← Chapters

လူတိုင်းကြည့်နေတယ်

Vol. 95 Ch. 1414

လူတိုင်းကြည့်နေတယ်

Vol. 95 Ch. 1414

ဧကရာဇ်သစ် နန်းတက်ခဲ့ကာ ဧကရာဇ်ဟောင်းက ပုန်ကန်မှုဟုခေါ်သော အဖြစ်အပျက်၌ ကွယ်လွန်ခဲ့သညည်။ အင်အားစုအားလုံးက ဤကိစ္စအပေါ်တွင် တိတ်တဆိတ်နေခဲ့ကြသည်။ အဆုံးသတ်တွင်မူ ဧကရာဇ်သစ်နနန်းတက်မှုသည် ပုံမှန်နန်းတက်မှုမဟုတ်ပေ။ ပုန်ကန်မှုဖြစ်သည်။ သို့သော် အောင်နိုင်သူက အုပ်စိုးသူသစ်ဖြစ်သောကြောင့် ပုန်ကန်မှုဖြစ်ကြောင်း မည်သူမျှ မပြောကြတော့ပေ။

နောက်ဆုံးအောင်ပွဲရသူက ဝေ့ဝူယဖြစ်သောကြောင့် မည်သူကမျှ ပုန်ကန်မှုဟု မပြောကြတော့ပေ။ ပထဆုံးအနေဖြင့် မင်းသားတစ်က ပုန်ကန်မှုစတင်ကာ ဧကရာဇ်ဟောင်းကို သုတ်သင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မည်သူမျှ မယုံကြသော်လည်း ၎င်းတို့ယုံကြသည်ဖြစ်စေ မယုံသည်ဖြစ်စေက အရေးမကြီးပေ။

သန်းတစ်ထောင်ရှိသော စစ်တပ်ကို ထိန်းချုပ်ထားသည့် ဧကရာဇ်သစ်က ဒေသအသီးသီးက အဓိကအဖွဲ့အားလုံးကို ဆင့်ခေါ်ရန် တောင်းဆိုခဲ့သည်။ ဤတစ်ခါတွင် အဓိကအဖွဲ့ဝင်များက လျစ်လျူရှု့ရန် မဝံ့မရဲဖြစ်ကာ သူ့ကိုတွေ့ဆုံးရန် လူများကို အမြန်စေလွှတ်ခဲ့သ်ည။ ပုန်ကန်ရန် ကြိုးစားခဲ့သူအချို့ရှိသော်လည်း သန်းတစ်ထောင်ရှိသော စစ်တပ်အောက်၌ မြန်မြန်ဆန်ဆန် ဖျက်ဆီးခံခဲ့ရသည်။

ဧကရာဇ်သစ် နန်းတက်ပြီး နယ်မြေအားလုံးက သူ့လက်အောက်ခံ ဖြစ်ခဲ့သည်။ တဝေသည် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။ အနည်းဆုံးအနေဖြင့် အပေါ်ယံတွင် ဤသို့ပင်ဖြစ်သညည်။ ဧကရာဇ်ဝေ့ဝူယာက တတ်နိုင်သမျှ အချိန်တိုအတွင်း ထိုသို့ပြီးမြောက်ရန် လုပ်ဆောင်ခဲ့သည်။ ကျန်သောအရာများကို တဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင်လုပ်ရန်သာဖြစ်သည်။ သမိုင်းတွင် ဤသို့သော အခြေအနေမျိုး မရှိခဲ့ဖူးပေ။ ရှေးခေတ်မှ ယနေ‌ေ့အထိ အောင်မြင်သော ပုန်ကန်မှုမျိုးမရှိခဲ့ပေ။

အထူးသဖြင့် တဝေမင်းဆက်အဆုံးပင်မရှိသေးဘဲ မင်းဆက်၏ ထိပ်၌ ရှိနေသည်ဟု ယူဆ၍ရသောကြောင့် ဤသည်က မကြုံစဖူးဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ မည်သူကမျှ အတွေ့အကြုံမရှိကြပေ။ လူတိုင်းက ယင်းကို အသားကျရန် ကြိုးစားနေကြသည်။

