ဒါက ငရဲပဲ(၁)
Vol. 17 Ch. 236
"ဟီးဟီးဟီးဟီး"
“…”
“အဟမ်း”
“….”
"ခီးဟီးဟီးဟီးဟီး"
“…”
ယွန်းဂျွန်က ကောင်းကင်ကို မော့ကြည့်ပြီး တွေးလိုက်၏။
'ငါငိုချင်လိုက်တာ'
'ဒီနေ့မှ ကောင်းကင်က ဘာလို့ အရမ်းတွေ ကြည်လင်နေတာလဲ'
ချွန်းမြောင်က လက်ခုပ်တီးပြီး ဂုဏ်ယူနေသည့်အမူအရာနှင့် သူ၏ပခုံးများကို ရုတ်တရက် အကြောဆန့်လိုက်၏။ထို့နောက် အခုလေးတင် ယွန်းဂျွန် လုပ်ခဲ့သည့်အတိုင်း ပြန်လည်တုပပြလေသည်။
"ကျွန်တော်မသိပါဘူး လူသားတစ်ယောက် အခြားသူတွေကို ကူညီပေးတာက အကြောင်းပြချက် တစ်ခုခုရှိမှဖြစ်မှာလား”
"အားးး"
ချွန်းမြောင်ရှေ့တွင် ရပ်နေသည့် ဂျိုဂုက ချွန်းမြောင်၏ ကလေးဆန်သော အပြုအမူများကြောင့် အတော်လေး အံ့အားသင့်သွားလေသည်။
"ကျွန်တော့်နှလုံးသားက ခိုင်းတာကိုပဲ လုပ်ခဲ့တာပါ ဒါက တာအိုပါပဲ"
"အားးးးးးး'
"ဟီးဟီးဟီးဟီးဟီးးးးး"
ချွန်းမြောင်နှင့် ဂျိုဂုတို့က ရယ်မောနေကြပြီး ယွန်းဂျွန်းကတော့ ကောင်းကင်ကို ဆက်လက်မျှော်ကြည့်နေလေသည်။ထို့နောက် မျက်လုံးထောင့်ကနေ သူတို့ကို လှမ်းကြည့်လိုက်၏။
'ဒီဆာဂျေးတွေကတော့’
'ဒီလိုလူတွေ ပြောစရာရအောင် ငါ ဘာလို့ အဲ့ဒီလို လုပ်ခဲ့မိတာလဲ’
ခေါက်ထားလိုက်စမ်းပါ။ဘာလို့ သူဖြစ်ချင်တာကို ပြောပြခဲ့ရုံနဲ့ ဘာလို့ ဒီလောက်တောင် အခက်အခဲတွေ အများကြီး ဖြတ်သန်းခဲ့ရတာလဲ။
"ကျွတ်...ဟွာဆန်းမှာ တာအိုကျင့်ကြံသူတွေရှိပါတယ်”
“ချွန်းမြောင်…ငါတို့ဆီမှာ တကယ်ကို တာအိုတွေရှိတယ်လေ ငါတို့က တာအိုဝါဒီတွေကြောင့် ဟွာဆန်းဖြစ်နေတာလေ”
“အာ မှန်ပါတယ် တောင်းပန်ပါတယ် ငါတို့ရဲ့ဟွာဆန်းမှာ တာအိုဝါဒီကောင်းတွေရှိပါတယ်”
"ဒီအတိုင်း တာအိုဝါဒီတွေပဲ"
"ကျွတ် ဆာဟျောင်း...ဒီဆာဂျေးက ဟျောင်းကို အတော်လေး အထင်ကြီးမိတယ်”
'ချွန်းမြောင်...'
