အခန်း (၂၅၆၁-၂၅၆၅)
Vol. 131 Ch. 2561-2565
Chapter 2561
လူတိုင်းက ငြင်းဆန်နေသော်လည်း ထျန်းယွဲ့က တင်းမာခက်ထန်သောလေသံဖြင့် ဆက်လက်၍ပြောဆိုနေဆဲပင်။
"ဒါက သူ ကျောင်းတော်တူတပည့်တွေကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တယ်ဆိုတာကို ဖြေရှင်းနိုင်မယ့် အကြောင်းပြချက်မဟုတ်ဘူး...သူ့ရဲ့တိုက်ခိုက်မှုတွေက အရမ်းပြင်းထန်လွန်းတယ်"
"ရယ်စရာကောင်းလိုက်တာ...အဲ့ဒီလူတွေက လုယွီကိုသတ်ဖို့ကြံရွယ်ခဲ့တာကို မင်း မမြင်ဘူးလား...တခြားသူတွေတိုက်ခိုက်တာကို လုယွီက ငြိမ်ခံနေရမှာလား...သူက ပြန်ပြီးမတိုက်ခိုက်တော့ဘူးလား"
တပည့်များအနက်မှတချို့က သရော်တော်တော် ပြောဆိုသည်။
"မင်းရဲ့ သောက်ပါးစပ်ကို မြန်မြန်ပိတ်ထားလိုက်စမ်း...ဒီကိစ္စ ဘာလို့ဖြစ်လာတယ်ဆိုတာ ငါတို့ မသိဘူးလို့ မင်း ထင်နေတာလား"
"အမှန်ပဲ...မင်းက ထျန်းယင်ကြောင့် ဒီနေရာဆီလာပြီး လုယွီကို ပြဿနာရှာနေတာမလား...မင်း နားမထောင်ချင်ရင် ထွက်သွားလိုက်...ငါတို့ကို မနှောက်ယှက်နဲ့"
သရော်တော်တော်ရယ်မောသံများက ပတ်ဝန်းကျင်နေရာအနှံမှ ထွက်ပေါ်လာသည်။
"ဒီနေရာမှာ ဘာလို့ဒီလောက်ထိ စာနာစိတ်ခေါင်းပါးတဲ့လူတွေရှိနေတယ်ဆိုတာ ငါ မသိတော့ဘူး....ငါ အမှန်တရားကိုတောင် ပြောလို့မရဘူးလား"
ထျန်းယွဲ့သည် အလွန်စိတ်ဆိုးဒေါသထွက်နေသော်လည်း သူသည် နေရာ၌ပြန်ထိုင်ကာ ထပ်မံ၍စကားမဆိုတော့ချေ။
တပည့်များအားလုံးသည် ထိုင်ချလိုက်ပြီး လုယွီ စင်မြင့်ပေါ်သို့ ခြေလှမ်းတစ်လှမ်းခြင်းတက်သွားသည်ကို စောင့်ကြည့်လိုက်ကြ၏။
ထိုစင်မြင့်သည် တစ်မီတာကျော် မြင့်မားသည်။စင်မြင့်သည် အလွန်ကျယ်ဝန်းသော်လည်း ကျောင်းတော်တပည့်များသည် လုယွီကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပြီး သူ ပြောဆိုသမျှကို ကောင်းစွာကြားနိုင်သည်။
လူတိုင်း၏မျက်လုံးများသည် လုယွီပေါ်တွင်သာ စူးစိုက်၍ကျရောက်နေပြီး သူ မည်ကဲ့သို့ စတင်ဟောပြောမည်ကို စောင့်ဆိုင်းနေကြ၏။
"ထျန်းယွဲ့က ငါရဲ့တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ဆိုမှတော့ ငါက မင်းတို့ကို မဟာတာအိုအကြောင်းကို ဟောပြောမယ့်အစား ဇာတ်ကြောင်းတစ်ပုဒ်အရင်ပြောပြမယ်"
လုယွီ၏အသံက ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် လုယွီက ဆက်လက်ပြောဆိုသည်။
"အလယ်ခေတ်တုန်းက ထန်အင်ပါယာရဲ့အုပ်ချုပ်မှုအောက်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ထူထပ်သိပ်သည်းတဲ့ လင်းယွမ်ကုန်းမြေဆိုတာရှိပြီးတော့...အဲ့ဒီနေရာမှာ မိုးကြိုးကျားဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်...မူလတုန်းကတော့ အဲ့ဒီဂိုဏ်းက လင်းယွမ်ကုန်းမြေပေါ်မှာ အားအကောင်းဆုံးဂိုဏ်းပဲ...ဒါပေမယ့် ၁၇ဆက်မြောက်မျိုးဆက်ရောက်တဲ့အချိန်မှာ...အဲ့ဒီဂိုဏ်းက နိမ့်ပါးလာပြီးတော့ လင်းယွမ်ကုန်းမြေရဲ့အားအနည်းဆုံးဂိုဏ်းတွေထဲက တစ်ခုဖြစ်လာတယ်...နောက်ဆုံးမှာ ဒီဂိုဏ်းက တတိယတန်းစားအဆင့်ပဲရှိတော့တယ်"
ထိုဇာတ်ကြောင်း၏အစကိုနားထောင်ပြီးနောက် တပည့်အများစုက ခေါင်းညိတ်လိုက်ကြ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် သမိုင်းစာပေများကို လေ့လာထားသော တပည့်အမြောက်အများရှိသည်။အချိန်အရဖြစ်စေ တည်နေရာအရဖြစ်စေ လုယွီ ပြောဆိုသွားသောအကြောင်းအရာကို သမိုင်းစာအုပ်များအတွင်း၌ မှတ်တမ်းတင်ထားသည်။
"မိုးကြိုးကျားဂိုဏ်းရဲ့၁၇ဆက်မြောက်ဂိုဏ်းချုပ်က သူ့ရဲ့ခွန်အားကို မြှင့်တင်ဖို့အတွက် ဖိအားပေးပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်ကို ချိုးဖျက်ဖို့ကြိုးစားခဲ့တယ်...ရလဒ်အနေနဲ့ သူက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအောက်မှာ သေဆုံးခဲ့ရပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်နဲ့တာအို ပျောက်ကွယ်သွားခဲ့တယ်...သူမသေဆုံးခင်မှာ ဂိုဏ်းကို သူ့ရဲ့သားဆီ လက်ကမ်းပေးခဲ့တယ်...အဲ့ဒီကောင်လေးရဲ့နာမည်က ဝမ်ချန်း"
