အခန်း (၉၇၁+၉၇၂)
Vol. 67 Ch. 971+972
Chapter 971
Nine revolutions wind demon
ထိုအသံများကို ကြားပြီးနောက် ရှီလုံက အလန့်တကြားပြောသည်။
" ကောင်လေး ၊ ကြောက်စရာအကောင်းဆုံး သားရဲကြီးတွေ အကုန်ရောက်လာကြပြီ "
သူ ထိုစကားအား လောထျန်းကို သတိထားစေလိုသောကြောင့် ပြောလိုက်ခြင်းပင် ။
သို့သော် လောထျန်းကမူ သူ့စကားကိုကြားပြီး ထူးဆန်းစွာပင် မျက်လုံးများ အရောင်လက်သွား၏။
" အားလုံး ရောက်လာကြပြီ ဟုတ်လား.. ဒါဆို အဲ့သုံးယောက်မှာလဲ နတ်ဘုရားသွေးအစွမ်း ရှိကြမှာပေါ့ "
လောထျန်းစကားကြောင့် ရှီလုံ အံ့သြသွားရသော်လည်း ပြန်ဖြေလိုက်ပါသည်။
"ဟုတ်တယ် "
" ကောင်းလိုက်တာ "
လောထျန်းက စိတ်လှုပ်ရှားစွာ ဆို၏။
ရှီလုံတစ်ယောက် ဆွံ့အသွားရပြန်ပါသည်။
ထိုစဥ်မှာပင် အစွမ်းထက်အရောင်အဝါများ၏ ပိုင်ရှင်သုံးယောက် ရောက်လာကာ လောထျန်းနှင့် ရှီလုံတို့ ထွက်ပြေးမည်ကို စိုးရိမ်သည့်အလား ဝိုင်းထားလိုက်ကြပါ၏။
" ဟင်.. ရွှယ်ချန်း ၊ ဘာတွေဖြစ်နေတာလဲ "
သူတို့သုံးယောက်ထဲမှ တစ်ယောက်က ရွှယ်ချန်း၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိကာ တအံ့တသြ မေးလာသည်။
" ငါ ဒဏ်ရာနည်းနည်း ရသွားလို့ပါ "
ရွှယ်ချန်းက အံကြိတ်၍ ပြန်ပြော၏။
" ဒဏ်ရာရတယ်.. ဟုတ်လား ။ ရွှယ်ချန်း ၊ ဘာမဟုတ်တဲ့ ကောင်းကင်ဘုံနဂါးရဲ့ အရိုးအကြွင်းအကျန်က မင်းကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာလား ။ မင်းက နတ်ဘုရားသခင်ကြီးရဲ့ သွေးအစွမ်းကို အမွေရထားရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီး
တော့ အဲ့လောက်တောင် အသုံးမကျရတာလဲ "
ရွှယ်ချန်း၏ မျက်လုံးများ ဒေါသရောင်လက်သွားသည်။
" ဖုန့်ကျယ် ၊ မင်း သေချင်နေပြီလား "
ဖုန့်ကျယ်ဆိုသူက ရယ်သည်။
" ဘာလဲ.. ငါပြောတာ မှားလို့လားကွ "
ရွှယ်ချန်းက ပြန်ရန်တွေ့ရန် ပြင်စဥ်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်လာသည်။
" မင်းတို့နှစ်ကောင် စကားများမနေကြနဲ့ "
တဖက်လူနှစ်ယောက်လုံး ချက်ချင်းတိတ်သွားကြသည်။
တဖက်မှ ရှီလုံက လောထျန်းဘေးသို့သွားကာ သူ့အား ရှင်းပြ၏။
" ကောင်လေး ၊ အဲ့သုံးယောက်က ကြောက်စရာ အင်မတန်ကောင်းတဲ့ သားရဲသုံးကောင်ဖြစ်တဲ့ ဖုန့်ကျယ် ၊ ရန်ယွမ် နဲ့ လိုင်လောင် တို့ပဲ "
လောထျန်း ခေါင်းအသာညိတ်ကာ သားရဲသုံးကောင်အား စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ထိုစဥ် တဖက်မှ လိုင်လောင်က အေးစက်စက်ပြော၏။
