အခန်း (၂၅၈၆-၂၅၉၀)
Vol. 133 Ch. 2586-2590
Chapter 2586
အတိတ်ဘဝတွင် လုယွီသည် သေမျိုးတစ်ယောက်အဖြစ်မှနေ၍ ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြံသူအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။သူသည် သူ၏ကိုယ်ပိုင်ခွန်အားကိုအမှီပြု၍ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ခဲ့သူပင်။
လုယွီ၏ရှေ့၌ ဤသွေးနတ်ဆိုးဘုရင်တွင် မည်သည့်အားသာချက်မျှမရှိချေ။
ဘုန်း....ဘုန်း...ဘုန်း...
ပြင်းထန်သောတိုက်ပွဲ၏ နောက်ဆက်တွဲတုန်ခါမှုလှိုင်းများက နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
သွေးနတ်ဆိုးများ တည်ထောင်ထားသော နန်းတော်များသည် ထိုတုန်ခါမှုလှိုင်းများကြောင့် ပျက်စီးသွားလေ၏။
"သောက်ချေးပဲ"
သူ၏နန်းတော်များ တစ်ခုပြီးတစ်ခုပျက်စီးသွားသည်ကိုမြင်ချိန်တွင် သွေးနတ်ဆိုးဘုရင်က အလွန်ဒေါသထွက်သွားသည်။
သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားကာ လက်နှစ်ဖက် ထပ်မံ၍ထွက်ပေါ်လာသည်။ထို့နောက် သူ၏လက်လေးဖက်ဖြင့် တံစဥ်ကို ဆုပ်ကိုင်လိုက်သည်။တံစဥ်သည် သူ၏လက်များအတွင်း၌ တံစဥ်လေးလက်အဖြစ်ကွဲထွက်သွားကာ ရှေ့နောက်ဝှေ့ယမ်းလိုက်သဖြင့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
"အရမ်း နှေးလွန်းတယ်"
လုယွီ၏မျက်လုံးအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။သူက ခြေတစ်လှမ်းရှေ့တက်ကာ ခေါင်းဖြတ်ဓားဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။အစောပိုင်းကမှ ထွက်ပေါ်လာသော သွေးနတ်ဆိုးဘုရင်၏လက်နှစ်ဖက် ပြတ်တောက်သွားလေပြီ။
သွေးနတ်ဆိုးဘုရင်သည် စူးရှနာကျင်စွာအော်ဟစ်ပြီး သူ၏ကျန်ရှိနေသော လက်နှစ်ဖက်မှတံစဥ်နှစ်လက်ကို ထပ်မံ၍ဝှေ့ယမ်းလိုက်သည်။
သို့ရာတွင် လုယွီက ထိုတံစဥ်များကို ရှောင်တိမ်းခြင်းမပြုချေ။ထိုအစား သူက ခြေလှမ်းရှေ့တိုးကာ သွေးနတ်ဆိုးဘုရင်၏ရှေ့သို့ ရောက်ရှိသွားသည်။
"မြေအောက်လောကနတ်ဘုရားရဲ့ အမျက်ဒေါသခုတ်ပိုင်းချက်"
ခေါင်းဖြတ်ဓားသည် တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းအရှိန်နှင့်အတူ အောက်သို့ကျရောက်သွားသည်။သွေးနတ်ဆိုးဘုရင်သည် သူ၏တံစဥ်ဖြင့် အလျှင်အမြန်ကာကွယ်ဟန့်တားလိုက်သော်လည်း သူရင်ဆိုင်နေရသောစွမ်းအားသည် ထိုက်တောင်ကြီးတမျှ လေးလံလေရာ သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ပတ်ဝန်းကျင်ရှိ သွေးနတ်ဆိုးများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သော သွေးနတ်ဆိုးဘုရင်သည် လူသားတစ်ယောက်၏လက်အတွင်း၌ ရှုံးနိမ့်သွားရမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
"လူသား...ငါတို့ စကားပြောကြရအောင်"
သတိပြန်ရလာသော သွေးနတ်ဆိုးဘုရင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုယွီသည် သူ ယခင်ကကြုံတွေ့ခဲ့ဖူးသော လူသားများနှင့် ကွဲပြားခြားနားပေ၏။
လုယွီ၏စွမ်းအားသည် အလွန်ပြင်းထန်သဖြင့် အစွမ်းထက်သည်ဟု နာမည်ကျော်ကြားခဲ့သော သွေးနတ်ဆိုးဘုရင်ပင်လျှင် ခုခံနိုင်ခဲ့ခြင်းမရှိချေ။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ လုယွီသည် ခွန်အားကုန်အသုံးပြုထားခြင်းမရှိကြောင်း သွေးနတ်ဆိုးဘုရင်က ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ဤသည်က သွေးနတ်ဆိုးဘုရင်၏ ခုခံတိုက်ခိုက်လိုသော အတွေးများအားလုံးကို ပျောက်ကွယ်သွားစေသည်။
"မင်းက ဘာပြောချင်တာလဲ"
လုယွီက မေးမြန်းလိုက်၏။
"ငါက မှော်ရတနာတွေအများကြီး စုဆောင်းထားတယ်...မင်း အဲ့ဒါတွေအားလုံးကို ယူနိုင်တယ်...ငါက လက်ကမ်းပြီး မင်းနဲ့ငြိမ်းချမ်းရေးယူချင်တယ်...အဲ့ဒီရတနာတွေအားလုံးက မင်းရဲ့အပိုင်ပဲ"
သွေးနတ်ဆိုးဘုရင်က ပြောဆိုသည်။
"မင်းကို သတ်လိုက်ရင်...အဲ့ဒီမှော်ရတနာတွေအားလုံးက ငါ့ရဲ့အပိုင် ဖြစ်လာမှာပဲ"
လုယွီက ခေါင်းဖြတ်ဓားကိုမြှောက်ကာ အောက်သို့ခုတ်ပိုင်းလိုက်သည်နှင့် သွေးနတ်ဆိုးဘုရင်သည် ခေါင်းနှင့်ကိုယ် တခြားစီဖြစ်သွားတော့သည်။
ယွဲ့ချင်းရန်က ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်း...သွေးနတ်ဆိုးဘုရင်ကို သတ်လိုက်တာလား"
ဤသည်က သွေးနတ်ဆိုးဘုရင်ပင်။သူ၏ခွန်အားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး သူသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သည်။
သို့ရာတွင် လုယွီ၏လက်အတွင်း၌ သွေးနတ်ဆိုးဘုရင်သည် သူတော်စင်နတ်ဆိုးဧကရာဇ်ထက် အနည်းငယ်သာအားကောင်းပုံရကာ အဆုံးသတ်၌ သေဆုံးခဲ့ရသည်။
"ဒါက နတ်ဆိုးနည်းစနစ်တွေနဲ့ အဆင့်တက်လာတဲ့ကောင်...အစောပိုင်းအဆင့် ရွှယ်အင်မော်တယ်တစ်ယောက်ထက်တောင် ပိုပြီးအားနည်းတယ်"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလေ၏။
ထိုစကားမှာ ယွဲ့ချင်းရန်အား ရင်တုန်ပန်းတုန်ဖြစ်သွားစေသည်။
သွေးနတ်ဆိုးဘုရင်၏ခွန်အားသည် အစောပိုင်းအဆင့်ရွှယ်အင်မော်တယ်တစ်ယောက်ထက် အားနည်းသည်ဟု လုယွီက ပြောဆိုခဲ့သည်။ဖြစ်နိုင်သည်မှာ လုယွီသည် ယခင်က အစောပိုင်းအဆင့်ရွှယ်အင်မော်တယ်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသလော။
ဝေါင်း....