"ဝမ်ချန်းက ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အသက်က အရမ်းငယ်သေးတယ်...ဒါ့ကြောင့် ဂိုဏ်းကိုတကယ်ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာတွေအားလုံးက မဟာအကြီးအကဲရဲ့လက်ထဲမှာရှိတယ်...မဟာအကြီးအကဲက သူ့ရဲ့သားကို ဂိုဏ်းချုပ်နေရာရစေချင်တာကြောင့် ဝမ်ချန်းရဲ့အဖေချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို တခြားနေရာဆီပြောင်းရွှေ့ထားခဲ့တယ်...ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်အင်အားစုကိုလည်း တိတ်တဆိတ် ပြုစုပျိုးထောင်ခဲ့တယ်"
"တစ်နေ့မှာတော့ အဲ့ဒီမဟာအကြီးအကဲက ဝမ်ချန်းနဲ့စေ့စပ်ထားတဲ့မိန်းကလေးကို တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီးတော့ သူ့ရဲ့အစားအစာထဲကို အဆိပ်ခတ်စေခဲ့တယ်...အကျိုးဆက်အနေနဲ့ ဝမ်ချန်းရဲ့ကျင့်ကြံဆင့် တဖြည်းဖြည်းအားနည်းပြီးတော့ မတည်မငြိမ်ဖြစ်လာတယ်...သူက ကျင့်ကြံမှုမလုပ်နိုင်တော့တဲ့ အမှိုက်ကောင်တစ်ကောင် ဖြစ်လာတယ်...မဟာအကြီးအကဲက အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ဝမ်ချန်းကို ဂိုဏ်းချုပ်နေရာကနေဖယ်ထုတ်ပြီး သူ့သားကို အစားထိုးခဲ့တယ်....ဝမ်ချန်းကိုတော့ ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းဆင်းရဲမှုအများဆုံးနေရာမှာ အစေခံအဖြစ်လုပ်ဖို့ စေလွှတ်ခဲ့တယ်....တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့သားကို ဝမ်ချန်းနဲ့စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်ခွင့်ပြုပြီးတော့...လက်ထပ်ပွဲကို ဝမ်ချန်းရဲ့ရှေ့မှာ ကျင်းပခဲ့တယ်"
"တစ်စုံတစ်ယောက်က ဝမ်ချန်းကိုသတ်ပစ်လိုက်ဖို့ အကြံပြုခဲ့တယ်...ဒါပေမယ့် ဝမ်ချန်းရဲ့အဖေမှာ အတိတ်တုန်းက မိတ်ဆွေဟောင်းတွေ အများကြီးရှိနေတယ်...ပြီးတော့ ဝမ်မိသားစုက ထန်အင်ပါယာရဲ့ လင်းယွမ်အုပ်ချုပ်ရေးရုံးတော်က အရာရှိတွေနဲ့တောင် အဆက်အစပ်ရှိနေတယ်...ဒါကြောင့် ဒီကိစ္စကို ပယ်ချလိုက်ကြတယ်...ဒါပေမယ့် မိုးကြိုးကျားဂိုဏ်းထဲမှာ ဝမ်ချန်းက နေ့တိုင်းစောင့်ကြည့်ခံနေရပြီးတော့ ခက်ခဲကြမ်းတမ်းဆုံးနဲ့အပင်ပန်းဆုံးအလုပ်တွေကို လုပ်ဆောင်ခဲ့ရတယ်...သူက ကျင့်ကြံဖို့အတွက် နည်းနည်းလေးတောင် အချိန်မရှိဘူး...တဖြည်းဖြည်း သူက မသန်မစွမ်းတစ်ယောက်လို ဖြစ်လာခဲ့တယ်"
ထိုဇာတ်ကြောင်းကိုကြားချိန်တွင် တပည့်အများစု၏မျက်လုံးများအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
တစ်စုံတစ်ယောက်၏ဇနီးမယားကို လုယက်ခဲ့သည့်အပြင် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခဲ့သည်။ဤသည်က အလွန်ကြီးမားသော သွေးကြွေးရန်ငြိုးပင်။
ထို့ပြင် သူသည် ရန်သူ၏စောင့်ကြည့်မှုအောက်၌ တစ်ချိန်လုံး နေထိုင်နေရသည်။ဤသည်က အကျဥ်းသားတစ်ယောက်နှင့် ကွဲပြားခြားနားမှုမရှိချေ။
"စီနီယာအကိုလု....အဲ့ဒီကိစ္စက ဘယ်လိုဆက်ဖြစ်သွားလဲ"
တစ်စုံတစ်ယောက်သည် မအောင့်အည်းနိုင်တော့သဖြင့် စိတ်မရှည်စွာ မေးမြန်းလိုက်၏။
သို့ရာတွင် သူ ထိုမေးခွန်းအားမေးမြန်းလိုက်စဥ်မှာပင် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။သူက သူ၏ပါးစပ်ကို အလျှင်အမြန်ပိတ်ကာ လုယွီ ပြောဆိုသောအကြောင်းအရာကို ဆက်လက်၍နားထောင်လိုက်သည်။
Chapter 2562
လုယွီက ဆက်လက်ပြောဆိုသည်။
"ဝမ်ချန်းက အရမ်းနာကျင်နေရပေမယ့် သူက စိတ်ဓာတ်ကျမသွားခဲ့ဘူး...အကြောင်းကတော့ သူ တောင်ပေါ်ကို ထင်းခုတ်သွားတဲ့အချိန်မှာ မထင်မှတ်ဘဲ နတ်ဆိုးမှော်သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်...သူ သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ မတော်တဆ ဝမ်မိသားစုရဲ့ဘိုးဘေးရတနာကို အသက်သွင်းခဲ့မိတယ်...အဲ့ဒီဘိုးဘေးရတနာထဲမှာ နတ်ဘုရားအဆင့်ကျင့်ကြံနည်းစနစ်တွေ ရှိနေတယ်...သူ အဲ့ဒီနည်းစနစ်ကို ကျင့်ကြံပြီးတဲ့အချိန်မှာ သူ့ရဲ့ဒဏ်ရာဟောင်းတွေ ပျောက်ကင်းသွားတဲ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလည်း အဆများစွာ ခုန်ပျံကျော်လွှားပြီးတော့ တိုးတက်လာခဲ့တယ်"
"နောက်ဆုံးတော့ တစ်နေ့မှာ အစောင့်တွေက တစ်စုံတစ်ခုမှားယွင်းနေတယ်ဆိုတာကို သတိပြုမိသွားတယ်...ဒါပေမယ့် ဝမ်ချန်းက အဲ့ဒီအစောင့်တွေကို လက်ဦးအောင်သတ်ဖြတ်ပြီးတော့ ဂိုဏ်းကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်...တံခါးပိတ်ကျင့်ကြံနေတဲ့ မဟာအကြီးအကဲက အဲ့ဒီသတင်းကို နှစ်ရက်ကြာပြီးမှ သိခဲ့ရတယ်...သူက ဝမ်ချန်းကို ရှာဖွေချင်ပေမယ့်...ကံဆိုးချင်တော့ ဝမ်ချန်း ထွက်သွားတာ အရိပ်အယောင်တောင် မကျန်ခဲ့တော့ဘူး"
