← Chapters

အခန်း (၂၅၅၆-၂၅၆၀)

Vol. 131 Ch. 2556-2560

အခန်း (၂၅၅၆-၂၅၆၀)

Vol. 131 Ch. 2556-2560

Chapter 2556

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌...

လုယွီသည် စီနီယာတပည့်အိမ်တော်သို့ ပြောင်းရွှေ့ကာ သူ၏ကျင့်ကြံမှုကို စတင်၍ကျစ်လစ်သိပ်သည်းလိုက်၏။

ဤအိမ်သည် ယခင်က လုယွီနေထိုင်ခဲ့သောနေရာထက် ပို၍ကျယ်ဝန်းကာ စိတ်ဝိညာဥ်စွမ်းအားများ ပို၍ထူထပ်သိပ်သည်းသည်။

နတ်ဘုရားကုန်းမြေအတွင်းမှကိစ္စရပ်များကြောင့် လုယွီ၏နာမည်ဂုဏ်သတင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တဟုန်ထိုးမြင့်တက်သွားလေရာ တပည့်အမြောက်အများ သူ့ထံသို့ အလည်အပတ်လာရောက်ကြသည်။

အထူးသဖြင့် နတ်ဘုရားကုန်းမြေအတွင်းမှထွက်လာသူများ၏ ဖော်ပြချက်များအရ လုယွီအား နတ်ဘုရားတစ်ပါးအဖြစ် တင်စားခြင်းခံနေရသည်။

သူသည် တစ်ယောက်တည်းဖြင့် နတ်ဆိုးသားရဲတပ်မှူးများကို သတ်ဖြတ်ခဲ့ကာ သူ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် နဂါးတစ်ကောင်ကို သုတ်သင်ခဲ့သည်။သူသည် ရေပြင်အတွင်းမှ သေမျိုးမြို့ကိုဆွဲမခဲ့သည့်အပြင် လူသားအမြောက်အများကိုကယ်တင်ခဲ့သဖြင့် သူ၏ရုပ်ထုများကိုထုလုပ်ကာ ပူဇော်ပသခြင်းခံနေရ၏။

အကယ်၍ တပည့်တစ်ယောက်တည်းမှပြောဆိုပါက တခြားတပည့်များသည် ထိုသူ့ကိုဝိုင်း၍ ဆူပူအော်ငေါက်ကြပေမည်။

သို့ရာတွင် ထိုနယ်မြေမှထွက်လာသော အဆင့်မြင့်တပည့်များအားလုံး ပြောဆိုချိန်တွင်မူ ထိုကိစ္စများသည် ဖြစ်နိုင်ချေရှိသွားလေပြီ။

အထူးသဖြင့် လီစစ်နှင့်ချိုင်လုံရှင်းတို့၏ပြောစကားများကြောင့် သူတို့သည် လုယွီကို အလွန်လေးစားနေကြ၏။

"လုယွီက ကျောင်းတော်ဝင်ခွင့်စာမေးပွဲမှာတုန်းက နောက်ဆုံးနေရာကနေ အောင်မြင်ခဲ့တာလို့ ငါ ကြားထားတယ်"

"ဒါက သူက သိုသိုသိပ်သိပ်နေတာလေ...တကယ်လို့ သူကသာ အဆင့်ဘိတ်ချေးအဆင့်ကကောင်ဖြစ်နေရင် လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်က သူ့ကို ဘယ်လိုလုပ်ပြီးတော့ ထောက်ခံပေးမှာလဲ"

"သူ့ရဲ့အရည်အချင်း ဘယ်လောက်ထိရှိလဲဆိုတာ ငါ သိချင်မိတယ်...ငါ ထင်တာတော့ သူက နာမည်ကျော်ကြားဖို့သက်သက် ကြိုးစားနေတဲ့ကောင်ပဲ"

ကျောင်းတော်အတွင်း၌ ပါရမီရှင်အမြောက်အများရှိနေသည်။

ထို့ကြောင့် မြောက်များစွာသောထောက်ခံချက်များရှိသည့်တိုင် လုယွီ၏ခွန်အားကို မယုံကြည်သောလူများ ရှိနေဆဲပင်။

နောက်ဆုံးတွင် လုယွီသည် အချိန်အတိုင်းအတာတစ်ခုထိ အနားယူပြီးနောက် တာအိုရှာဖွေခြင်းခန်းမဆောင်သို့ ထွက်ခွါလာခဲ့သည်။

စီနီယာတပည့်များသည် တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်း၌ ဟောပြောကာ တခြားတပည့်များ၏မေးခွန်းများကို ဖြေဆိုပိုင်ခွင့်ရှိသည်။

အကယ်၍ သူတို့သည် ကောင်းမွန်စွာဟောပြောပေးနိုင်ပါက အကျိုးဆောင်ရမှတ် အမြောက်အများရရှိပေမည်။

လုယွီသည် တာအိုရှာဖွေခြင်းခန်းမဆောင်တွင်နေထိုင်သော မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းထံသို့သွားရောက်ကာ သူသည် ခုနစ်ရက်တိုင်တိုင် ဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာလိုက်၏။

"အဲ့ဒီကောင်လေးက တကယ့်ကို မောက်မာတာပဲ...သူက စီနီယာတပည့်ဖြစ်လာလာချင်း ဟောပြောဖို့ကို လုပ်ဝံ့တာလား"

"ခုနစ်ရက်ဆက်တိုက်လား...ဒီလောက်အချိန်အကြာကြီး ဟောပြောဖို့အတွက် သူက ဘယ်နေရာကနေ သတ္တိတွေရလာတာလဲ"

"အဲ့ဒီကောင်လေးက ဘယ်လိုအရည်အချင်းမျိုးနဲ့ စီနီယာတပည့်ဖြစ်လာလဲဆိုတာ ငါ သိချင်တယ်"

အကယ်၍ တစ်စုံတစ်ယောက်သည် ဟောပြောပွဲကျင်းပလိုပါက လုံလောက်သော အခြေခံအုတ်မြစ်ရှိရပေမည်။

ကျောင်းတော်မှတပည့်အများစုသည် နေရာဒေသအသီးသီးမှ ပါရမီရှင်များပင်။ဟောပြောပွဲကျင်းပနေစဥ်အတောအတွင်းတွင် တခြားတပည့်များက မေးခွန်းများ မေးမြန်းပေလိမ့်မည်။အကယ်၍ ဟောပြောသူသည် ထိုမေးခွန်းများကိုမဖြေဆိုနိုင်ပါက လူအများ၏ပြက်ရယ်ပြုလှောင်ပြောင်ခြင်းကို ခံရပေမည်။

ထို့ကြောင့် စီနီယာတပည့်များအနက်မှအနည်းစုကသာ ဟောပြောလေ့ရှိသည်။

စီနီယာတပည့်တစ်ယောက်မှ ဟောပြောမည်ဟူသော သတင်းကိုကြားချိန်တွင် လုယွီ၏နာမည်ကို သိရှိသည်ဖြစ်စေ မသိရှိသည်ဖြစ်စေ တပည့်များအားလုံးက သိချင်စိတ်ပြင်းပြစွာဖြင့် လာရောက်ကြည့်ရှုလိုကြသည်။

မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌...