" ရွှယ်ချန်း ၊ မင်း ဘယ်လိုလုပ်ပြီးတော့ ဒဏ်ရာရသွားခဲ့တာလဲ. ဟိုနဂါးအရိုးက ထူးဆန်းတဲ့အစွမ်းတွေ ရထားလို့လား "
ကျန်သားရဲနှစ်ကောင်ကလည်း ရွှယ်ချန်းဘက် လှမ်းကြည့်လိုက်ကြသည်။
ရွှယ်ချန်းက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေ၏။
" ကျုပ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ နဂါးအရိုးမဟုတ်ဘူး ။ ဟိုကောင်လေးပဲ "
" ဘယ်လို.. "
သူ့စကားကြောင့် လိုင်လောင်နှင့် ကျန်နှစ်ယောက် အံ့သြမှင်သက်သွားကာ လောထျန်းအား အံ့သြတကြီး ကြည့်လိုက်ကြသည်။
အချိန်အတန်ကြာသွားပြီးမှ ဖုန့်ကျယ်က ထရယ်၏။
" ရွှယ်ချန်း ၊ မင်း စိတ်မှနှံ့သေးရဲ့လား ။ ဒီကောင်လေးက မင်းကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ပေါ့ ။ မင်းသာ မပြောလို့ရှိရင် ငါ အဲ့ကောင်ကို သတိတောင်ထားမိမှာ မဟုတ်ဘူး ။ အဲ့လို အစွမ်းနိမ့်တဲ့ ကောင်လေးက မင်းကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ပေါ့ "
ရန်ယွမ်ကလည်း မျက်မှောင်ကြုံ့၍ ဆိုသည်။
" ရွှယ်ချန်း ၊ စတယ်နောက်တယ်ဆိုတာလဲ အတိုင်းအတာ ရှိတယ်နော် "
လိုင်လောင်သည်လည်း မည်သို့မှ မပြောသည့်တိုင် ရွှယ်ချန်းအား အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေပါ၏။
ရွှယ်ချန်း မျက်နှာမဲ့သွားသည်။
" ငါ မင်းတို့ကို လိမ်နေတာမဟုတ်ဘူးကွ ။ အဲ့ကောင်က တကယ်ကိုအစွမ်းထက်တယ် "
ဖုန့်ကျယ်က လှောင်ပြုံးဖြင့် ပြောသည်။
" အစွမ်းထက်တယ်.. ဟုတ်လား ။ ဒါဆို ပြောစမ်းပါဦး.. ဘယ်နားလေးမှာ အစွမ်းထက်တာလဲ ။
သူ့စကားကိုကြားပြီး ရွှယ်ချန်းတစ်ယောက် အစောကတိုက်ပွဲအား ပြန်မြင်ယောင်မိသွားကာ တုန်လှုပ်စွာ ပြောလိုက်သည်။
" ဒီကောင်က.. ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားတံစဥ် ကို သုံးနိုင်တယ်ကွ "
" ဘာ.... "
တဖက်မှ သားရဲသုံးယောက် အံ့သြမှင်သက်သွားကြသည်။
သို့သော် တခဏအကြာတွင် သူတို့သုံးယောက်လုံး၏ မျက်လုံးထဲ၌ ဒေါသရိပ်များ ပေါ်လာကြပါ၏။
" ရွှယ်ချန်း ၊ မင်းက ပိုပိုပြီး လွန်လာတာပါလားကွ ။ နတ်ဆိုးနတ်ဘုရားတံစဥ် ဆိုတာ နတ်ဘုရားသခင်ကြီးရဲ့ နတ်ဘုရားအစွမ်းကို အမွေရထားတဲ့သူတွေသာ သုံးနိုင်တာလေ ။ အဲ့ကောင်က ဘာကြောင့်မို့ သုံးနိုင်ရမှာလဲ "
ရန်ယွမ် ပြောလိုက်သည်။
" ဟုတ်တယ် ရွှယ်ချန်း ၊ ရယ်စရာကောင်းတာတွေ ပြောမနေစမ်းပါနဲ့ "
သူတို့သုံးယောက်ထဲမှ အစွမ်းအထက်ဆုံး လိုင်လောင်ကလည်း မကျေနပ်ပုံဖြင့် ပြော၏။
ရွှယ်ချန်းက အောင့်သက်သက် မျက်နှာဖြင့် ပြန်ပြောပါသည်။