'ငါတော့ သေသာ သေလိုက်ချင်တော့တယ်’
'စကားတွေချည်းသက်သက်ထက် သူ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်တာကို ပိုကျေးဇူးတင်မယ်ထင်တယ်'
ယွန်းဂျွန်က သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဘတ်ချုန်းကို တည်ကြည်လေးနက်သော မျက်လုံးများနှင့် ပြန်ကြည့်လိုက်၏။ဒါကိုနားလည်သည့် ဘတ်ချုန်းက ချောင်းဆိုးပြီး သူ၏ဆရာတူညီနှစ်ယောက်ကို ကြည့်လိုက်လေသည်။
"မင်းတို့တွေ အခု ရပ်လိုက်သင့်ပြီ"
“ဟုတ်ကဲ့”
“ဟုတ်ကဲ့ နားလည်ပါတယ် ရှစ်ရှုန်း"
နောက်ပြောင်နေသည့် အငယ်နှစ်ယောက်က တိတ်သွားသောအခါ ဘတ်ချုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကြီးကျယ်မြင့်မြတ်တဲ့ တာအိုဝါဒီတစ်ယောက်က ဟွာဆန်းမှာ မွေးဖွားခဲ့တာ ဒါကြောင့် မင်းတို့ သူ့ကို ဒီလိုမျိုး မစနောက်သင့်ဘူး ယွန်းဂျွန်ကို ဟာသမလုပ်ကြနဲ့။မင်းတို့ သူ့ရဲ့တာအိုကို လိုက်ပြီး မတုပသင့်…..ဖူးးးးး”
“…”
ဘတ်ချုန်းက ဝါးလုံးကွဲ ရယ်မောရင်း သူ့ပါးစပ်ကို အုပ်လိုက်လေသည်။
“ရှစ်ရှုန်း….”
"အာ တောင်းပန်ပါတယ် ငါဆက်တွေးနေတာက…ဖူးဟားဟား”
ဘတ်ချုန်း၏ဟန်ဆောင်မျက်နှာဖုံး ကွာကျသောအခါ ချွန်းမြောင်ကလည်း သူ့အခွင့်အရေးကို လက်လွတ်မခံပေ။
"ဒါက ဟွာဆန်းက သူ့တပည့်တွေကို သင်ပေးလိုက်တာပဲ"
“အားးး လိုက်မလုပ်နဲ့လို့ ပြောနေတယ်လေ"
"မလုပ်နဲ့ ဟီးဟီးဟီးဟီး"
ချွန်းမြောင်က စိတ်လှုပ်ရှားသွားလေသည်။ချွန်းမြောင်က ရယ်မောရင်း သူ့မျက်ရည်တွေကို သုတ်နေသည့်အချိန်တွင် ယွန်းဂျွန်တစ်ယောက် ဘဝနှင့် တာအို အကြောင်း စဉ်းစားမိသွားလေသည်။
ဘတ်ချုန်းက ယွန်းဂျွန်၏ပခုံးပေါ် သူ့လက်ကို တင်လိုက်ပြီး ချောင်းချက်ဟန့်ကာ ပြောလိုက်၏။
"ရှက်စရာ ဘာမှမရှိပါဘူး"
“…”
“မင်းက အံ့သြစရာကောင်းပါတယ် ပြီးတော့ မင်း အမှားတစ်ခုခု လုပ်မိတာမျိုးလည်း မဟုတ်ပါဘူး ပြီးတော့ ငါတို့သာဆို ဘယ်တော့မှ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး”
"ကျွတ် ဟုတ်တယ် ငါ့မှာ ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ ဆာဟျောင်းရှိတယ် ဆိုတာ သိရတာလေ ဒီတပည့် ချွန်းမြောင်တော့ ဩချလောက်ပါတယ် ဆာဟျောင်း အခု ငါ ဆာဟျောင်း တစ်ယောက်တည်းကိုပဲ ယုံတာ…"
“အယ်”
ဘတ်ချုန်းက သူ့လက်တွေကို ပွတ်လိုက်ပြီး ချွန်းမြောင်ကို ဘေးသို့ တွန်းလိုက်လေသည်။
"သူပြောတာမှန်တယ်"
"... ရှစ်ရှုန်းကလည်း ကျွန်တော့်ကို ဟာသလုပ်နေတာလား"
“တောင်းပန်ပါတယ်”
ဘတ်ချုန်းက မရယ်ချင်အောင် ကြိုးစားရင်း ပါးစပ်ကို အုပ်ထားပြန်သည်။
“အာ..အား….”
