← Chapters

အဲ့ဒီတစ်ယောက်နဲ့ဘာဆိုင်လို့လဲ(၁)

Vol. 17 Ch. 231

အဲ့ဒီတစ်ယောက်နဲ့ဘာဆိုင်လို့လဲ(၁)

Vol. 17 Ch. 231

'ဘယ်မှာလဲ…'

ချွန်းမြောင်က သူဆင်းလာသည့်အချိန်တွင် ရေကန်ထဲသို့ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

'ဒီနေရာကြီးက အဆုံးမရှိသလိုပဲ မြင်ရတာက…’

ကြည့်ရတာ ကန်ရေက ရေကန်အသေးနှင့် ရေကန်အကြီးကြားရှိ တစ်နေရာ၌ ရှိနေပုံရသည်။ထို့ကြောင့် အပြင်ဘက်တွင် အလွန်ကြီးမားပုံမပေါ်သော်လည်း ၎င်း၏အနက်သည် အခြားရေကန်များနှင့် တကယ်ကို ကွဲပြားနေ၏။

ယခုမှပင် သူ မြွေကြီးက ဤနေရာတွင် မည်သို့နေထိုင်နိုင်ကြောင်းကို အတိအကျ နားလည်ခဲ့ရသည်။ နိမ့်သွားလေလေ မှောင်လေလေဖြစ်သည်။

သာမာန်အားဖြင့် ရေက ကြည်လင်နေခဲ့လျှင် အောက်ခြေကို ချက်ချင်း တန်းမြင်နိုင်သည်။သို့သော် နတ်ဘုရားရေကန်သည် အလွန်နက်သောကြောင့် အလင်းရောင်ပင်လျှင် ၎င်း၏အတိမ်အနက်ကို မထိုးဖောက်နိုင်ပေ။

ချွန်းမြောင်သည် မင်ရောင်အကြေးခွံရှိသော သွေးစပါးအုံးမြွေနောက်သို့ ဆက်လိုက်လာခဲ့သည်။

'ငါ့သေရမယ်ဆိုရင်တောင် မင်းကိုသတ်ပစ်ရမယ်…'

ချွန်းမြောင်က နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်၏။

ဆေးပင်က တစ်မျိုးတည်းဖြစ်သော်လည်း သူ့မှာ ထိုအရာအတွက် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ထို့ကြောင့် သူကြုံခဲ့ရသော ဒုက္ခဆင်းရဲများကို သူ့အား ဒုက္ခပေးခဲ့သူထံ ပြန်လည် ပေးအပ်လိုက်မှသာ ယဉ်ကျေးရာကျမည်ဟု သူ တွေးခဲ့သည်။ထိုအရာက သားရဲတိရစ္ဆာန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုမြွေကြီးတွင် ထွက်ပြေးဖို့ သတ္တိရှိနေတာကို သူ မယုံနိုင်ပေ။

'လုံးဝ ယဉ်ကျေးမှုကို မရှိဘူး…'

သေချာတာတစ်ခုက ထိုအရာက လက်မြှောက် အရှုံးပေးလိုက်ရင်တောင် ချွန်းမြောင်ကတော့ အရှုံးပေးလာသည်ကို လက်ခံမည့်လူတော့ မဟုတ်ပါ။

နောက်ပြီး ထိုအရာက သူကိုယ်တိုင် အရှုံးမပေးရင်တောင် သူကတော့ အခြေအနေပေးခိုက် အခွင့်အရေးကို ရအောင်ယူမှာပင်။သိုင်းလောကမှာ အဲဒါက အခြေခံပဲ မဟုတ်ဘူးလား။တာအိုဝါဒီရဲ့ ကျမ်းတွေထဲမှာ အဲ့ဒီလိုပဲ ပြောထားတာ သေချာသည်။

-မိုက်မဲလိုက်တဲ့ ကောင်စုတ်လေး…

'အဲ့ဒီလိုမဟုတ်ဘူးလား…ဒါဖြင့် ထားလိုက်ပါတော့…'

ကောင်းပါပြီ။အဲဒါက တာအိုဝါဒီ ဒါမှမဟုတ် ချင်းမင်ရဲ့ နည်းလမ်း မဟုတ်လောက်ပေမယ့် ချွန်းမြောင်ရဲ့ နည်းလမ်း ဖြစ်နိုင်တယ်လေ။

'မြွေ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းဆီကို ငါလာခဲ့မယ်…'

ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဦးစိုက်ထိုးဆင်းနေစဉ်တွင် ချွန်းမြောင်၏ မျက်လုံးများသည် ရူးသွပ်မှုဖြင့် တောက်ပနေခဲ့သည်။သူ၏ဘေးနားဝန်းကျင်ရှိ အရာအားလုံး ပိန်းပိတ်အောင် မှောင်းမည်းနေပြီဖြစ်သော်လည်း ချွန်းမြောင်၏မျက်လုံးများက တစ်စုံတစ်ခုကို မြင်နေရဆဲဖြစ်သည်။

ဟုတ်ပြီ။အခုလေးတင် သူ တစ်ခုခု လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်...

'အမ်…'

'တစ်ခုခု လှုပ်ရှားသွားတယ်...'

