← Chapters

ဒါက ငရဲပဲ(၃)

Vol. 17 Ch. 238

ဒါက ငရဲပဲ(၃)

Vol. 17 Ch. 238

"ဟူးးးးးးးး"

"အေးးးးးး"

"ဟွတ် ဟူ့"

လှည်းကြီးသည် မယုံနိုင်လောက်အောင် အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေသည်။

အစကတည်းက ဓားပြများ၏ အစွမ်းအစက အံ့မခန်းပင်ဖြစ်သည်။သူတို့သည် ပေါ့ပါးသော ခြေနင်းကွက်နည်းပညာများကို အသုံးပြုထားသကဲ့သို့ သူတို့၏ခွန်အား အားလုံးကို အသုံးချနိုင်သောကြောင့် သူတို့အုပ်စုမှာ အရှိန်မသေးပေ။

“ကျာ့…ခေါင်း-ခေါင်းဆောင်…ကျွန်တော် မရတော့….”

"ဆက်လုပ်ထား ယား ဟေ့ကောင် မင်း ဆက်သွားမှ ဖြစ်မှာ"

“ကျ-ကျွန်တော် မလုပ်နိုင်တော့ဘူး…”

"ငါ့ကို ကောင်းကင်ဘုံကို ရောက်စေချင်နေတာလား"

ဘန်ယိုး၏ စကားကိုကြားသောအခါ အခြားလူများက လှည့်ကြည့်လာကြသည်။သူတို့တွေ လှည်း၏ပုံသဏ္ဍာန်ကို ကြည့်လိုက်သည်။

လဲကျလုနီးပါးဖြစ်နေသော ဓားပြများသည် သူတို့ရှေ့တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

"အားးးးးးးးးးးးး"

"ဟုတ်တယ် တောင့်ခံထားဦး"

ဘန်ယိုးက မျက်လုံးထဲတွင် မျက်ရည်အပြည့်နှင့် လှည်းကို ဆက်တွန်းနေ၏။သူ့ခြေထောက်တွေမှာ တုန်ယင်လာပြီး နှုတ်ခမ်းများမှာ ခြောက်သွေ့နေသည်။သို့သော် သူကတော့ မရပ်နိုင်သေးပေ။

သူသာရပ်လိုက်လျှင် နတ်ဆိုးကောင်က သူ့ကို ဖြုတ်ချသွားလိမ့်မလား။

'မဟုတ်ဘူး'

'အဲဒါထက် သူ ငါ့ကို ကောင်းကောင်းဆက်ဆံပေးနေတာက ပိုပြဿနာရှိလိမ့်မယ်'

ဘန်ယိုးက ခေါင်းမော့ပြီး လှည်းကို ကြည့်လိုက်၏။

ချွန်းမြောင် အနားတွင် အေးအေးလူလူ အနားယူနေသည့် ဓားပြငါးယောက်ရှိနေသည်။

"လှဲချလိုက်လို့ ငါပြောနေတယ်လေ ဘာလို့ ဆက်ထိုင်နေတာလဲ"

"အဆင်ပြေပါတယ်"

"မြင်းတွေက အိပ်လည်း မအိပ်ဘူး အနားလည်း မယူပါဘူး"

ချွန်းမြောင်က ဓားပြများမှ ကျယ်လောင်စွာ ပြန်ဖြေသည်ကို တွေ့လိုက်ရသောအခါ ခေါင်းယမ်းလိုက်သည်။

"ဟူး မင်းတို့က အရူးတွေလိုပဲ ကောင်းပြီလေ မင်းတို့ အနားယူချင်ရင်သာ အနားယူကြ"

"ကျွန်တော်တို့က တကယ်ကို အဆင်ပြေပါတယ်"

"ဒီမှာက အရမ်းအဆင်ပြေပါတယ်။တကယ်ပါ"

"အရမ်းကို သက်သောင့်သက်သာ ရှိလွန်းလို့ ဒီအတိုင်း အိပ်ပျော်နိုင်ပါတယ်"

ဘန်ယိုးက ထိုသို့ပြောနေသည့် ဓားပြကို ကြည့်လိုက်သည်။

'လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ ရက်စက်နိုင်တာလဲ'

ကွမ်မင်မှ ထွက်ခွာလာပြီး မကြာမီတွင် ချွန်းမြောင်က ဓားပြများထဲမှ ငါးဦးကို လှည်းပေါ်တွင် နေရာထားခဲ့သည်။

