Three Mission
Vol. 5 Ch. 43
ဒီတစ်ခါတော့ စနစ်က မစ်ရှင်သုံးခုကိုတစ်ပြိုင်တည်း ပေးအပ်ခဲ့သည်။
[ကာလရှည်မစ်ရှင်: ယွဲ့လင်းအား ကယ်တင်ခြင်း၊
မစ်ရှင်အသေးစိတ်: နာတာရှည်ခေါင်းကိုက်ခဲမှု ဝေဒနာကို ခံစားနေရတဲ့ ယွဲ့လင်းမှာ အချိန်နည်းနည်းသာကျန်ပါတော့တယ်၊ ယွဲ့လင်းရဲ့ သက်တမ်းကို တိုးချဲ့နိုင်အောင် ကြိုးစားပါ။
မစ်ရှင်ဆုကြေး : မစ်ရှင်အောင်မြင်မှုအပေါ် မူတည်ပြီး အမှတ်အပြောင်းအလဲ ရှိနိုင်ပါတယ်]
အဆိုပါမစ်ရှင်သည် သူ့အတွက် အလွန်သင့်တော်သည့် မစ်ရှင်ဖြစ်သည်။ မနေ့ကတင် ယွဲ့လင်း အဆိပ်ခတ်ခံရသည့် ကိစ္စအားသိရှိခဲ့ရပြီး ယနေ့ ယခုလို မစ်ရှင်မျိုးရရှိခဲ့သည်။
“တွေ့ရဲ့လား စနစ်ပိုင်ရှင်၊ ကျွန်ုပ်သစ္စာရှိတယ် မဟုတ်လား” စနစ်မှ ဘဝင်ခိုက်စွာ ပြောလိုက်သည်။
“ကျွန်ုပ်ရဲ့ လုပ်ပိုင်ခွင့်အတွင်း စနစ်ပိုင်ရှင်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကာလရှည် မစ်ရှင်ကိုရှာပေးခဲ့တာ”
ကျန်းကျီမြောင်လည်း ရက်ရက်ရောရောချီးကျူးပေး လိုက်သည်။
“နင် အတော်ဆုံးပဲ!”
စနစ်ထံမှ ရယ်သံထွက်ပေါ်လာသည်။ ခုတလော စနစ်မစ်ရှင်တွေ ပိုပြီးသင့်တင့်လာတာကို ကျန်းကျီမြောင်လည်း သတိထားမိသည်။ သူမအား နောက်ကွယ်မှ စနစ်ကူညီပေးနေခြင်းဖြစ်နိုင်သည်။
ထိုသိုဘသာဆိုပါက စနစ်၏ အတိတ်ကအမှားများကို သူ ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်နိုင်လိမ့်မည်။ လူသားနှင့် စနစ် အဆင်ပြေပြေပူးပေါင်းနိုင်ဖို့သည် ကျန်သောအရာအားလုံးထက် ပိုအရေးကြီးသည်။
“စနစ်ပိုင်ရှင်” စနစ်က ဆက်ပြောသည်။
“ယွဲ့လင်းကိုယ်ထဲက အဆိပ်ကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်မယ်ဆိုရင် အမှတ် ၁၀၀ ရရှိပါလိမ့်မယ်”
ကျန်းကျီမြောင် ရုတ်တရက် ရင်တုန်သွားခဲ့သည်။
သူမ မစ်ရှင်တွေအများကြီး ဆောင်ရွက်ခဲ့ပြီးပါပြီ။ မစ်ရှင်တစ်ခုမှာ အများဆုံး အမှတ် ၂၀ သာရရှိဖူးသည်။ ထိုအမှတ် ၂၀ ကလည်း ခပ်မြန်မြန်သာကုန်ဆုံးသွားခဲ့သည်။
အမှတ် ၁၀၀ ရရှိမည့် မစ်ရှင်ဖြစ်သဖြင့် လွယ်ကူမည်မဟုတ်မှန်းတော့ သေချာသည်။
