အခန်း (၉၅၇+၉၅၈)
Vol. 67 Ch. 957+958
Chapter 957
Direct Explosion
လူကြီးက ရယ်ရင်း ပြန်ပြောသည်။
" ဒါပေါ့ကွ ။ ကဲ.. မြန်မြန်ထွက်လာခဲ့တော့ ။ ငါ ကျင့်ကြံနေတဲ့အချိန် မင်းကို မတော်တဆ ထိခိုက်မိသွားမှာမျိုး မဖြစ်စေချင်ဘူး "
လောထျန်း ခေါင်းယမ်း၍သာ ပြန်ပြောလိုက်၏။
" ရပါတယ်.. ကိစ္စမရှိပါဘူးဗျာ ။ ဝင်လာလို့ရပါတယ် "
လူကြီး မျက်မှောင်ကြုံ့သွားကာ စိတ်မရှည်တော့ဟန်ဖြင့် ပြောသည်။
" ဟမ့်.. ကောင်းပြီလေ ၊ ငါ မင်းကို ကြိုသတိပေးခဲ့ပြီးသားနော် ။ ငါ ကျင့်ကြံတဲ့အချိန် မင်း ထိခိုက်မိသွားမှ ငါ့ကို အပြစ်မတင်နဲ့ "
လောထျန်း ခေါင်းညိတ်ပါသည်။
" ဟုတ်ပါပြီဗျာ ၊ အဲ့ကျရင် ကျုပ်အပြစ်လို့ပဲ သဘောထားပါ့မယ် "
လူကြီးက လောထျန်းကို တစ်ချက်ကြည့်ပြီးနောက် မသေမျိုးပြောင်းလဲရေကန်ထဲ ဝင်ရန်ပြင်လိုက်သည်။
ထိုစဥ်တွင် စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ရုတ်တရက်ပြော၏။
" ခဏနေဦး "
" ဟင်.. မင်းက ဘယ်သူလဲ "
လူကြီးက စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးဘက် လှည့်ကြည့်ကာ စိတ်မရှည်နိုင်ဟန်ဖြင့် မေးပါသည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ပြော၏။
" ဒီမသေမျိုးပြောင်းလဲရေကန်က အင်မတန်ကို အန္တရာယ်များတယ်ကွ ။ ဒီတိုင်းကြီး အလောတကြီးဝင်ရင် မင်းအသက် ဆုံးသွားနိုင်တယ် "
လူကြီး ခေတ္တမျှ ငြိမ်သွားပြီးမှ လောထျန်းကို လှမ်းကြည့်သည်။ ထို့နောက် စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးဘက် ပြန်ကြည့်၍ ပြောသည်။
" နောက်နေတာလားကွ.. ဟမ်.. ဟိုကောင်လေးကျတော့ ဘာမှမဖြစ်ဘဲ ရေထဲစိမ်နေတဲ့ဟာကို ၊ ငါ့ကျမှ သေနိုင်တယ်တဲ့လား "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ပြန်ပြော၏။
" သူက... မတူဘူး.. "
လူကြီး နှုတ်ခမ်းမဲ့လိုက်သည်။
" မတူဘူး .. ဟုတ်တယ်..မတူဘူးလေ ။ ငါက သူ့ထက် အများကြီးပိုပြီး အစွမ်းထက်တယ် ။ ဒီနေ့တော့ ငါ ဒီ မသေမျိုးပြောင်းလဲရေကန်ထဲကို ရအောင်ဝင်မှာ "
သး ပြောပြီး ရေကန်ထဲ ခြေချလိုက်သည်။
သို့သော်... သူ ခြေတစ်လှမ်းသာ ဝင်ရသေးစဥ်မှာပင်..
ဝီ...
ကြောက်မက်ဖွယ် အစွမ်းတစ်ခုက သူ့ကိုယ်ထဲသို့
ရုတ်ချည်းတိုးဝင်လာသည်။
" ဟင်... "
လူကြီး မတုန့်ပြန်နိုင်ခင်တွင်..
ဝုန်း...
