ဒါက ငရဲပဲ(၅)
Vol. 17 Ch. 240
ဟွမ်ဂျုံက မျက်မှောင်ကြုတ်လိုက်လေသည်။
‘မနက်ကတည်းက ကျီးတွေကတော့လေ…’
သေချာပေါက် သူ ကျီးတွေကို မုန်းတာတော့ မဟုတ်ပေ။အပြင်ဘက် အသွေးအရောင်နဲ့ ဘာသတ္တဝါဖြစ်ကြောင်း သတ်မှတ်ဖို့ စဉ်းစားဖို့ တာအိုကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ထင်မြင်နိုင်မည်နည်း။ကျီးကန်းသည်လည်း ငှက်တစ်မျိုးသာဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ ယနေ့ ကျီးကန်းများ၏ အော်သံသည် နိမိတ်မကောင်းသလိုဖြစ်နေသည်။
‘ဟားဟား ငါ့စိတ်ကပဲ ဖြစ်နေတာလား’
ငှက်အော်သံက ခါတိုင်းနှင့် သိပ်မကွာပါ တစ်စုံတစ်ယောက်အတွက် နမိတ်မကောင်းဟုထင်လျှင် နားထောင်နေသူက စိတ်အခြေအနေမကောင်းလို့သာ ဖြစ်နိုင်သည်။
ဟွမ်ဂျုံက မျက်လုံးများကို အသာလေး မှိတ်ပြီး သူ့စိတ်ကိုသူ ထိန်းချုပ်လိုက်၏...
ဂျွတ်
“…”
ဟွမ်ဂျုံက အသာလေး ငုံကြည့်လိုက်၏။သူ့လက်ထဲမှာ ကိုင်ထားသည့် လက်ဖက်ရည်ခွက်ဟောင်းလေးမှာ အက်ကြောင်းရာတစ်ခုရှိနေ၏။
“အင်း…”
‘ဒါက တိုက်ဆိုင်တာပဲလား’
‘မှန်တယ် ဒီရက်တွေက ကျီးကန်းတွေက အော်ပြီး လက်ဖက်ရည်ခွက်တွေ ကွဲတဲ့နေ့တွေပါလား ဒီနေ့က တိုက်ဆိုင်မှုနှစ်ခုတောင် ထပ်တူကျတဲ့နေ့ပဲ...’’
ဟွမ်ဂျုံ၏ မျက်လုံးများမှာ တုန်လှုပ်သွားလေသည်။
‘ကြီးကျယ်မြင့်မြတ်ဆုံးသော အရာသည် ရေနှင့်တူ၏’
ဟူသော စကားလုံးများပါသည့် နံရံပေါ်တွင် ချိတ်ဆွဲထားသော စာလိပ်တစ်စောင်သည် ကြမ်းပြင်ပေါ်သို့ တွဲလောင်း ပြုတ်ကျလာလေသည်။
“…”
ဒီအချိန်မှာတော့ ဒီနေ့က ထူးခြားနေသည် ဟူသောအချက်ကို ရှောင်လွှဲလို့မရတော့ပါ။
‘ဒါက ထူးဆန်းနေတာ မဟုတ်ဘူးလား’
‘ဒီလို နိမိတ်မကောင်းတဲ့ အရာတွေ ဆက်တိုက်ဖြစ်နေတာ တကယ်ပဲ ဘာဖြစ်လာမှာမို့လဲ’
ဟွမ်ဂျုံက သူကိုင်ထားသည့် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။
‘ဒါက ကိုယ့်စိတ်နဲ့ပဲဆိုင်တယ် အရာအားလုံးက စိတ်၏စေရာပဲ...’’
အ...အ...အ...အ...
