← Chapters

မဟာနတ်ဆိုးအရှင်ငါးပါး

Vol. 40 Ch. 461

မဟာနတ်ဆိုးအရှင်ငါးပါး

Vol. 40 Ch. 461

"မင်းက ငါ့ရဲ့လက်ကို အသုံးပြုပြီးတော့ မင်းရဲ့ရန်သူတွေကို သတ်ချင်တာလား"

ကျန်းရွှမ်က တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ခန့်မှန်းလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သတ်ရမှာက သတ်ရမှာပဲ မဟုတ်လား... ငါက သေပြီးသားလေ...ငါ့ရဲ့ရန်သူတွေကို ဘာလို့ လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့် ပေးရမှာလဲ"

နှင်းနတ်ဆိုးအရှင်က အေးစက်စက်နှာမှုတ်လိုက်၏။

"ဒါက အမှန်ပဲ..."

ကျန်းရွှမ်သည် ငြင်းချက်ထုတ်ရန် အကြောင်းပြချက် ရှာမတွေ့ချေ။

'ငါ ကောင်းကောင်း မနေရရင် ငါ့ရဲ့ရန်သူတွေကိုလည်း ကောင်းကောင်းအသက်ရှင်ခွင့် မပေးနိုင်ဘူး'

"စိတ်မပူပါနဲ့...သူတို့အားလုံးက ရက်စက်ယုတ်မာတဲ့ မဟာနတ်ဆိုးကြီးတွေဖြစ်ပြီးတော့ သေသင့်သေထိုက်တဲ့သူတွေချည်းပဲ... မင်းရဲ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေဖို့ မလိုပါဘူး"

သူ တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်ပြီး ဤလူငယ်တွင် အကျင့်စရိုက်ဖြောင့်မတ်မှုရှိသည်ဟု ထင်မှတ်ကာ နှင်းနတ်ဆိုးအရှင်က မနေနိုင်ဘဲ ပြောဆိုလိုက်သည်။

"ငါ့ရဲ့အကျင့်စရိုက်က အရမ်းမဖြောင့်မတ်ဘူး"

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

"ဒုတိယအချက်က ဘာလဲ"

နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။

"ဒုတိယအချက်က နည်းနည်းခက်တယ်...ရွှမ်ကျီးဂိုဏ်းဆီကနေ ကံတရားနည်းနည်းလောက် ချေးငှားဖို့ လိုအပ်တယ်"

ကျန်းရွှမ် ဇဝေဇဝါဖြစ်နေသည်။

"ရွှမ်ကျီးဂိုဏ်း...ကံတရား ချေးငှားရမှာလား..."

နှင်းနတ်ဆိုးအရှင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်....မင်းထိန်းချုပ်ထားတဲ့ ကံကြမ္မာမပါဘဲနဲ့ ဒီရင်းမြစ်ကမ္ဘာမှာ ပထမတန်းစား ကံကြမ္မာရှစ်မျိုး ရှိတယ်...အဲ့ဒါတွေက ရင်းမြစ် အာဏာ လွှမ်းမိုးချုပ်ကိုင်မှု ချမ်းသာကြွယ်ဝမှု ကျော်ကြားမှု ရုပ်ခန္ဓာကိုယ် စိတ်ဝိညာဉ်နဲ့ ကံတရားတို့ပဲ... ရွှမ်ကျီးဂိုဏ်းက နောက်ဆုံးတစ်ခုဖြစ်တဲ့ 'ကံတရား' ကို ကိုယ်စားပြုတယ်"

ကျန်းရွှမ် သဘောပေါက်သွားသည်။

ရင်းမြစ်ကမ္ဘာတွင် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ပထမတန်းစား ကံကြမ္မာရှစ်မျိုးအကြောင်းကို သူ ကြားခဲ့ဖူးသော်လည်း အဆက်အစပ် မရှိခဲ့ဖူးသောကြောင့် သူ များများစားစား နားမလည်ခဲ့ချေ။

နှင်းနတ်ဆိုးအရှင်က ဆက်လက်၍ ပြောဆိုသည်။

"ရင်းမြစ်ဆိုတာက ကံကြမ္မာဆရာသခင်တွေရဲ့ အရင်းအမြစ်နဲ့ အဓိကဦးတည်ချက်ပန်းတိုင်ဖြစ်တဲ့ ကောင်းကင်ကံကြမ္မာခန်းမကို ရည်ညွှန်းတယ်....အဲ့ဒီနေရာက ကံကြမ္မာဆရာသခင် အားလုံးကို အကဲဖြတ်ဖို့နဲ့ထောက်ခံချက်တွေ ပေးဖို့အတွက် တာဝန်ယူထားတယ်"