သူ့ခြေထောက်တစ်ဖက်က သွေးမှုန်များအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွား၏။
" အား...... "
လူကြီး နာကျင်စွာအော်ကာ နောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ရသည်။
၎င်းကိုကြည့်နေသော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး သူ့ခေါင်းသူ ပြန်ကုတ်မိသွား၏။
" ငါ လူကောင်းဖြစ်ဖို့ စိတ်ထားပြီး တားတဲ့ဟာကို ဘာကိစ္စကြောင့် ငါ့စကားကို မယုံရတာလဲ "
သူ စိတ်ထဲမှလည်း ကြိတ်တွေးမိပါသည်။
အချိန်အတန်ငယ်ကြာပြီးနောက်တွင်မူ.. လူကြီးက သူ့ဒဏ်ရာများအား ပြန်ထိန်းချုပ်နိုင်သွားပြီး မသေမျိုးအစွမ်းဖြင့် ပေါက်ကွဲသွားသည့် ခြေထောက်အား ပြန်ကုသလိုက်ပါသည်။
သို့သော် သူ့ မျက်နှာကမူ ဆိုးရွားစွာ ပျက်နေပါ၏။
အစောကရခဲ့သော သူ့ဒဏ်ရာများ မသက်သာသေးသည်မှာ အသိသာပင် ။
သို့သော် လက်ရှိတွင် သူ ထိုအကြောင်းများကို စဥ်းစားရန် အားမနေပါ ။
သူ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးကို အံ့သြတုန်လှုပ်စွာကြည့်၍ မေးသည်။
" ခုနကအစွမ်းက ဘယ်လိုဖြစ်တာလဲ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားသခင်ကြီးက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြန်ပြော၏။
" အဲ့ဒါ မသေမျိုးပြောင်းလဲရေကန်ရဲ့ အစွမ်းပဲ ။
မင်း အသက်ရှင်တာတောင် ကံကောင်းတယ်မှတ်ပါ "
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လူကြီးက မျက်မှောင်ကြုံ့ကာ ပြန်မေးပါသည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားသခင်ကြီး သက်ပြင်းချလိုက်၏။
" ဒီ မသေမျိုးပြောင်းလဲရေကန်က အပြင်အစွမ်းကို လူသားတွေရဲ့ကိုယ်ထဲ ပေါင်းထည့်နိုင်တယ် ။ ကိုယ်ထဲ ရေလောင်းထည့်သလိုကို ထည့်တာပေါ့ကွာ ။ ဒါ့ကြောင့်မို့လဲ ထူးခြားခန္ဓာကိုယ်က တိုးတက်လာတာလေ "
" ဒါပေမယ့် အဲ့နည်းမှာ ဆိုးကျိုးလဲရှိတယ် ။ အဲ့လို ဝင်လာတဲ့အစွမ်းကိုသာ ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုရင် အဲ့လူက ပေါက်ကွဲထွက်ပြီး သေနိုင်တယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားသခင်ကြီး ပြောကာ မသေမျိုးပြောင်းလဲရေကန်ရှေ့ ပျံသန်းသွားပြီး သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် ရေအိုင်ထဲမှ ရေတစ်စက်ကို ယူလိုက်သည်။
သူ့မျက်လုံးများ ရုတ်ချည်း အရောင်လက်သွား၏။
ဝီ...
ရေစက်မှ ခပ်မှိန်မှိန် ရွှေရောင်အလင်းတန်းတစ်ခုလည်း ထွက်လာသည်။
" အဲ့ဒါ အရှုပ်အထွေးအစွမ်းလား.. ။ မဟုတ်သေးဘူး.. တခြားအစွမ်းတွေလဲ ရောပါနေသေးတယ် "
သူ့ဘေးနားမှ လူတစ်ယောက်က တအံ့တသြ ရေရွတ်သည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ခေါင်းညိတ်ကာ ရေစက်ထဲမှ အရှုပ်အထွေးအစွမ်းကို ထုတ်ယူလိုက်သည်။
ဝှစ်...
ရွှေရောင်အလင်းတန်းက ခပ်ဝေးဝေးသို့ မျောလွင့်သွားပါ၏။
ဝုန်း...
