အဲဒီတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ(၃)
Vol. 17 Ch. 233
ချွန်းမြောင်က သူ့ခေါင်းကို စောင်းလိုက်လေသည်။
ဒါကိုမြင်သော မုန့်ဆိုက မျက်မှောင်ကြုတ်လိုက်၏။
"ထပ်ပြီးပြောရရင် လွယ်ကူမှာမဟုတ်ဘူးဆိုတာ သိပါတယ်…"
"ဟုတ်တာပေါ့…လွယ်တော့ မလွယ်ပါဘူး…"
'ဒါက အရမ်းလွယ်လွန်းလို့ အိပ်ပျော်သွားနိုင်တယ်…'
'ဟီးဟီးဟီး…'
"ဒါပေမယ့် ဟွာဆန်းအတွက်ပါ…"
“အာ…”
ချွန်းမြောင်က သူ့ခေါင်းသူ တိမ်းလိုက်ပြီး မေးလာ၏။
"မေးခွန်းနှစ်ခုလောက် မေးလို့ရမလား…"
“ဘာမဆိုမေးပါ..”
“ပထမတစ်ခု…ယူနန်ပြည်နယ်အခြေအနေက မကောင်းဘူးဆိုတာ ခင်ဗျား သိထားတယ်မဟုတ်လား…”
မုန့်ဆိုက ခါးသက်သက် ပြုံးလိုက်၏။
"မင်းပြောနေတာ ကျုပ်မှာ မျက်လုံးမရှိသလိုပဲ…သိတာပေါ့…ဒါကိုလည်း ကောင်းကောင်းသိပါတယ်…”
"ဒါဆို ခင်ဗျား အခုချိန်ထိ ဘယ်လိုများ ဘာမှမလုပ်ဘဲ နေခဲ့ရတာလဲ…"
ချွန်းမြောင်ဆီက မေးခွန်းကိုကြားသောအခါ မုန့်ဆိုက အနည်းငယ် မကျေမနပ်ဖြစ်သွားပုံရသည်။
"ဟုတ်ပါတယ်…မင်းဘာလို့ ဒီလိုတွေးမိလဲဆိုတာ နားလည်ပါတယ်…မင်းရဲ့အမြင်အရတော့ ယန်နန်နဲ့ အလယ်ပိုင်းလွင်ပြင်ကြားက ကုန်သွယ်မှုကို ကျုပ်ကပဲ ပိတ်ဆို့ထားသလိုဖြစ်နေမှာပေါ့…”
"အိုး...အဲ့ဒီလိုတော့ မဟုတ်ပါဘူး...''
“ကျပ်မှာ ဆင်ခြေပေးစရာမရှိပါဘူး…ဘယ်သူမဆို ဒီလိုတွေးမိမယ့် အခြေအနေပဲလေ အခုက…ဒါပေမယ့်…”
မုန့်ဆုက မျက်နှာထားကို တည်ငြိမ်အောင်လုပ်၍ ပြောလိုက်၏။
“ဒါပေမယ့် အဲ့ဒီလိုတော့ မဟုတ်ပါဘူး…အဲဒီနေရာနှစ်ခုကြားက ကုန်သွယ်မှုကို ရပ်တန့်စေခဲ့တဲ့သူက ကျုပ်မဟုတ်ဘူး…အဲဒါက ကျုပ်အရှေ့က အရင်အုပ်ချုပ်သူရဲ့ ဆုံးဖြတ်ချက်ပဲ…ကျုပ်က အခုအချိန်မှာ နန်းတော်သခင် ဖြစ်နေပေမယ့်လည်း အရင်အုပ်ချုပ်သူတွေရဲ့ ဆန္ဒကို အလွယ်လေးနဲ့ ပယ်ဖျက်လို့မှ မရနိုင်တာ…"
“အမ် ဟုတ်တာပေါ့…”
အခွင့်အာဏာဆိုတာ အာဏာထိုင်ခုံမှာ ထိုင်နေရုံနဲ့ အာဏာရှိလာတာ မဟုတ်ပေ။
အထူးသဖြင့် သားရဲနန်းတော်လို ၎င်း၏ဂုဏ်ဝင့်ဖွယ်သမိုင်းကို ကြွားလုံးထုတ်တတ်သည့် နေရာအတွက်တော့ ဘိုးဘေးတွေကို မရိုသေလျှင် ထိုအရှင်သခင်အား သစ္စာစောင့်သိမယ့်သူ ရှိမှာမဟုတ်တော့ပေ။အရှင်သခင်က မည်မျှပင် တန်ခိုးကြီးပါစေ အရင်အုပ်ချုပ်သူများ၏ ဆုံးဖြတ်ချက်များကို ငြင်းပယ်လိုက်သည်နှင့် သူ၏ အခွင့်အာဏာသည်လည်း သေချာပေါက် ဆုံးရှုံးရပေမည်။
ခေါင်းဆောင်တစ်ဦးသည် အာဏာယဲ့ယဲ့လေးဖြင့် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နိုင်မည်မဟုတ်ပေ။ကျဉ်းထဲကြပ်ထဲသို့ရောက်အောင် ဆိုးဆိုးရွားရွား တွန်းပို့ခံခဲ့ရသည့် ယန်နန်ပြည်နယ်၏ အခြေအနေကို သုံးသပ်ကြည့်ပါက ထိုသို့သော ဆုံးဖြတ်ချက်များ ချခဲ့ပါက ထိုနေရာတွင် မည်သို့ဖြစ်လာလိမ့်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