နှလုံးသားကိုရော စိတ်ကိုပါ မထိန်းချုပ်နိုင်သည့် ဟွမ်းဂျုံက ဒေါသများ ထွက်လာတော့သည်။
“မင်းတို့ကောင်တွေ မနက်ကတည်းက အဆက်မပြတ်ပဲ”
ဟွမ်ဂျုံက တံခါးအပြင်ကို ထွက်လာပြီး သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားရသည်အထိ ကျီးကန်းများကို လှမ်းအော်လိုက်လေသည်။ထို့နောက် သူ့လက်ကို အောက်သို့နှိမ့်လိုက်ပြီး ရှေ့ကို ကြည့်လိုက်၏။
“…”
“…”
ဟွမ်ဂျုံက ခြံဝင်းထဲမှာ ရပ်နေရင်း ခေါင်းကို ယမ်းလိုက်လေသည်။
“ဂိုဏ်းချုပ် ဘာလုပ်နေတာလဲ”
“…မင်းကရော”
“အာ ကျွန်တော်လည်း အိပ်မပျော်လို့ စောစောထွက်လာပြီး သန့်ရှင်းရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ”
“…အဲ့ဒီလိုလား”
ယွမ်ဂျုံက နှစ်ကြိမ်မျှ ချောင်းဆိုးပြီး လှည့်ကြည့်လာသည်။
“ငါကဒီအတိုင်း…”
“ဂိုဏ်းချုပ်မျက်နှာက ဘာလို့မသက်မသာဖြစ်နေပုံပေါ်ရတာလဲ”
ဟွမ်ဂျုံ၏ မျက်နှာသည် ပြောင်းလဲသွားလေသည်။
တာအိုလမ်းစဉ်ကို လျှောက်သောသူများသည် အသက်ကြီးလာသည်နှင့်အမျှ အခြားသူများထက် နူးနူးညံ့ညံ့ ပြောတတ်ကြသည်။
ဟွမ်ဂျုံက သက်ပြင်းချလိုက်ပြီး တစ်ခုခုပြောတော့မည့်အချိန်တွင်...
“ဂိုဏ်းခေါင်းဆောင် ဂိုဏ်းခေါင်းဆောင်”
‘အခုက ဘာလဲဟ’
ဟွမ်ဂျုံက မှုန်ကုပ်ကုပ်နှင့် ခေါင်းကို လှည့်ကြည့်လိုက်၏။တစ်ဖက်မှ ဟွမ်ဆန်းက ပြေးဝင်လာလေသည်။
“မနက်အစောကြီးကို ဘာတွေ ရေးကြီးသုတ်ပျာ ဖြစ်လာပြန်ပြီလဲ”
“သ-သတင်း”
“အာ”
ဟွမ်ဆန်းက အနားသို့ ရောက်လာပြီး အသက်ကို ပြင်းပြင်းရှူကာ အော်ပြောလေသည်။
“ဟွာအမ်ရွာကနေ သတင်းတစ်ခု ရထားတယ် ကလေးတွေက ရွာထဲရောက်နေပြီ အခု တောင်ပေါ်ကို တက်လာနေကြပြီ”
“ဘယ်လို”
ဟွမ်ဂျုံက အံ့အားသင့်သွားသည်။
“အခု…?”
“သူတို့ တောင်တက်တာက နည်းနည်းတော့ ကြာလိမ့်မယ်။ဒါပေမယ့် မကြာခင် ရောက်လာတော့မှာပါ”
“ဟုတ်နေပြီ ငါထင်တဲ့အတိုင်းပဲ”
အခုအချိန်အထိ စိတ်လွင့်နေခဲ့သော ဟွမ်းဂျုံက အခုမှ ပုံမှန်ပြန်ဖြစ်သွားတော့သည်။
“အခုအချိန်မှာ ငါ ဒီလို ဖြစ်မနေသင့်ဘူး”
ထိုသို့တွေးပြီးနောက် ဟွာဆန်း၏ပင်မတံခါးကြီးဆီသို့ အမြန် ပြေးလာလေသည်။ဟွမ်ယုန်ကလည်း သူ့လက်ထဲက မတ်တတ်တံမြက်စည်းကို လွှင့်ပစ်လိုက်ပြီး ဟွမ်ဂျုံနောက်ကို လိုက်သွားလေသည်။
“အ-အတူတူသွားရအောင် ဂိုဏ်းခေါင်းဆောင်”
ဟွမ်ဆန်းကလည်း ဟွမ်ယုန်နောက်ကို လိုက်လာလေ၏။
ဟွမ်ဂျုံက ဂိတ်တံခါးကို ရောက်သည်နှင့် သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။ထို့နောက် ဖြည်းဖြည်းချင်း အပြင်သို့ ထွက်သွားကာ ဟွားတောင်ကို မျှော်ကြည့်ရင်း တံခါးများရှေ့တွင် ရပ်နေလေသည်။