မနေ့က သူမ စနစ်စတိုးဆိုင်ထဲဝင်မွှေခဲ့ပြီးပါပြီ။ အဆိပ်ဖြေဆေးများလုံးများ ရှိသော်လည်း အဆိပ်ကာကွယ်ဆေးဟု ခေါ်လျှင် ပိုသင့်တော်လိမ့်မည်။ အဆိပ်ဒဏ်ခံနိုင်ရည်ရှိစေဖို့အတွက် ကြိုတင်မှီဝဲရသည့် ဆေးလုံးမျိုးတွေ ဖြစ်နေ သည်။
ယွဲ့လင်းခန္ဓာကိုယ်ထဲ အမြစ်ပါတွယ်နေပြီဖြစ်သည့် အဆိပ်ကိုဖယ်ရှားဖို့အတွက်ကတော့ သာမန်ဆေးလုံးတစ်လုံးထက် ပိုမိုရှုပ်ထွေးသည့်အရာတစ်ခုခုလိုအပ်လိမ့်သည်။
အစကတော့ စနစ်အဆင့်ပိုမြင့်သွားလျှင် ယွဲ့လင်းအား အဆိပ်ဖြေပေးနိုင်မည့် ပစ္စည်းတချို့ စတိုးဆိုင်ထဲရောက် လာနိုင်သည်ဟု ကျန်းကျီမြောင် တွေးခဲ့လေသည်။
သို့သော် ထိုမစ်ရှင်များ ပေါ်လာသည်နဗင့်တစ်ပြိုင်နက် ကျန်းကျီမြောင် နားလည်သွားခဲ့သည်။ ယွဲ့လင်းခန္ဓာကိုယ်ထဲရှိ အဆိပ်များကိုဖယ်ရှားဖို့ စနစ်ကိုသာ အားကိုးနေလို့မရတော့ချေ။
ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်ပြီး နောက်ထပ်မစ်ရှင်တစ်ခုကို ဆက်စစ်ကြည့်လိုက်လေသည်။
[အချိန်အကန့်အသတ်ရှိ အတင်းအဖျင်းမစ်ရှင်: ဒုတိယမင်းသမီးက အရှက်အကြောက်ကြီးပေမယ့် ဒီနေ့မှာ လက် ဆက်ထိန်းမြှားမှုမတိုင်ခင် ကျန်းကျစ်ဖျင်ကို တွေ့ဆုံနိုင်ဖို့အတွက် သတ္တိမွေးပြီး မယ်တော်ကြီးကိုတောင်းဆိုနေပါတယ်။
မစ်ရှင်အသေးစိတ်: ကျန်းကျစ်ဖျင်ရဲ့သရုပ်မှန်ကို လူတိုင်းမြင်နိုင်အောင် ဖော်ထုတ်ပါ၊ ဒီမစ်ရှင်မှာ ကျန်းကျစ်ဖျင်ရဲ့ သရုပ်မှန်ကို မျက်မြင်တွေ့သူ အရေအတွက်အလိုက် အမှတ်ရရှိပါမယ်။
အချိန်အကန့်အသတ်: ၃ ရက်၊ သုံးရက်ကြာပြီးနောက် ကျန်းကျစ်ဖျင်ရသရုပ်မှန်အား မဖော်ထုတ်နိုင်ပါက မစ်ရှင် ကျရှုံးပါမယ်]
ဒီမစ်ရှင်က…
ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်သည်။ ဒီကိစ္စကို သူမ ဆောင်ရွက်နေပြီးသားဖြစ်သည်။ သုံးရက်ဆိုတာ အနည်း ငယ် တိုတောင်းသော်လည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။
ဒုတိယမင်းသမီးနန်းတော်မှထွက်ခွာပြီး ကျန်းကျစ်ဖျင်နဲ့ တွေ့ဆုံခြင်းက လျှို့ဝှက်တွေ့ဆုံမှုလည်းဖြစ်နိုင်သည်။ ဒုတိယမင်းသမီးရှေ့မှာ ကျင်းကျစ်ဖျင်၏သရုပ်မှန်ကို ဖော်ထုတ်နိုင်ပါက အကောင်းဆုံးဖြစ်လိမ့်မည်။
ထို့အပြင် သူ ကိုယ်တိုင်လည်း ဖရဲသီးစားနိုင်လိမ့်မည်။
