ယွင်ထျန်း၏ ရှုံးနိမ့်မှု
Vol. 95 Ch. 1423
“ငါ-ိုး”
လူအများက ကျိန်ဆဲလိုက်မိကြသည်။ ချူးယွင်ဖန်းကို အားလုံးက မွန်းစတားတစ်ကောင်အားကြည့်နေသည့်နှယ်ကြည့်နေကြသည်။
ဤကဲ့သို့ အလယ်အလတ်အဆင့် နတ်လက်နက်ကို လက်ဗလာနှင့် မည်သူက တန်ပြန်တိုက်ခိုက်မည်နည်း။ ရွှေအမတေအဆင့်ရှိသူတစ်ဦးပင်လျှင် လက်သီးတစ်ချက်ဖြင့် အလယ်အလက်အဆင့် နတ်လက်နက်ကို လွင့်ထွက်သွားစေနိုင်မည်မဟုတ်ပေ။
တကယ်တမ်းတွင် ၎င်းတို့ မှန်းဆထားသည့်အရာက မှန်ကန်သည်။ ရွှေအမတေပုံစံအဆင့်များကြား၌ပင် ဤသို့အရာမျိုးတွေ့ရခဲသည်။ ကိုယ်ခန္ဓာကျင့်ကြံရာ၌ အထူးကျွမ်းကျင်သော ပညာရှင်များသာ ဤသို့လုပ်နိုင်ကြသည်။ အလယ်အလတ်အဆင့် ဝိဉာဥ်လက်နက်ကို ခုခံကာကွယ်ရန် နည်းလမ်းများစွာရှိသော်လည်း ၎င်းကို လက်သီးဖြင့် လွင့်ထွက်သွားစေခြင်းသည် ကြောက်စရာအကောင်းဆုံးနည်းလမ်းဖြစ်သည်။ လူများစွာ၏ မျက်လုံးများက အတန်ငယ်ကျံ့သွားကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ချူးယွင်ဖန်းကို လျှော့တွက်ထားမိကြောင်း သိလိုက်ရသည်။ ၎င်းတို့ သူ့ကို အလွန် လျှော့တွက်ခဲ့ကြသည် ။
မည်သည့်နေရာကလာမှန်းမသိသော ဤလူသည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် တဖြည်းဖြည်း အောင်မြင်တိုးတက်လာခဲ့ကာ ဤသို့သော လူသည် မည်ကဲ့သို့ သာမန်လူဖြစ်နိုင်မည်နည်း။
လူတိုင်း အံ့သြသွားရုံသာမက ယွင်ထျန်းလည်း လုံးဝ ထိတ်လန့်သွားသည်။ ချူးယွင်ဖန်း၏ လက်သီးချက်က အလွန်ပြင်းထန်လွန်းလှသည်။ ၎င်းသည် သေးငယ်သော သံမဏိပြားတွင်ရှိသော သူ၏ ရှေးဦး စိတ်ဝိဉာဥ်ကိုပင် တုန်လှုပ်စေခဲ့သည်။ ပျက်စီးမှုက သူ့ခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်ကာ သူ့ ကိုယ်တွင်းအင်္ဂါများကို တုန်လှုပ်သွားစေသည်။ ယွင်ထျန်း၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားကာ ယခင်ကကဲ့သို့ ယုံကြည်မှုမရှိတော့ပေ။ သူသည် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုကို ကြုံတွေ့ရဖွယ်ရှိကြောင်း နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ နတ်ဘုရားဟု မှတ်ယူသော သူ့ဆရာက စစ်တိုက်ရန် ဖိတ်ခေါ်လိုသည်မှာ အံ့သြစရာမဟုတ်ပေ။ ရယ်စရာကောင်းပြီး ချူးယွင်ဖန်းထက် သာလွန်သည်ဟု ယွင်ထျန်း တွေးခဲ့ဖူးသည်။
သို့သော်လည်း တိုက်ပွဲသည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့တွင် နောက်ဆုတ်ရန် အကြောင်းမရှိသည်မှာလည်း သဘာဝသာဖြစ်သည်။ သူရှုံးနိမ့်ရန် မတတ်နိုင်သကဲ့သို့ မွန်းစတားသုတ်သင်သူများဂိုဏ်းကလည်း မတတ်နိုင်ပေ။
သို့သော် သူ မတုံ့ပြန်မီတွင် ချူးယွင်ဖန်းသည် သူ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
“ယွင်ထျန်း မင်းက ခေါင်းအရမ်းမာလွန်းတာကြောင့် ငါမင်းကို ငါ လတ်တလောလေ့ကျင့်ထားတဲ့ သိုင်းပညာကို ပြပေးမယ်။ မင်း ဘယ်လောက်ခံနိုင်မလဲကြည့်ကြရအောင်”
"မင်း အရမ်းလွန်သွားပြီ” ယွင်ထျန်းက အော်လိုက်သည်။
ချူးယွင်ဖန်းနက သူ့ကို မျက်စိထဲပင် မထည့်သည့်အမူအရာက သူ့ကို ဒေါသထွက်စေခဲ့သည်။ ယခု သူသည် အဖြစ်မှန်ကို အသိအမှတ်ပြုကာ ချူးယွင်ဖန်းတမျှ မတော်သေးဟု ခံစားမိသော်လည်း သူသည် တူညီသောအဆင့်တွင် ကျွမ်းကျင်သူဖြစ်နေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သူ့ကို ဤကဲ့သို့ အထင်သေးရန် သတ္တိရှိသောကြောင့် အလွန် ဒေါသထွက်စေခဲ့သည်။