သူတို့မှာ ရှိသည့်လှည်းက အတော်အတန်ကြီးသောကြောင့် ချွန်းမြောင်နှင့် လူငါးယောက်လောက် အနားယူနိုင်လောက်အောင် နေရာအလုံအလောက်ရှိပေသည်။

- တစ်ချိန်တည်းမှာ ဘာလို့ လူဆယ်ယောက်တောင် လှည်းကို ဆွဲနေမှာလဲ။

-သူတို့တွေ အလှည့်ကျ လုပ်နိုင်တယ်…တစ်ကြိမ်မှာ မင်းတို့ထဲကငါးယောက်က ဆက်သွားရမယ်။အလှည့်ကျ အနားယူကြမယ်။

သူတို့အတွက် ထောက်ထားသလို ဖြစ်နေပေမဲ့ လက်တွေ့တွင်မူ သူတို့မှာ အနားမယူရဘဲ တစ်ရက်လျှင် ဆယ့်နှစ်နာရီလောက် လှည်းကို ဆက်တိုက် ဆွဲနိုင်ရသည်။

အင်း ဒီလောက်ကတော့ အဆင်ပြေပါသေးတယ်။

လှည်းကို ဆွဲပြီးနောက် ပြေးနေသောလှည်းပေါ်တွင် အနားယူရသည်မှာ အနည်းငယ် သက်သောင့်သက်သာ မရှိပေ။ဒါပေမဲ့ ဘာကြောင့် ခဏလေးတောင် မနားရတာလဲ။

လှည်းပေါ်သို့ ပျော်ပျော်ရွှင်ရွှင်နှင့် တက်လာကြပေမဲ့ သူတို့ အနားယူရမည့် နေရာမှာ ချွန်းမြောင်၏ဘေးမှာ ရှိနေသည်ကို သိသွားသောအခါ သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။

'သေရမယ်ဆိုရင်တောင် ငါအဲဒီနေရာကို မသွားဘူး'

'ပြေးပြီးသေသွားတာက ပိုကောင်းဦးမယ်'

'ငါတော့ ငရဲသာ သွားလိုက်ချင်တယ် အဲ့ဒီလူယုတ်မာကောင်က ငရဲမင်းရဲ့ညီတော်နဲ့တောင် ပိုတူသေးတယ်’

လှည်းကို တွန်းနေကြသူများသည် လှည်းအတွင်းမှ သူတို့၏ရဲဘော်ရဲဘက်များကို ကြည့်ရင်း ဝမ်းနည်းနေပုံပေါ်သည်။သူတို့အားလုံးမှာ ဒူးထောက်လျက်ရှိနေကြသည်။ချွန်းမြောင်က သူတို့ဘေးတွင် မြက်ခြောက်များကို ဟိုဟိုသည်သည်ရွှေ့၍ ကစားနေရင်း လှဲနေလေ၏။

"ဗိုက်ဆာနေပြီလား"

“မဆာပါဘူး”

"ကျွန်တော် ဗိုက်မဆာဘူး"

“ထူးဆန်းတယ်မင်းတို့ တစ်နေကုန်စာ ဆာနေလောက်ပြီ ထင်နေတာ။ဗိုက်ဆာရမယ့် အချိန်မဟုတ်ဘူးလား"

“မဆာပါဘူး ကျွန်တော်တို့ တကယ် အဆင်ပြေပါတယ်”

"ဟုတ်လား"

“ဟုတ်ကဲ့ ကျွန်တော်တို့က အစာကို အမြဲတစေ တောင့်တလေ့ မရှိပါဘူး”

“တက်စ် ငါက မင်းတို့ကို အစားစားဖို့ အတင်းအကြပ် လုပ်လို့မှမရတာ...ဒါဆိုလည်း ကောင်းပါပြီ မစားကြနဲ့ပေါ့ ဒါပေမယ့် မင်းတို့ဗိုက်ဆာရင် ငါ့ကိုပြောပါ…ငါ မင်းတို့ကို အစာကျွေးနိုင်ပါတယ်”

“ဟုတ်ကဲ့”

ချွန်းမြောင်က တစ်ဖက်သို့ လှည့်ပြီး သမ်းဝေနေစဉ် ဓားပြများ၏ မျက်လုံးများထဲမှ သွေးမျက်ရည်များ စီးကျလာကြသည်။

'ဒီမြက်ခြောက်တွေက အစားအစာတဲ့လား ဒီမြက်ခြောက်ကလေ'

'ငါ အရင်ဘဝတုန်းက အပြစ်လုပ်ခဲ့ဖူးလောက်တယ်’

