← Chapters

အခန်း (၉၆၅+၉၆၆)

Vol. 67 Ch. 965+966

အခန်း (၉၆၅+၉၆၆)

Vol. 67 Ch. 965+966

Chapter 965

Thunder and Fire Intertwined

လောထျန်း ခေါင်းတစ်ချက်ညိတ်ကာ အလင်းတန်းနောက်တစ်ခုကို ကြည့်လိုက်သည်။

၎င်းကိုမြင်​သော ရှီလုံက ချက်ချင်းရှင်းပြ၏။

" အဲ့ဒါ ဓားသခင် မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်ပဲ ။ ဓားသခင်မသေမျိုးဧကရာဇ်က သူ့နာမည်အတိုင်း တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ဓားသမားပဲကွ။ သူ့ဓားသိုင်းမှာ ဘယ်လိုလှည့်ကွက်မျိုးမှ မပါဘဲနဲ့ အစွမ်းချည်းသက်သက်ကို သုံးထားတာ "

လောထျန်း စိတ်လှုပ်ရှားသွားကာ အလင်းတန်းအား သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ထိကြည့်လိုက်၏။

ဝီ...

မကြာခင်မှာပင် သူ့ အသိစိတ်ပင်လယ်ထဲ၌ ဓားသခင်မသေမျိုးဧကရာဇ်၏ ဓားသိုင်းပညာရပ်များ ပေါ်လာပါသည်။

အတွေးလေး တစ်ချက်ဖြင့်ပင် သူ ၎င်းဓားသိုင်းအား သေချာနားလည်သွား၏။ သူ့ နှလုံးသားထဲတွင်လည်း ဓားစိတ်ဆန္ဒတစ်ခု အသွင်ပေါ်လာတော့သည်။

ဝီ...

၎င်းဓားစိတ်ဆန္ဒ အသွင်ပေါ်လာပြီးသည်နှင့် ချက်ချင်း မငြိမ်မသက် ဖြစ်လာသည်။

" ဒီဓားသိုင်းက တော်တော်လဲအားကောင်းတာပဲ ။ ဒါကို ကျွမ်းကျင်သွားပြီးတာရင်တောင် လွယ်လွယ်ထိန်းချုပ်လို့မရဘူး ။ ဒါ မသေမျိုးဧကရာဇ်တစ်ယောက်ရဲ့ အစွမ်းလား "

လောထျန်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ထိုဓားစိတ်ဆန္ဒမှာ အလွန်အားကောင်းလှပြီး အကယ်၍ အခြားတစ်ယောက်ဆိုပါက ၎င်းအား ထိန်းချုပ်နိုင်မည် မဟုတ်ပါချေ။

ယခု ၎င်းဓားသိုင်းကို လေ့လာခဲ့သူက လောထျန်း ဖြစ်နေခဲ့၍သာ တော်ပါသေး၏။

ဝီ...

ထိုစဥ်မှာပင်.. သူ့ကိုယ်ထဲမှ ကောင်းကင်ဘုံဓားသိုင်း၏ ဓားစိတ်ဆန္ဒ နိုးထလာသည်ကို လောထျန်း ခံစားမိလိုက်ပါသည်။

ဝီ...

ဓားသခင် မသေမျိုးဧကရာဇ်၏ ဓားစိတ်ဆန္ဒ ချက်ချင်းဖိနှိပ်ခံလိုက်ရကာ မလှုပ်နိုင်တော့ချေ။

" မင်းကများ ငါ့ကို အာခံချင်နေသေးတာလား "

လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

ထို့နောက် သူ့ခေါင်း လှည့်သွားကာ တတိယမြောက် အလင်းတန်းဆီ ကြည့်လိုက်သည်။

ရှီလုံမှာမူ လောထျန်း၏ကိုယ်ထဲ ဘာဖြစ်နေသည်ကို

မသိရှာဘဲ ရှင်းပြပါ၏။

" အဲ့ဒါကတော့ ရွှမ်ဟောင် မသေမျိုးဧကရာဇ်ရဲ့ဟာ ။ သူက နတ်ဆိုးမျိုးနွယ်ရဲ့ မသေမျိုးဧကရာဇ်တစ်ပါးပေါ့ကွာ ။ သူ့ရဲ့ တာအိုအစွမ်းက ထူးခြားတယ်ကွ... ရိုးရိုးသိုင်းကျင့်စဥ်တွေ မဟုတ်ဘဲ မီးကိုသန့်စင်တဲ့နည်း "

" မီးကို သန့်စင်တာ.. ဟုတ်လား "

လောထျန်း အံ့သြသွားသည်။

ရှီလုံက ဆက်ရှင်းပြ၏။

" ဟုတ်တယ်ကွ ။ သူ့ရဲ့ ကျင့်ကြံခြင်းက ခန္ဓာကိုယ်ထဲက အသက်မီးတောက်အစွမ်းကို ကျင့်ကြံတာပဲ ။ သူ့ရဲ့ အသက်မီးတောက် ပိုအစွမ်းထက်လေ​လေ ၊ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ပိုကြောက်စရာကောင်းလေပဲ "

