← Chapters

Beating

Vol. 6 Ch. 52

Beating

Vol. 6 Ch. 52

ကျန်းကျီမြောင် ရှင်းပြတာကို တစ်ဝက်လောက်သာ နားလည်သော်လည်း ယွဲ့မြန် ခေါင်းညိတ်လိုက်သည်။

“ရှဲ့ချိုးလို အဆင့်အတန်းမြင့်မားတဲ့ သခင်မလေးမျိုးကို အရိပ်ထဲကနေ စောင့်ကြည့်နေကြတဲ့လူတွေ အများကြီး ရှိတယ်၊ ရှဲ့ချိုးက ရှဲ့မိသားစုရဲ့ တစ်ဦးတည်းသော သမီးတော်လေးလေ၊ သူနဲ့သာ လက်ဆက်ထိန်းမြှားနိုင်မယ်ဆိုရင် ရှဲ့မိသားစုရဲ့အဆက်အသွယ်တွေ အာဏာတွေအကုန် လုံးကို ပိုင်ဆိုင်ရမှာပဲ၊ အစတုန်းက ရှဲ့ချိုးကို မင်းသားအန်းဟယ်နဲ့ လက်ဆက်ထိန်းမြှားပေးဖို့ မယ်တော်ကြီး ကြံရွယ်ခဲ့တာ၊ ဒါပေမယ့် ရှဲ့မိသားစုက ကန့်ကွက်ခဲ့တယ်”

ကျန်းကျီမြောင် အသေးစိတ်သုံးသပ်ပြလိုက်သည်။

“ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကို မင်းသားအန်းဟယ်က လက်လွှတ်ချင်ပါ့မလား ? ဒါပေမယ့် ရှဲ့မိသားစုရဲ့ သဘောထားကခိုင်မာတယ်၊ မင်းသားအန်းဟယ်သာ ဒီထိန်းမြှားမှုကို လိုချင်သေးတယ်ဆိုရင် မသမာတဲ့နည်းလမ်းတွေကိုပဲ သုံးလို့ရလိမ့်မယ်”

ကျန်းကျီမြောင် ခေတ္တရပ်တန့်သွားပြီး အဓိပ္ပာယ်ပါစွာ ပြောလိုက်သည်။

“သူတို့လိုချင်တာကို ရဖို့ဆိုရင် ယောက်ျားတွေက ဘာမဆိုလုပ်ရဲကြတယ်၊ သူတို့ကိုယ်သူတို့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူကြီးလူကောင်းပုံစံ ဟန်ဆောင်ဖို့ စကားလုံး ချိုချိုလေးတွေ ပြောလိမ့်မယ်၊ အဲ့လိုမဟုတ်ရင်လည်း လူရမ်းကား ကလေကချေတွေလို အရှက်မရှိတဲ့ နည်းလမ်းတွေကို သုံးဖို့လည်း ဝန်မလေးဘူး၊ အဲ့တာကြောင့် မိန်းမသားတွေဖြစ်တဲ့ ဒီမိဖုရားတို့က ဘယ်အရာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် အလောကြီးလို့မရဘူး၊ မိဖုရားတို့ရဲ့တစ်သက်တာ ပျော်ရွှင်မှုကို တစ်စုံတစ်ယောက်ဆီမှာ မအပ်နှင်းခင် အဲ့ဒီ တစ်စုံ တစ်ယောက်ရဲ့အကြောင်း ခရေစေ့တွင်းကျသိနိုင်အောင် စုံစမ်းစစ်ဆေးပြီး အကဲခတ်တတ်ရမယ်”

ယွဲ့မြန်ရင်ထဲ ဟာတာတာကြီး ခံစားလိုက်ရသည်။

ယောက်မတော်မိန့်ကြားသည့် စကားလုံးများက ရှဲ့ချိုးအတွက် ရည်ညွှန်းသည်ဟုထင်ရသော်လည်း စကားလုံးတိုင်းက သူမနှင့် သက်ဆိုင်နေသည်ဟု ခံစားနေရသည်။

