← Chapters

ကမ္ဘာကြီး၏ အာရုံစိုက်မှု

Vol. 95 Ch. 1418

ကမ္ဘာကြီး၏ အာရုံစိုက်မှု

Vol. 95 Ch. 1418

သုံးလတာ နောက်ဆုံးရက်က တိတ်တဆိတ်ရောကက်ရှိလာခဲ့ပြီဖြစ်သည်။

ချူးယွင်ဖန်းအတွက် အချိန်က လေ့ကျင့်ရာတွင် အဓိကကျသည်။ နေ့တိုင်းသည် အဖိုးတနတ်ကာ မိနစ်တိုင်း စက္ကန့်တိုင်းကို ဆုပ်ကိုင်ထားရသည်။ သို့သော် အပြင်မှ လူများအတွက် မိနစ်တိုင်းစက္ကန့်တိုင်းက တစ်နှစ်ဟု ခံစားရသည်။

သုံးလအကြာတွင် ကမ္ဘာ့နံပါတ်တစ် ပညာရှင် ယွင်ဟွမ်က လူသိရှင်ကြား အသိအမှတ်ပြုထားသည့် ဒုတိယပညာရှင် ချူးယွင်ဖန်းကို စိန်ခေါ်ခဲ့သည်။ ဤသည်က နှစ်တစ်ရာအတွင်း အကြီးကျယ်ဆုံး တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။

ယွင်ဟွမ်သည် လက်ရှိ မိစ္ဆာလက်အောက်ခံဂိုဏ်း၏ အကြီးအကဲ၊ တဝေ၏ အကြီးကျယ်ဆုံး အရှင်သခင်ဖြစ်သည်။ မိစ္ဆာလက်အောက်ခံဂိုဏ်းသည် အနောက်ဘက်နယ်စပ်တွင် တည်ရှိသော်လည်း သူ၏ ဩဇာကို မည်သူမျှ လျှော့တွက်ရဲမည် မဟုတ်ပေ။

နှစ်ပေါင်းများစွာ ယွင်ဟွမ်သည် တဝေ၏

အနောက်ဘက်သို့ ကာကွယ်စောင့်ရှောက်ခဲ့ကာ အနောက်ဘက်မှ အဆုံးမဲ့ မွန်းစတားများကို နှိမ်နင်းခဲ့ကာ ကမ္ဘာကြီးကို ဒုက္ခမပေးအောင် တားဆီးခဲ့သည်။

တစ်ကမ္ဘာလုံး၏ အုပ်ထိန်းသူဟု ပြော၍ရနိုင်သည်။

သူက မည်သို့မျှ ပြန်မပြောခဲ့သကဲ့သို့ ရွှေအမတေကောင်စီ၏ ကိစ္စများကိုပင် သွေးဘုရင်က

ကိုင်တွယ်ခဲ့သော်လည်း သူ့၏ တည်ရှိမှုကို မည်သူမျှ လျှော့တွကါရဲမည်မဟုတ်ပေ။

နှစ်ပေါင်းများစွာ သူသည် ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် အမြဲရှိနေခဲ့ကာ မည်သူမျှ

သူ့၏ နံပါတ်တစ် နေရာကို မပြောင်းလဲနိုင်ခဲ့ပေ။ ကမ္ဘာကြီးတွင် တဝေဘုရင်မရှိလျှင်ပင် ယွင်ဟွမ်မပါဘဲ မဖြစ်နိုင်ဟု နောက်ပြောင်သူများပင်ရှိခဲ့သည်။

ဤသည်က ဟာသတစ်ခုသာ ဖြစ်သော်လည်း တဝေ တစ်ခွင်တွင် ယွမ်ဟွမ်၏ ဩဇာလွှမ်းမိုးမှုကို မြင်နိုင်သည်။

ချူးယွင်ဖန်း ပေါ်ထွန်းလာမှုက မကြာသေးခင်ကမှ ဖြစ်သော်လည်း သူ၏ ဩဇာကို လျှော့တွက်၍ မရပေ။

သူပေါ်ထွန်းလာသည့်နေ့မှစ၍ တဝေ၏ ကျွမ်းကျင်သူ ငါးယောက်ထဲမှ လေးယောက်ကို သတ်ပစ်ခဲ့သည်။