" သူ ကျင့်ကြံခြင်းမှာ အောင်မြင်မှုကြီးကြီး ရပြီးတဲ့နောက်မှာ.. သူ့ကိုယ်ထဲက အသက်မီးတောက်က အားပြင်းလွန်းလို့ အကုန်ထုတ်လွှတ်လိုက်ရင် မသေမျိုးဧကရာဇ် ဆယ်ယောက်ကျော်လောက်ကို ချက်ချင်း မီးလောင်တိုက်သွင်းပစ်နိုင်တယ် ။ သူ့ရဲ့

ရည်မှန်းချက်ကတော့ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖို့အတွက် လုံလောက်တဲ့ နတ်ဘုရားအသက်မီးတောက်ကို ကျင့်ကြံဖို့ပဲ ။ ဒါ့ကြောင့်မို့လဲ သူက ဒီ မသေမျိုးပြောင်းလဲရေကန်အောက်ကို လာပြီးတော့ အရိုးတံခါးကနေ နတ်ဘုရားလမ်းစဥ်ကို လေ့လာဖို့ ကြိုးစားခဲ့တာ "

" ဒါပေမယ့် အဲ့ချိန်မှာ သူ့ရဲ့ အသက်အစွမ်းက ကုန်ခမ်းခါနီး ဖြစ်နေပြီမို့ အရိုးတံခါးရှေ့မှာပဲ သေသွားခဲ့ရတယ် ။ သူ ရည်မှန်းချက်ပြည့်ဖို့အတွက် နည်းနည်းလေးပဲ လိုတော့တာကွာ ။ ငါ ကြုံခဲ့ရသမျှ မသေမျိုးဧကရာဇ်သေဆုံးမှုတွေထဲမှာ သူ့အဖြစ်က ဝမ်းနည်းစရာ အကောင်းဆုံးပဲ "

လောထျန်းသည်လည်း ၎င်းကိုကြားပြီး သက်ပြင်းချမိသွားသည်။

တစ်ချိန်တည်းမှာပင် သူ အလင်းတန်းကို စိတ်ဝိဥာဥ်အစွမ်းဖြင့် လွှမ်းခြုံလိုက်ပါ၏။

ဝီ...

မကြာခင်တွင် သူ့ အသိစိတ်ပင်လယ်ထဲ၌ အကြောင်းရာများစွာ ပေါ်လာသည်။

" ကောင်းကင်ဘုံမီးတောက် အသွင်ပြောင်း သုံးဆယ့်သုံးနည်း ဆိုပါလား "

လောထျန်း အကြောင်းရာကို ဖတ်ကြည့်ရင်း မျက်ခုံးအနည်းငယ် ပင့်သွားသည်။

ရွှမ်ဟောင်မသေမျိုးဧကရာဇ်၏ ကျင့်ကြံခြင်းမှာ အတော်လေး ထူးခြားသည်ဟု ပြော၍ရပါသည်။

ထိုနည်းတွင် မိမိကိုယ်ထဲမှ အသက်မီးတောက်အား ဦးစွာတောက်လောင်စေပြီးမှ ၎င်းမီးတောက်အား အသွင်ပြောင်းစေခြင်း ဖြစ်၏။

၎င်းမီးတောက်အား သုံးဆယ့်သုံးကြိမ် အသွင်ပြောင်းလိုက်လျှင် မသေမျိုးဧကရာဇ် အဆင့်ရှိသည့် အသက်မီးတောက် ဖြစ်သွားပါသည်။

အကယ်၍ အခြား မသေမျိုးဧကရာဇ်တစ်ယောက်သာ ၎င်းမီးတောက်နှင့် ရင်ဆိုင်ရပါကလည်း ယာယီတိမ်းရှောင်ရန်မှလွဲ၍ အခြားနည်းမရှိပါချေ။

ထိုနည်း၏ ဖျက်ဆီးခြင်းအစွမ်းမှာ မသေမျိုးဧကရာဇ်များထဲ၌ ပြိုင်ဘက်ကင်း အထူးခြားဆုံးဟုပင် ပြောရမလို...

လောထျန်း စဥ်းစားနေရင်း အတွေးတစ်ခု ဝင်လာသည်။

ဝီ...