သို့သော်လည်း ထိုအတွေးကြောင့်ပဲ ကျန်းကျီမြောင် မွန်းကြပ်သွားခဲ့လေသည်။
သူသည် တိုင်းပြည်၏မိခင်ဖြစ်နေသည်။ အကြောင်းကိစ္စမရှိဘဲ နန်းတော်ထဲမှ ထွက်ခွာသွားလို့မရချေ။ နန်းတော်အ တွင်းမှာနေပြီး အစီအစဉ်များသာရေးဆွဲနိုင်သည်။
သို့သော် ကျန်းကျစ်ဖျင်နဲ့ ဒုတိယမင်းသမီးတို့၏ ပွဲကို ကိုယ်တိုင်မြင်ရတော့မည် မဟုတ်သဖြင့် အနည်းငယ် ဝမ်းနည်းမိလေသည်။
ကျန်းကျီမြောင် ခေတ္တစိတ်ဓာတ်ကျသွားပြီး တတိယမစ်ရှင်ကို ဆက်ကြည့်လိုက်လေသည်။
[ရန်သူ့မစ်ရှင်: ရှဲ့မိသားစုက လက်ဆက်ထိန်းမြှားမှုကို ကန့် ကွက်လိုက်ပေမယ့် ယွဲ့ဟွာက အရှုံးမပေးသေးဘဲ ရှဲ့ချိုးနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံထုတ်သုံးနေပါတယ်။
မစ်ရှင်အသေးစိတ်: ထိုအရေးကိစ္စကို အချိန်မှီဖြေရှင်းပါ။ ယွဲ့ဟွာ အောင်မြင်သွားပါက သူ့ ကံကောင်းခြင်းအမှတ်တွေပြန်မြင့်တက်လာပြီး စနစ်ပိုင်ရှင်ရဲ့အမှတ်တွေ ပြန်လျော့နည်းသွားပါလိမ့်မယ်]
ရန်သူ့ မစ်ရှင်တဲ့…
ကျန်းကျီမြောင် မျက်ခုံးလှုပ်သွားရသည်။
ယွဲ့ဟွာ၏ကံကောင်းခြင်းအမှတ်များ ကျဆင်းသွားသဖြင့် လက်ဆက်ထိန်းမြှားမှုကိစ္စက ရာနှုန်းပြည့်မဖြစ်နိုင်လောက်တော့ဟု ကျန်းကျီမြောင်ထင်ထားခဲ့သည်။
သို့သော် စနစ်၏ဖော်ပြချက်အရ ကံကောင်းခြင်းအမှတ်များ ပြန်လည်မြင့်တက်လာနိုင်လေသည်။
ယွဲ့ဟွာ အဘက်ဘက်မှ ပြည့်စုံသည့်ဇာတ်လိုက်မင်းသားတစ်ယောက်ဖြစ်ပြီး ကူးပြောင်းလာသူလည်းဖြစ်သည်။ သူသာ နည်းလမ်းပေါင်းစုံ ထုတ်သုံးလိုက်လျှင် ရှဲ့ချိုး စိတ်မာနိုင်မှာ မဟုတ်လောက်ပေ။
ဒီမစ်ရှင်ကိုလည်း အမြန်ဆုံးဆောင်ရွက်ရပါမည်။
ကျန်းကျီမြောင် နားထင်တွေကို ပွတ်လိုက်မိသည်။ ယွဲ့လင်းဆီက ရောဂါတွေ ကူးစက်လာသလားဟုပင် ထင်ရပြီး သူမလည်း ခေါင်းကိုက်တတ်နေပါပြီ။
အစကတော့ အိပ်ရာထဲ ပက်လက်လှဲကာ ဖရဲသီးလေးစားရင်း ဘဝအား ချိုချိုမြိန်မြိန်လေးဖြတ်သန်းနေခဲ့ခြင်းဖြစ် သည်။
အခုမူ အရေးကိစ္စတွေတစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသဖြင့် အေးအေးချမ်းချမ်းနေနိုင်ဖို့ရာ မဖြစ်နိုင်တော့ချေ။
နေ့လယ်စာသုံးဆောင်ချိန်တွင် ပုံမှန်အတိုင်းပဲ ဖုန့်ယီနန်းဆောင်မှာ ကိုယ်လုပ်တော်အားလုံးလာရောက် သုံးဆောင်ခဲ့ကြသည်။