"ဟီးဟီးဟီးဟီး"
'ဒါက ငရဲလား'
'ဒါက ငရဲပဲ'
ယွန်းဂျွန်က ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကို မြင်ရသဖြင့် ဘတ်ချုန်းက မျက်နှာထက်တွင် စိတ်မကောင်းသည့် ဟန်လုပ်နေလေသည်။တကယ်တော့ ယွန်းဂျွန် ဒီနေ့လုပ်ခဲ့တာတွေက တကယ်ကို အံ့သြစရာကောင်းပါသည်။သူ့စကားတွေ ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ သားရဲနန်းတော်ကလူတွေကို ဆွဲဆောင်ဖို့ လွယ်မှာ မဟုတ်ပေ။
သို့သော် ယွန်းဂျွန်က သူတို့ကို ယုတ္တိမရှိပေမယ့် တာအို အကြောင်းကို နားလည်သဘောပေါက်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
'မင်းက အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပါ’
ထို့ကြောင့် ဟွာဆန်းက ယူနန်နှင့် သူတို့၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်ခံ့စေခဲ့သည်။ဒါနှင့် နှိုင်းယှဉ်လိုက်လျှင် ယူနန်လက်ဖက်ခြောက်များကို လက်ဝါးကြီးအုပ်ရယူခြင်းက အသေးအဖွဲကိစ္စဟု ယူဆလို့ရသည်။
နန်မန်သားရဲနန်းတော်နှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်လိုက်ရုံနှင့်တင် အံ့သြစရာကောင်းနေပြီဖြစ်သည်။
‘ငါတို့တွေ ဒီခရီးစဉ်မှာ မမျှော်လင့်ထားတဲ့ အရာတွေ အများကြီး ရခဲ့ပါတယ်'
သားရဲနန်းတော်နှင့် မဟာမိတ်ဖြစ်ခဲ့ရုံမက တန်မိသားစုနှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ထို့ပြင် သူတို့တွေ အင်အားကြီးမားသော တပ်ဖွဲ့များစွာဖြင့် ကြီးမားသော ကွန်ရက်တစ်ခုကိုလည်း ဖြန့်ကြက်ထားသေးသည်။
အားလုံးရဲ့အထက်မှာ...
"ခရမ်းရောင်သစ်သားမြက်ကို ကောင်းကောင်း ဂရုစိုက်ရဲ့လား"
“ဒီကိုကြည့်လိုက်”
ဘတ်ချုန်းက လှည့်ကြည့်ပြီး ချွန်းမြောင်၏နောက်ကျောမှာ ထုပ်ပိုးထားသည့် အိတ်လေးရှိနေသေးတာကို သတိထားမိလိုက်၏။သူ့ကြည့်ရတာ အခြားမည်သူ့ကိုမျှ ကိုင်ထားခွင့် မပြုသည့်ပုံပေါက်နေသည်။
“…ဒီအချိန်မှာတော့ အင်ပါယာနန်းတော်က ဘဏ္ဍာတိုက်ထက် ပိုလုံခြုံပုံတဲ့ပုံပဲ”
"ငါလည်း ဒီလိုပဲထင်တယ်"
ဘတ်ချုန်းက ပြုံးပြီး သူ့လည်ချောင်းကို ရှင်းလိုက်၏။
“အနားကို တိုးလာခဲ့”
“ဟုတ်ကဲ့ ရှစ်ရှုန်း"
ဂျိုဂု၊ယွန်းဂျွန်၊ချွန်းမြောင်နှင့် ယူယီဆိုးတို့က ဝိုင်းစုလာကြသည်။
"ပထမဆုံးအနေနဲ့...ဒါကိုပြောဖို့က နည်းနည်းတော့ စောနေသေးပေမယ့် မင်းတို့အားလုံး ဒီလောက်ထိ ဒုက္ခတွေကို ဖြတ်သန်းခဲ့ကြပြီးပြီပဲလေ"