ရှဲ့ချိုး၏ဂုဏ်အဆင့်အတန်းက မြင့်မားသည်။ ထို့ကြောင့် မင်းသားအန်းဟယ်က လက်လွတ်မခံနိုင်ခြင်းဖြစ်သည်။

ထို့နည်းတူစွာ မင်းသမီးတစ်ပါးဖြစ်သည့် သူမ၏ ဂုဏ်အဆင့်အတန်းကလည်း မြင့်မားသည်။ ကျန်တာ ထည့်မစဉ်းစားလျှင်တောင် သူမ အစ်ကိုအရင်းသည် လက်ရှိမင်းဆက်တွင် စတုတ္ထမင်းသားဖြစ်ပြီး ညီလာခံအတွင်းမှာ ရာထူးတစ်ခုရရှိထားကာ လုပ်ပိုင်ခွင့်အာဏာလည်းရှသည်။ ထို့ကြောင့် သူမအား လက်ဆက်လိုက်လျှင်လည်း အကျိုးအမြတ်တွေ အများကြီးရလာနိုင်လိမ့်မည်။

ဒီလိုသာဆို ယောက်မတော်ပြောသည့်အတိုင်း ကျန်းကျစ်ဖျင်ကကော သူမနဲ့ လက်ဆက်ထိန်းမြှားနိုင်ဖို့အတွက် လူကြီးလူကောင်းသဖွယ် ဟန်ဆောင်ထားခဲ့တာများလား ?

ယွဲ့မြန်ရုတ်တရက် စိတ်ချောက်ချားသွားသည်။

“ယောက်မတော်… လူတစ်ယောက်ရဲ့ နှလုံးသားကို ဖောက် ထွင်း မြင်နိုင်ဖို့က ဘယ်လောက်ခက်ခဲသလဲဟင်…မနှစ်မြို့စရာနှလုံးသားတစ်ခုကို မြင်ခဲ့ရင်ကော ဘာဆက်လုပ်ရမလဲ? ဒီကမ္ဘာကြီးထဲမှာ မေတ္တာတရားစစ်မှန်တဲ့ ယောက်ျားဆိုတာ တကယ်မရှိဘူးလား”

ကျန်းကျီမြောင် ကြက်သေသေသွားသည်။ ယွဲ့မြန်ကို မီးတွင်းထဲမကျအောင်သာ သတိပေးစကားပြောဖို့ ရည်ရွယ်ထားခဲ့သော်လည်း သူမ စကားတွေ လွန်ကြူးသွားခဲ့သည်။ ယွဲ့မြန် လက်ဆက်ထိန်းမြှားရမှာကို ကြောက် ရွံ့သွားလျှင် အဆင်ပြေနိုင်မှာ မဟုတ်ပါ။

ကျန်းကျီမောင် အမြန်ရှင်းပြလိုက်သည်။

“ဘာလို့ မရှိရမှာလဲ ရှိတာပေါ့၊ မင်းသမီးရဲ့ အစ်ကိုတော်ကိုပဲကြည့်လိုက်လေ၊ နူးညံ့သိမ်မွေ့ ထောက်ထားညှာတာတတ်ပြီး အပြစ်မကင်းစင်လွန်းဘူးလား”

ပြောပြောဆိုဆိုနဲ့ ယွဲ့လင်းလက်ကို ကျန်းကျီမြောင်ဆွဲလိုက်ပါသည်။

ယွဲ့မြန် အနည်းငယ်တောင့်တင်းသွားပြီး ယွဲ့လင်းကို လှည့်ကြည့်လိုက်လေသည်။

နူးညံ့သိမ်မွေ့ပြီး ထောက်ထားညှာတာတတ်တယ်တဲ့…

အဲ့ဒီစကားလုံးတွေက အစ်ကိုတော်နဲ့ တကယ်ကောလိုက် ဖက်ညီရဲ့လား…

ယွဲ့လင်း အနည်းငယ် ပြုံးသွားပြီး ကျန်းကျီမြောင်လက်ကို ပြန်ဆုပ်ကိုင်လိုက်ပါသည်။

“ဒီလိုပဲဖြစ်သင့်တာပေါ့”

