← Chapters

ယင်ရှားနတ်ဆိုးအရှင်

Vol. 40 Ch. 463

ယင်ရှားနတ်ဆိုးအရှင်

Vol. 40 Ch. 463

"ပြီးတော့ အဖွားအိုကျန်း ရှိသေးတယ်...သူက တသက်လုံး လင်မယားတွေကြားမှာ လမ်းခွဲတာတွေ ပြန်ပေါင်းတာတွေကို လုပ်ခဲ့ဖူးတဲ့ အောင်သွယ်တော်တစ်ယောက်ပဲ...ဒါပေမဲ့ အဖွားအိုကျန်းက ဘယ်တုန်းကမှ မင်္ဂလာမဆောင်ခဲ့ဖူးဘူး... အခု အသက်ခြောက်ဆယ်ရောက်မှ သူ အိုမင်းမစွမ်း ဖြစ်လာတဲ့အချိန်မှာ ပြုစုစောင့်ရှောက်မယ့်သူ မရှိမှာကို စိုးရိမ်ပြီးတော့ ကလေးတစ်ယောက် မွေးစားခဲ့တယ်... သုံးနှစ်ပဲ ရှိသေးတဲ့ အဲ့ဒီကလေးက ပျောက်ဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ... သူက ရူးမသွားသေးပေမယ့် နီးစပ်နေပြီ... နောက်ဆုံးတစ်ကြိမ် တွေ့တုန်းက သူက အသက်နှစ်ဆယ်လောက် ပိုပြီးအိုစာသွားသလိုပဲ... ပြီးတော့ သူရဲ့ဆံပင်တွေအားလုံး ဖြူဖွေးသွားခဲ့ပြီ..."

လူဝကြီးက သက်ပြင်းချလိုက်သည်။

"ဒါတွေက ကျွန်တော် သိထားတဲ့ ဖြစ်ရပ်သုံးခုတည်းပဲ ရှိသေးတယ်.... မူလဘူတသားရဲတွေက တစ်ခါတစ်လေမှာ လူသတ်တဲ့ ဖြစ်ရပ်တွေ ရှိတတ်ပေမယ့် အများအားဖြင့် လူကြီးတွေရော ကလေးတွေရော ပျောက်ဆုံးတတ်ကြတယ်... ကလေးတွေချည်းပဲ အချိန်တိုအတွင်းမှာ သုံးကြိမ်ဆက်တိုက် ပျောက်ဆုံးသွားတာကိုတော့ ကျွန်တော် ပထမဆုံးအကြိမ် ကြုံဖူးတာပဲ..."

"အော် မီ တော ဖော..."

ကျန်းရွှမ်သည် မျက်လွှာချထားသော်လည်း သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤသည်မှာ ဟန်ဆောင်မှု မဟုတ်ဘဲ သူ အမှန်တကယ်ကို ဒေါသထွက်နေခြင်းပင်။

မူလဘူတသားရဲများကို ဖြစ်စေ ကျင့်ကြံသူများကို ဖြစ်စေ အမဲလိုက်ခြင်းအပေါ် သူ ဒေါသထွက်မည် မဟုတ်သော်လည်း အကူအညီမဲ့သော ကလေးငယ်များကို ပစ်မှတ်ထားခြင်းက သည်းခံနိုင်ဖွယ် ကိစ္စတစ်ရပ် မဟုတ်ချေ။

"ဒါက ကျွန်တော်တို့ရဲ ခန့်မှန်းချက် သက်သက်ပါပဲ... မူလဘူတသားရဲက ထပ်လာမလာ ဆိုတာကတော့ မသေချာဘူး..."

သူသည် ကူညီပေးရန် ဆန္ဒရှိနေသည်ကို မြင်တွေ့ချိန်၌ စိမ်းဖန့်ဖန့် မျက်နှာနှင့် လူလတ်ပိုင်းကြီးက အလျင်အမြန် ပြောဆိုလိုက်သည်။

"ကိုယ်တော်က ဒီနေမှာ နှစ်ရက်လောက် နေမယ်... တကယ်လို့ အဲ့ဒီသားရဲ ပေါ်မလာရင်တော့ ကိုယ်တော် ထွက်သွားပါ့မယ်..."

ကျန်းရွှမ်က ပြောဆိုသည်။

"ဆရာတော်ကို ကျေးဇူးတင်ပါတယ် ..."