"လုံးဝမဟုတ်တာ ရှစ်ရှုန်း"
“ဒါပေမယ့် အခုထိတော့ စိတ်ချရဖို့က စောလွန်းပါသေးတယ် ကျွန်တော်တို့ရဲ့ ပန်းတိုင်က မြက်တွေကို စုဆောင်းဖို့တင်မဟုတ်ဘဲ ဟွာဆန်းကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ဖို့လေ"
“ဟုတ်တယ်”
ချွန်းမြောင်က ပြတ်ပြတ်သားသားပြောလိုက်၏။
"ငါတို့တွေ တတ်နိုင်သမျှ အမြန် ပို့ဆောင်ရမယ်"
“ဟုတ်တယ်”
ဘတ်ချုန်းက ခေါင်းညိတ်လိုက်လေသည်။
“လူတိုင်းက အခုအချိန်အထိ အများကြီး လုပ်ခဲ့ရပြီး အများကြီး ဖြတ်သန်းခဲ့ရတာလေ ဒီတော့ ဟွာဆန်းကိုရောက်ရင် ခဏလောက် အတူတူ အနားယူကြရအောင်"
"ပြောစရာမလိုတဲ့ စကားတွေ ပြောနေတာပဲ ရှစ်ရှန်း"
“ဟုတ်သား ဒါဆို ပထမဆုံး…ငါတို့တွေ ကုန်သည်အဖွဲ့နဲ့ ထပ်တွေ့ဖို့ လိုမယ်ထင်တယ်”
"အာ ဘာလို့ သူတို့နဲ့တွေ့ရမှာလဲ"
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။
"ဒါက ယူနန်ကနေ ထွက်သွားဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူးလား"
"ဘယ်လို လှည်းတစ်စီးပဲ ဝယ်လိုက်လို့ရတာပဲလေ ငါတို့မှာ မြင်းတွေတောင် ရှိနေတာပဲကို”
"အာ မြင်းတွေ…”
ဘတ်ချုန်းက အနည်းငယ် အံ့ဩထိတ်လန့်သွားလေသည်။
“အာ…”
"ကျွန်တော်-ကျွန်တော် ဗိုက်ဆာလွန်းလို့ပါ"
“…”
"ဒီလိုနဲ့ ကျွန်တော် တကယ် သေသွားလိမ့်မယ်"
“ကျွန်တော့်မှာ တောင်းစားတောင် မရဘူး ဒီကလူတွေက အသဲနှလုံးမရှိကြဘူး…”
"အခုချိန်ကစပြီး ကျွန်တော့်အရေပြားတွေ စလျော့လာပြီထင်တယ်...ကျွန်တော့်မှာ အားကိုးစရာ ဘာမှမရှိပါဘူး"
သူ့အဖွဲ့သားများ၏ ညည်းညူသံကြောင့် ဘန်ယိုးက သက်ပြင်းချလိုက်၏။
ချွန်းမြောင်က သူတို့ကို သတိပေးချက် တစ်ခုနှင့်အတူ ချန်ထားခဲ့သည်မှာ ရက်အနည်းငယ်ကြာသွားပြီဖြစ်သည်။ဘာမှလုပ်စရာမရှိဘဲ ဝေးလံခေါင်သီတဲ့ အရပ်ဒေသမှာ ကျန်ရစ်ခဲ့တာမို့ သူတို့တွေ အဲ့ဒီနေရာမှာပဲ အချိန်ကုန်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
"ငါတို့ဘာတတ်နိုင်မှာလဲ တခြားနည်းလမ်းမရှိတာ”
"ကျွန်တော်တို့တွေ ဘာလို့ ခိုးဖို့မကြိုးစားတာလဲ"
"အဲဒီလိုလုပ်ဖို့အတွက် ငါ့တို့မှာ ချီမရှိဘူးလေ"
"ကျွန်တော်တို့မှာ ချီမရှိဘဲနဲ့ ငါတို့ကို ဓားပြလို့တောင် ခေါ်လို့ရပါ့မလား"
"... ငါတို့ကို ဘယ်သူက ဒီရာထူးကို ပေးခဲ့တာလဲ"
“….”