ထို ရွှေရောင်အလင်းတန်း ကျသွားသည့်နေရာရှိ တောင်တန်းကြီး ပြားချပ်သွားတော့သည်။
" ဒါ.. "
၎င်းကိုမြင်သော လူကြီး၏ မျက်နှာထား ပြောင်းသွား၏။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက စကားဆက်သည်။
" ဒီရေစက် တစ်စက်ထဲမှာပါတဲ့ အရှုပ်အထွေးအစွမ်းကတောင် အစွမ်းထက်လွန်းနေပြီ။ ခုနက မင်း ရေအိုင်ထဲ ခြေတစ်ဖက်ဝင်လိုက်တဲ့အချိန်မှာ ရေစက်တွေအများကြီးနဲ့ ထိမိသွားတာဆိုတော့ အစွမ်းတွေအများကြီးက မင်းကိုယ်ကို တိုက်ခိုက်ကြတော့တာပေါ့ ။ အဲ့ဒါကိုမှ မင်း အသက်ရှင်ရက် ကျန်နေသေးတာ ကံကောင်းတာမဟုတ်လို့ ဘာလဲ "
သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်ကား တဖက်လူကြီး ခေါင်းကို အလေးနက်ညိတ်လိုက်ပါ၏။
သူရှင်းပြသွားခဲ့သည့် စကားများက အမှန်တကယ်လည်း အဓိပ္ပါယ်ရှိသည် မဟုတ်ပါလား။
သို့သော်.. ထိုစဥ်မှာပင် ရေကန်ထဲ ရေကူးနေဆဲဖြစ်သည့် လောထျန်းကို ကြည့်မိသွားကာ သူ မှင်သက်သွားသည်။
" မဟုတ်သေးဘူးလေ.. ဒါဆိုရင်.. သူက ဘာလို့အကောင်းတိုင်း ရှိနေသေးတာလဲ "
သူ မယုံနိုင်စွာ မေးလိုက်သည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက အူကြောင်ကြောင် မျက်နှာထားဖြင့် ပြန်ပြောပါ၏။
" အဲ့ဒါတော့... ငါလဲ မသိဘူး "
သူ ပြောပြီး လောထျန်းဘက် လှမ်းကြည့်လိုက်သည်။
" ဟို.. သခင်ကြီး ၊ သခင်ကြီးရဲ့ ကိုယ်ထဲကို အစွမ်းတွေ မစီးဝင်လာဘူးလား "
လောထျန်း : " ခဏစောင့်ဦး "
သူ ပြောပြီး အသက်ပြင်းပြင်းရှိုက်၍ မျက်လုံးများမှိတ်ကာ သေချာစစ်ဆေးကြည့်လိုက်သည်။
အချိန်အတန်ငယ်ကြာမှ သူ မျက်လုံးပြန်ဖွင့်ပြီး စိတ်လှုပ်ရှားဟန်ဖြင့် ပြောပါ၏။.
" ငါ့ကိုယ်ထဲ စီးဝင်နေတဲ့အစွမ်းကို တကယ်ကြီး တွေ့တယ်ကွ။ ဒါပေမယ့် အဲ့အစွမ်းက အားနည်းလွန်းနေတာရယ် ၊ ငါ့ကိုယ်ထဲကို ရောက်ရောက်ချင်း သန့်စင်ခံလိုက်ရတာရယ်နဲ့မို့ ငါက သတိမထားမိတာ "
သူ့စကားကြောင့် ကုန်းပေါ်တွင် ရှိနေကြသူများ ဆွံ့အကုန်ကြပါတော့သည်။
အထူးသဖြင့် မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူလူကြီးမှာ လုံးဝ ပြောစရာစကား ရှာမတွေ့ဘဲ ဖြစ်နေပါ၏။
ဘာတွေ ဖြစ်နေပါသလဲ...
သူ့ကို သတ်တော့မလို ဖြစ်ခဲ့သည့် ကြောက်မက်ဖွယ်အစွမ်းကို လောထျန်းက သတိပင် မထားမိဘူးတဲ့
လား ။
သူတို့ကြားမှ ကွာဟချက်က ဒီလောက်တောင် ကြီးပါသလား...
ထိုစဥ် စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ရုတ်တရက်ပြောသည်။
" ဒီ မသေမျိုးပြောင်းလဲရေကန်ထဲကို တိုက်ရိုက်ကြီး ဝင်မရပေမယ့် ရေတစ်စက်လောက်ကို ယူပြီးတော့ ခန္ဓာကိုယ်ထဲကို သေချာထည့်လို့ရတယ် ။ သေချာသာ အချိန်ယူပြီးတော့ အေးဆေးလုပ်ရင် ပေါက်ကွဲထွက်ပြီးသေမှာလဲ စိုးရိမ်စရာမလိုဘူး "
" အဲ့လိုလား "
မသေမျိုးသခင်ကြီးက သူ့စကားအတိုင်း မသေမျိုးပြောင်းလဲရေကန်ထဲမှ ရေစက်ကို သေချာယူ၍ သေချာ သန့်စင်ပါ၏။.
