အမတေတမဲ့အဆင့်သို့ တက်လှမ်းခြင်း
Vol. 95 Ch. 1415
အနှစ်သာရစုစည်းဆေးကို ဝါးမြိုလိုက်သည်နှင့် ၎င်းက နွေးထွေးသော စွမ်းအင်စီးကြောင်းအဖြစ်ပြောင်းလဲသွားကာ ချူးယွင်ဖန်း၏ ခြေလက်နှင့် အရိုးများထဲသို့ ပျံ့နှံ့သွားသည်။ သူ၏ ဆဲလ်တိုင်းက မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအင်များနှင့်ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ထက် များစွာ ပိုအစွမ်းထက်သည်။ သူ၏ ဆဲလ်တစ်ခုချင်းစီတွင်ပါဝင်သော စွမ်းအင်သည် သာမန်လူတစ်ယောက်၏ ခန္ဓာတစ်ခုလုံးရှိ စွမ်းအားထက်ပိုနိုင်သည်။ သူသာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးလိုက်ပါက နျူကလီးယားပေါက်ကွဲမှု မြင်ကွင်းငယ်လေးတစ်ခု ဖြစ်ပေါ်လာနိုင်သည်။
ဤသည်က ကြောက်မက်ဖွယ်အကောင်းဆုံးသောအပိုင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် စွမ်းအင်ပမာဏမည်မျှ သိုလှောင်ထားနိုင်မည်ကို တွေးကြည့်နိုင်သည်။ သို့သော် အနှစ်သာရစုစည်းဆေး၏ စွမ်းအင်က သူ၏ ခြေလက်နှင့် အရိုးများဆီသို့ ခန္ဓာကိုယ်၏ ဆဲလ်တိုင်းသို့ ပျံ့နှံ့သွားကာ သူ့ခန္ဓာကိုယ်ထဲမှ ဆဲလ်များပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ ဤစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲရှိ စုစည်းနိုင်သော အကန့်အသတ်ကိုကျော်လွန်သွားသည်။ ယင်းကလည်း အမတေမဲ့အဆင့်ကို ဖြတ်ကျော်ရန် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်သည်။
နတ်အဆင့်များသည် ၎င်းတို့၏ နတ်စွမ်းအင်များကို ဆဲလ်တိုင်းနှင့် မရီးဒျန်တိုင်းတွင် သိမ်းဆည်းထားသည်။ သို့သော် သိုလှောင်ထားသော နတ်စွမ်းအင်ပမာဏတွင် ကန့်သတ်ချက်တစ်ခုရှိသည်။ ၎င်းကို အကန့်အသတ်မရှိ သိမ်းဆည်းထားရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်၏ ခန္ဓာကိုယ်စွမ်းရည်သည် သာမန်လူတစ်ဦး၏ ရေကန်နှင့် နှိုင်းယှဉ်ပါက မြစ်တစ်စင်းကဲ့သို့ပင် နောက်ဆုံးတွင် ပြည့်သွားမည်ဖြစ်သည်။ ပြည့်သွားသည်နှင့် နတ်ဘုရားစွမ်းအားကို ထပ်မံသိုလှောင်နိုင်တော့မည်မဟုတ်ပေ။
အမတေမဲ့အဆင့်သည် လူတစ်ဦး၏ နတ်စွမ်းအင်အားလုံးကို ရွှေရောင်ဗဟိုအဖြစ်သို့ ပြောင်းလဲကာ မရီးဒျန်ထဲတွင် ထားနိုင်မည့် ကွဲပြားသော နည်းလမ်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်ရှိ ချီပင်လယ်မရီးဒျန်သည် ရွှေရောင်ဗဟိုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤနည်းအားဖြင့် သူသည် နတ်အဆင့်ထက် ဆယ်ဆ၊ နှစ်ဆယ်ဆ သို့မဟုတ် ရာဆပင် ပိုမိုသော စွမ်းအင်များကို သိုလှောင်နိုင်သည်။ ဤရာဆ နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ပြီးသည်နှင့် ၎င်းသည် အကြောက်ဆုံးနှင့် မြေကြီးကို တုန်လှုပ်စေသော အဆင့်ဖြစ်လာပေမည်။ ဤအဆင့်ကိုအောင်မြင်ရန် ပုံမှန်အားဖြင့် စွမ်းအင်ကို နှစ်ပေါင်းများစွာစုဆောင်း၍ အစွန်းစွန်ဆုံးထိ ကျင့်ကြံရန် လိုအပ်သည်။
