သုံးလပြည့်ပြီ
Vol. 95 Ch. 1417
ဤလှုပ်ရှားမှုသည် ချူးယွင်ဖန်း၏ လေ့ကျင့်မှုနှင့် တဖြည်းဖြည်း အသုံးဝင်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာသော်လည်း ကြီးမားသည့် ကုန်ကျစရိတ် လိုအပ်နေဆဲဖြစ်သည်။ ဤသည်ကို အခွင့်ကောင်းယူကာ ယင်းကို အလွယ်တကူ အသုံးပြု၍ မရပေ။ ဤသည်က အံ့ဖွယ်လက်သီးရှစ်ချက်၏ စွမ်းအားအပြည့်အဝမဟုတ်ပေ။
ချူးယွင်ဖန်း၏ လက်ရှိခွန်အားနှင့် သူသည် အံ့ဖွယ်လက်သီးရှစ်ချက်၏ အစွမ်းအနည်းငယ်ကိုသာ ပြသနိုင်ခဲ့သည်။
သို့သော် ယင်းက အလွန် အစွမ်း အဲဒါက အရမ်း အစွမ်းထက်နေဆဲပါ။ ချူးယွင်ဖန်းသာ ဆန္ဒရှိပါက လက်သီး၏ စွမ်းအားကို အကြိမ်ပေါင်းများစွာ တိုးမြှင့်နိုင်သော်လည်း တန်ကြေးက အလွန်များလွန်းလှသည်။ အနည်းဆုံးအနေဖြင့် ယခုအချိန်၌ ထိုတန်ကြေးကို ပေးရန် ဆန္ဒမရှိပေ။ ယင်းက မတန်ပေ။
ပုံမှန်အားဖြင့် သူသည် အံ့ဖွယ်လက်သီးရှစ်ချက်ထဲမှ တစ်ခုကို အသုံးပြုသ၍ အားကောင်းသော ပြိုင်ဘက်တစ်ဦးကို အနိုင်ယူနိုင်မည်ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ထဲမှ သွေးအနှစ်သာရများ အမြန်အဆန် ပြန်လည်ကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။ သူ့တွင် ကြောက်ရွံ့မှုတစ်ခုရှိနေဆဲဖြစ်သည်။ ထိုအချိန်၌ နတ်စွမ်းအားအားလုံးက သူ၏ သွေးအနှစ်သာရ တစ်စိတ်တစ်ပိုင်းအဖြစ်ခြောက်သွေ့သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သူသည် အံ့ဖွယ်လက်သီးရှစ်ချက်၏ စွမ်းအားကိုပြနိုင်ရန်ပင် ခက်ခဲနေခဲ့ခြင်းဖြစ်သည်။ သာမန် ရွှေအမတေတစ်ဦးသာဖြစ်ပါက ချက်ချင်းပင် တုံ့ပြန်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားလိမ့်မည်ဖြစ်သည်။ သူ့တွင် ဧကရာဇ်ကိုယ်ထည်နှင့် မိုးကြိုးကိုယ်ခန္ဓာရှိနေသောကြောင့်သာ သူ၏ ခန္ဓာကိုယ်က သာမန်လူများထက် များစွာသာလွန်နေခြင်းဖြစ်၍ ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။
အံ့ဖွယ်လက်သီးရှစ်ချက်ကို လေ့ကျင့်ပြီးနောက် ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ သူသည် ကောင်းကင်ထဲသို့ ပျံတက်ခြင်း သို့မဟုတ် လေဟာနယ်ထဲတွင် ခြေလှမ်းတစ်လှမ်းခြင်းလမ်းလျှောက်သွားခဲ့သည်။ လေဟာနယ်ထဲသို့ လျှောက်သွားသောအခါ သူ၏ ရောင်ဝါက အရူးအမူး မြင့်တက်လာသည်။ ခြေလှမ်းတစ်လှမ်းတိုင်းတွင် ရောင်ဝါက များစွာ တိုးတက်လာခဲ့သည်။ နောက်ဆုံးတွင်မူ သူသည် အကန့်အသတ်သို့ရောက်ရှိသွားကာ သူ၏ ရောင်ဝါသည်လည်း အကန့်အသတ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။
ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန်ခြေဆောင့်ချလိုက်သည်။
ယင်းသည် သိုင်းပညာတစ်မျိုးဖြစ်ကာ တာအိုနှင့် နီးစပ်သော သိုင်းပညာတစ်ခုဖြစ်သည်။ ခဏတာအတွင်း၌ငပ် ချူးယွင်ဖန်း၏ ခြေထောက်အောက်မှ မြေအောက်ကမ္ဘာ၏ စမ်းရေများစီးကျလာသည်။ ရေသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံထိ မြင့်တက်လာသည်။
ဘမ်း
တောင်မြစ်ပန်းချီကားထဲရှိ နေရာတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ ချူးယွင်ဖန်း၏ ခြေဖဝါးအောက်ရှိ လေထုက ပြိုကွဲအက်သွားသည် သူ၏ ကန်ချက်သည် ရိုးရှင်းသော ခြေကန်ချက်တစ်ခုမဟုတ်ဘဲ ကောင်းကင်မှ ကျလာသည့်နှယ်ထင်ရသည်။
“ဒီ ငရဲကန်ချက်ကိုးသွယ်ကလည်း တကယ်ကို အထင်ကြီးစရာပဲ
ဤခြေကန်ချက်ကိုးမျိုးကို နင်းချပြီးနောက် ချူးယွင်ဖန်းသည် ကမ္ဘာကကြီးတစ်ခုလုံဂက သူ့ခြေဖဝါးအောက်၌ ပျပ်ဝတ်တော့မည်ဟုပင် ထင်မှတ်ခဲ့သည်။ ထိုကဲ့သို့ မြင့်မားသော အရှိန်အဝါသည် လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်သည်။ ဤနေည်းစနစ်၏ အမည်မှာ ငရဲကန်ချက် ကိုးသွယ်ဖြစ်သည်။ ၎င်းသည် ဧကရာဇ်တိုက်ပွဲစာအုပ်၌ မှတ်တမ်းတင်ထားသော ရှေးဟောင်းလူသားကာလမှ
အံ့သြဖွယ်ကောင်းသော နည်းစနစ်များဖြစ်သည်။ ၎င်းသည် သာမန် ခြေကန်ချက်စနစ်များနှင့် ကွဲပြားသည်။
ဤနည်းစနစ်များသည် အောက်သို့ ငုံ့ကြည့်၍ အရာအားလုံးကို နင်းချေရန် အာရုံစိုက်ထားသည်။
သူသည် အရာအားလုံးကို သူ့ခြေဖဝါးအောက်တွင် နင်းချေ၍ မြေအောက်ကကမ္ဘာ၏ စွမ်းအားဖြင့် အရာအားလုံးကို ဖျက်ဆီးလိမ့်မည်။
ဤခြေကန်ချက်အစုံသည် ရှေးဟောင်းလူသားကာလ၏ ငရဲဧကရာဇ်ဟုခေါ်သော ပြိုင်ဘက်ကင်းသည့် ကျွ၎်းကျင်သူတစ်ဦးဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။ ငရဲဧကရာဇ်က ငရဲကန်ချက်ကိုးသွယ်ကို ကျင့်ကြံသောအခါ ရေများထွက်လာခြင်းသည့် ဆင့်ကဲဖြစ်စဥ်မဟုတ်ဘဲ အမှန်စင်စစ်ငရဲပြည်မှ ရေဖြစ်သည်။ တစ်ချက်နင်းလိုက်ရုံဖြင့် မည်သို့ပင် အစွမ်းထက်သော ရန်သူမျိုးဖြစ်စေကာမူ ဤကြောက်မက်ဖွယ်ကန်ချက်အောက်၌ ဖျက်ဆီးခံရမည်ဖြစ်သည်။
ကောလဟာလများအရ ငရဲရေဟူသည် ငရဲပြည်၌သာ ရှိသော ရေတစ်မျိုးဖြစ်သည်။ အသက်ရှင်သူတစ်ဦး ထိတွေ့မိပါက လုံးဝ ပျက်ဆီးသွားလိမ့်မည်ဟု ဆိုကြသည်ဓ။ ငရဲလောကနှင့် သက်ရှိလောကကြားမှ ပိုင်းခြားမျဥ်းတစ်ကြောင်းဖြစ်သည်။ မည်သူမျှ ဤပိုင်းခြားမျဥ်းကို ဖြတ်ကျော်၍ မရပေ။