လုယွီဟောပြောမည်ဟူသော သတင်းကိုကြားချိန်တွင် ထျန်းပိုယန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"ကောင်လေး...မင်းကတော့ သေလမ်းကိုရှာနေတာပဲ"

ထျန်းပိုယန်သည် တပည့်တစ်စုကို အလျှင်အမြန်ရှာဖွေ၍ လျှို့ဝှက်အကြံအစည်တစ်ခုကို စတင်ရေးဆွဲလိုက်သည်။

စည်းမျဥ်းဥပဒေခန်းမ...

စည်းမျဥ်းဥပဒေခန်းမမှ တပည့်များသည် ထိုသတင်းကိုကြားချိန်တွင် လီစစ်ထံသို့ သွားရောက်၍ လုယွီ၏ဟောပြောမှုကို နားထောင်သင့် မသင့် မေးမြန်းကြ၏။

လီစစ်က အပြုံးနှင့် ပြောဆိုသည်။

"တကယ်တော့ မင်းတို့ သွားနားထောင်သင့်တယ်...သာမာန်အချိန်မျိုးမှာဆို တကယ်လို့ မင်းတို့ ဟောပြောမှုကိုနားထောင်ချင်တယ်ဆိုရင် အကျိုးဆောင်ရမှတ်တွေ အသုံးပြုရမယ်...အခု မင်းတို့က ဘာတန်ကြေးမှမပေးရဘဲနဲ့ လမ်းညွှန်မှုရမယ့်အခွင့်အရေးကိုရမှာ...ဒီလိုအကျိုးကျေးဇူးမျိုးရဖို့ဆိုတာ အရမ်းခက်ခဲတယ်"

တပည့်တစ်ယောက်က မခံမရပ်နိုင်သောလေသံဖြင့် ပြောဆိုလေ၏။

"ကျွန်တော်တို့စည်းမျဥ်းဥပဒေခန်းမမှာ ပါရမီရှင်တွေအများကြီးရှိတယ်...သူ့ရဲ့ဟောပြောမှုကိုနားထောင်ဖို့ လိုအပ်လို့လား"

စည်းမျဥ်းဥပဒေခန်းမမှတပည့်များသည် အမြဲစေ ကျောင်းတော်တပည့်များအကြား၌ အားအကောင်းဆုံးနေရာမှ ရပ်တည်နိုင်သူများဖြစ်သည်။သူတို့အနက်မှအများစုသည် ခေါင်းမာပြီး မာန်မာနဝံ့ကြွားသူများပင်။

လီစစ်က သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"အခုချိန်က ရှေးဟောင်းအလယ်ခေတ်နဲ့ မတူတော့ဘူး...ငါတို့စည်းမျဥ်းဥပဒေခန်းမမှာ ငါတို့ကျင့်ကြံနိုင်တဲ့ ကျင့်ကြံနည်းစနစ်တွေ အများကြီးမရှိဘူး...ငါတို့က အစစ်အမှန်စည်းမျဥ်းဥပဒေသကျင့်ကြံသူတွေ မဟုတ်ဘူး...လုယွီက ငါတို့နဲ့သက်တူရွယ်တူဆိုပေမယ့် သူ့ရဲ့ခွန်အားက ငါတို့အားလုံးကို ဖိနှိပ်ထားနိုင်တယ်...ဒါကြောင့် သူနဲ့ပတ်သက်ပြီးတော့ သာမာန်ထက်ထူးခြားတာတစ်ခုခု ရှိနေရမယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဒါကိုသွားပြီးနားထောင်ရမယ်...မင်းတို့ကတော့ ဆန္ဒရှိသလို လုပ်လို့ရတယ်...တကယ်လို့ မင်းတို့ မသွားချင်ဘူးဆိုရင်လည်း ဘာမှမဖြစ်ဘူး"

စည်းမျဥ်းဥပဒေခန်းမမှတပည့်တချို့၏မျက်နှာများပေါ်တွင် မောက်မာဝံ့ကြွားသောအမူအယာများ ရှိနေဆဲဖြစ်သော်လည်း အများစုကမူ နက်ရှိုင်းစွာတွေးတောနေကြ၏။

တစ်ချိန်တည်းမှာပင် ကျောင်းတော်ပြင်ပရှိ နက်ရှိုင်းသောတောအုပ်အတွင်း၌...

ထိုတောအုပ်အတွင်း၌ ကြီးမားသော နန်းတော်တစ်ခုရှိနေသည်။ထိုနန်းတော်၏ပြင်ပ၌ မြူခိုးမြူငွေ့များ ရစ်သိုင်းလွှမ်းခြုံနေကာ သာမာန်လူများ မချဥ်းကပ်နိုင်စေရန် ဟန့်တားထားသည်။

Chapter 2557

ဤသည်က ရေခဲနယ်မြေမင်းသား၏နန်းတော်ပင်။

ချိုင်လုံရှင်းသည် ကျောင်းတော်အတွင်း၌ နေထိုင်ခြင်းမရှိဘဲ သူ၏နန်းတော်၌သာနေထိုင်သည်။

ထိုနန်းတော်ကြီးကို ရာနှင့်ချီသောကျင့်ကြံသူများ စောင့်ကြပ်နေကာ အစေခံအမြောက်အများလည်းရှိသည်။နန်းတော်၏အတွင်းပိုင်းရှုပ်ထွေးပုံသည် အလွန်ရှုပ်ထွေးကာ ခြံဝန်းများနှင့်လေ့ကျင့်ရေးကွင်းပြင်များလည်း ပါဝင်သည်။

ဤနေရာရှိကျင့်ကြံရေးအထောက်အပံများသည် စီနီယာတပည့်များ၏အိမ်တော်များထက် များစွာပို၍သာလွန်သည်။ဤနေရာကို မဟာကွန်ဖြူးရှပ်ပညာရှင်များ၏အိမ်တော်များဖြင့်ပင် နှိုင်းယှဥ်နိုင်သည်။

ထိုနန်းတော်အတွင်း၌ စာကြည့်ခန်းတစ်ခန်းရှိနေသည်။

ထိုစာကြည့်ခန်းအတွင်း၌ စာအုပ်များဖြင့်ပြည့်နှက်နေသော စာအုပ်စင်များ အတန်းလိုက်ရှိနေလေ၏။