ဤကန့်သတ်ချက်ကို ကျော်လွန်ပြီးမှသာ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ရွှေအမတေကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ မိသားစုတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်နည်းလမ်းများရှိကာ ချူးယွင်ဖန်၏နည်းလမ်းသည် သဘာဝအတိုင်း အကောင်းဆုံးဖြစ်သည်။ ရှေးဟောင်းလူသားကာလ၌ပင် ယင်းက မည်သူနှင့်မျှ မယှဥ်နိုင်ပေ။ ချူးယွင်ဖန်းက သူ၏ နတ်စွမ်းအင်ကို လည်ပတ်စေကာ သူ၏ မရီးဒျန်၌ စုစည်းထားသည်။ သူ၏ မရီးဒျန်များအားလုံး ဤအဆုံးမဲ့ နတ်ဘုရားစွမ်းအင်မှ ပေါက်ကွဲတော့မည်ဟု သူခံစားလိုက်ရသည်။
"အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုဟာ ဒီလှုပ်ရှားမှုပေါ်မှာ မူတည်ပါတယ်!"
ချူးယွင်ဖန်းက သူ့ကိုယ်သူပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်ဘုရားတစ်ပါးကဲ့သို့ မှိန်ဖျော့ဖျော့ အလင်းတစ်ခု ထုတ်လွှတ်လိုက်ိကာ တစ်ချိန်တည်း၌ပင် မရေမတွက်နိုင်အောင်များပြားလှသော မိုးကြိုးစွမ်းအင်များက သူ့ပတ်ပတ်လည်တွင် ဆူပွက်လာသည်။ အဆုံးမဲ့နတ်ဘုရားစွမ်းအားသည် တစ်စက္ကန့်ပပင်မရပ်ဘဲ သူ၏ မရီးဒျန်ထဲသို့ စီးဆင်းနေသည်။
သူ လေ့ကျင့်ရင်းဖြင့် အချိန်များကုန်ဆုံးသွားကာ တစ်လအကြာတွင် ဧကရာဇ်အကြံပေး၏ နေအိမ်၌ လူနှစ်ဦးသည် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် ရှေ့တိုးနောက်ငင် လျှောက်သွားနေကြသည်။ ပြင်ပလူတစ်ဦးသာ ယင်းကို မြင်ရပါက ဤသည်က မကြာသေးမီကမှ နာမည်ကြီးလာသည့် ချူးယောင်ဝေ့နှင့် ချူးဟုန်ချိုင်တို့ဖြစ်ကြောင်း သိကြပေမည်ဖြစ်သည်။
"အစ်ကိုဖန်းက သီးသန့်လေ့ကျင့်မှုကနေ ထွက်လာသေးတာ မဟုတ်ဘူး။ သူထွက်လာဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ငါမသိဘူး" ချူးဟုန်ချိုင်က စိုးရိမ်တကြီးပြောသည်၊
"မွန်းစတားသုတ်သင်သူတွေက စိန်ခေါ်မှုတစ်ခု ပို့လိုက်တယ်လို့ ငါကြားတယ်။ နှစ်လအတွင်း တိုက်ပွဲက မလွဲမသွေဖြစ်လိမ့်မယ်"
ချူးယောင်ဝေက အနည်းငယ်စိုးရိမ်နေသော်လည်း သူမစိုးရိမ်လှပေ။
"ပြဿနာမဖြစ်သင့်ဘူး။ ယွင်ဖန်းက ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့သူမျိုးမဟုတ်ဘူး။ သုံးလအတွင်း တိုက်ခိုက်ဖို့ သဘောတူထားတာကြောင့် အမှားအယွင်းမရှိသင့်ဘူး"
"ယွင်ဟွမ်က ကမ္ဘာ့နံပါတ်တစ်ကျွမ်းကျင်သူဖြစ်ပြီး တခြားသူတွေ အန္တရာယ်ကျရောက်နေချိန်မှာ အခွင့်ကောင်းယူခဲ့တယ်။ အစ်ကိုဖန်းသာ နောက်ထပ်နှစ်အနည်းငယ် လေ့ကျင့်ရင် သူဘာဖြစ်မလဲ" ချူးဟုန်ချိုင်က မကျေမနပ်ပြောလိုက်သည်။