ထိုလူနှစ်ယောက်၏ မျက်လုံးများ တပြိုင်နက်တည်း တောက်ပလာပေ၏။

အသေးစိတ် အချက်အလက်တချို့ကို မေးမြန်းပြီးနောက် ကျန်းရွှမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ ကျန်းရွှမ်သည် သတ်သတ်လွတ် အစားအစာများကို စားသုံးပြီးနောက် လူဝကြီးက သူ၏နေအိမ်တွင် တည်းခိုရန် ဖိတ်ခေါ်လိုက်သည်။

ကျန်းရွှမ်သည် လူဝကြီး၏မယားငယ်သုံးဦး ထားရှိသော အိမ်ငယ်လေးတစ်လုံးသို့ လိုက်ပါသွားခဲ့သည်။ ဤလူဝကြီးသည် အတော်အသင့်ချမ်းသာကြွယ်ဝသူတစ်ယောက်ဟု ညွှန်ပြနေပေ၏။

"ဆရာတော်က ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါး ဖြစ်တာကြောင့် ဆရာတော် ပျော်ရွှင်ဖို့အတွက် မယားငယ်တွေနဲ့ မကမ်းလှမ်းတော့ပါဘူး..."

လူဝကြီးက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

မယားငယ်များသည် အဆင့်အတန်း နိမ့်ကျပြီး ဂုဏ်သရေရှိဧည့်သည်များ၏ ပျော်ရွှင်မှုအတွက် တစ်ညလုံး အတူနေပေးရသည်။ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘဲ လူများအားလုံး ထုတ်မပြောဘဲ နားလည်ထားသော ကိစ္စတစ်ခုပင်။

ကျန်းရွှမ်သည် အခန်းထဲသို့ ရောက်လာပြီးနောက် တံခါးများနှင့်ပြတင်းပေါက်များကို ပိတ်လိုက်ပြီး ပလ္လင်ခွေထိုင်လိုက်၏။

သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသည့် အစွမ်းထက်နတ်ဆိုးတစ်ကောင် ဖြစ်သောကြောင့် တိကျစွာ တိုက်ခိုက်သတ်ဖြတ်နိုင်ရန် သူ သေချာပြင်ဆင်ထားရပေမည်။

အသက်ရှူခြင်းကို အချိန်တခဏကြာ ထိန်းညှိပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနှစ်သာရများ ချီစွမ်းအားများနှင့် စိတ်စွမ်းအားတို့သည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို ခံစားမိပေ၏။ သူ တွေဝေတွန့်ဆုတ်နေပြီးနောက် စိတ်ဝိညာဉ်ဆင့်ခေါ်ဓားကို ထုတ်ယူကာ လေထုထဲသို့ ထိုးစိုက်လိုက်သည်။

အချိန်တခဏအကြာတွင် သူ ခေါင်းခါယမ်းလိုက်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် ခုန်းရှီနှင့် ဆက်သွယ်ရန်အတွက် အခွင့်အရေးရတိုင်း ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကို အသုံးပြုခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ခုန်းရှီသည် အကျဥ်းချခံထားရခြင်း သို့မဟုတ် ချိတ်ပိတ်ခံထားရခြင်း ဖြစ်ပုံရသည်။ ထိုသို့မဟုတ်ပါက ခုန်းရှီသည် သူ့ထံသို့ မည်သည့်သတင်းစကားမျှ မပေးပို့ဘဲနေမည် မဟုတ်ချေ။

သူ သက်ပြင်းချလိုက်သည်။ သူသည် ဓားကို ပြန်ရုတ်သိမ်းပြီး သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခတ်လိုက်၏။

ကျန်းရွှမ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ခေါင်မိုးပေါ်တွင် ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိညာဉ်စွမ်းအားများသည် ပြဒါးအလား ပျံ့နှံ့သွားတော့သည်။

သန်းခေါင်ယံသို့ရောက်ရန် အချိန်သိပ်မကျန်တော့ချေ။ ဤနေရာပတ်ဝန်းကျင်တွင် ကလေးမည်မျှထိများများ ရှိနေသည်ကိုကြည့်ပြီး သူ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရန် လိုအပ်သည်။