ယွဲ့လင်း၏ကြီးကြီးကျယ်ကျယ်စကားကြောင့် ကျန်းကျီမြောင် စိတ်ထဲမှ မကျေမနပ်တွေးလိုက်ပါသည်။

[ဝါး… တော်တော် အရှက်မရှိတာပဲ]

သူတို့နှစ်ယောက်၏အပြုအမူများကို ကြည့်ရင်း ယွဲ့မြန် အနည်းငယ် မနာလိုဖြစ်သွားခဲ့ရသည်။

အစ်ကိုတော်နဲ့ ယောက်မတော်တို့က တကယ်ပဲလိုက်ဖက်ညီလွန်းပါသည်။ ယောက်မတော်နဲ့ လက်ဆက်ပြီးခါမှ သူမ အစ်ကိုတော် ဒီလိုနူးညံ့သိမ်မွေ့သွားလိမ့်မည်ဟု ဘယ်သူမှ ထင်ကြမည်မဟုတ်ပါ။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘဲ စိတ်နှလုံးသားကိုမြင်အောင်ကြည့်ဖို့ လိုအပ်သည်ဆိုတာ ဒါကို ဆိုလိုခြင်းသာဖြစ်ပါလိမ့်မည်။

“အာ့မြန် ဘာမှစိတ်မပူနဲ့၊ သခင်မလေးရှဲ့ရဲ့ ကိစ္စကိုဖြေရှင်းပြီးတာနဲ့ ကျန်းကျစ်ဖျင်ဆီ လိုက်ပို့ပေးမယ်…”

ကျန်းကျီမြောင် စကားပြောနေရင်း တစ်စုံတစ်ခုကို ရုတ် တရက် သတိရသွားပြီး ယွဲ့လင်းအား အမြန်မေးလိုက်ပါသည်။

“ယွင်ရွှေကျန့်မှာ ကျန်းကျစ်ဖျင် အခန်းတစ်ခန်း ကြိုငှားထားတယ်မလား၊ ဘယ်အချိန်လဲ”

ယွဲ့လင်းလည်း မျက်မှောင်ကြုတ်သွားသည်။

“အချိန်ကျတော့မယ်”

“မဟုတ်သေးဘူး…”

ကျန်းကျီမြောင် ချက်ချင်း ခါးမတ်သွားခဲ့၏။

ကျန်းကျစ်ဖျင်၏အပျော်မယားကိစ္စကို ဒီနေ့ဖော်ထုတ်ဖို့အတွက် ခမည်းတော်နဲ့ ကျန်းကျီမြောင် အစီအစဉ် ဆွဲထားခဲ့သည်။ ‘ယွင်ရွှေကျန့်’ထံ ကျန်းကျစ်ဖျင် ရောက်ရှိတာနဲ့တစ်ပြိုင်နက် သူမတို့ အစီအစဉ်ကို စတင် အကောင်အ ထည်ဖော်မှာ ဖြစ်သည်။

ကျန်းကျီမြောင် ဒီနေ့ နန်းတော်ပြင်ပသို့ ထွက်လာမှာကို ခမည်းတော်လည်းသိနေသည်။ ကျန်းကျစ်ဖျင် စံအိမ်မှ ထွက်ခွာတာကိုမြင်သည်နှင့် လူလွှတ်ကာ သူ့အား အသိ ပေးမည်ဟု ခမည်းတော် ကတိပေးထားသည်။

သို့သော်လည်း ခမည်းတော်ထံမှ ဘာသတင်းမှမကြားရသေးပေ။

ကျန်းကျစ်ဖျင် စံအိမ်ကနေ ထွက်မလာသေးတာပဲလား…

ပုံမှန်ဆို ဒီလို ချိန်းဆိုမှုတွေအတွက် ကျန်းကျစ်ဖျင် တစ်ခါမှ နောက်မကျတတ်ပါ။ သို့သော်လည်း ဒီနေ့တော့ သတ် မှတ်ထားသည့် အချိန်ရောက်ခါနီးမှာတောင် ကျန်းကျစ်ဖျင် စံအိမ်မှထွက်လာသည့် အရိပ်အယောင် မပြသေးပေ။

အဲ့ဒီအခန်းကို… သူ့အတွက် သူ ကြိုငှားထားတာဟုတ်ရဲ့ လား…

ကျန်းကျီမြောင်နဲ့ ယွဲ့လင်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး ပြိုင်တူလှုပ်ရှားခဲ့ကြပါသည်။

ယွဲ့လင်း ချက်ချင်း မတ်တပ်ထရပ်ကာ မိန့်လိုက်သည်။ “ယွင်ရွှေကျန့်ကို သွားကြမယ်!”

