← Chapters

မွန်းစတတားသုတ်သင်သူဂိုဏ်းတွင် စုဝေးခြင်း

Vol. 95 Ch. 1419

မွန်းစတတားသုတ်သင်သူဂိုဏ်းတွင် စုဝေးခြင်း

Vol. 95 Ch. 1419

တဝေ၏ မြောက်ဘက် နယ်နိမိတ်၊ အဆုံးမဲ့မြို့ရိုးပေါ်တွင် လောက အရှင်သခင်တစ်ဦးကဲ့သို့ လူတစ်ဦးရှိနေသည်။ လှံတစ်စင်းနှင့် အဝေးမှ တောင်တစ်ခုလုံး အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ထိုသူသည် သူ၏ လှံကို သိမ်းဆည်းကာ တဝေ၏ အတွင်းပိုင်းကို ကြည့်လိုက်သည်။ သူက အချိန်တန်ပြီဟု တွေးလိုက်မိသည်။ ထို့နောက် လှည့်၍ တဝေ၏ အနက်ရှိုင်းဆုံးသို့ တည့်တည့် ပျံသန်းသွားသည်။

တစ်ချိန်တည်း၌ပင် တဝေ၏ အလယ်ပိုင်းတွင် တောအုပ်တစ်ခုထဲ၌ ရိုးရှင်းသောာ အဝတ်အစားများကို ဝတ်ဆင်ထားကာ ဝါးဦးထုပ်ဆောင်းထားသည့် အဘိုးကြီး တစ်ဦး တောအုပ်ထဲမှ ထွက်လာသ်ည။ သူ့ခန္ဓာကိုယ်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ရှိနေသည်။ သူ တောအုပ်ထဲ၌ ရှိနေချိန်တွင် တောထဲမှ မွန်းစတားများနှင့် သားရဲများအးလုံး မြေပြင်ပေါ်တွင် တွားသွာကြသည်။ တောအုပ်တစ်ခုလုံးတွင် မည်သည့်အသံမျှ မကြားရပေ။ ငှက်များ၏ အော်သံများနှင့် အင်းဆက်များ၏ အော်သံများပပင် မရှိပေ။ လေတိုက်ခတ်သည့် အသံများကိုပင် ထိန်းချုပ်ထားနိုင်သည်။ လူတစ်ဦးသည် ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားသည့်နှယ်ထင်ရသည်။ တောအုပ်ထဲမှ ထွက်လာပြီးနောာက် အဘိုးကြီးက ရုတ်တရက်ပြုံးပြလိုက်သည်။

"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဒီလောက်အစွမ်းထက်တဲ့ ဂျူနီယာတစ်ယောက် ဒီကမ္ဘာမှာ တကယ်ပေါ်လာတယ်။ ငါသွားကြည့်ချင်တယ်။"

ထိုသို့ပြောပြီးနောက် အဘိုးကြီးက အလင်းတန်းထဲမှ ထွက်လာကာ အနောက်ဘက်နယ်စပ်ရှိ မွန်းစတား သုတ်သင်သူများထံ ဦးတည်သွားသည်။

***

တစ်ချိန်တည်း၌ပင် တဝေ၏ နေရာအနှံ့အပြားတွင် အလွယ်တကူပေါ်ထွက်မလာတတ်သော ရွှေအမတေများ သီးသန့်ကျင့်ကြံနေရာမှ ထွက်ပေါ်လာကာ မွန်းစတားသုတ်သင်သူများဆီသို့ အပြေးအလွှားသွားကြသည်။ တဝေ၏ နေရာတိုင်းရှိ လူများ သီးသန့်ကျင့်ကြံမှုမှ ထွက်လာာသည်ကိုမြင်သောအခါ အားလုံး အံ့သြကုန်ကြသည်။ ၎င်းတို့သိထားသလောက် ဤလူများအားလုံး သေဆုံးသွားခဲ့ကြသည်မှာ ကြာနှင့်ပြီဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေဦးမည်ဟု မည်သူက ထင်မည်နည်း။

သာမန်အရာများက ဤရွှေအမတေများကို မထိတ်လန့်စေနိုင်ပေ။

သာမန်အရာများအားလုံးက ဤရွှေအမတေများကို မထိတ်လန့်စေနိုင်ပေ။ ကမ္ဘာ့နံပါတ်တစ်နှင့် နံပါတ်နှစ်ကျွမ်းကျင်သူများ၏ တိုက်ပွဲကဲ့သို့ အရာများကသာ ၎င်းတို့ကို ထိတ်လန့်စေနိုင်သည်။

“ဘုရားရေ ဒီကျွမ်းကျင်သူတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေကြသည်။ သူတို့အားလုံး သေသွားပြီလို့ ငါထင်ခဲ့တာ။ သူတို့ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါမထင်ထားဘူး!"

