← Chapters

အဲ့ဒီတစ်ယောက်နဲ့ဘာဆိုင်လို့လဲ(၂)

Vol. 17 Ch. 232

အဲ့ဒီတစ်ယောက်နဲ့ဘာဆိုင်လို့လဲ(၂)

Vol. 17 Ch. 232

"မလှုပ်နဲ့…လှုပ်တဲ့သူက တရားခံပဲ…”

"… ဘာလဲဟ…"

“ကျေးဇူးပြုပြီး နားလည်စမ်းပါ…မင်း ငါတို့နဲ့သိလာတာ တစ်ရက်နှစ်ရက်မှ မဟုတ်တာ…”

ဘတ်ချုန်းက ချွန်းမြောင်ကို ကြည့်ရင်း သက်ပြင်းချလိုက်၏။

ချွန်းမြောင်၏နောက်ကျောပေါ်တွင် ခရမ်းရောင်သစ်သားမြက်များကို ထည့်ထားသည့်အိတ်အား တင်ထား၏။သူတို့တွေ နန်းတော်သို့ပြန်ရောက်သည်နှင့် သူက အိတ်ကိုဆွဲကာ သူကာကွယ်ပေးပါ့မည်ဟု ပြောခဲ့သည်။

"ချစ်ဖို့ကောင်းလိုက်တာ…"

“ဒီလိုစကားကို ဟာသအနေနဲ့တောင် မပြောပါနဲ့…ကြက်သီးမွေးညှင်းတွေ ထထသွားတယ်…”

ဂျိုဂု၏ တုန်လှုပ်နေသောစကားကြောင့် ဘတ်ချုန်းက ရယ်မောလေသည်။

'ဟုတ်တာပေါ့…ချွန်းမြောင်က အံ့သြစရာကောင်းပေမယ့်...'

'ဒါပေမယ့် အဲ့ဒါက ငါ နားမလည်နိုင်တဲ့အရာတော့ မဟုတ်ဘူး...'

သူတို့၏တာဝန်ကို သူတို့ထင်ထားတာထက် လွယ်လွယ်ကူကူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် တခြားဘာကမှ အရေးမကြီးတော့ပါ။ဤဆေးပင်နှင့်သာဆိုလျှင် စိတ်ဝိညာဉ်တက်ကြွဆေးကို ဟွာဆန်းတွင်ပင် ပြုလုပ်နိုင်တော့မှာဖြစ်သည်။

ထို့ကြောင့် ထိုဆေးပင်သည် ဟွာဆန်းအတွက် ရွှေထက် ပို၍ အဖိုးတန်ပေသည်။ချွန်းမြောင်တစ်ယောက် တကြွကြွဖြစ်နေသည်ကသာ သဘာဝကျသေးသည်။

“ဒါက အရမ်းအရေးကြီးတာမို့ ဒီနေရာမှာ ထားပြီး တခြားသူတွေကို မစောင့်ရှောက်စေချင်ဘူး…ငါတို့ ဟွာဆန်းကို အမြန်ဆုံး ပြန်သင့်တယ်…”

ချွန်းမြောင်က ခေါင်းညိတ်လိုက်၏။

"အကြီးအကဲရဲ့ လည်ပင်းက တစ်လက်မလောက် ပိုရှည်နေလောက်ပြီ…"

“…”

ဘတ်ချုန်းက တစ်လက်မခန့်ပိုရှည်နေသော လည်ပင်းနှင့် ကြီးအကဲများကို စိတ်ကူးထဲတွေးကြည့်ကာ ခေါင်းယမ်းလိုက်၏။

‘ဟုတ်တယ်…ဒီခရီးက ထင်ထားတာထက်တော့ ပိုကြာတယ်…”

ဆေးပင်တွေ လက်ထဲရောက်ဖို့ ဒီလောက်အများကြီး ဖြတ်ကျော်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဘတ်ချုန်းက ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ သူ ကုန်ဆုံးခဲ့သောအချိန်များမှာ အဖိုးတန်လွန်းသလို ခံစားလိုက်ရသည်။သူက ခေါင်းလှည့်၍ အခြားတပည့်များကို ကြည့်လိုက်၏။