ကျန်းကျီမြောင် အမြန်ခေါင်းညိတ်လိုက်သည်။

ယွဲ့မြန်ကတော့ အံ့အားသင့် မှင်သက်နေပါသည်။

ဘာတွေဖြစ်နေတာလဲ။ သခင်မလေးရှဲ့ရဲ့ ကိစ္စကို ဖြေရှင်းပြီးမှ သွားကြမှာဆို။

အခုချက်ချင်း ဘာလို့ သွားရမှာလဲ ?

“ယောက်မတော် သခင်မလေးရှဲ့ရဲ့ အရေးကိစ္စကပိုအရေး ကြီးပါတယ်၊ နှမတော် အလျှင်မလိုပါဘူး”

ယွဲ့မြန် အမြန်လျှောက်တင်လိုက်ပါသည်။

ကျန်းကျီမြောင်က ယွဲ့မြန်ကို မြင်းပေါ်အမြန်ဆွဲတင်ရင်း ပြောလိုက်သည်။

“ယွင်ရွှေကျန့်ကို သွားတာ ကျန်းကျစ်ဖျင် မဟုတ်ဘူး၊ တခြားတစ်ယောက်ပဲ!”

“မင်းသားအန်းဟယ်ရဲ့စံအိမ်မှာ ဘယ်သူမှမရှိလောက်ဘူး၊ မြို့စားရှဲ့နဲ့ မြို့စားကတော်တို့ကို အသိပေးဖို့ ကိုယ်တော် လူလွှတ်လိုက်ပြီ၊ ယွင်ရွှေကျန့်ဆီ အရင်ကြိုရောက်နေဖို့အတွက် လူတွေလည်း လွှတ်ထားတယ်”

ယွဲ့လင်း မိန့်လိုက်ပါသည်။

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်စွမ်းရှိသဖြင့် စကားအပို မလိုအပ်ပါ။

ယွဲ့မြန်: “???”

ကယ်ကြပါဦး! သူ ဘာမှနားမလည်ဘူး!

တစ်ယောက်ယောက် လာရှင်းပြကြပါဦး!

ယွဲ့မြန် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။ သူမကိုယ်သူမ အသုံးမဝင်သည့် ကလေးတစ်ယောက်ပမာ ခံစားလာရပါသည်။

ယွင်ရွှေကျန့်ဟူသည် မြို့တော်ထဲရှိ နာမည်အကြီးဆုံး အခါးရည်ဆိုင်ဖြစ်သည်။ ထိုအခါးရည်ဆိုင်မှာ ဝန်ကြီးမှူးမတ်တွေ၊ ဆွေကြီးမျိုးကြီးတွေသာ လာရောက်အပန်း ဖြေလေ့ရှိပါသည်။

အခါးရည်ဆိုင်အတွင်း အမိုးဆောင်များ၊ လမ်းလျှောက်ဆောင်များ၊ တံတားလေးများနှင့် စီးဆင်းနေသည့် စမ်းချောင်းကလေးများပင်ရှိသေးသည်။ အပြင်အဆင်က အဆင့်အတန်း အလွန်မြင့်မားလွန်းလှသည်။

ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ ယွင်ရွှေကျန့်သို့ ရောက်ရှိသွားကြသောအခါ မြို့စားရှဲ့နှင့်သခင်မရှဲ့တို့လည်းအလောတကြီး ရောက်ရှိလာခဲ့ကြပါပြီ။ သူတို့အားလုံး ယွင်ရွှေကျန့် အခါးရည်ဆိုင်ရှေ့မှာ ဆုံခဲ့ကြသည်။