တာယွီ၏ဘုရင်တစ်ပါးဖြစ်လာရန်အလို့ငှါ တစ်စုံတစ်ယောက်သည် ခွန်အားကောင်းမွန်ရန်သာမက အသိပညာဗဟုသုတကြွယ်ဝရန်လည်း လိုအပ်သည်။

ရေခဲနယ်မြေကြယ်မြစ်အတွင်းတွင် ထောင်နှင့်ချီသော ကြယ်နယ်မြေများရှိသည်။ထို့ပြင် ကြယ်နယ်မြေတစ်ခုစီပေါ်၌ သန်းရာနှင့်ချီသောသက်ရှိများ နေထိုင်သည်။ဤကဲ့သို့ကျယ်ပြန့်သော ပိုင်နက်နယ်မြေကြီးကိုထိန်းချုပ်နိုင်ရန်အတွက် ချိုင်လုံရှင်းသည် တခြားသူများကိုဖိနှိပ်နိုင်သော ကျင့်ကြံဆင့်နယ်ပယ်ရှိရန်သာမက တခြားအရည်အချင်းများ ပြည့်ဝရန်လည်း လိုအပ်သည်။

ချိုင်လုံရှင်းသည် စာကြည့်ခန်းအတွင်း၌ နေ့စဥ်နေ့တိုင်း စာအုပ်ဆယ်အုပ်မှအုပ်နှစ်ဆယ်အထိ ဖတ်ရှုသည်။ထိုစာအုပ်များတွင် အမျိုးမျိုးသောကျင့်ကြံနည်းစနစ်စာအုပ်များ တာအိုကျမ်းစာများ စည်းမျဥ်းဥပဒေများ စီးပွါးရေး ဖုန်းရွှေပညာရပ် မိုးကောင်းကင်သဘာဝလွန်ပုံရိပ်များ အစရှိသဖြင့်ပါဝင်သည်။

လောကီအင်မော်တယ်အဆင့်သို့ရောက်ရှိလာသူတိုင်း၏ စိတ်ဝိညာဥ်သည် အလွန်သန်မာအားကောင်းသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် စာဆယ်ကြောင်းခန့်ကိုမြင်နိုင်ကာ မှတ်သားထားနိုင်စွမ်းရှိသည်။

ဤအချိန်တွင် ချိုင်လုံရှင်းသည် စာကြည့်ခန်းအတွင်းရှိ ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေကာ ချိုင်ကူဘိုးဘေးက သူ၏စားပွဲရှေ့၌ မတ်တတ်ရပ်နေသည်။

"ဒါဆိုရင် လုယွီက ရွှယ်အင်မော်တယ်တွေနဲ့တောင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်နေပြီလား"

ချိုင်လုံရှင်း၏မျက်လုံးအကြည့်က တည်ကြည်လေးနက်နေလေ၏။

ချိုင်ကူဘိုးဘေးက ခေါင်းညိတ်ပြလိုက်သည်။

"ငါက ထျန်းပိုယန်နဲ့တိုက်ခိုက်တဲ့အချိန်မှာ ငါ့ရဲ့ခွန်အားအကုန်လုံးကို အသုံးပြုထားတဲ့ပုံပေါ်တယ်...တကယ်တော့ ငါက ကျောင်းတော်တပည့်တွေပေါ် သက်ရောက်သွားမှာကို စိုးရိမ်တာကြောင့် ငါ့ရဲ့ခွန်အား ငါးဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုထားတယ်...ဒါပေမယ့် ငါ့ရဲ့ခွန်အားငါးဆယ်ရာခိုင်နှုန်းဆိုတာ သာမာန်မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက် တောင့်ခံနိုင်မယ့်အရာမျိုးမဟုတ်ဘူး"

"ဒါပေမယ့် လုယွီ ထွက်လာတဲ့အချိန်မှာ...သူ့ရဲ့ဓားဝင်္ကပါက ငါနဲ့ထျန်းပိုယန်ရဲ့မှော်စွမ်းအားတွေကို အလျှင်အမြန် ပျက်ပြယ်သွားစေတယ်...ဒါ့ပြင် သူ့ရဲ့စွမ်းအားက တိုက်ပွဲရဲ့နောက်ချန်အားလှိုင်းတွေ တခြားကျောင်းသားတွေပေါ်ကို သက်ရောက်မှုမရှိအောင်တောင် ကာကွယ်နိုင်ခဲ့တယ်"

ချိုင်လုံရှင်းက ပြောဆိုသည်။

"ဒါဆိုရင် လုယွီက ရွှယ်အင်မော်တယ်တစ်ယောက်နဲ့တောင် ယှဥ်ပြိုင်နိုင်လုနီးပါးဖြစ်နေပြီပေါ့...ဒီလိုအရည်အချင်းမြို့နဲ့ဆိုရင် တော်ဝင်စာမေးပွဲမှာ ဘယ်သူက သူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

"သူ့ရဲ့အရင်ကအတွေ့အကြုံတွေအရ အကဲဖြတ်ရရင် သူ ကိုယ်တိုင်ကိုယ်ကျ ရှုရာဧကရာဇ်တစ်ပါးကိုသတ်ခဲ့တယ်လို့ ကောလဟာလရှိတယ်...အခုကြည့်ရသလောက်တော့ ဒါက အလိမ်အညာဖြစ်ပုံမရဘူး...အရှင့်သား ဒီလိုပါရမီရှင်မျိုးက နောင်တစ်ချိန်ကျရင် ကောင်းကင်ဘုံနယ်မြေရဲ့ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်...အရှင့်သားက သူနဲ့မိတ်ဆွေဖွဲ့ထားသင့်တယ်...တကယ်လို့ အရှင့်သားက သူ့ကိုဆွဲခေါ်ထားနိုင်မယ်ဆိုရင်တောင့် နောင်တစ်ချိန်မှာ ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်လိမ့်မယ်....."