"အာဏာကိုတော့ မင်း သိပြီးသားဖြစ်မှာပါ...ဒါက ထျန်းလီအင်ပါယာရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ အရပ်ဘက် စစ်ဘက် တရားစီရင်မှု အလုပ်သမားနဲ့အိမ်ထောင်စုတွေ ကနေ စပြီးတော့ အတက်အလက်တွေ အများကြီးရှိတယ်...တစ်ခုချင်းစီက ဒုတိယတန်းစားအထိ ရောက်ရှိနိုင်ပြီးတော့ ကုန်းမြေပေါ်မှာ အစွမ်းထက်ဆုံး အင်အားစုတွေထဲက တစ်ခု ဖြစ်လာတယ်"

"လွှမ်းမိုးချုပ်ကိုင်မှုက ဂုဏ်သတင်းနဲ့ အရှိန်အဝါကို ကိုယ်စားပြုပြီးတော့ ရင်းမြစ်ကမ္ဘာရဲ့ ရှေးအကျဆုံး မိသားစုကြီးလေးစုက ထိန်းချုပ်ထားတယ်...ဒါပေမယ့် သူတို့ ထွက်ပေါ်လာတာ အရမ်းရှားပါးပြီးတော့ လူတွေက အဲ့ဒီမိသားစုတွေရဲ့ နာမည်ကို သိထားကြပေမယ့် သူတို့ကို မြင်ဖူးတဲ့သူ ရှားပါးတယ်"

"ချမ်းသာကြွယ်ဝမှုက စီးပွားရေးကို ရည်ညွှန်းပြီးတော့ အထူးသဖြင့် ရင်းမြစ်ငွေကြေးကို ထုတ်ဝေပြီးတော့ ကမ္ဘာတစ်ခုလုံးရဲ့စည်းစိမ်ဥစ္စာတွေကို စုဆောင်းထားတဲ့ ကောင်းကင်အမိုးခုံးခန်းမဆောင်ပဲ...အလုံးစုံသိမြင်ဂိုဏ်းက အရမ်းချမ်းသာပေမယ့် အဲ့ဒီအင်အားစုနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘာမှ မဟုတ်ဘူး"

"ကျော်ကြားမှုက မြင့်မြတ်နယ်မြေကြီး ရှစ်ခုနဲ့ ဖွဲ့စည်းထားတယ်... ဒါပေမယ့် သူတို့က ထွက်ပေါ်လာတာ အရမ်းရှားပါးပြီးတော့ ကျွန်တော်က နှစ်ထောင်နဲ့ချီပြီး နေထိုင်ခဲ့တာတောင် သူတို့ကို မမြင်ဖူးဘူး"

"ရုပ်ခန္ဓာကိုယ်ကတော့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ရည်ညွှန်းပြီးတော့ မျိုးဆက်တစ်ဆက်မှာ ဆက်ခံသူတစ်ယောက်ပဲ ရှိတယ်လို့ ပြောကြတယ်...ဒါပေမယ့် အဲ့ဒီလူတစ်ယောက်ကို လျှော့မတွက်နဲ့...ထာဝရရွှေခန္ဓာကိုယ်က ဖျက်ဆီးမရနိုင်သလို အချုပ်အနှောင်တွေအားလုံးက ကင်းလွတ်တယ်.... ဧကရာဇ်ဖုရှန်းတောင် သူ့ကို သတိထားရတယ်"

"စိတ်ဝိညာဉ်က စိတ်ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုရဲ့ ကန့်သတ်ချက်ကို ကိုယ်စားပြုတယ်....ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်က ထာဝရရွှေခန္ဓာကိုယ်ဖြစ်ပြီးတော့ စိတ်ဝိညာဉ်ကန့်သတ်ချက်ကို 'ထာဝရနတ်ဘုရား စိတ်ဝိညာဉ်' လို့ ခေါ်တယ်...ဒါကို ရရှိတဲ့သူတွေက အစိုင်အခဲနဲ့တူတဲ့ စိတ်ဝိညာဉ်ရှိပြီးတော့ အတွေးတစ်ချက်နဲ့ နှစ်တစ်ထောင်စာလောက် တွေးတောနိုင်ပြီးတော့ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်... ရုပ်ခန္ဓာကိုယ်လိုပဲ ဒါကလည်း မျိုးဆက်တစ်ဆက်တည်းရဲ့ အမွေဆက်ခံမှု ဖြစ်ပြီး အဲ့ဒီလူ ဘယ်နေရာမှာရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး"