"ထွက်ခွာဖို့ အဆင်သင့်ဖြစ်ပြီလား…"

“ပြင်ဆင်စရာ ဘာမှမကျန်တော့ဘူး…ကျွန်တော်တို့မှာ ဘာခရီးဆောင်အိတ်မှ မရှိတာ…"

“အမ် ဟုတ်သားပဲ…”

သူက အသာလေး ခေါင်းညိတ်လိုက်၏။ထို့နောက် ချွန်းမြောင်ကိုကြည့်ကာ အသံ ခပ်တိုးတိုးဖြင့် ပြောလိုက်လေသည်။

“ဒါဆို နှောင့်မနေနှေးဘဲ သားရဲနန်းတော်သခင်ကို နှုတ်ဆက်ပြီး ထွက်သွားကြရအောင်။သူက ငါတို့ကို အများကြီး မျက်နှာသာပေးခဲ့တော့ ငါတို့ မသွားခင် သူ့ကို ကောင်းကောင်းနှုတ်ဆက်သွားရမယ်”

"ဟုတ်တာပေါ့…ငါတို့ လုပ်သင့်ပါတယ်…"

ချွန်းမြောင်က ခေါင်းညိတ်လိုက်၏။

သူ့အမြင်အရတော့ ချက်ချင်းထွက်သွားချင်ပေမယ့် သူတို့တွေ သားရဲနန်းတော်သခင်နှင့် ဆက်ဆံရေးကောင်း ရှိဖို့တော့လိုသည်။

‘‘သူ့မှာ ခရမ်းရောင်သစ်သားမြက်တွေရှိနေလို့လေ…’

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်လေသည်။

သူ တွေးကြည့်လေလေ သူ့အတွက်တော့ နန်းတော်သခင်မှာ ပို၍ ဉာဏ်ကောင်းနေလေလေဖြစ်သည်။သူက သူတို့ကို ဆေးဖက်ဝင်အပင်များ ပေးပြီးနောက် ဟွာဆန်းမှ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။နေရာအသစ်တစ်ခုတွင် တခြား ဆေးဖက်ဝင်အပင်တစ်ဝက်စိုက်ဖို့အတွက် စိုက်ပျိုးမြေအသစ်တောင် ပြုလုပ်ပေးခဲ့သည်။

သူတို့လက်ထဲမှာ ဆေးဖက်ဝင်အပင်တွေ အများကြီးရှိနေတာကြောင့် ဤကိစ္စမှာ ဟွာတောင်အတွက်လည်း အကျိုးရှိခဲ့ပြီး အခုချိန်မှာ အနာဂတ်တွင် ဆေးပင်အထောက်အပံ့ရဖို့ ဖြစ်နိုင်ခြေရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် ယွန်းဂျွန်နှင့် ဂျိုဂုတို့က ချွန်းမြောင်ထံ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။

"ဘာလဲ…ငါ့အနားကို မဆင်မခြင် မချဉ်းကပ်စမ်းပါနဲ့…"

"ငါတို့ အဲ့ဒါတွေကို ယူသွားမှာမဟုတ်ပါဘူး ကောင်စုတ်လေးရာ…ငါတို့လည်း ဟွာဆန်းကလူတွေပါပဲ…”

ဂျိုဂုက အော်ဟစ်ပြီး စိတ်မကောင်းဖြစ်လို ခံစားမိလေသည်။ယွန်းဂျွန်က လေးနက်သောအမူအရာဖြင့် စကားစပြောလာ၏။

"ချွန်းမြောင်"

"အမ်…"

"မင်းကိုမေးစရာရှိတယ်"

"အိုး…"

ချွန်းမြောင်က အတော်လေး အလေးအနက်ထားဟန်ဖြင့် ခေါင်းကိုစောင်းလိုက်လေသည်။

"ငါတို့က ဘာလို့ ဒီလိုလုပ်ရမှာလဲ"

ချွန်းမြောင်က ထိုမေးခွန်းကြောင့် ယွန်းဂျွန်ကို လေးလေးနက်နက် စိုက်ကြည့်လာ၏။ယွန်းဂျွန်က တည်ငြိမ်သော ပုံစံဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး…ဒါကို စဉ်းစားကြည့်ပါဦး…”