" ငါ တကယ်ကို မလိမ်ပါဘူး ။ ဒီကောင်က ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားတံစဥ် ကိုသုံးပြီး တိုက်ခိုက်နိုင်ခဲ့ရုံမကဘူး ၊ ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားတံစဥ် သိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ပြီးတော့ တည်နေရာရွှေ့ပြောင်းနိုင်သေးတယ် ။ ငါ့ရဲ့ သိုင်းကွက်က သူ့ဆံပင် နှစ်ချောင်းကိုပဲ ပြတ်အောင်လုပ်နိုင်ခဲ့တာ "
သူ့စကားကြောင့် လိုင်လောင် ပိုပို၍ ဒေါသထွက်လာဟန်တူပါ၏။
နတ်ဆိုးနတ်ဘုရားတံစဥ် တွင် နတ်ဘုရားများ၏ အစွမ်း ပါဝင်ပါသည်။
အခြားသူများ မဆိုထားဘိ ၊ သူတို့ သားရဲခုနှစ်ကောင်ထဲတွင် အစွမ်းအထက်ဆုံးဖြစ်သော လိုင်လောင်သည်ပင် ရွှယ်ချန်း၏ နတ်ဆိုးနတ်ဘုရားတံစဥ် နှင့် ရင်ဆိုင်ရပါက သက်တမ်းတစ်ဝက်ခန့် ဆုံးရှုံးသွားရမည် ဖြစ်ပါ၏။
သို့သော် ယခု ၎င်းသိုင်းကွက်က တဖက်မှကောင်လေး၏ ဆံပင်နှစ်ချောင်းတည်းကိုသာ ပြတ်အောင်လုပ်နိုင်ခဲ့သည်ဟု ရွှယ်ချန်းက ပြောနေပါသည်။
" ရွှယ်ချန်း ၊ ငါတို့ကို အဲ့လိုတွေလျှောက်ပြောရတာ ပျော်စရာကောင်းတယ်များ ထင်နေတာလား "
လိုင်လောင်၏ ဒေါသတကြီး အော်သံနှင့်အတူ သူ့ကိုယ်မှလည်း အလင်းတန်းများ ပေါက်ထွက်လာသည်။
သူ၏ အေးစက်စက် မျက်လုံးများကလည်း ရွှယ်ချန်းထံမှ မခွာပါချေ။
ရွှယ်ချန်းက တအံ့တသြ ပြန်ပြော၏။.
" ငါက ဘယ်တုန်းကများ လျှောက်ပြောခဲ့လို့လဲ "
လိုင်လောင် အံကြိတ်လိုက်သည်။
" မင်းရဲ့ နတ်ဆိုးနတ်ဘုရားတံစဥ် က သူ့ရဲ့ ဆံပင်နှစ်ချောင်းကိုပဲ ပြတ်အောင်လုပ်နိုင်ခဲ့တယ်.. ဟုတ်လား ။ အဲ့လိုအစွမ်းမျိုးနဲ့ဆို နတ်ဘုရားသခင်ကြီးနဲ့တောင် ယှဥ်လို့ရနေပြီကွ။ ဒီကောင်ကသာ အဲ့လောက်ကြီး တကယ်အစွမ်းထက်တယ်ဆိုရင် သူနဲ့ တိုက်ခိုက်မနေဘဲ ထွက်ပြေးနေရမှာလေ "
ရွှယ်ချန်းက တုန်လှုပ်စွာ ပြန်ပြောရှာ၏။
" ငါကလဲ.. အဲ့လိုပြေးဖို့ပဲ စဥ်းစားနေတာ... "
လိုင်လောင်၏ မျက်လုံးများထဲ လူသတ်အရိပ်အငွေ့တို့ ဖုံးမနိုင်ဖိမရ ပေါ်လာပါတော့သည်။
သို့သော် ထိုစဥ်တွင်..
" ဟား ဟား.. ရွှယ်ချန်း ၊ မင်းက တကယ့်ကိုငကြောက်ပဲကွ။ ဘာမဟုတ်တဲ့ လူသားတစ်ယောက်ဆီကနေ ထွက်ပြေးချင်တယ်ပေါ့ ။ ကောင်းပြီလေ.. သူ့ကို မင်း မတိုက်ခိုက်ရဲဘူးဆိုရင် ငါပဲ လုပ်လိုက်မယ် "
ဖုန့်ကျယ်က လှောင်ပြုံးဖြင့် ပြောပြီး လောထျန်းဆီ
လျှောက်သွားလိုက်၏။
" ဖုန့်ကျယ် ၊ ငါ နောက်နေတာ မဟုတ်ဘူးနော် ။ သူ့ကို မတိုက်ခိုက်နဲ့ "
ရွှယ်ချန်း အလန့်တကြား အော်လိုက်သည်။
သို့သော် ဖုန့်ကျယ်က သူ့စကားကို အရေးမစိုက်ပါချေ။
ရွှယ်ချန်းတစ်ယောက် စိုးရိမ်တကြီး ဖြစ်သွားကာ လိုင်လောင်ဘက် လှမ်းကြည့်လိုက်၏။
