← Chapters

အခန်း (၉၅၉+၉၆၀)

Vol. 67 Ch. 959+960

အခန်း (၉၅၉+၉၆၀)

Vol. 67 Ch. 959+960

Chapter 959

Ancient Heavenly Dragon

ကျောက်နံရံနပေါ်တွင်ကား... စာကြောင်းများ..

ယခင်စာလုံးများနှင့် ယှဥ်လျှင် ယခုစာလုံးများက များစွာပိုကြီးနေပါသည်။

ထို့အပြင် ၎င်းစာလုံးများက လောထျန်းအတွက် စိမ်းနေပါ၏။

သို့သော် .. သူ ကျောက်နံရံဘေးရောက်သည်နှင့် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ပါသည် ။

" နေကိုးစင်း နတ်ဆိုးဧကရာဇ် ၊ မသေမျိုးပြောင်းလဲရေကန်ကို ဒီနေရာအထိ ရောက်နိုင်ခဲ့တယ် ။ လူသားတွေက ငါတို့မျိုးနွယ်စုနဲ့ယှဥ်ရင် တကယ်ကို အမှိုက်တွေပဲ ။ ကောင်းကင်ဘုံတံခါး မသေမျိုးဧကရာဇ် ၊ မင်း ဘယ်လောက်ပဲအစွမ်းထက်တယ်လို့ ကြွားကြွား ၊ နောက်ဆုံးတော့ ငါရောက်တဲ့နေရာထိ မရောက်နိုင်ပါဘူးကွာ ။ မင်းနဲ့ငါသာ တစ်ခေတ်တည်း

မှာ မွေးလာတဲ့သူတွေဆိုရင် ငါ မင်းကို သေချာပေါက် သတ်ပစ်တယ် "

လောထျန်း နှုတ်ခမ်းမဲ့လိုက်သည်။

ထိုစာလုံးများကို နတ်ဆိုးဧကရာဇ် တစ်ယောက်က ရေးထားသည်မှာ သိသာလှပါ၏။

ထိုလူက ကောင်းကင်ဘုံတံခါးမသေမျိုးဧကရာဇ်ကိုလည်း မုန်းတီးနေဟန်ပါပင် ။

လောထျန်း ခေါင်းတစ်ချက်ညိတ်ကာ အောက်သို့ဆက်ဆင်းရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် တစ်စုံတစ်ခုက သူ့လက်ကို လာထိနေသလို ခံစားလိုက်ရပါ၏။

" ဟင်.. "

လောထျန်း လန့်သွားကာ ချက်ချင်းလှည့်ကြည့်လိုက်သည်။

ဘယ်သူမှမရှိသော မှောင်မှောင်မဲမဲ နေရာတစ်ခု၌

တစ်ခုခုက သူ့လက်ကို လာထိနေသည်မှာ ကျောချမ်းစရာကောင်းသည် မဟုတ်ပါလား ။

သို့သော်.. လောထျန်း လှည့်ကြည့်လိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားရပါသည်။

အဘယ့်ကြောင့်ဆိုသော် သူ့ဘေး၌.. လက်ချောင်းအရွယ်ခန့်ရှိသော ထူးဆန်းသည့် ပုဇွန်တစ်ကောင်က သူ့လက်ကို လာထိနေသောကြောင့်ပင် ။

" ချီး... ဒီကောင်ကွာ.. ငါ့မှာ လန့်သွားတာပဲ "

လောထျန်း ဒေါသထွက်သွားကာ ပုဇွန်အား လက်ဖြင့်ကိုင်လိုက်သည်။

ဝုန်း...

၎င်းပုဇွန်မှာ နောက်သို့ လွင့်ထွက်ပျောက်ကွယ်သွားရှာ၏။

" ထူးဆန်းလိုက်တာ.. ဒီလိုနေရာမှာ ပုဇွန်တွေရှိတာလား "

လောထျန်း ခေါင်းယမ်းကာပြောပြီး အောက်ဆက်

ဆင်းရန် ပြင်လိုက်သည်။

ဤသို့ဖြင့် မကြာခင်တွင် အောက်ဘက်၌ စာကြောင်းအချို့ကို သူ တွေ့လိုက်ရပြန်၏။

ထိုစာများထဲမှ နှစ်ခုကို သူ တစ်ခါမှမကြားဖူးသော လူသား မသေမျိုးဧကရာဇ်နှစ်ယောက်က ရေးခဲ့ပြီး ၊ သုံးခုကို နတ်ဆိုးဧကရာဇ်များ ရေးခဲ့ကာ အခြား မည်သူမှန်းမသိသည့် အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ကလည်း စာတစ်ကြောင်း ချန်ထားခဲ့ပါသည်။

