← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အပိုင်း ( 313 )

ရှေးခေတ်ကတည်းက မသေတဲ့လူဆိုတာ မရှိဘူး

“ မစ္စတာချန် “

ရှားလီယွဲ့မှ အမူအရာ ပြောင်းလဲသွားကာ အော်ပြောလာခဲ့သည်။

ချိုင့်ဝှမ်းအတွင်းရှိ လူများမှာလည်း စိတ်များ လေးလံသွားကြသည်။

ကျောက်ဖန်က ချန်ဝမ်ဂျန်ကို ပစ်မှတ်ထားနေခဲ့တာလား?

ထိုအချိန်၌ ချန်ဝမ်ဂျန်၏ စွမ်းအားတစ်ဝက်သည် အစီအရင်ကားချပ်ထဲသို့ တိုးဝင်သွားပြီး၊ ကျောက်ဖန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် အခက်တွေ့နေခဲ့သည်။

သို့သော် သူသည် လုံးဝငြိမ်သက်မနေခဲ့ပေ။

အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ ဘေးဘက်သို့ လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။

ဝုန်းးးး !!!

ဥက္ကာပျံနှစ်ခု တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းလုံးများသည် နျူကလီးယား ပေါက်ကွဲမှုလှိုင်းများကဲ့သို့ အရပ်မျက်နှာ အားလုံးဆီသို့ ပျံ့လွင့်သွားခဲ့သည်။

ချိုင့်ဝှမ်းထဲရှိ လူအားလုံး၏ အမူအရာများ ဖြူဖျော့သွားကြသည်။

သတ္တမအဆင့် ပညာရှင်တို့၏ တိုက်ပွဲမှ ပေါ်ထွက်လာသည့် လှိုင်းလုံးများကပင် သူတို့ကို အငွေ့ပျံသွားစေရန် လုံလောက်နေခဲ့သည်။

“ ဆွစ်ရှ် “

ကံကောင်းထောက်စွာဖြင့် ချန်ဝမ်ဂျန်မှ သူ၏လက်ကို ဝေ့ယမ်းရာ အဆိုပါ ကမ္ဘာဖျက်လှိုင်းလုံးများသည် အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။

သို့ရာ၌ ကျောက်ဖန်နှင့် တိုက်ကွက် ဖလှယ်ခဲ့ပြီးသည့်နောက်တွင် ချန်ဝမ်ဂျန်၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

အစပိုင်းတွင် ကျောက်ဖန်သည် ဆဌမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည်၊ လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ် အသုံးပြုလိုက်ပြီးသည့်နောက်တွင်မူ သူသည် သတ္တမတစ်ပိုင်းအဆင့်အထိ ရောက်ရှိသွားခဲ့သည်။

သူ၏စွမ်းအားက လျှော့တွက်၍ မရသော်လည်း ၎င်းသည် ချန်ဝမ်ဂျန်အတွက် အသေးအမွှားမျှသာ ဖြစ်နေခဲ့သည်။

သို့သော် သူသည် အစီအရင်ကားချပ်၏ လည်ပတ်မှုကို ထိန်းသိမ်းနေရသေးသည်၊ ထိုကဲ့သို့သာ မဟုတ်ဘဲ အဆိုပါ သွေးစတေးမှု အလင်းတန်းက အသက်ဝင်လာခဲ့မည်ဆိုပါက၊ သူကပင် အခက်တွေ့သွားရလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူသည် ကျောင်းသားကျောင်းသူများကို အာရုံစိုက်နေရသေးသည်၊ ထို့ကြောင့် သူသည် အောက်စည်းသို့ အနည်းငယ် ကျရောက်နေခဲ့သည်။

“ သတ္တမအဆင့်က အဲ့လောက်လည်း မဟုတ်ပါဘူး၊ ဟက် !!! “

ကျောက်ဖန်သည် လှောင်ပြောင်နေသော အမူအရာဖြင့် အူလှိုက်သည်းလှိုက် ရယ်မောနေ‌တော့သည်။

“ ကြိုတင်စီစဥ်နိုင်ခဲ့တာက ကံကောင်းတယ်။ အခုတော့ ဖီးနစ်ချိုင့်ဝှမ်းတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့နိုင်ခဲ့ပြီ၊ အဝင်ပဲရှိမယ် အထွက်မရှိစေရဘူး။ တကယ်လို့ မင်း၊ ချန်ဝမ်ဂျန်ဆိုရင်တောင်မှ ဒီနေရာက ထွက်သွားချင်တယ်ဆိုရင် ပေးဆပ်မှုတစ်ချို့ လုပ်ရလိမ့်မယ်၊ ဟိုသောက်ကလေးတွေဆိုရင်တော့ ပြောမနေနဲ့တော့ “

ကျောက်ဖန်၏ မျက်နှာပေါ်တွင် ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ပြီး၊ သူ၏ အသံမှာလည်း နတ်ဆိုး၏ လေသံကဲ့သို့ ပြောင်းလဲသွားခဲ့သည် “ ချန်ဝမ်ဂျန်၊ ဒီနေရာမှာပဲ လိမ်လိမ်မာမာ နေလိုက်တော့၊ မင်းက အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ “

လူတော်တော်များများသည် လနတ်ဘုရားဂိုဏ်း၏ နတ်စည်းတံဆိပ် အခမ်းအနားက ပါရမီရှင် အယောက်တစ်ရာ၏ သွေးစတေးမှုအား လိုအပ်သည်ဟု သိထားကြသည်။

သို့သော် နဝမအဆင့် အထွတ်အထိပ်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားရန်အတွက် အဆိုပါ အခမ်းအနားတစ်ခုတည်းဖြင့် မလုံလောက်ပေ။

အဆင့်မြင့် ပညာရှင်တစ်ဦး၏ အသွေး၊ အသားနှင့် ဝိညာဥ်တို့ကိုလည်း လိုအပ်သည်၊ ၎င်းတို့အားလုံးကို စုစည်းနိုင်မှသာလျှင် နတ်စည်းတံဆိပ် အခမ်းအနားက ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။

ထို့အပြင် ယဇ်ကောင်၏ အဆင့်က ပိုမြင့်လေလေ၊ နတ်စည်းတံဆိပ်မှ မြှင့်တင်ပေးသည့် စွမ်းအားက ပိုမိုအားကောင်းလေလေပင် ဖြစ်သည်။