"ကံတရားအတွက်ကတော့ အဓိက ကံကြမ္မာရှစ်မျိုးထဲမှာ အားအနည်းဆုံး ဖြစ်နိုင်ပေမယ့် ဘယ်သူမှ အဲ့ဒီအရာ မရှိဘဲနဲ့ မနေနိုင်သလို ဘယ်သူမှလည်း ရန်မစရဲကြဘူး....အဲ့ဒါက ကံကောင်းခြင်းကို ရည်ညွှန်းတယ်...အစွမ်းထက် ပုဂ္ဂိုလ်တွေနဲ့ အင်အားစုတွေ အများကြီးက အရေးကြီးကိစ္စတွေ မလုပ်ခင်မှာ ကံကြမ္မာကို ချေးငှားကြတယ်...ကံကောင်းမှု နည်းနည်းလောက်ရရင်တောင် အစီအစဉ်တိုင်းကို နှစ်ဆ ထိရောက်စေဖို့ လုံလောက်တယ်....ကံတရားကံကြမ္မာနဲ့ ချိတ်ဆက်ဖို့ တစ်ခုတည်းသော လမ်းကြောင်းက ရွှမ်ကျီးဂိုဏ်းပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ယခုအချိန်တွင် သူသည် ရင်းမြစ်ကမ္ဘာ၏ ပထမတန်းစား ကံကြမ္မာကြီးရှစ်မျိုးအကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်လာခဲ့လေပြီ။

"ကံတရားကို ချေးငှားဖို့ လွယ်ကူလား"

သူ မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"ဘယ်လွယ်လိမ့်မလဲ...."

နှင်းနတ်ဆိုးအရှင်က မျက်လုံးလှန်ကြည့်လိုက်သည်။

"ကံတရားကို ချေးငှားဖို့ တန်ဖိုးတစ်ခု ပေးဆပ်ရတယ်...သက်တမ်း အနာဂတ် ကံဆိုးမှု ကျန်းမာရေး ဒါမှမဟုတ် ကျင့်ကြံဆင့် ကန့်သတ်ခံရတာမျိုးတွေပဲ.. အတိုချုပ်ပြောရရင် လုံလောက်တဲ့ တန်ဖိုးမပါဘဲနဲ့ ကံတရားကို ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူး...လုံလောက်တဲ့ တန်ဖိုးပေးရင်တောင် ရချင်မှ ရလိမ့်မယ်"

ထိုအကြောင်းကို ပြောဆိုရင်း နှင်းနတ်ဆိုးအရှင်သည် အချိန်တခဏကြာ တွန့်ဆုတ်သွားပြီးနောက် ထပ်မံ၍ ပြောဆိုလိုက်၏။

"ကျွန်တော်ကို ဖမ်းဖို့ အပြာရောင်တိမ်တိုက်အရှင်က ကံတရားကို ချေးငှားခဲ့တယ်လို့ ကျွန်တော်သံသယရှိတယ်....ဘာလို့လဲဆိုတော့ ကျွန်တော် အစက အိမ်ထဲကနေ မထွက်ဘဲ နေခဲ့ပေမယ့် ရုတ်တရက် ထွက်သွားချင်စိတ် ပေါ်လာပြီးတော့ လမ်းကြောင်းပြောင်းသွားခဲ့တယ်...ဒါကြောင့် ကျွန်တော်က သူ့ရဲ့ ထောင်ချောက်ထဲကို တက်တက်ကြွကြွ ဝင်ခဲ့မိတာပဲ..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ကံတရားသည် မရေရာသော သဘောတရားတစ်ခုသာ ဖြစ်သည်ဟု သူ အစဥ်အမြဲ ထင်မှတ်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ထိုအရာကို အမှန်တကယ် နားလည်သဘောပေါက်နေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုသို့ဆိုလျှင် ကောင်းကင်ဥပဒေသမြို့တော်ဟု ခေါ်ဆိုသော နေရာကိုသွားရန် ကံတရား အနည်းငယ်ကို ချေးငှားရန် လိုအပ်သည်မှာ အမှန်ပင်။

ဤနည်းလမ်းဖြင့် သူ့ထံ၌ အန္တရာယ်ရှိလျှင်ပင် လွတ်မြောက်ရန် အခွင့်အလမ်း ရှိလာနိုင်သည်။

"ငါ ကံတရားကို အရင် ချေးငှားသင့်လား... ဒါမှမဟုတ် မဟာနတ်ဆိုးတစ်ကောင်ကို အရင်သတ်သင့်လား"