ဧကရာဇ်နန်းတော်၏ ကိစ္စရပ်များ ပြေလည်သွားကာ ဝေ့ဝူယက ဒေသအသီးသီး၏ ကိစ္စများနှင့် အလုပ်ရှုပ်နေခိုက်တွင် လူတိုင်း၏ အကြညည့်များအားလုံး ချူးယွင်ဖန်းထံ ထပ်မံကျရောက်သွားကြသည်။ တိတိကျကျပြောရလျှင် ချူးယွင်ဖန်းနှင့် ယွင်ဟွမ်တို့ထံရောက်နေကြသည်။ လူတိုင်းက ချူးယွင်ဖန်းနှင့် ယင်ဟွမ်တို့အကြားတိုက်ပွဲကို စောင့်မျှော်နေကြသည်။

သုံးလကြာ သဘောတူညီချက် သတင်းက တဝေတစ်ခုလုံးကို တစ်ညတာအတွင်း ပျံ့နှံ့သွားခဲ့သည်။ တဝေရှိ အဓိကတပ်ဖွဲ့အမျိုးမျိုးအတွက်၊ ဤသည်မှာ တဝေတစ်ခုလုံး၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သော တိုက်ပွဲတစ်ခု ဖြစ်နိုင်သည်။ ဝေ့ဝူယက ကမ္ဘာကို သိမ်းပိုက်ပြီနောက်တွင် ၎င်းသည် အထူးသဖြင့် မှန်သည်။

အမှန်တကယ်တွင် ကမ္ဘာပေါ်တွင် ဧကရာဇ်အသစ်ကို နာခံလိုခြင်းမရှိသော အင်အားစုများစွာ ရှိနေသော်လည်း ၎င်းတို့တွင် ခုခံရန် ခွန်အားမရှိခဲ့ပေ။

အထူးသဖြင့် ချူးယွင်ဖန်းဖြစ်သည်။ ၎င်းတို့အတွက် သူသည် နတ်တောင်တစ်လုံးနှင့်ပင် မကွာခြားပေ။ သူသည် ရောက်ရှိ၍ မရနိုင်၊ ခုခံ၍ မရနိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ ။ သို့သော် သုံးလအကြာတွင် တိုက်ပွဲတွင် ချူးယွင်ဖန်သည် ယွင်ဟွမ်နှင့် မယှဉ်နိုင်ပါက ယွင်ဟွမ်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု ယွမ်ဟွမ်က ယခင်က ပြောခဲ့ဖူးသည်။

ချူးယွင်ဖန်း၏ ထောက်ခံမှုမရှိပါက ဝေ့ဝူယသည် ကျောရိုးကို ရိုက်နှက်ခံထားရသော ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် ယခင်ကကဲ့သို့ အခြားသူများ၏ လေးစားမှုကို ခံရရန် မဖြစ်နိုင်ပေ။ သူ့ကို ဖြုတ်ချရန်ပင် ဖြစ်နိုင်ခြေရှိသည်။ သူ့လက်ထဲတွင် စစ်သားတစ်သန်းရှိသော်လည်း၊ ၎င်းတို့အားလုံးသည် စုဆောင်းထားသော စစ်သားများဖြစ်ကြောင်း လူတိုင်းသိကြသည်။ ၎င်းတို့သည် သစ္စာမရှိကြပေ။

ဤအကြောင်းကြောင့် တပ်ဖွဲ့အချို့ကို နှိမ်နင်းခံခဲ့ရသည်။ သုံးလကြာပြီးနောက် အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်ဖြစ်ကာ သုံးလကြာပြီးနောက် တိုက်ပွဲသည် အရာအားလုံးကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲဖြစ်လိမ့်မည်။

အရာအားလုံးကို ပြန်လည်ထူထောင်နေသည်။ ဧကရာဇ်နန်းတော်သည် မြန်ဆန်သောနှုန်းဖြင့် လည်ပတ်နေသည်။ ဧကရာဇ်ဟောင်း၏ ခိုင်မာသောထောက်ခံသူအချို့နှင့် မင်းသားများနှင့် နက်ရှိုင်းသောဆက်ဆံရေးရှိသော လူအချို့မှလွဲ၍ ဧကရာဇ်နန်းတော်ရှိ အရာရှိအများစုကို ၎င်းတို့၏ မူလရာထူးများသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ မှန်သည်။ ဆုလာဘ်အမျိုးမျိုးက ဘယ်သောအခါကမျှ ရပ်တန့်မသွားခဲ့ပေ။ အကြီးမားဆုံးဆုလာဘက်ကို သဘာဝကျစွာပင် ချူးမျိုးနွယ်စုကို ပေးအပ်ခဲ့သည်။ မူလက မြို့ဝန်ဖြစ်သော ချေူးယောင်ဝေ့သည် ချူးဘုရင်ဘွဲ့ကို ချီးမြင့်ခံခဲ့ရသည်။ သူသည် မျိုးရိုးနာမည်ကွဲပြားသော ပထမဆုံးဘုရင်ဖြစ်လာခဲ့ကာ သူမည်မျှ ဘုန်းကြီးသည်ကို မြင်နိုင်သည်။