“ပြီးတော့ ယူနန်ပြည်သားတွေက မင်းတို့ဘက်က လာတဲ့လူတွေကို မကြိုဆိုကြဘူး…ကုန်သွယ်မှုလမ်းကြောင်းကို အတင်းဖွင့်ခိုင်းရင် သဘောမကျတဲ့သူတွေက မရေမတွက်နိုင်အောင် ရှိလာလိမ့်မယ်…အဲ့ဒီလိုဆို ကျုပ်လည်း ဒီလိုအခြေအနေထဲမှာ တုပ်မိလာမှာပဲ…”
"...သူတို့ရဲ့ဘဝက ချိန်ခွင်လျှာပေါ်မှာ ရှိနေရင်တောင်လား…"
“လူသားတွေက အစားအသောက်တစ်ခုတည်းအတွက်နဲ့ အသက်ရှင်နေတာ မဟုတ်ပါဘူး…တစ်ခါတစ်ရံမှာ အစားစားရဖို့ထက် ပိုအရေးကြီးတာတွေ ရှိတယ်…”
“အမ်”
ချွန်းမြောင်က နားမလည်နိုင်သဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေ၏။ဤသည်ကို နန်းတော်သခင်ကလည်း သတိပြုမိခဲ့သည်။
“ကျုပ်တို့ သစ္စာဖောက်ခံရတာ မလုံလောက်သေးသလိုမျိုး…ကျုပ်တို့ကို ‘လူရိုင်းတွေ’ လို့ အခေါ်ခံခဲ့ကြရတာ…ပြီးတော့ အလယ်ပိုင်းလွင်ပြင်က လူတွေဆီက အချိန်အတော်ကြာအောင် မုန်းတီးခံခဲ့ကြရတယ်…အဲ့ဒါကြောင့် ကျုပ်တို့က သူတို့ကို ဦးမညွှတ်နိုင်ကြဘူး…”
"ခင်ဗျားဆိုလိုတာကို နားလည်ပါတယ်…"
“တစ်ဖက်က ကျုပ်တို့ကို အရင်တောင်းပန်လာရင် အခြေအနေက တစ်ခုခုတော့ ပြောင်းလဲသွားလိမ့်မယ်..ဒါပေမယ့် သူတို့က ယန်နန်ကို ဂရုတောင်မစိုက်ကြဘူးလေ…တောင်းပန်သင့်တဲ့သူတွေက ယန်နန်မှာ ဒုက္ခရှာပြီး မျက်နှာတောင်မပြကြဘူး…ဒီတော့ ကျုပ်လည်း ဘာတတ်နိုင်တော့မှာလဲ…”
သူကြည့်ရတာ တကယ် စိတ်ပျက်နေပုံပင်။
"ခင်ဗျား ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရမှာပဲ…"
ချွန်းမြောင်၏ စိတ်ရင်းပါသောစကားများကြောင့် သားရဲနန်းတော်သခင် မုန့်ဆိုက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
“ကျုပ်က သားရဲနန်းတော်ရဲ့ အရှင်သခင်ဖြစ်ပေမဲ့ ယန်နန်ပြည်သားတွေကို ကျွေးမွေးဖို့ တာဝန်ရှိတယ်လေ..ဒါပေမယ့် လူတိုင်းကို ကျွေးဖို့ အစားအစာက မလုံလောက်ဘူးလေ…ဒါကြောင့် တခြားနေရာကနေ ကောက်နှံစပါးတွေဝယ်ရမယ်လေ…အခုချိန်ထိတော့ အနောက်နိုင်ငံတွေနဲ့ ဖလှယ်မှုတွေကနေ နည်းနည်းလေးတော့ ဖြေရှင်းနိုင်ခဲ့ပေမယ့် အခုတော့ ကန့်သတ်ချက်တစ်ခုကို ရောက်နေခဲ့ပြီ…”
“အမ်…”
"တစ်ချိန်တည်းမှာ မင်းက ပေါ်လာခဲ့တယ်…"
ချွန်းမြောင်က ခေါင်းညိတ်လိုက်၏။
“အာ… ဒီလိုတော့ မဟုတ်သေးပါဘူး…နေပါဦး…”
ချွန်းမြောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
'ဒါဆို ကျန်တဲ့သူတွေကရော…'
သူတို့တွေ တွေ့တွေ့ချင်း ဇီးပန်းဓားသူတော်စင်၏ သားမြေးများအဖြစ် ကြိုဆိုဂုဏ်ပြုကြပြီး အားပါးတရ ရယ်မောကာ သူတို့အားလုံးကို သောက်စရာများ ပေးကမ်းခဲ့သည်က...