သူ စာများကို ဖတ်ရသလောက်မူ.. ထိုသူများက ဤနေရာသို့ ရောက်ခဲ့သည့်တိုင် လက်ဗလာဖြင့် ပြန်သွားခဲ့ရပုံပါပင် ။

သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ဒဏ်ရာရပြီး ပြန်လှည့်သွားခဲ့ရပုံ ပေါ်ပါ၏။

လောထျန်းတစ်ယောက် စာများကို ဖတ်ပြီးနောက် ခေါင်းအသာညိတ်လိုက်သည်။

" ကြည့်ရတာ ကောင်းကင်ဘုံတံခါး မသေမျိုး

ဧကရာဇ်ရဲ့ကံက တော်တော်ကောင်းတယ်နဲ့ တူတယ် ။သူ အဝေးကြီးကနေတောင် နတ်ဘုရားလမ်းစဥ်ရဲ့ တစ်ပိုင်းတစကို တွေ့ခဲ့တာဆိုတော့ ။ ကျန်တဲ့သူတွေကျ ဒီနေရာထိရောက်လာပြီးမှ ဘာမှ ရခဲ့တဲ့ပုံမရှိဘူး "

" ဒါပေမယ့်.. သူတို့ ရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်က ဘာလဲ "

လောထျန်း တွေးရင်း ရုတ်တရက် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။

" အင်း.. ငါရော လှည့်ပြန်လိုက်ရင် ကောင်းမလား "

သူ နောက်ပြန်လှည့်ရန်ပင် တွေးမိလိုက်၏။

ဘာမှန်းမသိသည့် အရာကို ရင်ဆိုင်ရမည်ဆိုသည့်အတွေးက အမှန်တကယ်လည်း ကြောက်စရာကောင်းသည် မဟုတ်ပါလား။

သို့သော် တခဏအကြာတွင် သူ ခေါင်းယမ်း၍ ဆိုပါ၏။

" မဟုတ်သေးပါဘူးလေ ၊ ဒီထိတောင် ရောက်လာပြီး

မှ ဘာလို့ပြန်လှည့်မှာလဲ ။ ဆက်သွားမယ်ကွာ.. ဟို နတ်ဘုရားလမ်းစဥ်က ဘာလဲဆိုတာ သိချင်သေးတယ် "

သူ ထိုသို့တွေးပြီး အောက်သို့ ဆက်ဆင်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ မိုင်တစ်ရာကျော် ဆင်းလာပြီးသည့်တိုင် ဘာစာကြောင်းမှ မတွေ့ရတော့ချေ။

" ဟင်... မသေမျိုးဧကရာဇ်တွေ အားလုံးက ဒီရှေ့ကို ဆက်မရောက်နိုင်ခဲ့ကြတာလား "

လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

ထိုစဥ်.. သူ့ဘေးနားမှ ရေများ လှုပ်ရှားသွားသည်ကို လောထျန်းတစ်ယောက် ရုတ်တရက် ခံစားမိလိုက်ပါသည်။

" ဟင်... "

သူ ချက်ချင်းလှည့်ကြည့်လိုက်၏။

သူ့နောက်နားလေးတွင် ဘယ်အချိန်က ပေါ်လာမှန်းမသိသော ပုဇွန်တစ်ကောင်က သူ့ထံ အလွန်မြန်သည့်နှုန်းဖြင့် တိုးဝင်လာနေသည်ကို တွေ့လိုက်ရသဖြင့် လောထျန်း နှုတ်ခမ်းမဲ့သွားသည်။

၎င်းပုဇွန်၏ ခေါင်းနားမှ အမွေးများက လောထျန်းပုခုံးပေါ် ရောက်လာပါသည်။

ဝှစ်...

သူ့၏ အကျ်ီတွင် အပေါက်တစ်ပေါက် ဖြစ်သွား၏။

လောထျန်း မျက်မှောင်ကြုံ့သွားကာ သူ့မျက်လုံးထဲတွင်လည်း ဒေါသငွေ့တို့ လက်သွားသည်။

" အမျိုးယုတ်ကောင် ၊ ငါ့အကျ်ီကို ပြဲအောင်လုပ်တယ်ပေါ့လေ ။ မင်းကများ ငါ့ကို အဲ့လိုအနိုင်ကျင့်ရဲတယ်ပေါ့ "

လောထျန်း ဒေါသတကြီး ပြောပြီး ပုဇွန်ဆီသို့ လက်ယမ်းလိုက်သည်။

သို့သော် ၎င်းပုဇွန်က လောထျန်း၏လက်ကို ရှောင်တိမ်းခြင်း အလျဥ်းမရှိဘဲ.. သူ့လက်ချောင်းများဖြင့်ပင် ပြန်ဆုပ်လိုက်ပါသေး၏။.