မနက်ခင်းတုန်းက ထွက်ခွာသွားကြသည့် ကြင်ယာတော်ချန်နဲ့ ကြင်ယာတော်အန်းတို့လည်း ဖုန့်ယီနန်းဆောင်ကို ပြန်ရောက်နေကြပြီဖြစ်သည်။
ကျန်းကျီမြောင် အာရုံထဲ ကိုယ်ပိုင်ဓားရှင်ဖွင့်ကြည့်နေသော်လည်း စိတ်မကပ်နိုင်ဖြစ်နေလေသည်။
ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲမှာ အလွန်ရယ်ရသဖြင့် ကိုယ်လုပ်တော်တွေ နှုတ်ခမ်းကိုက်ကာ အကျယ်ကြီး အော်မရယ်မိအောင် ထိန်းချုပ်ထားရသည်။
ယခင်တုန်းကဆို ကျန်းကျီမြောင်လည်း စိတ်ဝင်တစား ကြည့်တတ်သည်။ ဒီလိုဇာတ်လမ်းတွဲများကြောင့် သူမ စားသောက်ရတာပိုမြိန်သည်။
ယခုမူ… ကျန်းကျီမြောင် စိတ်နှင့်လူ မကပ်မှန်း အလွန်သိသာနေလေသည်။
[ကျန်းကျစ်ဖျင်ကိစ္စအတွက် သက်သေတွေ အတော်များများစုဆောင်းပြီးသွားပြီ၊ ဒါပေမယ့် ဒုတိယမင်းသမီးက နန်းတော်ထဲကနေ ဘယ်အချိန်ထွက်မှာလဲ မသိဘူး၊ အဲ့ဒီအချိန်ကျရင် ကျန်းကျစ်ဖျင်ရဲ့သရုပ်မှန်ကို ဖော်ထုတ်ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်]
[ယွဲ့ဟွာကလည်း လက်မလျှော့သေးဘဲ ရှဲ့ချိုးနဲ့ ထပ်တွေ့ ဆုံဖို့ အခွင့်အရေးရအောင်ဖန်တီးနေတယ်၊ ဒီကောင်က ဉာဏ်နီဉာဏ်နက်များတဲ့ကောင်၊ သူလုံးဝ လက်လျှော့သွားအောင် လုပ်နိုင်မယ့် နည်းလမ်းရှိရင်ကောင်းမှာပဲ]
[ဟုတ်သား… မနက်တုန်းက အတင်းအဖျင်းထဲမှာ ယွဲ့ရှင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ပါတယ်၊ ဒါပေမယ့် နာမည် တစ်လုံးတည်းနဲ့ ဒီတိုင်းပြည်မှာ လိုက်ရှာရမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ၊ ဘယ်လိုရှာရမလဲ… ငါ့အဖေကို အရင်အပူကပ်ကြည့်မှပဲ]
ပြဿနာတွေတစ်ခုပြီးတစ်ခု သူမ အာရုံထဲတိုးဝင်လို့နေ သည်။ ကျန်းကျီမြောင် စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထား သည်။ သို့သော် ဇာတ်လမ်းတွဲကြည့်နေရင်းပင် ယခင်လောက် မစားနိုင်တော့ဘဲ နေ့လယ်စာသုံးဆောင်မှုသည် ခဏလေးနှင့် ပြီးဆုံးသွားခဲ့သည်။
သူမအား ကြည့်လျက် ကိုယ်လုပ်တော်များ ချက်ချင်းစိတ် ပူသွားကြလေသည်။
အရှင်မက အနောက်နန်းဆောင်ကိုအရမ်းဂရုစိုက်ကြင်နာခဲ့တာ!