ဒီလူက ရိုးရှင်းပြီး ကြင်နာတတ်တဲ့ လူအတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ ချွန်းမြောင်ကသာ ငတုံး ဖြစ်နေခဲ့တဲ့သူပင်။
“ဝိုး…အရှင် ခင်ဗျားက ကြောက်စရာကောင်းတဲ့လူပဲ…”
"ကျုပ်လည်း ရှက်မိပါတယ်…"
မုန့်ဆိုက အနေခက်စွာ ပြုံးလိုက်လေသည်။
“ဒါက ကျုပ် ပရိယာယ် ဖန်တာ ဒါမှမဟုတ် တစ်ခုခု ကြံစည်ထားတာမျိုး မဟုတ်ပါဘူး…များသောအားဖြင့်တော့ ကျုပ်ရဲ့အသွင်အပြင်ကိုမြင်ပြီး ကျုပ်အသံကိုကြားတဲ့သူတွေက ကျုပ်က ငတုံးငအတစ်ယောက်လို့ထင်ကြတယ်…ကျုပ်မှာ နည်းနည်းလောက် သာမန်လူနဲ့တူတဲ့ ခန္ဓာကိုယ်ရှိမယ်ဆိုရင် မင်းရဲ့ အတွေးအမြင်တွေက ကွဲလွဲနေလိမ့်မယ်…"
“ဒါက တကယ်ကို အံ့ဩထိတ်လန့်စရာပဲ…ကျွန်တော် နည်းနည်းတော့ အံ့သြမိသွားတယ်…”
“ဟီး..ဟီး..”
မုန့်ဆိုက နူးညံ့စွာ ရယ်မောလိုက်သည်။
နောက်ပြီး သူ့ခန္ဓာကိုယ်က ကြွက်သားများမှာ တုန်ယင်နေသည်။
'သူ့ကို ကြည့်ပြီး ဘယ်သူက ဉာဏ်ကောင်းတယ်လို့ ထင်မှာလဲ။'
မုန့်ဆိုက သူ၏ပုံပန်းသဏ္ဍာန်ကို အခွင့်ကောင်းယူခဲ့တာ ဖြစ်နိုင်သည်။မုန့်ဆိုက ချွန်းမြောင်၏ဘဝသစ်တွင် ဆုံတွေ့ဖူးသောလူများထဲ၌ အထူးခြားဆုံးလူဖြစ်သည်။
“ဒါဆို ဇီးပန်းဓားသူတောင်စင်နဲ့ ပတ်သက်ပြီး ခင်ဗျားပြောခဲ့တာကရော…”
“အာ…အထင်မမှားလိုက်ပါနဲ့…သူက တကယ်ကို ယန်နန်ပြည်ရဲ့ သူရဲကောင်းတစ်ဦးပါ…သူက အမှန်တကယ်ကို ကိုယ်ကျိုးမဖက်ဘဲ ကူညီပေးခဲ့တဲ့သူပါ…”
“….”