သူ့ မာရီဒျာန်အတွင်းထဲ၌ အသက်မီးတောက်ငယ်တစ်ခု စတင်လောင်ကျွမ်းလာ၏။

ထို့နောက် သူ့အတွေးပြောင်းသွားကာ အလင်းတန်းထဲတွင်ပါသော နည်းကို စတင်ကျင့်ကြံလိုက်သည်။

အသက်မီးတောက်၏ အစွမ်းက နောက်တစ်ဆင့်တက်သွား၏။

" ဒါ.. ပထမ အသွင်ပြောင်းခြင်းလား.. အဲ့လိုဆို ဆက်လေ့ကျင့်မယ်ကွာ "

လောထျန်း တွေးနေစဥ်မှာပင် သူ့ကိုယ်ထဲမှ

မီးတောက်က ရုတ်တရက်တိုးလာပြီး အထိန်းအကွပ် မဲ့တော့မလို ဖြစ်လာပါသည်။

ဝုန်း...

လောထျန်းတစ်ယောက် အဆင့်သုံးဆယ် အသွင်ပြောင်းခြင်းသို့ ရောက်ချိန်တွင် သူ့ အသက်မီးတောက်မှာ အလွန်ကြောက်စရာ ကောင်းနေခဲ့လေပြီ ။

" ဟင် ... အဆင့်သုံးဆယ် အသွင်ပြောင်းခြင်းကနေ ထွက်တဲ့မီးတောက်ကတောင် မသေမျိုးဘုရင်အဆင့် ရှိနေပြီလား ။ တကယ်ကို အစွမ်းထက်တာပဲ "

လောထျန်း စိတ်လှုပ်ရှားသွားပြီး အဆင့်သုံးဆယ့်တစ် အသွင်ပြောင်းခြင်းကို စရန်ပြင်လိုက်သည်။

သို့သော် ထိုစဥ်တွင် တစ်စုံတရာ လွဲနေသည်ကို သူ သတိထားမိလိုက်ပါ၏။

" အင်... အဆင့်သုံးဆယ့်တစ်ကို အသွင်ပြောင်းဖို့ လိုတဲ့အချိန်က အများကြီး တိုးသွားတာပဲ ။ ဒါကို ပြီး

ဖို့ဆို အနည်းဆုံး အချိန်တစ်နာရီလောက်တောင် လိုမှာ ။ အချိန်ဖြုန်းရာ ကျလိုက်တာကွာ "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အဲ့ဒါပြီးရင် အသွင်ပြောင်းဖို့ နောက်နှစ်ဆင့်တောင် ကျန်သေးတယ် ။ အဲ့နှစ်ခု ပြီးသွားရင်လဲ နတ်ဘုရားမီးတောက်က ရှိသေး... ဟူး... အချိန်တော်တော်ပုပ်တာပဲ "

သူ ထိုသို့တွေးပြီး အသက်မီးတောက်ကို အာရုံစိုက်မနေတော့ဘဲ သူ့အလလို တဖြည်းဖြည်းချင်း အဆင့်တက်လာစေရန်သာ ထားလိုက်ပါသည်။

သူ့မသိစိတ်ထဲတွင် ကျင့်ကြံနေဆဲဖြစ်ရာ ၎င်းက အလိုလို မတိုးတက်လာရာစရာအကြောင်း မရှိပါချေ။

ထိုစဥ် ရှီလုံက စကားဆက်သည်။

" ဒါပေမယ့်.. မင်းကို အဲ့နည်း မကျင့်ကြံဖို့တော့ အကြံပေးချင်တယ်ကွ။ ဘာလို့လဲဆိုတော့ ရွှမ်ဟောင်မသေမျိုးဧကရာဇ် ရဲ့ အဲ့နည်းက အချိန်တအားကုန်လို့ပဲ "

" ပထမဆုံး အသွင်ပြောင်းအဆင့်သုံးခုလေး ပြီးဖို့တောင် နှစ်တွေဆယ်ချီ ကြာတယ်ကွ ။ အဲ့ အသွင်ပြောင်း သုံးဆယ့်သုံးနည်းလုံးကိုသာ ပြီးဖို့ဆိုရင် ပါရမီ လုံလုံလောက်လောက် ရှိထားရင်တောင် နှစ်သိန်းပေါင်းများစွာ အသည်းအသန် မကျင့်ကြံဘဲ မရနိုင်ဘူး ။ ပြီးရင် လောလောဆယ် ငါတို့မှာက အဲ့လောက်အချိန်မရှိဘူးလေ "

ကြားလိုက်ရသောစကားကြောင့် လောထျန်း အနည်းငယ် အံ့သြသွားရသည်။

" အဲ့လောက်တောင် ကြာတာလား "

သူဆိုလျှင် အစောကလေးတင် စကျင့်ကြံခြင်းပြီး ဤမျှလည်း အချိန်မကုန်ခဲ့သေးပါချေ။

" ဒါပေါ့ကွ.. မသေမျိုးဧကရာဇ်ရဲ့ သိုင်းကျင့်စဥ်ကို အဲ့လောက်လွယ်တယ် ထင်နေတာလား "