သွေးနတ်ဆိုးဘုရင်၏သေဆုံးမှုကို ပတ်ဝန်းကျင်ရှိသွေးနတ်ဆိုးများအားလုံး အာရုံခံမိသွားသည်။
မရေမတွက်နိုင်သောသွေးနတ်ဆိုးများသည် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးကာ လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာကြ၏။
"သေစမ်း"
သွေးနတ်ဆိုးများအားလုံး စူးရှကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးနေကြသည်။
ဤနေရာတွင် သန်းနှင့်ချီသော သွေးနတ်ဆိုးများ စုဝေးနေသဖြင့် သူတို့ထံမှ အရှိန်အဝါများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် ထွက်ပေါ်နေသည်။သူတို့၏တပြိုင်နက်တည်း အော်ဟစ်ကြုံးဝါးသံများသည် မိုးခြိမ်းသံတမျှ ကျယ်လောင်နေပေ၏။
"မင်းတို့အားလုံးက ဒီနေရာမှာ အသေခံကြမလို့လား...ကောင်းတယ်"
လုယွီက လေထုအတွင်းသို့ခုန်တက်လိုက်ပြီးနောက် ရှေးကျပြီး ကြီးကျယ်ခမ်းနားသော ပုံရိပ်ယောင်ကြီးတစ်ခုက သူ၏နောက်၌ ထွက်ပေါ်လာသည်။
အစွမ်းထက်သောရှေးဟောင်းသိုင်းပညာနည်းစနစ်သည် ရှေးဟောင်းခေတ်မှအစွမ်းထက်နတ်ဘုရားများကို လှုံဆော်နိုင်စွမ်းရှိကာ ပြင်းထန်သောတိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည်။
ဧရာမခြေဖဝါးပုံရိပ်ယောင်ကြီးတစ်ဖက်က လေဟာနယ်အတွင်းမှ ထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးဟောင်းနတ်ဘုရား ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ..
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် မြေပြင်ကြီးအက်ကွဲသွားကာ ရှေ့သို့တဟုန်ထိုးပြေးဝင်လာသော သွေးနတ်ဆိုးများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
မြောက်မြားစွာသော သွေးနတ်ဆိုးများသည် လေထုအတွင်းသို့ ပျံတက်လိုကြသေည်လည်း မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်က သူတို့၏ခေါင်းများထက်တွင်ဖိစီးထားကာ သူတို့အား မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။
Chapter 2587
သွေးနတ်ဆိုးများသည် အက်ကွဲကြောင်းကြီးအတွင်းသို့ အဆက်မပြတ်ပြုတ်ကျနေကြ၏။
ဘုန်း....ဘုန်း....
မြေပြင်တစ်ပြင်လုံး တုန်ခါနေသည်။လုယွီ၏အနီးပတ်ဝန်းကျင်ရှိမြေပြင် ကျွံဝင်စပြုလာသည်။သွေးနတ်ဆိုးများ၏မြို့တစ်မြို့လုံး မြေပြင်ကျွံဝင်လာမှုနှင့်အတူ ပြိုလဲသွားကာ ကြီးမားနက်ရှိုင်းသော အက်ကွဲကြောင်းကြီးအတွင်းသို့ ပြုတ်ကျသွားတော့သည်။
"သူ....သူက ရွှယ်အင်မော်တယ်တစ်ယောက်လား"
ယွဲ့ချင်းယန်သည် လုယွီကို စူးစိုက်၍ကြည့်လိုက်မိကာ သူ၏စိတ်နှလုံးသားတစ်ခုလုံး ကဆုန်စိုင်းခုန်ပေါက်နေသည်။
အကြောင်းအရင်းမှာ သူသည် လုယွီနှင့်အနီးကပ်ဆုံးနေရာတွင် နေနေသော်လည်း မည်သည့်သက်ရောက်မှုမျိုးကိုမျှ မခံစားရသောကြောင့်ပင်။
သို့ရာတွင် သူ၏ပတ်ဝန်းကျင်ရှိ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းများကိုကြည့်၍ သွေးနတ်ဆိုးများ မည်ကဲ့သို့စွမ်းအားမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်ကို သူ ခံစားနိုင်သည်။
သန်းနှင့်ချီသောနတ်ဆိုးများသည် တပြိုင်နက်တည်း လုယွီကို တိုက်ခိုက်ခဲ့ကြသော်လည်း သူ၏အနီးသို့ပင် ချဥ်းကပ်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။သွေးနတ်ဆိုးများအနက်မှအများစုသည် အက်ကွဲကြောင်းကြီးအတွင်းသို့ ကျရောက်သွားလေပြီ။
ဝုန်း....