ထန်း…

ချွန်းမြောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တစ်စုံတစ်ခုနှင့် တိုက်မိပြီး တွန်းဖယ်ခံလိုက်ရ...မဟုတ်သေးဘူး သူသည် မြေပြင်ပေါ်ရှိ ပင်လယ်ရေမှော်များကြောင့် မျောပါသွားပြီးနောက် ရေများပန်းထွက်ရာ အပေါက်တစ်ပေါက်နှင့် ဝင်တိုက်မိလေသည်။

"ဂါးးး"

သူကသာ အော်ဟစ်နေပေမယ့် ရေထဲမှာ ရှိနေသောကြောင့် အသံမထွက်ပါ။

အသိပြန်ဝင်လာသည့် ချွန်းမြောင်က သူ၏ခေါင်းကို လှည့်လိုက်သည်။

'အဲဒါဘာကြီးလဲ…'

ချက်ချင်းပင် သူ၏သံသယများမှာ ပြေပျောက်သွားလေသည်။

ဝုန်းးးဝုန်းးးဝုန်းးး

ရေကန်တစ်ခုလုံးသည် ဟိန်းဟောက်နေဟန်နှင့် ရေများက ချွန်းမြောင်ဆီသို့ ပြေးဝင်လာကြသည်။

'ရေဗုံးလားဟ'

လူသားတစ်ယောက်ခန္ဓာကိုယ်ထက် ကြီးမားသော ရေဗုံးကြီးသည် ချွန်းမြောင်ဆီသို့ ပျံသန်းလာခဲ့သည်။ကြည့်ရတာ မြွေကြီးက လုပ်နေပုံရသည်။

'မင်းကတော့ ဒီလို ခပ်တုံးတုံးကိစ္စတွေ ဆက်လုပ်နေတာပဲ…'

'ဒီလိုအချိန်မျိုးမှာ...'

'အိုး…'

"အားးး"

ချွန်းမြောင်မှာ ရေဗုံးကြီးကို မရှောင်နိုင်ဘဲ အားပြင်းသောရေစီးကြောင်းကြီးဖြင့် မျောပါသွားကာ ဂျင်တစ်ခုကဲ့သို့ ချာလည်ပတ်ရမ်းသွားလေသည်။

အ သူ ရေနည်းနည်းတောင် မျိုချမိသွားတယ်။

'အဲ့ဒီအစုတ်ပလုတ်ကောင်ကတော့လေ…'

မြွေကြီးက ရေထဲတွင် နေထိုင်သူဖြစ်သောကြောင့် ချွန်းမြောင်ထက် အသာစီးရနေလေသည်။သူတို့တွေ ရေ အပြင်တွင်သာ တိုက်ခိုက်နေခဲ့ကြလျှင် သူ ဒီရေဗုံးကို အလွယ်လေး ရှောင်နိုင်လောက်သည်။

ထို့ပြင် မြွေကြီးက ချွန်းမြောင်ကို ရေထဲတွင်သတ်ရန်က အရေးကြီးသည်ဟု တွေးနေပုံရသည်။ထို့ကြောင့် သူ့ကို ဤနေရာသို့ ဆွဲဆောင်ခေါ်ယူခဲ့တာဖြစ်သည်။သို့သော် စစ်သည်တွေက သာမန်လူတွေထက် ရေထဲမှာ အသက်ပိုအောင့်နိုင်သည်ဟု သိထားကြသည်။

မြွေကြီးက ဒါကို သတိထားမိသောကြောင့် အကွာအဝေးကို တွက်ချက်ပြီး ချွန်းမြောင်က ထိုအရာအနားမကပ်တာ သေချာအောင် ကြိုးစားခဲ့သည်။သူ့ကို နောက်ပြန်ဆုတ်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်သည်။

ဒါပေမယ့်…

‘ဟုတ်သား မြွေဆိုးမြွေညစ်ကောင်…'

' ဘယ်ကသတ္တိနဲ့ မင်းခေါင်းကိုသုံးပြီး ငါ့ကိုရိုက်ရဲတာလဲ…’

ချွန်းမြောင်က သူ့ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ ပစ်လိုက်သည်။

သို့သော် သူက ဓားကို မဆွဲထုတ်ခင်မှာ သူ့ခန္ဓာကိုယ်ကို ပို၍ပေါ့အောင်လုပ်လိုက်ပြီး ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

ရွှတ်…

ဓားသည် လျင်မြန်သော ရွေ့လျားမှုဖြင့် ရေကိုပိုင်းဖြတ်သွားလေ၏။

အုန်းးး…

အုန်းးး…

နောက်ထပ် ရေဗုံးများစွာ ထပ်မံ ပစ်ခတ်လာခဲ့သော်လည်း ချွန်းမြောင်၏ဓားက ရှေ့သို့ ကြိုရောက်နေပြီး ရေဗုံးအားလုံးမှာ ပြင်းထန်စွာ ကွဲကုန်သည်။

'ဟိုမှာပဲ…'

ရေကန်အောက်ခြေကို သူ့ဓား၏အလင်းရောင်ကနေ မြင်လိုက်ရသဖြင့် ချွန်းမြောင်၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာခဲ့သည်။အဝေးတစ်နေရာတွင်လည်း မြွေတစ်ကောင် ခွေနေသည်ကို သူမြင်လိုက်ရသည်။

တစ်နေရာတည်းမှာ ဘယ်လောက်ပဲ ပြေးနေပါစေ အဆိပ်ခတ်မိဖို့ စောင့်နေသည့် ကြွက်တစ်ကောင်သာ ဖြစ်သည်။မဟုတ်ဘူး…သွားစရာနေရာမရှိသော မြွေတစ်ကောင်သာ ဖြစ်သည်။