"ငါတို့က ယူနန်ကို ကုန်သွယ်တာကို ပိတ်ပင်ထားတာ မဟုတ်ဘူးလေ…ငါတို့က သူတို့ အထဲကိုဝင်လာတာကိုလည်း တားဆီးနေတာမဟုတ်ပါဘူး…သူတို့ကိုယ်တိုင်က အလယ်ပိုင်းလွင်ပြင်ထဲကို မလာချင်ဘူးဆိုတော့ ငါတို့က သူတို့ကို ဘာလို့ စည်းရုံးနေဦးမှာလဲ…”

"အကြောင်းအရင်းတွေ အများကြီးရှိတယ်လေ…"

“ပြည်သူတွေ ဆက်ပြီး အစာငတ်နေရင် ဘာဖြစ်မလဲ…ဆရာတူအကိုကြီး...ယွန်းဂျွန်ဆရာတူအကိုကြီး…ဒါက ကျွန်တော်တို့ရဲ့ တာဝန်လည်မဟုတ်ဘူး…ဝတ္ထရားလည်းမဟုတ်ဘူး…စိတ်တော့မကောင်းပါဘူး….ဒါပေမယ့် မင်းလုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တဲ့ အရာတွေလည်း ရှိတယ်လေ…"

“မဟုတ်ဘူး…အဲဒါကြောင့် မဟုတ်ဘူး…”

သူတို့အနားမှာ ရှိနေသည့် ဂျိုဂုက လက်ကို ဝေ့ယမ်းပြီး ပြောလိုက်၏။

“ချွန်းမြောင်…ဆရာတူအကိုက စာနာစိတ်နဲ့ အဲ့ဒါတွေကို လုပ်နေခဲ့တာဆိုရင် သူ့ကို မင်းနဲ့ စကားမပြောခင် ငါ တားထားလိုက်မှာပေါ့…ဒါပေမယ့် မင်းအဲဒါကို တွေးကြည့်လိုက်…ဒါက သိပ်ပြီး ရိုးရှင်းမနေဘူး…”

ဂျိုဂု၏စကားကြောင့် ချွန်းမြောင်က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်၏။

"ဒါဆို…"

"ငွေ.."

"အာ…"

"ငွေ…"

ဂျိုဂု၏ မျက်လုံးများမှာ တောက်ပသွားလေသည်။

'ငွေ' ဟူသော စကားကိုကြားသောအခါ ချွန်းမြောင်က သူတို့နှစ်ယောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“ဒါဆို…'

“ငါရှင်းပြမယ်…”

သို့သော် ဂျိုဂုကမပြောခင် ချွန်းမြောင်က ပြောလိုက်၏။

"ယန်နန်ပြည်နယ်ရဲ့ စားဝတ်နေရေး အခြေအနေက မကောင်းဘူးဆိုတော့ ငါတို့က အစားအသောက်တွေကို ဝယ်ပြီးတော့ ယန်နန်လက်ဖက်ရွက်နဲ့ လဲလှယ်ပြီး ရောင်းရင် ငွေလည်းရှာနိုင်တာပေါ့…ဟုတ်တယ်မလား…"

“အိုး…”

“ဒါပေါ့…ကောင်းမွန်တဲ့ ပြောင်းလဲမှု နည်းနည်းတော့ ရှိလိမ့်မယ်…ဒါပေမယ့် ထောက်ပံ့မှုက လုံးဝ လုံလောက်မှာမဟုတ်ဘူး…ယန်နန်လက်ဖက်ရွက်အတွက် ကုန်သွယ်ခွင့်ကို ရယူနိုင်ရင် အလယ်ပိုင်းလွင်ပြင်ရဲ့ ထိပ်တန်းကုန်သည် ၁၀ ဖွဲ့ထက်တောင် အများကြီး ပိုရနိုင်မယ် မဟုတ်လား…”

“…”

"ဆာဟျောင်းက ဒါကို ကိုင်တွယ်နိုင်တော့ လူတိုင်းကို အစာ လွယ်လွယ်နဲ့ ကျွေးနိုင်မှာပဲ…ဟုတ်တယ်မလား…”