"မဟာအကြီးအကဲက အရမ်းဒေါသထွက်ပြီးတော့ ဝမ်ချန်းကိုဖမ်းဆီးဖို့ ဝရမ်းထုတ်လိုက်တယ်...ဒါပေမယ့် မကြာခင်မှာပဲ အဲ့ဒီဝရမ်းက လင်းယွမ်အုပ်ချုပ်ရေးရုံးတော်ရဲ့ရုတ်သိမ်းတာကို ခံလိုက်ရတယ်...အဲ့ဒီကနေပြီးတော့ အထွတ်အထိပ်ခွန်အားတွေ ပြန်ရသွားတဲ့ဝမ်ချန်းက သူ့ဖခင်ရဲ့မိတ်ဆွေဟောင်းတွေကို ဦးဆောင်ပြီးတော့ မိုးကြိုးကျားဂိုဏ်းကို ပြန်သွားခဲ့တယ်...သူက သူ့ကိုသစ္စာဖောက်ခဲ့တဲ့ မဟာအကြီးအကဲနဲ့ သူနဲ့စေ့စပ်ထားတဲ့မိန်းကလေးကို သတ်ခဲ့ပြီးတော့ မိုးကြိုးကျားဂိုဏ်းချုပ်နေရာကို ပြန်ပြီးသိမ်းပိုက်ခဲ့တယ်....သူ့ရဲ့မျိုးဆက်မှာ သူက သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်"
ဝမ်ချန်း၏လက်စားချေမှုကိုကြားပြီးနောက် တပည့်အများစုသည် စိတ်ကျေနပ်သွားပုံဖြင့် ပြုံးလိုက်ကြ၏။
ဤသည်က လူအများမြင်တွေ့လိုသော အဆုံးသတ်ပင်။
သို့ရာတွင် ထျန်းယွဲ့က သရော်တော်တော် ပြောဆိုသည်။
"နှစ်တွေအများကြီးသည်းခံခဲ့ပြီးမှ သူက လက်စားချေနိုင်ခဲ့တယ်...ဒီလိုကိစ္စမျိုးတွေက ကောင်းကင်ဘုံနယ်မြေထဲမှာ ကြုံဖူးနေကျပဲ...လုယွီ မင်းရဲ့ဇာတ်ကြောင်းက အထူးအဆန်းမဟုတ်ဘူး"
"မင်းရဲ့ပါးစပ်ကို ပိတ်ထားလို့မရဘူးလား...မင်းက တကယ့်ကို စိတ်အနှောက်အယှက်ပေးနေတာပဲ"
တပည့်တစ်ယောက်က စိတ်မကျေမနပ်ဖြစ်နေသောလေသံဖြင့် အော်ငေါက်လိုက်သည်။
သို့ရာတွင် ထျန်းယွဲ့က ဂရုမစိုက်ချေ။
"ဘာလဲ...ငါပြောချင်တာကိုတောင် ပြောလို့မရဘူးလား"
လုယွီက ထျန်းယွဲ့ကို လျစ်လျှူရှုထားလေ၏။ထိုအစား သူက တပည့်များအားလုံးကို ဝေ့ဝိုက်ကြည့်ကာ မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
"အခု...အဲ့ဒီမဟာအကြီးအကဲက ဒီကိစ္စမှာ ဘယ်လိုအမှားအယွင်းမျိုး ကျူးလွန်ခဲ့တယ်ဆိုတာ မင်းတို့ ငါ့ကို ပြောပြနိုင်မလား"
လူတိုင်း ကြက်သေသေသွားကြသည်။
လူတိုင်း၏အတွေးများသည် ဝမ်ချန်းပေါ်တွင်သာ ကျရောက်နေပြီး မဟာအကြီးအကဲကို ယုတ်မာသောလူဆိုးတစ်ယောက်ဟုသာ ယူဆထားကြ၏။မည်သူကမျှ သူ့ကို အာရုံစူးစိုက်ခြင်းမရှိချေ။
မကြာမီမှာပင် တစ်စုံတစ်ယောက်က အသိဝင်လာကာ လေးနက်သောအသံဖြင့်ပြောဆိုသည်။
"မဟာအကြီးအကဲက ဝမ်ချန်းထွက်ပြေးတာကို ချက်ချင်းသိပြီးတော့ နောက်ကနေလိုက်ဖမ်းမယ်ဆိုရင် ဒီလိုအဆုံးသတ်မျိုးနဲ့ ကြုံရမှာမဟုတ်ဘူး"
"မဟုတ်ဘူး...အကောင်းဆုံးရွေးချယ်မှုက သူ အစကတည်းက မပုန်ကန်ခဲ့သင့်တာပဲ...သူက အရင်ကတည်က ဂိုဏ်းထဲမှာ အဆင့်အတန်းမြင့်မားတဲ့နေရာကို ရထားပြီးသားလေ...သူ ဝမ်ချန်းကြီးထွားလာအောင် ကူညီပေးနေသရွေ့ သူလည်း နောင်တစ်ချိန်မှာ မြင့်တက်လာမှာပဲ"
တချို့တပည့်များသည် စတင်၍ငြင်းခုံနေကြ၏။
အချိန်အတော်ကြာငြင်းခုံကြပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့အားလုံးက လုယွီကို တပြိုင်နက်တည်းမော့ကြည့်လိုက်ကြသည်။
သူတို့က လုယွီ၏အဖြေကို စောင့်ဆိုင်းနေကြခြင်းပင်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မဟာအကြီးအကဲက ဂိုဏ်းချုပ်နေရာကို အပိုင်စီးချင်နေမှတော့...သူက ဝမ်ချန်းကို အရင်ဆုံးသတ်သင့်တယ်...ဘာလို့လဲဆိုတော့ ဝမ်ချန်းက ဂိုဏ်းချုပ်နေရာကို လုယူနိုင်တဲ့ တစ်ယောက်တည်းသောသူမလို့ပဲ"
"ဒုတိယအနေနဲ့ သူက ဝမ်ချန်းရဲ့အဖေနဲ့ ပတ်သတ်နေတဲ့ မိတ်ဆွေဟောင်းတွေကို သူ့ဘက်ကိုတက်နိုင်သမျှ ဆွဲခေါ်ပြီးတော့ သူတို့ကို မဟာအကြီးအကဲရဲ့အဆင့်အတန်းဆိုတာကို အသိအမှတ်ပြုစေရမယ်...နောက်ဆုံးကျရင် သူက လင်းယွမ်အုပ်ချုပ်ရေးရုံးတော်က အရာရှိတွေနဲ့မိတ်ဖွဲ့ပြီးတော့ ဝမ်ချန်းကို စွန့်လွှတ်အောင် သွေးဆောင်ရမယ်...ဒီနည်းလမ်းနဲ့ သူက သူတို့အားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်"