"ပထမ ငရဲကန်ချက်!" ချူးယွင်ဖန်းက အော်လိုက်သည်။
ယွင်ထျန်းနှင့် စကားမပြောချင်သဖြင့် ယွင်ထျန်းပေါ်ကို တက်နင်းလိုက်သည်။
လူတိုင်း၏ မျက်လုံးထဲတွင် ၎င်းသည် ခြေထောက်တစ်ချောင်းမဟုတ်တော့ဘဲ ကောင်းကင်ကြီးတစ်ခုလုံဂး ပြိုကျလာသည့်နှယ်ဖြစ်နေသည်။ ဒကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သိုင်းပညာဖြင့် ဖြစ်ပေါ်လာသော ငရဲရေနှင့်အတူ ကောင်းကင်ကို ဖုံးလွှမ်းကာ ယွင်ထျန်းဆီသို့ ဦးတည်သွားသည်။
ဘမ်း
ချူးယွင်ဖန်းသည် ယွင်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ တက်နင်းလိုက်စဥ် ယွင်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ငယ် ပေါ်လာသည်။ ဤအလယ်အလတ်တန်းစား ဝိညာဉ်လက်နက်သည် ကာကွယ်ရေးအတွက် အသုံးပြုနိုင်သည်။ ၎င်းတွင် အဆုံးမရှိသော မှော်အစွမ်းများပါရှိသည်။ ယင်းကလည်း ချူးယွင်ဖန်းနှင့် ယှဥ်နိုင်လိမ့်မည်ဟု သူခံစားခဲ့ရသည့် အခြေခံအကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။
ချူးယွင်ဖန်း၏ခြေထောက်က သံချပ်ငယ်ပေါ်သို့ ရောက်သွားသည်။ ကျယ်လောင်သော အသံနှင့်အတူ သံချပ်ငယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ အထဲတွင်ရှိနေသော ယွင်ထျန်းသည် ဂုဏ်ယူနေရန်အချိန်မရှိပေ။
သူသည် ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ပြန်တွန်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ကြေမွသွားကာ ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ကြေမွသွားစေသည်။
လူတိုင်း အံသြသွားကြသည်။
ဒါက ချူးယွင်ဖန်းရဲ့ တကယ့်တိုက်ခိုက်မှုပဲလား။
ယခင်က သူ ပြင်းပြင်းထန်ထန် ခုခံခဲ့သော်လည်း ယခုမူ ချူးယွင်ဖန်းက အမှန်ပင် လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။
"ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ အလယ်တန်းအဆင့် ဝိညာဉ်လက်နက်က အတွင်းကို ဒဏ်ရာရစေနိုင်တယ်ပေါ့" ရွှေအမတေအဆင့်ရှိသူ တစ်ယောက်က ပါးစပ်အဟောင်းသားနဲ့ ပြောလိုက်သည်။ ယင်းသည် ရိုးရှင်းစွာပင် အံ့ဖွယ်တစ်ခုဖြစ်သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့ လုံးဝယုံကြည်သွားခဲ့သည်။ အမှားဖြစ်စေ၊ ကာကွယ်ရေးဖြစ်စေ ချူးယွင်ဖန်းရ၏ စွမ်းပကားက ၎င်းတို့၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သွားပြီဖြစ်သည်။ တကယ်တမ်းတွင် ရွှေအမတေအဆင့်တစ်ဒါဇင်ကျော်က ယွင်ထျန်းကိုတိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့ခန္ဓာကိုယ်ပေါ်မှ သံချပ်ငယ်လေး၏ အကာအကွယ်ကို မချိုးဖျက်နိုင်ကြပေ။ ယွင်ထျန်း၏ ဆံနွယ်တစ်ပင်ကိုပင် ထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ချူးယွင်ဖန်းက ယွင်ထျန်းကို တစ်ချက်တည်းမျှဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလိမ့်မည်ဟု မည်သူသိမည်နည်း။ ယွင်ထျန်းသည် ဟန်ချက်ထိန်းနိုင်ရန် အချိန်အတန်ကြာခဲ့သည်။ နောက်ဆုံးတွင် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုအငွေ့အသက်များပေါ်လာသည်။ အကယ်၍ ထိုအရေးကြီးသော အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ အင်အားများကို တားဆီးထားသည့် သေးငယ်သောသံချပ်လေးမရှိပါက သူသည် ပြင်းထန်စွာ ဒဏ်ရာရကာ လဲကျ သေဆုံးသွားရပေလိမ့်မည်။ ထို့အပြင် ထိုနင်းကန်ချက်ကကြောင့် သေသည်အထိပါဖြစ်နိုင်သည်။
ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ဤမျှလောက် ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူ့တွင် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။ ဤခွန်အားက သူ့လည်ချောင်းတွင် ငါးရိုးတစ်ချောင်းချိတ်နေသည့်နှယ်ခံစားရစေသည်။ ချူးယွင်ဖန်း၏ ကန်ချက်ကို ရှောင်ရန် မစဥ်းစားထားသည့်အပြင် ရှောင်လွှဲ၍လည်းမရပေ။ ကြောက်မက်ဖွယ် အင်အားတစ်ခုခက သူ့ကို ဖိနင်းထားသည့်နှယ် ထင်ရသည်။
သူ၏ ကျင့်ကြံရေးအဆင့်သို့ ရောက်ပြီးနောက်၊ ၎င်းသည် ရွှေအမတေပုံစံအဆင့်သို့ မတက်မချင်း ၎င်းကဲ့သို့ ခံစားရနိုင်သေးသည်။
သို့သော် ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် နှစ်တစ်ရာကျော် ကျင့်ကြံခဲ့ကာ ရွှေအမတေပုံစံအဆင့်သို့ မဝင်ရောက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏အသက်သည် သူ့အသက်အပိုင်းအခြားတစ်ခုပင်မဟုတ်ပေ။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
သို့သော် ချူးယွင်ဖန်း၏ အသံကို ကြားလိုက်ရသည်။
"မင်း ငါ့ရဲ့ အဆုံးစွန်သော ကျွမ်းကျင်မှုကို ခံနိုင်ရည်ရှိခဲ့တယ်။ မဆိုးပါဘူး၊ ကံမကောင်းပေမယ့် ဒါက ဒီမှာ အဆုံးသတ်ရမယ်”
ချူးယွင်ဖန်း၏ အသံသည် နက်မှောင်နေသော်လည်း ယွင်ထျန်းအတွက်မူ ချူးယွင်ဖန်းသည် ဤမျှကြောက်စရာကောင်းသော စွမ်းအားရှိကြောင်း အတည်ပြုထားပြီးဖြစ်သောကြောင့် မဆိုးလှပေ။
"ဒုတိယ ငရဲခြေနင်းချက်”
ချူးယွင်ဖန်းက အော်ဟစ်ကာ ထပ်မံနင်းချလိုက်ပြန်သည်။ ပထမ ငရဲကန်ချက်နှင့် ယှဥ်ပါက ဤကန်ချက်က ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ ကန်ချက်မှ ပါလာသော စွမ်းအားက ရင်ပြင်ပေါ်ရှိ အတားအဆီးကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မြေပြင်တွင် အတားအဆီးအလွှာတစ်ခုထက်ပို၍ ရှိနေသည်။ ဤကန်ချက်၏ ကြောက်မက်ဖွယ်အစွမ်းကို တားဆီးထားသည့် အလွှာများစွာကို တိုက်ရိုက်ပြန်လည်ရှင်သန်ခဲ့သည်။
လူတိုင်း အထူးသဖြင့် ရွှေအမတေများ လုံးလုံးလျားလျားအံသြသွားကြသည်။
အများစုက ချူးယွင်ဖန်းသည် ကမ္ဘာပေါ်တွင် ဒုတိယအသန်မာဆုံး ကျွမ်းကျင်သူဖြစ်ထိုက်သူကို သိချင်ကြသည်။ ယခု သူသည် ထိုက်တန်သည်ထက် ပိုနေပုံရသည်။ ကောလဟာလများထက် အဆတစ်ရာကျော် ကြောက်မက်ဖွယ်ကောင်းသည်။
ဤဒုတိယမြောက် ကန်ချက် ဆင်းသက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခုတည်းကြောင့် ယွင်ထျန်း၏ ပါးစပ်မှ သွေးများ ထွက်ကျသွားသည်။ သူ၏ အကာအကွယ်သံချပ်က ဒီရောင်ဝါကို မတားဆီးနိုင်ခဲ့ဘဲ သူ့ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျရောက်သွားသည်။ ထို့နောက်ခြေထောက်ဖြင့် ဖိနင်းခံလိုက်ရသည်ကို ခံစားလိုက်ရ၏။
ဘမ်း
ဘမ်း
ချက်ချင်းပင်၊ စတုရန်းကြမ်းပြင်ပေါ်ရှိ စကျင်ကျောက်သည် အက်ကွဲသွားပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ အလွန်ကြီးမားသော ဖုန်မှုန့်လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ ရင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
အားလုံးက ကြည့်လိုက်သောအခါ ယွင်ထျန်းက မလှုပ်မယှက် ဖြစ်နေကာ နင်းချက်ကြောင့် သတိလစ်နေသည်။