'မင်းလုပ်ခဲ့တဲ့ အပြစ်တွေအားလုံးက ဒီဘဝမှာ ပုံကျလာတာပဲ အရူးရ'

ဒါပေမယ့် အခု သူတို့တွေက ဘာတတ်နိုင်မှာလဲ။

သူတို့တွေ အပြစ်မပြုခဲ့သင့်ဘူး...သာမန်လူတွေလို နေထိုင်ခဲ့သင့်တယ်။သို့သော် အခုအချိန်မှ နောင်တရရန်မှာ အချိန်နှောင်းသွားပြီဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ကောင်းကောင်းအနားယူကြပါ ငါတို့အလာတုန်းက အရှိန်ထက် နှစ်ဆလောက် မြန်မြန်သွားနိုင်ရင် မင်းတို့ကို လွှတ်ပေးမယ်လို့ ငါပြောခဲ့ပါတယ်”

“ဟုတ်ကဲ့”

"ကျွန်တော်တို့ ခင်ဗျားကို ယုံပါတယ်"

“အဲ့ဒီအစား…”

ချွန်းမြောင်က သူ့လည်ပင်းကို ဘယ်နှင့်ညာ လှည့်၍ အကြောဖြေလျှော့လိုက်သည်။

ဂျွတ်...

"မင်းတို့တွေ အမြန်မရောက်နိုင်ရင် ဘာဖြစ်လာမလဲဆိုတာ တွေးကြည့်သင့်တယ်"

“…”

"မင်းတို့တွေ အပြင်းအထန် ပြေးမှရမယ်"

"ကျ-ကျွန်တော်တို့ အဲဒီကို အချိန်မီရောက်မှာပါ"

“ဟုတ်သား။မင်းတို့ ဗိုက်ဆာရင် မြက်ခြောက်တွေ စားကြနော်"

ချွန်းမြောင်က ပြုံးပြီး လှဲအိပ်လိုက်ပြန်သည်။

'အား ငါလေး အရမ်းကြင်နာတတ်လာပြီပဲ'

အရင်တုန်းကတော့ ဒီလိုလူတွေကို တွေ့တာနဲ့ လည်ပင်းကို ဖြတ်ပစ်လိုက်မှာဖြစ်သည်။ချွန်းမြောင်က ဓားပြများ၏ မျက်ရည်များကို မြင်သောအခါ ပြုံးလိုက်လေသည်။

"အခုထိ သတင်းမရသေးဘူးလား"

“မရသေးပါဘူး သခင်ကြီး”

“အမ်”

ဂျိုဖြောင်းက မျက်မှောင်ကြုတ်လိုက်လေသည်။

'အင်းးးး'

သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊စိတ်ပူပင်မနေနိုင်ပေ။သူ့သားလေးက အန္တရာယ်များတဲ့ ယူနန်ဒေသမှာ မဟုတ်လား။နောက်ပြီး သူ့အကြောင်း သတင်းများလည်း အခုထိ မရသေး။

သူ့ကလေးက အရွယ်ရောက်လာခဲ့ပြီး မကျိုးမကန်း ပြန်လာလိမ့်မည်ဟု ယုံကြည်ခဲ့သော်လည်း စိုးရိမ်တတ်သော မိဘတစ်ယောက်၏ နှလုံးသားကတော့ ပူပန်တတ်ဆဲဖြစ်သည်။

“ဒါဆို သတင်းလေးတစ်ခုလောက် ပေးပို့ရတာက ဒီလောက်ထိ ခက်ခဲတယ်လို့ ဆိုလိုတာလား နမူမစိုက်တဲ့ လူတစ်ယောက်က သတင်းယူလာပေးတာလို့တောင် ထင်ရတယ်”

"ယူနန်ကနေ ဒီနေရာကို ဘာမဆို ပို့ဆောင်ဖို့ ခက်ခဲတယ်ဆိုတာ သခင်ကြီး သိပါတယ်မဟုတ်လား"

"ဒါပေမယ့်လည်း"

ဂျိုဖြောင်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

ထုံးစံအတိုင်း စိတ်သက်သာရာရရန် ပန်းခြံထဲတွင်သာ လမ်းလျှောက်နေလေသည်။သို့သော် ယနေ့တွင်တော့ မည်မျှကြာအောင်ပင် လမ်းလျှောက်နေပါစေ၊သူ့နှလုံးသားကို မတည်ငြိမ်စေနိုင်ပေ။

"သခင်ကြီး"

"ငါသိပါတယ်"

ဂျိုဖြောင်းက သက်ပြင်းချလိုက်၏။

သူ့အချိန်တွေကို ဒီနေရာမှာပဲ ဖြုန်းနေလို့ မဖြစ်ပေ။သူသည် ကုန်သည်အသင်းတစ်ခု၏ အကြီးအကဲဖြစ်ပြီး သူ့လက်အောက်ရှိ လူပေါင်းများစွာ၏ဘဝအတွက် တာဝန်ရှိပေသည်။

လေးလံသော ခြေလှမ်းများဖြင့် တာဝန်ဝတ္တရားများကို ပြန်လည်ထမ်းဆောင်တော့မည့် အခိုက်တွင်….