သူ၏ ရက်စက်ကြမ်းကြုတ်မှုများက လူတိုင်းကို သူ့အပေါ် လေးစားမှုအသစ်တစ်ခု ရရှိစေခဲ့ကာ ဝေ့ဝူယအား ဧကရာဇ်ရုံးတော်ကို ဖျက်ဆီးရန်ပင် ကူညီပေးခဲ့သည်။

လူတိုင်း အံ့ဩသင့်နေကြသည်မှ မည်သူမျှ အထင်မကြီးသော ဤလူက အမှန်တကယ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ တစ်ချက်တည်းနှင့် တဝေ၏ လက်ရှိအခြေအနေကို တည်ထောင်နိုင်ခဲ့သည်။ သူ၍ အစွမ်းအစတစ်ခုတည်းဖြင့် တဝေတစ်ခုလုံးကို လှုံဆော်ခဲ့သည်ဟု ပြောနိုင်သည်။ သူ့ကို မကြိုက်သော သူများကပင် တဝေ၏ ကမ္ဘာအပေါ် ဩဇာလွှမ်းမိုးမှုကို ဝန်ခံရမည်ဖြစ်သည်။

ယခု ၎င်းတို့ နှစ်ဦးလုံး နောက်ဆုံးတွင် တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

လွန်ခဲ့သော သုံးလက ယွင်ဟွမ်သည် တပ်မတော်နှစ်ခုရှေ့၌ စိန်ခေါ်မှုတစ်ခု စတင်ကာ ချူးယွင်ဖန်းက စိန်ခေါ်မှုကို လက်ခံသည့်အချိန်တွင် ဤသတင်းက တဝေတစ်ခုလုံးကို လှိုင်းလုံးကြီးတစ်ခု တိုက်ခတ်သွားသကဲ့သို့ဟုပင်ပြော၍ရသည်။

လူတိုင်း၏ မျက်လုံးများက ၎င်းတို့နှစ်ဦးပေါ် အာရုံစိုက်နေကြသည်။

လူတိုင်းသိကြသည်။

"ယွင်ဟွမ်က ချူးယွင်ဖန်းနဲ့ တိုက်ခိုက်ချင်နေတာလား။"

"ဒါက သတင်းကြီးပဲ။ အခု ယွမ်ဟွမ်က နံပါတ်တစ်ကျွမ်းကျင်သူဖြစ်နေပြီ၊ ဒါပေမယ့် နောက်ဆုံးမှာ သူ အသက်ကြီးလို့ သေသွားမှာ။ သူသေသွားရင် ချူးယွင်ဖန်းက နံပါတ်တစ်ကျွမ်းကျင်သူ ဖြစ်လာလိမ့်မယ်။"

"ယွင်ဟွမ် သေတဲ့အထိ စောင့်စရာမလိုဘူးလို့ ထင်ပါတယ်။ ချူးယွင်ဖန်းရဲ့ လက်ရှိတိုးတက်မှုနှုန်းနဲ့ဆိုရင် ယွင်ဟွမ် အသက်ရှင်နေတဲ့အချိန်မှာတောင် ချူးယွင်ဖန်းအဆင့်တူလာလောက်တယ်၌ တစ်ခုတည်းသော ကွာခြားချက်က သူ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်အတွင်း လုပ်နိုင်မလားဆိုတာပဲ”

"အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ၊ အခုအချိန်ဟာ အံ့သြစရာကောင်းလောက်အောင်ပါပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ တဝေက ဒီလောက်ထူးချွန်တဲ့တိုက်ပွဲမျိုး မရှိခဲ့ဘူး။ ရာစုနှစ်တွေကို ပြန်ကြည့်ရင်တောင် ဒီလိုထူးခြားတဲ့တိုက်ပွဲမျိုး မရှိနိုင်မှာစိုးမိတယ်”

ထိုသတင်းကို ကြားလိုက်ရသောအခါ လူအများအပြား၏ မျက်လုံးများ တောက်ပသွားကြသည်။ ဤသို့ အစွမ်းထက်သည့် ပညာရှင်တစ်ဦး၏ တိုက်ပွဲသည် ၎င်းတို့ ဘယ်သောအခါမှ မတွေးတတ်သည့် အရာတစ်ခု ဖြစ်နိုင်သည်။ သို့သော် ဤလူများကို အုပ်စုနှစ်စုခွဲထားကြောင်း ထင်ရှားသည်။