သွေးနတ်ဆိုးမြို့တော်သည် တစ်ဝက်ခန့် လုံးလုံးလျားလျား ပျက်စီးသွားကာ ရံဖန်ရံခါ ကျောက်တုံးများ ပြုတ်ကျနေသည်။
အထက်စီးမှကြည့်ပါက ယခုလက်ရှိချိန်၌ သွေးနတ်ဆိုးမြို့တော်သည် ကွဲအက်သွားသော ကမ်းပါးအစွန်း၌ရှိနေကာ အက်ကွဲကြောင်းချောက်နက်ကြီးအတွင်းသို့ အချိန်မရွေးပြုတ်ကျသွားနိုင်ကြောင်း တွေ့မြင်ရပေမည်။
လုယွီ၏လှုပ်ရှားမှုသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းရှိ ရှုခင်းတစ်ခုလုံးကို ပြောင်းလဲသွားစေသည်။နက်ရှိုင်းပြီးကျယ်ဝန်းသော အက်ကွဲကြောင်းများက နေရာအနှံ့အပြား၌ရှိနေသည်။ထိုအက်ကွဲကြောင်းများသည် အလွန်နက်ရှိုင်းသဖြင့် အောက်ခြေကိုပင် မမြင်တွေ့နိုင်ချေ။ရံဖန်ရံခါ သွေးနတ်ဆိုးများ၏ စူးရှနာကျင်စွာအော်ဟစ်သံများ အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။
သွေးနတ်ဆိုးများ အဆုံးသတ်သွားပြီဖြစ်ကြောင်းကို ယွဲ့ချင်းရန်က ကောင်းစွာသိရှိထားသည်။
လုယွီ၏ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် ယခုလောက်ထိကြီးမားသောစွမ်းအားကို ထုတ်ဖော်အသုံးပြုခဲ့သည့်တိုင် အင်အားကုန်ဖြန့်ကျက်ခဲ့ခြင်းမရှိကြောင်း သိသာထင်ရှားလှ၏။
"ငါတို့ ခု ဘာလုပ်ကြမလဲ...ကူးပြောင်းရေးဝင်္ကပါအမှတ်ကို ရှာကြမလား"
ယွဲ့ချင်းရန်က မေးမြန်းသည်။
လုယွီက ခေါင်းခါပြကာ ပျက်စီးနေသော သွေးနတ်ဆိုးမြို့တော်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"အထဲကိုဝင်ပြီး တစ်ချက်ကြည့်ရအောင်"
တစ်ချိန်တုန်းက ထိုမြို့တော်သည် လူသားများအတွက် အလွန်အန္တရာယ်များသော တားမြစ်နယ်မြေတစ်ခုဖြစ်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏သွေးဖြင့်ဆေးကြောခြင်းအောက်တွင် မည်သည့်အန္တရာယ်မျှမရှိတော့ချေ။
ယွဲ့ချင်းရန်က ခြောက်ကပ်ကပ်ပြုံးလိုက်၏။ယခုလက်ရှိချိန်တွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့ချေ။
လုယွီက သွေးနတ်ဆိုးမြို့တော်၏ အလယ်ဗဟိုအကျဆုံးနေရာသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံတစ်ခုလုံးကို နယ်မြေကြီးသုံးခုပိုင်းခြားထားကာ သွေးနတ်ဆိုးမျိုးနွယ်သုံးခုက ပူးပေါင်း၍ထိန်းချုပ်ထားသည်။
သွေးနတ်ဆိုးဘုရင်၏နန်းတော်ပင်လျှင် မြို့တော်၏အလယ်ဗဟို၌ ရှိမနေချေ။ဤသည်က သွေးနတ်ဘုရားကို ဝတ်ပြုကိုးကွယ်သော အထူးသီးသန့်နေရာတစ်ခုပင်။
"ဒီနေရာမှာ နတ်ဘုရားတစ်ပါးရှိနေတယ်လို့ မင်း ပြောချင်တာလား"
လုယွီက မျောက်ထံသို့ အသံပေးပို့၍ မေးမြန်းသည်။
အစောပိုင်းက မျောက်သည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် မြို့တော်အတွင်း၌ပုန်းအောင်းနေသော နတ်ဘုရားတစ်ပါးကို အာရုံခံမိကြောင်း လုယွီအား ပြောဆိုခဲ့သည်။
ထို့ကြောင့် လုယွီသည် နောက်ဆုံးအချိန်အခိုက်အတန့်တွင် သူ၏စွမ်းအားကို ပြန်ရုတ်သိမ်းကာ မြို့တော်တစ်ခုလုံးကို ကျင်းနက်ကြီးအတွင်းသို့ ကျွံဝင်မသွားစေခြင်းဖြစ်သည်။
မျောက်၏အသံက အနည်းငယ်သတိထားနေပုံရှိသည်။
"မင်း ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်...ဒီနတ်ဘုရားက ငါတို့ အရင်တုန်းက ရင်ဆိုင်ခဲ့ဖူးတဲ့ နတ်ဘုရားအကြွင်းအကျန်စိတ်ဝိညာဥ်တွေနဲ့ ကွဲပြားခြားနားတယ်"
လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် ရှုရာနတ်ဘုရား မီးနတ်ဘုရား တစ္ဆေဧကရာဇ်နှင့် ဟောင်တုနတ်ဘုရားတို့ကို ဆက်တိုက်ဆိုသလိုပင် အမြစ်ပြတ်သုတ်သင်ခဲ့သည်။
သို့ရာတွင် ထိုနတ်ဘုရားများသည် အစစ်အမှန်ဖြစ်ပြီး ပြီးပြည့်စုံသောနတ်ဘုရားများမဟုတ်ချေ။သူတို့အား အကြွင်းအကျန်စိတ်ဝိညာဥ်ဟုသာ ယူဆနိုင်သည်။
ထိုအချိန်တုန်းက ရှုရာနတ်ဘုရားသည် နှလုံးတစ်ခုသာ ကျန်ရှိလေရာ သက်ရှိပစ်မှတ်တစ်ခုနှင့်သာတူညီသည်။မီးနတ်ဘုရားနှင့်တစ္ဆေဧကရာဇ်တို့သည် စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ သေမင်းတံခါးဝတွင် ရုန်းကန်နေရသော အကြွင်းအကျန်စိတ်ဝိညာဥ်များဟုသာ ယူဆနိုင်လေ၏။ဟောင်တုနတ်ဘုရားကမူ အစစ်အမှန်နတ်ဘုရားမ၏စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုမျှသာရှိသည်။