ထို့အပြင် ချူးယောင်ဝေသည် ကမ္ဘာ့စစ်ရေးတပ်ဖွဲ့များကို တာဝန်ယူသည့် ဗိုလ်ချုပ်ကြီးရာထူးသို့ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ချူးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ကိုယ်ပိုင်ဆုလာဘ်များကို ရရှိခဲ့ကြသည်။ သဘာဝအတိုင်း လူအများအပြားသည် ဤအရာကို မနာလိုကြသော်လည်း မည်သူမျှ မည်သို့မျှမပြောရဲကြပေ။

ပထမဆုံးအနေဖြင့် ချူးမျိုးနွယ်စုက ဧကရာဇ်အသစ်အတွက် ၎င်းတို့၏အသက်ကို စွန့်စားခဲ့ကြသည်။ ၎င်းသည် သဘာဝအတိုင်း သံသယဖြစ်ရန်ပင်မလိုပေ။ ဒုတိယအနေဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့၏ ကျောထောက်နောက်ခံပြုသူဖြစ်သည်။ လူအများ၏ အမြင်တွင် ချူးယွင်ဖန်းသည် ကမ္ဘာပေါ်၌ ပထမဆုံးမဟုတ်သည့်တိုင် အနည်းဆုံး ဒုတိယမြောက်လူဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် ၎င်းတို့ကို ကာကွယ်ရန် အရညညည်ညအချင်းပြည့်မှီသည်။ ချူးမျိုးနွယ်စုအပြင် ချူးယွင်ဖန်းသည် အမျိုးသားခေါင်းဆောင်ဘွဲ့ကိုလည်း ချီးမြင့်ခံခဲ့ရသည်။ တစ်ချိန်တည်း၌ပင် သူသည် ဧကရာဇ်မိသားစု၏ ပထမဆုံး အကြီးအကဲဖြစ်လာခဲ့ကာ သီအိုရီအရ အကြီးအကဲဗျူရိုသည် ချူးယွင်ဖန်း၏ လက်အောက်၌ ရှိနေပြီဖြစ်သည်။

ဧကရာဇ်မြို့တော်၌၊ မကြာသေးမီက ဆောက်လုပ်ခဲ့သည့် ခမ်းနားသော အိမ်ကြီးထဲ၌ ချူးယွင်ဖန်းသည် ဧရာမဆေးဖိုရှေ့တွင် တင်ပျဥ်ချိတ်ထိုင်ကာ ဆေးများဖော်စပ်နေသည်။ သူလုပ်ချင်သည်မှာ သဘာဝအတိုင်း သူ့ကို အဆင့်တက်စေနိုင်မည့် အနှစ်သာရစုစည်းဆေးပင်ဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံရေးနှင့် သူသည် နတ်အဆင့် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ အလားအလာအားလုံးကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် သူသည် အမတေမဲ့အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ သုံးလကြာလျှင် ယွင်ဟွမ်နှင့်တိုက်ခိုက်ချင်ပါက အနှစ်သာရစုစည်းဆေးကို အားကိုးရပေလိမ့်မည်ဖြစ်သည်။

ဆယ်ရက်လုံး ချူးယွင်ဖန်းက ဆေးများကို အဆက်မပြတ် ထုတ်လုပ်နေခဲ့ရာ တစ်ချိန်တည်း၌ပင် လုပ်ငန်းစဥ်ကို အရှိမြှင့်ရန် ဆေးမီးကို အဆက်မပြတ် စုစည်းထားသည်။