ဝှစ်..

ပုဇွန်က လောထျန်း၏လက်အား ခြစ်လိုက်သည့်တိုင် လောထျန်း၏ အကာအကွယ်အစွမ်းကိုပင် မထိုးဖောက်လိုက်နိုင်ပါချေ။

ထိုအစား..

ဝုန်း..

၎င်းကသာ လောထျန်းလက်ထဲ ရောက်သွားပါ၏။

" အမှိုက်ကောင် ၊ မင်းကများ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ မင်း ငါ့အစာ ဖြစ်ချင်နေပြီနဲ့တူတယ် "

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

ပုဇွန်မှာ လောထျန်းလက်ထဲ ကြိုးစားရုန်းကန်နေသေးသော်လည်း ဘာမှ အရာမထင်ရှာပါ ။

ထို့နောက်တွင် လောထျန်းက ပုဇွန်အား သေချာကြည့်လိုက်သည်။

" ဟင်.. ဒီပုဇွန်က ဘယ်လိုပုဇွန်ပါလိမ့် ။ ဒီလိုကောင်မျိုး ငါတစ်ခါမှ မမြင်ဖူးပါဘူး "

လောထျန်း ၎င်းကိုကြည့်ရင်း အနည်းငယ် အံ့သြသွားရသည်မှာ အမှန်ပင် ။

၎င်းပုဇွန်မှ ခပ်မှိန်မှိန် နတ်ဘုရားအလင်းတန်းတစ်ခု ထွက်နေပြီး အလင်းတန်းထဲတွင်လည်း အရှုပ်အထွေးအစွမ်း ပါဝင်နေပါ၏။

ထို့အပြင် ၎င်းအထဲ၌ လောထျန်း တစ်ခါမှမတွေ့ဖူးသည့် အစွမ်းအချို့လည်း ပါနေပါသေးသည်။

အထူးသဖြင့် ၎င်းပုဇွန်၏ လက်ချောင်းများပါပင်..

၎င်းတို့က အန္တရာယ်များပုံ ပေါက်နေပါ၏။

လောထျန်းတစ်ယောက် ၎င်းပုဇွန်အား အချိန်အတန်ကြာ စစ်ဆေးကြည့်နေပြီးမှ ခေါင်းယမ်း၍ဆိုသည်။

" ဒီလိုကောင်မျိုးကို တစ်ခါမှ မမြင်ဖူးပေမယ့် ကြည့်ရတာတော့ စားလို့ကောင်းမယ့်ပုံပဲ "

သူ ပြောနေရင်းလည်း တံတွေးမျိုချမိပါ၏။.

ဝှစ်..

သူ တံတွေးမြိုချသည်ကို မြင်သော ပုဇွန်မှာလည်း ရုန်းကန်လှုပ်ရှားနေရာမှ ရုတ်ချည်းရပ်သွားသည်။

လောထျန်းက ဘေးဘီသို့ တစ်ချက်ကြည့်ရင်း ပြော၏။.

" ဒီပုဇွန်ကောင်ကို ချက်ရအောင် မီးမွှေးလို့မရတာ နာတာပဲကွာ ။ ဒီကောင့်ကို ပြန်ယူသွားရင်လဲ ထွက်ပြေးမှာစိုးရသေးတယ် "

" အင်း.... လောလောဆယ် သူ့လက်ချောင်းတွေကို ချိုးထားပြီးတော့ အပေါ်ပြန်ရောက်မှပဲ ချက်တာကောင်းမယ်ထင်တယ် "

လောထျန်း ပြောလိုက်သည်။

သူ့စကား ဆုံးချိန်မှာပင် ထူးဆန်းသည့်ပုဇွန်က အသည်းအသန် ရုန်းကန်လာပြန်၏။

သို့သော် လောထျန်းက ၎င်းကို နည်းနည်းလေးပင် အလွတ်မပေးပါ ။

ဂျွတ်...