လုယွီသည် အတိတ်ဘဝအတွင်း၌ စစ်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသည်။သို့ရာတွင် ထိုအချိန်တုန်းက သူသည် ကောင်းကင်ဘုံနယ်မြေ၏ထိပ်ဆုံးနေရာ၌ ရပ်တည်နေခဲ့သော တာအိုသခင်တစ်ယောက်ပင်။
ယခုလက်ရှိချိန်၌ လုယွီသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေသည်။အကယ်၍ သူသည် နတ်ဘုရားတစ်ပါးကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုပါက ပိုးဖလံတစ်ကောင် မီးထဲတိုးဝင်သည့်အလား သူ့ကိုယ်သူ သေလမ်းရှာနေခြင်းပင်။
"နတ်ဘုရားသွေးစက်တွေ မလုံလောက်သေးဘူး"
လုယွီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ သူ၏အန္တရာယ်များ အနည်းငယ်လျော့ပါးပေမည်။သူ၏ရန်သူတော်များသည် သူတော်စင်၏မျက်နှာဖြင့် သူ့အား ကျောင်းတော်အတွင်း၌ တိုက်ခိုက်မည်မဟုတ်ချေ။
သို့ရာတွင် သူ ကျောင်းတော်မှထွက်ခွါလိုက်သည်နှင့် သူ့အားသတ်ဖြတ်ရန်ကြိုးစားမည့် လူအမြောက်အများ ရှိလာပေလိမ့်မည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တစ်ခုတည်းနှင့်ပင် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများမှ သူ့အားပစ်မှတ်ထားရန် လုံလောက်သည်။
ထို့ပြင် သူ့ထံတွင် ရှကွေ့ကျုံးနှင့်ရှောင်မိသားစုကဲ့သို့ မဟာရန်သူတော်ကြီးများရှိနေသည်။
Chapter 2588
နတ်ဘုရားသွေးစက်တစ်စက်သည် လုယွီအား သူ၏အတိတ်ဘဝမှစွမ်းအား ဆယ်ရာခိုင်နှုန်းကို အချိန်တခဏကြာခန့် ပြန်လည်ရရှိစေနိုင်သည်။
ထိုစွမ်းအား၁၀ရာခိုင်နှုန်းသည် မရေမတွက်နိုင်သောယင်ကောင်ငယ်များကိုဖိနှိပ်ရန် လုံလောက်ပေ၏။
"ချမ်းသာကြွယ်ဝမှုဆိုတာ အန္တရာယ်ကြားကလာတာ...အခု ငါက ဒီနေရာကို ရောက်နေမှတော့ တစ်ချက်သွားကြည့်ဖို့ကို ဘာလို့ကြောက်နေရမှာလဲ"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ယခင်က ကျောင်းတော်မှအစွမ်းထက်ကျင့်ကြံသူများသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို နေရာမချမီ အတွင်းရောအပြင်ပါ စစ်ဆေးခဲ့ကြသည်။အကယ်၍ နတ်ဘုရားတစ်ပါး၏အရိပ်အယောင်ရှိနေပါက သူတို့သည် သေချာပေါက်ရှာတွေ့ပေလိမ့်မည်။
သို့ရာတွင် နတ်ဘုရားများအပေါ် မျောက်၏အာရုံခံနိုင်မှုသည် သာမာန်ကျင့်ကြံသူများထက် များစွာပို၍မြင့်မားသည်။
ယခင်ကိစ္စများတွင် မျောက်သည် ပုန်းအောင်းနေသောနတ်ဘုရားများ၏သဲလွန်စများကို လုယွီထက် ကြိုတင်၍ခန့်မှန်းနိုင်ခဲ့လေ၏။
"သူက အရမ်းနက်ရှိုင်းတဲ့နေရာမှာ ပုန်းအောင်းနေတယ်...အဲ့ဒီနတ်ဘုရားက ဒီနေရာကို အုပ်ချုပ်နေပုံရတယ်...ဒါပေမယ့် သူက ဘယ်တော့မှကိုယ်ထင်မပြဘူး...အပြင်မှာ အစွမ်းထက်ကျင့်ကြံသူတွေရှိနေတာကို သိတဲ့အတွက် သူက ဒီနေရာမှာ ပုန်းအောင်းနေတာပဲ...သူ ထွက်ခွါသွားဖို့ အခွင့်အရေးရလာမယ့်တစ်နေ့ကို သူက စောင့်ဆိုင်းနေတာ"
မျောက်က တီးတိုးပြောဆိုသည်။
လုယွီက မျောက်အား မေးမြန်းသည်။
"သူ ဘယ်နေရာမှာရှိနေလဲဆိုတာ မင်း အာရုံခံနိုင်လား
မျောက်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...သူ ဘယ်လောက်ပဲလုံခြုံအောင် ပုန်းအောင်းနေပါစေ...ဘယ်လိုလုပ်ပြီး ငါ့ကို လှည့်စားနိုင်မှာလဲ...ဒီရှေ့က ဘုရားကျောင်းက ဟန်ပြသက်သက်ပဲ...သူက ဘုရားကျောင်းရဲ့နောက်က ဝါးတောအုပ်ထဲမှာ ပုန်းအောင်းနေတယ်"
"ကောင်းပြီလေ"
လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။သူ၏လက်ဝါးအတွင်းမှ မှော်စွမ်းအားများပွင့်အံထွက်သွားကာ လေဟာနယ်အတွင်း၌ ဧရာမလက်ဝါးပုံရိပ်ယောင်ဆယ်ခုကျော်အဖြစ် ဖွဲ့စည်းသွားသည်။ထိုလက်ဝါးပုံရိပ်ယောင်များဖြင့် သူ့ရှေ့ရှိဘုရားကျောင်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ဤနေရာသည် သွေးနတ်ဆိုးများမှနေ၍ သွေးနတ်ဘုရားကို ဝတ်ပြုကိုးကွယ်သော နေရာတစ်ခုပင်။
ထို့ကြောင့် ဘုရားကျောင်းမှာ အလွန်ကြီးကျယ်ခမ်းနားသည်။သွေးနတ်ဆိုးများသည် မြေအောက်သက်ရှိတချို့နှင့် ကွဲပြားခြားနားလေ၏။သူတို့သည် ဥာဏ်ရည်ဥာဏ်သွေးမြင့်မားသဖြင့် ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းကို တည်ဆောက်နိုင်သည်မှာ အံ့အားသင့်စရာမရှိချေ။
ဘုန်း....
ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ဖုန်မှုန့်များလေထုအတွင်းသို့ ပျံ့လွင့်သွားကာ ကြီးမားသောဘုရားကျောင်းကြီးတစ်ခုလုံး ချက်ချင်းဆိုသလိုပင် ပျက်စီးသွားခဲ့သည်။
လုယွီက ထိုအပျက်အစီးများပေါ်မှဖြတ်ကျော်ကာ ဘုရားကျောင်း၏နက်ရှိုင်းသောနေရာထံသို့ ဦးတည်၍သွားလိုက်သည်။
ယွဲ့ချင်းရန်သည်လည်း လုယွီ၏နောက်မှ လိုက်ပါခဲ့လေ၏။သူသည် ထပ်မံ၍ ထိတ်လန့်ကြောက်ရွံနေခြင်း မရှိတော့ချေ။
လုယွီသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် သန်းနှင့်ချီသောသွေးနတ်ဆိုးများအား သတ်ဖြတ်ခဲ့သည်ကို သူ မြင်တွေ့ပြီးနောက် ကြွင်းကျန်သောအရာများသည် အသေးအဖွဲသက်သက်ပင်။
"လူသား...မင်း အရမ်းလွန်လာပြီ"
မြင့်မားသောသွေးနတ်ဆိုးနှစ်ကောင်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုသွေးနတ်ဆိုးနှစ်ကောင်သည် သူတို့၏မူလသွင်ပြင်သို့ ပြောင်းလဲထားသည်။သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမားကာ သူတို့၏နောက်ကျော၌ ရှည်လျားသောအနက်ရောင်တောင်ပံတစ်စုံရှိနေသည်။ထိုတောင်ပံတစ်စုံကို ဖြည်းညှင်းစွာ ဖြန့်ကားလိုက်စဥ်တွင် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ သွေးညှီနံများဖြင့် ပြည့်နှက်သွားသည်။
ဤသည်က တခြားသွေးနတ်ဆိုးမျိုးနွယ်နှစ်ခု၏ သွေးနတ်ဆိုးဘုရင်များပင်။
လုယွီ သွေးနတ်ဆိုးများအား သတ်ဖြတ်နေသည့်အချိန်၌ပင် သူတို့သည် ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။
ကြည့်ရသည်မှာ လုယွီသည် သူတို့၏မျိုးနွယ်ဝင်များအားလုံးကို အမြစ်ပြတ်သုတ်သင်လျှင်ပင် သူတို့သည် ဂရုစိုက်မည့်ပုံမရချေ။
လုယွီ ဤနေရာသို့ခြေချလိုက်သော အချိန်မျိုးကျမှသာ သွေးနတ်ဆိုးဘုရင်နှစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ထိုသွေးနတ်ဆိုးဘုရင်နှစ်ကောင်သည် လုယွီကိုမြင်တွေ့သည်နှင့် သူတို့၏မူလသွင်ပြင်ကို ပြောင်းလဲလိုက်ကြခြင်းဖြစ်သည်။သူတို့၏ခန္ဓာကိုယ်များမှနေ၍ ပြင်းထန်သောသွေးအငွေ့အသက်များ ထွက်ပေါ်နေကာ လူအများအား ခြိမ်းခြောက်နိုင်သောအရှိန်အဝါမျိုးရှိနေသည်။
"မင်း အခုထွက်သွားမယ်ဆိုရင်...ငါတို့ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်မယ်"
သွေးနတ်ဆိုးဘုရင်တစ်ကောင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ထိုသွေးနတ်ဆိုးဘုရင်နှစ်ကောင်သည် လုယွီ ယခင်က သတ်ဖြတ်ခဲ့သော သွေးနတ်ဆိုးဘုရင်ထက် ပို၍အစွမ်းထက်ပုံရသည်။
လုယွီက သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"မင်းတို့က ငါ့ကို ဟန့်တားချင်တာလား"
"လူသား...မင်းအရမ်း သန်မာအားကောင်းတယ်ဆိုတာ ငါတို့သိတယ်...ဒါပေမယ့် ဒီနေရာက ငါတို့ရဲ့ပိုင်နက်နယ်မြေ...နတ်ဘုရားရဲ့ကူညီမှုနဲ့ဆိုရင်...မင်းကိုသတ်ဖို့က ငါတို့အတွက် မခက်ခဲလှဘူး"
သွေးနတ်ဆိုးဘုရင်တစ်ကောင်က သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။
အကယ်၍ သွေးနတ်ဘုရားကသာ သူတို့အား ဤနေရာကိုကောင်းမွန်စွာ စောင့်ကြပ်၍ အခွင့်အာဏာမရှိဘဲ ထွက်ခွါမသွားရန် မှာကြာထားခြင်းမရှိပါက လုယွီ သူတို့၏မျိုးနွယ်ဝင်များအား သတ်ဖြတ်နေသည်ကို သူတို့က မည်ကဲ့သို့စောင့်ကြည့်နေနိုင်မည်နည်း။
သို့ရာတွင် ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို မြင်တွေ့ပြီးနောက် လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ငါ မင်းတို့ကို မထိဝံ့ဘူးလို့ မင်းတို့က ထင်နေကြတာလား"
ထိုစကားဆုံးသည်နှင့် လုယွီက ရှေ့သို့တိုးကာ သွေးနတ်ဆိုးဘုရင်နှစ်ကောင်၏ရှေ့သို့ ရောက်ရှိသွားသည်။
ဘုန်း....