လူအများအပြားသည် ၎င်းတို့၏ ဝိဉာဥ်များတုန်ခါနေသည်ကို ခံစားလိုက်ရသည်။

“ဒီလူအိုတွေ တောင်ာပေါ်ကနေ ဆင်းလာကြတာ။ တဝေရဲ့ အခြေအနေတစ်ခုလုံး ပြိုလဲသွားမှာစိုးတယ်”

ဤသည်က လူအများက ဤလူများ၏ တည်ရှိမှုကို သိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အထူးသဖြင့် လူငယ်ပညာရှင်များ အလွန်များပြားလှသည်။ ၎င်းတို့အတွက် ၎င်းတို့ မွေးကတည်းက ဤပညာရှင်များက သီးသန့်ကျင့်ကြံနေကြခြင်းဖြစ်ကာ၊ ကျဆုံးသွားပြီဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။ ဤပညာရှင်များ တကယ်ပေါ်လာသည်ကို မြင်နိုင်မည်ဟု မည်သူကထင်မည်နည်း။ ၎င်းတို့ နှလုံးသားထဲမှ ထိတ်လန့်မှုကိုမြင်ယောင်ကြည့်နိုင်သည်။

ပညာရှင်များစွာသည် ကမ္ဘာတွင် နာမည်ကြီးလာခဲ့သည်မှာာ ကြာနှင့်ပြီဖြစ်သည်။ ၎င်းတို့ တောမှ စောစောစီးစီးထွက်လာခဲ့ကြပါက ပညာရှင်ငါးဦး၏ အဆင့်ကို သတ်မှတ်ရန် ခက်ခဲပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် မီစစ်ယွမ်နှင့်သွေးဘုရင်တို့က လူအများ၏ အမြင်တွင် ပညာရှင်ငါးဦးစာရင်းထဲသို့ မပါဝင်သင့်ကြပေ။ ဤလူများထဲမှ အများစုသည် ယခင်မျိုးဆက်မှ ပညာရှင်များဖြစ်သောာ်လည်း ၎င်းတို့၏ အစွမ်းသတ္တိက သာမန်လူများ စိတ်ကူး၍ပင် မရနိုင်ပေ။

ယနေ့တွင် မွန်းစတားသုတ်သင်သူဂိုဏ်းတွင်ရှိသောာ ကျန့်ယောင်တောင်ခြေရင်းတွင် ကမ္ဘာတစ်ဝှမ်းမှ မရေမတွက်နိုင်အောင်များပြားလှသော ပညာရှင်များ တောင်ခြေမှ အပြေးအလွှားတက်လာကြသည်။

ကမ္ဘာ့နံပါတ်တစ်ကျွမ်းကျင်သူအပေါ် လေးစားမှုကိုပြသရန်အတွက် သာမန်နတ်ဘုရားများသည် ပျံသန်းရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် လမ်းလျှောက်ရုံသာတတ်နိုင်ကြသည်။ ရွှေအမတေများကသာ မွန်းစတားသုတ်သင်သူများဂိုဏ်းသို့ ပျံသန်းခွင့်ရှိကြသော်လည်း ထိပ်ဆုံးးသို့ တိုက်ရိုက် ပျံသန်းနိုင်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် တောင်၏ အလယ်ဗဟိုရှိ မြေပေါ်တွင် ဆင်းသက်လေ့ရှိသည်။ ရွှေအမတေအဆင့်ပင်လျှင် ကမ္ဘာ့နံပါတ်တစ်ကျွမ်းကျင်သူရှေ့၌ ရိုင်းစိုင်းစွာ ပြုမူရဲမည်မဟုတ်ပေ။

ကျန့်ယောင်၏ တောင်ခြေရင်းတွင် ယှဉ်နိုင်လောက်အောင် ကြီးမားသော မွန်းစတားသုတ်သင်သူများနှင့် ပတ်သက်သည့် ကျောက်တိုင်တစ်တိုင်ရှိသည်။ ၎င်းသည် မီတာတစ်ရာကျော်မြင့်သည်။ ထိုကျောက်တိုင်ပေါ်တွင် နားမလည်နိုင်သော ရှေးဟောင်းစာလုံးများရှိသည်။‌