ဂျိုဂုက မျက်လုံးပြူးသွားလေသည်။

"...မင်းလည်း ငါတို့လို တွေးနေခဲ့တာလား…"

"ငါ့ကိုများ ငတုံးလို့ထင်နေတာလား…"

“အင်းလေ…”

"ဘယ်လို…"

"မဟုတ်ဘူး…မဟုတ်ဘူး…"

ချွန်းမြောင်က ပြုံးလိုက်၏။

"ဆရာတူအကို ဘာတွေတွေးနေလဲ သိပါတယ်…ဒါပေမယ့် ဆရာတူအကိုက တစ်ချက်ကိုပဲ သိပြီး နောက်တစ်ချက်ကျ မသိဘူး…ကျွန်တော်တို့အတွက် အရေးကြီးတာက ယန်နန်မှာ ငွေရှာဖို့မဟုတ်ဘူး…သားရဲနန်းတော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို သေချာ ထိန်းသိမ်းထားရမယ်လေ…”

“…”

“ကျွန်တော်ဆိုလိုတာက တခြားသူတွေအတွက် အဲ့ဒီလိုမျိုးတွေ လုပ်ပေးစရာ မလိုပါဘူး…ငွေကြေးဓနလား…သေချာတာကတော့ အရေးတော့ကြီးပါတယ်…ဒါပေမယ့် လောကမှာ ငွေထက် ပိုအရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ်…”

ယွန်းဂျွန်နှင့် ဂျိုဂုက ချွန်းမြောင်ကိုကြည့်ကာ အသာလေး အကြည့်ချင်းဖလှယ်လိုက်သည်။

'ပုံမှန်ဆို သူက ငွေရှာဖို့ပြောရင်ကို အရူးအမူးဖြစ်သွားတတ်တာလေ…’

'ဒါနဲ့ ဆရာတူအကိုကြီးလည်း ဒါကို သိတယ်တဲ့လား…ဒီငွေသရဲက စိတ်ပြောင်းသွားမယ်ဆိုတာ ဘယ်သူသိမှာလဲ…'

ချွန်းမြောင်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

“အသုံးမကျတဲ့အရာတွေကို တွေးမနေပါနဲ…အိတ်တွေကိုသာ ထုပ်ပိုးကြပါ…”

“…အာ…”

ယွန်းဂျွန်က ညည်းတွားပြီး ခေါင်းငြိမ့်ပြလိုက်၏။

"ငါတို့ စမ်းပြီး ကံစမ်းကြည့်လို့ မရဘူးလား…"

"ဟင်…"

ချွန်းမြောင်က လက်မလျှော့ချင်သေးသော ယွန်းဂျွန်ကို ကြည့်လိုက်၏။

"သားရဲနန်းတော်သခင်က မင်းတို့ကို ဂရုမစိုက်လို့လား…မင်းရဲ့စကားတွေကို သူနားထောင်ချင်နားထောင်နိုင်တယ်…တကယ်တော့ နန်းတော်ကြီးက ဒီနေရာမှာ ကုန်သွယ်မှုကို တားမြစ်ထားတာက အလယ်ပိုင်းလွင်ပြင်ကို သဘောမကျလို့ပဲ…”

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်လေသည်။

တွေးကြည့်ရင် ဒါလည်းမမှားပါဘူး။

ခဏလောက်စဉ်းစားပြီးမှ သူကပြောလိုက်၏။

“တကယ်တော့ အားလုံးက ကံကောင်းလို့သာ…”

“ဟုတ်တယ်လေ‌…ဒါကြောင့်မို့ တစ်ကြိမ်လေးပဲ…”

"လွဲချော်သွားရင်ရော…"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

"ဆရာတူအကိုကြီးမှာ ပြင်စရာတစ်ခုရှိတော့မယ်…"

"အမ်…"

“အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး…”

ချွန်းမြောင်က ပြုံးလိုက်၏။

"လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်က ညှိနှိုင်းရတာ ပိုလွယ်စေတယ်လို့ ပြောကြတယ်မဟုတ်ဘူးလား…"

ယွန်းဂျွန်နှင့် ဂျိုဂုတို့၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့က ထင်ဟပ်နေသည်။