အကယ်၍ နဝမအဆင့် ပညာရှင်တစ်ဦးကို ယဇ်ကောင်အဖြစ် ပူဇော်လိုက်မည်ဆိုပါက၊ ၎င်းသည် နဝမအဆင့် အထွတ်အထိပ်လမ်းကြောင်းပေါ်သို့ မှန်ကန်စွာ ရှောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ကျောက်ချန်၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်။

သူ၏အမြင်တွင် ချန်ဝမ်ဂျန်သည် ပြီးပြည့်စုံသော ယဇ်ကောင်ဖြစ်သည်။

“ သတ္တမတစ်ပိုင်းအဆင့်က တကယ့် သတ္တမအဆင့် မဟုတ်ဘူး “

ချန်ဝမ်ဂျန်မှ အေးစက်စွာ လှောင်ပြောင်၍ ကျောက်ဖန်ကို ရိုက်ချလာခဲ့သည်။

“ ဒီနေ့မှာ အမြင့်ပိုင်း အဆင့်ကို မရောက်ဘူးဆိုရင် မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ ဖြစ်နေဦးမယ်ဆိုတာကို မင်းကိုငါ မြင်တွေ့ခွင့်ပေးမယ် “

ဝုန်းးးး !!!

ရွှေရောင်အလင်းတန်းတစ်ခုသည် ချန်ဝမ်ဂျန်၏ အနောက်ဘက်မှ ပေါ်ထွက်လာခဲ့ပြီး၊ လေနှင့်အတူ ကြီးထွားလာခဲ့ကာ မီတာ ၁၀၀ကျော် မြင့်မားကာ တင်ပျဥ်ခွေထိုင်နေသည့် ရွှေရောင်ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်း၏ မျက်နှာသည် ချန်ဝမ်ဂျန်၏ မျက်နှာနှင့် အနည်းငယ် တူညီနေခဲ့ကာ၊ အနည်းငယ် နုပျိုနေခဲ့သည်။

သတ္တမအဆင့် နယ်ပယ်အား ဓမ္ဓပုံရိပ်အဆင့်အဖြစ် လူသိများကြသည်။

ဤအဆင့်၌ သိုင်းပညာရှင်တစ်ဦးသည် သူ၏နတ်စွမ်းရည်များကို ပြီးပြည့်စုံသည်အထိ သန့်စင်ကာ တောင်များကို ရွှေ့ကာ ပင်လယ်ကိုမှောက်ခုံလုပ်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။

ထိုအချိန်၌ ချန်ဝမ်ဂျန်၏ ဓမ္မပုံရိပ်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျောက်ဖန်ကို ဆွဲဖမ်းလိုက်သည်။

ကျောက်ဖန်သည် ကျယ်လောင်စွာ ရယ်မော၍ ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာခဲ့သည်။

…

ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌

ရှုကျိုးသည် ကောင်းကင်ဘုံကို ငေးကြည့်ကာ သူ၏စိတ်ထဲတွင် လိုလားတောင့်တစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“ သတ္တမအဆင့် ပညာရှင်တွေ ………….. “

သိုင်းပညာရှင်တစ်ဦးက သတ္တမအဆင့်သို့ ရောက်ရှိသွားသောအခါတွင် သူတို့၏ ဘဝသက်တမ်းသည် နှစ်သုံးရာအထိ တိုးမြင့်သွားလေ့ရှိသည်။

ထိုအဆင့်၌ သူတို့၏ မျိုးရိုးဗီဇနှင့် သွေးမျိုးဆက်တို့သည် ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရပြီး၊ နောင်မျိုးဆက်အတွက် များစွာအကျိုးဖြစ်ထွန်းသွားစေမည် ဖြစ်သည်။

ထိုနယ်ပယ်သို့ ရောက်သွားသည့်လူများကသာလျှင် နတ်ဘုရားကဲ့သို့သော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်၊ သူတို့၏ ခန္ဓာကိုယ်သည် လေဟာနယ်ကို ကျော်ဖြတ်နိုင်ပြီး၊ သူတို့၏ စိတ်ဆန္ဒများသည် ပင်လယ်လေးခုကိုပင် ကူးဖြတ်နိုင်ကြသည်။

တိုက်ကွက်တစ်ခုချင်းစီတိုင်းထံတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖျက်စီးနိုင်သည့် စွမ်းအားများ ပါဝင်နေခဲ့ပြီး၊ သူတို့သည် လူသားပုံသဏ္ဍာန်ရှိသည့် နျူကလီးယား ဗုံးများသကဲ့သို့ ဖြစ်နေခဲ့သည်။

“ မစ္စတာချန်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ “ ရှုကျိုးသည် လူနှစ်ဦးကြားရှိ ပြင်းထန်သော တိုက်ပွဲကို ကြည့်ကာ မနေနိုင်တော့ဘဲ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ချန်ဝမ်ဂျန်သည် အစီအရင်ကားချပ်ကို အသက်သွင်းနေရင်းဖြင့် ကျောက်ဖန်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲကာ အပေါ်စီးသို့ပင် ရောက်ရှိနေခဲ့သည်။

ချန်ဝမ်ဂျန်ပြောသကဲ့သို့ပင် သတ္တမတစ်ပိုင်းအဆင့်သည် စစ်မှန်သည့် သတ္တမအဆင့်မဟုတ်ပေ။

ကျောက်ဖန်သည် အစီအစဥ်များကို ကြိုတင်ရေးဆွဲကာ အသားစီးရအောင် ပြုလုပ်ထားခဲ့သည်၊ သို့သော် ချန်ဝမ်ဂျန်၏အရှေ့တွင်မူ သူသည် အားနည်းနေစဲပင်ဖြစ်သည်။

အခြေအနေမှာ ပြောင်းပြန်ဖြစ်နေခဲ့ပြီဖြစ်သည်။

ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ရှားလီယွဲ့ကို လှည့်ကြည့်လိုက်သည် “ ခေါင်းဆောင်၊ အဆင်ပြေရဲ့လား? “