မကြာမီမှာပင် သူ၏တည်နေရာကို ဗဟိုပြု၍ မိုင်ဆယ်ပေါင်းများစွာ အချင်းဝက်ရှိသော နေရာတဝိုက်ကို လွှမ်းခြုံလိုက်ရာ အသက်သုံးနှစ်အောက် ကလေးငယ်များ ရှိသော အိမ်ထောင်စုပေါင်း တစ်သောင်းထက်မနည်းသည်ကို သူ မြင်တွေ့လိုက်ရသည်။

တခြားသူများသည် အသက်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံဆင့်ရှိလျှင်ပင် ဤသို့ပြုလုပ်ခြင်းသည် ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေပေလိမ့်မည်။ သို့ရာတွင် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော ကျန်းရွှမ်ကမူ အိမ်ထောင်စု တစ်သောင်းကိုမဆိုထားနှင့် တစ်သိန်း တစ်သန်း သို့မဟုတ် အိမ်ထောင်စုဆယ်သန်းခန့်ကိုပင် လွယ်လင့်တကူ ကိုင်တွယ်နိုင်သည်။

ကမ္ဘာတစ်ခုဖန်တီးရန်အတွက် တစ်စုံတစ်ယောက်သည် အတွေးများကို သန်းထောင်နှင့်ချီပြီး ဖြန့်ကျက်ရန် လိုအပ်သည်။ လက်ရှိတွင် သူသည် ကမ္ဘာသစ်အတွင်း၌ ရှိနေသကဲ့သို့ ပြိုင်ဘက်ကင်းအစွမ်းထက်ခြင်း မရှိသော်လည်း သူ အားနည်းနေခြင်းလည်း မရှိပေ။

ဒုတ်... ဒုတ်... ဒုတ်....

သူသည် ထာဝရနှလုံးသားကို အသက်သွင်းလိုက်သည်နှင့် ရွှမ်ကမ္ဘာမှနေ၍ သောင်းနှင့်ချီသော စိတ်ဆန္ဒအမျှင်တန်းများ ထွက်ပေါ်လာပြီး ထိုမိသားစုများ၏ ခြံဝန်းများပေါ်သို့ ဖြန့်ကျက်လိုက်၏။

ဤအမှတ်အသားများနှင့်အတူ ယင်ရှားနတ်ဆိုးအရှင် မည်သည့်နေရာသို့ ရောက်ရှိလာသည်ဖြစ်စေ ကျန်းရွှမ်သည် ထိုနေရာနှင့် အနီးဆုံးနေရာသို့ ချက်ချင်းရောက်ရှိသွားပေမည်။

ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးနောက် ကျန်းရွှမ်သည် သူ၏ကမ္ဘာကိုယ်ကို အနည်းငယ် လှုပ်ခတ်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကာ ကမ္ဘာသစ်ထဲတွင် ပြန်လည်၍ ထွက်ပေါ်လာသည်။

သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်မှုနှင့်အတူ သံသရာအမွေအနှစ်မျှော်စင်သည် သူ၏ ရှေ့တွင် ထွက်ပေါ်လာပြီး နောက်ထပ်အချိန်တခဏတွင် သူသည် တတိယထပ်သို့ ရောက်ရှိသွားလေပြီ။

ဤအထပ်တွင် သံသရာလမ်းညွှန်ဗောဓိသတ္တ၏ နံရိုးတစ်ချောင်းဖြစ်သော သံသရာခရမ်းရောင် သလင်းကျောက် အမွေအနှစ် တည်ရှိသည်။ ထိုအရာကို သူ သန့်စင်ပြီးပါက ယင်ရှားနတ်ဆိုးအရှင်ကို သတ်ဖြတ်နိုင်ခြေ သိသိသာသာ မြင့်တက်သွားပေလိမ့်မည်။

ဝှစ်....

သူ၏စိတ်ဆန္ဒအောက်တွင် သံသရာ ခရမ်းရောင်သလင်းကျောက် အမွေအနှစ်သည် သူ၏ရင်ဘတ်၌ ထွက်ပေါ်လာသည်။

ဒုတ်...ဒုတ်....ဒုတ်...