ထိုစကား၏အလယ်ခန့်အရောက်တွင် ချိုင်ကူဘိုးဘေးက ရုတ်တရက် သူ၏ပါးစပ်ကိုပိတ်လိုက်သည်။

ချိုင်လုံရှင်းသည် ချိုင်ကူဘိုးဘေး မည်သည့်အရာအား ဆိုလိုချင်သည်ကို နားလည်သဘောပေါက်ပေ၏။

"ငါ ဒီကိစ္စကို နားလည်တယ်...ဒါပေမယ့် သူက ဘယ်လိုပဲဖြစ်ဖြစ် နဂါးအစောင့်တစ်ယောက်ဖြစ်နေတယ်....ဒီကိစ္စကို အလျင်စလိုလုပ်လို့ မဖြစ်ဘူး"

ချိုင်လုံရှင်းသည် စကားပြောဆိုနေရင်းမှ ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သိပ်မကြာခင်အချိန်မှာ သူက ဟောပြောမှုလုပ်လိမ့်မယ်...ငါကိုယ်တိုင် အဲ့ဒီနေရာကိုသွားကြည့်ရမယ်...ဒါမှ သူ့ရဲ့အသေးစိတ်အချက်အလက်တွေကို နည်းနည်းလောက်ဖြစ်ဖြစ် ငါ မြင်နိုင်လိမ့်မယ်"

လုယွီ တာအိုသဘောတရားများ ဟောပြောမည်ဟူသောသတင်းကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

သို့ရာတွင် လုယွီ၏အဆောင်အတွင်း၌မူ တည်ငြိမ်အေးဆေးနေသည်။

လုယွီသည် အရင်ဦးဆုံး မြေကမ္ဘာစည်းတံဆိပ်ကို သူ၏သိုလှောင်အိတ်အတွင်းသို့ ပေါင်းစည်းလိုက်၏။

ထိုသိုလှောင်အိတ်သည် မူလက မပြည့်စုံသောကမ္ဘာငယ်လေးတစ်ခုဖြစ်သော်လည်း လုယွီသည် လိုအပ်သောပစ္စည်းများကိုစုဆောင်း၍ အဆက်မပြတ်ပေါင်းစည်းပေးနေမှုကြောင့် ထိုအရာအတွင်းရှိ လေဟာနယ်ဥပဒေသများ တိုးတက်စပြုလာသည်။

ယခုလက်ရှိတွင် သိုလှောင်အိတ်အတွင်းရှိ လေဟာနယ်သည် ယခင်ထက် ဆယ်ဆခန့်ပို၍ကျယ်ဝန်းသည်။မူလက ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ပင်မအဆောက်အအုံသည် သိုလှောင်အိတ်၏အလယ်ဗဟိုဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သောမြေလွတ်များတွင် ဆေးပင်များကို စိုက်ပျိုးထားသည်။

သဘာဝဆေးပင်များစွာကိုစိုက်ပျိုးထားသော အကျိုးဆက်အနေဖြင့် ကမ္ဘာငယ်လေးအတွင်းတွင် စိတ်ဝိညာဥ်စွမ်းအင် ပေါကြွယ်ဝပြီး သုခဘုံတစ်ခုနှင့် တူညီနေသည်။

မြေကမ္ဘာစည်းတံဆိပ်သည် ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိသွားသည်နှင့် အတွင်းရှိလေဟာနယ်တစ်ခုလုံးကို တည်ငြိမ်စေရန် ထောက်ပံပေးလေ၏။

ရုတ်ချည်းဆိုသလိုပင် သိုလှောင်အိတ်အတွင်းရှိလေဟာနယ်သည် တောင်ကြီးတစ်လုံးကဲ့သို့ မြဲမြံခိုင်မာသွားကာ လှုပ်ခါခြင်းမရှိတော့ချေ။

Chapter 2558

သိုလှောင်အိတ်အတွင်း၌နေထိုင်သော သက်ရှိများသည် ထိုပြောင်းလဲမှုကို ပို၍သိသိသာသာ ခံစားနိုင်လေ၏။

ဝံပုလွေပေါက်လေးနှင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကမူ မည်သို့မျှခံစားမိပုံမရချေ။ကလေးတစ်ယောက်နှင့်ဝံပုလွေပေါက်တစ်ကောင်သည် ဆေးပင်စိုက်ခင်းများအတွင်း၌ အလွန်ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြသည်။

ဤအချိန်အတောအတွင်းတွင် မြောက်မြားစွာသော စိတ်ဝိညာဥ်ရတနာများဖြင့် ပြုစုပျိုးထောင်ထားမှုကြောင့် ဝံပုလွေပေါက်လေးသည် ယခင်ကဲ့သို့ အားနည်းခြင်းမရှိတော့ချေ။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ယခင်အတိုင်းရှိနေဆဲပင်။သူသည် နေ့စဥ်နေ့တိုင်း ရယ်မော၍ဆော့ကစားရန်သာသိသော ကလေးတစ်ယောက်သာဖြစ်ကာ ရှေးဟောင်းအချိန်ကာလအတွင်း၌ သေခြင်းနှင့်ရှင်ခြင်းကိုထိန်းချုပ်နိုင်ခဲ့သော ဧကရာဇ်အဆင့်မှော်လက်နက်၏ တည်ကြည်ခန့်ညားမှုမျိုး ရှိမနေချေ။

မျောက်ကမူ ကောင်းကင်ဖာထေးကျောက်တုံးအပိုင်းအစကိုကိုင်ဆောင်၍ သူ၏ပါးစပ်မှ မန္တန်များ ရေရွတ်နေသည်။

လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

"မင်း ဘာလို့ အဲ့ဒီကျောက်တုံးကို တစ်ချိန်လုံးကိုင်ထားတာလဲ...ဖြစ်နိုင်တာတော့ မင်း ဒီပစ္စည်းကိုအသုံးပြုပြီးတော့ ဝင်္ကပါတစ်ခုဖွဲ့စည်းဖို့ ပြင်ဆင်နေတာလား"

လုယွီ ဖတ်ခဲ့ဖူးသော ရှေးဟောင်းတာအိုကျမ်းစာများအတွင်းတွင် ကောင်းကင်ဖာထေးကျောက်တုံးသည် ဝင်္ကပါဖွဲ့စည်းရာ၌ အလွန်အမင်းကောင်းမွန်သောပစ္စည်းတစ်ခုဟုပါရှိသည်။

အကယ်၍ ကောင်းကင်ဖာထေးကျောက်တုံးကို ဝင်္ကပါဗဟိုချက်အဖြစ် အသုံးပြုပါက ထိုဝင်္ကပါသည် အလွန်အမင်း အားကောင်းကာတည်ငြိမ်နေပေမည်။အကယ်၍ ထိုဝင်္ကပါအား တိုက်ခိုက်ခံရလျှင်ပင် ဖျက်ဆီးနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

အတိတ်တွင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်း၌ ရွှေအင်မော်တယ်တစ်ယောက်၏အိမ်တော်ကို ထိုကောင်းကင်ဖာထေးကျောက်တုံးများဖြင့် တည်ဆောက်ထားခဲ့သည်။

မျောက်က အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို စောင်းငဲ့၍ကြည့်လေ၏။