ရှားလီယွဲ့မှ တိုးညှင်းစွာ ပြန်ပြောလာခဲ့သည် “ အဆင်ပြေပါတယ် “

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် မည့်သည်စကားမှ ထပ်မပြောတော့ဘဲ၊ ကုသရေး ဆေးပုလင်းများကိုသာ အသာအယာ ပစ်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် “ ရှားလီယွဲ့သည် ဟန်ဆောင်ပန်ဆောင် လုပ်မနေခဲ့ဘဲ ၎င်းကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။

သူမ၏ ဒဏ်ရာများသည် အမှန်တကယ် ပြင်းထန်နေခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် စကားပြောလိုက်သည် “ ကျွန်တော်ကသာ ကျေးဇူးတင်သင့်လူပါ “

ကျောက်ဖန်မှ သူ့ကို တိုက်ခိုက်လာခဲ့သည့် အချိန်တွင် ရှားလီယွဲ့ကသာ ကြားမဝင်လာခဲ့ဘူးဆိုပါက ယခုတွင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီဖြစ်သည်။

ရှားလီယွဲ့သည် သူ့ကို ငေးကြည့်ကာ နှာခေါင်းရှုံ့သွားခဲ့သည် “ အများကြီး တွေးမနေနဲ့၊ တကယ်လို့ ဘိုးဘိုးကသာ ငါ့ကို မပြောခဲ့ဘူးဆိုရင်၊ ငါနင့်ကိုကယ်မှာ မဟုတ်ဘူး “

ဘိုးဘိုးလား?

ရှုကျိုး အံ့ဩသွားခဲ့သည်၊ သူသည် သူမ၏ မျိုးရိုးနာမည်ကို မှတ်မိသွားကာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ နင်က ရှားမိသားစုကလား? “

“ ဟုတ်တယ် “

ရှုကျိုး နားလည်သွားခဲ့သည်၊ သူ၏စိတ်ထဲတွင် ဝေဝေဝါးဝါး မှန်းဆမိနေခဲ့ပြီဖြစ်သည်၊ အရင်က ငါတွေ့ခဲ့တဲ့ အကြီးအကဲရှားက သူ့ရဲ့ အဘိုးများလား?

သူမက ငါ့ကို တစ်လမ်းလုံး စောင့်ရှောက်ပေးခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူ့ရဲ့ အမိန့်တွေကြောင့်ကိုး။

မကြာခင်မှာပင် ရှုကျိုးသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေတော့သည် “ နောက်ဆုံးတော့ ပြီးသွားတော့မှာလား? “

သူ၏စကားကို ကြားလိုက်ရသောအခါတွင် ရှားလီယွဲ့မှာလည်း သူမ၏ဦးခေါင်းသေးသေးလေးကို မော့ကာ ကောင်းကင်ကို ငေးကြည့်လာခဲ့သည်။

ကောင်းကင်ယံရှိ တိုက်ပွဲသည် အဆုံးသတ်တော့မည် ဖြစ်သည်။

…

“ အွတ် !!! “

ရွှေရောင်ဓမ္မပုံရိပ်ကြီးက ကျောက်ဖန်၏ ရင်ဘတ်ကို ထိုးလိုက်ရာ ကျောက်ဖန်၏ ခန္ဓာကိုယ်သည် အနောက်သို့ ချက်ချင်း လွင့်ထွက်သွားခဲ့သည်။

သူလွင့်ထွက်သွားရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် သွေးများဖြင့် စွန်းထင်းသွားကာ မီတာပေါင်းရာနှင့်ချီ၍ နောက်ဆုတ်သွားခဲ့ရပြီးမှ ရပ်တန့်သွားခဲ့သည်။

“ ချီးပဲ၊ သတ္တမအဆင့်၊ အဲ့တာက သတ္တမအဆင့်ပဲ “

ကျောက်ဖန်၏ မျက်လုံးများ နီရဲသွားခဲ့သည်။

သူက သတ္တမတစ်ပိုင်းအဆင့်ထဲသို့ ခြေချနိုင်ခဲ့ပြီဖြစ်သော်လည်း၊ အဆိုပါ အနည်းမျှသော ကွာဟချက်သည် အံ့ဖွယ်ကောင်းလောက်အောင် ကြီးမားနေခဲ့သည်။

၎င်းသည် သူ၏ရူးသွပ်မှုကို ပို၍ အားကောင်းသွားစေခဲ့သည်။

ငါက အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်ကိုဖြစ်လာရမယ် !!!!

နတ်စည်းတံဆိပ် အခမ်းအနား၊ ဒီနတ်စည်းတံဆိပ် အခမ်းအနားက အောင်ကို အောင်မြင်ရမယ် !!!

……………………………………………………………………………………………………………………………

အပိုင်း ( 314 )

ရှေးခေတ်ကတည်းက မသေတဲ့လူဆိုတာ မရှိဘူး ၂

ကျောက်ဖန်၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ပြီး၊ ရုတ်တရက် အော်ဟစ်လာခဲ့သည် “ ကြိုဆိုပါတယ်၊ ခန်းမသခင် “

ဗွီ !!!

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားရှိ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ချိုင့်ဝှမ်းအောက်ရှိ လူအားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားတော့သည်။

လနတ်ဘုရားဂိုဏ်းက ပိုစွမ်းတဲ့ စစ်ကူကို လွှတ်လိုက်တာများလား?

လနတ်ဘုရားဂိုဏ်းရှိ ခန်းမသခင်၏ ရာထူးသည် ဂိုဏ်းခေါင်းဆောင်ပြီးလျှင် ဒုတိယလိုက်ကာ၊ သတ္တမအဆင့် (သို့) ထို့ထပ် အဆင့်မြင့်သည့် လူများကို ခန့်အပ်လေ့ရှိသည်။

အကယ်၍ လနတ်ဘုရားဂိုဏ်းမှ အစွမ်းထက် ပညာရှင်တစ်ဦးသာ ထပ်ရောက်လာမည်ဆိုပါက …… ပြဿနာတက်ပြီဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုး၏ အမူအရာမှာပင် တလေးတနက်ဖြစ်သွားခဲ့သည်။

ချန်ဝမ်ဂျန်တစ်ဦးတည်းကသာ အေးအေးလူလူ ဖြစ်နေခဲ့သည်။

ကျောက်ဖန်သည် သူအော်ပြောခဲ့ပြီးသည့်နောက်မှာပင် မည်သည့်တုံ့ပြန်မှုကိုမှ မရခဲ့သောကြောင့် တအံ့တဩဖြစ်သွားကာ ထပ်မံ၍ အော်ဟစ်နေတော့သည် “ ကျောင်းကျိုးခန်းမသခင်ကို ကြိုဆိုပါတယ် !!! “

ဝှစ် ~~~

ကောင်းကင်နှင့် ကမ္ဘာမြေကြားတွင် ဆောင်ဦးလေပြေလေညင်းတစ်ခုတည်းသာ တည်ရှိနေခဲ့သည်။

ကျောက်ဖန်၏ အမူအရာ ရုပ်ဆိုးသွားတော့သည်၊ ဘာတွေ ဖြစ်နေတာလဲဟ?