ရှီလုံက နှာခေါင်းရှုံ့ရင်း ပြောသည်။

လောထျန်း ခပ်ရှက်ရှက်ဖြစ်သွားကာ မည်သို့မှ

လည်း မရှင်းပြချင်သဖြင့် နောက်အလင်းတန်းတစ်ခုကိုသာ အာရုံပြောင်းလိုက်သည်။

" အဲ့ဒါကတော့ မိုးကြိုးကိုးသွယ် မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်ပဲ ။ သူ ကျင့်ကြံတဲ့နည်းကတော့ မိုးကြိုးသိုင်းပေါ့ကွာ "

လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားကာ ယခင်နည်းအတိုင်း အလင်းတန်းထဲမှ အကြောင်းရာများအား သူ့ အသိစိတ်ပင်လယ်ထဲ ထည့်လိုက်သည်။

" မိုးကြိုးကိုးသွယ် လျှို့ဝှက်နည်းက ခန္ဓာကိုယ်ကို မိုးကြိုးအဖြစ် အသွင်ပြောင်းတာလား "

သူ့မျက်လုံးများ အရောင်လက်သွား၏။

၎င်းမှာ တိုက်ခိုက်နည်းနှင့် ခုခံနည်းကို စနစ်တကျ ရောစပ်ထားသည့် နည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် ရွှေ့ကွက်သိုင်းပညာများလည်း ပါဝင်ပါသေးသည်။

၎င်းက လောထျန်းအတွက် အလွန်အသုံးဝင်သည့် အမွေအနှစ်ပါပင် ။

သူ့ထံတွင် ခန္ဓာကိုယ်ရွှေ့ကွက်နှင့် ပတ်သက်၍

ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက် သိုင်းကျင့်စဥ် တစ်မျိုးတည်းသာ ရှိထားသေးသည် မဟုတ်ပါလား ။

ထို ကောင်းကင်ဘုံခန္ဓာကိုယ်ရွှေ့ကွက်ဖြင့် တမဟုတ်ချင်း တည်နေရာရွှေ့ပြောင်းနိုင်ပြီး ပြိုင်ဘက်ကင်းကျင့်စဥ်ဟု ပြော၍ရသော်လည်း...

တစ်ခါတရံတွင်မူ သူ့အတွက် အဆင်မပြေလှပါချေ။

သို့ဖြစ်ရာ ယခုလို ခန္ဓာကိုယ်ရွှေ့ကွက် သိုင်းကျင့်စဥ်အသစ်က များစွာပိုအဆင်ပြေစေပါသည်။

လောထျန်း ထိုအတွေးဖြင့် ကျင့်စဥ်အား တိတ်တဆိတ် လေ့လာလိုက်သည်။

ဝုန်း...

သူ့အသိစိတ်ပင်လယ်ထဲ၌ မိုးကြိုးလျှပ်စီးတစ်ခု ချက်ချင်းပေါ်လာ၏။

သူ ဆက်ကျင့်ကြံနေစဥ်တွင် ၎င်းမိုးကြိုးလျှပ်စီးက ပို

ပိုကြီးလာကာ ကောင်းကင်ဘုံပျက်စီးခြင်းလို ကြောက်စရာကောင်းလာခဲ့ပါသည်။

ဝီ...

ထိုစဥ်တွင် သူ့ အသိစိတ်ပင်လယ် အခြားတဖက်မှ အဆင့်သုံးဆယ် အသွင်ပြောင်း အသက်မီးတောက်ကလည်း မိုးကြိုးပျက်စီးခြင်းအစွမ်းကို အာရုံခံမိပုံဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ဝုန်း..

အသက်မီးတောက်က မိုးကြိုးအစွမ်းအနားသို့ တမဟုတ်ချင်း တိုးသွားကာ ၎င်းအား ဝါးမြိုပစ်မည့်ပုံ လုပ်လာပါသည်။

ဝုန်း...

မိုးကြိုးအစွမ်းကလည်း ၎င်းကို အာရုံခံမိပုံဖြင့် ပြန်တိုက်ခိုက်လာ၏။

" ဟင်.. "

လောထျန်း အံ့သြသွားရသည်။

ဘာတွေ ဖြစ်နေပါသလဲ...

သူ့ကိုယ်ထဲတွင် ကျင့်ကြံခြင်းနည်းနှစ်ခု တိုက်ခိုက်နေကြသတဲ့လား...

ဒေါသထွက်စရာ ကောင်းလှပေသည်။

" ဟေ့... ငြိမ်ငြိမ်နေကြစမ်း "

လောထျန်း ဒေါသတကြီးအော်ပြီး ထိုအစွမ်းနှစ်ခုကို ဖိနှိပ်လိုက်၏။

သို့သော် မိုးကြိုးအစွမ်းနှင့် မီးတောက်အစွမ်းတို့မှာ ထိပ်တိုက်တွေ့နေကြပြီဖြစ်ကာ တခဏမျှ လူခွဲမရ ဖြစ်နေပါသေးသည်။

၎င်းကိုမြင်ပြီး လောထျန်း မျက်နှာမဲ့သွား၏။

ဘာတွေပါလဲ..