ဒုတ်ဒုတ်ဒုတ်ဒုတ်

"အာ"

ဂျိုဖြောင်းက သူ့ခေါင်းကို ခါလိုက်သည်။

တံခါးမကြီးရှေ့ရှိ လမ်းမကြီးနံဘေးမှ ခြေသံများကို ကျယ်လောင်စွာ ကြားနေရသည်။

'ဘာတွေဖြစ်နေတာလဲ'

ဒုန်းဒုန်းဒုန်းဒုန်း

ဂျိုဖြောင်းက မျက်မှောင်ကြုတ်မိလေသည်။

စစ်တပ်ကြီးတစ်ခု ချီတက်လာသည့် အသံနှင့်တောင် တူသေးသည်။ထို့နောက် အသံက ပိုကျယ်လာခဲ့သည်။သူ့အတွက် တစ်ခုခု ရောက်လာနေသလိုပင်။

"အဲဒါက ဘာလဲ"

"ကျွန်တော် အခုချက်ချင်း အတည်ပြုလိုက်ပါ့မယ်"

ထိုအချိန်တွင် သူ၏လူများထဲမှ တစ်ဦးက ဂိတ်တံခါးဆီသို့ ပြေးသွားလေသည်။

ဘန်း

အိမ်ရှေ့တံခါးမကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားလေသည်။ဤအဖြစ်သည် လာစစ်ဆေးရန် ရောက်လာခဲ့သော သနားစရာ လူတစ်ယောက်အား ထိတ်လန့်သွားစေကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

"အားးးးး"

ဂျိုဖြောင်းအမီမလိုက်နိုင်လောက်အောင် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည့် လူက အော်ဟစ်လေသည်။ဒီအဖြစ်အပျက်တစ်ခုလုံးက သူ့အတွက် ချက်ချင်း နားမလည်နိုင်လောက်အောင် ထူးဆန်းလွန်းနေသည်။

ကမ္ဘာပေါ်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု စွမ်းအားတစ်မျိုးနှင့်အတူ လှည်းကြီးကို ဆွဲလာကြသည့် ဓားပြများက အရှိန်လျှော့ပြီး ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။

ထို့နောက် သူတို့ဆီက ထူးဆန်းတဲ့ အသံတွေ စတင်ထွက်လာခဲ့သည်။

"ဟွတ် ဟွတ် ဟွတ်”

"ငါ-ငါ အသက်ရှင်တော့မယ် အသက်ရှင်နိုင်ပြီကွ"

"အူးးဟူးးးးး အမေရေ ကျွန်တော် အချိန်မီ ရောက်ခဲ့ပြီ"

'အဲဒီလူတွေ ဘာလုပ်နေကြတာလဲ'

ဂျိုဖြောင်းက လှည်းဘေးနားက လူများကို ကြည့်ရန် မျက်လုံးကို ကျယ်ကျယ်ဖွင့်ကြည့်နေလေသည်။

သူတို့၏အဝတ်အစားများသည် အားလုံးနီးပါး စုတ်ပြဲနေကာ သူတို့၏ခန္ဓာကိုယ်များမှာ ဖုန်များ ချွေးများဖြင့် ဖုံးလွှမ်းနေသည်။သူတို့၏ အသွင်အပြင်ကိုသာ ကြည့်လိုက်လျှင် ဒီလူတွေကို လမ်းပေါ်က သူတောင်းစားများဟုပင် ထင်ကြလိမ့်မည်။

သို့သော် သူတို့၏အသွင်အပြင်နှင့် ဆန့်ကျင်လျက် သူတို့၏ မျက်နှာများမှာ ဝမ်းသာအားရ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

"အ...ငါ အသက်ရှင်နေတယ် အသက်ရှင်နေတုန်းပဲ”

"ကျွတ် ငါတို့ လုပ်နိုင်ခဲ့ပြီ"

“ဟုတ်တယ် ဟုတ်တယ် လူတိုင်း အလုပ်ကြိုးစားခဲ့ကြပါတယ် မင်းတို့ရဲ့ ဒီခေါင်းဆောင်ကလည်း ပီတိဖြစ်မိပါတယ်"