" လိုင်လောင် ၊ သူ့ကို မြန်မြန်တားလိုက်ပါ "
" ပါးစပ်ပိတ်ထားစမ်း "
လိုင်လောင်က ဒေါသတကြီး ပြန်အော်သောကြောင့် ရွှယ်ချန်း တိတ်သွားရပါသည်။
ထိုစဥ် တဖက်မှ ဖုန့်ကျယ်က လောထျန်းရှေ့ ရောက်သွားကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" လူသားကောင်လေး ၊ ရွှယ်ချန်း ဒီလောက်ကြောက်သွားအောင် မင်း ဘယ်လိုနည်းတွေသုံးပြီး ခြောက်လိုက်လဲဆိုတာတော့ ငါမသိဘူး ။ ဒါပေမယ့် ဒီ
ကောင်က အမှိုက်မို့လို့ အဲ့လိုဖြစ်ရတာ ။ အခု ငါနဲ့ ရင်ဆိုင်ရမှာဆိုတော့ မင်း ကံဆိုးတာပေါ့ကွာ "
လောထျန်းက သူ့ရှေ့သို့ ရောက်လာသော လူနှင့်မတူသည့် ဧရာမ သားရဲကြီးကို မော့ကြည့်၍ တအံ့တသြ ပြောသည်။
" ဒါဆို မင်းက သူ့ထက် ပိုအစွမ်းထက်တာပေါ့ "
ဖုန့်ကျယ်က အသံကျယ်ဖြင့် အော်ရယ်၏။
" အများကြီး ပိုအစွမ်းထက်တာပေါ့ကွာ "
လောထျန်း ခေါင်းကို အလေးနက်ညိတ်လိုက်သည်။
ဖုန့်ကျယ်က ရွှယ်ချန်းဘက် တစ်ချက်လှည့်ကြည့်ကာ တွေးပါသည်။
" ရွှယ်ချန်းက ဘယ်လိုကြောင့် အဲ့လိုဖြစ်သွားရလဲဆိုတာ မသိပေမယ့်... သူ တအားကြောက်နေပုံထောက်ရင်တော့ ဒီကောင်လေးက တစ်ခုခုထူးခြားရမယ် ။ ဒီတော့ ဘယ်လိုမတော်တဆမျိုးမှ မဖြစ်ရအောင် ငါ အစောတည်းက အစွမ်းကုန်ထုတ်သုံးတာ ကောင်းလိမ့်မယ် "
ထိုသို့တွေးပြီး သူ့အရောင်အဝါများကို ချက်ချင်း
စုစည်းလိုက်ပါ၏။
ဝုန်း...
သူ့ကိုယ်အတွင်းတွင်လည်း နတ်ဘုရားအစွမ်းများ ရုတ်ချည်းလှည့်ပတ်လာသည်။
" အိုး.. ဖုန့်ကျယ်က အစောကြီးတည်းက သူ့ရဲ့ အစွမ်းအထက်ဆုံး အကွက်ကို ထုတ်သုံးနေတာလား "
၎င်းကိုမြင်ပြီး ရန်ယွမ် အံ့သြသွားပါသည်။
လိုင်လောင်သည်လည်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" ဟို ကောင်းကင်ဘုံနဂါးအရိုးက ဉာဏ်များလွန်းတယ် ။ အဲ့တော့ အစောကြီးတည်းက အစွမ်းပြည့်သုံးပြီး ဒီကောင့်ကိုသတ်တာ ကောင်းတယ် "
ထိုစဥ်မှာပင် ဖုန့်ကျယ်၏ အစွမ်းစုစည်းခြင်း ပြီးသွားခဲ့ပါသည်။
" လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ် "
ထို့နောက် အော်သံကျယ်တစ်သံနှင့်အတူ ဖုန့်ကျယ် လှုပ်ရှားသွား၏။
ဝုန်း...
သူ့လက်ထဲ၌ ကြောက်မက်ဖွယ် လေဆင်နှာမောင်းတစ်ခု ရုတ်ချည်း စုစည်းလာကာ လောထျန်းအား လွှမ်းခြုံလာသည်။
ထို လေဆင်နှာမောင်းကြီးထဲ၌ နတ်ဘုရားအစွမ်း ပါဝင်နေသည့်အပြင် ကြောက်မက်ဖွယ် သွေးဆာနေသော နတ်ဆိုးအရိပ်များလည်း တချက်တချက် ပေါ်လာပါသေး၏။
၎င်းလေပြင်း တစ်ချက်တည်းဖြင့်ပင် လေထုကို ပြိုကွဲသွားအောင် လုပ်ပစ်တော့မလို...