သူ့ သိုင်းကျင့်စဥ်တွေက ဒီလောက်တောင် အမိန့်မ

နာခံဖြစ်နေပါသလား ။

" ဟမ့်... မင်းတို့တွေကို ချီးကျူးစောသွားတယ် "

လောထျန်း အေးစက်စက် နှာခေါင်းရှုံ့၍ သူ့ ကောင်းကင်ဘုံသိုင်းကျင့်စဥ်ကို စတင်အသက်သွင်းလိုက်သည်။

ဝီ...

ထိုတခဏ၌ သူ့အသိစိတ်ပင်လယ်ထဲရှိ အစွမ်းများ စီးဆင်းပုံ ပြောင်းလဲသွားကာ ကောင်းကင်ဘုံသိုင်းကျင့်စဥ်၏ အရောင်အဝါက တဖက်အစွမ်းနှစ်ခုအား ဖိနှိပ်လာ၏။

Chapter 966

The seven great friends

ဝုန်း...

ဝုန်း...

အစွမ်းနှစ်ခု ပြန်ခုခံရန် ကြိုးစားလိုက်ကြသေး၏။

သို့သော်..

ဝုန်း...

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ အစွမ်းနှစ်ခုလုံး ကောင်းကင်ဘုံသိုင်းကျမ်း၏ ဖိနှိပ်မှုကို ခံလိုက်ရပါတော့၏။

တခဏအကြာ လောထျန်းတစ်ယောက် ကောင်းကင်ဘုံသိုင်းကျမ်းကို ပြန်သိမ်းလိုက်ချိန်တွင်ကား မိုးကြိုးအစွမ်းရော ၊ မီးတောက်အစွမ်းပါ ငြိမ်သက်နေကြလေပြီ ။

" မသေမျိုးဧကရာဇ်တွေရဲ့ အမွေအနှစ်တေ် အကုန်လုံး အဲ့ပုံစံချည်းပဲလား မသိပါဘူးကွာ "

လောထျန်း ခေါင်းယမ်းရင်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ သူ မျက်လုံးပြန်ဖွင့်ကာ အခြားအလင်းတန်းတစ်ခုကို ကြည့်လိုက်၏။

ရှီလုံကလည်း လမ်းပြတစ်ယောက်အလား ထိုအလင်းတန်းပိုင်ရှင်အကြောင်းကို ချက်ချင်းရှင်းပြပါသည်။

လောထျန်းသည်လည်း ယခင်အတိုင်း ထိုအမွေအနှစ်၏ အကြောင်းအရာကို မှတ်သားပြီး တိတ်တဆိတ် ကျင့်ကြံလိုက်၏။

ဤသို့ဖြင့် မျက်စိတစ်မှိတ် အချိန်အတွင်းမှာပင် သူ အမွေအနှစ်များအားလုံးကို ရလိုက်ပါသည်။

ထိုစဥ် ရှီလုံက သက်ပြင်းချသည်။

" အခု ဒီမှာရှိနေတဲ့ အမွေအနှစ်တွေအားလုံးက မသေမျိုးဧကရာဇ်အဆင့် အခွင့်ကောင်းတွေချည်းပဲကွ။

မင်း နှစ်တစ်ထောင်အတွင်း အဲ့ထဲက အမွေအနှစ် တစ်ခု ၊ နှစ်ခုလောက်ရဲ့ အခြေခံလေးကို နားလည်အောင် လုပ်နိုင်ရင်တောင် ငါတို့အတွက် အနိုင်ရနိုင်ချေ တော်တော်များသွားမှာ "

" နှစ်တစ်ထောင်အတွင်း တစ်ခု ၊ နှစ်ခု.. ဟုတ်လား "

သူ့စကားကြောင့် လောထျန်း အနည်းငယ်အံ့သြသွားရသည်။

ရှီလုံ သက်ပြင်းချ၏။

" ငါပြောတဲ့အချက်က မင်းအတွက် မလွယ်နိုင်မှန်း သိပါတယ်ကွာ ။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးကွ ။ မင်း အဲ့လိုဖြစ်အောင် နည်းတစ်ခုခု ရှာမှဖြစ်မယ် "

သူ ထိုသို့ပြောပြီးနောက် အလင်းတန်းများကို လောထျန်းရှေ့ပို့ကာ စကားဆက်သည်။

" ဒီထဲက အမွေအနှစ်တွေအားလုံးကို မင်း ကြည့်ပြီးပြီဆိုတော့ ကြိုက်တဲ့ဟာကိုရွေး "

လောထျန်းက အိုးတို့အမ်းတမ်း ပြန်ပြော၏။

" ဟို.. သခင်ကြီး ၊ ကျုပ် ရွေးစရာမလိုဘူးဗျ "