“…”

ဘတ်ချုန်းက ချွန်းမြောင်ကို ဘာမှနားမလည်ဟန်ဖြင့် ကြည့်နေလေသည်။

“အဲ့ဒါ…”

"ဘာလို့လဲ…'

“… ဘာလို့မှမဟုတ်ပါဘူး…”

သူက ချွန်းမြောင်ကို ခေါင်းအစ ခြေအဆုံး ငုံ့ကြည့်လိုက်သည်။

"…အဲဒါဘာလဲ…"

"ဒီတော့ ဘာဖြစ်သလဲ…"

“အိုး…”

ဘတ်ချုန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

ချွန်းမြောင်မှာ အပြာရောင် တူညီဝတ်စုံကို ၀တ်ဆင်ထားပြီး လက်တစ်ဖက်တွင် ဖြူစွတ်နေသော ငှက်မွေးများဖြင့် ပြုလုပ်ထားသည့် ယပ်တောင်ကို ကိုင်ထားသေးသည်။

ချွန်းမြောင်၏ဝတ်စားဆင်ယင်ပုံမှာ ကျူးကော်လျန်ပုံစံနှင့်ဆင်တူသော်လည်း အပေါစားများဖြင့် လုပ်ထားသဖြင့် သိပ်ပြီး ကြည့်မကောင်းပေ။

ချွန်းမြောင်က အရပ်ရှည်ရှည် ထူးထူးဆန်းဆန်း မျက်နှာနှင့် ရပ်နေလေ၏။

"မင်းတို့ ယန်နန်မှာ ညှိနှိုင်းမယ်ဆိုရင် ဒီလို ဝတ်ရမှာပဲ…"

ကျောဘက်တွင် လွယ်အိတ်ကို ပိုးလွယ်၍ ပြုံးနေသည့် ဘတ်ချုန်းက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာသည်။သို့သော် သူလှည့်ကြည့်လိုက်သည်နှင့် လူနှစ်ယောက်ကို မြင်လိုက်ရသည်။

"မင်းတို့ကောင်တွေ ဘာဖြစ်ကြပြန်ပြီလဲ…"

“…”

ယွန်းဂျွန်နှင့် ဂျိုဂုတို့က သူတို့၏စိုစွတ်နေသော မျက်လုံးများကို အင်္ကျီလက်စများဖြင့် တိတ်တဆိတ် ထိတို့လိုက်၏။

ချွန်းမြောင်လက်ထဲက အဖြူရောင် ငှက်မွေးယပ်တောင်ကို ဒီနှစ်ယောက်က ပြုလုပ်ခဲ့တာဖြစ်သည်။ချွန်းမြောင်က သူ့ကိုယ်သူအတွက် ၀တ်ရုံတစ်ထည်ပေးရန် တောင်းဆိုပြီး သူတို့ကို ယပ်တောင်တစ်ခုလည်း လုပ်ပေးခိုင်းခဲ့သည်။ကွမ်မင်နှင့် ပတ်သက်သည့် သူတို့၏ အတွေးအမြင်များကို လက်လွှတ်နိုင်သည့် သူတို့နှစ်ယောက်မှာ ခြေဗလာဖြင့် တောနက်ထဲသို့ ချက်ချင်းသွားကာ အမြီးမွေးများရှည်သော ငှက်တစ်ကောင်နောက်သို့ လိုက်ဖမ်းခဲ့ကြသည်။

ယင်းအတွက်ကြောင့် သူတို့မှာ ခန္ဓာကိုယ်ပေါ်တွင် သစ်ကိုင်းများနှင့် အခြားဒေါသထွက်နေသော ငှက်များကြောင့် နေရာများစွာ ကုတ်ခြစ်ခံခဲ့ရသည်။

'အဲ့ဒီခွေးကောင်ကတော့လေ…'

'ခွေးတောင် သူ့ကို ကိုက်မှာမဟုတ်ဘူး…'

ကျေးဇူးကြောင့်နဲ့ သူတို့တွေ အချိန်အတိုလေးအတွင်း အဖြူရောင်အမွေးယပ်တောင်ကို ပြုလုပ်နိုင်ခဲ့သည်။ထိုမျက်ရည်များနှင့် စိုးရိမ်ပူပန်မှုများ၏ရလဒ်သည် ယခု ချွန်းမြောင်၏လက်ထဲတွင် ရှိနေပြီဖြစ်သည်။