"မဟာအကြီးအကဲရဲ့အာဏာလုယူတဲ့ အစီအစဥ်က အရမ်းအဆင်ပြေချောမွေ့ခဲ့တယ်...ဒါပေမယ့် သူက အစကတည်းက မှားယွင်းနေတာ...သူ့ရဲ့နှာခေါင်းအောက်မှာရှိနေတဲ့ရန်သူကို သူ ဘာလို့ အသက်ရှင်သန်နိုင်မယ့်အခွင့်အရေး ပေးခဲ့တာလဲ...သူ ဘာလို့ ဝမ်ချန်းကို မသတ်ခဲ့တာလဲ...တကယ်လို့ သူ ဝမ်ချန်းကို မသတ်ရင်တောင် သူ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ခဲ့သင့်တယ်...ဒါဆိုရင် သူ့မှာ ဆက်ပြီးကျင့်ကြံနိုင်တဲ့ အရည်အချင်းမျိုးမရှိတော့ဘူး...ဝမ်ချန်းမှာ နောက်ခံအင်အားတချို့ရှိပေမယ့် သူ့ရဲ့အဖေက သေသွားခဲ့ပြီ...ကျင့်ကြံခြင်းလောကမှာ လူသေဖြစ်သွားတာနဲ့ အရင်က မိတ်ဆွေဆက်ဆံရေးတွေက တဖြည်းဖြည်းပျောက်ကွယ်သွားတာပဲ...အဲ့ဒီလူတွေက လူသေတစ်ယောက်အတွက်နဲ့ မဟာအကြီးအကဲကို ရန်စစော်ကားမှာမဟုတ်ဘူး"
"ငါ ဒီအကြောင်းကိုပြောနေတာက မင်းတို့အားလုံးကို သတိပေးချင်လို့ပဲ...တကယ်လို့ နောင်အနာဂတ်မှာ မင်းတို့ကို ဒုက္ခပေးနိုင်မယ့်အရိပ်အယောင်ရှိတဲ့ တစ်စုံတစ်ယောက်ကိုတွေ့ရင် မင်းတို့ ဘာမှစဥ်းစားမနေနဲ့...မင်းတို့မှာ အခွင့်အရေးရှိတာနဲ့ အဲ့ဒီလူကို သတ်ပစ်ပြီးတော့ အနာဂတ်ပြဿနာတွေကို အမြစ်ပြတ်သုတ်သင်လိုက်...မင်းတို့က တစ်ဖက်လူကိုပြင်ဆင်ဖို့အတွက် အခွင့်အရေးပေးမယ်လို့တော့ လုံးဝမစဥ်းစားနဲ့...အဆုံးသတ်ကျရင် မင်းတို့ပဲ ခံစားရလိမ့်မယ်"
Chapter 2563
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ထျန်းယွဲ့က ငါ့ကိုမေးတယ်...ဘာလို့ ငါ ဒီလူတွေကို မသတ်ခဲ့တာလဲတဲ့...သူတို့က ငါနဲ့ကျောင်းတော်တူတပည့်တွေဆိုတာ အမှန်ပဲ...ဒါပေမယ့် သူတို့က တိုက်ပွဲအတွင်းမှာ ငါ့ကို သတ်ချင်နေတယ်...ဒါကြောင့် ငါ သူတို့ကို တုံ့ပြန်တာ သဘာဝပဲ...ငါက သူတို့ရဲ့အသက်အန္တရာယ်ကိုထိခိုက်အောင် မလုပ်သရွေ့ ဒါကကြီးလေးတဲ့ကိစ္စမဟုတ်ဘူး...သူတို့က ငါ့ရဲ့အသက်ကိုလိုချင်နေမှတော့ ငါက သူတို့ရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးခဲ့တာ ဖြစ်သင့်တာပဲလေ"
"အဲ့ဒီလူတွေက ကျောင်းတော်ရဲ့စည်းမျဥ်းကို ဖောက်ဖျက်ခဲ့တာတော့ မရှိသေးဘူး...ဒါပေမယ့် အနာဂတ်ပြဿနာတွေမတက်အောင် ရှောင်လွှဲဖို့အတွက် ငါက သူတို့ရဲ့ကျင့်ကြံဆင့်တွေကို ဖျက်ဆီးလိုက်တယ်...ငါက အဲ့ဒီလူတွေ ငါ့ကို ပြန်ပြီးတိုက်ခိုက်နိုင်မယ့်အရည်အချင်းမျိုး မရှိတော့အောင် ငါ လုပ်လိုက်တာပဲ...ဒီနည်းလမ်းနဲ့ သူတို့က ငါ့ကိုမုန်းတီးနေရင်တောင် ငါ့ကို ထပ်ပြီးတိုက်ခိုက်နိုင်မယ့်စွမ်းအားမျိုး ရှိမှာမဟုတ်တော့ဘူး'
ထျန်းယွဲ့၏မျက်နှာ သုန်မှုန်နေသော်လည်း နောက်ဆုံးတွင် သူ မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။
သူသည် ယခင်က တွေဝေစဥ်းစားနေခဲ့သည်။လုယွီက မည်သည်ကြောင့် တာအိုဟောပြောခြင်းမပြုဘဲ ဇာတ်ကြောင်းတစ်ပုဒ်ကို အရင်ပြောဆိုခဲ့သနည်း။
ယခုလက်ရှိချိန်တွင် ဤသည်က သူ့အားပစ်မှတ်ထား၍ ပြောဆိုနေကြောင်းကို သူ သိရှိသွားလေပြီ။
ထျန်းယွဲ့သည် လုယွီအား လက်လွန်ခြေလွန်လုပ်သည်ဟု ပြောဆိုခဲ့သည်။ထို့ကြောင့် လုယွီသည် ထိုဇာတ်ကြောင်းကို ဥပမာပေး၍ ထိုတပည့်များသည် သူ့အား သတ်ဖြတ်ရန်ကြိုးစားခဲ့သဖြင့် သူ နောက်တွန့်နေမည်မဟုတ်ကြောင်း ချေပသွားလေ၏။
"လုယွီပြောသွားတာက ကျိုးကြောင်းဆီလျော်တယ်"
"ထျန်းယွဲ့....မင်းက မင်းကိုယ်မင်း အရှက်မကွဲအောင် ကာကွယ်နေတာလို့ ငါ ထင်တယ်...မင်းလွှတ်လိုက်တဲ့လူတွေရဲ့ အကြံအစည်က မအောင်မြင်ခဲ့တဲ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်တွေလည်း ဖျက်ဆီးခံခဲ့ရတယ်...တကယ်လို့ ကျောင်းတော်ထဲမှာသာမဟုတ်ရင် အဲ့ဒီကောင်တွေအားလုံး သေနေလောက်ပြီ"
လူအများ၏ပစ်မှတ်ထားပြောဆိုခြင်းကို ခံနေရသဖြင့် ထျန်းယွဲ့၏မျက်နှာပေါ်၌ ဒေါသထွက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သို့ရာတွင် ထျန်းယွဲ့သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့ ဘယ်လိုပဲပြောပြော...ငါက ငါ့ရဲ့အမြင်အတိုင်းပြောတာ...ငါက ဘာမှားနေလို့လဲ"
တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလိုပင် ချေပပြောဆိုသည်။
"ထျန်းယွဲ့...တကယ်လို့ ငါက မင်းကို သတ်ချင်တယ်ဆိုရင်...မင်းက ငြိမ်ခံနေမှာလား...ဒါမှမဟုတ် ငါ့ရဲ့ကျင့်ကြံဆင့်ကို မင်း ပြန်ဖျက်ဆီးမှာလား"
ထျန်းယွဲ့က အေးစက်စက်နှာမှုတ်လိုက်သော်လည်း သူ တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိချေ။
လုယွီက ထိုမြင်ကွင်းကိုမမြင်သကဲ့သို့သာ ပြုမူနေကာ ဆက်လက်ပြောဆိုသည်။
"နောက်ထပ် ငါ မင်းတို့ကိုရှင်းပြမှာက ကျင့်ကြံရေးလမ်းကြောင်းက ဘာလဲဆိုတာပဲ"
လူတိုင်းက အာရုံစူးစိုက်၍ နားထောင်လိုက်ကြ၏။