ခပ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ လောထျန်းက ပုဇွန်၏လက်ချောင်းများကို ချိုးကာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်လိုက်ပါတော့၏။

" ဒီပုဇွန်ကောင်ကို ကြည့်ရတာ အသားလဲသိပ်ပါတဲ့ပုံမပေါ်ဘူး ။ အခွံကလဲ ထူသေး... ထားပါလေ.. ပစ်လိုက်တာပဲကောင်းတယ် "

လောထျန်း ပြောကာ ပုဇွန်အား အဝေးသို့ ပစ်လိုက်သည်။

သူ ထိုသို့ ပစ်လိုက်ချိန်တွင် ပုဇွန်က သူ့အား အလွန်မုန်းတီးသည့်အကြည့်ဖြင့် ကြည့်သွားသလိုလည်း လောထျန်း ခံစားလိုက်ရပါ၏။ သို့သော် သူ စိတ်ထင်နေသည်လည်း ဖြစ်နိုင်ပါသည်။

" အင်း.. ဒီကောင်က ဟိုရေးထားတဲ့စာတွေနဲ့များ တစ်ခုခု ပတ်သက်နေနိုင်လား "

လောထျန်း အတွေးများသွားသည်။

" ထားပါလေ ၊ အောက်ကို ဆက်ဆင်းတာပဲ ကောင်းပါတယ် "

သူ ပြောကာ အောက်သို့ဆက်သွားလိုက်သည်။

ဤတစ်ကြိမ်တွင် ဆယ်မိုင်ကျော်ခန့်အကွာ၌ စာရေးထားသည်များကို သူ ထပ်တွေ့လိုက်ရ၏။

" ဝူဖုန်း မသေမျိုးဧကရာဇ်.. အဆုံးသတ်ကို ရောက်လာခဲ့ပြီ ။ လမ်းတလျှောက်မှာလဲ ကြောက်စရာကောင်းတဲ့ ရှေးဟောင်းသားရဲပေါင်းစုံနဲ့ ကြုံခဲ့ရတယ် ။ ငါ ကြိုးစားပြီး တိုက်ခိုက်ခဲ့သေးပေမယ့် နောက်ဆုံးတော့ ဘယ်လိုမှ မနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ရတယ် ။ နတ်ဘုရားလမ်းစဥ်က ရှေ့နားလေးမှာ ရှိနေပေမယ့်.. မြင်ခွင့်မရတော့တာ ဝမ်းနည်းစရာပဲ "

ရေးထားသည့်စာကို ကြည့်ရင်း လောထျန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" ရှေးဟောင်းသားရဲတွေတဲ့... ထူးတော့ ထူးဆန်းနေပြီ ။ ငါလာတဲ့တလျှောက်မှာ ဘာလို့ ဘာနဲ့မှ မတွေ့ခဲ့ရတာလဲ "

လောထျန်း ရေရွတ်ပြီး ဘေးဘီသို့ လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရပါချေ။

" ကဲ.. ရှေ့ပဲဆက်သွားမယ်ကွာ ။ ပြီးရင် မြန်မြန်ပြန်လို့ရတာပေါ့ "

လောထျန်း တွေးကာ ရှေ့ဆက်တိုးလိုက်သည်။

ဤတစ်ကြိမ် ၊ မိုင် လေး၊ငါးဆယ် သွားပြီးချိန်၌ အောက်ဘက်တွင် ကျယ်ပြောလင်းလက်သော နေရာတစ်ခု ရှိနေသလို သူ ရုတ်တရက်ခံစားလိုက်ရသည်။

" ဟင်.. ဒါက... "

လောထျန်း အံ့အားသင့်သွား၏။

ဝီ...

ထို့နောက်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးတစ်ခုက သူ့အသိစိတ်ပင်လယ်ထဲ ဝင်လာသည်။

" ဒီကို ရောက်လာတဲ့သူတွေ... ရှေ့နားမှာ မသေမျိုးပြောင်းလဲရေကန်ရဲ့ ကျန်တဲ့တစ်ဝက် ရှိတယ် ။ အဲ့နေရာက အန္တရာယ်တွေနဲ့ ပြည့်နေပြီးတော့ ရှေးဟောင်းသားရဲတွေ အများကြီး ကျက်စားကြတယ် ။ မသေမျိုးဧကရာဇ်တွေတောင် အဲ့အန္တရာယ်ကို မကျော်နိုင်ကြဘူး ။ အဲ့တော့ ကိုယ့်အစွမ်းကို ယုံကြည်ချက် မရှိတဲ့သူတွေ ရှေ့မဆက်တာကောင်းလိမ့်မယ် ။ ရှေးဟောင်း ကောင်းကင်ဘုံနဂါး ရေးသားသည် "

လောထျန်း ခေတ္တမျှ အံ့အားသင့်သွားပြီးမှ တအံ့တသြ ရေရွတ်လိုက်၏။

" ရှေးဟောင်း ကောင်းကင်ဘုံနဂါးတဲ့ ၊ ဒီ ဒေသကြီးကိုးခုမှာ ကောင်းကင်ဘုံနဂါးမျိုးနွယ် ရှိတာလား "

