← Chapters

ဧကရာဇ်၏ သေဆုံးမှု

Vol. 95 Ch. 1412

ဧကရာဇ်၏ သေဆုံးမှု

Vol. 95 Ch. 1412

ဧကရာဇ်မြို့တော်၊ ဧကရာဇ်နန်းတော်။

တဝေ ဧကရာဇ်နန်းတော်သည် သဘာဝအတိုင်း ညစ်ပတ်ပေရေမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် မြို့တစ်မြို့ကဲ့သို့ လမ်းကြောင်းများစွာဖြင့် ချိတ်ဆက်ထားသည်။ ခမ်းနားထည်ဝါသော နန်းတော်တွင် ချူးယွင်ဖန်းက တဝေ၏ ဒဏ္ဍာရီလာဧကရာဇ်နှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့သည်။ သူသည် ငွေရောင်ဆံပင်တစ်ဝက်ရှိနေသော အဘိုးကြီးတစ်ဦးဖြစ်သည်။

သူသည် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ထူးခြားသော အရှိန်အဝါရှိသည်။ ၎င်းသည် နှစ်ပေါင်းများစွာ မြင့်မားသောရာထူးတွင် ရှိနေခဲ့သော စစ်မှန်သော အထက်လူကြီးတစ်ဦး၏ အရှိန်အဝါဖြစ်သည်။

“ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ တွေ့ဆုံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ချူးယွင်ဖန်က ဧကရာဇ်ကို ကြည့်ရင်း ပြောလိုက်သည်။

“ငါအရှင်လည်း ဒါကို မမျှော်လင့်ထားဘူး”

သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် လျှို့ဝှက်ချက်များအေဂျင်စီ၏ ထောက်လှမ်းရေးမှတစ်ဆင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ရှိနေကြောင်း သိခဲ့သည်မှာကြာပြီဖြစ်သည်။

သို့သော် ထိုအချိန်က အေဂျင်စီ၏ အဆိုအရ ချူးယွင်ဖန်သည် အနာဂတ်အလားအလာရှိသော မျိုးဆက်သစ်ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သည်။ ချူးယွင်ဖန်သည် ထိုအချိန်က ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း သူသည် ဘာမှမဟုတ်သေးပေ။

ချူးယွင်ဖန်၏ အစွမ်းသတ္တိသည် ပိုမိုအားကောင်းလာသည်ကို မည်သူသိနိုင်မည်နည်း။ မကြာခင်၌ပင် သူက အလွန်အင်အားကြီးလာသဖြင့် တဝေကပင် အာရုံစိုက်ခဲ့ရသည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေများကို ဒေသခံစွမ်းအားရှင်များဟု သတ်မှတ်ကြသည်။ ဤသို့သောသူများ များစွာရှိခဲ့ကာ နေရာအမျိုးမျိုးတွင်

အေဂျင်စီ၏ အာရုံစိုက်မှုဖြစ်လာခဲ့သည်။

သို့သော် နောက်ဆုံးတွင် ၎င်းတို့ကို ဒေသတစ်ခုကို လက်အောက်ခံအဖြစ်သာ သတ်မှတ်နိုင်သော်လည်း ရွှေအမတေများကမူ ကွဲပြားသည်။ ၎င်းတို့သည် တစ်နိုင်ငံလုံး၏ အခြေအနေကို လွှမ်းမိုးနိုင်သည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက ပညာရှင်ကြီးငါးဦး၏ အဆင့်တွင် ရှိနေခြင်းမျိုးမဟုတ်သော်လည်း တဝေ၏ ဧကရာဇ်မိသားစုကပင် အလွန်ကြောက်ရမည့်အရာတစ်ခုဖြစ်ကြောင်း ဝန်ခံရပေမည်။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းက ရွှေအမတေဖြစ်ကြောင်း အတည်ပြုလိုက်သည့်အချိန်၌ နောက်ကျသွားပြီဖြစ်သည်။ မကြာခင်၌ပင်