“ဟူး…ထင်တဲ့အတိုင်းပဲ…သမိုင်းဆိုတာ သံသရာတစ်ပတ်လည်နေတာပါပဲ…ဒီအချိန်မှာ လူတိုင်းက ငါ့စကားကို နားမထောင်ကြမှာမဟုတ်လောက်ဘူး…ဟီးဟီးဟီး…"

သူ့စကားကြောင့် ချွန်းမြောင် ပြုံးနေသည်ကို မြင်သောအခါ ဘတ်ချုန်းက တခြားသူတွေကို လေးနက်တည်ကြသော လေသံနှင့် ပြောလိုက်၏။

“….အားလုံးက ငါ့စကားကို သေချာနားထောင်ကြ…”

“ဟုတ်ကဲ့ပါ နည်းပြ"

“ငါတို့ ကိုယ့်နေရာကိုယ် ပြန်ရောက်ရင် ဒါက လျှို့ဝှက်ထားရမယ်…ကျူးကော်မိသားစုက ငါတို့တွေ သူတို့အဖွဲ့ဝင်ထဲတစ်ယောက်အဖြစ် အယောင်ဆောင်ဖို့ ကြိုးစားခဲ့တာကို သိသွားရင် သူတို့တွေ ငါတို့နောက်ကို ဓားထမ်းပြီး လိုက်လာလိမ့်မယ်…”

"…သူတို့လုပ်လောက်မှာပဲ…"

ဘတ်ချုန်း၏စကားကိုကြားသောအခါ တပည့်များအားလုံး သက်ပြင်းချလိုက်ကြသည်။ဘယ်လိုပဲဖြစ်ဖြစ် ချွန်းမြောင်က သူ့လက်နှစ်ဖက်ကို ဘယ်ညာဖြန့်ကာ သူဝတ်စားထားသော အဝတ်အစားများကို သဘောကျနေလေသည်။ထို့နောက် သူက ချောင်းဟန့်လိုက်ပြီး ပြောလာ၏။

“ကောင်းပြီလေ…အခု နန်းတော်သခင်…”

ထိုစဉ်

"မင်းတို့ အထဲမှာရှိကြလား…"

"အာ…"

တံခါးခေါက်သံကြောင့် ချွန်းမြောင်က တံခါးကိုဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ တစ်ခုခုကို ကြားလိုက်ရသည်။

"ကျွန်တော်တို့အရှင်က တပည့်ချွန်းမြောင်ကို ရှာနေပါတယ်…"

"အယ်…"

ချွန်းမြောင်က သူ့ခေါင်းသူ စောင်းလိုက်၏။

"ဘာလို့လဲ…"

“ဘာကြောင့်လဲတော့ မသိဘူး…အရှင်က မင်းအချိန်ရရင် ခဏတဖြုတ်ဝင်လာဖို့ မင်းကို အကြောင်းကြားခိုင်းလိုက်တာ…"

"အဲ့ဒီလိုလား…"

ချွန်းမြောင်က ခေါင်းညိတ်လိုက်သည်။

နန်းတော်သခင်က သူ့ကို ဘာကြောင့်တွေ့ချင်လဲဆိုတာကို သိရမှဖြစ်မှာမို့ ချက်ချင်းသွားလိုက်တာက ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

"ဒါဆို ငါသွားလိုက်ဦးမယ်…"

“အမ်…”

“စိတ်မပူပါနဲ့…ငါလည်း စကားကောင်းကောင်း ပြောတတ်ပါတယ်…ငါကိုငါ ကျုံးကော်မြောင်လို့တောင် လူတွေ ယုံအောင် လုပ်လို့ရတယ်…”

"... ကျုံးကော်မြောင်တစ်ယောက် အေးခဲပြီး သေဖို့မျှော်လင့်ပါတယ်…"

"အဟမ်း…"

ဘတ်ချုန်းက တောင့်တင်းနေသော မျက်နှာထားဖြင့် ချွန်းမြောင် ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။