" ပြီးတော့... မသေမျိုးပြောင်းလဲရေကန်ရဲ့ ကျန်တဲ့တစ်ပိုင်းတဲ့ ။ မသေမျိုးဧကရာဇ်တွေတောင် သေကြတာတဲ့ ။ အဲ့ထဲမှာ လျှို့ဝှက်ကမ္ဘာငယ်တစ်ခု တကယ်

ကြီးရှိနေတာပဲ "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

Chapter 960

Shattered Dreams

" ဒီ ရှေးဟောင်း ကောင်းကင်ဘုံနဂါးက သတိပေးစာ ချန်ထားခဲ့တာ ။ ပြီးတော့ ရေးထားတဲ့ပုံစံအရ ဆိုရင်လဲ သူက တခြား မသေမျိုးဧကရာဇ်တွေထက် အများကြီး ပိုအစွမ်းထက်တဲ့ပုံပဲ ။ ကြည့်ရတာ.. ရှေးဟောင်း ကောင်းကင်ဘုံနဂါးမျိုးနွယ်စုက တကယ်ကိုအစွမ်းထက်တယ်နဲ့တူတယ် ။ သူတို့တွေ ဒီနေ့လို အခြေ​နေထိ ဘယ်လိုလုပ်ပြီး ရောက်သွားတာပါလိမ့် "

လောထျန်းတွေးကာ သက်ပြင်းချပြီး ရှေ့ဆက်တိုးရန် ပြင်လိုက်၏။

သို့သော် သူ ခဏလေးသာ ဆက်သွားရသေးစဥ်မှာပင်..

ဝီ...

အားပြင်းသော အစွမ်းတစ်ခုက အနောက်ဘက်မှနေ၍ သူ့ထံ တိုးဝင်လာသည်ကို လောထျန်း ခံစား

လိုက်ရပါသည်။

သူ ချက်ချင်းလှည့်ကြည့်လိုက်ရာ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို သယ်ဆောင်လာသော သွေးနီရောင် အလင်းတန်းတစ်ခုက သူ့ထံ တိုးဝင်လာသည်ကို မြင်လိုက်ရ၏။

လောထျန်းတစ်ယောက် ၎င်းအလင်းတန်းကို ကြည့်ရင်း တုန်လှုပ်နေသူတစ်ယောက်ပမာ မျက်လုံးများ ပြူးနေတော့သည်။

ဝုန်း..

ထို့နောက်တွင် ၎င်းအလင်းတန်းက သူ့မျက်ခုံးနှစ်ဖက်ကြားထဲ တိုးဝင်လာ၏။.

ထိုအစွမ်းကြောင့် လောထျန်း၏ ခန္ဓာကိုယ် နောက်ပြန်ယိုင်သွားသည်။

အလင်းတန်း ထွက်လာသည့်ဖက်မှ အခြား စွမ်းအင်လှိုင်းတစ်ခု ထပ်ပေါ်လာပြီး အရိပ်တစ်ခုက ဝမ်းသာအားရအော်သံပေး၍ လောထျန်းထံ ပြေးဝင်လာ

ပြန်၏။

လောထျန်းမှာကား မျက်လုံးအပြူးသားဖြင့် အပေါ်သို့ ကြည့်လျက်..

ထိုစဥ်မှာပင် လောထျန်းကို တိုက်ခိုက်ခဲ့သူက ရှေ့သို့ ရောက်လာပါသည်။

ထိုသူ၏ လက်ထဲတွင် သုံးခွခက်ရင်းတစ်ချောင်းကို ကိုင်ထားကာ လောထျန်းအား အ​သေသတ်တော့မလို...

သို့သော် ထိုတခဏ၌ လောထျန်း၏ မျက်လုံးထဲ အလင်းတန်းတစ်ခု လက်သွားပါ၏။

" အဲ့ဒါ... ရေသူမပဲ.. "

သူ တီးတိုးရေရွတ်လိုက်သည်။

အမှန်တွင်မူ အစောပိုင်းက တဖက်လူ၏ တိုက်ခိုက်မှုကို သူ သတိထားမိခဲ့ချိန်တွင်.. ၎င်းကို ရှောင်တိမ်း၍ ရခဲ့သလို သူ့ အကာအကွယ်အစွမ်းကိုသုံးပြီး ဝင်လာသည့်အစွမ်းအား တန်ပြန်တိုက်ထုတ်

ခဲ့၍လည်း ရခဲ့ပါ၏။

သို့သော် သူ ခေါင်းလှည့်ကြည့်ချိန်၌ ခပ်လှမ်းလှမ်း မှောင်ရိပ်ထဲမှ လှပသော အပေါ်ပိုင်းခန္ဓာကိုယ်နှင့် အောက်ပိုင်းအမြီးကို မြင်ပြီး မှင်သက်သွားခဲ့ပါသည်။