ခန်းမသခင်က ဘယ်မှာလဲဟ?

“ ဇွီ !! “

ထိုအချိန်၌ ဟင်းလင်းပြင် လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖီးနစ်ချိုင့်ဝှမ်းအထက်ရှိ လေထုထဲတွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်၊ ထို့နောက်တွင် ပုံရိပ် အများအပြားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကောင်းကင်ယံတွင် ပေါ်လာကြသည်။

အဆိုပါ ပုံရိပ်များကို မြင်တွေ့လိုက်ရသောအခါတွင် ကျောက်ဖန်၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားခဲ့သည်။

“ နင့်ရဲ့ခန်းမသခင် ရောက်လာပြီ “

ပန်းငါးပွင့်ဖြင့် စည်းနှောင်ထားကာ အရှိန်အဝါများ အားပျော့နေသည့် အမျိုးသမီးတစ်ဦးသည် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။

၎င်းမှာ လနတ်ဘုရားဂိုဏ်း၏ ကျောင်းကျိုးခန်းမသခင်၊ ယွဲ့ဟွာရုန်ပင်ဖြစ်သည်။

ထိုလူကို မြင်လိုက်ရသောအခါတွင် အားလုံးသည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်သွားရတော့သည်။

သတ္တအဆင့် အထွတ်အထိပ် ပညာရှင် !!

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဤကဲ့သို့ ဖမ်းချုပ်ခံထားရပြီး၊ မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

ရှုကျိုးသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ပြုံးမိသွားတော့သည်။

သိသားပဲ၊ ဒီလိုစစ်ဆင်ရေးမျိုးမှာ ဌာနမှူးမပါဘဲ ဘယ်လိုလုပ် ပွဲစည်မှာလဲ?

ကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခုသည် ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့ပင် ဖြစ်သည်။

ဤအချိန်တွင် ဝုချင်းရှန်သည် အဌမဆင့် အထွတ်အထိပ်၏ ဖိအားကို အပြည့်အဝ ထုတ်လွှင့်ထားပြီး၊ ချိုင့်ဝှမ်းတစ်ခုလုံးကို လွှမ်းမိုးထားခဲ့သည်။

“ ကြည့်ရတာတော့ ဒီနေ့မှာ ငါတို့ဖမ်းမိတဲ့ ကြွက်လေးတွေက ဒီလောက်ပဲလို့ထင်တယ် “

ဝုချင်းရှန်မှ အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ အဌမအဆင့် ကြွက်လေးတွေကို မမိတာကတော့ နာတယ်ကွာ၊ ဒါပင်မဲ့ ဒီယွဲ့ဟွာရုန်ကို ဖမ်းနိုင်ခဲ့တယ်ဆိုတော့လည်း သိပ်မဆိုးပါဘူး “

သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းသည် တဟားဟား ရယ်မော၍ ပြောလာခဲ့သည် “ ကျုပ်တို့ရဲ့ အစီအစဥ်က အချည်းနှီး မဖြစ်ခဲ့ဘူး၊ အစတုန်းကတော့ ဒီကျောင်းကျိုးရဲ့ ခန်းမသခင်ကို နဝမအဆင့် ပညာရှင်တွေကတောင် မဖမ်းနိုင်ခဲ့ဘူး၊ အခုတော့ သူမက ကျုပ်တို့လက်ထဲကို ရောက်လာခဲ့ပြီ “

ချန်ဝမ်ဂျန်သည် အရှေ့သို့ ပျံသန်းလာခဲ့ကာ သက်ပြင်းချနေတော့သည် “ တကယ်လို့ ခင်ဗျားတို့သာ မပေါ်လာခဲ့ဘူးဆိုရင်၊ ကျွန်တော်က ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး “

ချိုင့်ဝှမ်းအတွင်းရှိ ပါရမီရှင်တို့မှာလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

သူတို့ထဲရှိ မည်သူကမှ အရူးမဟုတ်ပေ၊ သူတို့သည် အနည်းနှင့်အများဆိုသလို နားလည်သွားကြသည်။

ဤစစ်ဆင်ရေးသည် ထောက်ချောက်တစ်ခုသာ ဖြစ်နေခဲ့သည်၊ ၎င်းမှာ သာမန်ထောင်ချောက်မဟုတ်ဘဲ၊ ထောက်ချောက်အတွင်းရှိ ထောက်ချောက်တစ်ခုပင် ဖြစ်သည်။

သူတို့အားလုံးသည် သူတို့က မုဆိုးများသာဖြစ်သည်ဟု ထင်နေခဲ့ကြသော်လည်း၊ မထင်မှတ်ထားစွာဖြင့် သူတို့သည် သားကောင်များသာဖြစ်နေခဲ့သည်၊ လနတ်ဘုရားဂိုဏ်းမှာလည်း သူတို့ကိုယ် သူတို့ မုဆိုးများဟုသာ ထင်နေခဲ့ကြသော်လည်း သားကောင်များအဖြစ်သာ အဆုံးသတ်သွားခဲ့ရသည်။

“ ကောင်းလိုက်တဲ့ လှည့်ကွက် ….. “

ရှုကျိုးသည် မနေနိုင်တော့ဘဲ၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ယခုတွင် သူသည် ဤစစ်ဆင်ရေးတွင် ပါဝင်သည့် ပါရမီရှင်အားလုံးက ငါးစာများဖြစ်သည်ဆိုသည်ကို နားလည်သွားခဲ့သည်။

ထိပ်တန်းပါရမီရှင် အများကြီးကို ငါးစာအဖြစ် သုံးခဲ့ကြတယ်၊ သူတို့က မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာမှာကို မကြောက်ကြဘူးလား? ဒီပါရမီရှင်တွေ အကုန်လုံး ဆုံးရှုံးသွားရမှာကို မကြောက်ကြဘူးလား?

ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချကာ အဆိုပါ အဆင့်မြင့် ပညာရှင်များက ယုံကြည်မှု လွန်ကဲလွန်းနေသည်ဟု ခံစားသွားရတော့သည်။

…

“ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ “

ကောင်းကင်ထက်ရှိ ဝုချင်းရှန်သည် လက်ကို ဆန့်ထုတ်ကာ ကျောက်ဖန်ကို ချက်ချင်းချုပ်နှောင်ထားလိုက်သည်။

ထို့နောက်၌ လက်ကို ဝေ့ယမ်းလာခဲ့ရာ၊ ယခင်က ကျောက်ဖန် ပြင်ဆင်ထားခဲ့သည့် ပစ္စည်းနှင့် အစီအရင်အားလုံး ကျိုးပျက် ပျက်စီးသွားတော့သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြားရှိ စည်းတံဆိပ်မှာလည်း ပြိုကွဲသွားခဲ့သည်။

ဝုချင်းရှန်သည် ချိုင့်ဝှမ်းထဲရှိ လူများကို ကြည့်ကာ ကျယ်လောင်စွာ ပြောဆိုလာခဲ့သည် “ ကလေးတွေ၊ မင်းတို့ ကိစ္စ မရှိတော့ဘူး၊ ပြန်ကြတော့ “

အောက်ဘက်ရှိ ပါရမီရှင်များ၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်၊ အသုံးချပြီးတာနဲ့ မောင်းထုတ်နေပြီပါ့??

သို့ရာတွင် မည်သူကမှ စောဒကမတက်ကြဘဲ အမြန်ထရပ်ကာ ချိုင့်ဝှမ်းအတွင်းမှ ပြေးထွက်သွားတော့သည်။

မည်သူကမှ ဤပြဿနာပေါင်းစုံ တည်ရှိရာ ဖီးနစ်ချိုင့်ဝှမ်းအတွင်းတွင် ကြာကြာဆက်မနေချင်ကြတော့ပေ။

“ ရှုကျိုး၊ သွားကြစို့ “ ရှားလီယွဲ့သည် ရှုကျိုးကို ဘေးတစောင်း ကြည့်လာခဲ့သော်လည်း၊ သူမ၏ ကာကွယ်သူ တာဝန်ကို ဆက်၍ ထမ်းဆောင်နေစဲပင် ဖြစ်သည်။

“ အင်းးး “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။

ဖမ်းချုပ်ခံထားရသည့် ယွဲ့ဟွာရုန်ဘေးမှ ဖြတ်သွားသည့် အချိန်၌ ရှုကျိုး၏ စိတ်သည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

“ သူမဆီမှာ ကမ္ဘာ့ကြယ် သလင်းကျောက် ရှိနေမလားပဲ ………. “

ကျောင်းကျိုးခန်းမသခင်၊ ဒီလိုရာထူးကြီးတဲ့ လူတစ်ယောက်ဆီမှာ အဲ့လိုပစ္စည်းမျိုး ရှိနေသင့်တယ်လေ၊ ဟုတ်တယ်မလား?

သို့ရာတွင် ရှုကျိုးသည် စဥ်းစားဉာဏ်မရှိသည့် အရူးတစ်ယောက် မဟုတ်ပေ။

ဒဏ်ရာ အပြင်းအထန် ရရှိထားမည်ဆိုလျှင်တောင်မှ၊ ယွဲ့ဟွာရုန်သည် အန္တရာယ်များသော လူတစ်ဦးဖြစ်နေစဲပင် ဖြစ်သည်။

သတ္တမအဆင့် ပညာရှင်တစ်ဦးအတွက်ကား သူကဲ့သို့ ဒုတိယအဆင့်မှ လူတစ်ဦးကို ချေမှုန်းရန်မှာ လက်ညှိုးလေးတစ်ချောင်းဖြင့် တောက်ချရုံသာ ပြုလုပ်လိုက်ရမည် ဖြစ်သည်။

တစ်ခြားလူများကဲ့သို့ပင် ရှုကျိုးသည် ဖီးနစ်ချိုင့်ဝှမ်း အပြင်ဘက်သို့ မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။

“ နောက်ဆုံးတော့ ပြီးသွားပြီပဲ “

ရှုကျိုးသည် အသက်ကို အသာအယာ ရှူထုတ်နေတော့သည်၊ သို့သော် သူစိတ်သက်သာရာရသွားသည့် အချိန်မှာပင် သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားရသည်။

“ ဘာဖြစ်တာလဲ? “

ရှားလီယွဲ့သည် သူ့ကို ဆက်တိုက် စောင့်ကြည့်နေခဲ့သောကြောင့် သူ၏အမူအရာ ပြောင်းလဲသွားသည်ကို မြင်တွေ့သွားသောအခါတွင် ချက်ချင်း မေးမြန်းလာခဲ့သည်။

ရှုကျိုးသည် ပြန်မဖြေလိုက်ဘဲ စနစ်၏မျက်နှာပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

စနစ်၏မျက်နှာပြင်ပေါ်၌ မျဥ်းကြောင်းတစ်ခုသည် ရုတ်တရက် မျောလွင့်နေလျက်ရှိသည်။

မူလကိုယ်၏ စွမ်းရည် : စိတ်ဝိညာဥ် ခန္ဓာကိုယ်ဆွဲအား

စိတ်ဝိညာဥ် ခန္ဓာကိုယ်ဆွဲအား : [ စိတ်ဝိညာဥ် ခန္ဓာကိုယ်မှ အမှတ်အသား ပြုလုပ်လိုက်သော ပစ်မှတ်များသည် အတင်းအကြပ် ဆွဲထုတ်ခံရမည် ]

“ ဘာတွေ ဖြစ်နေတာလဲဟ? “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ စွမ်းရည်အသစ်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာရတာလဲဟ?