သူ အသက်ရှုပင် ကျပ်လာခဲ့သည်။
သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားပြီး ဒီလို ပြေးခဲ့ပါလိမ့် အခုအချိန်မှာ နှလုံးသားက စိတ်တွေခုန်နေသလို ခံစားရသည်။ဟွာဆန်း စဝင်တုန်းကလိုပဲ သူ့နှလုံးသားက တည်ငြိမ်မနေပါ။
“သူတို့လာနေပြီ”
“သူတို့လာနေကြပြီ”
ဟွန်ယုန်နှင့် ဟွမ်ဆန်းတို့၏ တိုးတိုးပြောနေသံကို ကြားလိုက်ရသည်။
‘သူတို့ အခု လာနေကြပြီ’
ဟွမ်ဂျုံက တောင်ကုန်းကို လှမ်းကြည့်လိုက်သည်။
‘သူတို့တွေ သန်မာလာကြပြီ’
‘မင်း ငါတို့ကို သတင်းပေးထားရင် ငါတို့တွေ ဒီလို စိတ်မရှည်နိုင်အောင် စောင့်နေရမှာ မဟုတ်ဘူး။’
“အခက်အခဲတချို့တော့ ကြုံလာရလောက်တယ်”
“အာ ယူနန်က ဘယ်လို နေရာမျိုးလဲ အဲ့ဒီလောက်ဝေးတဲ့ နေရာကို ခရီးထွက်ဖို့ ဘယ်လောက် ခက်ခဲလဲ”
“ဒီအတောအတွင်း သူတို့က စီချွမ် ထန်မိသားစုနဲ့တောင် မဟာမိတ်ဖွဲ့ခဲ့တာ မဟုတ်ဘူးလား အရူးတစ်သိုက်ကတော့”
သူတို့၏လေသံများမှာ အနည်းငယ် ကြမ်းတမ်းနေသော်လည်း အားလုံးက ကျေးဇူးတင်မှုများနှင့် ပြည့်နေသည်။
‘ငါတို့ လုပ်သင့်တဲ့ တာဝန်ကို မင်းတို့ကို အပ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ် နောက်ပြီး မင်းတို့ ဖြတ်သန်းခဲ့ရတာအတွက် ဂုဏ်ယူမိတယ်…ပျော်လည်း ပျော်မိပါတယ်’
ဟွမ်ဂျုံက တောင်ထိပ်များကို လှမ်းကြည့်နေသည်။
‘ဒါပေမဲ့ ကျွန်တော် ဘိုးဘေးတွေကို ပြောစရာတစ်ခု ရှိသေးတယ်’
‘ကျွန်တော် ဟွာဆန်းကို ဦးမဆောင်နိုင်ခဲ့ပါဘူး’
‘ဒါပေမယ့် ဟွာဆန်းက သူ့ကို ဦးဆောင်နိုင်မယ့် ကလေးတွေကို ရှာတွေ့ခဲ့ပါတယ်’
သူကတော့ ဒါပဲ ပြောနိုင်တာ မဟုတ်ဘူးလား။
“ဂိုဏ်းခေါင်းဆောင် ကလေးတွေ လာနေပြီ”
“အမ်…အမ်…ဟုတ်တယ်”
ဟွမ်ဂျုံက သူ့မျက်လုံးများကို အသာလေး ပွတ်သပ်လိုက်၏။အသက်ကြီးလာလေလေ သံယောဇဉ်တွေ ပိုတွယ်တတ်ကြလေဟု ပြောကြသည်။
‘အဲ့ဒီလို ဖြစ်နေတာပဲ ဖြစ်ရမယ်’
ကလေးတွေက အချိန်အတော်ကြာမှ အိမ်ပြန်လာတာ ဖြစ်သောကြောင့် ပြုံးပြုံးရွှင်ရွှင်နှင့် ကြိုဆိုရပေမည်။
ခြေလှမ်းများ လှမ်းလာကြလေသည်။
ခဏကြာသောအခါ ခြေသံများကို ကြားလိုက်ရသည်။ခြေသံများက မမြန်ပေမယ့် အရှင်းသား ကြားရလောက်အောင်ထိ ကျယ်လောင်သည်။
ဟွမ်ဂျုံက လက်သီးများကို တင်းတင်းဆုပ်ထား၏။
ယခု သူတို့ကို မြင်နေရပြီဖြစ်သည်။
ဟွာဆန်းဂုဏ်ဆောင် ကလေးများ
‘ဟွာဆန်းကို ကျောက်တုံးကျောက်ဆောင်လို ဦးဆောင်မယ့်လူတွေ...’