ချွန်းမြောင်သည် ၎င်းဆီသို့ တည့်တည့်ကူးခတ်သွားလိုက်သည်။

ရေထဲတွင် ဧရာမမြွေကြီးတစ်ကောင်ကို တိုက်ခိုက်ရသည်မှာ သူ၏ လက်ရှိခွန်အားနှင့်ဆို စိတ်ရောကိုယ်ပါ ပင်ပန်းနေရသည်။သို့သော် သူသည် ထို‌မြွေကြီးကို သတ်ပြီး ၎င်း၏ဦးခေါင်းကို ခုတ်ဖြတ်နိုင်လျှင် ထိုက်တန်သည်ဟု တွေးမိခဲ့သည်။

ထို့နောက် မြွေကြီး၏အတွင်းအင်္ဂါများကို ထုတ်ယူပြီး ၎င်းထံ ပြန်ပို့‌ပေးမည်။

‌မြွေကြီးက သူ့ရှေ့ကလူမှာ ကြောက်စရာကောင်းသည့် အရာတစ်ခုခုကို စီစဉ်နေမှန်း သိပုံရသည်။ထို့ကြောင့် ၎င်း၏အမြီးကို အားကုန် လွှဲယမ်းကာ သူ့ဆီသို့ ‌လာနေ၏။

'အာ့ မင်းပါးစပ်လေးကို ဖွင့်ပြီး ငါ့ကိုစားရင် ပိုလွယ်လိမ့်မယ်နော်'

ထို့နောက် သူ ခေါင်းကို တည့်တည့်ဝင်တိုးကာ ၎င်း၏ဗိုက်ကို ခွဲပစ်မည်။

သို့သော် ဤမြွေကြီးသည် ထူးထူးခြားခြား ဉာဏ်ကောင်းနေခဲ့ပြီး သမားရိုးကျ မှန်းဆ၍ရသော အရာများကို မလုပ်ခဲ့ပေ။ချွန်းမြောင်က ၎င်းကို အတွင်းပိုင်းမှ ဖွင့်ထုတ်စုတ်ဖြဲရန် စီစဉ်နေမှန်း သဘောပေါက်သွားတာ ဖြစ်နိုင်သည်။

ဝှစ်…

မည်းမှောင်နေသော အမြီးကြီးက သူ့ဆီ လာနေသည်ကို မြင်သောအခါ ချွန်းမြောင်၏ မျက်လုံးများမှာ တောက်ပလာလေသည်။ဒီလို ထိပ်တိုက် တိုက်ခိုက်မှုကို လက်ခံလိုက်လျှင် သူ နောက်ပြန်ဆုတ်ရမယ်မှန်း သိထားသည်။ဒါကြောင့် ထိုသို့လုပ်မည့်အစား။

လက်သီးကို တင်းတင်းဆုပ်ထားကာ

ချွန်း‌မြောင်က သူပြန်သိမ်းယူလာသည့် ဓားကို အသင့်ပြင်ပြီး ဓားထဲကို ချီထည့်လိုက်၏။

'လာစမ်းပါ…

'မင်း အခု ပြေးလို့မရတော့ဘူး…'

မြွေကြီးက သူ့အမြီးတွင် ဓားတစ်ချောင်းနှင့် လူတစ်ယောက် ကပ်တွယ်လိုက်ပါနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ချွန်းမြောင်ကို ၎င်း၏ခန္ဓာကိုယ်ပေါ်မှ ခါချရန် အသည်းအသန် ကြိုးစားလေ၏။

သို့သော သူ ဘာပဲလုပ်လုပ် ဓားရော ဓားကိုင်ထားတဲ့လူရော ပြုတ်ကျမသွားပေ။၎င်း၏အမြီးက ရေကန်၏ ကြမ်းပြင်မှာ ထိရိုက်မိသည့်အချိန်မှာတောင် လူသားက လက်မလွှတ်သေးပေ။

အခုအချိန် ထို‌မြွေကြီးဘက်က မြင်နေရသည့် တစ်ခုတည်းသော အခြားနည်းလမ်းမှာ သူ့အမြီးသူ ကိုက်လိုက်တာပင်။သို့သော် ထိုအရာမှာ လူသားဘက်က ဖြစ်စေချင်ခဲ့သည့် အရာပင်ဖြစ်၏။၎င်း၏ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လူသားက ထိုအရာကို အမြတ်ထုတ်မှာဖြစ်သည်။

ထိုသို့ မလုပ်နိုင်မှန်း သိလိုက်သည့်အတွက် မြွေကြီးက အမြီးကို လွှဲယမ်းပြီး ရေကန်ကြမ်းပြင်ကို ရိုက်ကာ နောက်ပြန်ဆုတ်လိုက်၏။

'ဟုတ်သား…ငါ မြွေရဲ့ခေါင်းကိုလည်း ရိုက်ခွဲပစ်ရမယ်…’

ချွန်းမြောင်က မြွေ၏အမြီးတွင် စိုက်နေသည့် သူ့ဓားကို အမြန်ဆွဲထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်ကာ သူဆီသို့ လာနေသော မြွေခေါင်းကြီးဆီသို့ ဓားဖြင့် ထိုးချလိုက်သည်။