'သူတို့ ဘာလုပ်နေကြတာလဲ'

ဤအခြေအနေကို ဘယ်လိုမှ နားမလည်နိုင်သော ဂျိုဖြောင်းက လှည်းပေါ်မှ တစ်စုံတစ်ယောက် ခုန်ဆင်းလာသည်အထိ သူတို့ကို စိုက်ကြည့်နေခဲ့သည်။

“အ”

ခုန်ဆင်းလာသည့် အမျိုးသားက သူ့လျှာသူ မထိတထိ ကိုက်လိုက်သည်။

"သူတို့က ဂိတ်တံခါးကို ဘယ်လိုများ ဖျက်ရဲရတာလဲ ဒါ ဂျိုဂုဆာဟျောင်းရဲ့ အိမ်ရှေ့တံခါးကို"

"အိခ်"

"ကျွတ်"

ဂျိုဖြောင်းက သူ့ခေါင်းကို စောင်း၍ကြည့်နေလေသည်။

'အဲဒီလူက ဘယ်သူလဲ'

ထိုလူမှာ ရှင်းရှင်းလင်းလင်းကြီးကို ချွန်းမြောင်ဖြစ်သည်။ဂျိုဂု၏ဆာဂျေး၊ဟွာဆန်း၏နတ်နဂါးလည်း ဖြစ်သည်။

'ဒါဆို...'

"အ!ငါ့နောက်ကျော"

“အိုး ငါတို့ မြန်မြန်ရောက်လို့ ဝမ်းသာပေမဲ့ လှည်းက အရမ်းလှုပ်တာပဲ”

"လှည်းမူးနေပြီ"

“ဆာ-ဆာမေ လှည်းပေါ်ကဆင်း အဲ့ဒီမှာ မအန်လိုက်နဲ့"

လှည်းပေါ်ကနေ ဟွာဆန်း၏ တပည့်များ ဆင်းလာကြသည်။

ဂျိုဖြောင်းက သူ့သားကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

"ဂု...ကောင်စုတ်လေး ဘာဖြစ်ခဲ့တာလဲ"

"အဖေ"

ဂျိုဂုက သူ့အဖေဆီကို အမြန်လျှောက်လာလေသည်။

"ဟုတ် ဘာဖြစ်ခဲ့တာလဲဆိုတော့..."

သို့သော် အဖေဖြစ်သူ၏မေးခွန်းကိုတောင် နားမထောင်နိုင်သေးဘဲ ဂျိုဂုက ဂျိုဖြောင်း၏လက်များကို ဆွဲကိုင်လိုက်သည်။သားဖြစ်သူ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေသည်ကို မြင်ရသောအခါ ဂျိုဖြောင်းက တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သွားမိလေသည်။သို့သော် ဂျိုဂုက ဖခင်၏လက်ကို မလွှတ်ပေးဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

"အဖေ"

"အမ်..."

သူ့သားကို ဒီလိုအသည်းအသန်ဖြစ်နေသည့်ပုံစံအား ပထမဆုံးမြင်ဖူးတာဖြစ်သည်။သူ စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

"ဆန်တွေ"

“…”

"ကျွန်တော်တို့ အခုချက်ချင်း ဆန်တွေဝယ်ဖို့ လိုတယ် ချန်တု မှာရှိတဲ့ ဆန်တွေအားလုံးကို လုံခြုံအောင်ထားဖို့ လိုတယ်”

“…အမ်”

'မဟုတ်‌သေးပါဘူး ဒီအရူးကတော့ ပြန်လာတာနဲ့ ပေါက်တတ်ကရတွေ ပြောနေတော့တာပဲ...'

"အဲ့ဒါက ဘာကိုဆိုလိုတာလဲ"

ဂျိုဖြောင်းက သူ့သားကို စူးစူးစိုက်စိုက် ကြည့်နေ‌လေသည်။ဒီအခြေအနေက အတိအကျ ဘယ်လိုဖြစ်နေလဲဆိုတာ သူသိချင်မိသည်။

"လက်ဖက်ခြောက်"

“…အာ”

"လက်ဖက်ခြောက်နဲ့ လဲလှယ်"

သူ့စကားများမှာ အဓိပ္ပါယ်မဲ့သော စကားများဖြစ်သည်။

သို့သော် ဂျိုဖြောင်းက ကုန်သည်တစ်ဦးဖြစ်သည်။ထို့ပြင် အရည်အချင်းရှိသည့်သူလည်း ဖြစ်သည်။ဂျိုဂုက သူ့ကို ပြောပြဖို့ ကြိုးစားနေသော အချက်အလက်များကို မြန်မြန် နားလည်နိုင်ခဲ့သည်။