"မင်းတို့လိုဂျူနီယာမျိုးဆက်တွေက ငါ့ရဲ့နည်းလမ်းတွေကို ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ...ဒီကောင်းကင်ဖာထေးကျောက်တုံးမှာ အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့ အသုံးဝင်မှုတွေရှိတယ်...ဒါက ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို အမြန်ဆုံးပြန်ရောက်အောင် ကူညီပေးနိုင်တယ်...ငါက အတိတ်တုန်းကလိုစွမ်းအားမျိုး ပြန်ရမယ်ဆိုရင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတွေကိုလည်းမကြောက်တော့ဘူး....ငါ ဒီသိုလှောင်အိတ်ထဲကနေလည်း ထွက်နိုင်လိမ့်မယ်"

ထိုစကားဆုံးသည်နှင့် သေသင့်သောမျောက်စုတ်သည် လုယွီအားလျစ်လျှူရှုကာ ပြန်လည်၍ကျင့်ကြံနေတော့သည်။

လုယွီသည် သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့်ခါယမ်းကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ကန်ကျောက်ကာ ကျင့်ကြံရန်အတွက် သတိပေးလိုက်၏။

ဧကရာဇ်အဆင့်မှော်လက်နက်များသည် ပုံမာန်အားဖြင့် နဂိုမူလစွမ်းအားကို တဖြည်းဖြည်းပြန်လည်ရရှိလာပေမည်။သို့ရာတွင် အကယ်၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအား လျှင်မြန်စွာပြန်လည်ရရှိလာပါက လုယွီအတွက် ဝှက်ဖဲတစ်ချပ် ဖြစ်လာပေမည်။

ဒေါက်...ဒေါက်...ဒေါက်..

ထိုအချိန်မှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"စီနီယာအကိုလု...အချိန်ကျပြီ"

ဂျူနီယာတပည့်တစ်ယောက်၏အသံက ရုတ်တရက် တံခါး၏ပြင်ပမှထွက်ပေါ်လာသည်။

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်အတွင်းမှ ပြန်ရုတ်သိမ်းလိုက်၏။သူ၏ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ပြီးနောက် အခန်းတံခါးကိုတွန်းဖွင့်ကာ ပြင်ပသို့ထွက်လိုက်တော့သည်။

"မင်းကို ဒုက္ခပေးမိသလိုဖြစ်နေပြီ...ကျေးဇူးတင်ပါတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုဂျူနီယာတပည့်က စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"စီနီယာအကိုလုအတွက် လုပ်ပေးရတာ ကျွန်တော်အတွက် ဂုဏ်ယူစရာတစ်ခုပါ"

မကြာမီမှာပင် လုယွီက တာအိုရှာဖွေခြင်းခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

ယနေ့တွင် တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်း၌ ထောင်သောင်းချီသောလူများ ရှိနေသည်။

ချန်ကျင်းသည် ရွေးချယ်စရာမရှိတော့သဖြင့် လုယွီဟောပြောမည့်နေရာကို အကျယ်ဝန်းဆုံးခန်းမအတွင်းသို့ ပြောင်းရွှေ့လိုက်၏။

ထိုခန်းမအတွင်း၌ မြောက်မြားစွာသောကျောင်းတော်တပည့်များ စုဝေးနေကာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။

လုယွီ၏နာမည်သည် ကျောင်းတော်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေသော်လည်း ယခင်က သူ့အားမြင်တွေ့ဖူးသည်မှာ လူနည်းစုသာရှိသည်။

အထူးသဖြင့် ကျောင်းတော်၌ အချိန်ကြာမြင့်စွာ ပညာသင်ယူခဲ့ပြီး အတွေ့အကြုံရင့်ကျက်သော စီနီယာတပည့်များပင်။သူတို့သည် များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး ပြင်ပရှိကိစ္စများကို အရေးစိုက်လေ့မရှိချေ။

လုယွီ၏လုပ်ဆောင်ချက်များအကြောင်းကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်းမှ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။

"သူ ဘာလို့ခုထိမလာသေးတာလဲ...သူက မလာရဲတော့တာများလား"

"သူက ဒီလိုမျိုးသာ ရှောင်လွှဲမယ်ဆိုရင် တကယ်လို့ သူ့ကို မဟာကွန်ဖြူးရှပ်ပညာရှင်က ကာကွယ်ပေးထားရင်တောင်...သူ့ရဲ့စီနီယာတပည့်ဆိုတဲ့ အဆင့်အတန်းကို လက်လွှတ်ရလိမ့်မယ်"

"ဟား ဟား ဟား...ငါထင်တာတော့ အဲ့ဒီကောင်လေး ကြောက်နေလောက်ပြီ...လူတွေအများကြီးရောက်လာမယ်လို့ သူ မျှော်လင့်မိမှာမဟုတ်ဘူး...ဒါကြောင့် သူက နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်မယ်"

လူတချို့သည် ရည်ရွယ်ချက်ရှိရှိဖြင့်အော်ဟစ်၍ တခြားသူများ၏စိတ်အာရုံများကို ဆွဲဆောင်နေသည်။

ကျောင်းတော်တပည့်အမြောက်အများ ဤနေရာသို့ ရောက်ရှိနေသော်လည်း တချို့တပည့်များ၏စိတ်နှလုံးသားများအတွင်း၌ သံသယစိတ်များရှိနေသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များအကြား၌ပင် ခုနစ်ရက်ဆက်တိုက်ဟောပြောသူဟူ၍ အနည်းစုသာရှိသည်။

ထိုခုနစ်ရက်အတွင်း၌ ဟောပြောမည့်သူသည်မြောက်မြားစွာသောတပည့်များ၏မေးခွန်းများကို ဖြေဆိုရမည့်အပြင် စိန်ခေါ်မှုတချို့ကိုပင် ရင်ဆိုင်ရနိုင်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် နက်နဲသိမ်မွေ့သော အသိပညာဗဟုသုတနှင့် အားကောင်းသောခွန်အားတို့မရှ်ပါက ဤကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချဝံ့မည်မဟုတ်ချေ။

Chapter 2559

"သူ မလာရဲမှတော့...ငါတို့ သွားကြစို့"

"အမှန်ပဲ...သူက နာမည်ကျော်ကြားချင်နေတဲ့ကောင်လို့ ငါတော့ထင်တယ်...ဒါကြောင့် သူက တမင်သက်သက်သတင်းလွှင့်ခဲ့တာပဲဖြစ်မယ်...သွားကြစို့"

တချို့တပည့်များသည် ဦးဆောင်၍မတ်တတ်ထရပ်ကာ ခန်းမအတွင်းမှထွက်သွားရန် တိုက်တွန်းနှိုးဆော်လိုက်ကြ၏။

တခြားတပည့်များသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုလူစု၏နောက်သို့ လိုက်ပါသွားခြင်းမရှိချေ။