" ဒီကောင်က ပိုအစွမ်းထက်လာတာလား ။ သူသာ အပြင်ကမ္ဘာမှာ ရှိနေရင် နေကိုတောင် အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်မလားမသိဘူး "
ရှီလုံ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
Chapter 972
Hundred turns of wind demon
သိုင်းကွက်ကို အောင်အောင်မြင်မြင် ထုတ်သုံးပြီးနောက်တွင် ဖုန့်ကျယ်က ရွှယ်ချန်းဘက်လှည့်၍ ပြောသည်။
" အဲ့လောက်ပဲလားကွာ ... ရွှယ်ချန်း ၊ ငါ့သိုင်းကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ကောင်က မင်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ပေါ့.. "
ရွှယ်ချန်းက အေးစက်စက် ပြန်ပြောသည်။
" ဖုန့်ကျယ် ၊ သတိမလွတ်ဖို့ မင်းကို ငါအကြံပေးလိုက်မယ် "
ဖုန့်ကျယ်က နှာခေါင်းရှုံ့သည်။
" ဒီကောင်က ငါ့သိုင်းကွက်အောက်တောင် ရောက်သွားပြီဟာကို.. သူ အသက်ရှင်နိုင်မယ် ထင်လို့လား "
တဖက်မှ ရှီလုံက တအံ့တသြ ရေရွတ်၏။
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ဖုန့်ကျယ်က ရှီလုံဘက် ချက်ချင်းလှမ်းကြည့်ပြီး ရယ်သည်။
" အဲ့အကွက်က လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ် ကွ "
" အဲ့ဒါ ဘာထူးလို့လဲ "
ဖုန့်ကျယ်နောက်မှ တစ်ယောက်က မေးပါသည်။
ဖုန့်ကျယ် ရယ်လိုက်ပြန်သည်။
" ထူးခြားတာပေါ့ကွ ။ အဲ့ လေနတ်ဆိုးအစွမ်းကို နတ်ဘုရားသခင်ကြီး ငါ့ကိုပေးထားတဲ့ နတ်ဘုရားအစွမ်းနဲ့ ဖန်တီးထားတာ "
" အဲ့ လေနတ်ဆိုးအစွမ်းကို အဆင့်တွေလဲ ခွဲထားသေးတယ် ။ အဲ့အဆင့်တွေထဲမှာ အဆင့်တစ် လေနတ်ဆိုးအစွမ်းကတော့ အနိမ့်ဆုံးပေါ့ကွာ ။ အစွမ်းအထက်ဆုံးကတော့ အဆင့်တစ်ဆယ် ။ ငါသာ အဲ့အဆင့်တစ်ဆယ် လေနတ်ဆိုးအစွမ်းကို ထုတ်သုံးရင် လိုင်လောင်တောင်မှ မယှဥ်နိုင်ဘူး "
" ဒါပေမယ့်.. ငါ လေနတ်ဆိုးအစွမ်းကို ထုတ်သုံးတဲ့
အကြိမ်တိုင်းမှာလဲ တစ်ခါနဲ့တစ်ခါ အစွမ်းတွေမတူကြဘူး ။ အများအားဖြင့်တော့ ငါ အဆင့်သုံး ၊ ဒါမှမဟုတ် အဆင့်လေး လေနတ်ဆိုးအစွမ်းကိုပဲ ထုတ်သုံးနိုင်တာ "
" ဒါပေမယ့် ဒီတစ်ခေါက်တော့ ငါ ပထမဆုံးအကြိမ်မှာတင် အဆင့်ကိုး လေနတ်ဆိုးအစွမ်းကို ထုတ်လိုက်နိုင်တယ် "
" မင်းတို့သိထားရမှာက.. ပုံမှန်ဆိုရင် ငါ အကြိမ်တစ်ရာလောက် ကြိုးစားကြည့်ရင်တောင် အဲ့လိုအဆင့် အစွမ်းမျိုးကို မထုတ်နိုင်ဘူးကွ ။ ဒါပေမယ့် ခုတော့ ပထမဆုံးအကြိမ်မှာတင် အဲ့လိုအဆင့် အစွမ်းမျိုး ထုတ်လိုက်နိုင်တာ ။ အင်း.. စဥ်းစားကြည့်တော့မှာ ဒီကောင်လေး တော်တော်ကံဆိုးရှာတာပဲ "
" အဲ့လိုလား.. "
သူ့နောက်မှလူက ပြောသည်။
" ဒါပေါ့ကွ "
ဖုန့်ကျယ်က ရယ်ရင်းပြန်ပြော၏။
ထိုစဥ်မှာပင် ရွှယ်ချန်းက ရုတ်တရက်အော်ပြောသည်။
" ဖုန့်ကျယ်.... "
" ဟင်... "
ဖုန့်ကျယ် အံ့သြသွားကာ ရွှယ်ချန်းအား မျက်စောင်းဖြင့် လှမ်းကြည့်လိုက်၏။.