'အင်း ဒီလိုပဲ ဖြစ်ရမှာပေါ့…ငါ့ကိုအဲ့ဒီလိုပဲ ယူဆထားစမ်းပါ…'
'ငါ အနိုင်ယူခဲ့တဲ့ လူတွေထဲမှာ ဘယ်သူက ဒီလိုပြောမှာလဲ…'
"ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူ့ရဲ့မျိုးဆက်တွေ ဒီကိုရောက်လာတာကို တွေ့ရတော့ ကျုပ် တကယ်ကို အံ့သြမိသွားတယ်…"
"ခင်ဗျားကလည်း တကယ်ကို အံ့သြစရာကောင်းပါတယ်…"
"အဲ့ဒီလို မဟုတ်ပါဘူး…"
မုန့်ဆိုက နှုတ်ခမ်းထက်တွင် အနေခက်ပုံပေါ်သည့် အပြုံးကို မူပိုင်တပ်ထားလေသည်။
"အားကိုးဖို့ တစ်ယောက်ယောက် လိုအပ်နေခဲ့တာ…အလယ်ပိုင်းလွင်ပြင်နဲ့ ကုန်သွယ်မှုတွေ ပြန်စမယ်ဆိုရင်တောင် အဲဒါကို ယူနန်ပြည်သူတွေက အပျက်သဘောမတုံ့ပြန်ဖို့ လုံလောက်တဲ့ အကျိုးအကြောင်းခိုင်လုံမှု ရှိရမယ်လေ…ကုန်သွယ်မှုရဲ့တစ်ဖက်လူက ဇီးပန်းဓားသူတော်စင်ပိုင်တဲ့ ဂိုဏ်းဖြစ်တဲ့ ဟွာဆန်းဆိုရင်တော့ သူတို့ နည်းနည်းတော့ အံ့အားသင့်သွားလိမ့်မယ်…ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ကန့်ကွက်မှာတော့ မဟုတ်တော့ဘူးလေ…”
'မြေခွေးကြီး…ခင်ဗျားက ကောက်ကျစ်တဲ့ မြေခွေးကြီးပဲ…'
ထိုလူကြီးက ဝက်ဝံတစ်ကောင်ဖြစ်မည်ဟု ထင်ခဲ့မိသော်လည်း မြေခွေးတစ်ကောင် ဖြစ်နေခဲ့သည်။
ချွန်းမြောင်က ပြုံးပြီး ခေါင်းညိတ်၏။
"ဘာတွေဖြစ်နေမှန်း အကြမ်းဖျင်းတော့ နားလည်ပါတယ်…"
"ဒါကြောင့် ကျုပ်မင်းကို အကူအညီတောင်းချင်တာပါ…"
မုန့်ဆိုက ချွန်းမြောင်ကို ဦးညွှတ်လိုက်၏။
“ကျုပ် ယန်နန်ပြည်သူတွေကို ချစ်ပါတယ်…သူတို့က ကြမ်းတမ်းကြပေမဲ့ ရိုးအတဲ့ လူတွေပါ…သူတို့တွေ ဆာလောင်နေကြတာကို ကျုပ် ကြည့်မနေနိုင်တော့ဘူး…အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကန့်သတ်ချက်ကို ရောက်လာခဲ့ပြီ…ဒါကြောင့် ကျုပ်ကို ကူညီပေးပါ…ဒါက မင်းကို ဒုက္ခမပေးစေရဘူးလို့ ကတိပေးပါတယ်"
ချွန်းမြောင်က နောက်ကိုမှီပြီး လက်များကို ချိုးလိုက်သည်။
သို့သော် သူ၏တွေးတောနေသည့် ပုံစံနှင့်မတူဘဲ အတွင်းစိတ်တွင်တော့ ပြုံးနေ၏။
'ဒါက ဘယ်လိုရလဒ်မျိုးလဲ…'
သူက ကုန်သွယ်မှုတစ်ခုကို အဆိုပြုဖို့ ဒီကိုလာခဲ့ပေမယ့် တစ်ဖက်လူက အရင် အဆိုပြုလာတာလား။
အကယ်၍ ယန်နန်လက်ဖက်ခြောက်ကို ဟွာဆန်းက ရောင်းချနိုင်ခဲ့ပါက ယင်းမှ ရရှိမည့် အကျိုးကျေးဇူးများသည် စိတ်ကူးကြည့်တာထက်တောင် များဦးမည်။
ချွန်းမြောင်က ရွှေလွှမ်းနေသည့် ဟွာဆန်းကို စိတ်ကူးကြည့်ရင်း ပါးစပ်ကို ကျယ်ကျယ်ဖွင့်မိလေသည်။
“ရွှေ…”
"အာ…'
“ဘာ…ဘာမှမဟုတ်ပါဘူး…”