အုပ်စုတစ်စုက ချူးယွင်ဖန်အပေါ် အကောင်းမြင်ကြသည်။

“ချူးယွင်ဖန်း နိုင်လိမ့်မယ်လို့ ထင်တယ်။ ယွင်ဟွမ်က အသက်ကြီးနေပြီ သူ့လက်သီးတွေက ငယ်တဲ့သူတွေကို ကြောက်ရမယ်။ သူ့သွေးအနှစ်သာရက ဘယ်လောက် အာားကောင်းကောင်း ချူးယွင်ဖန်းနဲ့ယှဥ်လို့မရဘူး။ ချူးယွင်ဖန်းသာ နောက်ပိုင်းအဆင့်အထိ တောင့်ခံထာားနိုင်ရင် ယွင်ဟွမ်မောလာမှာ သေချာတယ်”

“ဟုတ်တယ် ချူးယွင်ဖန်းက အံ့သြဖို့ကောင်းတာတွေ လုပ်နိုင်တယ်။ သူပွဲဦးထွက်လာတည်းက ဘယ်သူ့ကိုမှ စိတ်ပျက်အောင်မလုပ်ခဲ့ဖူးဘူး။ သူကိုယ်တိုင်တောင် အံ့သြစရာတွေကို ကိုယ်စားပြုတယ်လို့ ပြောလို့ရတယ်”

"မင်းတို့အားလုံး သုံးလဆိုတာ ဘာမှလုပ်ဖို့ မလုံလောက်ဘူးလို့ ထင်ကြပေမယ့် သုံးလကြာရင် ယွင်ဟွမ်က ချူးယွင်ဖန်းကို မသတ်နိုင်လောက်ဘူးလို့ ငါထင်တယ်။"

သို့သော် လူအများစုက နှစ်ပေါင်းများစွာ ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ခဲ့တဲ့ ယွမ်ဟွမ်အပေါ် ပို၍ အကောင်းမြင်ကြသည်။

“ကျွတ် ကျွတ် မင်း မေ့သွားပြီလား။ လွန်ခဲ့တဲ့ သုံးလက ချူးယွင်ဖန်းက တပ်မတော်နှစ်ခုရှေ့မှာ ယွင်ဟွမ်နဲ့ မယှဥ်နိုင်ဘူးလို့ ကိုယ်တိုင်ဝန်ခံခဲ့တယ်။ သုံးလဆိုတာ ကျွမ်းကျင်သသူတွေလေ့ကျင့်ဖို့အတွက် လက်ဖျောက်တီးလိုက်သလိုပဲ။ အခြေအနေကို ပြောင်းလဲဖို့ မလုံလောက်ပါဘူး”

"ဟုတ်တယ်။ သုံးလပဲ ရှိသေးတယ်။ ချူးယွင်ဖန်း ဘာလုပ်နိုင်မှာလဲ။ ချူးယွင်ဖန်းက အနာဂတ်မှာ နံပါတ်တစ်ဖြစ်လာမှာလား။ ဒီတိုက်ပွဲအပြီးမှာ ချူးယွင်ဖန်း အ သက်ရှင်နေနိုင်မလား။ မရှင်နိုင်ဘူးလားဆိုတာကတော့ တခြားကိစ္စပါ။ သူ မခံနိုင်ရင် ယွင်ဟွမ်ရဲ့လက်ချက်နဲ့ သေသွားနိုင်တယ်“

"ဟုတ်တယ်၊ ယွင်ဟွမ်က နူးညံ့သိမ်မွေ့တဲ့သူ မဟုတ်ပါဘူး။ အဆင့်မြင့် ဘီလူးတွေ မရေမတွက်နိုင်အောင် သူ့လက်ထဲမှာ သေသွားခဲ့ပြီးပြီ။ သူက အင်ပါယာရဲ့ နယ်နိမိတ်ကို စောင့်ကြပ်ပြီး အရမ်းခက်ထန်တဲ့လူတစ်ယောက်လို့ ပြောကြတယ်”