ထိုသို့ အံ့သြနေ၍လည်း တဖက်လူ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းပင် ။

ထို့နောက်တွင်ကား လောထျန်း အလွန်စိတ်လှုပ်ရှားသွားပါ၏။

မျှော်လင့်မထားဘဲ ဒဏ္ဍာရီထဲမှ ရေသူမတစ်ကောင်ကို သူ မြင်နေရသည် မဟုတ်ပါလား။

" ဟီး.. ဟီး... တကယ်ကို ရေသူမပဲ "

လောထျန်း စိတ်လှုပ်ရှားလွန်း၍ အနည်းငယ်ပင် ခုန်မိသွား၏။

တဖက်မှ တိုက်ခိုက်ရန် ပြင်နေသူမှာလည်း လောထျန်းတစ်ယောက် လှုပ်ရှားနိုင်နေသေးသည်ကို တွေ့ကာ

လန့်သွားသည်။

ထို့နောက်တွင် သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွား၏။

နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

" အဲ့ဒါ.. ဘာကြီးလဲ "

သူ ရေသူမဟု ထင်ထားခဲ့သူကိုကြည့်ရင်း လောထျန်းတစ်ယောက် တအံ့တသြ ရေရွတ်လိုက်သည်။

သူ့ရှေ့မှ လူ၏ အမြီးမှာ ရှည်လျားလှပပြီး ကျောက်များဖြင့် အရောင်တလက်လက် တောက်နေပါ၏။

အပေါ်သို့ အကြည့်ရွှေ့လိုက်လျှင်လည်း သေးသွယ်လှပသော ခါးလေးနှင့် လည်တိုင်ကျော့ကျော့...

ထိုလည်တိုင်ကျော့ကျော့ အပေါ်တွင်မူ နီရဲရဲ နှုတ်ခမ်းတစ်စုံနှင့်... သွားစွယ် ဆယ်ချောင်းကျော်ခန့်က နှာခေါင်းပေါက်လေးခုကို မဖုံးကွယ်နိုင် ဖြစ်နေသည်။ အပေါ်တွင်ကား.. မျက်လုံး ဆယ့်ခြောက်လုံး..

ထိုတခဏ၌ သူ့ကိုယ်ထဲမှ တစ်ခုခုကွဲကြေသွားသည်ကိုပင် လောထျန်း ကြားလိုက်ရသယောင်..

ရေသူမ တဲ့လား..

သူ့ရှေ့မှ ကောင်ကြီးမှာ ရုပ်ဆိုးဆိုး သားရဲကြီးပင်..

ထိုအချိန်မှာပင် ရှေ့မှ သားရဲကလည်း အသိဝင်လာကာ အော်သံပေးပြီး လောထျန်းအား ခက်ရင်းခွဖြင့် ထိုးလာ၏။

သားရဲ၏ မျက်လုံးထဲတွင်မူ လောထျန်းသည် သူ့တိုက်ခိုက်မှုကြောင့် နောက်ပြန်ယိုင်သွားခဲ့သဖြင့် သာမာန်ထက် အနည်းပိုသော အစွမ်းမျိုးသာ ရှိမည်ဟု ထင်ထားပါသည်။

သို့ဖြစ်ရာ တစ်ချက်တည်းဖြင့်ပင် လောထျန်းအသက်ကို ခြွေယုရန် လုံလောက်ပါ၏။.

သို့သော် မျှော်လင့်မထားစွာပင်...

ဝုန်း...

လောထျန်းက သုံးခွခက်ရင်းအား လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။

" အင်... "

သားရဲကြီး အံ့အားသင့်သွားကာ ခက်ရင်းခွကို ပြန်ယူရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော် သူ မည်သို့ပင်ကြိုးစားကြိုးစား ခက်ရင်းခွက လောထျန်းလက်ထဲ အသေကပ်ထားသလို ဖြစ်နေပါ၏။

" ဘာကြောင့်မို့.... "

ထိုစဥ် လောထျန်းက ရှေ့မှသားရဲအား ဒေါသတို့ပြည့်နေသည့် မျက်လုံးအစုံဖြင့် ရုတ်တရက်မော့ကြည့်လာသည်။

" လူတစ်ယောက်အတွက် စိတ်ကူးယဥ်အိမ်မက် ရှိထားဖို့ဆိုတာ လွယ်တယ်ထင်နေလားကွ။ အခု မင်းက ဘာကြောင့်မို့လို့ ငါစိတ်ကူးယဥ်ထားတာလေးတွေကို လာဖျက်ဆီးရတာလဲ "

လောထျန်း ဒေါသတကြီး အော်လိုက်သည်။

သူ ပြောပြီး ခက်ရင်းခွအား ဆွဲယူလိုက်၏။

ခက်ရင်းခွနှင့်အတူ သားရဲကြီးလည်း လောထျန်းဆွဲရာသို့ ချက်ချင်းပါလာသည်။

" သွားသေလိုက်တော့ "

လောထျန်း ဒေါသတကြီး အော်ကာ သားရဲ၏ခေါင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

ဝုန်း...