လုယွီက ပြောဆိုသည်။
"ငါတို့ အခုပြောဆိုသုံးနှုန်းနေတဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေက အလယ်ခေတ်ကတာအိုသခင်တစ်ယောက် ဖန်တီးထားတဲ့ကျမ်းစာကနေ ဆင်းသက်လာတယ်...အဲ့ဒီကျမ်းစာထဲမှာ ဟိုထျန်းနယ်ပယ်ကနေ တာအိုသခင်နယ်ပယ်ထိ ကျင့်ကြံဆင့်တွေကို အတိအကျခွဲခြားပြသထားတယ်...ဒီကိစ္စကို သမိုင်းမှတ်တမ်းတွေတော်တော်များများမှာ ရေးသားဖော်ပြထားတာကြောင့် မင်းတို့ထဲကအများစုသိလိမ့်မယ်လို့ ငါ ထင်တယ်"
"ဒါပေမယ့် လူအများစုမှာ ကျင့်ကြံဖို့အတွက် လိုအပ်တဲ့အရာတစ်ခု ပျောက်ဆုံးနေတယ်...သူတို့က ရွှယ်အင်မော်တယ်နယ်ပယ်ကိုရောက်မှသာ သူတို့ရဲ့ကိုယ်ပိုင်မဟာတာအိုကို ထိတွေ့နိုင်ကြတယ်...အဲ့ဒီအချိန်မတိုင်မီမှာ ကျင့်ကြံသူအများစုက သူတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတာကိုပဲ သိကြတယ်...ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်မဟာတာအိုကို ရှာဖွေဖို့အတွက်တော့ လျစ်လျှူရှုထားကြတယ်...ဒါ့ကြောင့် သူတို့က ရွှယ်အင်မော်တယ်နယ်ပယ် ဒါမှမဟုတ် ဒီထက်မြင့်မားတဲ့ကျင့်ကြံဆင့်နယ်ပယ်တွေကို မရောက်နိုင်တာပဲ"
တပည့်အများစုသည် အတွေးများအတွင်းသို့ နစ်မြုပ်သွားသည့်အလား မျက်မှောင်ကြုတ်ထားကြသည်။
"ယေဘုယျကျကျပြောမယ်ဆိုရင်...ငါတို့က သတ်မှတ်ထားတဲ့ကျင့်ကြံဆင့်နယ်ပယ်ကိုရောက်မှ မဟာတာအိုကို ထိတွေ့နိုင်မှာမဟုတ်လား...ဒါက ငါတို့နဲ့ အရမ်းအလှမ်းကွာဟနေသေးတယ်"
တပည့်တစ်ယောက်က မေးမြန်းသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"ရှေးဟောင်းခေတ်အချိန်ကာလတွေမှာ ကျင့်ကြံရေးလမ်းကြောင်းကို အဆင့်သုံးဆင့်ပဲ ပိုင်းခြားထားတယ်...ဒါက မဟာတာအိုကို ရရှိဖို့အတွက် အဆင့်သုံးဆင့်ပဲ...အဲ့ဒီအဆင့်သုံးဆင့်ကို ဖြတ်ကျော်ပြီးတဲ့သူတွေက အင်မော်တယ်တွေဖြစ်လာကြတယ်...ဒါပေမယ့် အလယ်ခေတ်ကိုရောက်တဲ့အချိန်မှာ အဆင့်တစ်ဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကြားမှာတောင် ကွာဟချက်တွေအရမ်းကြီးမားတယ်ဆိုတာကို သတိပြုမိသွားတယ်...ဒါကြောင့် ကျင့်ကြံဆင့်နယ်ပယ်တွေကို အသေးစိတ်ပိုင်းခြားခဲ့တာကြောင့် အခုလိုမျိုးဖြစ်လာတာပဲ"
"ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်က ဘယ်နယ်ပယ်မှာပဲ ရောက်နေပါစေ...တကယ်လို့ သူက လုံချီနယ်ပယ်ကျင့်ကြံသူဖြစ်နေရင်တောင် သူ့ဆီမှာ သူ့ရဲ့ကိုယ်ပိုင်မဟာတာအိုရှိတယ်...သူ့ရဲ့ကိုယ်ပိုင်ခွန်အားကြောင့်သာ ဒီမဟာတာအိုရဲ့တည်ရှိမှုကို ရှင်းရှင်းလင်းလင်းမခံစားနိုင်တာပဲရှိတယ်"
"မဟာတာအိုက ပုံရိပ်ယောင်သက်သက်မဟုတ်ဘူး...မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ တည်ရှိမှုကြီးပဲ...ဒါက ရွှယ်အင်မော်တယ်နဲ့အထက်ကျင့်ကြံသူတွေပဲ ထိတွေ့ခံစားနိုင်တဲ့အရာမျိုးမဟုတ်ဘူး...လုံချီနယ်ပယ်မှာပဲရှိတဲ့သေမျိုးတစ်ယောက်က သူ့ရဲ့ဘဝတလျှောက်လုံးမှာ လေးပညာရပ်ကိုပဲ လေ့ကျင့်ခဲ့တယ်...သူ့ရဲ့မြှားက ခြေလှမ်းရာနဲ့ချီပြီး ဝေးကွာတဲ့နေရာက အရာကိုတောင် ဖောက်ထွင်းနိုင်တယ်...ကျင့်ကြံသူတစ်ယောက်ကတောင် အဲ့ဒီမြှားကို မဟန့်တားနိုင်ဘူး...သူ့မှာ တာအိုမရှိဘူးလို့ မင်းတို့ ပြောနိုင်လား"
Chapter 2564
"ဆန့်ကျင်ဘက်အနေနဲ့ တချို့လူတွေက ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ကြတယ်...ဒါပေမယ့် သူတို့အတွက် တကယ်ကောင်းတဲ့အရာကို မသိကြဘူး...သူတို့က အရာရာတိုင်းကို သိရုံသက်သက်ပဲ...ဘာတစ်ခုကိုမှ နှံ့နှံ့စပ်စပ် မကျွမ်းကျင်ကြဘူး...သူတို့ဆီမှာ ရန်သူကိုတိုက်ခိုက်ဖို့အတွက် ထက်မြက်တဲ့နည်းစနစ်တွေမရှိဘူး...သူတို့ရဲ့ကျင့်ကြံမှုတွေမှာလည်း ကိုယ်ပိုင်အတွေ့အကြုံရယ်လို့ မရှိဘူး...သူတို့က စွန့်စားမှုတွေလုပ်ဖို့ အပြင်ကိုမထွက်ဝံ့တာကြောင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ကန့်သတ်ထားတယ်...တဖြည်းဖြည်းနဲ့ သူတို့က အခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်မှာပဲ ရပ်တန့်သွားတယ်....သူတို့က ရွှယ်အင်မော်တယ်နယ်ပယ်ကိုရောက်နေပေမယ့် နက်နဲသိမ်မွေ့ပြီး ထူးချွန်တဲ့အဆင့်မျိုးကို မရောက်နိုင်ကြဘူး"
လုယွီ ထိုစကားများကို ပြောဆိုနေချိန်တွင် လူတိုင်း၏စိတ်အတွင်း၌ ထျန်းပိုယန်၏ပုံရိပ်က ထင်ဟပ်လာသည်။