"ကလေးတွေ…"

"ဟုတ်ကဲ့ ဆရာတူအကိုကြီး…"

"မင်းတို့အိတ်တွေ သွားယူချေ…"

"အာ…"

"အထုပ်တွေကို အချိန်မရွေး ထုပ်ပြီးသားဆိုရင် ငါတို့တွေ မြန်မြန် လှုပ်ရှားလို့ရတာပေါ့…"

“…ဟုတ်ကဲ့…”

ဘတ်ချုန်းက ချွန်းမြောင်ကို စိုးရိမ်သောကအပြည့်ဖြင့် ကြည့်နေခဲ့သည်။

'ကျေးဇူးပြုပြီး ပြဿနာကို မီးခွက်ထွန်း မရှာပါနဲ့တော့ ချွန်းမြောင်ရာ…’

'ကျေးဇူးပြုပြီး…'

"မင်းက ဒီကို ရောက်တောင်နေပြီလား…"

“ဟုတ်ကဲ့…မနေ့ညက အစစအရာရာ အဆင်ပြေပါရဲ့လား…"

"ကျုပ်အတွက် ဘာဖြစ်နိုင်မှာလဲ...ဒါပေမယ့် မင်းအဝတ်အစားတွေက ဘာဖြစ်လာတာလဲ…"

"ခင်ဗျား သတိထားမိတာ ကျွန်တော်တွေ့ပါတယ်…"

"ဟားဟားဟား…ဒီလိုမျိုး ဝတ်ထားတဲ့ သူရဲကောင်းတစ်ယောက်က ရှိနိုင်ပါ့မလား…”

"ရှိတာပေါ့…ဟီးဟီး…”

ချွန်းမြောင် သူ၏လက်များကို ဖြန့်ကာ ရှေ့သို့ အမြန်ပြေးသွား၍ နန်းတော်သခင်ရှေ့တွင် ထိုင်လေသည်။

"ကျွန်တော်က ခင်ဗျားခေါ်လို့ ဒီကိုရောက်နေတာပါ…"

“အမ်…ဟုတ်တယ်…ကျုပ်ပြောစရာရှိလို့ မင်းကိုခေါ်လိုက်တာ…"

“ဟုတ်ကဲ့ ကျေးဇူးပြု၍ ပြောပါဦး…”

နန်းတော်သခင်က ချွန်မြောင်ကို ကြည့်လိုက်၏။

"စကားနဲ့ပြောရတာ နည်းနည်းတော့ အဆင်မပြေဘူး…ဒါပေမယ့် ဟွာဆန်းရဲ့ တပည့်တွေက နန်းတော်ရဲ့ ဂရုစိုက်ခံခဲ့ရတယ် မဟုတ်ဘူးလား…"

"အာ ဂရုစိုက်ပေးခဲ့ပါတယ်…ကျေးဇူးအများကြီးတင်ပါတယ်…"

ဒါဟာ လုံးဝ စိတ်ရင်းပင်ဖြစ်သည်။

ဇီးပန်းဓားသူတော်စင်သည် ယူနန်၏သူရဲကောင်းဖြစ်ခဲ့သော်ငြားလည်း ထိုလူ၏မျိုးဆက်များအပေါ် တူညီသောစေတနာမျိုး ထားရှိပေးဖို့က မလွယ်ကူပေ။

ထို့ကြောင့် ချွန်းမြောင် နန်းတော်သခင်ကို ကျေးဇူးတင်ရပေမည်။သို့သော် သားရဲနန်းတော်သခင်သည် စိတ်သောကရောက်နေသော မျက်နှာဖြင့် စကားစပြောလာ၏။

"ကျုပ် ဒီလိုပြောဖို့ မရည်ရွယ်ပေမယ့်..."