တခြားသူသူများအားလုံး ယွင်ဟွမ်ကို ကြောက်ကြကာ ထိုသို့မပြောရဲကြသော်လည်း သူကမူ မကြောက်လှပေ။
"ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်လို့မရတဲ့ အရာတွေရှိတယ်။ ဘုရင်မင်းမြတ်က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူ့ကို တိုက်တွန်းဖို့ လူတွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ပြီးပြီ။ ယွင်ဖန်း သီးသန့်လေ့ကျင့်မှုကနေ ထွက်လာပြီလားလို့ မေးနေတာ။"
ချူးယောင်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်က အဘယ်ကြောင့် ဤမျှစိုးရိမ်နေသည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် တစ်လှေတည်းစီးနေကြသောကြောင့်ဖြစ်သည်။ ချူးယွင်ဖန်း ရှုံးနိမ့်ပါက စည်ပင်ဝပြောနေပုံရသော ဧကရာဇ်နန်းတော်သည် ချက်ချင်းပြိုလဲသွားလိမ့်မည်။
"ပြဿနာမရှိသင့်ဘူး။ အစ်ကိုဖန်းလုပ်နိုင်လောက်ပါတယ်”
“လုပ်နိုင်သင့်ပါတယ်!" ချူးဟုန်ချိုင်က ပြောသည်။
"အရှင်.. အရှင် အရမ်းအလုပ်များနေမယ်ဆိုတာ ကျွန်တော်သေချာပါတယ်။ ဒါကို ကျွန်တော်နဲ့အပ်ထားလိုက်ပါ။ သတင်းရတာနဲ့ ကျွန်တော် အကြောင်းကြားပါ့မယ်”
ချူးယောင်ဝေ့က ခဏမျှစဥ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
"ကောင်းပြီ၊ တစ်ခုခုကြားရင် ကျွန်တော့်ကို ချက်ချင်းအသိပေးပါ"
သူ့တွင် လုပ်စရာအတန်အများရှိ၍ ထိုနေရာ၌ ကြာကြာမနေခဲ့ပေ။
ဆေးခန်းထဲ၌ တစ်ဦးတည်းနေနေသော ချူးယွင်ဖန်းသည်မူ အပြင်မှလူများ သူ့ကြောင့် မည်မျှ စိုးရိမ်နေသည်ကို မသိခဲ့ပေ။ နောက်ဆုံး အငွေ့အသက်ကို ထုတ်လွှတ်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ နတ်စွမ်းအင်များ ဆူပွက်လာခဲ့သည်။
ဘမ်း
ရုတ်တရက် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် နတ်စွမ်းအင်က ကျယ်ပြန့်သော သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားကာ လွင့်ထွက်သွားသည်။ ထိုအချိန်၌ သူသည် ဆေးဖိုခန်းတစ်ခုလုံးကို ပျက်စီးမသွားအောင် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ခဲ့သည်။ ကြောက်စဖွယ်ကောင်းသော နတ်စွမ်းအင်က ဆူပွက်နေဆဲဖြစ်သည်။ သူ အစောပိုင်းက ထုတ်လွှတ်ခဲ့သည့် နတ်စွမ်းအင်နှင့်ယှဥ်ပါက အနည်းဆုံး နှစ်ဆမျှ ပိုမိုအားကောင်းသည်။
ချူးယွင်ဖန်းက မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ တိုးတက်မှုကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူ၏ မရီးဒျန်၌ အမတေရှိရမည့်နယ်မြေတစ်ခု စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ အမတေမဲ့ဟု ခေါ်ရခြင်းမှာ ဤရွှေအမတေသည် ပုံရိပ်ယောင်အဆင့်၌သာရှိသေးသောကြောင့်ဖြစ်သည်။ ပုံစံပေါ်လာပြီဟု ယူဆ၍ မရပေ။