အမှန်အားဖြင့် ဟောပြောပွဲကျင်းပမည်ဟု ကြေငြာထားသောအချိန်သို့ မရောက်သေးပေ။လုယွီသည် နောက်ကျခြင်းမရှိချေ။ထိုလူများသည် တမင်သက်သက်ပြဿနာရှာကာ ရုတ်ရုတ်သဲသဲဖြစ်အောင် ဖန်တီးနေခြင်းမှာ သိသာထင်ရှားလှ၏။

"ငါမလာဘူးလို့ ဘယ်သူပြောတာလဲ"

ကြည်လင်ပြတ်သားသောအသံတစ်သံက ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။

ခန်းမအတွင်း၌ ဆူညံနေသောအသံများ ရုတ်တရက် ရပ်တန့်သွားသည်။မရေမတွက်နိုင်သောမျက်လုံးအကြည့်များက လုယွီထံသို့စူးစိုက်၍ ကျရောက်လာသည်။

လုယွီသည် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ နူးညံသိမ်မွေ့ပြီး တည်ကြည်သောအသွင်အပြင်မျိုးရှိနေသည်။သူ့ထံမှနေ၍ မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ထွက်ပေါ်နေခြင်းမရှိသဖြင့် တခြားကျောင်းတော်သားများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

ခန်းမအတွင်းမှထွက်သွားရန် ဦးဆောင်နေသူမှာ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော တပည့်တစ်ယောက်ပင်။

လုယွီ ထွက်ပေါ်လာဝံ့သည်ကိုကြည့်ပြီး ခရမ်းရောင်ဝတ်စုံဝတ်တပည့်က သရော်တော်တော်ပြောဆိုသည်။

"လုယွီ...မင်းက ခုလတ်တလောကမှ စီနီယာတပည့်ဖြစ်လာတာ...ဒါတောင်မှ မင်းရဲ့စီနီယာအကိုတွေအများကြီးကို စောင့်ဆိုင်းခိုင်းဝံ့တယ်...မင်း စည်းကမ်းတွေကိုရော သိရဲ့လား"

လုယွီက ထိုတပည့်ကိုစောင်းငဲ့၍ကြည့်ကာ တည်ငြိမ်အေးဆေးစွာပြောဆိုသည်။

"တကယ်လို့ မင်း မစောင့်ချင်ဘူးဆိုရင်...ဒီနေရာကနေ ထွက်သွားလို့ရတယ်"

"ဟမ့်...မင်းက ငါ့ကို နှင်ထုတ်ချင်တာလား...မင်းက ဒီနေရာမှာ ဘာအရည်အချင်းနဲ့ အရှက်မရှိဟောပြောဝံ့တယ်ဆိုတာ ငါ သိချင်တယ်"

ခရမ်းရောင်ဝတ်စုံဝတ်တပည့်သည် လေထုအတွင်းသို့ခုန်တက်ကာ လုယွီထံသို့ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

ဤနေရာတွင် လူအမြောက်အများရှိနေသော်လည်း သူ့အား ဟန့်တားရန်ကြိုးစားသူမှာ လူနည်းစုသာရှိသည်။

စီနီယာတပည့်များ ဟောပြောနေစဥ်တွင် တခြားတပည့်များမှ စိန်ခေါ်ကြသည်မှာ ထုံးတမ်းစဥ်လာတစ်ရပ်ပင်။ထို့ပြင် ကျောင်းတော်တပည့်အမြောက်အများသည် လုယွီ၏ခွန်အားကို သိရှိလိုကြ၏။သူတို့သည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီ၏ခွန်အား မည်မျှထိသန်မာအားကောင်းသည်ကို စမ်းသပ်လိုကြသည်။

သို့ရာတွင် ခရမ်းရောင်ဝတ်စုံဝတ်လူ စတင်လှုပ်ရှားချိန်တွင် တခြားတပည့်ဆယ်ယောက်ကျော်သည် သူတို့၏နေရာများမှ တဟုန်ထိုးပြေးထွက်ကာ လုယွီကို တိုက်ခိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီးအကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"စက်ဆုပ်ဖို့ ကောင်းလိုက်တာ"

"သူတို့က ပူးပေါင်းတိုက်ခိုက်နေကြတယ်...ဒါက အရင်ကတည်းကကြံစည်ထားတယ်ဆိုတာ အသိသာကြီးလေ"

လူတိုင်း ဒေါသထွက်သွားကြ၏။

အကယ်၍သာမာန်စိန်ခေါ်မှုတစ်ခုဆိုပါက လူတစ်ယောက်အား လူသုံးယောက်ထက်ပို၍ တိုက်ခိုက်လေ့မရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သည့်ကြိုတင်သတိပေးမှုမျှမရှိဘဲ တပည့်ဆယ်ယောက်ကျော်က လုယွီကို ဝိုင်းရံ၍ တိုက်ခိုက်ခဲ့သည်။

ဤသည်က မျှတသောစိန်ခေါ်ပွဲတစ်ပွဲမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းပင်။

တခြားသူများ၏ဒေါသတကြီးအော်ငေါက်သံကိုကြားသော်လည်း ခရမ်းရောင်ဝတ်စုံဝတ်တပည့်သည် အမှုထားခြင်းမရှိဘဲ သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"ဟား ဟား ဟား...လုယွီက တိုက်ခိုက်မှုတစ်ခုတည်းနဲ့ နဂါးတစ်ကောင်ကိုသတ်ခဲ့တဲ့အပြင် သိုင်းသူတော်စင်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးသားရဲတပ်မှူးတွေကိုတောင် အနိုင်ယူခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေတယ်လေ...ငါတို့ရဲ့စိန်ခေါ်မှုလောက်ကတော့ သူ့အတွက် အခက်အခဲမဖြစ်နိုင်ပါဘူး...ဟုတ်တယ်မလား"

ထိုစကားကိုပြောဆိုနေစဥ်မှာပင် ခရမ်းရောင်ဝတ်စုံဝတ်တပည့်က သူ၏အားအကောင်းဆုံးမှော်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

လုယွီကို ဝိုင်းရံတိုက်ခိုက်နေကြသော တခြားတပည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကို ရွတ်ဆိုလိုက်ကြ၏။ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်း၌ မှော်မန္တန်များမှအလင်းတန်းများ တောက်ပသွားသည်။

တပည့်အများစုသည် တုန်လှုပ်ချောက်ချားနေလေ၏။လုယွီအားတိုက်ခိုက်နေသော တပည့်များအားလုံးသည် စီနီယာတပည့်များပင်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ သိန်းနှင့်ချီသောတပည့်များရှိသော်လည်း စီနီယာတပည့်အရေအတွက်မှာ ရာဂဏန်းအနည်းငယ်သာရှိသည်။ထိုစီနီယာတပည့်တစ်ယောက်ချင်းစီသည် အလွန်အဖိုးတန်ရှားပါးပြီး ကျောင်းတော်၏အခြေခံအုတ်မြစ်လည်းဖြစ်သည်။