အဓိက အရာမှာ အဆိုပါစွမ်းရည်သည် သူ၏ကိုယ်ပွားနှင့် သက်ဆိုင်နေခြင်း မဟုတ်ဘဲ၊ မူလကိုယ်နှင့်သာသက်ဆိုင်နေခဲ့သည်။

“ စိတ်ဝိညာဥ် ခန္ဓာကိုယ်ဆွဲအားလား? “ အဲ့တာက ဘယ်ကနေ‌ရောက်လာတာလဲဟ? “

ရှုကျိုး စိတ်ရှုပ်ထွေးသွားတော့သည်။ စွမ်းရည်တစ်ခု ရရှိခြင်းကြောင့် သူသည် စိတ်မကျေနပ်သွားခဲ့ဘဲ၊ ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

သူသည် ချိုင့်ဝှမ်းကို ပြန်လှည့်ကြည့်လိုက်ကာ ကိစ္စများက မပြီးဆုံးသေးဘူးဟု ခံစားသွားရတော့သည်။

…

ချိုင့်ဝှမ်းထဲ၌ ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့သည် မြေပြင်ပေါ်သို့ ဆင်းလာခဲ့ကာ တင်းကြပ်စွာ ချုပ်နှောင်ခံထားရသည့် လှပသော အမျိုးသမီးဆီသို့ လျှောက်လှမ်းလာကြသည်။

“ ယွဲ့ဟွာရုန်၊ ငါတို့နဲ့ လိုက်ခဲ့ “

ဝုချင်းရှန်မှ အသာအယာပြုံး၍ ပြောလိုက်သည် “ ငါကတောင် လနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်က လျှို့ဝှက်ချက်တွေ အကြောင်းကို သိချင်မိတယ် “

ယွဲ့ဟွာရုန်သည် သူမ၏ဦးခေါင်းကို တစ်ချိန်လုံး ငုံ့ထားခဲ့သည်၊ သို့သော် ဤအခိုက်အတန့်တွင် သူမသည် ရုတ်တရက် ခေါင်းမော့လာခဲ့ကာ ချောမောလှပလွန်းသော မျက်နှာတစ်ခုကို ဖော်ထုတ်ပြသလာခဲ့သည်။

သူမသည် ဝုချင်းရှန်ကို ရုတ်တရက် ပြုံး၍ စကားပြောလာခဲ့သည် “ လူအိုကြီးဝု၊ နင်နိုင်သွားပြီလို့၊ တကယ်ကြီး ထင်နေတာလား? “

“ အို့? နင့်ဆီမှာ လှည့်ကွက်လေးတွေ ရှိနေသေးတယ်ပေါ့?? “

ဝုချင်းရှန်သည် တဟားဟား ရယ်မောနေတော့သည်၊ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ အရှေ့၌ သတ္တမအဆင့် ပညာရှင်၏ ခုခံမှုသည် အချည်းနှီး ရုန်းကန်မှုမျှသာ ဖြစ်သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 315 )

ရှေးခေတ်ကတည်းက မသေတဲ့လူဆိုတာ မရှိဘူး ၃

အဆင့်မြင့်လေလေ နယ်ပယ်များကြားရှိ ကွာဟချက်က ပို၍ကြီးမားလေလေဖြစ်သည်။

စွမ်းရည်တူနေမည်ဆိုပါက ပထမအဆင့် ပညာရှင် လေး၊ ငါးဦးသည် ဒုတိယအဆင့် ပညာရှင်တစ်ဦးကို အနိုင်ယူနိုင်ပေသည်။

သို့သော် တတိယအဆင့်သို့ ရောက်ခါစဖြစ်သည့် အစွမ်းထက် ပညာရှင်တစ်ဦးကမူ အနည်းဆုံးအနေဖြင့် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်ဆယ်ဦးကို ယှဥ်နိုင်မည်ဖြစ်သည်။

အဌမအဆင့် ပညာရှင်ကမူ သတ္တမအဆင့် ပညာရှင် အယောက် ၁၀၀ကိုပင် လက်ဖျောက်တစ်ချက်တည်းဖြင့် အပျောက်ရှင်းနိုင်ပေသည်။

“ ဟားဟား ……. “

ယွဲ့ဟွာရုန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ လူအိုကြီးဝု၊ နင်က အရာအားလုံးကို တွက်ချက်နိုင်ပါတယ်၊ ဒါပင်မဲ့ နင်အမှားတစ်ခု လုပ်ခဲ့တယ်။ ငါက ကျောက်ဖန်ကို ကူညီဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူး “

“ ဘာကြီး??? “

ဝုချင်းရှန်သည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပုံရပြီး၊ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ သူသည် ပတ်ဝန်းကျင်ကို ရုတ်တရက် လှည့်ကြည့်ကာ ကျောက်ဖန်ကို ဆွဲယူရန် လက်လှမ်းလိုက်သည်။

“ နောက်ကျသွားပြီ “

ယွဲ့ဟွာရုန်မှ လှောင်ပြောင်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကျောက်ဖန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

ဆဌမအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ် ဖောက်ခွဲခြင်း ………

၎င်းမှာ ကိုယ်တိုင် ဖောက်ခွဲခြင်း မဟုတ်ပေ။

ကျောက်ဖန်၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားသည်မှာ သိသာလွန်းနေခဲ့သည် “ ခန်းမသခင် ၊ ဘာလို့ ……….. “

ကျောက်ဖန်သည် ယွဲ့ဟွာရုံကို ပေါက်ထွက်လုနီးပါး ဖြစ်နေသည့် မျက်လုံးများဖြင့် ကြည့်နေတော့သည်၊ သူသည် သူမက မည်သည့်အတွက်ကြောင့် ဤကဲ့သို့ လုပ်ရလဲဆိုသည်ကို သိချင်နေပုံရသည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပေါက်ကွဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ထောင်တက်သွားခဲ့သည်။

“ ဇွီ !! “

စွမ်းအင်တိုင်လုံးတစ်ခုသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

အဆိုပါ စွမ်းအင်တိုင်လုံး၏ အတွင်းပိုင်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် ဆဠဂံပုံသဏ္ဍာန် သလင်းကျောက်တစ်ခု ရှိနေခဲ့ပြီး၊ ကောင်းကင်ထက်ရှိ အစီအရင်ကားချပ်ဆီသို့ ပြေးဝင်သွားခဲ့သည်။

ကမ္ဘာ့ကြယ် သလင်းကျောက် !!