ချွန်းမြောင်က ရယ်ချင်စိတ်ကို မထိန်းနိုင်သဖြင့် သူ၏ပါးစပ်ကို ဖုံးထားလေသည်။သိုသော် သူ့အမူအရာကို ကြည့်နေသည့် မုန့်ဆိုက တခြားအကြောင်းကို တွေးနေခဲ့သည်။
"ခက်တယ်မဟုတ်လား…"
"အာ…"
မုန့်ဆိုက မျက်မှောင်ကြုတ်လိုက်၏။
“လွယ်ကူတဲ့အခြေအနေမဟုတ်ဘူးဆိုတာ သိပါတယ်…ဟွာဆန်းရဲ့ အခြေအနေကလည်း မကောင်းဘူးလို့ ကြားတယ်…တစ်ချိန်တည်းမှာပဲ ကျုပ်စောင့်ကြည့်နေတဲ့ စီချွမ်ကလူတွေလို ကိစ္စတွေကို ဖြစ်မြောက်အောင် လုပ်နိုင်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး…”
သူအတွက်တော့ ဒီလိုတွေးတာ သဘာဝကျပါသည်။ဟွာဆန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ လျင်မြန်စွာ တိုးတက်လာခဲ့သည်။အလယ်ပိုင်းလွင်ပြင်၌ပင် ဒီသတင်းက အလုံးစုံ ပျံ့နှံ့ခြင်းမရှိသေးသည့်အချက်က ယူနန်သည် ဟွာဆန်းနှင့်ပတ်သက်သည့် အကြောင်းများကိုလည်း မသိသေးကြောင်း သေချာစေသည်။
ချွန်းမြောင်က ရေကန်ထဲမှာ မြွေကိုဖမ်းပြီး သူ၏အစွမ်းသတ္တိကို ပြသခဲ့ပေမယ့် လူတစ်ယောက်၏ အစွမ်းအစက ဂိုဏ်းတစ်ခုလုံး၏ အစွမ်းကို ကိုယ်စားမပြုပေ။
ထို့ကြောင့် သားရဲနန်းတော်သခင်အတွက် ဟွာဆန်းဂိုဏ်းသည် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်။ထို့ပြင် စီချွမ်၏ ရှုပ်ထွေးသော အခြေအနေအား သုံးသပ်ကြည့်လျှင် ဟွာဆန်းအား သူတို့နှင့် ကုန်သွယ်မှု ပြုလုပ်စေလိုသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ဟုတ်တာပေါ့…
ချွန်းမြောင်က ယခုအချိန်မှာမှ ရယ်ချင်နေသဖြင့် ရယ်ချင်စိတ်ကို တားဆီးရန် သူ့ပေါင်များကို ဆုင်ကိုင်ထားလေသည်။
"အဲ…အဲဒါက ခက်ခဲလို့လား…"
“အမ်”
‘ဟုတ်တာပေါ့…'
'ငါတို့ဟွာဆန်းအတွက် ငွေအမြောက်အမြား ရလာနိုင်ပေမဲ့လည်း…'
ဒီကိုလာသည့်လမ်းတွင် သူတိုအဖွဲ့က စီချွမ် ထန်မိသားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
ထို့နောက် ကျွမ်းကျင်သောမြင်းများက ဆွဲသည့် လှည်းဖြင့် ယူနန်ပြည်နယ်၏ အချက်အချာဒေသသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခံခဲ့ရသည်။ဤအရာအားလုံးသည် ခက်ခဲသောအလုပ်များပင် ဖြစ်သည်။
-ဆရာတူအကိုကြီး နည်းပြဘတ်
- ဘဝကို ကောင်းကောင်း နေထိုင်သူတွေက ကောင်းချီးပေးခံရတယ်လို့ ပြောကြတယ်လေ…မြွေကြီးကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာ အရမ်းကံကောင်းတာပဲ…
-ဘာတဲ့….အမြုတေ
-နောက်မှပြောတာပေါ့…ဆရာတူအကိုကြီး ကျွန်တော်တော့ မကြာခင် ထမင်းကို ရွှေမှုန့်ဖြူးပြီး စားတော့မယ်။
မုန့်ဆိုက သက်ပြင်းချလိုက်ပြီး ချွန်းမြောင်၏ နီရဲနေသော မျက်နှာကို ကြည့်လိုက်သည်။