‘ကျောက်တုံး…’
“….”
တောင်တက်နေသောကလေးများကို စိုက်ကြည့်လိုက်သောအခါ ဟွမ်ဂျုံ၏ မျက်လုံးများမှာ တုန်လှုပ်သွားရသည်။
လေးလံသောခြေလှမ်းများ
စိုစွတ်နေသောဆံပင်
စုတ်ပြဲလုနီးပါးဖြစ်နေသော ဟွာဆန်း၏ ၀တ်ရုံများ
သူတို့တွေမှာ သရဲတစ္ဆေများလိုပင်...
‘ဘာလဲ’
‘သူတို့တွေ ယူနန်ကို မသွားခဲ့ကြဘူးလား’
‘သူတို့ကြည့်ရတာ ဘာလို့ ငရဲပြည်ကို ရောက်ခဲ့တာနဲ့ တူနေရတာလဲ’
လူသတ်ချင်နေသည့် မျက်နှာများနှင့် တောင်ပေါ်တက်နေသော ကလေးတွေကို ကြည့်ရင်း ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားရသည်။
“ဒါ ဟွာဆန်းပဲ...”
“ဟွာဆန်း…. အ ဟွာဆန်း”
“…”
တပည့်များကို မြင်လိုက်ရသည့် အကြီးအကဲများမှာ သူတို့၏မျက်လုံးများကို ပွတ်သပ်နေကြလေသည်။အံ့သြလွန်းလို့ ခြေတစ်လှမ်းဆုတ်ကာ တွန့်သွားကြသည်။
“သောက်ကျိုးနည်းကွာ အိမ်ကနေ ထွက်သွားရတာ တကယ့်ကို ခက်ခဲတဲ့ အလုပ်ပဲ”
“ဟွာဆန်းကနေ နောက်ထပ် ဘယ်မှ ထပ်မထွက်တော့ဘူး”
“အနည်းဆုံးတော့ ငါသူနဲ့ အပြင်မထွက်တော့ဘူး”
“ကျွတ် ကျွတ် ရေချိုးမှဖြစ်မယ်”
ယူယီဆိုးက သူမကိုယ်သူမ သန့်ရှင်းရေး မလုပ်နိုင်သောကြောင့် စိတ်ပျက်ဒေါသထွက်ကာ အော်ဟစ်နေခဲ့သည်။
ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည့် အကြီးအကဲများ၏ မျက်နှာများမှာ ပြောင်းလဲသွားကြလေသည်။
‘မဟုတ်သေးပါဘူး ဒီခရီးမှာ ကလေးတွေ ဘာဖြစ်ခဲ့ကြတာလဲ သူတို့တုန်းက အပြင်ထွက်ရရင် အရမ်းတက်ကြွနေကြတာကို...’’
တောက်ပသော မျက်နှာထားဖြင့် ရှေ့ဆုံးတွင် အမြဲရပ်တည်တတ်သော ဘတ်ချုန်းက ယခုတော့ အောက်သို့သာ စိုက်ကြည့်နေခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်”
“….”
‘ယား..ကြောက်စရာကောင်းတဲ့ အမူအရာတွေက ဘယ်လိုဖြစ်ကြတာလဲ...’
ဘတ်ချုန်းက ဂိုဏ်းခေါင်းဆောင်ဆီသို့ လျှောက်သွားပြီး သူ့လက်များကို တင်းတင်းဆုပ်ကာ ပြောလိုက်၏။
“တာဝန်အတွက် ထွက်သွားခဲ့တဲ့ ဒုတိယတန်းတပည့် ဘတ်ချုန်း ပြန်ရောက်လာပါပြီ”
“အမ်…အင်း…ဟုတ်ပြီ”
‘အာ...’