သခင်မရှဲ့ အလွန်စိုးရိမ်ပူပန်နေပါသည်။

“ဘာတွေဖြစ်…”

သူမ စကားမဆုံးနိုင်ခင် ယွင်ရွှေကျန့်ဒုတိယထပ်မှ တိုက်သံခိုက်သံတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်။

သခင်မရှဲ့ မျက်နှာထားချက်ချင်း ပြောင်းလဲသွားပြီး အပေါ်ထပ်သို့ အမြန်ပြေးတက်သွားခဲ့သည်။ ရှဲ့ချန်းလည်း အစောင့်တပ်သားများကို ခေါ်ဆောင်ပြီး အပေါ်ထပ်သို့ တက်လိုက်လာခဲ့ပါသည်

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဒီလောက်ဆို ယွဲ့ဟွာ၏အကြံအစည် မအောင်မြင်နိုင်လောက်တော့ပေ။ နီရှန့်ဆောင်သို့ သူတို့ ရောက်ရှိသွားတုန်းက ရှဲ့ချိုးကို ပြန်ပေးဆွဲသွားတာ သိပ်မကြာလောက်သေးပါ။ ထို့အပြင် သူတို့ အချိန်သိပ်မဆွဲခဲ့ဘဲ ယွင်ရွှေကျန့်အကြောင်း အမြန်သတိရကာ သွက်လက်ပေါ့ပါးသည့် အစောင့်တပ်သားတစ်ယောက်ကို ယွင်ရွှေကျန့်ထံ ဦးစွာသွားရောက်ဖို့ ယွဲ့လင်းညွှန်ကြားခဲ့သည်။ ယခု အပေါ်ထပ်မှ တိုက်ခိုက်သံများက ထိုအစောင့်တပ်သားနဲ့ ယွဲ့ဟွာဘက်တော်သားတွေ တိုက်ခိုက်နေကြသည့်အသံသာ ဖြစ်နိုင်ပါသည်။

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ အပေါ်ထပ်သို့ တက်လာစဉ် မြို့စားရှဲ့ အစောင့်တပ်သားများက ဒုတိယထပ်အားထိန်း ချုပ်ထားလိုက်ကြပြီဖြစ်သည်။ ဧည့်သည်တော်တွေအား လုံးကို အခန်းထဲမှ အခန်းပြင်ထွက်ခွင့် လုံးဝမပေးပါ။ အစောင့်တပ်သားများနှင့် စကားများငြင်းခုံနေကြသည့် ဧည့်သည်တော်တွေအထဲ အာဏာရှိပုဂ္ဂိုလ်များစွာ ပါဝင်သည်။

ရှဲ့ချန်း မတတ်နိုင်ပေ။ သူ့ကို ဆဲဆိုကြိမ်းမောင်းချင်သ လောက် ကြိမ်းမောင်းနိုင်သည်။ သို့သော် ဘယ်သူ့ကိုမှ ထွက်သွားခွင့်ပြုမှာ မဟုတ်ပါ။ ရှဲ့ချိုး၏ဂုဏ်သိက္ခာက အရေးအကြီးဆုံးဖြစ်သဖြင့် မည်သူ့ကိုမှ ခြွင်းချက်အဖြစ် သတ်မှတ်မပေးနိုင်ပေ။

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ အပေါ်ထပ်သို့ ရောက်သော အခါ ကြမ်းပြင်ပေါ်မှာ လဲကျနေသည့် အစောင့်တပ်သား များစွာကို မြင်လိုက်ရသည်။ မြို့စားရှဲ့ကိုယ်တိုင်ထိုးကြိတ် ထားသဖြင့် မျက်လုံးနှစ်ဖက်စလုံး ညိုမဲစွဲနေသည့် ယွဲ့ဟွာကိုလည်း မြင်လိုက်ရပါသည်။