" မင်းက ဘာလို့ အော်နေရတာလဲ ၊ ဒေါသထွက်နေလို့လား ။ အဲ့ဒါ မင်း အသုံးမကျလို့ ဖြစ်ရတာလေ .. ဒီလိုဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကိုတောင် ရှုံးရတယ်လို့ "
တဖက်မှ ရွှယ်ချန်းက အသံတုန်တုန်ဖြင့် ထပ်ပြောသည်။
" မဟုတ်ဘူးကွ.. နောက်ကို လှည့်ကြည့်လိုက်ဦး "
" ကြည့်ရမယ် ဟုတ်လား ၊ ဘာကိုကြည့်ရမှာလဲ "
ဖုန့်ကျယ်က စိတ်မရှည်ဟန်ဖြင့် ပြန်ပြော၏။ သူ ရွှယ်ချန်းကို ကြည့်သည့်အကြည့်တွင်လည်း ဒေါသငွေ့များ ပါနေပါသည်။
သို့သော် ထိုစဥ်တွင်..
" ရွှယ်ချန်း ၊ မင်းနောက်မှာ.. "
ရန်ယွမ်ကလည်း တအံ့တသြ ပြောလာသည်။
" ဟင်... "
ဖုန့်ကျယ် အနည်းငယ် အံ့သြသွားရ၏။
ရွှယ်ချန်း၏ စကားကို သူ သိပ်ဂရုမစိုက်လှသော်လည်း ယခု ရန်ယွမ်ကပါ ဘာဖြစ်နေပါသနည်း ။
"ဖုန့်ကျယ် ၊ နောက်ကို မြန်မြန်လှည့်ကြည့်လိုက်ဦး "
ဤတစ်ကြိမ်၌ လိုင်လောင်ကပါ တအံ့တသြ ပြောလာသည်။
လိုင်လောင်၏ စကားကို ကြားချိန်တွင်ကား ဖုန့်ကျယ်တစ်ယောက် ကျောရိုးထဲမှ ချမ်းစိမ့်သွားပါ၏။
သူ လိုင်လောင်၏ အကျင့်ကို ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား ။
သူ့လိုလူတစ်ယောက်သည်ပင် အလန့်တကြား ဖြစ်နေသည်ဆိုပါက တစ်ခုခုထူးနေလေပြီ ။
ဖုန့်ကျယ် ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင်ကား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ ကျောရိုးထဲမှ ချမ်းစိမ့်သွားရပြန်ပါ၏။
အဘယ့်ကြောင့်ဆိုသော် သူ့နောက်တွင် လောထျန်းက အတွေးနယ်ချဲ့နေပုံဖြင့် ရပ်နေသောကြောင့်ပင် ။
" မင်း.. ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေသေးတာလဲ "
သူ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ တစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ရှီလုံဘက် လှမ်းကြည့်လိုက်ပါ၏။
" ကောင်းကင်ဘုံနဂါးအရိုး ၊ အဲ့ဒါ မင်းရဲ့ ပုံရိပ်ယောင် မဟုတ်လား ။ ခုနက ငါ့သိုင်းကွက်က ဟိုကောင်လေးကို ထိမသွားခဲ့ဘူး မဟုတ်လား "
သို့သော် ဤတစ်ကြိမ်တွင် ရှီလုံ ဘာမှပြန်မပြောနိုင်ခင် လိုင်လောင်က အေးစက်စက် ဝင်ပြောပါ၏။.
" မဟုတ်ဘူး ဖုန့်ကျယ် ။ ခုနက မင်းရဲ့သိုင်းကွက်က အဲ့ကောင်လေးကို သေချာထိသွားတယ် "
" ဘယ်လို... "
ဖုန့်ကျယ် အံ့အားသင့်သွားကာ လောထျန်းဘက် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုံ့၍ ပြော၏။.