‘ဒါက မဟုတ်သေးပါဘူး’
‘‘ပုံမှန်ဆို ကလေးတွေကို မျက်ရည်လည်ရွှဲနဲ့ ကြိုဆိုသင့်တာပါ ဒီပတ်ဝန်းကျင်လေထုက ဘယ်လိုဖြစ်လာတာလဲ’
ဂိုဏ်ခေါင်းဆောင်မှာ အနည်းငယ် ရှက်ရွံ့နေသည်ကို မြင်ရသောအခါ ဘတ်ချုန်းက တစ်ခုခုကို သတိရသွားပုံပေါ်သည်။
“ဂိုဏ်းခေါင်းဆောင်”
“အ-ဟင်”
“ခရမ်းရောင်သစ်သားမြက်ပင် ကျွန်တော်တို့ ရှာတွေ့ခဲ့ပြီ ကျွန်တော်တို့ နောက်ကို လိုက်ခဲ့ပါ ချွန်းမြောင်ရေ…”
ချွန်းမြောင်က မြက်ပင်များ ပါသည့် အိတ်ကို လှမ်းနေသည့် ဘတ်ချုန်း၏ စိတ်လှုပ်ရှားနေပုံရသော လက်များကို ရိုက်လိုက်၏။
“မထိနဲ့ မင်းလက်ချောင်းကို ဖြတ်ပစ်လိုက်မယ်”
“…အရူးကောင် လူယုတ်မာကောင်”
“သမားတော် ငါတို့ သမားတော်ဆီကိုသွားရမယ်”
ချွန်းမြောင်က ဂိုဏ်းခေါင်းဆောင်ကိုပင် မနှုတ်ဆက်ဘဲ အထဲသို့ ပြေးဝင်သွားလေသည်။
“အင်း ရေချိုး ငါ အခုချက်ချင်း ရေချိုးရမယ်”
“စားစရာ...ကျွန်တော့်အတွက် စားစရာ တစ်ခုခုများ ကျန်သေးလား ကျွန်တော် သေတော့မယ်ထင်တယ်လွန်ခဲ့တဲ့ သုံးရက်အတွင်း ကျွန်တော် ဘာမှ မစားခဲ့ဘူး”
“…”
ဂူထဲမှ ထွက်သွားပြီးတာတောင် တမြောင်မြောင် လုပ်နေသေးသည့် အပြင် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများနှင့် ပြန်လာကြသည့် ကျားပေါက်လေးများနှင့် တူနေသလို ခံစားရသည်။
“တ-အာ…”
ထိုအချိန်တွင် ဟွမ်ဂျုံက စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။
“ဟုတ်တယ် ရေလည်းချိုးကြ စားလည်းစားကြ ယူနန်မှာ ဖြစ်ပျက်ခဲ့တာတွေက အရေးကြီးပေမယ့် အခုတော့ မဟုတ်သေးဘူး မင်းတို့တွေ ပင်ပန်းနေရောပေါ့”
“ကျွန်တော်တို့ အစီရင်ခံစရာရှိသေး...”
ကျိုးကြောင်း ဆင်ခြင်ဥာဏ် နည်းနည်းလေး ကျန်နေသေးသူမှာ ဘတ်ချုန်းတစ်ယောက်သာရှိသည်။သို့သော် ဟွမ်ယုန်က ထေ့ငေါ့လိုက်လေသည်။
“အလေးအနက်ထားလို့ အောင်မြင်တော့လည်း ဘာဖြစ်လဲ မအောင်မြင်ရင်လည်း ဘာဖြစ်လဲ အရေးကြီးတာက မင်းတို့ အဲဒီကိုသွားပြီး အခက်အခဲတွေ ကြုံခဲ့ရတယ် မကျိုးမကန်းဘဲ ပြန်လာခဲ့ကြတာပဲလေ”
“မဟုတ်ဘူး…အောင်မြင်ခဲ့ပါတယ်…”
“ဟုတ်ပြီ ဟုတ်ပြီ!အထဲဝင်တော့”
ဟွမ်ယုန်က ဘတ်ချုန်းကို အထဲကို တွန်းပို့လိုက်၏။
“အာ မဟုတ်သေးပါဘူး ဒါက…”
“တော်လောက်ပြီ ခွေးကောင်လေး စားစရာရှိတာ စကားကြဦး ပြီးမှ စကားပြောကြ အဲ့ဒါ ကောင်းတယ်မလား ဂိုဏ်းခေါင်းဆောင်”
“အာ့ အမ်း… ဟုတ်သားပဲ ဟုတ်တယ် အစားအသောက်က အရေးကြီးတယ်”