"ယွင်ဟွမ်က ဒီတိုက်ပွဲကို သေချာပေါက် အနိုင်ရလိမ့်မယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုအတွင်းမှာ ချူးယွင်ဖန်းလို လူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ နောက်ဆုံးမှာတော့ ယွမ်ဟွမ်က နံပါတ်တစ်ပဲ။"

နှစ်ဖက်စလုံးက အဆုံးမရှိ ငြင်းခုံနေကြသည်။ နှစ်ဖက်စလုံးက ၎င်းတို့မှန်ကြောင်း သက်သေပြရန် အကြောင်းပြချက်များစွာရှာနိုင်သော်လည်း ချူးယွင်ဖန်းနှင့် ယွင်ဟွမ်တို့သည် ယခင်က တစ်ခါမျှ မတိုက်ခိုက်ဖူးးကြပေ။ ဤအရာများအားလုံးက ထင်ကြေးများသာဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင်း အကြီးကျယ်ဆုံးတိုက်ပွဲသည် တဝေတစ်ခုလုံး၏ ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သံသယဖြစ်ရန် မလိုပေ။

"မိစ္ဆာနှိမ်နင်းရေးဂိုဏ်းကို သွားကြရအောင်။" ငါ့ဘဝမှာ ဒီလိုတိုက်ပွဲမျိုး မြင်နိုင်ရင် နောင်တမရဘဲ သေလို့ရပြီ”

ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူများအားလုံး စောစောစီးစီးထွက်ခွာသွားကြသည်။ တဝေတွင် အရပ်မျက်နှာအားလုံးက ကျွမ်းကျင်သူများမရေမတွက်နိုင်အောင် များပြားလှသည်။ အစိုးရ တပ်မတော် ငရဲပြည်နှင့် အစွမ်းထက်သော ကျင့်ကြံသူများပင်ရှိကြသည်။ ဂိုဏ်းခေါင်းဆောင်များ၊ မင်းမျိုးမင်းနွယ်မိသားစုများလည်း ရှိသည်။ ဤလူများအားလုံးတွင် အလွန်ထူးဆန်းသော လက္ခဏာများရှိကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့ လျှောက်သွားသော နေရာသည် ခြေနင်းသံကြောင့် တုန်ခါနေတတ်သည်။ သို့သော် ယခုမူ အားလုံးက မွန်းစတားသုတ်သင်သူများဆီသို့ သွားနေခြင်း ဖြစ်သည်။

ရှေးခေတ်မိသားစုတစ်ခုတွင် သားစဥ်မြေးဆက်များ များစွာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ကြသည်။ ရုတ်တရက် မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေ၏ အနက်ဆုံးနေရာမှ လူတစ်ဦးပျံသန်းလာခဲ့သည်။ လူတိုင်းက အဘိုးကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။

"ဘိုးဘေးကြီး သီးသန့်လေ့ကျင့်မှုက ထွက်လာပြီ။ အရမ်းကောင်းတယ်”

"သူ အသက်ရှင်နေသေးတယ်!"

"ဘိုးဘေးကြီးဟာ ပိုပိုပြီး အားကောင်းလာနေတယ်"

လူအုပ်များ၏ အော်ဟစ်သံများကြားတွင် ထိုသူများက ၎င်းတို့ကို မကြည့်ကြပေ။ သူက မွန်းစတားသုတ်သင်သူမျာားဘက်သို့ကြည့်နေသည်။

"ဘိုးဘေးကြီး၊ ဘာလို့ သီးသန့်လေ့ကျင့်မှုက ထွက်လာတာလဲ" မျိုးနွယ်စုခေါင်းဆောင်က ရိုသေလေးစားစွာ မေးလိုက်သည်။ ၎င်းတို့ မှီခိုနေရသူရှေ့၌ မလေးမစားမပြုမူရဲပေ။

"ကမ္ဘာ့နံပါတ်တစ်နဲ့ နံပါတ်နှစ်ကြားက တိုက်ပွဲမှာ ငါ ဘယ်လိုမပါဘဲနေနိုင်မှာလဲ”

ထိုလူက ဖြည်းဖြည်းချင်းပြောလိုက်ိပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကကာ ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်။

All Chapters