သားရဲကြီးမှာ လောထျန်းကြောင့် အဝေးသို့လွင့်သွားကာ ဘယ်နေရာရောက်သွားမှန်း မသိရတော့ပါချေ။

လောထျန်း၏ လက်သီးချက်က အားပြင်းလွန်းလှသဖြင့် သားရဲလွင့်သွားသည့် အရှိန်မှာလည်း မြန်လှပါ၏။

၎င်း၏ လက်နှစ်ဖက်ကမူ သုံးခွခက်ရင်းကို ဆုပ်ကိုင်ထားဆဲ...

" ချီးကွာ.. အဲ့ ဒဏ္ဍာရီတွေက အကုန် အလိမ်အညာတွေချည်းပဲ "

လောထျန်း ဒေါသတကြီး ထပ်အော်ပြီး ခက်ရင်းခွအား ကျောက်နံရံဘက်သို့ ပစ်လိုက်သည်။

ထို့နောက် သူ အောက်သို့ ဆက်ဆင်းသွား၏။

ဤတစ်ကြိမ်တွင် သူ့အမြန်နှုန်းက ယခင်ထက် များစွာပိုသာပါသည်။

ဤသို့ဖြင့် မကြာခင်မှာပင် ပုံမှန်မဟုတ်သောတစ်ခုကို သူ သတိထားမိလိုက်ပြန်၏။

" ဟင်.. အဲ့ဒါက... "

ခပ်လှမ်းလှမ်း ကျောက်စွန်းတစ်ခု၌ ကပ်နေသော တစ်စုံတစ်ခုကိုတွေ့ကာ သူ အံ့သြသွားပါသည်

ထို့နောက် သူ ၎င်းအရာနားသို့ တိုးသွားလိုက်၏။

အနားရောက်ချိန်တွင် သူ အနည်းငယ်လည်း အံ့အားသင့်သွားပါသည်။

ထိုလူမှာ သုံးခွခက်ရင်းတစ်ခုဖြင့် ကျောက်စွန်း၌ အစိုက်ခံထားရခြင်းပင် ။

ထိုလူမှာ သေနေပြီဖြစ်သည့်တိုင် သူ့ခန္ဓာကိုယ်က လုံးဝကြီး ပျက်စီးမသွားသေးဘဲ ခက်ရင်းဖြင့် အစိုက်ခံထားရသည့် ဒဏ်ရာအနီးတဝိုက်မှ အသားများသာ ပုပ်နေပါသည်။

လောထျန်း အံ့သြသွားကာ ၎င်းကိုထိရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်တွင် သူ့အသိစိတ်ပင်လယ်ထဲသို့ စိတ်ဝိဥာဥ်လှိုင်းတစ်ခု တိုးဝင်လာ၏။

" အဲ့ဒါကို မထိနဲ့ "

လောထျန်း အံ့အားသင့်သွားပြီး ရှေ့မှအလောင်းကိုကြည့်၍ မေးလိုက်သည်။

" မင်း.. မသေသေးဘူးလား "

သို့သော် တဖက်မှအလောင်းက လုံးဝငြိမ်သက်လျက်..

ထိုစဥ်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးတစ်ခု ထပ်တိုးဝင်လာ

သည်။

" သူက သေနေပြီ ။ ဒီလူက မသေမျိုးဧကရာဇ်အဆင့်ကို ရောက်ပြီးမကြာခင်မှာတင် ဒီနေရာကို လာခဲ့တာ ။ နောက်တော့ ရှေးဟောင်းသားရဲတစ်ကောင်ရဲ့ သတ်တာကိုခံရပြီး သူ့ရဲ့ ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ရော ဖျက်ဆီးခံလိုက်ရတာပဲ ။ အခု သူ့ကိုယ်မှာ အလောင်းအဆိပ် ရှိနေတယ်ကွ ။ မသေမျိုးဧကရာဇ်ရဲ့ အလောင်းအဆိပ်က ပေါ့သေးသေးမဟုတ်ဘူးနော် ။ အဲ့ဒါကို သွားမထိမိစေနဲ့ "

ကြားလိုက်ရသည့်စကားကြောင့် လောထျန်း လက်ပြန်ရုတ်၍ မေးလိုက်သည်။

" သခင်ကြီးက ဘယ်သူပါလဲခင်ဗျာ "

တဖက်မှ စိတ်ဝိဥာဥ်လှိုင်းလုံးက သက်ပြင်းချသည်။

" ငါလား... ငါ့ကိုယ်ငါ ဘယ်သူဆိုတာတောင် မသိတော့ပါဘူးကွာ "

လောထျန်း အံ့သြသွားရပြန်ပါသည်။

သူ့ကိုယ်သူ ဘယ်သူမှန်းပင် မသိဘူးတဲ့လား..