“မြန်မြန် ရေချိုးလိုက်ကြပါ ငါတို့ စားဖိုမှူးတွေကို ချက်ချင်း ပြင်ခိုင်းလိုက်မယ်”
ထိုစကားကြောင့် ဂျိုဂုနှင့် ယွန်းဂျွန်၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။
“အစားအသောက်”
“အား ယူနန်ကနေ သွားရာလမ်းတစ်လျှောက် အစာခြောက်တွေပဲ ဆက်စားခဲ့ရတာ…”
“အဲ့ဒါက မြက်ခြောက်ထက်တော့ ပိုကောင်းသေးတယ်မလား”
“အ ဟုတ်တယ်”
‘ဟေး’
‘ဘာလို့ ဒီနေရာမှာ အဲ့ဒီအကြောင်းတွေ ပြောနေရတာလဲ’
ဟွမ်ဂျုံက အထဲသို့ ဝင်လာသည့် တပည့်များကို ကြည့်ပြီး စဉ်းစားရခက်နေပုံ ဖြစ်နေလေသည်။
‘သူတို့…’
“ကလေးတွေက နည်းနည်းထူးဆန်းနေတယ် မထင်ဘူးလား”
“နည်းနည်းလေး”
“….”
ဟွမ်ဂျုံက ဟွာဆန်းမှ တပည့်များကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေလေသည်။
သန့်သန့်ရှင်းရှင်းနှင့် ပြန်ရောက်လာကြသည်ကို မြင်လိုက်ရသဖြင့် သူတို့တပည့်တွေ ပုံပေါ်နေပေမယ့်...
‘သူတို့တွေ တစ်ခုခုတော့...’
‘အရင်က မရှိခဲ့ဖူးတဲ့ လူတစ်ယောက်က သူတို့ထဲမှာ ရောဝင်နေသလိုပဲ...’
‘ဒါမှမဟုတ် သူတို့တွေ ပိုပြီး သက်တောင့်သက်သာ ရှိလာလို့လား’
လက်ညိုးထိုးပြဖို့ ခက်ပေမယ့် တစ်ခွန်းတည်း ပြောရမည်ဆိုလျှင်…
‘အရွယ်ရောက်လာကြပြီ’
ကမ္ဘာပေါ်မှာ ကလေးတွေက လျင်မြန်စွာ ကြီးထွားလာတတ်သည်ဟု လူတွေ ပြောနေကြသည်မှာ မှန်လောက်ပေသည်။
သို့သော် ပြဿနာက တခြားအရာတစ်ခုခု...
“အားးးးးး ငါ့ခါး”
ချွန်းမြောင်က နွေးထွေးသောနေရာတွင် အိပ်နေသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ နံရံကိုမှီ၍ ပက်လက်လှန် လှဲနေလေသည်။
‘ဒီကောင်စုတ်လေးက အရွယ်ရောက်လာတာထက် အဘိုးကြီးပုံစံနဲ့ ပိုတူလာတာမဟုတ်ဘူးလား’
ထို့အပြင် သူတို့က ထူးခြားသည့် ကြွေးကြော်သံများကိုလည်း ဆက်လက် ရွတ်ဆိုနေကြသည်။
သူတို့တွေ အများကြီး ဖြတ်သန်းလာခဲ့ရပေမယ့် အခုတော့ သူတို့ကို အကြီးအကဲများက “ဟျောင်း”ဟု ခေါ်ကြရလောက်သည်။
“အ-အင်း အားလုံးပဲ အဆင်ပြေခဲ့ကြရဲ့လား”
“အဆင်ပြေပါတယ် ဂိုဏ်းခေါင်းဆောင်”
အင်း ဘတ်ချုန်းက ဘတ်ချုန်း ဖြစ်နေတုန်းပဲ။
အခြားသူများက မတုံ့ပြန်နိုင်ခင် သူ၏မူလမျက်နှာကို ပြန်လည်ထိန်းသိမ်းခဲ့သည်။
“အကြီးအကဲတွေကို စိုးရိမ်ပေးလို့ ကျွန်တော်တို့ ယူနန်ကနေ မြက်တွေကို ဘေးကင်းကင်းနဲ့ ပြန်ယူလာနိုင်ခဲ့ပါတယ် အဖြစ်အပျက်တွေလည်း တော်တော်များများ ဖြစ်ခဲ့ဖူး…”
