယရှိနေကြသည်။
ထိုအချိန်၌ ရှန့်ဝမ်ချန်းသည် အဓိက ထိုင်ခုံတွင် ထိုင်ကာ မျက်လုံးများမှိတ်လျက်သားဖြစ်နေခဲ့သည်၊ သူသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသည့်ပုံပင်။
မိနစ်ပိုင်းမျှကြာခဲ့ပြီးသည့်နောက်၌
ခရမ်းရောင်ပုံရိပ်တစ်ခုသည် အစည်းအဝေးခန်းမအတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။
သူမ၏ အသွင်အပြင်သည် အလွန်လှပနေခဲ့သည်၊ သူမ၏မျက်နှာသည် နှင်းကဲ့သို့ ဖြူဖွေးကာ ဆံပင်ကိုလည်း မြင်းမြှီးပုံစံအတိုင်း ခပ်မြင့်မြင့် စည်းနှောင်ထားခဲ့သည်၊ သူမဝင်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှာလည်း မျက်လုံးများ ဖွင့်လာခဲ့ကာ ကောင်မလေးကို ပြုံးပြလာခဲ့သည် “ လီယွဲ့၊ သမီးရောက်လာပြီပေါ့ “
“ အန်ကယ်ရှန့် “ ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်မတို့က ဘယ်အချိန်ကျရင်ထွက်မှာလဲရှင့်? “
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ခဏလောက် နားလိုက်ပါဦး၊ ငါသူတို့ကို ရှင်းပြလိုက်မယ် “
ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အစည်းအဝေးခန်းမအတွင်းရှိ ထောင့်တစ်နေရာတွင် ထိုင်နေတော့သည်။
ရှန့်ဝမ်ချန်းသည် တစ်ခြားလူများကို ကြည့်ကာ လေးလေးနက်နက်ပြောလာခဲ့သည် “ ဒီနေ့မှာ မင်းတို့အားလုံးကို လူစုခိုင်းလိုက်ရတဲ့ အကြောင်းအရင်းကို အားလုံးက သိပြီးကြပြီဖြစ်နေမယ်လို့ ထင်ပါတယ် ”
“ ငါတို့က လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုကို ရှာတွေ့ခဲ့တယ်၊ ရှင်းလင်းရေး မစ်ရှင်ကလည်း ဒီနေ့စမယ် “
ရှုကျိုးသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ ထို့အစား အနည်းငယ်ပင် ပျော်ရွှင်သွားခဲ့သည်၊ သူက ဤနေ့ရက်ကို စောင့်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။
တစ်ခြားလူများမှာလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စတင်၍ ဆွေးနွေးပြောဆိုနေကြတော့သည်။
ရှားလီယွဲ့တစ်ဦးတည်းကသာလျှင် တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့သည်။
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲက ကျောင်းကျိုးက လင်းဂျန်မြို့မှာပဲ “
“ အသေးစိတ်မြေပုံတစ်ခုနဲ့ ပညာရှင်တွေပါတဲ့ အဖွဲ့ငယ်တစ်ခုကို လွှတ်ထားပြီးပြီ “
အားလုံးသည် သူတို့၏ဖုန်းများကို အမြန်စစ်ဆေးနေတော့သည်။
ရှုကျိုး၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ ကျောင်းကျိုး၊ လင်းဂျန်မြို့လား? “
လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုက ငါ့မြို့မှာ ရှိနေခဲ့တာပေါ့ !!
ရှုကျိုးမှ သူ၏ဖုန်းကို ဖွင့်ကြည့်လိုက်ရာ အားလုံးပါဝင်သည့် အဖွဲ့ငယ်တစ်ခုကို ယာယီဖွဲ့စည်းထားကြောင်း မြင်တွေ့သွားခဲ့သည်။
သူသည် ဖိုင်ကို နှိပ်ကြည့်လိုက်သည်။
“ အလယ်အလတ် စတုတ္ထအဆင့် တစ်ယောက်၊ တတိယအဆင့် အထွတ်အထိပ် သုံးယောက်၊ နှောင်းပိုင်း တတိယအဆင့် လေးယောက်၊ အလယ်အလတ် တတိယအဆင့်ခြောက်ယောက် ……. “
ရှုကျိုး၏ အမူအရာ လေးနက်သွားခဲ့သည်၊ ငါ့အိမ်နားမှာအမှောင် သိုင်းပညာရှင်တွေ ဒီလောက်တောင် ရှိနေခဲ့တာလား?
တစ်ခြားလူများကမူ စိတ်လှုပ်ရှားတကြီးဖြင့် ဆွေးနွေးနေခဲ့ကြသည်။
လူအများစုသည် ဤကဲ့သို့သော မစ်ရှင်ကြီးတစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့ရခြင်းဖြစ်သည်။
ဤနေရာတွင် ရှိနေကြသည့် လူများသည် ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်မှ အစွမ်းထက် ပါရမီရှင်များဖြစ်ပြီး၊ မည်သူကမှ အမှောင်သိုင်းပညာရှင်များကို မကြောက်ကြပေ။
“ နောက်တစ်ခုကတော့ ငါတို့က တာဝန်တွေ ခွဲဝေရမယ် “
ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အစီအစဥ်အရတော့ အဖွဲ့ခုနစ်ဖွဲ့ခွဲရမယ်၊ အသန်မာဆုံး လူခုနစ်ယောက်က ဦးဆောင်ပြီးတော့၊ အခြေစိုက်စခန်းကို အရပ်မျက်နှာခုနစ်ကနေ တိုက်ခိုက်ကြမယ် “
“ ရှားလီယွဲ့၊ သမီးက စတုတ္ထအဆင့် အထွတ်အထိပ်မှာ ရှိတယ်၊ ပြီးတော့ အသန်မာဆုံးဆိုလည်း ဟုတ်တယ်၊ အဲ့တော့ သမီးက အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ် “
ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ တစ်ခြားလူတွေကတော့ မင်းတို့ရဲ့ ခေါင်းဆောင်တွေကို ရွေးလိုက်ကြ၊ တစ်ဖွဲ့မှာ လူဆယ်ယောက်ပါရမယ် “
ရှန့်ဝမ်ချန်း၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အစည်းအဝေးခန်းမသည် ထပ်မံ၍ ဆူညံပွက်လောရိုက်သွားခဲ့သည်။
လူတော်တော်များများသည် ရှားလီယွဲ့ရှိရာဘက်သို့ အလိုအလျောက် ကြည့်မိလာကြသည်။
“ ခေါင်းဆောင်ရှား၊ ကျွန်တော်က ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ် “
“ ကျွန်တော်ရောပဲ “
အစွမ်းဆုံးဖြစ်သလို၊ အလှပဆုံး ဖြစ်နေသည့် သူမသည် အမျိုးသားထုကြီးကို ဆွဲဆောင်သွားခဲ့ပြီး၊ လူတော်တော်များများက သူမ၏ အာရုံစိုက်မှုကို တောင့်တနေသည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။
သို့သော် ရှားလီယွဲ့သည် သူတို့ကို လျစ်လျူရှုထားပြီး၊ လူအုပ်ကြီးကို ငေးကြည့်ကာ လှပသော မျက်လုံးလေးများ တောက်ပသွားပြီး၊ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ နင်က ငါ့အဖွဲ့ထဲမှာ နေရမယ် “