ယာဥ်ပျံအား ပြင်ဆင်ခြင်း
Vol. 6 Ch. 55
ယန်ချန်တယောက် ရှုယင်တို့ရှိရာသွားရင်း ရုတ်တရက်ယန်ဟုန်အား သတိရသွားသည်။ အဆိုပါကြောင်လေးက မနေ့က ရွာထိပ်မရောက်ခင်မှာပဲ ယန်ချန့်လက်ပေါ်မှခုန်ဆင်းကာ တောထဲဝင်သွားခဲ့ပြီး တညလုံးပြန်မလာခဲ့ချေ။
“ဒီကောင်ဘယ်ထွက်သွားတာလဲဟ”
ယန်ချန့်လျှောက်လာနေသည်ကိုမြင်လျင် ကျန်းရင်ရင်က ယန်ချန့်အတွက် နေရာဖယ်ပေးရင်း လက်ဖက်ရည်တခွက်ငှဲ့ပေးသည်။
“သခင်လေးယန် ဒီနေ့ ကျမယာဥ်ပျံယူလာပါတယ် သခင်လေး လေ့လာလို့ရပါပြီ”
လီဖူယွဲ့က ယန်ချန်ကိုပြောသည်။ ယန်ချန်ကမူ ထူးဆန်းစွာထွက်ခွာသွားသည့် ယန်ဟုန့်အကြောင်းတွေးနေ၍ လီဖူယွဲ့၏စကားသံအား မကြားလိုက်ပေ။
“သခင်လေး”
ရှုယင်ရဲ့ခေါ်သံကြားမှ သတိပြန်ဝင်လာသည်။
“အမ်… ခုနကဘာပြောလိုက်တာလဲ အကြီးကဲလီ”
ယန်ချန့်တယောက် အမ်းတမ်းတမ်းဖြစ်သွားကာ ပြန်မေးလိုက်ရသည်။
“ယာဥ်ပျံအသင့်ဖြစ်ပြီလို့ ပြောတာပါသခင်လေး”
“သြော်..ဟုတ်သားပဲ ကောင်းပြီလေ ကွင်းပြင်ကိုသွားကြတာပေါ့”
ယန်ချန်က ချက်ချင်းပဲ ထထွက်သွားပြီး လီဖူယွဲ့တို့လည်း အနောက်မှတိတ်တဆိတ်လိုက်ပါလာကြသည်။ ယန်ချန့်ကိုမြင်လျင် ကွင်းပြင်ကျယ်၌ လေ့ကျင့်ရေးလုပ်နေသည့် တပည့်များက နှုတ်ဆက်လာပြီး လီဖူယွဲ့ကအသိပေးထားပြီဖြစ်၍ နားလည်စွာဖြင့် ကွင်းပြင်ထဲမှ ထွက်လာကြတော့သည်။ လီဖူယွဲ့က သိုလှောင်လက်စွပ်ထဲမှ မီတာနှစ်ဆယ်ရှည်သည့် ယာဥ်ပျံအားထုတ်ယူလိုက်သည်။
ထိုအရွယ်အစားက ကွင်းပြင်ကျယ်ကိုပြည့်လုနီးပါးဖြစ်သွားစေပြီး ယန်ချန့်အမြင်၌ ငွေရောင်သတ္တုတုံးကြီး ချထားသကဲ့သို့ ဖြစ်နေသည်။
“ဒါကြီးလား ပုံစံကနည်းနည်းတုံးတယ်နော်”
“အဟွတ် အဟွတ် ဟုတ်ပါတယ်သခင်လေး ဒါကဂိုဏ်းရဲ့ ထိပ်တန်းယာဥ်ပျံပါ”
လီဖူယွဲ့တယောက်အရှက်ရစွာ ချောင်းဟန့်ရင်း ယန်ချန့်အား ယာဥ်ပျံထဲဝင်စေသည်။ ယာဥ်ပျံထဲ၌ အခန်းငယ် ၅ခန်းရှိပြီး လူဆယ်ယောက်ခန့်စုဝေးထိုင်နိုင်သည့် အခန်းကျယ်ကြီးတခုလည်းပါဝင်ကာ ထိပ်ဆုံးမှာတော့ အစီရင်အားထိန်းချုပ်သည့် အခန်းတခုသီးသန့်ပါလေသည်။