ရေအောက်ထဲမှာမို့ ချွန်းမြောင်၏ စွမ်းအားမှာ အပြည့်အဝ မဟုတ်ပေ။သူ့ဓား၏ ထက်ရှမှုနှင့် ထိရောက်မှုကပင် အရှိန်အဝါလျော့နေပုံပေါ်သည်။

ဒုန်းးး…

ချွန်းမြောင်၏ဓားသည် နှာခေါင်းအနောက်ဘက်တွင် စိုက်နေ၏။မြွေကြီးက နာကျင်စွာဖြင့် ပါးစပ်ကို ချက်ချင်း ဖွင့်လိုက်သော်လည်း မဆိုင်းမတွပင် ပြန်စေ့လိုက်၏။

ချွန်း‌မြောင်က ဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

'ငါ့ကို ပေးစမ်းပါ…အဲဒီ သားရဲအမြုတေကို ပေး…မင်း မြွေယုတ်မြွေဆိုး…'

မြွေကြီးက ချွန်းမြောင်ကို သဲကြီးမဲကြီးဖြင့် ဆက်လက် ခါချနေဆဲဖြစ်သည်။

‌မြွေကြီးက သူ့မျက်နှာသူ အမြီးနှင့် အကြိမ်ကြိမ် ဆက်ရိုက်နေ၏။သူ့ကိုသူ အဆက်မပြတ် ထုရိုက်နေခဲ့တာမို့ဖြစ်နိုင်သည်။နှာခေါင်းဆီက နာကျင်မှုမှာ ပိုပိုတိုးလာလေသည်။

‘ဒီလိုဖြစ်နေတာကလေ မင်းက သားရဲတိရစ္ဆာန်တစ်ကောင်ဖြစ်နေလို့ပဲ…'

နေရာကျဉ်းတော့ကျဉ်းပေမယ့် ၎င်းးသည် ရေကန်အလယ်မှာနေခြင်းဖြင့် လွတ်မြောက်နိုင်ပါသည်။နောက်ပြီး ချွန်းမြောင်မှာ အနည်းငယ်တော့ ထိခိုက်မိလောက်မည်။

သို့သော် ဒါက ၎င်း၏အလေ့အကျင့်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သလို တကယ့်ကို တုံးအတာလည်း ဖြစ်နိုင်၏။သို့ရာတွင် ၎င်းက ရှောင်ဖို့မစဉ်းစားဘဲ ရေကန်၏နံရံတွင် အဆက်မပြတ် ကပ်တွယ်နေဆဲဖြစ်သည်။

ဒါကိုပင် ‌ကျေးဇူးတင်ရမည်။ထိုအတွက်ကြောင့် ပျက်စီးမှုအတိုင်းအတာ တော်တော်တန်တန် စုပုံလာခဲ့သည်။

'အမ် လေက…'

ချွန်းမြောင်က မြွေကြီးကို မျက်နှာပိတ်ကန်ပြီး နည်းနည်းလောက် နောက်ပြန် ကူးလိုက်၏။ထို့နောက် သူ့ဓားကို ရှေ့သို့ ထပ်၍ ထိုးလိုက်သည်။

အချိန်ပိုကြာနေလျှင် အသက်ရှူရန် လေနည်းလာသည်က သူ့အတွက် ဒုက္ခဖြစ်လာနိုင်သောကြောင့် ထိုမြွေကြီးကို ချက်ချင်း အဆုံးသတ်ပစ်မှရမည်။ချွန်းမြောင်က သူ့ကိုယ်သူ အသင့်ပြင်လိုက်၏။ဓား၏ကျိုးနေသောအစွန်းဖက်တွင် ခရမ်းရောင်တောက်နေပြီး အလင်းရောင်က ရေထဲတွင် ပျံ့နှံ့သွားလေသည်။

ယခုအချိန်တွင် ရေကန်ထဲက အရာအားလုံးကို မြင်နေရသည်။

ယခုအခါ မြွေကြီးသည် ၎င်း၏မျက်နှာ၊အမြီးနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာကြီးကြီးမားမား ရရှိထား၏။ယခင်ကတော့ ရေထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်သူက ဒီနေရာကနေ ပြန်ပြေးဖို့ ရည်ရွယ်ချက် မရှိပုံပေါ်သည်။

မြွေကြီး၏အကြေးခွံအားလုံး တဖန် ထောင်မတ်လာပြန်၏။ချွန်းမြောင်က နောက်ဆုံးထိုးနှက်မှုအတွက် ပြင်ဆင်ရန် ဓားကို တင်းတင်းဆုပ်ထားလေသည်။

'မင်းက သန်မာပါတယ်…'

'ဟုတ်တယ်…အဲဒီအတွက် ပျော်ရွှင်ပါစေ…နောက်ဘဝကျရင် လူတွေအပေါ်မှာ အရမ်းကြီး မကြမ်းတမ်းပါနဲ့…အေးအေးချမ်းချမ်းနေထိုင်ပါ…တကယ်လို့ မင်း အခုအချိန်မှာ ငါပြောသလိုလုပ်ခဲ့ရင် ငါက ခရမ်းရောင်သစ်သားမြက်ကိုပဲ ယူသွားပြီး ဇာချဲ့မနေဘဲ ထွက်သွားမှာ…’

ချွန်းမြောင်က သူ့ကို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သတိထားမိလိုက်သလိုပင် မြွေကြီး၏ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။မြွေကြီးက ကြောက်ရွံ့မှုကို ခံစားနေရကြောင်း သိသာသော်လည်း ၎င်းသည် မြေပြင်တွင် ရှိနေဆဲဖြစ်သည်။

'ကဲ အရှုံးပေးလိုက်ပါတော့...'