“ ဝုန်းးးးး !!! “

ချက်ချင်းဆိုသလိုပင် စွမ်းအင်တိုင်လုံးသည် အစီအရင်ကားချပ်ကို ထိုးဖောက်သွားကာ ကောင်းကင်ထက်သို့ မြင့်တက်သွားတော့သည်။

ယွဲ့ဟွာရုန်သည် အဆိုပါ မြင်ကွင်းကို စောင့်ကြည့်ကာ ချိုသာစွာ ပြောလာခဲ့သည် “ ကျောက်ဖန်၊ စိတ်အေးအေး အနားယူလို့ရပြီ၊ ဒါတွေအားလုံးက လနတ်ဘုရားမအတွက်ပဲ “

သူမ၏ မျက်နှာပေါ်တွင် ရူးသွပ် အရိပ်အမြွက်များ ဖြစ်ပေါ်လာခဲ့ကာ၊ သူမ၏ အဖြူရောင် ဂါဝန်သည် လေမတိုက်ဘဲ လှုပ်ခါသွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် သူမကို ချုပ်နှောင်ထားသည့် အရာများကို ချိုးဖျက်လိုက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး၊ ချန်အဲ့က လစန္ဒာပေါ်သို့ ပျံတက်သွားသည့် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အခိုက်အတန့်ကို တစ်ခဏခန့် ဖန်ဆင်းပေးခဲ့သည်။

( ချန်အဲ့(သို့) ချန်အယ်က မသေဆေး သောက်မိပြီး လပေါ်ကို ပျံတက်သွားတဲ့ကောင်မလေးတစ်ဦးလို့ တရုတ်ဒဏ္ဍာရီတွေထဲမှာပြောကြပါတယ်၊ ကျွန်တော့်တို့ ချန်ဂဲလို့ခေါ်တဲ့ mlbbထဲက heroပါ )

ဝုချင်းရှန်၊ ရှန့်ဝမ်ချန်းနှင့် ချန်ဝမ်ဂျန်တို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ယွဲ့ဟွာရုန်သည် သူတို့ကို ချုပ်နှောင်ထားကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

၎င်းမှာ သူမက အချုပ်အနှောင်များကို ချိုးဖျက်လိုက်ခြင်းကြောင့် မဟုတ်ဘဲ၊ အဆိုပါ စွမ်းအင်တိုင်လုံးကြီးကို ဆင့်ခေါ်လိုက်သောကြောင့် ဖြစ်သည်။

“ နင်ရူးနေပြီ၊ နင်က လနတ်ဘုရားမကို ဆင့်ခေါ်ချင်နေတာလား? “ ဝုချင်းရှန်သည် အလွန်မှုန်မှိုင်းနေသော အမူအရာဖြင့် အော်ပြောလိုက်သည်။

လနတ်ဘုရားဂိုဏ်းကပင် လနတ်ဘုရားမ၏ ကိုယ်ပွားကို အလွယ်တကူ မဆင့်ခေါ်နိုင်ကြပေ။

အဘယ့်ကြောင့်ဆိုသော် လနတ်ဘုရားမ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် သွေးနှင့် ပျက်စီးခြင်းများကိုသာ ယူဆောင်လာသောကြောင့်ဖြစ်သည်။

အထူးသဖြင့် လင်းဂျန်မြို့နှင့် နီးကပ်နေသည့် ဤကဲ့သို့သော နေရာမျိုးပင် ဖြစ်သည်။

လနတ်ဘုရားမ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် လင်းဂျန်မြို့တစ်ခုလုံး ပျောက်ကွယ်သွားနိုင်လေသည်။

ပြည်သူအားလုံးမှာလည်း လနတ်ဘုရားမ၏ အစာအာဟာရများသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

…

ယွဲ့ဟွာရုန်သည် သန့်စင်ကာ အပြစ်အနာအဆာ ကင်းမဲ့သည့် နတ်သမီးတစ်ပါးကဲ့သို့ ကောင်းကင်ယံတွင် မျောလွင့်နေခဲ့သည်။

သူမ၏ အလှအပနှင့် အစွမ်းထက် အရှိန်အဝါကပင် သူမမျက်လုံးများအတွင်းရှိ ရူးသွပ်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ဤအခမ်းအနားသည် ကျောက်ဖန်အတွက် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ၊ သူမအတွက်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။

လနတ်ဘုရားမကို ဆင့်ခေါ်ခြင်းကမူ …… သူမ၏ အစီအစဥ်တစ်ခုပင် ဖြစ်သည်။

လနတ်ဘုရားမကို ဆင့်ခေါ်လိုက်သည့် အချိန်မှသာလျှင် သူမသည် ဤနေရာရှိ အဌမအဆင့် ပညာရှင်များကို ယဇ်ပူဇော်နိုင်မည် ဖြစ်သည်။

ဆင့်ခေါ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များနှင့်၊ ရန်ပြည်ထောင်၏ အမျက်ဒေါသအတွက်မူ သူမသည် မည်သို့မျှ ဂရုမစိုက်ပေ။

သူမသည် လနတ်ဘုရားမကို ယုံကြည်ကိုးကွယ်သည့် လူတစ်ဦးဖြစ်ကာ အားလုံး၏ အမဲလိုက်ခြင်းကို ခံနေရသည်မှာ အတော်အတန် ကြာနေခဲ့ပြီဖြစ်သည်။

ဤကိစ္စမတိုင်ခင် အချိန်က သူမသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုကာ ကမ္ဘာ့ကြယ် သလင်းကျောက်အား ကျောက်ဖန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားခဲ့သည်။

၎င်းတို့အားလုံးသည် ဤနေ့ ဤအချိန်အခါအတွက်ပင် ဖြစ်သည်။

“ အဘိုးကြီးဝု၊ လိမ်လိမ်မာမာနဲ့ ငါ့ရဲ့ အာဟာရတွေ ဖြစ်လာလိုက် “

ယွဲ့ဟွာရုန်သည် အောက်ဘက်ရှိ ဝုချင်းရှန်နှင့် တစ်ခြားလူများကို ကြည့်လာခဲ့သည်။

ချန်ဝမ်ဂျန်၊ ဝုချင်းရှန်နှင့် တစ်ခြားလူများမှာလည်း သူမအစီအစဥ်၏ အစိတ်အပိုင်းအားလုံး ဖြစ်သည်။

လွတ်မြောက်သွားသည့် ပါရမီရှင်များကမူ သူမက နဝမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းသွားရန်အတွက် ခြေနင်းတုံးများ ဖြစ်လာကြမည် ဖြစ်သည်။

“ လနတ်ဘုရားမ ဆင်းသက်လာတာကို ရိုသေလေးစားစွာ ကြိုဆိုပါတယ် “

ယွဲ့ဟွာရုန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

ဝုန်းးး !!