တစ်ဖက်လူ၏အစီအစဉ်များကို နားလည်သွားသဖြင့် ကျန်းရွှမ်က မေးမြန်းလိုက်၏။

"ဒါက အရင်သတ်ရမှာပေါ့....ပထမအချက်အနေနဲ့ ကံတရားကို ချေးငှားဖို့ မလွယ်ကူဘူး... ဒုတိယအချက်က ချေးငှားပြီးတာနဲ့ ထိန်းချုပ်လို့ မရတော့ဘူး....အဲ့ဒီကောင်တွေကို လုပ်ကြံသတ်ဖြတ်နေတဲ့အချိန်မှာ ကံကောင်းမှုတွေ ကုန်သွားရင် နှမြောစရာ မကောင်းဘူးလား"

နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။

"ဒါက အမှန်ပဲ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

သူ ကံတရားကို ချေးငှားမည့် ရည်ရွယ်ချက်မှာ ခုန်းရှီကို အောင်မြင်စွာ ကယ်တင်နိုင်ရန်ပင်။ အကယ်၍ သူသည် ကြိုတင်၍ချေးငှားလိုက်ပါက မဟာနတ်ဆိုးများကို လိုက်လံရှာဖွေနေစဉ် အတောအတွင်း၌ ကုန်ခမ်းသွားနိုင်သည်။

"ဒါဆိုရင် ထွက်ခွာဖို့ ပြင်ဆင်ကြစို့...ကျွန်တော်က မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ရဲ့ တိုက်ရိုက်အမိန့်ကို နာခံတဲ့ ဂိုဏ်းတူအဖွဲ့ဝင် လေးယောက်အကြောင်းကို သိထားတယ်..."

နှင်းနတ်ဆိုးအရှင်သည် အခြေအနေများကို အသေးစိတ် ရှင်းပြခဲ့ပြီး ကျန်းရွှမ်သည် နတ်ဆိုးဂိုဏ်းအကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့သည်။

နတ်ဆိုးအုပ်စိုးသူအရှင်၏ လက်အောက်တွင် နတ်ဆိုးဧကရာဇ်ကြီးလေးယောက် ရှိသည်။ နတ်ဆိုးဧကရာဇ်တစ်ယောက်စီတွင် နောက်လိုက်အနေဖြင့် နတ်ဆိုးအရှင် အမြောက်အများ ရှိကြ၏။ သူသည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏လက်အောက်ရှိ နတ်ဆိုးအရှင်ငါးယောက်အနက်မှ တစ်ယောက်ပင်။

တခြားနတ်ဆိုးအရှင်လေးယောက်မှာ မီးတောက်နီနတ်ဆိုးအရှင် သရဲအရိုးနတ်ဆိုးအရှင် ယင်ရှားနတ်ဆိုးအရှင်နှင့် ပုပ်သိုးနှလုံးသားနတ်ဆိုးအရှင်တို့ ဖြစ်ကြသည်။

"သူတို့အားလုံးက ကျွန်တော်ကို ထိခိုက်စေခဲ့ပြီးတော့ ကျွန်တော်ရဲ့ရန်သူတွေပဲ....သခင်က သူတို့အားလုံးကို သတ်ပစ်နိုင်ရင် ကျွန်တော် ဝမ်းသာမိမှာပါ..."

ထိုအကြောင်းများကို ပြောပြပြီးနောက် နှင်းနတ်ဆိုးအရှင်၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

နတ်ဆိုးများသည် အမြဲတစေ တသီးတသန့်နေထိုင်ပြီး ရက်စက်ကြမ်းကြုတ်ကြသည်။ အပေါင်းအဖော်ဟု ခေါ်ဆိုသူများသည် 'မင်းက ငါ့ကို သတ်ချင်တာလား...ငါလည်း မင်းကို သတ်ချင်တယ်'ဆိုသည့် ဆက်ဆံရေးမျိုးသာ ဖြစ်ပြီး သနားကြင်နာမှု အနည်းငယ်မျှ မရှိချေ။

"သတ်ဖို့ အလွယ်ဆုံး တစ်ကောင်ကနေ စမယ်"

သူ၏စကားကိုကြားဖြတ်ပြီး ကျန်းရွှမ်က မေးမြန်းလိုက်သည်။

တစ်ဖက်လူသည် သူ၏ ရန်သူများကို သတ်ဖြတ်ရန် သူ၏လက်ကို အသုံးပြုလိုခြင်း သို့မဟုတ် နတ်ဆိုးဂိုဏ်း၏လက်ကို အသုံးပြု၍ သူ့အား ဖယ်ရှားလိုခြင်း ရှိမရှိတို့ကိုမူ သူ သံသယ မဝင်ပေ။