'အာ…'

တစ်စုံတစ်ခုကို မြင်လိုက်ရသည်နှင့် ချွန်းမြောင်၏မျက်နှာမှာ ပျက်သွားခဲ့သည်။

"ဆွဲနှုတ်ကြ…ဆွဲနှုတ်ကြဟေ့…မြွေကြီး ထွက်မလာခင် နှုတ်ပြီး နောက်ပြန်ဆုတ်မယ်…”

"ဒီလောက်ဆို လုံလောက်ပြီလား…"

"တွေ့သမျှ အကုန်သာ ဆွဲနှုတ်ကြ…"

“အင်းပါ…”

ဟွာဆန်းမှ တပည့်များသည် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ခရမ်းရောင်သစ်သားမြက်များကို ဆွဲနှုတ်နေကြသည်။

"ယား…အဲ့ဒီလို မဆွဲနဲ့လေ…ကြာရှည်ခံအောင် အမြစ်ကနေ ဆွဲနှုတ်ရတယ်လို့ ပြောကြတယ်…အကိုကြီး ဒီလိုသာ ခူးနေရင် မြက်တွေက အသက်ရှင်မှာမဟုတ်တော့ဘူး ... ဆရာတူအကိုကြီး…"

ကံကောင်းထောက်မစွာ ဆေးဖက်ဝင်အပင်များအကြောင်း ကျွမ်းကျင်သော ဂျိုဂုက ဦးဆောင်ခဲ့သည်။ဟွာဆန်း၏ အခြားတပည့်များသည် ခေါင်းညိတ်ပြကာ သူ၏ညွှန်ကြားချက်များအတိုင်း ဆေးဖက်ဝင်အပင်များကို ခူးယူကြလေသည်။

ဟွာဆန်းမှ တပည့်များသည် အပင်များကို သူတို့ကို အိတ်ထဲမှာ စုဆောင်းပြီးနောက် ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။

"အားလုံးကို ခူးပြီးကြပြီလား…"

“ပြီးပြီ…”

"နောက်တစ်ခေါက် ကြည့်လိုက်ကြပါဦး…ကျွန်တော်တို့ တစ်ခုခုကျန်ခဲ့သေးလားလို့…"

"ငါတို့ အားလုံးကို ခူးပြီးပါပြီ…"

ဘတ်ချုန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ…ဒါဆို သွားကြရအောင်…"

ဟွာဆန်းမှ တပည့်များသည် နတ်ဘုရားရေကန်မှ ဝေးဝေးသို့ ထွက်ပြေးလာကြသည်။ပထမအချက်မှာ မြွေကြီးက ရေထဲမှ ဘယ်အချိန် ပြန်ပေါ်လာဦးမည်ကို မသိသောကြောင့်ဖြစ်သည်။ထို့ပြင် သူတို့မှာ အခြားသူ၏ပိုင်နက်ထဲ၌ ရှိနေသည်ဟူသောအသိက ပို၍ စိတ်ရောကိုယ်ပါ ဝန်ပိကြသည်။

နန်းတော်သခင်က နတ်ဘုရားရေကန်ထဲသို့ ဝင်ရောက်ခြင်းက သားရဲနန်းတော်နှင့် ဘာမှမဆိုင်ဘူးဟု ပြောခဲ့သော်လည်း ဟွာဆန်းမှ တပည့်များမှာ အလယ်ပိုင်းလွင်ပြင်၏ ဓလေ့ထုံးစံတွေကို ကျင့်သားရပြီးသားဖြစ်သောကြောင့် ရတက်မအေးမှုကို လက်လွှတ်မခံနိုင်ကြပေ။

“ဟုတ်ပြီ…”

"ငါတို့ ဆေးပင်တွေ ရပြီ…"

ဟွာဆန်းမှ တပည့်များသည် စိတ်သက်သာရာရသော မျက်နှာများဖြင့် အိတ်ထဲသို့ ကြည့်လိုက်ကြသည်။ထိုအချိန်တွင် သူတို့အား စောင့်ကြည့်နေခဲ့သော နန်းတော်သခင်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၍ လက်ကို ဆန့်ထုတ်လာ၏။

"ကျုပ်ကိုပေးပါ…"

"... အာ အမ်…"

“ဟိုအိတ်ရော ဒီအိတ်ရော…ကျုပ်ကိုပေး…"

ဘတ်ချုန်းက နန်းတော်သခင်အား တစ်မူထူးသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

'အခုချိန်ထိ ငြိမ်ငြိမ်လေးနေနေခဲ့တဲ့ လူတစ်ယောက်က ဘာလို့ ချက်ချင်းကြီး ဆေးပင်တွေအားလုံးကို လာတောင်းနေတာလဲ…'

'မဟုတ်သေးပါဘူး…'

ဘတ်ချုန်းက တခဏမျှ အတွေးပေါင်းများစွာ ခေါင်းထဲ ပြေးဝင်လာပြီးနောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ဒါကိုမြင်တော့ နန်းတော်သခင်က မျက်မှောင်ကြုတ်လေသည်။

"မင်းက ကျုပ်ကို မပေးဘူးပေါ့…"