ယန်ချန်က အခန်းငယ်များအား စစ်ဆေးကြည့်သည်။ ယာဥ်ပျံရဲ့အရွယ်စားကြောင့် သေးငယ်မည်ဟုထင်ရသော်လည်း အမှန်တကယ်၌ လုံးဝသေးငယ်နေခြင်းမရှိချေ။ နေရာလပ်လက်စွပ်ကဲ့သို့ လေဟာနယ်နည်းလမ်းကြောင့် အပြင်ကမြင်သည်ထက် ပို၍ ကျယ်ဝန်းပေသည်။
“ကောင်းလိုက်တဲ့နည်းလမ်း”
ယန်ချန်က တိတ်တဆိတ်ချီးကျူးကာ အစီရင်များတပ်ဆင်ထားသည့် ထိန်းချုပ်ခန်းဆီ ဦးတည်လိုက်သည်။ ထိန်းချုပ်ခန်းက လူ၃ယောက် ချောင်ချိစွာနေနိုင်သည့် အကျယ်ဝန်းရှိပြီး ရှုပ်ထွေးသည့် အစီရင်များဖြင့် ပြည့်နေလေသည်။ အစီရင်၏ ထောင့်၄ထောင့်၌ စိတ်ဝိဉာဥ်ကျောက်တုံးထားရန် အံခွက်များလည်း ပါဝင်သည်ကို တွေ့လိုက်ရသည်။
ယန်ချန်က အစီရင်များကို လေ့လာကြည့်သည်။ ထိုအရာများက မူလကမ္ဘာရှိ ဆားကစ်ပြားများ၏ အလုပ်လုပ်ပုံနဲ့ဆင်တူပေသည်။ လမ်းကြောင်းများက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တခုစီကိုသာ အလေးနက်စစ်ဆေးပါက အင်မတန်ရိုးရှင်းပေသည်။
“အစီရင်ထဲမှာ အမြန်နှုန်းကန့်သတ်ချက် ရှိနေတယ် ဒါက စိတ်ဝိဉာဥ်ကျောက်နဲ့မဆိုင်ဘူး အစီရင်ရဲ့အဆင့်နဲ့ဆိုင်တယ် ကျတော်နည်းနည်းပြုပြင်ကြည့်မယ် အဆင်ပြေမလား အကြီးကဲလီ”
ယန်ချန်က အစီရင်ကိုစိတ်ပါဝင်စားသွားပြီးနောက် အကြီးကဲလီအား လှည့်ရန်ခွင့်တောင်းလိုက်သည်။ လီဖူယွဲ့ကလည်း ဝမ်းသာအားရပင် ခွင့်ပြုလေသည်။
“ကောင်းပြီ ဒါဆို စိတ်ဝိဉာဥ်ကျောက်တုံးနည်းနည်း ပြင်ထားပါ”
ထိုသို့ပြောပြီးနောက် အစီရင်ကြီးအား စတင်လေ့လာရင်း လိုအပ်သည့်အစိတ်ပိုင်းများ ထပ်မံဖြည့်တင်းကာ အပိုအစိတ်ပိုင်းများအား ဖယ်ထုတ်တော့သည်။
“ဒါက ယာဥ်ပျံရဲ့ အလေးချိန်ကိုဟန်ချက်ညီစေတာ ဒါပေမယ့်သိပ်အရေးမပါဘူး လုံလောက်တဲ့အမြန်နှုန်းရှိရင် ကျွမ်းကျင်သူက ကောင်းကောင်းထိန်းချုပ်နိုင်လိမ့်မယ်”
ယန်ချန်က လီဖူယွဲ့တို့အား ရှင်းပြရင်းတဖက်တွင်လည်း အစီရင်ကြီးအား သွက်လက်စွာဖြေရှင်းနေလေသည်။