ဤကဲ့သို့ မြောက်မြားစွာသောစီနီယာတပည့်များ၏ဝိုင်းရံတိုက်ခိုက်မှုကို ကျောင်းတော်မှဟောပြောသူများပင် တောင့်ခံနိုင်မည်မဟုတ်ချေ။

လုယွီသည် သူ့၏နံဘေးပတ်လည်ရှိလူစုကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် သူတို့ထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။

သူတို့သည် လူသူအများရှေ့၌ပင် သူ့အားသတ်ဖြတ်ရန် ကြံရွယ်နေပေ၏။

သူတို့၏နောက်ကွယ်ရှိလူမှာ ထျန်းပိုယန်သာ ဖြစ်ပေမည်။

"ဒါက မင်းတို့ကို ငါ သင်ကြားပေးမယ့် ပထမဆုံးသင်ခန်းစာပဲ...တကယ်လို့ မင်းတို့ဘက်မှာ လူအင်အားသာလွန်တယ်ဆိုတာနဲ့ မင်းတို့က သေချာပေါက်အနိုင်ရမယ်လို့ မထင်ကြနဲ့...မင်းတို့က ငါ့ကို သတ်ချင်တယ်ဆိုရင်...အနည်းဆုံးတော့ မင်းတို့ အကောင်းဆုံးကြိုးစားခဲ့သင့်တယ်"

ရုတ်တရက် လုယွီက လှုပ်ရှားလိုက်သည်။လူတိုင်း၏မျက်လုံးအောက်တွင် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုအလား ရှေ့နောက်လူးလွန့်နေပေ၏။

သူ၏လက်သီးတစ်ချက်စီတိုင်းသည် ထိုတပည့်များ၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားသည်။လုယွီ၏လက်သီးချက်မှနေ၍ ပြင်းထန်သောအားလှိုင်းများ ပွင့်အံထွက်လာကာ ထိုတပည့်များ၏မှော်မန္တန်များကို ကြေမွှပျက်စီးသွားစေသည်။

Chapter 2560

ခရမ်းရောင်ဝတ်စုံဝတ်တပည့်၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအပြုံး ရုတ်တရက် အေးခဲသွားသည်။သူသည် သူ့ထံသို့တိုးဝင်လာသော ပြင်းထန်သည့်အားလှိုင်းအရှိန်ကို ခံစားမိလေ၏။

ထိုအားလှိုင်းသည် အလွန်အစွမ်းထက်ကာ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်မည့်ပုံရသည်။သူ၏အကာအကွယ်နည်းစနစ်များအားလုံး ထိုအရာကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားလေပြီ။

"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီးတော့ သူ့မှာ ဒီလိုမျိုး တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ခွန်အားမျိုးရှိနေတာလဲ"

ခရမ်းရောင်ဝတ်စုံဝတ်တပည့်က သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် စီနီယာတပည့်တစ်ယောက်ပင်။ဤကဲ့သို့အခြေအနေကို မြင်တွေ့ချိန်၌ သူသည် အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။

လုယွီသည် သူ့အား လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အတွက် သူ၏မှော်စွမ်းအားများအားလုံးကို သူ၏နှလုံးသားနေရာ၌ စုစည်းလိုက်သည်။

သို့ရာတွင် သူ၏တိုက်ခိုက်မှုမှနေ၍ ခုခံကာကွယ်မှုသို့ပြောင်းလဲလိုက်သော အချိန်အခိုက်အတန့်တွင် ရုတ်တရက် သူက နဂါးဟိန်းသံတစ်သံကို ကြားလိုက်ရသည်။

"ဒီနဂါးဟိန်းသံက ဘယ်နေရာက ထွက်လာတာလဲ"

ခရမ်းရောင်ဝတ်စုံဝတ်တပည့် ဇဝေဇဝါဖြစ်နေစဥ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို အစွမ်းထက်သောအားလှိုင်းတစ်ရပ်က လွှမ်းခြုံသွားခဲ့သည်။

ဘုန်း...

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် ထိုအားလှိုင်းကြောင့် သူသည် နောက်သို့လွင့်ထွက်သွားကာ​ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။

လုယွီသည် သူ၏လက်သီးချက်ဖြင့် ထိုတပည့်များကို သတ်ဖြတ်ခြင်းမပြုသော်လည်း သူတို့၏အရိုးများကို ရိုက်ချိုးခဲ့သည်။

ထိုတပည့်များသည် သူ့အားသတ်ဖြတ်ရန် ကြံရွယ်ခဲ့သဖြင့် သူ အနည်းငယ်မျှပင် ညှာတာထောက်ထားမည်မဟုတ်ချေ။

ဘုန်း...

ခရမ်းရောင်ဝတ်စုံဝတ်တပည့်သည် မြေပြင်ပေါ်၌ လဲကျနေသည်။ရုတ်တရက် သူ၏ခန္ဓာကိုယ်မှအရိုးအမြောက်အများ ကျိုးပဲ့သွားခြင်းကို သူ ခံစားမိသည်။သူက ကူကယ်ရာမဲ့စွာဖြင့် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။

"မင်း....မင်း ငါတို့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ခဲ့တာလား"

ထိုအစွမ်းထက်သောအားလှိုင်းကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူ အက်ကွဲသွားခြင်းကို သူ ခံစားမိသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီအား တိုက်ခိုက်ခဲ့သောတပည့်များအားလုံး မြေပြင်ပေါ်၌လဲလျောင်းကာ နာကျင်မှုကြောင့် အဆက်မပြတ် ညည်းတွားနေကြသည်။

"ဒါက ပြီးသွားပြီလား"

"ခုဏကတိုက်ခိုက်မှုကို ဦးဆောင်တဲ့သူက ရှဲကျီးခန်းမရဲ့တပည့်ခေါင်းဆောင်လေ...သူက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ရှုံးနိမ့်သွားခဲ့တာလား"

သူတို့အားလုံးသည် လုယွီ၏ပုံရိပ်လူးလွန့်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ မူလနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းကို မြင်တွေ့ခဲ့သည်။

အစောပိုင်းက လျှပ်တပြက်တိုက်ခိုက်ခဲ့ကြသော တပည့်များအားလုံးသည် ယခုချိန်၌ မြေပြင်ပေါ်၌လဲကျနေပြီး နာကျင်မှုကြောင့်ညည်းတွားနေကြကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိကြတော့ချေ။