“ဒါဆို…”

ခဏလောက်တွေးတောပြီးမှ ဂျိုဖြောင်းက အကျဉ်းချုံးပြောလိုက်သည်။

"မင်းပြောနေတဲ့ လက်ဖက်ခြောက်က ယူနန်က လက်ဖက်ခြောက်ပဲ"

“ဟုတ်တယ်”

“ဒါဆို မင်း… မဟုတ်ဘူး မင်းတို့လေးယောက်က မင်းတို့ရဲ့တာဝန်အတွက် ယူနန်ကို သွားပြီးတော့ ယူနန်ကနေ လက်ဖက်ခြောက်ဝယ်ဖို့ အခွင့်အရေးကို တစ်နည်းနည်းနဲ့ ရအောင် လုပ်ခဲ့ကြတယ်ပေါ့”

“ဟုတ်တယ် ပြီးတော့ ကျွန်တော်တို့က ထိန်းချုပ်ခွင့်လည်း ရထားတယ်။”

“… ထိန်းချုပ်ခွင့်”

ယူနန်လက်ဖက်ခြောက်များကို ရောင်းချခွင့်...

ဂျိုဖြောင်းက ခေါင်းကို စောင်းကာ တိုးတိုးလေးရေရွတ်ရင်း ရုတ်တရက် ခုန်တက်လာပြီး ရုတ်တရက် ထခုန်လေသည်။သူ့မျက်လုံးများမှာ ပြူးကျယ်လွန်းသဖြင့် အချိန်မရွေး ထွက်ကျလာတော့မည့်ပုံပေါ်နေသည်။

“ငါ-ငါ…မင်းတို့ သူတို့ရဲ့လက်ဖက်ခြောက်ကို အပိုင်သိမ်းခွင့်ရထားတာလား"

“ဟုတ်တယ်”

"ငါတို့က သူတို့ကို ဆန်ပေးရင် သူတို့က ငါတို့ကို လက်ဖက်ခြောက်ပေးမှာလား"

"ဟုတ်တယ် ဒီအတွက် ကျွန်တော်တို့မှာ အချိန်မရှိဘူး”

ဂျိုဖြောင်းက မျက်နက်လန်သွားလေသည်။

ယူနန်လက်ဖက်ခြောက် ကုန်သွယ်ခွင့်...သူတို့က ဆန်ပေးရင် အလဲအလှယ်အနေနှင့် လက်ဖက်များ ပြန်ရလိမ့်မည်...

သူ့သားကို မေးချင်တာတွေ အများကြီးရှိနေပေမယ့် မေးလို့မရပေ။အရင်ဆုံး ကြိုတင်ပြင်ဆင်မှုများ လုပ်ရဦးမည်။

"လက်ထောက် လက်ထောက်က ဘယ်မှာလဲ"

“အာ…. သခင်ကြီး ကျွန်တော် ဒီမှာပါ…"

ခုနလေးကမှ ပျံတက်သွားသည့် လူပင်ဖြစ်သည်။သူက ရေကန်ထဲသို့ ပြုတ်ကျသွားပုံရသည်။လက်ပစ်ကူးလာစဉ် ဝမ်းနည်းနေဟန်ပေါ်သည်။

"ချန်တုက ဆန်တွေအကုန် အခုပဲ ဝယ်လိုက် မဟုတ်ဘူး စီချွမ်က ဆန်တွေအကုန် ဝယ်လိုက် စျေးနှစ်ဆ မဟုတ်ဘူး သုံးဆလည်း အဆင်ပြေတယ် လုပ်လုပ်”

“ဟုတ်ကဲ့”

"တစ်ပြိုင်တည်းမှာပဲ ယူနန်ကိုပြောင်းဖို့ အဖွဲ့တစ်ဖွဲ့ကို ပြင်ဆင်ပါ အချိန်သတ်မှတ်ချက်က အလျင်လိုမယ့်ပုံပဲ ဒီတော့ အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးခေါ်လိုက် ဆန်တွေကို အတော်ဝေးဝေး သယ်သွားရမှာဆိုတော့ လှည်းနဲ့ မြင်းတွေ အလုံအလောက်လိုတယ်”

“ဟုတ်ကဲ့”