"...ဒီလောက် ခက်ခဲနေတာ ကျွန်တော် မကူညီနိုင်ပါဘူး…"
"အာ…"
မုန့်ဆိုက ရုတ်တရက် လက်လျှော့လိုက်၏။ချွန်းမြောင်က လှုပ်လှုပ်ရှားရှားဖြစ်ကာ အခြေအနေကို ထိတ်လန့်သွားသည်။ထို့နောက် နန်းတော်သခင်၏လက်ကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
ထိုလူသည် သူ၏ရှေ့မှောက်တွင် ဟွားဆန်းမှ တပည့်၏ မျက်လုံးရွှဲရွှဲများကို မြင်လိုက်ရသဖြင့် လန့်သွားလေသည်။သို့သော် သားရဲ... မဟုတ်ဘူး။ချွန်းမြောင်က သူ့လက်ကို မလွှတ်ပေ။
“ခက်ခဲတာပဲဖြစ်ဖြစ်…မခက်ခဲတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆက်ဆံရေးမှာ အရေးကြီးလို့လား…အရေးကြီးတာက ဟွာဆန်းနဲ့ သားရဲနန်းတော်က မိတ်ဆွေတွေဖြစ်နေကြတာပဲလေ…”
"မိတ်ဆွေတွေ…"
“ဟုတ်တယ်လေ…မိတ်ဆွေတွေ…”
ချွန်းမြောင်က အနည်းငယ်ပြုံးလိုက်၏။
"ကျွတ်…ဒီလိုအချိန်တွေမှာ ခင်ဗျား ဘယ်လောက်တောင် ဝမ်းနည်းနေခဲ့ရမလဲ…အဲ့ဒီသောက်ကျိုးနည်း ဂိုဏ်းကြီးတွေက လူယုတ်မာတွေ…"
"ဟုတ်တယ်…'
ဂိုဏ်းကြီး ကိုးဂိုဏ်းကို အထင်သေးသော စကားလုံးအချို့ကို ပြောလိုက်သောအခါ နှစ်ဦးစလုံး ချက်ချင်း သဘောချင်းညီကုန်လေသည်။
“ယူနန်ပြည်နယ်ရဲ့အခြေအနေကို ဟွာဆန်းထက် ဘယ်သူမှ ကောင်းကောင်းနားမလည်နိုင်ဘူး…ကျုပ်တို့ဂိုဏ်းက နတ်ဆိုးဂိုဏ်းသားတွေကို အနိုင်တိုက်ခဲ့ကြတယ်…ဒါပေမယ့် ကျွန်တော်တို့က ကျေးဇူးကိုတောင် အတင်မခံခဲ့ရပါဘူး…”
"ဟုတ်တယ်…မှန်တယ်…ကျုပ်လည်း အဲဒါကို သတိထားမိတယ်…ကျုပ်တို့ မသိခဲ့ဘူး…"
" ကျုပ်တို့က ရဲဘော်ရဲဘက်တွေပဲ…ရဲဘော်တွေ…"
“မှန်တယ်…ကျွန်တော်တို့ ဟွာဆန်းက တခြားသူတွေနဲ့မတူဘူး…"
“တစ်ယောက်နဲ့တစ်ယောက်မကူညီကြရင် ဘယ်သူက ကူညီမှာလဲ…ကျုပ်တို့က တစ်သွေးတစ်သားတည်းမဟုတ်ပေမဲ့ သားရဲနန်းတော်နဲ့ ဟွာဆန်းကို ညီအစ်ကိုတွေလို့ ခေါ်လို့ရတာပဲ…”
"ဟက်…ဒီစကားလုံးကို အရမ်းကြိုက်သွားပြီ…"
အတိတ်တုန်းက စွန့်ပစ်ခံရထားသူတွေ အချင်းချင်း သူတို့၏ စိတ်ဒဏ်ရာများကို ထိမိသည့်အချိန် ချစ်ကြည်ရင်းနှီးမှု ခံစားလိုက်ရသော အခိုက်အတန့်ပင်ဖြစ်သည်။
“ဒါကြောင့် စိတ်မပူပါနဲ့တော့…ကျွန်တော် ဟွာဆန်းရဲ့ အစွမ်းအစနဲ့ လက်ဖက်ခြောက်တွေကို ရောင်းလိုက်ပါ့မယ်…"
“အိုး ဒီလောက်တောင်…”
မုန့်ဆို၏ မျက်လုံးများတွင် အံ့အားသင့်နေသည့် အရိပ်အမြွက်များ တွေ့နေရသည်။
'ဘာလဲ…ဒါက လိမ်နေတာလား…'
'အယ်…ဘာလို့ ဒီလိုပြောရတာလဲ…'
'ဒါက လိမ်နေတာတော့ မဟုတ်ပေမယ့် ပူး…ပူးပေါင်းဆောင်ရွက်တာပဲလေ…'