ယွဲ့ဟွာ ခက်ခက်ခဲခဲ ရှင်းပြဖို့ကြိုးစားနေသည်။

“မြို့စားကြီး! ဒါနားလည်မှုလွဲတာပါ! ကျုပ် သခင်မလေးရှဲ့ကိုနှစ်သက်မြတ်နိုးခဲ့တာကြာပါပြီ၊ အခုလည်း စကားအေး အေးဆေးဆေး ပြောချင်လို့ ဒီကိုဖိတ်ကြားခဲ့တာပါ…”

ဘေးနားတွင် သခင်မရှဲ့က ရှဲ့ချိုးအားတင်းကြပ်စွာ ပွေ့ဖက်ထားပြီး ယွဲ့ဟွာကိုဒေါသကြောင့် နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမ ရောက်ရှိလာခဲ့တုန်းက ချိုးအာအား ယွဲ့ဟွာ အရှက်မရှိသည့် စကားလုံးများပြောဆိုနေတာဖြစ်သည်။ ချိုးအာမှာလည်း ဆေးခတ်ခံထားရမှန်းသိသာပြီး မလှုပ်မရှားနိုင်ဘဲ နာကျင်နေသော မျက်နှာထားဖြင့်သာထိုင်နေရသည်။

သခင်မရှဲ့ဝင်လာသောအခါ ရှဲ့ချိုး မျက်လုံးများအရောင်လက်သွားခဲ့ရ၏။ ရှဲ့ချိုးကို ပွေ့ဖက်ထားရင်း သခင်မရှဲ့ ဒေါသလည်းထွက် ရင်လည်းနာကာ တစ်ကိုယ်လုံးတုန် ယင်နေခဲ့သည်။

“နားလည်မှုလွဲတာဟုတ်လား ? နားလည်မှုလွဲတယ်ဆိုတာ ဘာလဲ ငါ ပြမယ်!”

ဒေါသကြောင့် မြို့စားရှဲ့ ဘာမှ မဆင်ခြင်မစဉ်းစားနိုင်တော့ဘဲ ယွဲ့ဟွာကို ထပ်ပြီးထိုးကြိတ်ကန်ကျောက်လေသည်။

ယွဲ့ဟွာသည် ဘာသိုင်းမှတတ်မြောက်သူမဟုတ်ဘဲ သူခေါ်ဆောင်လာသည့် အစောင့်တပ်သားတွေကလည်း ဖမ်းဆီးခံလိုက်ရပြီဖြစ်သဖြင့် မြို့စားရှဲ့၏လက်သီးချက်များကိုမခုခံနိုင်ခဲ့ပါ။

ယွဲ့ဟွာ အရှုံးမပေးသေးဘဲ ပြောလိုက်သည်။

“ချိုးအာ-- ချိုးအာ မြို့စားကြီးကို ရှင်းပြလိုက်လေ! ငါဒီတိုင်း စကားပဲပြောခဲ့တာ… ဘာမှ လုပ်စရာအချိန်မရှိသေးဘူး!”

“ဘာမှလုပ်စရာအချိန် မရှိသေးဘူးဟုတ်လား! မင်းမှာတစ်သက်လုံး အချိန်မရှိတော့အောင် လုပ်ပစ်မယ်ကွ!”

ပြောပြောဆိုဆိုနဲ့ မြို့စားရှဲ့၏လက်သီးချက်များ ပိုမိုပြင်း ထန်လာခဲ့ပါသည်။

“ချိုးအာ-- ကျေးဇူးပြုပြီးတစ်ခုခု ကူပြောပေးပါဦး… ချိုးအာကို ကိုယ် တကယ်မေတ္တာရှိတာပါ…”

ပထမတော့ ယွဲ့ဟွာ စကားလုံးတချို့ခက်ခက်ခဲခဲပြောနိုင်သေးသော်လည်း နောက်တော့ မျက်နှာတစ်ခုလုံး ဖူးယောင်သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။

မြို့စားရှဲ့ ဒေါသအားစိတ်ကြိုက်ဖြေဖျောက်ပြီးကာမှ ယွဲ့လင်း မိန့်လိုက်ပါသည်။

“မြို့စားရှဲ့ ခဏနားလိုက်ပါဦး”

All Chapters