ချူးယွင်ဖန်သည် ဧရာမသတ္တဝါကြီးတစ်ကောင်အဖြစ် ဖွံ့ဖြိုးလာကာ ဧကရာဇ် မတွေးတတ်လောက်သော အဆင့်အတန်းသို့ရောက်ရှိသွားကြသည်။ ခဏတာလေးသာရှိသေးသော်လည်း အရာအားလုံးက သူထ ိန်းချုပ်မရနိုင်သည့်အခြေအနေထိ ဖွံ့ဖြိုးလာခဲ့သည်။

ချူးယွင်ဖန်း၏ ငယ်ရွယ်မှုအတွက် သူသိထားပြီးဖြစ်သော်လည်း အကယ်မြင်လိုက်ရသောအခါ သူ အလွန် အံ့သြသွားမိသည်။ ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်မျှသာရှိသေးသည်။ သူသည် အသက် ၁၈နှစ် အရွယ် ဆယ်ကျော်သက်တစ်ဦးကဲ့သို့ပင် ထင်ရသည်။ ဤသည်က အကြောက်ဆုံးအရာဖြစ်သည်။ သူ့ရင်ထဲတွင် ချမ်းစိမ့်စိမ့် ခံစားလာရသည်။ ဤလူမျိုးသည် အလွန် ရက်ကစ်ကြမ်းကြုတ်လွန်းသည်။

“နောင်တရလား” ချူးယွင်ဖန်းက ဧကရာဇ်ကိုကြည့်လိုက်သည်။ သူ့ကြောင့်သာမဟုတ်လျှင် လှိုင်းလုံးများစွာရှိလိမ့်မည်မဟုတ်ပေ။ သူ စိုးရိမ်ပူပန်မှူမရှိဘဲ ထွက်သွားနိုင်သည်။

"ငါ... ငါ နောင်တမရဘူး!" ဧကရာဇ်ကအံကြိတ်ကာပြောလိုက်သည်။

သူမျက်လုံးများက ထူးထူးခြားခြားခိုင်မာလှသော်လည်း သူ့ရင်ထဲတွင် နောင်တစ်ချို့ရှိနေသည်။

ချူးယွင်ဖန်းကို တိုက်ခိုက်မိ၍ နောင်တရခြင်းမျိုးမဟုတ်ဘဲ ချူးယွင်ဖန်းကို စောစောစီးစီးမတိုက်ခိုက်မိသောကြောင့် နောင်တရခြင်းမျိုးဖြစ်သည်။

ချူးယွင်ဖန်းကို မထိန်းချုပ်နိုင်တော့သောအဆင့်သို့ မရောက်ခင်ကတည်းက သူ အရေးယူသင့်သည်။ ထိုသို့ အရေးယူခြင်းက မည်သည့်အချက်ကမျှ မှားသည်ဟု သူမထင်မိပေ။ သူသည် ဧကရာဇ်တပါးဖြစ်ကာ သူ၏ ပထမဆုံးရွေးချယ်မှုက သူမထိန်းချုပ်နိုင်သည့် တည်ရှိမှုကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

ဤသည်က ဧကရာဇ်ဖြစ်ရန် မွေးဖွားလာသူတစ်ဦး၏ သဘာဝအရ ဆုံးဖြတ်ခြင်းဖြစ်သည်။

"ကောင်းပြီ။" ချူးယွင်ဖန်က ဧကရာဇ်ကို ကြည့်လိုက်သည်။

သူဒူးထောက်၍ သက်ညှာပေးရန် တောင်းပန်ပါက ချူးယွင်ဖန်း အထင်သေးမိလိမ့်မည်။ သို့သော် ယခု သူ ဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမည်သို့ပင်လုပ်စေကာမူ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ရန်န မဖြစ်နိုင်ပေ။

“ငါကိုယ်တိုင် မင်းကိုသတ်ချင်ပေမယ့် မင်းက နောက်ဆုံးအချိန်မှာ လက်နက်ချပြီး နောက်ထပ်

အပြစ်တွေ မကျူးလွန်တော့တဲ့အတွက် မင်းကို မျက်နှာပေးမယ်" ချူးယွင်ဖန်းက ချက်ချင်းပြောလိုက်သည်။

ထို့နောက် သူထွက်သွားကာ သားအဖနှစ်ယောက်ကို နှုတ်ဆက်ရန် အချိန်ပေးလိုက်သည်။

ချူးယွင်ဖန်း ထွက်သွားပြီးနောက် ဧကရာဇ်က ဝေ့ဝူယကိုစိုက်ကြည့်၍ ရုတ်တရက်ရယ်လိုက်သည်။

"တော်လိုက်တာ။ ငါ့သား မျှော်လင့်ထားတဲ့အတိုင်း။ မင်းက ရဲရင့်တယ် ငါ့သား!"