ထိုတိုက်ပွဲအတွင်းတွင် ထျန်းပိုယန်နှင့်ချိုင်ကူဘိုးဘေးနှစ်ယောက်လုံးသည် ရွှယ်အင်မော်တယ်များဖြစ်သော်လည်း ကွာဟချက်မှာ အလွန်ကြီးမားလှ၏။ထျန်းပိုယန်သည် အချိန်အနည်းငယ်သာတောင့်ခံနိုင်ပြီး ရှုံးနိမ့်ခဲ့ရသည်။
"အဲ့ဒီအရာတွေက တကယ်တော့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်...အခုချိန်မှာ ပိုင်းခြားထားတဲ့ လောကီအင်မော်တယ်နဲ့ရွှယ်အင်မော်တယ်ဆိုတာ ရှေးဟောင်းအချိန်ကာလအတွင်းမှာတုန်းက တာအိုတတိယဆင့်မှာရှိတဲ့ နယ်ပယ်တူကျင့်ကြံသူတွေပဲ...ဒါပေမယ့် တစ်စုံတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်မဟာတာအိုကို ထိတွေ့နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...လုယွီ...ဒါကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ မင်းသိလား"
ချိုင်လုံရှင်းက ရုတ်တရက် မေးမြန်းလိုက်၏။
သူသည် အတိတ်နှင့်လက်ရှိဖြစ်ရပ်များအကြောင်းကို လေ့လာထားသူဖြစ်သဖြင့် သာမာန်ကျင့်ကြံသူများမသိရှိသောအရာများကို သူ သိရှိနားလည်ထားသည်။
ယခု လုယွီပြောဆိုသွားသောအကြောင်းအရာကို ရှေးဟောင်းစာအုပ်များအတွင်း၌ သူ မြင်တွေ့ဖူးသည်။သို့ရာတွင် ရှေးဟောင်းခေတ်ကာလအတွင်းမှ စစ်ပွဲများကြောင့် ရှေးဟောင်းကျင့်ကြံနည်းစနစ်အများစု မပြည့်မစုံဖြစ်နေသည့်အပြင် တချို့နည်းစနစ်များ ပျောက်ကွယ်သွားခဲ့သည်။
ယခုလက်ရှိချိန်တွင် ရွှယ်အင်မော်တယ်ဖြစ်စေ နယ်မြေသခင်ဖြစ်စေ သူတို့သည် မဟာတာအိုအပေါ် နားလည်သဘောပေါက်ထားမှုများရှိသော်လည်း ရွှယ်အင်မော်တယ်နယ်ပယ်အောက်ရှိလူများကို သင်ကြားပေးနိုင်ရန် လွန်စွာခက်ခဲသည်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"တကယ်တော့ ငါ သိထားတယ်"
လူအုပ်ကြီးအကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
လူတိုင်းသည် မွန်းစတားတစ်ကောင်ကို မြင်နေရသည့်အလား လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
ဤသည်က ရှေးဟောင်းအချိန်ကာလအတွင်း၌ ပျောက်ကွယ်ခဲ့သော ကျင့်ကြံနည်းစနစ်များပင်။မည်သည်ကြောင့် လုယွီက သိရှိနေရသနည်း။
ချိုင်လုံရှင်းသည်လည်း ကြက်သေသေနေလေ၏။အချိန်တခဏကြာပြီးနောက် သူက မေးမြန်းလိုက်သည်။
"အဲ့ဒီပျောက်ကွယ်သွားတဲ့ကျင့်ကြံနည်းစနစ်တွေကို မင်းသိနေတယ်လို့တော့ ငါ့ကိုမပြောနဲ့"
လုယွီ ငြင်းဆန်ခြင်းမပြုသည်ကိုကြည့်ပြီး ချိုင်လုံရှင်းက ခါးသည်းစွာပြုံး၍ ပြောဆိုသည်။
"ငါ့ရဲ့ရေခဲနန်းတော်မှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိနေတာကြောင့် တော်ဝင်နန်းတော်ငယ်လေးလို့တောင် လူတွေက တင်စားခေါ်ဝေါ်ကြတယ်...ဒါပေမယ့် မင်းနဲ့နှိုင်းယှဥ်ရင် ငါ ပိုင်ဆိုင်ထားတဲ့ရတနာတွေက အရမ်းအလှမ်းကွာဟနေတယ်"
ပတ်ဝန်းကျင်ရှိတပည့်များသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။
နက်နဲသိမ်မွေ့သော မဟာတာအိုကို လေ့လာဆင်ခြင်ခြင်း...ဤသည်က ကျင့်ကြံခြင်းလောက၏သံမဏိစည်းမျဥ်းပင်။
နယ်မြေသခင်မဆိုထားနှင့် တာအိုသခင်၏အကူအညီဖြင့်ပင် မြင့်မြတ်နယ်မြေများမှ မြင့်မြတ်သားတော် သမီးတော်များသည် မဟာတာအိုကို လေ့လာဆင်ခြင်နိုင်ရန်အတွက် အရင်ဆုံး ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိထားနိုင်ရန်လိုအပ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုသံမဏိစည်းမျဥ်းကိုချိုးဖျက်ရန် ရည်ရွယ်နေခြင်းပင်။
ထျန်းယွဲ့က နေရာမှခုန်ထကာ သရော်တော်တော်ပြောဆိုသည်။
"မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ...မဟာတာအိုကို အစွမ်းထက်တဲ့ရွှယ်အင်မော်တယ်တွေပဲ လေ့လာဆင်ခြင်နိုင်တယ်...ဒါက အခြေခံအကျဆုံးရှိရမယ့် အသိပညာပဲ...မင်းက ဒါကိုတောင် နားမလည်ဘဲနဲ့ ဟောပြောမှုပြုလုပ်ရဲတယ်...မင်းက တကယ့်ကို အကောင်းအဆိုးနားမလည်တဲ့ကောင်ပဲ"
လုယွီက ထျန်းယွဲ့ကို စောင်းငဲ့၍ကြည့်လိုက်သည်။
"တကယ်လို့ မင်း နားမထောင်ချင်ဘူးဆိုရင်...မင်း ထွက်သွားလို့ရတယ်"
ထျန်းယွဲ့က သူ၏ခေါင်းကိုမော့ကာ ပြောဆိုလေ၏။
"ငါ ထွက်မသွားဘူး...ငါက မင်းရဲ့အမှားတွေကို ထောက်ပြရအုံးမယ်...ဒါမှသာ တခြားသူတွေကို မင်း အယူအဆအမှားတွေ မပြောနိုင်တော့မှာ...."