လုယွီ၏လက်သီးချက်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒထုတ်ဖော်လိုက်သော သွေးနတ်ဆိုးဘုရင်ပေါ်သို့ ကျရောက်သွားလေ၏။
ထိုသွေးနတ်ဆိုးဘုရင်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ဟန့်တားရန်ကြိုးစားလိုက်သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏လက်သီးချက်က သူ၏ခန္ဓာကိုယ်ကို ထိုးနှက်မိသွားသည်။
ဘုန်းခနဲအသံတစ်သံနှင့်အတူ ထိုသွေးနတ်ဆိုးဘုရင်သည် ကြိုးပြတ်သွားသောစွန်အလား နောက်သို့မီတာသုံး လေးရာအကွာအဝေးထိ လွင့်ထွက်သွားကာ ကျောက်တောင်တုတစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။
Chapter 2589
ထိုကျောက်တောင်တုသည် ဘုရားကျောင်းအတွင်း၌ ရှူခင်းသာယာစေရန် အလှဆင်ထားသောအရာတစ်ခုပင်။
သွေးနတ်ဆိုးဘုရင်သည် ကျောက်တောင်တုနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားသည်။ထို့ကြောင့် ထိုကျောက်တောင်တုပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။
"လူသား...မင်း သေချင်နေတာလား"
တခြားသွေးနတ်ဆိုးဘုရင်တစ်ကောင်သည် အလွန်ဒေါသထွက်သွားကာ သူ၏လက်ဝါးတစ်ဖက်ဖြင့် လုယွီကို ရိုက်နှက်လိုက်၏။
သွေးချီများက လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာသည်။သွေးနတ်ဆိုးဘုရင်၏လက်ဝါးရိုက်ချက်သည် ပြင်းထန်သောလေပြင်းနှင့်အတူ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
"ငါက မင်းတို့ထဲကတစ်ယောက်ကို အသက်ရှင်ရက်လိုချင်တယ်"
လုယွီက ချာခနဲနောက်လှည့်ကာ ထိုသွေးနတ်ဆိုးဘုရင်၏လက်ဝါးကို ထိုးနှက်လိုက်၏။
လက်သီးနှင့်လက်ဝါး ဆုံတွေ့မိချိန်တွင် သွေးနတ်ဆိုးဘုရင်သည် နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ၏လက်နှစ်ဖက်လုံး တွန့်လိမ်သွားကာ ထူးဆန်းသောအနေအထားမျိုးဖြင့် ပုံပျက်ပန်းပျက်ဖြစ်သွားသည်။
"လူသား...ငါတို့ရဲ့နတ်ဘုရားက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
သွေးနတ်ဆိုးဘုရင်က စိတ်ပျက်ညှိုးငယ်စွာဖြင့် မခံမရပ်နိုင်ပြောဆိုလိုက်၏။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက သူ့ကို လာရှာတာပဲလေ"
ထို့နောက် သူက ထိုသွေးနတ်ဆိုးဘုရင်၏ခေါင်းကို ဖြတ်တောက်လိုက်တော့သည်။
အစောပိုင်းက ကျောက်တောင်တုနှင့်ရိုက်ခတ်မိသဖြင့် လဲကျနေသော သွေးနတ်ဆိုးဘုရင်သည် သူ၏အပေါင်းအဖော် သေဆုံးသွားသည်ကိုမြင်တွေ့ချိန်တွင် သူ့ထံ၌ လက်စားချေရန် အနည်းငယ်မျှပင်ရည်ရွယ်ချက်မရှိချေ။သူက လေထုအတွင်းသို့ပျံတက်ကာ ထွက်ပြေးရန်ပြင်ဆင်လိုက်သည်။
သူ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။သူ၏အနက်ရောင်တောင်ပံတစ်စုံကို တဖျတ်ဖျတ်ခတ်၍ ပျံသန်းနေပေရာ လေထုအတွင်း၌ ပုံရိပ်ယောင်အဖြစ်သာ မြင်တွေ့နိုင်သည်။
"ထွက်ပြေးဖို့ မကြိုးစားစမ်းနဲ့"
လုယွီက နဂါးဖမ်းလက်ကိုအသုံးပြုကာ မီတာထောင်နှင့်ချီအကွာအဝေးသို့ ရောက်ရှိနေသော သွေးနတ်ဆိုးဘုရင်ကို ဖမ်းဆုပ်လိုက်သည်။
ထိုသွေးနတ်ဆိုးဘုရင်သည် အလွန်ဆိုးရွားသော အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။သူသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူ၏ငယ်သားများကိုစေလွှတ်၍ ဤနယ်မြေအတွင်းသို့ဝင်ရောက်လာသော လူသားများအားလုံးကို သတ်ဖြတ်မည်ဖြစ်ကြောင်း လုယွီကို ခြိမ်းခြောက်စကားပြောဆိုနေသည်။
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏ဓားဖြင့် ထိုသွေးနတ်ဆိုးဘုရင်၏လက်နှစ်ဖက်ကို ဖြတ်တောက်လိုက်သည်။ထို့နောက် သူ့ကိုပါးဖြတ်ရိုက်ကာ ဘုရားကျောင်း၏နောက်ရှိ ဝါးတောအုပ်အတွင်းသို့ ရောက်ရှိသွားစေသည်။
သွေးနတ်ဘုရား၏ဘုရားကျောင်းနောက်၌ ထူထပ်သိပ်သည်းသော ဝါးတောအုပ်ကြီးရှိနေသည်။
ထိုဝါးများသည် ပြင်ပလောကမှဝါးများနှင့် များစွာကွဲပြားခြားနားသည်။ထိုဝါးများပေါ်တွင် သွေးနီရောင်အစင်းကြောင်းများရှိနေကာ ပြင်ပလောကမှဝါးများထက် များစွာပို၍မာကြောသည်။
လုယွီသည် အသိပညာကြွယ်ဝသူဖြစ်သဖြင့် ထိုဝါးများသည် သွေးစက်ဝါးများဖြစ်ကြောင်း သိရှိလေ၏။သွေးစက်ဝါးများသည် အလွန်အမင်းမာကျောကာ အလွန်ကြမ်းတမ်းသောပတ်ဝန်းကျင်မျိုးတွင်သာ ပေါက်ရောက်ရှင်သန်နိုင်သည်။ထိုဝါးများသည် မှော်ရတနာများပြုလုပ်ရန်အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုပင်။
ဝါးတောအုပ်၏နက်ရှိုင်းသောနေရာသို့ လွင့်ထွက်သွားခဲ့သော သွေးနတ်ဆိုးဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သွေးနတ်ဘုရား...ကျွန်တော်ကို ကယ်ပါအုံး"
သို့ရာတွင် ဝါးတောအုပ်အတွင်း၌ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သွေးနတ်ဆိုးဘုရင်အားကယ်တင်ရန် မည်သည့်နတ်ဘုရားမျှ ရောက်ရှိလာခြင်းမရှိချေ။
"နတ်ဘုရား....ကယ်ပါအုံး...ကျွန်တော်ကို ကယ်တင်ပါအုံး"
သွေးနတ်ဆိုးဘုရင်သည် အသံကုန်ဟစ်၍ အော်ဟစ်နေလေ၏။
သို့ရာတွင် သူ အော်ဟစ်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှမရှိချေ။
"ကြည့်ရတာတော့ သွေးနတ်ဘုရားရဲ့စိတ်ထဲမှာ မင်းက အရေးပါပုံမရဘူး...မင်းကိုချန်ထားလို့ ဘာအသုံးဝင်မှာလဲ"
လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေသည်။
ဝှစ်....