ဖြစ်ရော ဖြစ်နိုင်ပါရဲ့လား..

ထိုစဥ်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးက စကားဆက်ပါသည်။

" ဒီနေရာကို ဘယ်သူမှမရောက်တာ တော်တော်ကြာသွားခဲ့ပြီဆိုတော့.. အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေ မရှိကြတော့ဘူးလို့တောင် ငါ ထင်နေခဲ့တာ ။ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီ ။ အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေ ရှိနေသေးတာပဲ.. "

လောထျန်းက အိုးတို့အမ်းတမ်း ပြန်ပြော၏။

" ဟို.. တကယ်တော့ အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေ မရှိတော့ဘူး "

စိတ်ဝိဥာဥ်လှိုင်းလုံးက အလေးနက်ဟန်ဖြင့် ချက်ချင်းပြန်မေးသည်။

" ဘယ်လို.. မသေမျိုးဧကရာဇ်တွေ မရှိတော့ဘူး ဟုတ်လား.. ။ ဒါဆို အပေါ်ကမ္ဘာရဲ့ ဒေသကြီး ဆယ့်နှစ်ခုက ဖျက်ဆီးခံလိုက်ရတာလား "

လောထျန်း ခေါင်းကုတ်လိုက်သည်။

" မဟုတ်ဘူးဗျ ၊ အခြေအနေက နည်းနည်းပိုရှုပ်တယ် ။ အခု အပေါ်ကမ္ဘာမှာ ဒေသကိုးခုပဲ ရှိတော့တာ "

စိတ်ဝိဥာဥ်လှိုင်းလုံး တုန်လှုပ်သွားဟန်ပင် ။

" ဒေသကိုးခုပဲ ရှိတော့တာ.. ဟုတ်လား ။ ကျန်တဲ့သုံးခုက နတ်ဘုရားတောအုပ်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာလား ။ မဖြစ်နိုင်တာ.. နတ်ဘုရားတောအုပ်ထဲက ဟိုသုံးကောင် ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ တခြားဘယ်သူက ဒေသကြီးသုံးခုကို ဖျက်ဆီးနိုင်မှာလဲ "

လောထျန်း ပြန်ပြောလိုက်သည်။

" အဲ့ဒါ ပြောရရင် အရှည်ကြီးဗျ "

တဆက်တည်း သူသိထားသမျှ ပြန်အသက်သွင်းခြင်းသခင်ကြီး နှင့်ပတ်သက်သည့် အကြောင်းရာများကို လောထျန်း ပြောပြလိုက်သည်။

သူ့စကား ဆုံးသွားချိန်တွင် တဖက်လူ အချိန်အကြာကြီ ငြိမ်သွား၏။

အချိန်အတန်ကြာသွားမှ စိတ်ဝိဥာဥ်လှိုင်းလုံးက တီးတိုးရေရွတ်သည်။

" ပြန်အသက်သွင်းခြင်းသခင်ကြီး တဲ့လား... ရှေးဟောင်းနတ်ဘုရားတစ်ပါး.... သူတို့တွေ ခုချိန်ထိ မျိုးမတုန်းကြသေးဘူးပဲ "

ထို့နောက်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးက တစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက်ပြော၏။

" ခဏနေဦး.. ကောင်လေး ၊ အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေ မရှိတော့ဘူးလို့ မင်းပြောခဲ့တယ်မလား ။ အခု မင်းက ဘယ်ကျင့်ကြံခြင်းအဆင့် မှာလဲ "

လောထျန်းက ခပ်ရှက်ရှက် ပြန်ဖြေသည်။

" ကျုပ်က... ကောင်းကင်ဘုံအဆင့်မှာပါ "

တဖက်မှ စိတ်ဝိဥာဥ်လှိုင်းလုံး ပြန်ငြိမ်သွား၏။

အချိန်အတန်ကြာပြီးမှ ...

" ကောင်းကင်ဘုံအဆင့်.. ဟုတ်လား ၊ မင်း နောက်နေတာလားကွ.. ဟမ် ။ ဘယ် ကောင်းကင်ဘုံအဆ

င့် ကျင့်ကြံသူက ဒီနေရာကို လာနိုင်မှာမို့လဲ "

All Chapters