ဘန်ယိုး၏ မျက်လုံးများထဲတွင် မျက်ရည်တွေ စီးကျနေလေသည်။
"ကွမ်မင်မှာ ရုတ်တရက် သူခိုးတစ်ယောက် ပေါ်လာတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့သွားပြီဆိုရင် လူတိုင်းက သေချာပေါက် သံသယဝင်မှာပဲ...အဲဒါကို ကိုင်တွယ်ဖို့ မင်းမှာ ယုံကြည်မှုရှိလား"
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူတိုင်း၏ စိတ်ထဲမှာ အမျိုးသားတစ်ယောက်၏ မျက်နှာ ပေါ်လာလေသည်။
"ခွေးတောင် ကိုက်မှာ မဟုတ်တဲ့လူ"
"သူက ဓားပြတွေထက် ပိုဆိုးတယ်"
အဲဒါကို တွေးမိရုံနှင့် သူတို့တွေ ညည်းတွားမိကြလေသည်။
သူတို့က ဓားပြတွေပါ။
ဓားပြတွေက သာမန်သူခိုးအစုအဝေး တစ်ခုမျှသာဖြစ်ပြီး သူခိုးများသည် အကျင့်စာရိတ္တချို့တဲ့သူများဖြစ်သည်။
မှန်မှန်ကန်ကန် တွေးခေါ်နိုင်သူတွေက သူတို့ရဲ့ဘဝ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ၊ဘယ်တော့မှ ဓားပြတစ်ယောက် မဖြစ်လာမှာမဟုတ်ပေ။မဟုတ်ဘူး။ဒုက္ခရောက်သည့်အချိန်မှာ ပစ္စည်းတွေ ခိုးခဲ့ရင်တောင် သူတို့ အဲဒီအလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်တော့ပါ။
ရှင်းရှင်းပြောရလျှင် ဤလောက၌ ဆင်ခြင်တုံတရား နည်းနည်းလေးရှိသူတစ်ဦးပင် ဤလောကထဲသို့ တမင်တကာ ခုန်ဆင်းသွားမှာမဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ထိုကဲ့သို့သောလူများ၏အမြင်တွင်ပင် ချွန်းမြောင်ဟုခေါ်သောလူသည် လွန်လွန်းလှသည်။ကောင်းကင်ဘုံက သူ့ကို လောကကြီးထဲ စေလွှတ်လိုက်တဲ့အချိန်မှာ ဘာတွေတွေးနေခဲ့လဲဆိုတာ သိချင်မိသည်။
"…..ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"ငါတို့က တခြား ဘာလုပ်ကြရမှာလဲ ငါတို့တွေ စောင့်ကြတာပေါ့”
"ဒါဆို ကျွန်တော်တို့တွေ ငတ်သေရင် ဘယ်လိုလုပ်မလဲ"
“အဲဒါက ပိုကောင်းသေးတယ်။အတော်လေးကို ပိုကောင်းမှာပဲ"
“ကျွတ်”
လူတိုင်းက သက်ပြင်းချလိုက်ကြသည်။
ဒီလို နတ်ဆိုးတစ်ကောင်ကို သူတို့တွေ မည်သို့ ကြုံလာခဲ့ကြသည်ကို သူတို့အားလုံး သိချင်နေကြလေသည်။
“အိုး...ကျွန်တော့်အမြင်အရဆိုရင် ကျွန်တော်တို့တောင်းဆိုလိုက်ရင် သူက ပြုံးပြုံးလေးနဲ့ ကျွန်တော်တို့ကို သေတဲ့အထိရိုက်လိမ့်မယ်"
"သူကြီးပြင်းလာချိန်မှာ ဘာတွေမြင်ခဲ့ရတာလဲ သိချင်လိုက်တာ..."
ဓားပြများထဲမှတစ်ယောက်က ဘန်ယိုးကို မျက်ရည်များဖြင့် ကြည့်နေလေသည်။
"ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်ကြမလဲ ကျွန်တော်တို့တွေ လွတ်မြောက်နိုင်ပါ့မလား"
"ဒါကို ငါလည်း ဘယ်လို သိနိုင်မှာလဲ"
"ခေါင်းဆောင်က ကျွန်တော်တို့ခေါင်းဆောင်ပဲလေ သူသာ ဒီနေရာကို ပြန်လာရင် ကျွန်တော်တို့တွေ အများကြီး ပို ဒုက္ခရောက်ပြီး နောက်ဆုံးကျ သေအောင် အရိုက်ခံရမှာပဲ မဟုတ်ဘူးလား အခုအချိန် ပြေးတာ ပိုကောင်းမယ်နော်…”
"အတွင်းအားချီတွေမရှိဘဲ ငါတို့တွေ ဘယ်လို နေထိုင်ကြမှာလဲ"
"ဒါပေမယ့် ကျွန်တော်တို့တွေ စီချွမ်ကို မပြန်သင့်ဘူးလား"
"စီချွမ် မင်း စီချွမ်လို့ ပြောလိုက်တာလား"
"ဟုတ်တယ်လေ အဲ့ဒါက ကျွန်တော်တို့နေရာပဲ ဖြစ်နေသေး..."