" ဟင်.. မင်းစကားက ဘာအဓိပ္ပါယ်လဲ ။ လက်လျှော့လိုက်ပြီဆိုတဲ့သဘောလား ။ ကောင်လေး ၊ ဒီဟာ တစ်ခုချင်းစီတိုင်းက အင်မတန်ကို အဖိုးတန်လှတဲ့ အခွင့်ကောင်းတွေနော် ။ မင်းက မရွေးဘူးလား "

ရှီလုံ၏ အသံထဲတွင် ဒေါသငွေ့တို့ သိသိသာသာပင် ပါနေသည်။

လောထျန်း ချက်ချင်းပြန်ပြောရှာ၏။

" မဟုတ်ပါဘူးသခင်ကြီးရယ် ၊ အထင်လွဲတာပါ ။ ကျုပ် ဒီအမွေအနှစ်တွေ အားလုံးကို လေ့လာပြီးသွားပြီဗျ "

တဖက်မှ ရှီလုံ တိတ်သွားသည်။

" လေ့လာပြီးသွားပြီ.. ဟုတ်လား ၊ လေ့လာပြီးပြီလို့ ပြောလိုက်တာလား ။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

အချိန်အတန်ကြာမှ ရှီလုံ ထပ်မေး၏။

လောထျန်း ရှက်သွားကာ ပြောသည်။

" ကျုပ် ပြောတဲ့အဓိပ္ပါယ်က စကားအတိုင်းပဲလေ "

ရှီလုံ သက်ပြင်းချလိုက်သည်။

" ကောင်လေး ၊ မလေ့လာချင်ဘူးဆိုလဲ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွာ ။ ဘာလို့ မဟုတ်တဲ့အကြောင်းပြချက်တွေ ပေးနေတာလဲ "

ဤတစ်ကြိမ်တွင်ကား သူ့လေသံထဲမှ စိတ်ပျက်ဟန်ကို လောထျန်း အထင်းသားခံစားမိလိုက်ပါသည်။

လောထျန်း ချက်ချင်းရှင်းပြရန် ကြိုးစားလိုက်၏။

" သခင်ကြီး ၊ ကျုပ် မလေ့လာချင်တာ မဟုတ်ဘူးဗျ ။ တကယ်ကို လေ့လာလို့ပြီးသွားတာပါ "

သူ ပြောနေရင်း သူ့စကားအား တဖက်လူမယုံမည်ကို စိုးကာ လက်တစ်ဖက်ယမ်းလိုက်သည်။

ချွှင်...

သူ့လက်ချောင်းကြားမှ အားပြင်းပြီး ကြောက်စရာကောင်းလှသော ဓားစိတ်ဆန္ဒတစ်ခု ထွက်လာ၏။

" ဟင်.. ဒါက... ဓားသခင် မသေမျိုးဧကရာဇ်ရဲ့ ဓား

စိတ်ဆန္ဒလား "

ရှီလုံ တုန်လှုပ်သွားရတော့သည်။

ထို ဓားစိတ်ဆန္ဒက လုံးဝ မမှားနိုင်ပါ ။

၎င်းမှာ ဓားသခင်မသေမျိုးဧကရာဇ်၏ ဓားစိတ်ဆန္ဒပင် ။

ထို့အပြင် ဓားစိတ်ဆန္ဒ၏ အစွမ်းကို ကြည့်ရသည်မှာလည်း ဓားသခင်မသေမျိုးဧကရာဇ်ထက် နည်းနည်းလေးသာ အစွမ်းပိုနိမ့်ပုံရပါသည်။

" မင်း.. အဲ့ဓားသိုင်းကို အရင်က လေ့လာခဲ့ဖူးလို့လား "

၎င်းမှာ လက်ရှိ ရှီလုံ၏ခေါင်းထဲ ပေါ်လာသည့် တစ်ခုတည်းသော ဖြစ်နိုင်ချေပါပင် ။

သို့သော် လောထျန်းက ရှင်းပြရမည့်အစား သူ့လက်ဝါးကို ထပ်ယမ်းပါ၏။

ဝုန်း...

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အောက်ကမ္ဘာ

တံခါး ပွင့်သွားသည့်အလား ယင်နှင့်ယွမ်အစွမ်းများ အဆုံးမဲ့ ထွက်ပေါ်လာကြသည်။

" အဲ့ဒါ... လှိုဏ်ဂူလက်ဝါး သုံးသွယ်လား ... ယင်နဲ့ ယွမ်အစွမ်း... "

ရှီလုံတစ်ယောက် ထပ်ပြီး တုန်လှုပ်သွားရပြန်သည်။

ထိုစဥ် လောထျန်းက သူ့ဘယ်လက်ကို ထပ်ယမ်းပါ၏။

ဝီ..