ဂျိုဖြောင်း၏ အမူအရာကိုမြင်လိုက်ရသောအခါ ထိုလူက အရာအားလုံးကို သေချာပြင်ဆင်ရန် ချက်ချင်းပင် အဝေးသို့ ထွက်သွားလေသည်။

ဂျိုဖြောင်းက အမိန့်များထုတ်ပြီးတာနှင့် သူ့သားကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်းပြောတဲ့အတိုင်း ငါလုပ်ပြီးပြီ အခုဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်းပြပါဦး"

“ဟုတ်..ဒါက…”

ဂျိုဂုက ယွန်းဂျွန်နှင့်အတူ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြကြလေသည်။

ချွန်းမြောင်က သူတို့ကိုကြည့်ပြီး ဘေးဘီသို့ လှည့်ကြည့်လိုက်၏။ဖြစ်ကြောင်းကုန်စင် ရှင်းပြခြင်းသည် ထိုလူများ ကျွမ်းကျင်သောအရာဖြစ်ပြီး ချွန်းမြောင်မှာတော့ အခြားလုပ်စရာများ ရှိပေသည်။

“ကျာ့….”

“ကျ-ကျွန်တော့် ခြေထောက်တွေတော့ သွားပါပြီ…”

"ရေသောက်ဖို့တောင် အားမရှိတော့ဘူး"

ဓားပြများအားလုံးက သူတို့၏ခြေထောက်များကို ပွတ်သပ်နေရင်း ညည်းတွားနေကြလေသည်။ထိုမြင်ကွင်းကို မြင်သောအခါ ချွန်းမြောင်က ပြုံးလိုက်လေသည်။

"လူတိုင်း အလုပ်ကြိုးစားခဲ့ကြပါတယ်"

“မဟုတ်တာ”

"ဒါတွေအားလုံးက တပည့်တွေကြောင့်ပါ"

“ဟုတ်တယ် ဟုတ်တယ်”

ချွန်းမြောင်ကတော့ ကျေနပ်နေလေသည်။နေ့ရောညပါ မနားဘဲ ပြေးနေခဲ့သော ဓားပြများကျေးဇူးကြောင့် သူတို့ စီချွမ်ကို နှစ်ဆလောက် ပိုမြန်အောင် ပြန်လာနိုင်ခဲ့သည်။

“ဟုတ်ပါတယ် ဒါပေမဲ့ တပည့်…”

"အာ"

“….ကျွန်တော်တို့ကို ခွင့်လွှတ်ပေးမှာ မဟုတ်လား"

ဘန်ယိုးက မေးလိုက်၏။

ကောင်းသောအဖြေကိုသာ သူမျှော်လင့်နေမိသည်။

'မင်း ငါတို့ကို လွှတ်ပေးမယ် မဟုတ်လား'

ထိုမေးခွန်းကို သူ မေးချင်ခဲ့သော်လည်း မေးရန် သတ္တိမရှိပေ။

"ငါက မင်းတို့ကို ဘယ်ခေါ်သွားရမှာလဲ"

“… ဒါဆို ဒါဆို”

"စိတ်ချပါ။ငါ မင်းတို့ကို လွှတ်ပေးမှာပါ။"

"ကျေး-ကျေးဇူးတင်ပါတယ် ကျေးဇူးအရမ်းတင်ပါတယ်"

ချွန်းမြောင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ထိုစဉ်

ချွန်းမြောင်၏လက်က ဓားပြများ၏ ဝမ်းဗိုက်ဆီသို့ ရုတ်တရက်ရောသွားပြီး ၎င်းတို့၏ ဒန်တျန်များကို လျင်မြန်စွာ ထိလိုက်သည် ။

"ကျွတ်"

“အာ့”

ဓားပြများက သူတို့၏ ဗိုက်များကို ကိုင်လိုက်လေသည်။

ထို့နောက် သူတို့ခန္ဓာကိုယ်ထဲက ချီအတွင်းအားများ ထွက်မသွားသေးတာကို သိလိုက်ပြီး မေးလာ၏။

"တပည့်"

"ဒါကဘာလဲ…"

သို့သော် ချွန်းမြောင်ကတော့ အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

"အာ ငါမလိမ်ပါဘူး မင်းတို့ကို လွှတ်ပေးမှာပါ"

“…အာ”

ခဏအကြာတွင် သူတို့ အနောက်ဘက်ကနေ ရုန်းရင်းဆန်ခတ်ဖြစ်နေသံကို ကြားလိုက်ရပြီး ဘတ်ချုန်းက ကျိုးနေသည့်တံခါးကို ဖြတ်၍ လျှောက်လာလေသည်။