တကယ်တမ်းတွင် ဤအဖြစ်အပျက်မတိုင်ခင်အထိ ယင်းက ဝေ့ဝူယဖြစ်လိမ့်မည်ဟု

ဘယ်သောအခါကမျှ မတွေးမိခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဝေ့ဝူယသည် သူ၏ ကလေးများအနက် ထူးချွန်သူ မဟုတ်သကဲ့သို့ ဝေ့ဝူယအပေါ်လည်း မည်သို့မျှ အမြင်မရှိပေ။

ထီးနန်းအတွက် တိုက်ပွဲဝင်ရန် ခွန်အားနှင့် စွမ်းရည်ရှိသော မင်းသားအနည်းငယ်ကိုသာ သူဂရုစိုက်သည်။

အခြားမင်းသားများအတွက်မူ ၎င်းတို့ကို ဧကရာဇ်နန်းတော်က ဂရုစိုက်လေ့ရှိသည်။ ဤသည်က အမြဲတစေ ဤသို့ဖြစ်ခဲ့ခြင်းဖြစ်၏။ မိဘုရားများ၏ လျစ်လျူရှု့ခံရသောသားများသည် တည်ငြိမ်သော ဘဝများကို နေထိုင်ခဲ့ကြကာ ပြန်လည်ရှင်သန်ရန် အခွင့်အရေးမရှိခဲ့ကြပေ။ သို့သော် ဝေ့ဝူယက ဤစည်းမျဥ်းကို လုံးဝ ချိုးဖောက်ခဲ့သည်။ သူသည် အခြားသူများ၏ စွမ်းရည်များ အာဏာများကို ငှားရမ်းခဲ့သော်လည်း ယင်းက မမျှော်လင့်ထားသော အရာဟု ပြောရပေမည်ဖြစ်သည်။

"အဖေ၊ ကျွန်တော် ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်ဘူး။" ဝေဝူယာက သက်ပြင်းချလိုက်သည်။

"တကယ်တော့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းသားတွေအားလုံးက ကျွန်တော်တို့ကို ခွေးတွေထက် ပိုမတွေးကြဘူးလို့ ခံစားရတယ်။ အပြင်လူတွေအတွက်တော့ ကျွန်တော်တို့က မင်းသားတွေလို ထင်ရပြီး ဂုဏ်သိက္ခာကြီးမားပေမယ့် တကယ်တမ်းမှာတော့ ကျွန်တော်တို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေထိုင်ခဲ့ကြရတာပါ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို မျက်စိနောက်စရာလို့ မြင်ပြီး ဖယ်ရှားပစ်မှာကို စိုးရိမ်ကြပါတယ်။"

"မင်း ဒါတွေ ဘာမှပြောစရာမလိုပါဘူး" ဧကရာဇ်ကပြောလိုက်သည်။

သူ့နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခုနှင့်အတူ ကွေးညွတ်သွားသည်။

“ကြီးကျယ်ခမ်းနားလှတဲ့ တဝေမှာ ပဒေသရာဇ်စနစ်ရှိတယ်၊ ဒါကြောင့် နောက်ဆုံးမှာ အနိုင်ရသူ တစ်ယောက်ပဲ ရှိလိမ့်မယ်။ ခွေးတွေလို နေထိုင်ရင်တောင် ကောင်းကောင်းနေထိုင်နိုင်ပါတယ်။ သေတာထက်စာရင် ပိုကောင်းတယ်။ ငါ့ကို မေ့လိုက်တော့။ မင်းရဲ့ ကလေးတွေတောင် ဒီလိုပဲ ဖြစ်လိမ့်မယ်"