ဤရွှေအမတေက အလွန်ပျက်ဆီးလွယ်သည်။ တိုက်ခိုက်မှုများကို အလွန်ခံရပါက ချက်ချင်းပေါက်ကွဲသွားလိမ့်မည်ဖြစ်ကာ စစ်မှန်သော ရွှေအမတေဖြစ်လာလျှင် အနိုင်ယူရန် မလွယ်ပေ။ ဤထက် ဆယ်ဆ ဒါမှမဟုတ် ရာဆ ပိုမိုအားကောင်းလိမ့်မည်။ သူ၏ အစာအိမ်ထဲသို့ ရွှေအူတိုင် အစစ်ကို ဖွဲ့စည်းပြီးသောအခါ ထိုအချိန်တွင် သူ့အသက်က ကောင်းကင်ဘုံ၌မဟုတ်ဘဲ သူ့ပေါ်တွင် မူတည်ပေလိမ့်မည်။
သို့သော် ချူးးယွင်ဖန်းက အမတေမဲ့နယ်မြေကိုစုစည်းပြီးသောအခါ သူ့ခွန်အားနှစ်ဆကျော်ပိုမို တိုးလာသည်ကို ခံစားမိနိုင်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အမတေမဲ့အဆင့် အကန့်အသတ်ကို အမှန်တကယ် ချိုးဖျက်ခဲ့သည်။
သူ၏ မရီးဒျန်၌ရှိသော ရွှေအမတေက အဆက်မပြတ် လည်ပတ်နေသည်။
လည်ပတ်တိုင်း သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားက ပိုမို အားကောင်းလာသည်။ ဤဖြစ်စဥ်၏ အမြန်နှုန်းက အံ့အားသင့်ဖွယ်ကောင်းလှသည်။ သို့သော် တစ်ချိန်တည်း၌ပင် ဤလုပ်ငန်းစဥ်က မရေမတွက်နိုင်အောင်များပြားလှသော ဝိဉာဥ်စွမ်းအင်များကို စုပ်ယူခဲ့ကြသည်။ ဝိညာဉ်စွမ်းအင်အလုံအလောက်ရှိမှသာ ရွှေအမတေကြီးထွားမှုကို သူထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
ဝေ့ဝူယ ပေးပို့ခဲ့သော အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်း ၅၀ အားလုံးစုပ်ယူပြီးဖြစ်သည်။ နတ်အဆင့်အထွတ်အထိပ် သာမန်ကျွမ်းကျင်သူတစ်ဦးအတွက် ရွှေအမတေအဆင့်သို့ရောက်ရှိသောအခါ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်၏ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် လုံလောက်ပြီးဖြစ်သည်။ ချူးယွင်ဖန်သည် ၎င်းတို့၏ကန့်သတ်ချက်ထက် ဆယ်ဆပိုမိုစုပ်ယူခဲ့သည်မှာ မယုံနိုင်စရာပင်ဖြစ်၏။
အမြင့်ဆုံး အမတေမဲ့အဆင့်တစ်ဦးပင် တစ်ချက်တည်းဖြင့် ဝိညာဉ်စွမ်းအင်များစွာကို ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်မည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ မဟုတ်ပါက ၎င်းတို့၏ ခန္ဓာကိုယ်သည် ပေါက်ကွဲကာ သေဆုံးရပေလိမ့်မည်။ လူတိုင်းတွင် ၎င်းတို့၏ကန့်သတ်ချက်များရှိကာ ချူးယွင်ဖန်၏ကန့်သတ်ချက်များသည် ၎င်းတို့၏စိတ်ကူးထက် ကျော်လွန်နေသည်။
သူ၏ခန္ဓာကိုယ်တွင် ရွှေအမတေတစ်ခုရှိပြီးနောက်သူ့တွင် အပိုနှလုံးသားတစ်ခုရှိသကဲ့သို့ဖြစ်သည်။ ရွှေအမတေ ကျုံ့သွားသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်သွားသည်။
အတိုချုပ်ပြောရလျှင် သူသည် အစွမ်းထက်သည် - မယုံနိုင်လောက်အောင် အစွမ်းထက်သည်။