"မင်းကတော့ ဘယ်လိုကောင်လဲ ငတုံး"
ဘန်ယိုးက အော်လိုက်၏။
"စီချွမ်မှာ ငါတို့အပေါ် ရန်ငြိုးထားတဲ့သူတွေ ဘယ်လောက်တောင် ပုံနေလိုက်မလဲ ငါတို့က ခွန်အားတွေမရှိတော့ဘဲ သာမန်လူတွေအဖြစ် ပြောင်းလဲသွားတဲ့အကြောင်း ကောလာဟလပျံ့သွားရင် ငါတို့တွေ အသက်ရှင်ကျန်ရစ်နိုင်ဦးမယ် ထင်နေတာလား လက်ထဲမှာ ပုဆိန်တွေကိုင်ပြီး ငါတို့နောက်ကို လိုက်နေတဲ့သူတွေကိုက လူတစ်ရာကျော်လောက် ရှိလိမ့်မယ်”
“အဲ့ဒီလိုဆိုရင်တောင် ကျွန်တော်တို့ အစိမ်းရောင်ဆီက အကာအကွယ်တောင်းရင်…”
"သူတို့က ငါတို့ကို ကာကွယ်ပေးမယ်လို့ ထင်လို့လား အဲ့ဒီလူက လက်မောင်းတစ်ဖက် ဆုံးရှုံးလိုက်ရလို့ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ကို ကျားကို အစာအဖြစ် ပစ်ကျွေးတဲ့သူလေ ဒီလိုလူက ချီစွမ်းအား မရှိတဲ့သူကို အကာအကွယ်ပေးမယ်လို့ ထင်လား”
သူတို့ကြားလိုက်ရသည့် စကားကြောင့် ဘယ်သူမှ မပြောကြတော့ပေ။
ဘန်ယိုးက သူတို့ကို ကြည့်ရင်း သူ့လျှာကို မထိတထိ ကိုက်လိုက်၏။
"အာ အား လောလောဆယ်တော့ ဒီနေရာမှာပဲ ဆက်သည်းခံနေတာက အကောင်းဆုံးပဲ ငါတို့က သူ့ဆီသွားရင်ရော အဲဒီလူက ငါတို့ကို လွှတ်ပေးမယ်ထင်လား မဟုတ်ဘူး…သူတို့က ငါတို့ကို အလုပ်တွေ ပိုလုပ်ခိုင်းပြီး ငါတို့ကို ပိုလို့တောင် ရိုက်ကြလိမ့်မယ် ပြီးတော့ ငါတို့အမှားလုပ်မိရင် အသတ်ခံရမှာ သေချာတယ်”
"ဒါကို ကျွန်တော်လည်း ကောင်းကောင်းသိပါတယ်"
“ဟုတ်တယ် ဒါကအသိသာကြီး သူ ဘယ်လောက် ရက်စက်တယ်ဆိုတာ သိသာပါတယ်”
"ငါတော့ သူ အဲ့ဒီလောက် ဆိုးမယ် မထင်ဘူး"
"ဘာတွေပြောနေတာလဲ သူ့လောက် ရက်စက်တဲ့လူကို ငါ့တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး တခြားတစ်ယောက် ရိုက်တာသာ ခံလိုက်ချင်သေးတယ် ငါက ငါ့အလုပ်အတွက် အမြဲ ဂုဏ်ယူမိခဲ့ပေမယ့် သူ့ကိုတွေ့တာနဲ့ စွန့်လွှတ်လိုက်ရတယ်”
“ဟူး ဒါလည်း ကောင်းတဲ့အရာပါပဲ”
“ဟုတ်တယ် တော်တော် ကောင်းတာပဲ…”
ဘန်ယိုးက စကားသံထွက်လာသည့် ဦးတည်ရာဆီသို့ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
ထိုအသံကြားသောအခါ တုန်လှုပ်သွားသော သူ၏လက်အောက်ငယ်သားများသည်လည်း ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြသည်။
ဘန်ယိုးက ရင်ထဲ၌ တစ်ခုခု ခံစားလိုက်ရပြီး ဖျော့တော့သွားလေသည်။
“…”