စိတ်ဝိညာဉ်အမှတ်အသားကြောင့် သူသည် တစ်ဖက်လူ၏အတွေးများကို အချိန်မရွေး သိရှိနိုင်စေပြီး သူ လှည့်စားခံရမည်ကို ကြောက်ရွံ့ရန် မလိုချေ။

နှင်းနတ်ဆိုးအရှင်က စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ကျွန်တော်တို့ နတ်ဆိုးအရှင်ငါးယောက်ကြားမှာ စွမ်းအားတွေက အတူတူလောက်ပဲ..ပုံမှန်အတိုင်းဆိုရင် တစ်ယောက်ကိုတစ်ယောက် ကျော်ဖြတ်ဖို့ဆိုတာ မလွယ်ကူဘူး....ဒါပေမယ့်... အားအနည်းဆုံးလို့ အသိအမှတ်ပြုခံရတဲ့ တစ်ယောက် ရှိတယ်"

"တကယ်တော့ သူက အားအနည်းဆုံး မဟုတ်ဘူး.. ဒါပေမယ့် သူ့မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိတယ်....အဲဒီအချိန်မှာ သူက အားနည်းသွားပြီးတာကြောင့် သူ့ကို ဖမ်းဆီးသတ်ဖြတ်ဖို့ အကောင်းဆုံးအချိန်ပဲ"

"ဘယ်သူလဲ... ဘယ်အချိန်လဲ"

ကျန်းရွှမ်က မေးမြန်းလိုက်၏။

"ယင်ရှားနတ်ဆိုးအရှင်..."

နှင်းနတ်ဆိုးအရှင်က ရှင်းပြသည်။

"သူက 'ယင်ကိုးပါး အလောင်းသန့်စင်ခြင်း နည်းစနစ်' ကို ကျင့်ကြံတယ်..အဲ့ဒီနည်းစနစ်မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိတယ်...ယင်စွမ်းအားတွေ ဆူပွက်လာတဲ့ ညဥ့်သန်းခေါင်ချိန်မှာ သူက စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် မွေးကင်းစကလေးငယ်တစ်ယောက်ရဲ့ အနှစ်သာရနဲ့သွေးတွေကို ဝါးမြိုဖို့ လိုအပ်တယ်....အဲ့ဒီအချိန်မှာ အသက်စွမ်းအားနဲ့ မရဏစွမ်းအားတွေ ပဋိပက္ခဖြစ်ပြီးတော့ သူ့ကို အားအနည်းဆုံး ဖြစ်စေတယ်...ဒါက သူ့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ"

"အင်း"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းတူညီသည့် "အပေါင်းအဖော်"များဟု ဆိုသည့်အတိုင်း သူတို့သည် တစ်ယောက်အကြောင်းကိုတစ်ယောက် ကောင်းစွာသိထားကြသည်။

ဤသတင်းအချက်အလက်နှင့်ဆိုလျှင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းက သူ အင်အားတစ်ဝက်စိုက်ထုတ်ရုံဖြင့် ထိရောက်မှုနှစ်ဆ ရရှိမည်မှာ သေချာပေါက်ပင်။

"သွားကြစို့....ယင်ရှားနတ်ဆိုးအရှင်က ဒီနေရာကနေ မိုင်သိန်းပေါင်းများစွာ ကွာဝေးတဲ့ နေရာမှာရှိတဲ့ မှောင်ရီဖျိုးဖျတောင်ကို အုပ်စိုးတယ်...ကျွန်တော်တို့ အဲ့ဒီနေရာကို မမှောင်ခင် ရောက်ရင် အကောင်းဆုံးပဲ..."

နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။

ပထမဆုံး သတ်ရမည့် နတ်ဆိုးအရှင်ကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူသည် အလုံးစုံသိမြင်ဂိုဏ်းမှ ထွက်ခွာလာပြီး ထျန်းလီမြို့မှ ထွက်လာခဲ့တော့သည်။ သူသည် တောင်ပံများကို ဖြန့်ပြီး မိုးကောင်းကင်ယံသို့ ချက်ချင်းပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း မူလနေရာမှ ပျောက်ကွယ်သွားသည်။

မင်းသားယွမ်ချင်းသည် သူ့အားပေးခဲ့သော အလင်းတေးဆို သားမွှေးဝတ်ရုံကို ပြန်ယူမသွားခဲ့သဖြင့် ယခုချိန်၌ အသုံးဝင်လာခဲ့လေပြီ။

All Chapters