"အာ…"

အနေခက်နေသောမျက်နှာနှင့် လိမ်ပိန်နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသဖြင့် ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ် မင်းဆီကနေ အကူအညီတစ်ခု တောင်းစရာရှိလို့ပါ…"

"အကူအညီ…"

“ဟုတ်တယ်…”

သားရဲနန်းတော်သခင်က သက်ပြင်းချလိုက်ပြီး ချွန်းမြောင်ကို ကြည့်လိုက်သည်။

"ဒါက သားရဲနန်းတော်က ဟွာဆန်းကို တောင်းဆိုတာဆိုလည်း ဟုတ်ပါတယ်…ကျုပ် အရှင်သခင် မုန့်ဆုက…"

“ခဏလေး…”

"အမ်…"

"ခင်ဗျားနာမည်က မုန့်ဆုလား…"

(note-မုန့်ဆု=၁)

“ဟုတ်တယ်လေ…”

"သေးတာကိုပြောတာလား…"

နန်းတော်သခင်က ခေါင်းညိတ်လိုက်၏။

"ကျုပ်က အရမ်းသေးခဲ့တော့ အဖေက ဒီလိုခေါ်ခဲ့တာပဲ…"

“…”

'မဟုတ်ဘူး…'

'သေးသေးလေးကနေ ဒီလောက် အကြီးကြီးကြီး ဖြစ်လာအောင် ငယ်ငယ်လေးတုန်းက ဘာဖြစ်သွားခဲ့လို့လဲ'

'ခန္ဓာကိုယ် အားကောင်းစေမယ့် အသီးအနှံတွေကို စားခဲ့လို့လား…'

"အဟမ်း ဘာပဲဖြစ်ဖြစ်…"

ထိုလူကြီးက အနည်းငယ် ရှက်ရွံ့နေသော မျက်နှာဖြင့် ဆက်ပြောလေသည်။

"ဒါက သားရဲနန်းတော်သခင် မုန့်ဆုက ဟွာဆန်းက တပည့်ဖြစ်တဲ့ ချွန်းမြောင်ကို တောင်းဆိုတဲ့ တောင်းဆိုချက်လည်း ဟုတ်ပါတယ်…"

ချွန်းမြောင်က ခပ်မတ်မတ် ထိုင်လိုက်၏။

သူ ဒီလိုပြောနေပုံထောက်ရင် ကိစ္စ ကြီးကြီးမားမား ဖြစ်ရမည်။သူတို့အပေါ် မျက်နှာသာပေးခဲ့တဲ့ လူတစ်ယောက်ကို မှန်မှန်ကန်ကန် ဆက်ဆံပေးရပေမည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပြပါ…"

“ဒါက တခြားတော့မဟုတ်ပါဘူး…”

တစ်စုံတစ်ခုကို တိုးတိုးလေးပြောနေသည့် မုန့်ဆုက အသက်ပြင်းပြင်းရှူပြီး ပြောလာခဲ့၏။

"ဒါဟာ ခက်ခဲတဲ့ တောင်းဆိုမှုတစ်ခုဆိုတာ သိပါတယ်…ဒါပေမယ့်... ဟွာဆန်းက ယူနန်နဲ့ ကုန်သွယ်မှုမှာ ပါဝင်ဖို့ ဖြစ်နိုင်မလား…"

“…အာ…”

“ကုန်သွယ်မှု…”

"တောင်းပန်ပါတယ်…"

“လက်ဖက်ရောင်းဝယ်ရေး…”

“…အမ်…”

"ခက်ခဲမယ်ဆိုတာ သိပါတယ်…"

ထိုစကားကိုကြားသောအခါ ချွန်းမြောင်က အူလည်လည်လေးဖြင့် မေးလိုက်သည်။

"ခင်ဗျားက လက်ဖက်ခြောက်ကုန်သွယ်ချင်လို့လား…"

“ဟုတ်တယ်…”

"ဟွာဆန်းနဲ့…"

“ဟုတ်တယ်…”

“…”

ချွန်းမြောင်တော့ ဒီကိစ္စတစ်ခုလုံးက အဓိပ္ပာယ်မရှိဟု တွေးမိသည်။

'မဟုတ်သေးဘူး…သူနဲ့ ဘာဆိုင်လို့လဲ…'

'ဒါက ငါသူ့ကိုမေးရမှာ မဟုတ်ဘူးလား…'

'ဘာလို့ ကိစ္စတွေက အရမ်း လှည့်ကွက်တွေ များနေတာလဲ…'

(၁)မုန့်ဆို=ပထမဆုံးမွေးပြီး သေးငယ်သော။

All Chapters