" မဖြစ်နိုင်တာ.. သူ့ကို ထိသွားတယ်ဆိုရင် အခု ဒီကောင်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ "
လိုင်လောင် အချိန်အတန်ငယ်ကြာ တိတ်သွားပြီးမှ ပြန်ပြောသည်။
" မင်း ယုံချင်မှတော့ ယုံလိမ့်မယ် ။ ဒါပေမယ့် မင်းရဲ့ လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ်က သူ့ဆီကို တည့်တည့်ကြီးဝင်သွားခဲ့တာ ။ အဲ့နောက်တော့ မင်း တခြားဘက်လှည့်ပြီး စကားပြောနေတာလေ "
" ဒါပေမယ့် အဲ့ချိန်မှာ ဒီကောင်လေးက မင်းရဲ့ လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ်ထဲက လေလမ်းကြောင်းကို ပြောင်းပြန်ပြန်လှည့်ပြီးတော့ မင်းရဲ့လေ
နတ်ဆိုး အသွင်ပြောင်းကိုးသွယ်ကို ရပ်ခဲ့တာပဲ "
လိုင်လောင်က ဖြစ်သွားခဲ့သည်များကို မယုံနိုင်ဟန်ဖြင့် ပြောသည်။
လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ်အား ထိုသို့ တားနိုင်သူမျိုး သူတစ်ခါမှ မတွေ့ဖူးခဲ့ပါချေ။
" ဘယ်လိုပြောလိုက်တယ်.. လေလမ်းကြောင်းကို ရပ်လိုက်တယ်.. ဟုတ်လား "
ဖုန့်ကျယ် လုံးဝ မယုံနိုင် ဖြစ်နေပါ၏။
" ဟုတ်တယ်ကွ ၊ ငါတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတာ ။ သူ တကယ်ကို တားနိုင်ခဲ့တာ "
ရန်ယွမ်ကလည်း အံကြိတ်ကာ ပြောသည်။
" ဒါ.... "
သူတို့အားလုံး၏ စကားကို ကြားပြီးနောက်တွင်ကား ဖုန့်ကျယ် စယုံလာပါသည်။
ထိုသို့ ပိုယုံလာလေလေ ၊ သူ ပိုစိုးရိမ်လာလေပါပင် ။
ထိုစဥ် တဖက်မှ လောထျန်းက အားရပါးရ လက်ခုပ်တစ်ချက်တီး၍ ပြောလာ၏။
" သြော်... သဘောပေါက်ပြီ "
" ဟင်... "
ဖုန့်ကျယ် လန့်သွားပြီး နောက်သို့ ချက်ချင်းခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက် လောထျန်းအား အလန့်တကြား ကြည့်ကာ ပြော၏။.
" မင်းက ဘာကိုနားလည်တာလဲ "
လောထျန်းက ရယ်ရင်း ပြန်ပြောပါသည်။
" မင်း ခုနကသုံးလိုက်တဲ့ သိုင်းကွက်ကို နားလည်သွားတာလေ "
" မင်း ပြောတာ ဘယ်လို... "
ဖုန့်ကျယ် တအံ့တသြ ပြန်မေးလိုက်သည်။
ထိုစဥ်မှာပင် လောထျန်းက လေထဲလက်မြှောက်ကာ သိုင်းကွက်အချို့ လုပ်လိုက်ပါ၏။
တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ အစွမ်းတချို့ စုစည်းလာသည်။
" မင်း.. ဘာတွေလုပ်နေတာလဲ "
တစ်စုံတစ်ခု လွဲနေပြီမှန်း ဖုန့်ကျယ် သတိထားမိကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် .. ထိုစဥ်တွင် လောထျန်း လှုပ်ရှားသွားပါ၏။
" လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ်.. "
လောထျန်း၏ အော်သံစူးစူးလည်း ထွက်လာသည်။
အားလုံး ၎င်းကိုမြင်ပြီး မှင်သက်ကုန်ကြ၏။
" ဘယ်လိုဖြစ်ပြီး .... "
ထိုအထဲ၌ ဖုန့်ကျယ်က အဆိုးဆုံးပင် ။
သူ့ကိုယ်ပိုင် သိုင်းကွက်ဖြစ်သော.. လေနတ်ဆိုး အသွင်ပြောင်းကိုးသွယ် ကို... ထိုလူသားက တတ်မြောက်သွားခဲ့သတဲ့လား...
" လူသားကောင်လေး ၊ ဟန်ဆောင်မနေနဲ့ ။ မင်းက ငါ့ရဲ့သိုင်းကွက်ကို ဘယ်လိုကြောင့် သုံးနိုင်မှာလဲ ။ လေ
နတ်ဆိုးအစွမ်းက ဘာဆိုတာတောင် မင်းနားလည်မှာ မဟုတ်ဘူး "
ဖုန့်ကျယ် ဒေါသတကြီး အော်လိုက်သည်။
ထိုစဥ်မှာပင် လောထျန်းက လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်၏။
ဝုန်း...
ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီး တစ်ခု ရုတ်ချည်းပေါ်လာသည်။
" ဒါ... "
ဖုန့်ကျယ်တစ်ယောက် ၎င်းကိုကြည့်ပြီး လွန်စွာ တုန်လှုပ်သွားရတော့သည်။
ထို့နောက်တွင်ကား.. သူ အပိုင်းပိုင်း ကြေမွသွားပါတော့၏။
သူ သေခါနီးလေးတွင်လည်း သူ့ကို ဝန်းရံထားသည့်အစွမ်းအား ခံစားမိရင်း အတွေးတစ်ခု ဝင်မိသွားသေးသည်။
" ဒါ... လေနတ်ဆိုးအစွမ်း အဆင့် တစ်ရာပဲ.. "
ဇွတ်...