ဓားချက်တစ်ချက်ကျရောက်သွားခြင်းနှင့်အတူ သွေးနတ်ဆိုးဘုရင်၏ခေါင်း လွင့်ထွက်သွားတော့သည်။
ယွဲ့ချင်းရန်သည် အလွန်တုန်လှုပ်ချောက်ချားနေပေ၏။ဤလုယွီသည် သတ်ဖြတ်ရာ၌ မည်သည့်အချက်ကိုမျှ ထည့်သွင်းစဥ်းစားပုံမရချေ။
ဤသည်က သွေးနတ်ဘုရား၏ဘုရားကျောင်းပင်။သွေးနတ်ဘုရားအား ဝတ်ပြုကိုးကွယ်သော သွေးနတ်ဆိုးအများစု ဤနေရာ၌နေထိုင်ကြသည်။
လုယွီသည် ဤနေရာ၌ သွေးနတ်ဆိုးဘုရင်ကိုသတ်ဖြတ်ဝံ့ခြင်းမှာ သွေးနတ်ဘုရားကို အနည်းငယ်မျှပင် အလေးမစိုက်ခြင်းဖြစ်သည်။
ဂီး...ဂီး...ဂီး...
ကျီးကန်းတစ်စုသည် စူးရှစွာအော်မြည်၍ ဝါးတောအုပ်အတွင်းမှ ရုတ်တရက် ဝုန်းခနဲပျံထွက်လာသည်။
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်၏။သူနှင့်လက်တစ်ကမ်းစာအကွာအဝေးရှိ သွေးစက်ဝါးများအားလုံး ချက်ချင်းဆိုသလိုပင် နှစ်ခြမ်းကွဲထွက်သွားသည်။
အားကောင်းသောနတ်ဘုရားစိတ်အာရုံတစ်ခုက ဝါးတောအုပ်၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာကာ လုယွီကို ချိပ်ပိတ်ထားသည်။
"မကောင်းတော့ဘူး...ဒီနေရာမှာ အရမ်းအားကောင်းတဲ့ တည်ရှိမှုကြီးတစ်ခုရှိနေတယ်"
ယွဲ့ချင်းရန်က သူ၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာမှုကို ခံစားမိသည်။
ဤသည်က သူ့အား အချိန်မရွေးဆုတ်ဖြဲပစ်နိုင်သော ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သည့် သားရဲကြီးတစ်ကောင်မှနေ၍ စူးစိုက်ကြည့်နေသကဲ့သို့ပင်။
လုယွီက အလျင်စလိုရှေ့တိုးခြင်းမပြုချေ။သူ၏ခွန်အားသည် ကောင်းမွန်သော်လည်း သူသည် မဆင်မခြင်ပြုလုပ်တက်သူမျိုးမဟုတ်ချေ။
ဤသည်က သွေးနတ်ဘုရား၏သတိပေးချက်ပင်။အကယ်၍ သူသည် နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်ပါက နှစ်ဖက်စလုံးသည် တိုက်ပွဲတစ်ပွဲအား ရှောင်ရှားရန်အလွန်ခက်ခဲသွားပေမည်။
"မင်းရဲ့မျိုးဆက်တွေက ငါ့ကိုသတ်ဖို့ကြံစည်ခဲ့တယ်...ဒီကိစ္စကို ငါ ဒီတိုင်းအလွတ်မပေးနိုင်ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သွေးနတ်ဘုရားသည် ဒေါသထွက်သွားသည့်အလား သူ၏အရှိန်အဝါများ ပို၍အားကောင်းလာသည်။
"ငါ နတ်ဘုရားသွေးစက်လိုအပ်တယ်...တကယ်လို့ မင်း အဲ့ဒါကိုပေးမယ်ဆိုရင် ငါ ဒီကိစ္စကိုအလွတ်ပေးလိုက်မယ်...ငါ မင်းစဥ်းစားဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်"
လုယွီသည် ပြင်ပ၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကာ ဝါးတောအုပ်အတွင်း၌လည်း တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
Chapter 2590
လုယွီက တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဝါးတောအုပ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လေထုအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့လွင့်နေသည်။
ယွဲ့ချင်းရန်သည် သူ ယနေ့မြင်ခဲ့ရသမျှ ကြားခဲ့ရသမျှ အရာအားလုံးကို သူ၏ဘဝတလျှောက် မေ့ဖျောက်နိုင်တော့မည်မဟုတ်ချေ။
ယခုချိန်၌ လုယွီရင်ဆိုင်နေသည်မှာ နတ်ဘုရားတစ်ပါးဖြစ်ပုံရသည်။
'ငါ အပြင်ကိုရောက်တာနဲ့ သူ့အကြောင်းကို သေချာစုံစမ်းရမယ်...သူက ဘယ်နည်းနဲ့မှ သာမာန်တပည့်တစ်ယောက်မဖြစ်နိုင်ဘူး'
ယွဲ့ချင်းရန်က သူ၏စိတ်နှလုံးသားအတွင်း၌ တွေးတောနေလေ၏။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ကုန်လွန်ပြီးနောက် ဝါးတောအုပ်အတွင်းမှနေ၍ ဝါးရွက်အချင်းချင်းပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ သွေးအငွေ့အသက်များ ပို၍ပြင်းထန်လာပေ၏။ဝါးတောအုပ်အတွင်းရှိ တည်ရှိမှုကြီးမှာ အလွန်ဒေါသထွက်နေပုံရသည်။
နတ်ဘုရားစိတ်အာရုံလှိုင်းတစ်လှိုင်းသည် လုယွီအား ဖိအားပေး၍ နောက်ဆုတ်သွားစေလိုသည့်အလား သူ့ပေါ်သို့ကျရောက်လာသည်။
"ငါ့ရဲ့စိတ်ရှည်မှုကို ပျောက်ကွယ်သွားအောင်မလုပ်နဲ့...ဒီနှစ်တွေမှာ မင်းတို့က ကျောင်းတော်တပည့်တွေအများကြီးကို သတ်ဖြတ်ခဲ့တယ်...ငါက ပြဿနာထပ်မရှာချင်တော့လို့ မင်းကို လုံလုံလောက်လောက် မျက်နှာသာပေးထားပြီးပြီ"
လုယွီ၏မျက်နှာက ခက်ထန်တင်းမာနေသည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်နှစ်ခုက လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။
ဤသည်က မီးနတ်ဘုရားနှင့်မြေအောက်လောကနတ်ဘုရားတို့၏ ဓမ္မပုံရိပ်ယောင်များပင်။
ထိုနတ်ဘုရားပုံရိပ်ယောင်နှစ်ခု ထွက်ပေါ်လာချိန်တွင် သွေးနတ်ဘုရား၏ဖိအားအရှိန်အဝါ ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားသည်။
ဝါးတောအုပ်သည် တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။သို့သော် မကြာမီမှာပင် သွေးရောင်အရိပ်တစ်ရိပ်က ဝါးတောအုပ်၏နက်ရှိုင်းသောနေရာမှ ပျံဝဲထွက်လာသည်။
ဝှစ်...