“မဟုတ်ဘူး…အဲ့ဒီလိုမဟုတ်…”

သားရဲနန်းတော်သခင်က ခေါင်းညိတ်လိုက်၏။

“အာ ဟုတ်သား…မင်း အခု ငါ့ကို သံသယဝင်နေပြီလား…"

တပည့်များ၏ မျက်နှာများသည် ချက်ချင်းပင် တင်းမာလာကြသည်။

အမှန်တော့ နန်းတော်သခင်၌ အခြားအကြံအစည်များရှိလျှင်ပင် တပည့်များသည် မိမိကိုယ်ကို ကာကွယ်ရန်တောင် ခွန်အားမရှိကြပေ။

“သနားစရာကောင်းလိုက်တဲ့လူတွေ…အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ…"

သားရဲနန်းတော်သခင်က ရယ်မောလိုက်၏။

"ငါ့မှာ အဒီလို ရည်ရွယ်ချက်တွေသာရှိခဲ့ရင် တစ်ချက်လောက် ရိုက်စရာတောင် လိုမှာမဟုတ်ဘူး…"

“…အမှန်ပါပဲ…”

ဘတ်ချုန်းက နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။

"ကျွန်တော် တောင်းပန်ပါတယ်…ဒါပေမယ့် ဒါတွေက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးလို့ပါ…"

"ကျုပ် နားလည်ပါတယ်…ခိုးယူဖို့ရော ဖျက်ဆီးဖို့ရော မကြိုးစားပါဘူး…ဒီအတိုင်း ကြည့်ရုံသက်သက်ပါ…”

သူက မဆိုင်းမတွပင် အိတ်ကို နန်းတော်သခင်ထံသို့ အိတ်ကို ကမ်းပေးလိုက်၏။စကားနည်း ရန်စဲသာဖြစ်သည်။

နန်းတော်သခင်က အိတ်ကိုဖွင့်ကြည့်လိုက်ပြီး ပြုံးလိုက်၏။ထို့နောက် ဆေးပင်များထဲမှ တစ်ဝက်ကိုထုတ်၍ မြေပြင်ပေါ်တွင် ပြန်စိုက်လေသည်။

"…အရှင် ဘာလုပ်နေတာပါလဲ…"

"မင်းတို့ ဒီနေရာကိုလာရတဲ့ အကြောင်းအရင်းက နတ်ဝိညာဉ်မြက်ပင်အတွက် မဟုတ်ဘူးလား…"

"ဟုတ်ပါတယ်…အရှင် ပြောသလိုပါပဲ…"

"ဒါဆို လုံလောက်ပြီမလား…"

“…အာ”

တကယ်တော့ သူတို့က သေသေချာချာ မသိခဲ့ပါ။အပင်တွေ များများယူလာလေ များများ ရှင်သန်ကြီးထွားနိုင်လေမို့ပင်။ဒီလိုနည်းလမ်းနှင့်သာ အနာဂတ်မှာ လုံခြုံစိတ်ချရနိုင်လိမ့်မည်။

“ဒီနေရာကနေ အကုန်လုံး ဆွဲနှုတ်သွားရင် အပင်ပေါက်တွေက ရှိလာမှာ မဟုတ်တော့ဘူးလေ…အပင်နဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ စိုက်မယ်ဆိုရင် မြက်ပင်တွေက ပိုပြီး မြန်မြန် ကြီးလာနိုင်တယ်…”

"အဲ့ဒီလိုလား…"

"ဒီအပင်တွေက ကျုပ်ရဲ့နယ်နိမိတ်အတွင်းမှာ မရှိခဲ့လို့ အဲဒါကို မထိနိုင်ခဲ့ပေမယ့် ဒီနေရာက ရေကန်နဲ့ သိပ်မနီးတော့ သူတို့ကို အမြဲတမ်း ကာကွယ်ပေးနိုင်ပြီး လိုအပ်တဲ့အခါ ဟွာဆန်းကို ပို့ပေးနိုင်တယ်လေ…အဲ့ဒီလိုဆို အဆင်မပြေဘူးလား…"

“အာ…”

ဘတ်ချွန်းမှာ မျက်လုံးများ ပြူးကျယ်သွားလေသည်။

'သူက ဒါကို ငါတို့အတွက် လုပ်ပေးနေတာလား…'

နန်းတော်သခင်၏ ဟွာဆန်းအပေါ် သစ္စာစောင့်သိမှုက သူထင်ထားသည်ထက် ပိုများနေပေဦးမည်။

“ဟုတ်ပါတယ်…”

ထို့နောက် နန်းတော်သခင်က တစ်ဝက်လောက် အပြည့်ပါသည့်အိတ်ကို ဘတ်ချုန်းထံသို့ ပြန်ပေးလိုက်သည်။သူ၏ခြေထောက်နားတွင် အပင်ပေါက်လေးများကို မြင်နေရသည်။

“လောဘက အရာရာကို ပျက်စီးစေတယ်…သဘာဝတရားနဲ့ အတူတွဲနေထိုင်တာက ကျုပ်တို့ကို လိုအပ်တာကိုသာ ယူတတ်ဖို့ သင်ပေးတယ်…ဒီလိုပဲ ကြွင်းကျန်တဲ့အရာကို ပေးကမ်းခြင်းနဲ့ ဉာဏ်ပညာကို ရရှိကြတာပဲ…”