သို့သော် ငရဲဧကရာဇ်သည် ငရဲကမ္ဘာမှ ရေကို သူကိုယ်တိုင်သုံးရန် ထုတ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံရေးအဆင့်က မယုံကြည်နိုင်လောက်သည့်အတိုင်းအတာအထိ အဆင့်မြင့်နေပြီဖြစ်သည်။
သူနင်းလိုက်ပြီးနောက် ချူးယွင်ဖန်းက သူ့ခြေထောက်ကို မြှောက်ပြီး တွန့်ဆုတ်ခြင်းမရှိဘဲ နောက်တစ်ချက် ဆောင့်နင်းလိုက်သည်။
“ဒုတိယ ငရဲကန်ချက်”
ဘမ်း
ကောင်းကင်တစ်ခုလုံးသည် ပိုမိုပြင်းထန်စွာ တုန်ခါသွားသည်။ ဒုတိယအကြိမ် ခြေဆောင့်ချက်စွမ်းအားသည် ပထမအကြိမ်ထက် များစွာပိုမိုကြီးမားသည်။ အမှန်စင်စစ် ငရဲကန်ချက် ကိုးသွယ်၏ ခြေကန်ချက် တစ်ခုစီ၏ စွမ်းအားက တိုးမြင့်လာခဲ့သည်။ ကိုးခုမြောက် ကန်ချက်ကို ရောက်ရှိပြီးနောက် အဆုံးစွန်ဆုံးအတိုင်းအတာအထိ လေ့ကျင့်သောအခါ ကမ္ဘာတစ်ခုလုံးကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်သည်။ ၎င်းသည် အလွန်အစွမ်းထက်သော သိုင်းပညာတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင် ထိုအဆင့်သို့ မရောက်နိုင်သေးသော်လည်း ဒုတိယမြောက်ကန်ချက်၏ စွမ်းအားက အလွန် အံ့အားသင့်ဖွယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်သည်။
“တတိယမြောက် ငရဲကန်ချက်”
ချူးယွင်ဖန်းသည် နောက်တစ်လှမ်းတိုးလိုက်သော်လည်း ယခင်ကထက် အနည်းငယ်ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားရသည်။ သူသည် ယခင်ကကဲ့သို့ ပျော့ပြောင်းမနေတော့ပေ။ သို့သော် ထိုကန်ချက်သည် ကောင်းကင်ကို ကွဲကြေသွားစေသည့်ပုံပေါ်သည်။
လေထုသည် ကြီးမားသော နေရာတစ်ခုတွင် ပြိုကွဲသွားသည်။ ၎င်းသည်
ပထမဆုံး ခြေကန်ချက်ထက် အနည်းဆုံး နှစ်ဆပိုမိုအားကောင်းသည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်လည်း ထက်ဝက်ခန့်ကုန်ဆုံးသွားသည်။
သို့သော်လည်း နောက်တစ်ခဏတွင် သူ့ခန္ဓာကိုယ်ရှိ ရွှေအမတေသည် တစ်ကြိမ်လည်ပတ်ကာ နတ်စွမ်းအင် အဆကကက်မပြတ် ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။ ဤသည်မှာ ရွှေအမတေအဆင့်ရှိသူတစ်ဦး၏ ကြောက်ရွံ့မှုဖြစ်သည်။ ၎င်းနှင့်နှိုင်းယှဉ်ပါက နတ်အဆင့်ရှိသူ၏ နတ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွကက်လာသည်။
တစ်ချိန်တည်း၌ပင် ၎င်းတို့၏ ပြန်လည် ကောင်းမွန်လာနိုင်စွမ်းသည်လည်း တူညီသောအဆင့်၌ မရှိပေ။ ယခင်က ချူးယွင်ဖန်းသည် သူ၏ ပြိုင်ဘက်ကင်းသော ရုပ်ပိုင်းဆိုင်ရာာ ခန္ဓာကိုယ်ကို အားကိုးကာ အမတေမဲ့အဆင့်ရှိသူတစ်ဦးကို အနိုင်ယူနိုင်ခဲ့သည်။ ယင်းက ကျိုးကြောင်း မဆီလျှော်သော တိုက်ခိုက်ရေးပုံစံတစ်ခုဖြစ်သည်။
"စတုတ္ထမြောက် ငရဲကန်ချက်!"