ပတ်ဝန်းကျင်ရှိလူအများစု၏မျက်နှာများပေါ်တွင် အထင်သေးစက်ဆုပ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့အနက်မှ အများစုသည် လုယွီ၏ပြောစကားများအပေါ် သံသယဝင်နေကြသော်လည်း ဆက်လက်၍ နားထောင်လိုကြသည်။သို့ရာတွင် လုယွီ စတင်၍မပြောရသေးမီမှာပင် ထျန်းယွဲ့သည် ပြဿနာထရှာနေလေ၏။ထိုထျန်းယွဲ့သည် အလွန်အမင်း စိတ်အနှောက်အယှက် ပေးနိုင်သူပင်။
ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
"ဒီနေရာက ထွက်သွားစမ်း"
ထိုစကားနှင့်အတူ ပြင်းထန်သောမှော်စွမ်းအားလှိုင်းတစ်လှိုင်းက သူ၏အင်္ကျီလက်အတွင်းမှ တိုးထွက်လာသည်။ထိုမှော်စွမ်းအားများသည် လေထုအတွင်း၌ သိပ်သည်းသွားကာ ရေခဲစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ထျန်းယွဲ့ထံသို့ တိုးဝင်သွားသည်။
ထျန်းယွဲ့၏မျက်နှာဖြူရော်သွားပြီး သူက ထိတ်လန့်ကြောက်ရွံစွာဖြင့် ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။
သို့ရာတွင် သူ မတ်တတ်ထရပ်လိုက်သည်နှင့် သူ၏နံဘေးပတ်လည်ရှိ တပည့်အမြောက်အများက သူ့အား တပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြသည်။ထိုတပည့်များ၏မှော်စွမ်းအားလှိုင်းများက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
"မကောင်းတော့ဘူး"
ထျန်းယွဲ့၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
ဘုန်း...
တပည့်များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထျန်းယွဲ့သည် ခန်းမ၏ပြင်ပသို့လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိတော့သည်။
Chapter 2565
ယနေ့တွင် ထျန်းယွဲ့သည် ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏ဝတ်စုံတစ်ထည်လုံး ဖုန်မှုန့်များဖုံးလွှမ်းနေကာ အလွန်ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိနေသည်။
သူက အံ့တင်းတင်းကြိတ်ကာ သူ့အားတိုက်ခိုက်ခဲ့သော ကျောင်းတော်တပည့်များကိုကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်းတို့အားလုံးက ကျောင်းတော်ထဲမှာတောင် ငါ့ကို တိုက်ခိုက်ဝံ့တာလား"
"ဘယ်သူက စည်းကမ်းဖောက်ဖျက်လို့လဲ...တာအိုဟောပြောပွဲကျင်းပနေတဲ့အချိန်မှာ ငါတို့က တပည့်အချင်းချင်းထောက်ပြခွင့်ရှိတယ်"
"ဒါက အမှန်ပဲ...တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင်...ငါတို့ကို ပြန်ပြီးစိန်ခေါ်လေ"
ထိုလူများ၏စကားကိုကြားချိန်တွင် ထျန်းယွဲ့က မြေပြင်ပေါ်သို့ ခြေဆောင့်နင်းကာ ဒေါသတကြီးပြောဆိုသည်။
"မင်းတို့က လူအရေအတွက်များတယ်ဆိုပြီးတော့ ကျောင်းတော်တူတပည့်အချင်းချင်း အနိုင်ကျင့်တယ်...ငါ ဒီကိစ္စကို လက်ထောက်ကျောင်းအုပ်ဆီ သတင်းပို့မယ်"
လူအုပ်ကြီးအကြားမှနေ၍ သရော်တော်တော်ရယ်မောသံများ ပို၍ကျယ်လောင်လာသည်။
"တကယ်လို့ မင်းမှာအရည်အချင်းရှိတယ်ဆိုရင် သွားပြီးသတင်းပို့လေ...မင်းက လုယွီကို ဝိုင်းပြီးတိုက်ခိုက်ဖို့ လူတွေစေလွှတ်ခဲ့တယ် မဟုတ်ဘူးလား...ဘာလဲ...မင်းက လုယွီကိုပဲ တခြားလူတွေကဝိုင်းပြီးတိုက်ခိုက်လို့ရတယ်...ငါတို့ မင်းကို တိုက်ခိုက်တာကျ မရဘူးလား"
ထျန်းယွဲ့သည် အလွန်ဒေါသထွက်နေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သို့ရာတွင် သူသည် ထိုတပည့်များ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို ကောင်းစွာနားလည်သဘောပေါက်ထားပေ၏။
အစောပိုင်းကတိုက်ခိုက်မှုတွင် အနည်းဆုံး စီနီယာတပည့်ဆယ်ယောက်ကျော်ပါဝင်သည်။ထို့ပြင် တခြားသူများကို မဆိုထားနှင့် ချိုင်လုံရှင်းတစ်ယောက်တည်းဖြင့်ပင် သူ့အား ခြေမွှပစ်ရန်လုံလောက်သည်။
အစောပိုင်းက လုယွီအားတိုက်ခိုက်ခဲ့သော သူ၏အပေါင်းအဖော်များအားလုံး ကျင့်ကြံဆင့်ပျက်စီးသွားကြလေပြီ။ထျန်းယွဲ့သည် တစ်ယောက်တည်းကျန်ရှိတော့သဖြင့် ကူကယ်ရာမဲ့ဖြစ်နေကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
"မင်းတို့ စောင့်နေကြ...အနှေးနဲ့အမြန် ဒီကောင်လေးက မင်းတို့ကို လမ်းမှားဆီခေါ်ဆောင်သွားမှာပဲ"
ဤနေရာတွင် သူ ဆက်၍နေနေပါက တခြားသူများ၏လှောင်ပြောင်ရယ်မောခြင်းကိုသာ ဆက်လက်၍ ခံယူရပေမည်။ထို့ကြောင့် ထျန်းယွဲ့က နောက်သို့လှည့်ကာ ထွက်ခွါခဲ့တော့သည်။
ထျန်းယွဲ့ထွက်ခွါသွားပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်းက လုယွီကို စူးစိုက်၍ကြည့်နေကြကာ သူ နောက်ထပ် မည်သည့်အရာအား ဆက်၍ပြောဆိုမည်ကို စောင့်ကြည့်နေကြ၏။
လုယွီက ရှင်းပြခြင်းမပြုချေ။ထိုအစား သူက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ဘုန်း...