ထိုသွေးရောင်အရိပ်မှာ အလွန်အမင်းလျှင်မြန်သည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လုယွီထံဦးတည်၍ ပျံသန်းနေသောအရာသည် လတ်ဆတ်သောသွေးများဖြင့် ဖွဲ့စည်းထားသော ကျီးကန်းတစ်ကောင်ဖြစ်နေကြောင်း တွေ့မြင်ရပေမည်။
ထိုသွေးကျီးကန်း၏အရှိန်သည် အလွန်လျှင်မြန်ကာ လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိတော့မည့်ပုံရသည်။
"ဖမ်းဆုပ်စမ်း"
လုယွီက နဂါးဖမ်းလက်ကိုအသုံးပြု၍ လေထုအားဖြတ်သန်းလာသော သွေးကျီးကန်းကို ဖမ်းဆုပ်လိုက်၏။
သို့ရာတွင် မမျှော်လင့်ဘဲ သွေးကျီးကန်းအတွင်း၌ပါဝင်နေသော စွမ်းအားသည် အလွန်ကြီးမားသဖြင့် လုယွီ၏နဂါးဖမ်းလက်ကိုပင် ချိုးဖျက်သွားခဲ့သည်။
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူ၏လက်အတွင်းမှနေ၍ စွမ်းအားများပွင့်အံထွက်လာကာ သူက သွေးကျီးကန်းကို ထပ်မံ၍ဖမ်းဆုပ်လိုက်၏။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်ကာ သူ၏မှော်စွမ်းအားများဖြင့် သွေးကျီးကန်းကို မြဲမြံစွာဆုပ်ကိုင်လိုက်သည်။
ဘန်း...ဘန်း...ဘန်း...
သွေးကျီးကန်းမှ တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းများကို လုယွီက ဖယ်ရှားလိုက်ပြီးနောက် သူ့နောက်ရှိမြေပြင်ပေါ်သို့ ရွှေ့ပြောင်းလိုက်၏။
လုယွီ၏နောက်ရှိ မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သွေးကျီးကန်းသည် လုယွီ၏လက်အတွင်း၌ရုန်းကန်၍ စူးရှကျယ်လောင်စွာ အော်ဟစ်နေသည်။
လုယွီက သူ၏လက်ဝါးကိုဆုပ်လိုက်ရာ သွေးကျီးကန်းသည် ကြေမွှပျက်စီးသွားပြီး ရွှေရောင်သွေးစက်အဖြစ်ဖွဲ့စည်းသွားကာ သူ၏လက်ဝါးအတွင်းသို့ ကျရောက်လာသည်။
ထိုသွေးစက်သည် ရွှေရောင်တောက်ပနေပေ၏။ထိုအရာထွက်ပေါ်လာချိန်တွင် အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းတန်းများကို သယ်ဆောင်လာသဖြင့် လူအများသည် စေ့စေ့ကြည့်ဝံ့မည်မဟုတ်ချေ။
ဤသည်က နတ်ဘုရားသွေးစက်ပင်။
ထိုအရာသည် နတ်ဘုရားများ၏နတ်ဘုရားစွမ်းအားများမှ သိပ်သည်းထားသောအရာဖြစ်သည်။
သေရေးရှင်ရေးအခြေအနေအခိုက်အတန့်မျိုးတွင် လုယွီသည် ထိုသွေးစက်ကိုဝါးမြို၍ သူ၏ကိုယ်ပိုင်မှော်စွမ်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
"စီနီယာအကို...သွားကြစို့"
လုယွီက နောက်သို့ပြန်လှည့်ကာ ထွက်ခွါခဲ့တော့သည်။
ယခုလက်ရှိအချိန်တွင် လုယွီထံ၌ သွေးနတ်ဘုရားအား ရင်ဆိုင်တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုးမရှိချေ။
သွေးနတ်ဘုရားသည် နတ်ဘုရားသွေးစက်ကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြင့် သူ၏စိတ်နေသဘောထားကို ပြသထားပြီးလေပြီ။အကယ်၍ လုယွီသည် ကံကိုပုံ၍ ရှေ့သို့ဆက်တိုးပါက နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ရပေမည်။
ယွဲ့ချင်းရန်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"ငါ့ကို စီနီယာအကိုလို့မခေါ်ပါနဲ့...ငါ့ရဲ့နာမည်ကိုပဲခေါ်ပါ...ငါက မင်း စီနီယာအကိုလို့ခေါ်ဖို့ မထိုက်တန်ပါဘူး"
လုယွီ၏ အဆက်မပြတ်လှုပ်ရှားမှုများကိုကြည့်ပြီး ယွဲ့ချင်းရန်က ထိတ်လန့်ကြောက်ရွံနေသည်။မည်သူကမျှ ဤကဲ့သို့ရက်စက်ကြမ်းတမ်းသူတစ်ယောက်ကို စီနီယာအကိုဟုခေါ်ရန် တိုက်တွန်းမည်မဟုတ်ချေ။သူရှေ့ရှိလူငယ်သည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးလူငယ်ပါရမီရှင်များအနက်မှတစ်ယောက်ဟု ယွဲ့ချင်းရန်က သံသယဝင်နေမိသည်။
လုယွီက စကားများစွာပြောဆိုခြင်းမပြုချေ။သူတို့နှစ်ယောက်သည် ကူးပြောင်းရေးဝင်္ကပါထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့ကြ၏။
သူတို့နှစ်ယောက် ထွက်ခွါခါနီးအချိန်တွင် ပြင်ပလောက၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏နံဘေးတွင် ဖယောင်းတိုင်များ အတန်းလိုက်စိုက်ထူထားသည်။ထိုဖယောင်းတိုင်တစ်တိုင်စီ၏အောက်ခြေတွင် နာမည်တစ်ခုကို ရေးထွင်းထားလေ၏။
ဤှသည်က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ခဲ့သောတပည့်များ ချန်ထားခဲ့သော စိတ်ဝိညာဥ်မီးတောက်များပင်။
ဤနေရာတွင် စိတ်ဝိညာဥ်မီးတောက်များကို စောင့်ကြည့်ရသောလူတချို့ရှိနေသည်။သူတို့သည် တပည့်တစ်ယောက်၏စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားသည်ကို ရှာဖွေတွေ့ရှိသည်နှင့် အကြီးအကဲများထံသို့ ချက်ချင်းသတင်းပို့ကြရသည်။