အသံထွက်လာသည့် ဘက်သို့ ခေါင်းလှည့်လိုက်သောအခါ ရင်းနှီးသော အပြုံးမျက်နှာကို မြင်လိုက်ရလေသည်။
“…”
ကမ္ဘာကြီးက ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ဘန်ယိုးမှာ ချက်ချင်းပင် ခန္ဓာကိုယ်ပေါ်မှ ချွေးအေးများ စီးကျလာခဲ့သည်။တစ္ဆေမြင်ရသလိုမျိုး တုန်ယင်နေသည့် မျက်နှာနှင့် စကားစပြောလာလေသည်။
“ဘယ်-ဘယ်အချိန်တုန်းက…”
"အခုလေးတင်ပါ"
“ဒါနဲ့ ဘယ်သူက ပြောလိုက်တာ…”
"ဟုတ်တယ် အဲ့ဒါ ငါပဲလေ"
“…”
ခဏအကြာတွင် ဘန်ယိုး၏မျက်နှာသည် မည်းမှောင်သွားသည်။ချွန်းမြောင်က တောက်ပစွာပြုံးလိုက်လေ၏။
“ကျ-ကျွန်တော် ခုနက ပြောချင်တာက…”
"ဘာမှမဖြစ်ပါဘူး။လုံးဝအဆင်ပြေပါတယ်”
ချွန်းမြောင်က လက်လှမ်းကာ ဘန်ယိုး၏ ပခုံးကို ပုတ်လိုက်၏။
“ဒီလိုကိစ္စမျိုးတွေက ဖြစ်လာနိုင်ပါတယ် ငါမရှိတဲ့နေရာတွေမှာ လူတွေက တခြားသူတွေကို လွတ်လွတ်လပ်လပ် ဆဲဆိုလို့ရပါတယ်”
"ကျ-ကျွန်တော် တောင်းပန်ပါတယ်"
"ငါပြောတာက အဆင်ပြေပါတယ်လို့"
ချွန်းမြောင်က ဝမ်းသာအားရ ပြုံးနေလေသည်။
“ငါက အရမ်းကြီး ဆိုးနေတဲ့လူ မဟုတ်ပါဘူး။တကယ်တော့ ငါက တာအိုကျင့်ကြံသူတစ်ယောက်ပါ ငါအရာအားလုံးကို နားလည်ပါတယ်"
'တာအိုကျင့်ကြံသူလား'
'ဒီကောင်စုတ်က တာအိုဝါဒီလား'
'မင်းပြောနေတာ တော်တော်လွန်နေပြီ မင်းပြောတဲ့စကားတွေ ကြားသွားရင် ဘယ်သူမှ စကားပြောမှာ မဟုတ်တော့ဘူး ကမ္ဘာပေါ်မှာ ဒီလို တာအိုကျင့်ကြံသူမျိုး ဘယ်မှာရှိဖူးလို့လဲ'
ဘန်ယိုးက သူ့စကားကို ကြားလိုက်သည်နှင့် မျက်စောင်းထိုးလိုက်၏။
ထိုမျက်လုံးများကို မြင်လိုက်ရတော့သော ချွန်းမြောင်က သဘောကျစွာ ပြုံးလိုက်မိသည်။
"တာအိုဝါဒီတစ်ယောက်က ဘာလို့ တာအိုဝါဒီတစ်ယောက်ဖြစ်နေလဲဆိုတာ မင်းသိလား”
“မ-မသိပါဘူး”
“အခြားသူတွေဆီက ကိုယ့်အကြောင်း မကောင်းပြောနေတာတွေကို ကြားရရင်တောင် တခြားသူတွေကို ပေးကမ်းနိုင်ရမယ် ငါ့ဆာဟျောင်းဆီကနေ သင်ယူခဲ့ရတာလေ ဒါကြောင့် မင်းတို့အတွက် လက်ဆောင်တစ်ခု ငါပြင်ဆင်ထားတယ်"
"အမ်"
ချွန်းမြောင်က နောက်ပြန်ဆုတ်သွားကာ တစ်ခုခုကို သယ်လာပြီး ဘန်ယိုးရှေ့၌ ပစ်ချလိုက်၏။
“…ဒါလား”
ဘန်ယိုးက သူ့ခေါင်းသူ စောင်းကြည့်နေလေသည်။ချွန်းမြောင်ယူလာခဲ့တာ မြက်ခြောက်ပင်ဖြစ်သည်။
'ဒါပေမယ့် ယူနန်မှာ မြက်ခြောက်ကို ဘာအတွက် အသုံးပြုကြတာလဲ...'