“အနာဂတ်မှာ။ ဧကရာဇ်မိသားစုဟာ ဘုန်းအသရေနဲ့ ချမ်းသာကြွယ်ဝမှုကို ခံစားကြရလိမ့်မယ်၊ ဒါက ပေးဆပ်ရမယ့်အရာတစ်ခုပါပဲ။"

ဧကရာဇ်၏ စကားများကြောင့် ဝေ့ဝူယက စကားမပြောနိုင်လောက်အောင်ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေကာမူ ဤသည်က ဧကရာဇ်မိသားစု၏ ကံကြမ္မာဖြစ်သည်။

မိသားစု၏ တည်ငြိမ်မှုကို သေချာစေရန် ဧကရာဇ်တိုင်းတွင် မင်းသားများစွာကို မွေးရန်သာ ရွေးချယ်စရာရှိသည်။ သို့သော ဧကရာဇ်တစ်ပါးတည်းသာ နောက်ဆုံးတွင်ရှိသောကြောင့် လူတိုင်းကို ကောင်းမွန်စွာ ဆက်ဆံရန် မဖြစ်နိုင်ပေ။

ယင်းက ကံကြမ္မာပင်ဖြစ်သည်။

"ငါ ဘာလို့ လက်နက်ချတယ်ဆိုတာ မင်းသိလား။ မင်းကို ကြောက်လို့ မဟုတ်ဘူး။ အမှန်တော့၊ ချူးယွင်ဖန်းရဲ့ အကူအညီနဲ့တောင် မင်းအတွက် မြို့တော်ထဲကို ဝင်ဖို့ ဒီလောက် မလွယ်ကူဘူး။ အနည်းဆုံးတော့ ငါမသေခင် မင်းကို ပေးရမှာပဲ" ဧကရာဇ်က ဝေဝူယာကို စိုက်ကြည့်ရင်း ကြေညာလိုက်သညည်။

"မင်းက ငါ့သားပဲ။" မင်းက ငါ့အကြိုက်ဆုံး မဟုတ်ပေမယ့် မင်းလက်ထဲမှာဆိုရင် ထီးနန်းပြိုလဲသွားပြီလို့ မယူဆပါဘူး။"

ဝေဝူယာက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"အဲဒီလိုဆိုရင် ခမည်းတော်၊ နန်းစွန့်ဖို့ အမိန့်ထုတ်ပြန်စေချင်တယ်"

ဧကရာဇ်က ဝေဝူယာကို စိုက်ကြည့်လိုက်သည်။

" ဧကရာဇ်အနေနဲ့ ငါ လက်နက်ချပြီး မင်းကို တိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးဖို့ ရွေးချယ်တယ်။ ဒါပေမယ့် ဖခင်တစ်ယောက်အနေနဲ့ မင်းကို အပြစ်ပေးရမယ် ဆိုးသွမ်းတဲ့ ကောင်လေး။ မင်းက သူပုန်ဆိုတဲ့ ဘွဲ့ကို ခံယူပြီး မင်းရဲ့ တစ်သက်လုံး အရိပ်အောက်မှာ နေထိုင်ရလိမ့်မယ်”

ဤသို့ပြောကာ ဧကရာဇ်က ရုတ်တရက် သူ့၏ နတ်စွမ်းအင်များကို လည်ပတ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ မရီးဒျန်များအားလုံး ချက်ချင်းပေါက်ကွဲကာ သူ၏ မရီးဒျန်များကို ချိုးဖျက်လိုက်သည်။

'အိုး မဖြစ်ဘူး!'

ဝေဝူယာက မကောင်းဟုထင်ခဲ့သော်လည်း တားရန် နောက်ကျသွားပြီဖြစ်သည်။

ဧကရာဇ် ကျဆုံးသွားသည်ကို သူ အားကိုးရာမဲ့စွာ ကြည့်ရုံသာတတ်နိုင်သည်။

ဧကရာဇ်က "ချူးယွင်ဖန်ကို သတိထားပါ" ဟု ခပ်တိုးတိုးပြောလိုက်သည်ကို သူမှုန်ဝါးဝါးမြင်နေရသည်။

All Chapters