သူ့လက်ထဲမှ အသက်မီးတောက်တစ်ခု ထွက်လာသည်။

" အဆင့်သုံးဆယ့်တစ် အသွင်ပြောင်း အသက်မီးတောက်လား ... "

ရှီလုံတစ်ယောက် အံ့သြတုန်လှုပ်ခြင်းကြီးစွာ ဖြစ်နေရတော့၏။

သို့သော် သူ့စကား ဆုံးချိန်မှာပင်..

ဝုန်း...

မီးတောက်များ၏ အစွမ်းက တမဟုတ်ချင်း တိုးသွားပါသည်။

" ဟင်.. အခု.. အဆင့်သုံးဆယ့်နှစ်တောင် ရောက်သွားပြီပဲ "

လောထျန်း ပြော၏။

" ဒါ.. အဆင့်သုံးဆယ့်နှစ်.. ဟုတ်လား ။ အဆင့်သုံးဆယ့်သုံး အသွင်ပြောင်းခြင်းကိုရောက်ဖို့ တစ်ဆင့်လေးပဲ လိုတော့တာပေါ့ "

ရှီလုံ တုန်လှုပ်စွာဆိုသည်။

အဆင့်သုံးဆယ့်သုံး သို့သာ ရောက်သွားပါက အသက်မီးတောက် မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်သွားမည် မဟုတ်ပါလား ။

လောထျန်းက ခေါင်းညိတ်၍ ပြန်ပြောသည်။

" အဆင့်သုံးဆယ့်သုံးက နည်းနည်းခက်တယ် "

ရှီလုံ တိတ်သွား၏။ ထို့နောက် အဆင့်သုံးဆယ့်သုံး

သို့ ရောက်ရန် မည်မျှခက်ကြောင်း သူကိုယ်တိုင်လည်း သိထားပြီးဖြစ်သဖြင့် လောထျန်းအား လက်မလျှော့ရန်အတွက် နားချစကားဆိုမည့်ဟန် ပြင်လိုက်သည်။

သို့သော် ထိုစဥ် လောထျန်းက ဆက်ပြောပါ၏။

" ကျုပ် ခန့်မှန်းကြည့်ရသလောက်ဆိုရင် အဆင့်သုံးဆယ့်သုံး အသွင်ပြောင်းခြင်းကိုရောက်ဖို့ နောက်ထပ် လေး၊ငါး နာရီလောက် ကြာဦးမယ်ထင်တယ် "

ရှီလုံ.. : " .............. "

သူ စကားပင် ပြောချင်စိတ် မရှိတော့ပါ ။

ထိုစဥ်တွင် လောထျန်းက လက်ကိုထပ်ယမ်း၍ အခြား မသေမျိုးဧကရာဇ်များ၏ အမွေအနှစ်များကို တစ်ခုပြီးတစ်ခု ဆက်ထုတ်ပြပါသည် ။

အစပိုင်းတွင် သံသယဖြစ်နေခဲ့သော ရှီလုံတစ်ယောက်မှာလည်း ယခု လောထျန်း၏စကားများကို လုံးဝ ယုံနေလေပြီ ။

သို့သော် သူ ထိုသို့ယုံလာလေလေ ပို၍လည်း ခေါင်းကြီးလာလေပင် ။

ထိုလူငယ်လေး၏ ပါရမီမှာ တဆိတ် ကြောက်စရာကောင်းလွန်းနေသည် မဟုတ်ပါလား ။

၎င်းအလင်းတန်းများမှာ မပြည့်စုံသည့်တိုင် မသေမျိုးဧကရာဇ်များ၏ အမွေအနှစ်များ ဖြစ်ပါသည်။

ပုံမှန်လူတစ်ယောက်အဖို့ အမွေအနှစ် တစ်ခုတည်းကို လေ့လာရန်ပင် နှစ်သောင်းနှင့်ချီကာ အချိန်ယူရပါ၏။

သို့သော် လောထျန်းကမူ မျက်စိတစ်မှိတ် အချိန်လေးအတွင်း အားလုံး လေ့လာပြီးသွားခဲ့လေပြီ ။

ထိုလူငယ်လေးက...

ထိုစဥ် လောထျန်းက ရှီလုံကိုကြည့်ကာ မေးလာ၏။

" ဟို.. သခင်ကြီး ၊ တခြား အမွေအနှစ်တွေ ကျန်သေးလား "

သူ့မေးခွန်းကြောင့် ရှီလုံတစ်ယောက် ဆွံ့အသွားရပြန်ပါသည်။

အချိန်အတန်ငယ်ကြာမှ သူ အသိပြန်ဝင်ကာ ပြော၏။

" မင်းက အမွေအနှစ်ကို ဘာထင်နေတာလဲကွ ။ အမှိုက်များ ထင်နေလား ။ ဒါတွေက မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်တွေ ။ အဲ့ဒါတွေကိုရဖို့ ငါ့အသက်ကိုတောင် စွန့်စားခဲ့ရတာကွ။ ငါက တခြားဘယ်နေရာမှာ သွားရှာရဦးမှာလဲ "

ထိုစကားကို ကြားချိန်တွင် လောထျန်းတစ်ယောက် စိတ်ပျက်သွားဟန် တူပါသည်။

" ကျုပ် နားလည်ပါပြီ.. ဟူး... "

ရှီလုံ ခေတ္တမျှ ဆွံ့အသွားပြန်ပြီးမှ တစ်ခုခုပြန်ပြောရန် ပြင်လိုက်၏။

သို့သော် ထိုစဥ်တွင်..