ဘန်ယိုးတစ်ယောက် စဉ်းစားရကြပ်နေသည်ကို မြင်သောအခါ ချွန်းမြောင်က ဝမ်းသာအားရ ပြုံးနေလေသည်။
"မင်းတို့ မြင်တဲ့အတိုင်းပဲ ဒါက မြက်ခြောက်ပဲ"
"သိပါတယ် ဒါပေမယ့် ဘာလို့လဲ..."
"ဘာပဲဖြစ်ဖြစ် စားစရာတစ်ခုခုဖြစ်နေရင် လက်ဆောင်က အရမ်းကောင်းတာပဲလေ"
“…အာ”
"စားစရာ"
“…”
ဘန်ယိုးက ချွန်းမြောင်ကို ကြောင်ကြောင်အအလေး ကြည့်နေလေသည်။
'စားဖို့'
'မြက်ခြောက်'
"ဒါ - ဒါကို လူတွေက ဘယ်လိုလုပ် စားနိုင်မှာလဲ..."
"လူတွေ"
မျက်မှောင်ကြုတ်နေခဲ့သော ချွန်းမြောင်သည် မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်လိုက်၏။
“…”
ဘန်ယိုးအတွက်တော့ သူ၏ရွှန်းရွှန်းစိုနေသော မျက်လုံးများကို ကြည့်ရသည်မှာ ခက်ခဲလှသည်။
"ဒီနေရာမှာ လူတစ်ယောက်ရှိတယ်လား မင်းတို့အားလုံးက မြင်းတွေ မဟုတ်ဘူးလား"
“…”
"သေချာစဉ်းစားပါဦး"
"ဟုတ်လား"
“မြင်းတစ်ကောင်က…မြင်းတစ်ကောင်က ငါ့နောက်ကွယ်မှာ ငါ့အကြောင်းပြောနေတာကို ဒေါသထွက်မိတာက ငါ့အတွက် ထူးဆန်းနေတာပေါ့ ဒါပေမဲ့ လူတစ်ယောက်ဆိုရင်တော့...."
လက်သီးများကို ဆုပ်လိုက်၏။
ချွန်းမြောင်၏လက်ထဲက ကျောက်တုံးမှာ ကြေမွသွားခဲ့သည်။
“သူတို့ရဲ့ အပြစ်တွေအတွက် ပေးဆပ်ဖို့ လိုတာပေါ့”
“…”
"မင်းတို့ စားချင်လား ဒါမှမဟုတ် အရိုက်ခံချင်လား စားချင်လား ဒါမှမဟုတ် လူသားအဖြစ်ပြောင်းချင်လား”
ချက်ချင်း အဖြေထွက်လာကြလေသည်။
"ကျွန်တော် စားပါ့မယ်"
"ကျွန်တော်တို့က မြက်ခြောက်တွေ ကြိုက်ပါတယ်"
"ကျေးဇူးတင်ပါတယ် ကျွန်တော်တို့အတွက် ဒီလောက်ထိ တွေးပေးခဲ့တာ"
ချွန်းမြောင်က ဝမ်းသာအားရ ပြုံးလိုက်လေသည်။
"ဟုတ်လား များများစားကြ"
“ဟုတ်ကဲ့”
မြက်ခြောက်ပင်ကို ဆွဲယူရင်း သူတို့၏မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။မတွေ့သင့်သော သူနှင့် တွေ့ဆုံခဲ့မိခြင်း၏ ပေးဆပ်ရခြင်းဖြစ်သည်။