ချူးယွင်ဖန်းက ကြုံးဝါးကာ ထပ်မံ ခြေဆောင့်လိုက်ပြန်သည်။ ဤသို့ဖြင့် သူ့ခန္ဓာကိုယ္ထဲမှ နတ်စွမ်းအင်များ အကုန်ကုန်ဆုံးသွာားသည်။ သူ့စိတ်ထဲတွင် စတုတ္ထငရဲကန်ချက်အကြောင်း မရေမတွက်နိုင်အောင် များပြားလှသည့် အချက်အလက်မျာားပေါ်လာသည်။ ဤခြေကန်ချက်က သူ့အတွက် များစွာ နားလည်ရန် လုံလောက်သည်။
ဤကန်ချက်သည် သူ၏ နတ်စွမ်းအင်အားလုံးကို စုပ်ယူပစ်လိုက်သော်လည်း နေရာာတစ်ခုလုံးကို အပြင်းအထန် တုန်ခါစေခဲ့သည်။ သူ၏ စွမ်းအားက အလွန်ကြီးမားလွန်းသောကြောင့် ထိတ်လန့်ဖွယ်ကောင်းသောအဆင့်သို့ ရောက်သွားသည်။ ဤစတုတ္ထ ခြေကန်ချက်တွင် ရွှေအမတေပုံဏံအဆင့်ရှိသူတစ်ဦးပင် လွင့်စင်သွားပေလိမ့်မည်။
ချူးယွင်ဖန်းက ရပ်၍ မောဟိုက်စွာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။
“ငါ အမျာားဆုံး ကန်ချက် လေးခုပဲ သုံးနိုင်တဲ့ပုံပဲ။ ဒါပေမယ့် လေးခုပဲဆိုရင်တောင် သူ့စွမ်းအားက လုံလောက်ပါပြီ” ချူးယွင်ဖန်းက အေးစက်စွာ ရယ်လိုက်သည်။
သူ၏ စတုတ္ထကန်ချက် ထွက်လာချိန်၌ သူရင်ဆိုင်နေရသော ရန်သူသည် ယွင်ဟွမ်ဖြစ်သည်။
ဤမျှစွမ်းအားက ယွင်ဟွမ်ကို အနိုင်ယူရန် လုံလောက်သည်။ သူ မည်မျှပင် ခွန်အားကြီးစေကာမူ သူ၏ စတုတ္ထမြောက် ငရဲကန်ချက်ရှေ့၌ လဲကျသွားလိမ့်မည်။ ယွင်ဟွမ်သည် မာနကြီးကာ ယုံကြည်မှုလွန်ကဲလွန်းသည်။ အများဆုံးအနေဖြင့် ချူးယွင်ဖန်းက တစ်ရက်တည်းအတွင်း သူနှင့် တိုက်ခိုက်နိုင်သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် သုံးလအတွင်းတွ၍် ဤမျှ ကြီးမားသည့် ပြောင်းလဲမှုမျိုးဖြစ်လာလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။
ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည်နတ်အဆင့် အထွတ်အထိပ်မှ အမတေမဲ့အဆင့်သို့ ချက်ချင်းရောက်သွားသည်။ သူ၏ အံ့ဖွယ်လက်သီးရှစ်ချက်မှ လက်သီးရှစ်ချက်လုံးနှင့် ငရဲကန်ချက်ကိုးသွယ်၏ တစ်စိတ်တစ်ပိုင်းကိုပင် ကျင့်ကြံခဲ့သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းက ယခင်ကထက် ဆယ်ဆနီးပါးတိုးလာသည်ဟု ပြော၍ ရသည်။ ထို့ကြောင့် လုံးလုံးလျားလျားကွာခြားသွားပြီဖြစ်သည်။
“စောင့်နေလိုက်”