သူ၏ နှလုံးသားသည် ပြင်းထန်စွာခုန်လာပြီး အစွမ်းထက်သော သွေးခုန်နှုန်းသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ သူ၏စိတ်စွမ်းအားများကို အလျင်အမြန် စုစည်းသွားစေသည်။

"မဖြစ်သေးဘူး... စွမ်းအားတွေ မလုံလောက်ဘူး..."

အမွေအနှစ်သည် သူ၏နံရိုးအနီးသို့ ရောက်ရှိလာသည်နှင့် ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို စုပ်ယူခြင်းခံနေရသည်အား ချက်ချင်းခံစားလိုက်ရသည်။ ဤသည်မှာ သူ မည်မျှပင် ရုန်းကန်ပါစေ လွတ်မြောက်နိုင်ခြင်း မရှိသော အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုအလားပင်။

အကယ်၍ သူသည် စွမ်းအားမလုံလောက်ဘဲ အတင်းအကြပ် သန့်စင်ပါက သူ၏ကျင့်ကြံဆင့် မြင့်တက်လာမည် မဟုတ်ရုံသာမက သူ၏ စွမ်းအားများကိုလည်း ကုန်ခမ်းစေပြီး သူ့ကို အားနည်းကာ မောပန်းနွမ်းနယ်စေပေလိမ့်မည်။

သူသည် အမွေအနှစ်ကို ပြန်ချထားရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏နှလုံးသား ရုတ်တရက် ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားသည်။

"ယင်ရှားနတ်ဆိုးအရှင် ပေါ်လာပြီ..."

ထာဝရနှလုံးသား၏ စွမ်းအားမြှင့်တင်ပေးမှုနှင့်အတူ သူ၏အာရုံခံစားမှုများနှင့် စိတ်ဝိညာဉ်စွမ်းအားများသည် နှစ်ဆနီးပါး တိုးလာပေ၏။ သူသည် သုံးကီလိုမီတာ အကွာအဝေးတွင်ရှိနေသော အရိပ်တစ်ခုကို ချက်ချင်း တွေ့ရှိလိုက်သည်။ ထိုပုံရိပ်သည် ညအမှောင်ထု၏ အကာအကွယ်အောက်တွင် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ယင်ရှားနတ်ဆိုးအရှင်သည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ထိပ်သီးကျင့်ကြံသူ တစ်ယောက်ပင်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ အစွမ်းထက်အင်အားစုများထံမှ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ရဲခြင်း မရှိချေ။

ထို့ကြောင့် သူသည် တခြားသူများကို လမ်းလွဲစေရန်နှင့် သူ၏ရာဇဝတ်မှုများကို ဖုံးကွယ်ရန် မူလဘူတသားရဲများမှ တိုက်ခိုက်ခဲ့သည်ဟု ထင်ရသော သဲလွန်စများကို ဖန်တီးခဲ့လေ၏။

ဝှစ်...

ကျန်းရွှမ်သည် ခြံဝန်းငယ်လေးတစ်ခုအတွင်း၌ ထွက်ပေါ်လာကာ သူ ကြိုတင်ပြင်ဆင်ထားသော ပုံရိပ်ယောင်လေဟာနယ်ထဲတွင် ပုန်းအောင်းလိုက်သည်။

ထိုပုံရိပ်၏ဦးတည်ချက်ကို ကြည့်ခြင်းအားဖြင့် ဤနေရာသို့ ရောက်ရှိလာနိုင်ခြေ မြင့်မားသည်။

ဤသည်မှာ တခြားလူ၏အိမ် မဟုတ်ဘဲ အစောပိုင်းက သူ့အတွက် သတ်သတ်လွတ် အစားအစာ များ လှူဒါန်းခဲ့သည် စိမ်းဖန့်ဖန့်မျက်နှာနှင့် လူလတ်ပိုင်းကြီး၏အိမ်ပင်။

ဤသည်မှာ သူ၏ပင်မအိမ်တော် မဟုတ်ဘဲ လွန်ခဲ့သော သုံးနှစ်က သူ ယူခဲ့သော မယားငယ်ကို ထားရှိသည့် လျှို့ဝှက်နေရာတစ်ခုဖြစ်သည်။ သူ့ဇနီးသည်၏ သဘောမတူမှုကြောင့် မယားငယ်ကို သူ၏အိမ်တွင် မထားနိုင်သဖြင့် သူမကို ဤနေရာတွင် ဝှက်ထားခဲ့ပေ၏။ ယမန်နှစ်က သူမသည် ချစ်စရာကောင်းပြီး ဝဖြိုးသော သားလေးတစ်ယောက် မွေးဖွားပေးခဲ့ပြီး သူ အလွန်ချစ်မြတ်နိုးမိသည်။ ထိုကြောင့် သူသည် အခွင့်အရေးရတိုင်း သူမတို့သားအမိကို လာရောက်တွေ့ဆုံလေ့ ရှိသည်။