သူတို့အားလုံး၏ကျင့်ကြံဆင့်များ ပျက်စီးသွားလေပြီ။

ယခုချိန်မှစ၍ သူတို့သည် ကျင့်ကြံရန်အတွက် အရည်အချင်းမပြည့်မီတော့ချေ။အဆုံးသတ်တွင် သူတို့သည် ကျောင်းတော်မှမောင်းထုတ်ခြင်းခံရကာ အလွန်ဆိုးရွားသောအခြေအနေဖြင့် ထွက်ခွါသွားရပေမည်။

"နာမည်သတင်းကျော်စောသူတွေထဲမှာ အစွမ်းအစမရှိတဲ့ကောင်မပါဘူး...ဒီအရူးတစ်သိုက်ကတော့ လုယွီရဲ့နာမည်ဂုဏ်သတင်းက ပေါက်လွတ်ပဲစားရထားတာများ ထင်နေကြလားမသိဘူး"

လီစစ်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

သူ၏နံဘေးရှိ တခြားကျောင်းတော်တပည့်များက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်နေကြ၏။

အကယ်၍ သူတို့သာ စီနီယာတပည့်ဆယ်ယောက်ကျော်၏ တပြိုင်နက်တည်း တိုက်ခိုက်ခြင်းကိုခံရပါက ပြန်လည်တိုက်ခိုက်ရန်မဆိုထားနှင့် ထွက်ပြေးလွတ်မြောက်နိုင်ရန်ပင် အလွန်အမင်းခက်ခဲပေမည်။

လုယွီက မြေပြင်ပေါ်၌လဲကျနေသောတပည့်တစ်စုကိုကြည့်၍ ပြောဆိုသည်။

"မင်းတို့နောက်မှာ ဘယ်သူပဲရှိနေပါစေ...မင်းတို့ ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကိုက အမှားအယွင်းကြီးတစ်ခုပဲ...အခုချက်ချင်း ဒီနေရာက ထွက်သွားကြစမ်း"

ထိုစကားကိုပြောဆိုပြီးသည်နှင့် လုယွီက သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ လေပြင်းများတိုက်ခတ်လာပြီး ထိုတပည့်တစ်စုကို ခန်းမ၏ပြင်ပသို့ လွင့်ထွက်သွားစေသည်။

ထိုတပည့်တစ်စုသည် ခန်းမ၏ပြင်ပရှိ မြေပြင်ပေါ်သို့ကျရောက်သွားရာ သူတို့၏ခန္ဓာကိုယ်များကို ဖုန်မှုန့်များ လွှမ်းခြုံသွားသဖြင့် သူတို့အားလုံး အလွန်ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိသွားလေ၏။

ဤလုပ်ရပ်သည် အလဟဿမဟုတ်ချေ။လုယွီသည် အရှက်ရခြင်းမရှိခဲ့ရုံသာမက တပည့်များအားလုံး၏စိတ်နှလုံးသားများအတွင်းရှိ သူ၏နာမည်ဂုဏ်သတင်း ပို၍မြင့်တက်လာခဲ့သည်။

"လုယွီ...မင်းက အရမ်းရက်စက်ကြမ်းကြုတ်တာပဲ...ကျောင်းတော်တူတပည့်အချင်းချင်း ဒီလောက်ထိ မညှာမတာတိုက်ခိုက်ရလား...မင်းရဲ့စိတ်ထဲမှာ သူတို့က ကျောင်းတော်တူတပည့်တွေဆိုတာရော ရှိရဲ့လား"

ရုတ်တရက် ရှေ့ဆုံး၌ထိုင်နေသော တပည့်တစ်ယောက်က မတ်တတ်ထရပ်ကာ ခက်ထန်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်၏။

ထိုလူသည်လည်း စီနီယာတပည့်တစ်ယောက်ပင်။

လုယွီ၏နားအတွင်းသို့ ရုတ်တရက် လီစစ်၏အသံ ဝင်ရောက်လာသည်။

"အဲ့ဒီလူက ထျန်းယွဲ့...ထျန်းယင်ရဲ့ဝမ်းကွဲတစ်ယောက်ပဲ...ခုဏကလူတွေကို သူ ခိုင်းစေထားတာပဲဖြစ်မယ်"

လုယွီက ထျန်းယွဲ့ကို ကြည့်လိုက်သည်။

"ငါ အဲ့ဒီလိုမလုပ်သင့်ဘူးလို့ မင်း ထင်နေတာလား...အဲ့ဒီလူတွေ ငါ့ကိုဝိုင်းပြီးတိုက်ခိုက်ကြတဲ့အချိန်မှာ ငါက ငြိမ်ခံနေရမှာလား"

"ငါ ဆိုလိုတာက အဲ့ဒီသဘောမဟုတ်ဘူး...ဒီနေရာမှာလာပြီး ဟောပြောတဲ့သူတိုင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာပဲ...မင်းက လက်သီးတစ်ချက်တည်းနဲ့ သူတို့ရဲ့အရိုးတွေကို ရိုက်ချိုးခဲ့တယ်...မင်းက ကျောင်းတော်တူတပည့်တွေကို တမင်သက်သက် နာကျင်အောင်ကြံရွယ်ခဲ့တာလို့ ငါ ထင်တယ်...ဒါက မင်း ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို ဂရုမစိုက်တာပဲ"

ထျန်းယွဲ့က ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုလေ၏။

လုယွီတုံ့ပြန်မှုမပြုရသေးမီမှာပင် ပတ်ဝန်းကျင်ရှိတပည့်များထံမှနေ၍ ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာသည်။

"မင်းရဲ့အမြင်အာရုံက ချို့ယွင်းနေတာလား...အဲ့ဒီကောင်တွေက လုယွီကို အရင်ဆုံးစပြီး တိုက်ခိုက်တာကို မင်း မမြင်ဘူးလား"

"ဒါက အမှန်ပဲ...လူတစ်စုက အတူပူးပေါင်းပြီးတော့ လုယွီကို တိုက်ခိုက်ကြတယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ သူတို့အားလုံး လုယွီရဲ့လက်သီးတစ်ချက်ကိုတောင် မခုခံနိုင်ကြဘူး...တကယ်လို့ ငါသာ သူတို့နေရာမှာဆိုရင် ရှက်လွန်းလို့ ကျောင်းတော်မှာ ဆက်ပြီးနေရဲမှာမဟုတ်ဘူး"

"အဲ့ဒီကောင်တွေအားလုံးက သေသင့်တယ်...လုယွီက သူတို့ရဲ့အသက်ကို ချမ်းသာပေးလိုက်တာကတင် အရမ်းညှာတာထောက်ထားလွန်းနေပြီ"

All Chapters