ဝုန်း...

ဂူအပြင်ဘက်၌ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာသည်။

" ဟင် ... ဒီအရောင်အဝါက ... မဖြစ်ဘူး ၊ အဲ့ဒါ ရှေးဟောင်းသားရဲရဲ့ အရောင်အဝါပဲ "

ရှီလုံ တအံ့တသြ ရေရွတ်လိုက်သည်။

" ရှေးဟောင်းသားရဲ.. ဟုတ်လား "

လောထျန်း ဂူအပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ရှီလုံက သူ့အား ရှင်းပြရှာ၏။

" ဒါပေမယ့်.. စိတ်မပူနဲ့ကွ ။ ဒီရှေးဟောင်းသားရဲတွေက ငါ့ရဲ့ ပုံရိပ်ယောင်ကို ထွင်းဖောက်ပြီး မမြင်နိုင်ဘူး ။ ငါတို့ ဒီမှာပဲနေပြီးတော့ သူတို့ကို လျစ်လျူရှုထားရင် ဒီကောင်တွေ ခဏနေပြန်ဆုတ်သွားကြလိမ့်မယ် "

သို့သော် သူ့စကားဆုံးချိန်မှာပင် အသံကျယ်တစ်သံ ကြားလိုက်ရပါသည်။

ဝုန်း...

ကြောက်မက်ဖွယ် အစွမ်းတစ်ခုကလည်း ဂူအပြင်ဘက်ရှိ ကန့်သတ်ချက်များကို ဖြိုခွဲပစ်လိုက်ပါ၏။

" ဘယ်လိုဖြစ်ပြီးတော့ ... "

ရှီလုံ တုန်လှုပ်သွားရတော့သည်။

၎င်းကိုမြင်သော လောထျန်းသည်လည်း မျက်ခုံးပင့်သွားကာ သူ့ စိတ်စွမ်းအင်ကိုသုံး၍ ရှီလုံ၏ နဂါးလက်ချောင်းအရိုးများအား ဖုံးကွယ်ထားလိုက်သည်။

ဝုန်း...

ထိုစဥ်မှာပင် တိုက်ခိုက်မှု ရောက်လာခဲ့ပါ၏။

" ဒါ... "

ရှီလုံ တုန်လှုပ်သွားရပြန်တော့သည်။

လောထျန်း၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုကြောင့် သူ့စိတ်ဝိဥာဥ်ရော ၊ ခန္ဓာကိုယ်ပါ ပျက်စီးသွားရမည် မဟုတ်ပါလား ။

" မဖြစ်နိုင်တာ.. ဒီကောင်တွေက ငါ့ရဲ့ ပုံရိပ်ယောင်ကို ဘယ်လိုလုပ်ပြီး ထွင်းဖောက်မြင်နေနိုင်ရတာလဲ ။ ပြီးခဲ့တဲ့နှစ်တွေမှာ အဲ့လို တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလေ "

ရှီလုံ မယုံနိုင်စွာ ဆိုလိုက်သည်။

ထိုစဥ်တွင် ဂူအပြင်ဘက်၌ ဧရာမ မျက်လုံးကြီးတစ်လုံး ပေါ်လာ၏။

ထိုမျက်လုံးကြီးမှာ သွေးနီရောင်ပေါက်နေပြီး ကြောက်မက်ဖွယ် အလွန်ကောင်းကာ လူသတ်အရိပ်အငွေ့တို့ဖြင့်လည်း ပြည့်နေပါသေးသည်။

" ဒါ... တကယ်ကြီးလား "

၎င်းမျက်လုံးကိုမြင်ပြီး ရှီလုံတစ်ယောက် အလန့်တကြား ဖြစ်သွား၏။.

လောထျန်းက သတိထားမေးသည်။

" သခင်ကြီး ၊ အဲ့ဒါ ဘာလဲ "

ရှီလုံ အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" အဲ့ဒါ အရိုးတံခါးကို စောင့်ကြပ်နေတဲ့ ကြောက်စရာအကောင်းဆုံး သားရဲခုနစ်ကောင်ထဲက တစ်ကောင်ပဲကွ ၊ အပေါင်းသင်း ခုနစ်ဖော်ပေါ့ "

All Chapters