ရှေးခေတ်က ဤကြီးမားသော ကျောက်တိုင်အောက်၌ ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင်ကို နှိမ်နင်းခဲ့သည်ဟု ဆိုကြသည်။ ဤမွန်းစတားသုတ်သင်သူ ကျောက်တိုင်ကို ဤအကြောင်းကြောင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မွန်းစတားသုတ်သင်သူများသည် ဤပြိုင်ဘက်ကင်းသောာ နတ်ဆိုးကို နှိမ်နင်းခဲ့သည့် ကျွမ်းကျင်သူမှ လက်ဆင့်ကမ်းပေးခဲ့သော အမွေအနှစ်ဖြစ်သည်။

ထို့ကြောင့် မွန်းစတားသုတ်သင်သူများဂိုဏ်းသည် အနောက်ဘက်ရှိ အဝေးဆုံးနေရာတွင် မျိုးဆက်တစ်ခုအတွက် ထာားရှိရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ရှေးဟောင်းဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ ယင်းက မှန်သည် မမှန်သည်ကို မည်သူမျှ မသိကြပေ။ မွန်းစတားသုတ်သင်သူများဂိုဏ်းဝင်များပင် ယင်းက မှန်သည် မမှန်သည်ကို မသိကြပေ။

ယင်းက လွန်ခဲ့သည့် နှစ်များစွာကတည်းက ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အချိန်က အရာအားလုံးကို မြှုပ်နိုင်ထားနိုင်လောက်သည်အထိ ကြာမြင့်ခဲ့သည်။ ကျောက်တိုင် အောက်ခြေတွင် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ဦးဆောင်လာကာ သက်ပြင်းချနေသည်။

“မွန်းစတာားသုတ်သင်သူတွေက ကမ္ဘာပေါ်မှာ နံပါတ်တစ်ဂိုဏ်းပဲ။ သူတို့ရဲ့ အခြေစိုက်စခန်းကလည်း အံ့မခန်းပဲ။ မွန်းစတားသုတ်သင်သူတွေက တဝေမတိုင်ခင်တည်းက ရှိခဲ့တယ်လို့ ပြောကြတယ်။ ဒါမှန်လား မမှန်လားတော့ ငါည်းမသိဘူး” တစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။

၎င်းတို့ကဲ့သို့ စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ သို့မဟုတ် ရာဂဏန်းသာရှိသော ဂိုဏ်းတစ်ခုအတွက်

မွန်းစတားသုတ်သင်သူများဂိုဏ်းသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်နေပြီဖြစ်သည်။ ဤဂုဏ်သိက္ခာသည် ၎င်းတို့၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေခဲ့သည်။

၎င်းတို့က နတ်အဆင့်အထက် ကျွမ်းကျင်သူများစွာက သွက်လက်သော မျောက်များကဲ့သို့ ပျံသန်းသွားသည်ကို ကြည့်နေကြသည်။ ခဏတာအတွင်း၌ပင် ၎င်းတို့သည် တောင်ခြေမှ ပျောက်ကွယ်သွားကြသည်။ ထို့နောက် ၎င်းတို့ လှေကားအတိုင်းလိုက်သွားကြသည်။ ကောင်းကင်ယံထက်တွင် အလင်းတန်းများ အချိန်နှင့်တပြေးညီ ဖြတ်ပြေးသွားကြသည်။ ယင်းတို့အားလုံးသည် အလွန် စွမ်းအားကြီးသော ရွှေအမတေများဖြစ်ကြသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့တိုက်ပွဲလဲ။ ကမ္ဘာ့နံပါတ်တစ်နဲ့ဒုတိယကြားက တိုက်ပွဲ… ကျစ် …ကျစ်.. တဝေရဲ့ ဘိုးဘေးကြီးနားက လျို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူကသာ အရင်မင်းဆက်ရဲ့ ဧကရာဇ်မြို့တော်ကို ဝင်တိုက်ပြီး အရင်မင်းဆက်ရဲ့ ပထမဆုံး အကြီးအကဲကို သတ်ပစ်ခဲ့ပြီး တဝေအတွက် အရေးကြီးတဲ့တိုက်ပွဲတစ်ခုကို နိုင်ခဲ့တာဖြစ်နိုင်တယ်”