ထိုမှော်မန္တန်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ ခန်းမ၏နံရံများ ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
ခန်းမအတွင်းရှိ ဖယောင်းတိုင်မီးများအားလုံးသည် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုက်ခတ်ခြင်းကို ခံလိုက်ရသည့်အလား လှုပ်ယမ်းသွားကြ၏။
ထိုမှော်မန္တန်၏အဓိပ္ပါယ်ကို ခန်းမအတွင်းရှိမည်သူမျှ နားမလည်ကြချေ။သို့ရာတွင် သူတို့၏စိတ်အတွင်း၌ ထိုအသံသည် ခေါင်းလောင်းတီးခတ်သံအလား ကျယ်လောင်စွာမြည်ဟီးသွားကာ သူတို့၏အတွေးများအားလုံးကို ရှင်းလင်းသွားစေသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ မည်သည့်အသံဗလံမျှ မကြားရတော့ချေ။
ထို့နောက် လုယွီက မှော်မန္တန်တစ်ပုဒ်ကို ထပ်မံ၍ရွတ်ဆိုလိုက်၏။
ထိုမှော်မန္တန်များမှစကားလုံးတစ်လုံးစီသည် အနာဂတ်မျိုးဆက်များ၏ ဘာသာစကားမဟုတ်သော်လည်း ထိုအရာထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိတပည့်များအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များအနက်မှ ခေါင်းမာတတ်သူများဖြစ်စေ မောက်မာဝံ့ကြွားတက်သူများဖြစ်စေ သူတို့အားလုံးသည် လုယွီ၏ဟောပြောမှုအောက်၌ နစ်မြောသွားကြ၏။
လုယွီ မည်ကဲ့သို့နည်းလမ်းအား အသုံးပြုလိုက်သည်ကို မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် မည်သူကမျှ ငြင်းဆန်ရန် ရွေးချယ်ခြင်းမပြုပေ။အကြောင်းအရင်းမှာ ဤကဲသို့အခြေအနေအောက်တွင် သူတို့၏ကိုယ်ပိုင်အပြောင်းအလဲများကို ခံစားမိခြင်းကြောင့်ပင်။
ဤသည်က ကာလရှည်ကြာဖုန်တက်ခဲ့သော သူတို့၏ဦးနှောက်ကို ရုတ်တရက်ရှင်းထုတ်လိုက်ခြင်းကြောင့် ဥာဏ်အလင်းပွင့်လာခြင်းနှင့်တူညီသည်။
လူတိုင်း၏ရှေ့တွင် သူတို့၏ကိုယ်ပိုင်ပုံရိပ်ယောင်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ထွက်ပေါ်လာကာ သူတို့သည် ဤအခြေအနေအတွင်းတွင် နက်ရှိုင်းစွာ နစ်မြုပ်နေကြ၏။
ဤသည်က မဟာတာအိုမှော်မန္တန်ပင်။
လုယွီနှင့်အမတ်ကြီးချွယ် ပထမဆုံးတွေ့ဆုံစဥ်က အမတ်ကြီးချွယ်သည် မဟာတာအိုမှော်မန္တန်ကိုအသုံးပြု၍ အမွေအနှစ်ကို လုယွီထံသို့ လက်ဆင့်ကမ်းခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်တစ်ယောက်တွင် အမွေအနှစ်များစွာရှိသည်။ထိုအမွေအနှစ်ကို စကားဖြင့်ဖြစ်စေ စာရေး၍ဖြစ်စေ လွှဲပြောင်းပေးပါက သက်ရောက်မှုနှုန်း လွန်စွာနိမ့်ပါးပေမည်။
ရှေးဟောင်းအချိန်ကာလများအတွင်းတွင် အင်မော်တယ်များသည် တာအိုဟောပြောရာ၌ မဟာတာအိုမှော်မန္တန်ဖြင့်သာ အချင်းချင်းဆက်သွယ်လေ့ရှိသည်။ဤနည်းလမ်းဖြင့် အချိန်တခဏအတွင်းတွင် ထောင်နှင့်ချီသောအတွေးများ ပေါက်ဖွားနိုင်ကာ တစ်ရက်ကျင့်ကြံခြင်းသည် ရက်ပေါင်းရာနှင့်ချီ၍ကျင့်ကြံခြင်းထက် ပို၍ကောင်းမွန်သည်။
အကယ်၍ ယခင်ကဆိုပါက လုယွီသည် ထိုမှော်မန္တန်ကို အသုံးပြုနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိအချိန်တွင် လုယွီထံ၌ ရှေးဟောင်းသိုင်းသူတော်စင်တစ်ယောက်၏ရုပ်ခန္ဓာကိုယ် ရှိနေလေပြီ။သူ၏ ရုပ်ခန္ဓာကိုယ်သာမက သူ၏စိတ်စွမ်းအားသည်လည်း ယခင်ထက် အဆများစွာ အားကောင်းလာခဲ့သည်။ယခင်က ဆရာမရှိဘဲကျင့်ကြံခဲ့ရသဖြင့် ရှုပ်ထွေးခဲ့ရသော နယ်ပယ်များကို ယခုချိန်တွင် အမှန်ကိုမြင်နိုင်ခဲ့ကာ အတွေးများစွာကိုပင် ဆင့်ကဲပေါက်ဖွားစေနိုင်ခဲ့သည်။သူသည် မဟာတာအိုမှော်မန္တန်ကိုရွတ်ဆိုကာ ထောင်နှင့်ချီသောလူများကို တည်ငြိမ်အေးဆေးစွာ သင်ကြားပေးနိုင်လေ၏။
Thank For Reading.