ချွန်းမြောင်က တခစ်ခစ်ရယ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"စိတ်မပူပါနဲ့…ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်…"
"မင်းသာလုပ်ပေးရင် ယန်နန်က ဟွာဆန်းကို ကျေးဇူးရှင်အဖြစ် မှတ်ယူမှာပါ…"
"ဒါက ချရေးထားတာက ကောင်းပါတယ်…"
"အာ…"
“အဲဒီလိုအရာတွေကို ပြောင်းလဲလို့မရအောင် ချရေးထားဖို့လိုတယ်လေ…”
"အမ်…"
ချွန်းမြောင်က ခေါင်းယမ်းလိုက်ပြီး စားပွဲပေါ်တွင်ရှိသော စာရွက်နှင့် မင်စုတ်တံကို ယူလိုက်လေသည်။ထို့နောက် ပန်းကန်ပြား တစ်ချပ်ကို အပြေးသွားယူလေသည်။
“ကောင်းပြီ…ရှေ့လျှောက် ယုံကြည်မှုနဲ့ သစ္စာရှိမှုနဲ့အတူ ဆက်သွားတာ ကောင်းပါတယ်…ဒါပေမဲ့ လိုအပ်ချက်တွေနဲ့ ဆက်ဆံရေးက အချိန်အကြာကြီး ဆက်ရှိနေရမှာလေ…ဒါကြောင့် ဆက်လက်တည်မြဲနေဖို့ သေချာအောင် အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရှိမယ်လေ…”
"...အထောက်အထား…"
“ဟုတ်တယ်။ဘာမှ အထွေအထူးမဟုတ်ပါဘူး…ဒီအတိုင်း…”
ချွန်းမြောင်က ပခုံးတွန့်ပြလေသည်။
"ဟွာဆန်းကို ယန်နန်နဲ့ လက်ဖက်ကုန်သွယ်မှုကို နောက်နှစ်တစ်ရာအထိ လက်ဝါးကြီးအုပ်ထားခွင့် ပေးရမယ့် အသေးအဖွဲ ကတိတစ်ခုလိုလောက်ပါပဲ…"
“…”
“အဲဒီနှစ်တစ်ရာကျော်မှာ တခြားကုန်သည်တွေက ယန်နန်နဲ့ ကုန်သွယ်လို့မရဘူး”
“….”
“အဲ့ဒီလို အသေးအဖွဲကိစ္စလေးတောင် ချရေးထားရမယ်…ဒီစာရွက်ပေါ်မှာ ခင်ဗျားလက်ပွေရာရှိရင် ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဘယ်သူက သံသယဖြစ်တော့မှာလဲ…”
နန်းတော်သခင်က သူ့ခေါင်းကို စောင်းလိုက်၏။
"မင်း...မင်းက တော်တော်လေး ကူညီဖော်ရတာပဲ…"
"အာ…ကျွန်တော်က တာအိုဝါဒီတစ်ယောက်ပါပဲ…တခြားသူတွေကို ကူညီဖို့အတွက် နှောင့်နှေးစရာ အကြောင်းမရှိပါဘူး…”
“…”
“…”
တစ်ခုခုမှားနေမှန်း ခံစားရပေမယ့် ပထမဆုံးအနေနဲ့ မုန့်ဆိုသည် သူ့မှာ တခြားရွေးချယ်စရာမရှိတော့သလို ခံစားနေရသောကြောင့်ဖြစ်သည်။
"ဒါဆို ကျုပ်တို့ လက်ဖက် အရောင်းအ၀ယ် လုပ်လို့ရမှာလား…"
“ဟီးဟီး…တခြားဟာရှိသေးရင်လည်း ပြောပါ…ကျွန်တော် ရေးလိုက်ပါ့မယ်…"
“ကျုပ် ဒီကိစ္စကို ပြောစရာရှိပေမဲ့…”
"အာ.."
သားရဲနန်းတော်သခင်သည် လေးနက်သော အမူအရာရှိနေသည်။
“မင်းဆီက အကူအညီတောင်းရတဲ့ အကြောင်းရင်းက အချိန် ခဏလေးပဲ တွေ့ဖူးသေးတဲ့ မင်းက လူဆိုးမဟုတ်ဘူးလို့ ထင်မိလို့…တကယ်လို့ မင်းသာ မင်ရောင်အကြေးခွံရှိတဲ့ သွေးစပါးအုံးကို သတ်ခဲ့မယ်ဆိုရင် ကျုပ် ဒီကိစ္စကို ဘယ်တော့မှ အဆိုပြုမှာ မဟုတ်ပါဘူး…"
“….”