အချို့လူများအားလုံးက အံ့အားသင့်စွာ အော်ကြသော်လည်း တဝေတည်ထောင်ချိန်က တိုက်ပွဲကို လူတိုင်း ပြန်သတိရကြသည်။ ထိုတိုက်ပွဲအပြီး၌ တဝေ၏ ဘိုးဘေးကြီးသည် ယခင်မင်းဆက်ထက် အားသာချက် အပြည့်အဝရကာ ကမ္ဘာကြီးကို သိမ်းပိုက်ရန် သူ့တပ်များကို မြောက်ပိုင်း စစ်ဆင်ရေးဦးဆောင်ခဲ့သည်။ ထိုတိုက်ပွဲအပြီး၌ တဝေ၏ဘိုးဘေးက ယခင်မင်းဆက်ထက် အားသာချက်အပြည့်အဝရကာ ကမ္ဘာကြီးကို သိမ်းပိုက်ရန် သူ၏ တပ်များကို မြောက်ပိုင်းစစ်ဆင်ရေးအား ဦးဆောင်ပေးခဲ့သည်။

ထိုတိုက်ပွဲက ကျယ်ပြန့် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ ယခုအချိန်ထိပင် လူအများက ဤအကြောင်း ပြောနေကြဆဲဖြစ်သည်။

“ဘုရားရေ ဒီလို ကျွမ်းကျင်သူတွေကို ငါတစ်ခါမှမမြင်ဖူးဘူး။ ချူးယွင်ဖန်းနဲ့ ယွင်ဟွမ်တို့ရဲ့တိုက်ပွဲသာမရှိရင် ဒီရှေးဟောင်းဆရာကြီးတွေကို နှိုးဖို့ ခက်မှာ” တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။

ဘေးတွင်၊ ချူးယွင်ဖန်းက ကျွမ်းကျင်သူများစွာကို သတ်ပြီးနောက် တဝေ၌ ကျွမ်းကျင်သူများစွာ ရှိနေသည်ကို နတ်ဘုရားများပင် မသိကြသောကြောင့် အံ့အားသင့်ခဲ့ကြသည်။ ၎င်းတို့အားလုံး အမှောင်ထဲ၌ ပုန်းအောင်းနေကြကာ ၎င်းတို့ အသက်ရှင်နေကြသေးသည်ကို မသိကြပေ။

ကျန်ရှိသော ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ရှိသူများသည်မူ ပို၍ပင် ဆိုးကြသည်။ ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူများရောက်ရှိလာခဲ့ကြကာ ၎င်းတို့အနက် နှစ်ရာကျော်၍ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ မစော်ကားနိုင်ကြပေ။

"ဒါပေမယ့် ဆရာ၊ ချူးယွင်ဖန်းက ကျွမ်းကျင်သူ ငါးဦးထဲက နှစ်ဦးကို သတ်ပြီးတော့ အရမ်းရက်စက်ပေမယ့် ယွင်ဟွမ်က ကမ္ဘာ့နံပါတ်တစ်ဖြစ်နေတုန်းပဲ။ ချူးယွင်ဖန်းက သူနဲ့မယှဥ်နိုင်မှာစိုးတယ်” တပည့်တစ်ဦးက ပြောကြားခဲ့သည်။

"ဒီလိုကိစ္စမျိုးကို ဘယ်သူသိလဲ။ ဒီလူနှစ်ယောက်ထဲက ဘယ်သူမဆို ဆရာ့ထက် အဆင့်တွေ အများကြီး ပိုမြင့်တာကြောင့် ဆရာလည်း နှစ်ယောက်စလုံးကို မဆုံးဖြတ်နိုင်ဘူး" နတ်အဆင့်ရှိသူက သက်ပြင်းချလိုက်သည်။ "သွားကြစို့။ ဆရာတို့ နောက်ထပ် နှောင့်နှေးမနေသင့်ဘူး။ မဟုတ်ရင် တိုက်ပွဲအတွက် အချိန်မီ မရောက်နိုင်တော့ဘူး။"

နတ်အဆင့်ရှိသူက သက်ပြင်းချပြီးနောက် တပည့်များအားလုံးကို လှေကားပေါ်သို့ ခေါ်ဆောင်သွားကာ လူအုပ်ထဲသို့ ဝင်ရောက်၍ တောင်စောင်းရှိ ရင်ပြင်သို့ ဦးတည်လိုက်သည်။

All Chapters