သူ့အတွေး ဆုံးစဥ်မှာပင် လေနတ်ဆိုးအစွမ်းကြောင့် သူ့ခန္ဓာကိုယ်ရော စိတ်ဝိဥာဥ်ပါ အပိုင်းပိုင်း ဖြစ်သွားရပါတော့သည်။
ဝုန်း...
တဖက်တွင်ကား လည်နေသော လေပြင်းနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာသည်။
" ကောင်လေး၊ အခုရပ်လိုက်တော့ ။ မင်း ငါ့ကို သတ်မိတော့မယ် "
ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားနေရသော ရှီလုံတစ်ယောက် လောထျန်းအား ကြောက်လန့်တကြား အော်ပြောလိုက်၏။
လောထျန်းမှာလည်း သူ့စကားကိုကြားမှ အံ့သြသွားပုံရကာ လေနတ်ဆိုး အသွင်ပြောင်းတစ်ရာထဲသို့ ချက်ချင်းဝင်သွားလိုက်သည်။
ဝုန်း ..
ထို့နောက်တွင် သူ့ကိုယ်ကို လေလမ်းကြောင်း ပြောင်းပြန်လည်၍ အဆင့်တစ်ရာ လေနတ်ဆိုးအား တားလိုက်ပါ၏။
" စိတ်မရှိပါနဲ့ဗျာ ။ ကျုပ် အဲ့အစွမ်းကို အကဲဖြတ်တာ နည်းနည်းမှားသွားတယ် ။ ကျုပ်က ဒီသိုင်းကွက်ကို အဲ့လောက်အစွမ်းမပြင်းဘူး ထင်နေတာ ။ တကယ်တော့ ဖုန့်ကျယ်က အစွမ်းနိမ့်လွန်းလို့သာ သိုင်းကွက်မှာ ပြဿနာဖြစ်သွားရတာပဲ "
လောထျန်းက ခြောက်ကပ်ကပ်ရယ်ရင်း ဆိုသည်။
တဖက်မှ သားရဲသုံးယောက်: " ................. "
ဖုန့်ကျယ်မှာ သေသွားခဲ့သည့်တိုင် လောထျန်း၏ မရည်ရွယ်ဘဲ အရှက်ခွဲခြင်းကို ခံလိုက်ရသေး၏။
ရှီလုံသည်လည်း ဘာပြောရမှန်းမသိဘဲ ဆွံ့အနေပါတော့သည်။
ထိုစဥ် တဖက်မှ လိုင်လောင်က အံကြိတ်ပြီး ရွှယ်ချန်းဘက်သို့ လှည့်ကြည့်ကာ ပြောသည်။
" ဒါဆို.. မင်းပြောခဲ့တာတွေအားလုံး အမှန်တွေပေါ့ "
ရွှယ်ချန်းက မျက်နှာပျက်စွာဖြင့် ခေါင်းညိတ်၏။
" အမှန်တွေပေါ့ကွာ.. ငါက ဘာလို့လိမ်ရမှာလဲ ။ ငါ အစောတည်းက အမှန်တွေပြောနေခဲ့ပေမယ့် မင်းတို့က မယုံခဲ့ကြဘူးလေ "
လိုင်လောင်တစ်ယောက် ခေတ္တမျှ ဆွံ့အနေပြီးမှ အလန့်တကြား အော်လိုက်သည်။
" ပြေးကြဟေ့ "
မပြေး၍လည်း ရပါမည်လား ။
ဤမျှ ကြောက်စရာကောင်းလှသော ဘီလူးမျိုးနှင့် ရင်ဆိုင်စဥ်တွင် ထွက်မပြေးပါက သေရန်ထိုင်စောင့်နေသည်နှင့် မခြားပါချေ။
ဝုန်း... ဝုန်း... ဝုန်း...
ကြောက်စရာကောင်းလှသော သားရဲကြီးသုံးကောင် တစ်ပြိုင်တည်းနီးပါး ဦးတည်ရာစုံသို့ ထွက်ပြေးလိုက်ကြတော့သည်။
သို့သော် .. သူတို့ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးစဥ်မှာပင်..
ဝီ...
သူတို့ရှေ့၌ အချုပ်အနှောင် လှောင်အိမ်တစ်ခု ကျလာပါ၏။