တခဏအကြာတွင် သူ့မျက်လုံးများ အရောင်လက်သွားသည်။
" ဟာ.. တကယ်ကြီးကို အလုပ်ဖြစ်တာပဲ ။ ကျုပ်ခန္ဓာကိုယ် ပိုအစွမ်းထက်လာပြီ "
သူ စိတ်လှုပ်ရှားစွာ ဆိုသည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး နှာခေါင်းရှုံ့လိုက်ပြီးမှ သူ့နောက်တွင် ရှိနေကြသော ယောင်ချီမှ ဂိုဏ်းသူနှစ်ယောက်ဘက်လှည့်၍ ပြော၏။.
" မင်းတို့လဲ စမ်းကြည့်လို့ရတယ်နော် "
" ဟင်.. ကျွန်မတို့ရော တကယ်လုပ်လို့ရတာလား "
အမျိုးသမီးနှစ်ယောက် အံ့သြသွားပုံဖြင့် မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူအား ကြောက်ကြောက်လန့်လန့် လှမ်းကြည့်ကြသည်။
တဖက်လူ ပေါက်ကွဲထွက်သွားသည့်ပုံကို သူတို့ မြင်ကာ ကြောက်ရွံ့နေဆဲပါပင်..
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ခေါင်းညိတ်ကာ ပြော၏။.
" စိတ်မပူနဲ့.. မင်းတို့ကို ငါ ကူညီပေးမယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးမှာ ယခင်က ထိုသို့ အခြားသူကို ကူညီပေးခြင်းမျိုး လုံးဝ မ
လုပ်ဖူးခဲ့ပါ ။
သို့သော်.. လက်ရှိတွင် လောထျန်းအား ဖားရန်အတွက် သူ လုပ်မှရပါမည်။
အမျိုးသမီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းပြိုင်တူ ညိတ်လိုက်ကြ၏။
ထို့နောက်တွင်.. စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက မသေမျိုးပြောင်းလဲရေကန်ထဲမှ ရေတစ်စက်ကို ယူ၍ ၎င်း၏အစွမ်းကို အမျိုးသမီးနှစ်ယောက် ကိုယ်ထဲ သေချာထည့်ပေးလိုက်ပါသည်။
ဝုန်း...
အမျိုးသမီးနှစ်ယောက်၏ မျက်နှာထားများ တစ်ပြိုင်တည်းလို ပြောင်းသွားကြတာ သူတို့၏ အရောင်အဝါလည်း ရုတ်ချည်းတိုးလာသည်။
" တောင့်ခံပြီးတော့ အဲ့အစွမ်းကို သန့်စင်လိုက် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ညွှန်ကြား၏။
အမျိုးသမီးနှစ်ယောက် အံကြိတ်ပြီး ကိုယ်ထဲဝင်လာသော အစွမ်းကို ထိန်းချုပ်ရန် သေချာအာရုံစိုက်လိုက်ကြပါသည်။
ဤသို့ဖြင့် ၄၅ မိနစ် ကုန်လွန်သွားချိန်တွင်..
ဝီ..
ရေစက်ထဲမှ အစွမ်းက ကုန်လုနီးပါး ဖြစ်လာသည်။
ထို့နောက်..
ဝုန်း..
ဝုန်း...
အမျိုးသမီးနှစ်ယောက်ဆီမှ အစွမ်းထက် အရောင်အဝါများ တစ်ပြိုင်တည်း တိုးထွက်လာကြ၏။
" အင်.... ငါ့မှာ ထူးခြားခန္ဓာကိုယ် ရှိနေတာလား.. "
" ငါရောပဲ.. ဒီအစွမ်းက တကယ်ကို ထူးခြားလိုက်တာ "
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ကြ၏။
ရေထဲတွင် ရှိနေသော လောထျန်းကမူ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ပါသည်။
" အားလုံး တိုးတက်မှု ရှိနေကြတာကို.. ငါ့ကျမှ ဘာဖြစ်လို့ မတိုးတက်ရတာလဲ "
သူ အနည်းငယ်လည်း စိတ်ပျက်အားလျော့နေပါသည်။
သို့သော် ထိုစဥ်..
ဝီ...
မသေမျိုးပြောင်းလဲရေကန်အောက်ခြေမှ ရေလှိုင်းတစ်ခု ရုတ်တရက် ထလာ၏။
ထိုတခဏ၌ ရေကန်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများလည်း လင်းလက်လာကြသည်။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
လောထျန်း အံ့အားသင့်သွားကာ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးအား လှမ်းကြည့်လိုက်သည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးကလည်း အံ့သြတကြီး ပြန်ပြော၏။
" ကြည့်ရတာ.. မသေမျိုးပြောင်းလဲရေကန်အောက်မှာ တစ်ခုခု ရှိနေတယ်နဲ့တူတယ် "