သူတို့ဘက်ကလည်း အရှင်မကို ပြန်ကူညီပေးသင့်တယ်!
နေ့လယ်ခင်းတွင် ကိုယ်လုပ်တော်များအားလုံးပြန်တော့မည်ဖြစ်ကြောင်း ကျန်းကျီမြောင်အား ပထမဆုံးအကြိမ်အဖြစ် ခွင့်ပန်ခဲ့ကြသည်။
ကျန်းကျီမြောင် အံ့အားသင့်သွားပြီး ရင်ထဲမှာ အနည်းငယ်ပင်ဝမ်းသာမိသွားသည်။
ဟုတ်တယ် အတန်းမှန်မှန်တက်တာက လူသားမဆန်တဲ့လုပ်ရပ်ပဲ!
နောက်ဆုံးတော့ အားလုံးနားလည်သွားကြပြီပေါ့!
ကျန်းကျီမြောင်ကတော့ နန်းဆောင်ထဲမှာသာ ဆက်နေခဲ့ပြီး အစီအစဉ်တွေ စတင်ဆွဲလေသည်။
ယွင်ရှန်းကို ဆင့်ခေါ်လိုက်ပြီး သူမ မိန့်ကြားလိုက်၏။
“ယွင်ရှန်း၊ ပါးနပ်တဲ့ အခြွေအရံတစ်ယောက်ကို အမြန်သွားရွေးလိုက်၊ ပြီးရင် ဒုတိယမင်းသမီးရဲ့ ချောင်ဖန့်နန်းဆောင်က အခြွေအရံတွေနဲ့စကားပြောနိုင်အောင် ဖန်တီးလိုက်၊ သူတို့ဆီကနေ သတင်းနှိုက်ထုတ်နိုင်ဖို့ အရေးကြီးတယ်၊ အဓိက သိချင်တာက ဒုတိယမင်းသမီး နန်းတော်ကနေ ထွက်ခွာဖို့ အစီအစဉ်ရှိသလား ဆိုတာပဲ၊ ရှိတယ်ဆိုရင် ဘယ်အချိန် ထွက်ခွာမှာလဲဆိုတာမျိုးပေါ့”
ယွင်ရှန်း အမိန့်နာခံလိုက်ပြီး အမြန်သွားစီစဉ်ခဲ့သည်။
“ကျွေ့ယွဲ့၊ စုံစမ်းရရှိထားတဲ့ သက်သေတွေကို အဆင်သင့်ပြင်ထားဖို့ ခမည်းတော်ဆီ သတင်းပါးလိုက်၊ အဲ့ဒီ သက် သေတွေကို အချိန်မရွေးလိုအပ်လာနိုင်တယ် ပြီးတော့ ယွဲ့ရှင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းလည်း စုံစမ်းထားလိုက်”
ကျန်းကျီမြောင် အမိန့်ထပ်ပေးလိုက်သည်။
ဒီအခြွေအရံခေါင်းဆောင်နှစ်ဦးကို ဝန်ကြီးချုပ်အိမ်တော်မှ ကျန်းဝေကိုယ်တိုင် ရွေးချယ်ပေးထားခြင်းဖြစ်သည်။
ယွင်ရှန်းက သွက်လက်ပါးနက်ပြီး ကျွေ့ယွဲ့ကမူတည်ငြိမ်လေးနက်မှုရှိသည်။ ၎င်းတို့နှစ်ယောက်အား ကျန်းကျီမြောင် စိတ်ချလက်ချယုံကြည်နိုင်ပါသည်။