မိုင်တစ်ရာအတွင်းရှိ ကောင်းကင်ယံသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာခဲ့သည်။

ကြီးမားသော အဖြူရောင် အလင်းတိုင်လုံးတစ်ခုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ကာ၊ ပြိုင်ဘက်ကင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ အထဲရှိ ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုကို လှစ်ဟပြသလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပျံ့လွင့်လာခဲ့ရာ အဌမအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် ဝုချင်းရှန်ကပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။

…

တစ်ချိန်တည်းမှာပင်

“ ဘာတွေဖြစ်နေတာလဲ? “

“ ငါက ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတော့ဘူး “

“ မဟုတ်ဘူး “

ဖီးနစ်ချိုင့်ဝှမ်း၏ ထွက်သွားကြသည့် ပါရမီရှင်များသည် မမြင်ရသော အားတစ်ခု၏ ချိုင့်ဝှမ်းအတွင်းသို့ ပြန်ဆွဲခေါ်ခြင်းကို ခံနေရတော့သည်။

သူတို့က မည်မျှပင် ခုခံရုန်းကန်နေခဲ့ပါစေ၊ အချည်းအနှီးသာ ဖြစ်သွားခဲ့သည်။

ရှားလီယွဲ့မှာလည်း အတူတူပင်ဖြစ်သည်၊ သူမ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ ဖီးနစ်ချိုင့်ဝှမ်းအတွင်းသို့ ပြန်ဆွဲခေါ်ခံနေခဲ့ရသည်။

ရှုကျိုးတစ်ဦးတည်းကသာလျှင် သူရပ်နေသည့် နေရာမှာပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေနိုင်ခဲ့ကာ၊ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူသည် မည်သည့်ဆွဲငင်အားကိုမှ မခံစားရသောကြောင့် ဖြစ်သည်။

“ ငါ့ကို ကိုင်ထား “

ရှုကျိုးသည် ရှားလီယွဲ့ကို လှမ်းကိုင်ကာ ဆွဲခေါ်ထားရန် ကြိုးပမ်းလိုက်သည်။

သို့သော် ဆွဲအားသည် အလွန်ကြီးမားနေခဲ့ပြီး၊ သူကပင် ချိုင့်ဝှမ်းဆီသို့ ပြန်၍ ဆွဲခေါ်ခံနေရတော့သည်။

“ ငါ့ကို မပူနဲ့၊ မြန်မြန် သွားတော့ “

ရှားလီယွဲ့သည် ကျောက်စိမ်းကဲ့သို့သော လက်လေးများကို မြှောက်၍ သူ၏ရင်ဘတ်ကို ရိုက်ချကာ သူ့အား အဝေးသို့ တွန်းလွှတ်လိုက်သည်။

ရှုကျိုးသည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားပြီး၊ ရှားလီယွဲ့က ဖီးနစ်ချိုင့်ဝှမ်းအတွင်းသို့ ဆွဲခေါ်ခံသွားရသည်ကို ကူရာကယ်ရာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သူသည် ထိုနေရာပင် ကြောင်အမ်းအမ်း ရပ်နေမိပြီး၊ စိတ်မသက်မသာဖြစ်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဘာတွေ ဖြစ်နေတာလဲဟ?

လူတိုင်းက ဖီးနစ်ချိုင့်ဝှမ်းထဲကို ဘာလို့ ပြန်ဆွဲခေါ်ခံနေရတာလဲဟ?

ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှန်းဆမိသွားကာ စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

“ စိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအားလား? “

ရှုကျိုးသည် သူ၏စွမ်းရည်အသစ်ကို ကြည့်ရှုစစ်ဆေးနေတော့သည်။

ယခင်က ယဇ်ပူဇော်ပွဲအတွင်းက တစ်ခြားလူများက မည်သို့မျှ မခံစားခဲ့ရသော်လည်း၊ ရှုကျိုးကမူ စွမ်းရည်အသစ်တစ်ခုကိုပင် ရုတ်တရက် ရရှိသွားခဲ့သည်။ ထိုအရာအားလုံးသည် စနစ်၏မျက်နှာပြင်နှင့် ဆက်စပ်နေနိုင်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရှုကျိုးသည် ထိုကိစ္စနှင့်ပတ်သက်၍ များစွာ တွေးတောမနေခဲ့ချေ။

သူမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ၊ ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခုသည် လေထုထဲတွင် လွင့်မျောနေကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ချိတ်ဆက်ထားသကဲ့သို့ ကောင်းကင်ပြင်တစ်ခုလုံးကို လင်းထိန်စေလျက်ရှိသည်ကို မြင်တွေ့သွားခဲ့သည်။

အကြည့်တစ်ချက်ဖြင့်ပင် ရှုကျိုးသည် နစ်မြောလုနီးပါးဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအားသည် အလွန်တရာ အားကောင်းနေခဲ့သည်၊ အဆိုပါပုံရိပ်မှာလည်း သူ့ကို သတိမထားမိပုံရပြီး၊ ၎င်းကပင် ရှုကျိုးအား လျင်မြန်စွာ သတိပြန်ကပ်သွားစေခဲ့သည်။

စိတ်ပြန်ကြည်လင်သွားသည့်နောက်တွင် သူသည် အဆိုပါပုံရိပ်က သန့်ရှင်းစင်ကြယ်ကာ မွန်မြတ်သန့်စင်နေခြင်း မဟုတ်ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသည့် အမိုက်မှောင်များဖြင့် ပြည့်နှက်နေကြောင်းကို နားလည်သွားခဲ့သည်။

All Chapters