“အစီရင်က သာမန်အဆင့်ပဲဆိုပေမယ့် စိတ်ကူးကတော့ ဆန်းသစ်တယ်”
ယန်ချန့်စကားကြောင့် လီဖူယွဲ့တို့တဖွဲ့ မချိတင်ကဲ ဖြစ်သွားရသည်။ ထိုယာဥ်ပျံအား ထိပ်တန်းအဆင့်လက်နက်အဖြစ် လက်နက်ပညာရှင်ကြီးတဦးမှ ဆယ်နှစ်ကြာပြုလုပ်ကာ အစီရင်များဖြည့်သွင်းခဲ့သော်လည်း ယန်ချန်ကတော့ ထိုအရာကို သာမန်အဆင့်ဟု ပြောဆိုနေသည်မှာ ရင်နာစရာကောင်းပေသည်။
(ဒါက တေးသံသာဂိုဏ်းမှာရှိတဲ့ အကောင်းဆုံးယာဥ်ပျံပါနော် ဟုတ်ပြီလား)
နာရီဝက်ခန့်ကြာမြင့်ပြီးချိန်မှာတော့ ယာဥ်ပျံရဲ့နေရာလပ်အကျယ်က နှစ်ဆဖြစ်သွားပြီး ယာဥ်ပျံအတွင်းရှိ အပြင်ဆင်များသာမက ချီစွမ်းအင်ကလည်း သိသာစွာတိုးတက်လာကာ ခရီးရှည်သွားရင်း ယာဥ်ပျံ၌ ကျင့်ကြံခြင်းက ထိပ်တန်းအဆင့် အစီရင်အတွင်း ကျင့်ကြံခြင်းထက်ပင် သာလွန်သွားလေသည်။
“ဟူး.. ကျတော့်ကျွမ်းကျင်မှုက အားနည်းတော့ အများကြီးမပြင်လိုက်နိုင်ဘူး အရင်ကထက်တော့ ၅ဆပိုမြန်သွားမှာသေချာတယ် အင်း.. နေ့တဝက်လောက်နဲ့ စုန့်ပြည်နယ်ကိုရောက်နိုင်တယ်”
(မကျွမ်းကျင်လို့ သိပ်မပြင်လိုက်နိုင်ဘူး ပြီးတော့ စုန့်ပြည်နယ်ကမြို့တော်ကြီးဆီကို နေ့တဝက်နဲ့ဟုတ်လား ဘယ်လိုတောင် နှိမ့်ချပစ်လိုက်တာလဲ သခင်လေး ကျမတို့မနေတတ်တော့ဘူး)
ယန်ချန့်ရဲ့နှိမ့်ချစကားက လီဖူယွဲ့တို့အား သွေးအန်လုနီးပါးဖြစ်သွားစေသည်ကိုတော့ ယန်ချန်မသိခဲ့ပေ။
“ဒီလောက်ဆိုရပြီ အချိန်ကုန်သက်သာတော့ အစ်မရှုနဲ့ယင်ယင်တို့ မပင်ပန်းတော့ဘူးပေါ့”
ထိုသို့ပြောပြီးနောက် ယာဥ်ပျံပေါ်မှ ပြန်လည်ထွက်ခွာသွားကာ ကျန်ရစ်သည့် လီဖူယွဲ့တို့ကမူ ရှုယင်အား ပြုံးတုံ့တုံ့အမူရာဖြင့် ဝိုင်းကြည့်နေကြလေသည်။
“ကျမ ကျမ မျက်နှာပေါ်မှာ တခုခုပေနေလို့လား”
သိသာစွာပင် ယန်ချန့်စကားအား အထင်လွဲသွားသည့် ရှုယင်သည်လည်း အနည်းငယ်ရှက်ရွံနေပြီး စူးရှသည့်အကြည့်များကို ကြုံရချိန်မှာတော့ မျက်နှာတခုလုံးနီရဲသွားကာ ယာဥ်ပျံပေါ်မှ ပြေးဆင်းသွားတော့သည်။