အနှစ်သာရစုစည်းဆေးကို ပြုလုပ်ရန် အချိန်အတန်ကြာပေလိမ့်မည်။ ဤဆယ်ရက်အတွင်း

ဝေ့ဝူယက ကျင့်ကြံရေးပစ္စည်းများစွာပို့ပေးခဲ့ကာ အဓိကအားဖြင့် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးများဖြစ်သည်။ အဆင့်နိမ့်ဝိဉာဥ်ကျောက် စုစုပေါင်း သန်း၅၀ကျော်ပို့ပေးခဲ့သည်။ ချူးယွင်ဖန်း လိုအပ်သရွေ့ ဝေ့ဝူယထံတွင် တောင်း၍ရသည်။

ဝေ့ဝူယက ချူးယွင်ဖန်းကို သတိထားသော်လည်း ချူးယွင်ဖန်းကြောင့်သာ ပုလ္လင်ပေါ်တွင် ထိုင်နိုင်ခြင်းဖြစ်ကြောင်း သူသိသညည်။ ချူးယွင်ဖန်းသာ မတော်တဆမှုတစ်ခုခုကြုံခဲ့ပါက အဆုံးသတ်ကောင်းမည်မဟုတ်ပေ။ ယခု ၎င်းတို့အားလုံး တစ်လှေတည်းစီးနေကြပြီဖြစ်သည်။

ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံသည်။ သူ အဆင့်တက်မည့်အချိန်၌

ဝိညာဉ်စွမ်းအင် အမြောက်အမြားလိုအပ်လိမ့်မည်။ ထို့ကြောင့် ဧကရာဇ်တဖြစ်လဲဝေ့ဝူယက သူ့ကို ကျောထောက်နောက်ခံပေးထားပါက လေ့ကျင့်မှုပေါ်တွင်သာ အာရုံစိုက်ကာ အခြားမည်သည့်အရာကိုမျှ စိတ်ပူရန် မလိုပေ။

ရုတ်တရက် မီးဖိုထဲကနေ အဖြူရောင်မီးခိုးများ ထွက်လာကာ ဆေးခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။

ဆေးနံ့ပင်ဖြစ်သည်။

ချူးယွင်ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဆေးဖို၏ အဖုံးက လွင့်စင်သွားသည်။ သူပျံသန်းသွားလိုက်သောအခါ ဆေးဖိုထဲ၌ လက်မအရွယ် ဆေးပြားငါးပြား တိတ်တိတ်ဆိတ်ဆိတ် ရှိနေသည်ကိုမြင်လိုက်ရသည်။ ဆေးပြားများအားလုံး လိမ္မောရင့်ရောင်ဖြစ်ကာ အတန်ငယ် ထူးခြားသည်။ ဆေးရနံ့ ပျောက်ကွယ်သွားပြီးနောက်၌ပင် ယင်းတွင်ပါသည့် အလင်းရောင်တချို့ကို သူ မှုန်ဝါးဝါးမြင်လိုက်ရသည်။

ဆေး၏ အရည်အသွေးမြင့်မားမှသာဖြစ်နိုင်သော ဖြစ်စဥ်တစ်ခုဖြစ်၏။

သို့သော် ဤသည်က ဆေးပညာအတွက် ကလေးကစားကွက်တစ်ခုသာဖြစ်သည်။ ရှေးဟောင်းလူသားကာလ၌ ဆေးဧကရာဇ်မှ သန့်စင်ထားသော ဆေးအချို့သည် ၎င်းတို့ကို သောက်သုံးပြီးသည်နှင့် ကောင်းကင်မှ ဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည်။ ကောင်းကင်မှ မိုးကြိုးမုန်တိုင်းများပင် ကျရောက်ခဲ့သည်။ ကောလာဟလများအရ ဒဏ္ဍာရီလာ နတ်ဘုရားဆေးပြားများသည် လူသားပုံစံသို့ပင် ပြောင်းလဲနိုင်သည်။ ၎င်းသည် စစ်မှန်သော နတ်ဘုရားအဆင့်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဆေးပြားငါးပြားသည် သူ့လက်ထဲသို့ လွင့်စင်သွားသည်။ သူသည် ၎င်းတို့ကို ကြွေပုလင်းထဲသို့ ထည့်လိုက်နောက် ကျန်သော ဆေးတစ်ပြားကို မြိုချလိုက်၏။။

All Chapters