"အများကြီး သင်ယူခဲ့ရပါတယ် အရှင်…"

"ဟီးဟီးဟီးဟီး…"

နန်းတော်သခင်က ပြုံးပြီး ပြန်လှည့်သွား၏။

သူ့ပုခုံးကျယ်တွေကိုကြည့်ရင်း ဘတ်ချုန်းက ပြောလိုက်လေသည်။

"ပြီးသွားပြီ မဟုတ်ဘူးလား…"

“ဟုတ်တယ်…အခုတော့ ကျုပ်တို့လုပ်ရမှာက ချွန်းမြောင်ကို စောင့်နေဖို့ပဲ…”

တပည့်များက စိုးရိမ်နေသောမျက်လုံးများဖြင့် ရေကန်ကို ကြည့်နေကြသည်။

"သူ ဘာလို့ မလာသေးတာလဲ…"

"သူသေသွားပြီလား…"

ဂျိုဂု၏စကားကြောင့် ယွန်းဂျွန်က အော်လိုက်၏။

"မင်းက ဘာလို့ ဒီလောက်ထိ ပျော်နေတာလဲ…သူက ဒီအတိုင်းတော့ မသေနိုင်ဘူး…"

“ကျွန်တော် မပျော်ပါဘူး…စိတ်မကောင်းဖြစ်နေတာပါ…ဟုတ်ပြီလား…"

"... မင်းစကားတွေကိုက ထူးဆန်းနေတယ်…"

နှစ်ယောက်သား ငြင်းခုံနေကြသည့် အချိန်တွင်...

ဗွက် ဗွက်

"အမ်…"

ငြိမ်သက်နေသော ရေကန်ကြီးပေါ်တွင် ရေပူဖောင်းအချို့က ပျံတက်လာခဲ့သည်။

ဗွက် ဗွက်

ထို့နောက် ပူဖောင်းများက ပိုပိုကြီးလာခဲ့သည်...

"အားးး…"

ထူးထူးဆန်းဆန်း အော်သံနှင့်အတူ ချွန်းမြောင်၏ ခန္ဓာကိုယ်သည် ရေထဲမှ ထွက်လာခဲ့သည်။

ဗွမ်းးး

ချွန်းမြောင်မှာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ရေထဲသို့ ပြန်လဲကျသွားလေ၏။ရေကန်ထဲက ထွက်လာသောအခါ မောပန်းနွမ်းနယ်နေပုံရသည်။

"အားးး ငါသေတော့မယ်လို့ကိုထင်တာ…"

နောက်ဆုံးတွင် မြေပြင်သို့ရောက်ရှိသွားသော ချွန်းမြောင်ဆီမှ ရေတွေက တစ်စက်စက် စီးကျနေ၏။လူတိုင်းကတော့ သူ့ကိုကြည့်နေကြသည်။

"အခြေနေ ဘယ်လိုလဲ…"

“အဲဒီမှာ မရှိဘူး…”

"အမ်…"

"ငါ့မှာ မရှိဘူးလို့ ပြောတာပါ…အားး ဘာမဟုတ်တာအတွက် စွမ်းအင်တွေ အများကြီး ဖြုန်းတီးမိတာပဲ…”

ချွန်းမြောင်က စကားမပြောချင်ဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒီလောက်ကြီးမားတဲ့ ဝိညာဉ်သားရဲကြီးမှာ အမြုတေ မရှိဘူးလား…ဖြစ်တောင် ဖြစ်နိုင်ပါ့မလား…"

"အင်း ငါလည်း ဘယ်သိပါ့မလဲ…အဲ့ကောင်ကြီးက အဲဒါကို ရောင်းလိုက်တာ ဒါမှမဟုတ် တစ်နေရာရာမှာ ဝှက်ထားတာ ဖြစ်နိုင်တယ်…ဘာပဲဖြစ်ဖြစ် အဲ့ကောင်ကြီးမှာ အမြုတေ တစ်ခုမှ မရှိဘူး…”

"...ဘာလို့လာအော်နေတာလဲ…"

အော်ငေါက်ခံလိုက်ရသည့် ယွန်းဂျွန်က ချွန်းမြောင်ကို စိတ်ပျက်နေဟန်ဖြင့် မေးလိုက်၏။ထိုအခိုက်တွင် ချွန်းမြောင်က ဘတ်ချုန်း၏လက်ထဲမှ အိတ်ကိုတွေ့ကာ မေးလိုက်လေသည်။

"အားလုံးကို ခူးခဲ့တာလား…"

"တစ်ဝက်ပဲ…"

“အမ်….”

အသစ်စိုက်ထားသည့် မြက်ခင်းပြင်ကိုမြင်သောအခါ ချွန်းမြောင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါဆို ငါတို့ကိစ္စ ပြီးပြီပဲ…သွားကြရအောင်…"

"အမ်…"

"သွားကြစို့လို့ ပြောနေတယ်လေ…"

ချွန်းမြောင်က သူ့လက်ကို ဝှေ့ယမ်းပြီး တပည့်များကို ဘေးသို့ တွန်းလိုက်သည်။

"မင်းတို့ ဘာလို့ ဒီလောက် အလျင်လိုနေကြတာလဲ…"