“သူဘယ်လောက်ကံကောင်းလဲဆိုတာ သူမသိဘူး”
လီဖူယွဲ့က တီးတိုးရေရွတ်သည်။ ထိုစကားအားကြားလျင် ကျန်းရင်ရင်နဲ့ချူလင်းယုတို့သည်လည်း အားကျစွာဖြင့် ခေါင်းညိတ်မိကြတော့သည်။
ထို့နောက်မှာတော့ မနက်ဖန်ခရီးထွက်ရန်အတွက် ရှုယင်က ယန်ချန့်ပြောကြားမှုအတိုင်း ပြင်ဆင်နေပြီး ထိုအထဲ၌ ယင်ယင်လေးက ဦးစားပေးဖြစ်ကာ စားစရာများ ယန်ချန်ကိုယ်တိုင်လုပ်ပေးထားသည့် သစ်သားအရုပ်များစွာ ယူဆောင်ပြီး ကျန်းမာရေးအတွက် ဆေးဝါးအချို့နဲ့ ဖော်စပ်ထားသည့် ဆေးအချို့ကိုလည်း ယူစေသည်။
“အဝတ်စားတော့အများကြီး မယူပါနဲ့ ဟိုရောက်ရင် အစ်မရှုတို့အတွက် အသစ်ဆန်းဖြစ်တာလေး ထပ်ဝယ်ပေးမယ်”
ရှုယင်တယောက် ခေါင်းညိတ်ပြလိုက်သည်။ သူမက ယန်ချန့်စကားကို တသွေမတိမ်းလိုက်နာခဲ့ပြီး လိုအပ်သည်များကို စနစ်တကျပြင်ဆင်နေခဲ့သည်။
“အပြင်ထွက်လည်ကြမယ်ဟေ့ ယင်ယင်နဲ့ဘယ်သူလိုက်မလဲ”
ခြံဝန်းထဲမှာတော့ ယင်ယင်လေးက မြေခွေးမလေးများရှေ့ ခါးထောက်ရပ်ကာ ဂုဏ်ယူဝင့်ကြွားနေသည့် လေသံဖြင့်မေးနေသည်။ မြေခွေးမလေးများမှာ သူ့ထက်ငါ အလုအယက်လိုက်ပါချင်ကြောင်း အမူရာများပြနေသော်လည်း ယန်ချန်မှ ခေါ်ဆောင်သွားမည်မဟုတ်သည်ကို သိနေခဲ့ကြသည်။
“နေတော့နေတော့ ယင်ယင်ပြန်လာရင် မုန့်တွေအများကြီးဝယ်ခဲ့မယ် ဟုတ်ပြီလား”
ယင်ယင်လေးက လူကြီးတဦးနှယ်ပြောပြီးနောက် အိမ်ထဲပြေးဝင်လာကာ ယန်ချန့်ပေါ်ပြေးတက်တော့သည်။
“ဦးဦး မြို့ကိုရောက်ရင် မုန့်တွေအများကြီးဝယ်ကျွေးနော်”
ယင်ယင်က အားတက်သရောပူဆာသည်။ ထိုစကားကိုကြားလျင် ရှုယင်က ပစ္စည်းများထုတ်ပိုးနေရင်း တင်းမာစွာဖြင့် ဆူတော့သည်။
“ဘာလို့ဝယ်ကျွေးခိုင်းနေတာလဲ အိမ်ကထည့်သွားတဲ့မုန့်တွေပဲ ကုန်အောင်အရင်စားပါဦး ယင်ယင်နော်”
မိခင်ဖြစ်သူ၏ လေသံကိုကြားလျင် ယင်ယင်တစ်ယောက် နှုတ်ခမ်းဆူသွားပြီး မျက်နှာအားတဖက်လွှဲကာ စိတ်ကောက်တော့သည်။
ယန်ချန်ကထိုသားအမိ၏ အပြုအမူအားကြည့်ရင်း ပြုံးနေမိသည်။
……………………………………………..