ယနေ့တွင် ဘုန်းတော်ကြီးသည် လူဝကြီးနှင့်အတူ ထွက်ခွာသွားသည်ကို သူ မြင်တွေ့ပြီးနောက် သူသည် ဆင်ခြေတစ်ခုရှာတွေ့သွားကာ အိမ်ပြန်မည့်အစား ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

"ကလေး အိပ်ပြီလား"

ကျန်းရွှမ်သည် ပုန်းအောင်းလိုက်ပြီးနောက် ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရသည်။

"အိပ်နေတာ ကြာပြီ..."

အမျိုးသမီးအသံတစ်သံက တုံ့ပြန်အဖြေပေးသည်။

"ဒါဆိုရင် စကြစို့..."

"အင်း... မြန်မြန်လုပ်နော်... ကလေး နိုးသွားမှာကို ကျွန်မ စိုးရိမ်တယ်"

"မင်း ဘာမှစိတ်မပူနဲ့... ငါက အမြဲတမ်း မြန်ပါတယ်"

ထိုစကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့် အခန်းထဲတွင် တိုးညှင်းသော ညည်းတွားသံများဖြင့် ပြည့်နှက်သွားပေ၏။ ကျန်းရွှမ် အနည်းငယ် ဆွံ့အနေစဉ်မှာပင် အိမ်အနီးသို့ ချဉ်းကပ်လာသောပုံရိပ် ရုတ်တရက် ဆင်းသက်လာသည်။

သူသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငိုနေသော မျက်နှာတခြမ်းနှင့် ပြုံးနေသော မျက်နှာတခြမ်းပါဝင်သည့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူ့ထံမှနေ၍ အေးစက်စက် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

ဤအေးစက်စက်အရှိန်အဝါသည် ရေခဲနှင့်နှင်းတို့၏အေးစက်မှုနှင့် မတူဘဲ ညအချိန်တွင် သင်္ချိုင်းကုန်းသို့ ရောက်ရှိနေသည့်အလား တစ်စုံတစ်ယောက်အား ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေသော အရာမျိုးပင်။

"တကယ့်ကို ယင်ရှားနတ်ဆိုးအရှင် ဖြစ်နေတာပဲ... သူက ငါ့ကို အကြိမ်ကြိမ် ထိခိုက်အောင် လုပ်ခဲ့ဖူးတယ်... တစ်ခါကဆို ငါက သေလုနီးပါးတောင် ဖြစ်ခဲ့ဖူးတယ်"

နှင်းနတ်ဆိုးအရှင်၏အသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ယင်ရှားနတ်ဆိုးအရှင်၏ခြေထောက် မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် သူသည် အိမ်အတွင်းမှ ညည်းတွားသံများကို ကြားလိုက်ပုံရပေ၏။ သူ၏နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

အနက်ရောင် နတ်ဆိုးချီစွမ်းအားများ တံခါးကြားမှ စီးဝင်သွားသည်။ နောက်ထပ်အချိန်တခဏတွင် အိပ်ပျော်နေသော ကလေးငယ်သည် လေထဲသို့ မြောက်တက်လာကာ သူ၏ လက်ဝါးပေါ်သို့ ကျရောက်လာသည်။

ဤကလေးသည် တစ်နှစ်သားအရွယ်ခန့်ဖြစ်ကာ ဖြူဖွေးဝဖြိုးပြီး သူ၏လျှာကိုလိပ်ကာ လေကို အဆက်မပြတ်ရှုရှိုက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေပေ၏။

ယင်ရှားနတ်ဆိုးအရှင်သည် အချိန်ကို တွက်ချက်လိုက်ပြီးနောက် မောင်းသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် တွန့်ဆုတ်ခြင်းမရှိဘဲ ကလေး၏လည်ပင်းကို ကိုက်လိုက်သည်။

All Chapters