"ချွန်းမြောင် ငါသူတို့ကို ဒီကို ခေါ်လာခဲ့တာ"

"အာ ကောင်းတယ် ရှစ်ရှုန်း"

'ခေါ်လာခဲ့တာလား'

'ဘယ်သူ့ကိုလဲ'

ဘန်ယိုးနှင့် အခြားသူများသည် စိုးရိမ်သောကရောက်နေသော မျက်လုံးများဖြင့် ခေါင်းကိုလှည့်ကြည့်လိုက်ကြသည်။

'ဒီနိမိတ်မကောင်းတဲ့ ခံစားချက်ကြီးက ဘာလဲ'

ဘတ်ချုန်း၏နောက်တွင် အရာရှိများ ပါလာခဲ့သည်။

“…”

တံခါးဂိတ်ဝမှတစ်ဆင့် ဝင်လာကြသော အရာရှိများသည် ဓားပြများကို သံသယဖြင့် ကြည့်လိုက်ကြသည်။

"ဒီလူတွေ ဒီလူတွေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓားပြတွေလား”

“…”

ဓားပြများက ချွန်းမြောင်ကို အံ့ဩတုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

'ယား'

'မဟုတ်ဘူး...'

ချွန်းမြောင်က သူတို့အတွေးတွေကို သစ္စာမဖောက်ခဲ့ပါ။

“ဟုတ်ပါတယ် သူတို့တွေပါပဲ သူတို့ကိုဖမ်းပါ"

“မင်း…”

“…သောက်ချေးစားခွေးကောင်”

သူတို့တွေ ပြန်မတိုက်နိုင်ခင်မှာပင် အရာရှိများက အပြေးဝင်လာပြီး ကြိုးနှင့် ချည်လိုက်ကြလေသည်။

"မင်းတို့ လူယုတ်မာတွေ မင်းတို့ ရိုင်းစိုင်းနေကြတာ ကြာလှပြီ"

"မင်းတို့ကို ခေါင်းဖြတ်ရမယ် မင်းတို့လက်နဲ့သေတဲ့လူက တစ်ယောက် နှစ်ယောက်ပဲလို့ ထင်နေလား"

"သူတို့ကို ခေါ်သွားကြ"

ဓားပြများက ဆွဲထုတ်ခံသည်နှင့် အားလုံးက ချွန်းမြောင်ဘက်သို့ လှည့်ကြည့်လာကြသည်။

"အားးးးးခွေးတောင် ဒီလိုလုပ်မှာမဟုတ်ဘူး"

"မင်း ခွေးကောင် မင်းက လူဟုတ်သေးရဲ့လား"

"ငရဲအိုးထဲ ဇောက်ထိုးကျမယ့်ကောင်"

ချွန်းမြောင်အပေါ် အတော်လေး နာကြည်းနေကြပုံပေါ်သည်။သို့သော် ချွန်းမြောင်ကတော့ မတုံ့ပြန်ခဲ့ပေ။သူက အမှုမထားသလို ခပ်တည်တည်နှင့် ထိုနေရာပင် ရပ်နေကာ နားကို အသာဆွဲဆိတ်နေလေသည်။

"ဘယ်ကခွေးတွေ ဟောင်နေတာလဲ"

နောက်ဆုံးတော့ ဓားပြများကို အဝေးသို့ ဆွဲခေါ်သွားကြလေသည်။ထိုမြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရသော ဘတ်ချုန်းက မေးလိုက်လေသည်။

"...ဒါက အဆင်ပြေရဲ့လား"

"ပြဿနာတစ်ခုခု ရှိလို့လား"

"ဘာပဲဖြစ်ဖြစ် သူတို့တွေ အလုပ်ကြိုးစားခဲ့ကြပါတယ်"

“ဟုတ်ပါတယ် ဒါပေမယ့် သူတို့က ဓားပြတွေလေ ပြီးတော့ ငါကတိကို ငါတည်ခဲ့ပါတယ် ငါ သူတို့ကို လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် သူတို့ကို ဒီနေရာမှာ ဖမ်းထားပြီး ဘာလုပ်ရမှာလဲ”

“…”

“ဒါပေမယ့် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ် ငါတို့က သူတို့ကို မြက်ခြောက်တချို့ပါ ပေးသင့်လိုက်သင့်တာ"

'အို ငါတို့ရဲ့ ချွန်းမြောင်လေး’

'မင်းနှလုံးသားလေးက လှလိုက်တာ'

'ဒါပေမဲ့ ငါ့နှလုံးသားကတော့ သူတို့ကိုပဲ သနားမိတယ်’

All Chapters