ထို့နောက် သူက ချက်ချင်း လေးဘက်ထောက်လိုက်၏။
“မဟုတ်တာ မင်း ဘာလို့ ဒီလိုလုပ်တာလဲ”
“ဂိုဏ်းခေါင်းဆောင်ကို ခွင့်ပြုချက်မတောင်းဘဲ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်မိတဲ့အတွက် အပြစ်ပေးခံရဖို့ တောင်းဆိုပါတယ်”
“ထစမ်း”
“ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်”
“ငါဘာလို့ လုပ်ပိုင်ခွင့်အာဏာကို မင်းဆီ အပ်ထားခဲ့တာလဲ ဒီဟွာဆန်းရဲ့အပြင်မှာ မင်းက သူတို့ကို စောင့်ရှောက်ပေးနေတဲ့သူပဲ မင်းရဲ့ရွေးချယ်မှုက ငါ့ရဲ့ရွေးချယ်မှုပဲ ဒါကြောင့် မင်းက အပြစ်ပေးခံစရာ မလိုဘူး”
“ဂိုဏ်းခေါင်းဆောင်”
“ဒူးထောက်တာရပ်ပြီး ထိုင်တော့”
ထိုစကားကြောင့် ဘတ်ချုန်းက ထရပ်လိုက်၏။သူ့အား ဒူးထောက်ရာမှ ထရန် ခက်ထန်စွာ တောင်းဆိုခဲ့သော ဟွမ်ဂျုံက နူးညံ့သိမ်မွေ့သော မျက်နှာထားကို ထပ်မံပြသလာခဲ့သည်။
“ဟုတ်ပြီ မင်းတို့ အခု ဘာတွေဖြစ်ခဲ့လဲဆိုတာ နားထောင်လို့ရပြီလား”
“ရပါပြီ ဒါပေမယ့် မပြောပြခင် တစ်ခုလောက် မေးချင်လို့ပါ ထန်မိသားစု အကြီးအကဲက ဟွာဆန်းကို လာလည်ခဲ့သေးလား”
“လာလည်တယ် ထန်သခင်ဆီကနေ အခြေအနေ အကျိုးအကြောင်းလည်း ကြားခဲ့ရတယ် ဒါပေမယ့် မင်းအမြင်နဲ့ ပြောတာကို ကြားချင်တယ်”
“ဟုတ်ကဲ့ ဖြစ်ခဲ့သမျှကို ကျွန်တော်ရှင်းပြပါ့မယ်”
သူက အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့အား သူတို့၏ ခရီးစဉ်ကို အေးအေးဆေးဆေး ရှင်းပြလေတော့သည်။ကြားခုလပ်တွင် ဂျိုဂု၊ယွန်းဂျွန်နှင့် ယူယီဆိုးတို့က သူမေ့ကျန်နေသည့်အရာများကို ရှေ့သို့ ထွက်ပြောတတ်ကြသည်။
ချွန်းမြောင်က အိပ်ချင်မူးတူးနှင့် စတင် မှိန်းလာပေမဲ့ ဒီစိတ်လှုပ်ရှားစရာကောင်းသည့် ဇာတ်လမ်းကြောင့် သူ့ကို ဘယ်သူမှ အာရုံမစိုက်ကြပေ။
ဇာတ်လမ်းက ဆက်သွားနေသည်နှင့်အမျှ ဟွမ်ဂျုံမှာ အထပ်ထပ် အခါခါ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
ဘတ်ချုန်းက ဇာတ်လမ်းတစ်ခုလုံး ပြောပြပြီးသောအခါ အကြီးအကဲများနှင့် တခြားတပည့်များမှာ ချွန်းမြောင်တို့ အုပ်စုထံမှ အကြည့်မခွာနိုင်ကြပေ။
“….စီချွမ်ကို သွားပြီး ထန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်”
“ဟုတ်ပါတယ်”
“ဒီအတောအတွင်းမှာ မင်းတို့က ထန်မိသားစုရဲ့ အကြီးအကဲကို ဖြုတ်ချလိုက်တာလား”
“ချွန်းမြောင် လုပ်ခဲ့တာပါ”
ဟွမ်ဂျုံက အိပ်ပျော်နေသော ချွန်းမြောင်ကို ကြည့်လိုက်၏။