ဝန်ကြီးချုပ်ကျန်းကို ဆက်သွယ်ဖို့ ကျွေ့ယွဲ့မှာ ကိုယ်ပိုင်လမ်းကြောင်းရှိသည်။ မိဖုရား၏အမိန့်တော်ကို နာခံပြီး သည်နှင့်တစ်ပြိုင်နက် သူမ အမြန်ထွက်ခွာလာခဲ့သည်။
နောက်ဆုံးတော့…
ကျန်းကျီမြောင် မျက်ခုံးပင့်လိုက်သည်။
ယွဲ့လင်းကို သူမ သွားတွေ့ရပါဦးမည်။ ယခင်က အဖြစ် အပျက်တွေကြောင့် သူနှင့် ယွဲ့လင်းတို့အကြား ယုံကြည်မှု ပိုခိုင်မာလာပြီဖြစ်သည်။
တချို့ကိစ္စတွေကို သူမလုပ်တာထက် ယွဲ့လင်းလုပ်တာက ပိုလွယ်ကူပါလိမ့်မည်။
အခုချိန်လောက်ဆို ယွဲ့လင်း တော်ဝင်စာကြည့်ဆောင်ထဲမှာ ရှိနေလောက်သည်။
ကျန်းကျီမြောင် သေချာစဉ်းစားလိုက်ပြီး မီးဖိုဆောင်အား ရင်ကိုအေးမြစေမည့် ကြာစေ့ပဲနောက်စွပ်ပြုတ်တစ်ပွဲပြင် ဆင်ခိုင်းခဲ့ကာ တော်ဝင်နန်းဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာခဲ့လေသည်။
နေရောင်ကလည်း အလွန်ပူပြင်းတောက်လောင်နေသည်။
မိဖုရားကြီး ကြွလာတာကို လှမ်းမြင်ပြီး လီသဲ့ဟွိုက် ခပ်သုတ်သုတ် လာကြိုဆိုလိုက်လေသည်။
ကျန်းကျီမြောင်လက်ထဲမှ ကြာစေ့ပဲနောက်စွပ်ပြုတ်ကို လက်ခံကာ လီသဲ့ဟိုက် တိုးတိုးလေးသတိပေးလိုက်သည်။
“အရှင်မ… အထဲမှာ အရှင်မင်းကြီး အမျက်ဒေါသတွေ အရမ်းကြီးနေတယ်၊ အကြောင်းကိစ္စတစ်ခုခုရှိလို့ ဆိုရင် ခဏကြာမှ ပြန်ကြွလာတာ ပိုကောင်းမယ်ထင်တယ်”
လီသဲ့ဟွိုက် စကားဆုံးသည်နှင့် တစ်ပြိုင်နက်…
ဝုန်း!
တော်ဝင်စာကြည့်ဆောင်ထဲ ကြမ်းပြင်ပေါ်တစ်ခုခု ပြုတ်ကျသံကို ကျန်းကျီမြောင် ကြားလိုက်ရသည်။
သူမ ထိတ်လန့်သွားကာ မေးလိုက်သည်။
“အရှင်မင်းကြီးက အဲ့လောက် အမျက်ဒေါသကြီးတတ်လို့လား”
လီသဲ့ဟွိုက် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။
ယွဲ့လင်း၏ဒေါသက အလွန်ခန့်မှန်းရခက်သည်။ ဒါကို တစ်လောကလုံးမှာ မိဖုရားကြီးတစ်ပါးတည်းသာ မသိတာ ဖြစ်ပါလိမ့်မည်။