"ဘာလို့လဲဆိုတော့ ဒီနေရာကို မမြင်ချင်တော့လို့လေ…သွားကြရအောင်…လုံလောက်ပြီလေ…ငါတော့ ဟွာဆန်းကို သွားတော့မယ်…သူနေချင်ရင် နည်းပြက ဒီမှာ နေခဲ့လို့ရတာပဲ…"

“အမ်…”

အဆုံးတွင် ဘတ်ချုန်းသည် သူ၏အတွေးကမ္ဘာထဲမှ အသိပြန်ဝင်လာပြီး ချွန်းမြောင်နောက်သို့ လိုက်သွားလေသည်။အခြားသောတပည့်များကလည်း နောင်တရခြင်းမရှိဘဲ သားရဲနန်းတော်သို့ ပြန်သွားကြ၏။

သူတို့တွေ အမြုတေကို မရခဲ့လျှင်တောင် ဘာမှမဖြစ်ပါ။ရှာတွေ့ခဲ့ရင်တောင်မှ အဲဒါက သူတို့ပိုင်မှာ မဟုတ်လောက်ပေ။ထို့ကြောင့် မြက်ပင်တွေရလိုက်သည့်အတွက် ဝမ်းသာနေသင့်ပေသည်။

'ဘာပဲဖြစ်ဖြစ်…ငါတို့ရဲ့တာဝန်တော့ ပြီးသွားပြီ…'

အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့၏ ပျော်ရွှင်နေသောမျက်နှာများကို တွေးကြည့်ရင်း သူတို့တွေ ဟွာဆန်းသို့ ပြန်ချင်နေကြသည်။

"သွားကြစို့…"

“ဟုတ်ကဲ့…”

တပည့်များနှင့် နန်းတော်သခင်သည် ပေါ့ပါးနေသော ခြေလှမ်းများဖြင့် နန်းတော်သို့ ပြန်သွားကြလေသည်။

'အာ…'

နောက်ဆုံးကနေ လူတိုင်းနောက်ကို လိုက်နေခဲ့သည့် ယုရီဆိုးက သူမနောက်ကို လှမ်းကြည့်လိုက်၏။ထို့နောက် တစ်ခဏမျှ ခေါင်းကိုစောင်းလိုက်ကာ ရေကန်ရှိရာသို့ သွားလေ၏။ပြီးလျှင် ချုံပုတ်ပင်များ အနားတစ်ဝိုက်သို့ ပြေးလေသည်။

ဗွက်

မကြာခင်တွင် ရေကန်၏အလယ်၌ လှိုင်းများထလာပြီး မြွေ၏ဦးခေါင်းကြီး ထွက်ပေါ်လာခဲ့သည်။

'အသက်ရှင်နေသေးတာပဲ…'

အရင်ကလို ရန်လိုစိတ်ပုံမပေါ်တော့ပေ။၎င်း၏ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို တွေးကြည့်လိုက်မိသည်။တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာပင်။

‘ဘာလို့လဲ…'

လူသားများကိုပင် သနားညှာတာမှုမရှိသော ချွန်းမြောင်သည် ဝိညာဉ်သားရဲတစ်ကောင်ကို အသက်ရှင်လျက် ချန်ထားခဲ့သည်...

အကြောင်းအရင်းကို စိတ်ပူနေသော ယုရီဆိုးက တစ်စုံတစ်ရာကို မြင်လိုက်ရသောအခါ ရုတ်တရက် အော်လိုက်လေသည်။

မြွေကြီး၏ ခန္ဓာကိုယ်နောက်တွင် သေးငယ်သည့်အရာတစ်ခုကို တွေ့မြင်နိုင်သည်။

ဖြူစွတ်နေသော ခန္ဓာကိုယ်နှင့် နီရဲတောက်ပသော မျက်လုံးများ။

ဟုတ်ပါသည်။အသေးဆုံးမြွေလေးကတောင် လူသားတစ်ယောက်၏အရွယ်အစားကို ယှဉ်နိုင်လောက်အောင် ကြီးမား၏။သို့သော် သူတို့က ပိုကြီးတဲ့မြွေကို လှည့်ပတ်သွားနေကြလေသည်။သူတို့တွေက မင်ရောင်အကြေးခွံရှိတဲ့ သွေးစပါးအုံးရဲ့ အသေးစားပုံစံလေးတွေနဲ့တောင် တူသေးသည်။

'အပေါက်လေးတွေ…'

မြွေပေါက်လေးသုံးကောင်းက ပို၍အသက်ကြီးသည့် အကောင်၏ဘေးတစ်ဖက်တွင် ခေါင်းများ ပြူထွက်နေကြသည်ကို မြင်လိုက်ရသဖြင့် ယူယီဆိုးမှာ အပြုံးတစ်ပွင့် ပွင့်လန်းလာလေသည်။

"မလာသေးဘူးလား…"

“…လာပြီ…”

အနောက်မှ အသံကို ပြန်လည်တုံ့ပြန်၍ အငယ်လေးတစ်သိုက်ကို ကြည့်ရင်း ပြုံးလိုက်၏။

'ကောင်းကောင်း ကြီးပြင်းလာကြ…'

'ပြီးတော့ လူတွေကို မထိခိုက်စေနဲ့…'

ချုံပုတ်‌များကို ပုံမှန်အနေအထားအတိုင်း ပြန်ထားပြီးနောက် သူမက ဘာမှမဖြစ်ခဲ့သလိုမျိုး ဆရာတူအကိုကြီးများဆီ ပြေးသွားလေသည်။

All Chapters