“သူ-သူက ဓားပြတွေကို ခေါ်ပြီး သားရဲနန်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ယူနန်ကို သွားခဲ့တာလား”
“မဟာမိတ်… အဲဒါကို မဟာမိတ်လို့ ထင်နိုင်ပေမယ့် နည်းနည်းတော့ ကွဲပြားပါတယ် အဓိပ္ပာယ်တော့ တူနေပါသေးတယ် အခု ယူနန်မှာ ဟွာဆန်းက တပည့်တွေက ဘက်လိုက်တာမျိုးမရှိဘဲ ဆက်ဆံခံရတော့မှာပါ”
“ဒါပေမယ့်…”
‘အ ဟိုမှာ…အာ’
“ယူနန်လက်ဖက်ခြောက်ကိုလည်း တစ်ဦးတည်း ကုန်သည်ခွင့် ရခဲ့တာလား”
ထိုမေးခွန်းကို ဘတ်ချုန်းထက် ကောင်းကောင်း ဖြေနိုင်မည့် သူရှိနေပေသည်။ဘတ်ချုန်းက ဂျိုဂုကို ကြည့်လိုက်၏။ဂျိုဂုက မြင်လိုက်သည်နှင့် ဦးညွှတ်ကာ ဖြေလေသည်။
“ယူနန်ပြည်နယ်ရဲ့ အခြေအနေက အတော်လေး ဆိုးနေတာပါ ခွင့်ပြုချက်တောင်းစရာမလိုဘဲနဲ့ လက်ဖက်ခြောက်ကို ကုန်သွယ်ဖို့အတွက် ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော့်မိသားစုကို အသုံးပြုပြီး အဆုံးသတ်ခဲ့ပါတယ် သယ်ယူပို့ဆောင်ရေးကို ဟွာဆန်းရဲ့အမည်အောက်မှာ လုပ်သွားမှာပါ ကျွန်တော့်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်”
“အပြစ်ပေးရမယ်”
‘အပြစ်ပေးရမှာလား’
‘ဘာအတွက်လဲ မင်းက ငတုံးလား’
“အ-အားလုံး…”
ဟွမ်ဂျုံမှာ သူကြားခဲ့ရသမျှကို မယုံနိုင်သဖြင့် စကားထစ်ကုန်လေသည်။
“မင်းတို့ ဒါကို တစ်လတည်းနဲ့ လုပ်ခဲ့တာလား။ဒါတွေအားလုံး”
‘’ဒါတွေက ဘယ်လိုအရာတွေမို့လဲ’
ထိုအချိန်တွင် ဟွမ်ဂျုံသည် ပျော်ရွှင်တာထက် အဓိပ္ပာယ်မရှိဟုသာ ထင်နေမိသည်။
“အာ…ဒါ….”
သူ့ဘက်က တုံ့ပြန်စကားဆိုနေပေမဲ့ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ဟွမ်ယုန်က ဤအခြေအနေတွင် စကားမပြောနိုင်ဖြစ်နေသော ဟွမ်ဂျုံ၏ ပခုံးကို လှမ်းဆွဲ၍ အကျယ်ကြီး ပြောလိုက်၏။
“ဂိုဏ်းခေါင်းဆောင်”
“အမ်”
ဟွမ်ဂျုံက လေးနက်သော မျက်နှာဖြင့် စကားပြောလာ၏။
“မြောက်ဘက် ဒါမှမဟုတ် တောင်ဘက်မှာ ငါတို့ လုပ်စရာ အလုပ်မရှိဘူးလား”
“အာ အဲဒါက ဘာကို ဆိုလို…”
ထို့နောက် ဟွမ်ယုန်က ချွန်းမြောင်ကို လှမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။
“သူတို့ကို နောက်ထပ်တစ်ကြိမ် အပြင်ကို ပို့လိုက်ကြရအောင် ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး ဒီတစ်ခါတော့ သူတို့တွေ ဖီးနစ်ကိုတောင် တွေ့လာနိုင်တယ်”
“…”
တစ်စက္ကန့်လောက်တော့ ဟွမ်ဂျုံ ထိုအကြံဉာဏ်ကို လိုက်လုပ်ချင်ခဲ့သည်။