“ဒါကြောင့်…ကတိပေးပါ…မင်း ဘယ်လိုအကျိုးအမြတ်ပဲ ယူပါစေ….ယူနန်ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါ့မယ်လို့…”
ချွန်းမြောင်က ထိုလူကို လေးနက်တည်ကြည်သော မျက်လုံးများဖြင့် ကြည့်နေသည်။
"ကျွန်တော် ကတိပေးပါတယ်…"
အခြားစကားလုံးများ မလိုအပ်တော့ပါ။
“ကောင်းပါပြီ…”
ချွန်းမြောင်၏ အဖြေကိုကြားသောအခါ နန်းတော်သခင်က စုတ်တံကို ကိုင်လိုက်ပြီး နောင်တရခြင်းမရှိဘဲ စာချုပ်ကို စတင်ရေးသားလေတော့သည်။
တစ်ကြိမ်တည်းနှင့် ရေးထားသည့် စာချုပ်က အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံ၏။အသေးစိတ်အချက်အလတ်တိုင်းကို ချရေးပြီး တံဆိပ်ခေါင်းတစ်ခုထုတ်ကာ တံဆိပ်နှိပ်လိုက်သည်။မကြာခင်မှာပင် သူက စာချုပ်ကို ချွန်းမြောင်ဆီ ပေးလာ၏။
'ဒီလူက ဉာဏ်ကောင်းသားပဲ…’
ဤအရာအားလုံးသည် နန်းတော်သခင်၏စိတ်ထဲတွင် အတွေးပေါက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကောင်းဖြစ်နိုင်သည်။စာချုပ်ပါ အပိုဒ်ငယ်များသည် စေ့စေ့စပ်စပ် ရှင်းရှင်းလင်းလင်း ဖြစ်နေပြီး လစ်လပ်နေသည်များကို ရှာဖွေရာတွင် မယုံနိုင်လောက်အောင် ရှင်းနေပါသည်။
"အခြားတစ်ခုခုရှိသေးလား…"
“မရှိပါဘူး…ဒါက ကောင်းပါတယ်…"
ချွန်းမြောင်က ပြုံးဖြဲဖြဲလုပ်ပြီး စာချုပ်ကို တဖန်ပြန် ကြည့်လိုက်၏။
"ကျွန်တော် နည်းပြကို ခေါ်လာပေးရဦးမလား…နည်းပြက အခု ယာယီခေါင်းဆောင် လုပ်နေတာမို့…”
“မလိုပါဘူး…ကျုပ် မင်းကို ယုံပါတယ်…"
"ကျွန်တော့်ကို ဘာအတွက် ယုံတာလဲ…"
"အနာဂတ်မှာ ကမ္ဘာ့အတော်ဆုံး ဖြစ်လာမယ့်သူရဲ့ နာမည်က ဂိုဏ်းခေါင်းဆောင်တစ်ဦးထက် အရေးပိုပါတယ်လေ…"
“ကျွတ်”
ချွန်းမြောင်က စာချုပ်ကို ယူလိုက်ပြီး သက်ပြင်းချလိုက်၏။
နောက်ဆုံးတော့ နှစ်ယောက်သား စာချုပ်၏မိတ္တူတစ်ခုစီကို မျှဝေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ဒါဆို ပြီးသွားပြီလား…"
“ပြီးသွားပြီ…ဒါပေမယ့်… ကျုပ်မှာ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်တစ်ခုရှိပါတယ်…”
"အာ…"
နန်းတော်သခင်က နှိမ့်ချသောအမူအရာဖြင့် ခေါင်းနေလေ၏။
"ဒါက တကယ်တော့ ရှက်စရာကောင်းပါတယ်"
ထိုလူက သက်ပြင်းချပြီး စကားပြောရခက်နေခဲ့သည်။သူပြောပြီးသောအခါ ပြုံးလိုက်၏။
"မဟုတ်တာ...ဒါက အကူအညီမဟုတ်ပါဘူး။စိတ်ချပါ။!ပြီးပြည့်စုံအောင် လုပ်ပေးမယ်"
ထို့နောက် ချွန်းမြောင်က တခစ်ခစ်ရယ်နေသဖြင့် မုန့်ဆိုက စိတ်ပူသွားလေသည်။
"ဒါ အဆင်ပြေပါ့မလား"
"အသေးအမွှားကိစ္စတိုင်းကို လိုက်စိတ်ပူနေတာပဲ။ကျွန်တော်က ချွန်းမြောင်ပါဗျ"
ချွန်းမြောင်က သူ့ရင်ဘတ်ကို တဒုံးဒုံး ထုပြ၍ ပြောလိုက်လေသည်။
'ဒါပေမယ့် အဲဒါဖြစ်နိုင်ပါ့မလားတော့ ကျွန်တော်လည်း သေချာ မသိဘူး'
ထိုအချိန်အထိ စိုးရိမ်နေသည့်ပုံပေါ်သော မုန့်ဆုက သက်ပြင်းတစ်ချက်ချလိုက်၏။