အခန်း (၂၆၀၁-၂၆၀၅)
Vol. 133 Ch. 2601-2605
Chapter 2601
လုယွီ၏ကတိစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး၏မျက်လုံးများသည် ပြင်းထန်သောတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပသွားလေ၏။
သူတို့၏ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် လူအများ၏လှောင်ပြောင်ရယ်မောစရာကြီးဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
တပည့်အများစု၏ခွန်အားများသည် ယခုချိန်၌ အကြီးအကျယ်တိုးတက်နေသဖြင့် သူတို့သည်တော်ဝင်စာမေးပွဲ၌ သူတို့၏ခွန်အားကိုပြသရန် အဆင်သင့်ဖြစ်နေကြသည်။
"လုယွီ...ငါ မင်းကို စိန်ခေါ်ချင်တယ်"
ချိုင်လုံရှင်းက ရုတ်တရက် ရှေ့သို့ထွက်လာသည်။သူ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
လုယွီသည် သန်းနှင့်ချီသောအမှတ်များကိုရရှိခဲ့သည်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စပင်။
ချိုင်လုံရှင်းသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် သွေးနတ်ဆိုးများ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို သိရှိထားသည်။ထို့ကြောင့် အကယ်၍ သွေးနတ်ဆိုးများ နောက်ပြန်လှည့်၍ထွက်မပြေးလျှင်ပင် သူသည် သွေးနတ်ဆိုးအမြောက်အများကို သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
ချိုင်လုံရှင်းသည် အားကောင်းသောပြိုင်ဖက်တစ်ယောက်နှင့် လက်ရည်စမ်းရန် စိတ်အားထက်သန်နေလေ၏။
လုယွီက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...ငါတို့ တခြားနေရာတစ်ခုကို သွားကြရအောင်"
သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် စိန်ခေါ်ကွင်းပြင်တစ်ခုသို့ သွားလိုက်ကြသည်။
"မြန်မြန်...အရှင့်သားက လုရှီနဲ့တိုက်ခိုက်တော့မယ်"
"အရှင့်သားက ရေခဲကြယ်မြစ်မှာ ထိပ်သီးပါရမီရှင်တစ်ယောက်လို့ ငါ ကြားထားတယ်...သူနဲ့လုရှီ ယှဥ်ပြိုင်ရင် ဘယ်သူပိုပြီးအစွမ်းထက်မလဲဆိုတာ ငါ မသိဘူး"
"ဒီတိုက်ပွဲက သာမာန်ထက်သာလွန်ထူးကဲမှာပဲ"
ထိုစိန်ခေါ်ကွင်းပြင်သို့ လူအမြောက်အများ အပြေးသွားကြတော့သည်။
သို့ရာတွင် သူတို့ကို စိန်ခေါ်ကွင်းပြင်၏ပြင်ပ၌ လူတစ်ယောက်၏ဟန့်တားခြင်းကိုခံရသဖြင့် သူတို့အားလုံး စိတ်ပျက်သွားရသည်။
ဤသည်က ဟန်ကူဘိုးဘေးပင်။သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းတမ်းသည့်ပုံရှိလေ၏။မည်သည့်ကျောင်းတော်တပည့်ကမျှ သူ့ကို စေ့စေ့မကြည့်ဝံ့ချေ။
ဟန်ကူဘိုးဘေးသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် ရေခဲဘုရင်၏နန်းတော်မှ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်နေလေပြီ။သူသည် ကျောင်းတော်အတွင်းသို့ မင်းသား၏သက်တော်စောင့်အဖြစ် ဝင်ရောက်လာခြင်းပင်။
"ဘယ်သူ့ကိုမှဝင်ခွင့်မပြုဘူး...အရှင့်သား ပြန်ထွက်လာတဲ့အချိန်ထိ မင်းတို့အားလုံး စောင့်ရမယ်"
ချိုင်ကူဘိုးဘေးက အပြုံးနှင့်ပြောဆိုသည်။သူ၏ပုံစံသည် ကြင်နာတက်သောအဖိုးအိုတစ်ယောက်နှင့် တူညီနေလေ၏။
သို့ရာတွင် ထိုအပြုံးကိုမြင်တွေ့မိသော မည်သူမဆို ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်၏ စောင့်ကြည့်နေခြင်းကို ခံနေရသည့်အလား သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်။
"ထားလိုက်တော့...ငါတို့ အပြင်ကပဲစောင့်ရအောင်"
"စိတ်ပျက်စရာပဲ...အဲ့ဒီတိုက်ပွဲကို ငါတို့က မျက်ဝါးထင်ထင် ကြည့်လို့မရတော့ဘူး"
လေးနာရီခန့်ကြာပြီးနောက် ချိုင်ကူဘိုးဘေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်လိုက်သည်။
ချိုင်ကူဘိုးဘေး၏ဟန့်တားမှုမရှိတော့သဖြင့် တခြားကျောင်းတော်တပည့်များကလည်း အလျင်စလို ပြေးဝင်လိုက်ကြ၏။
သို့ရာတွင် တိုက်ပွဲကွင်းပြင်အတွင်း၌ လုယွီတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ချိုင်လုံရှင်းနှင့်ချိုင်ကူဘိုးဘေးသည် ထိုနေရာ၌ မရှိတော့ချေ။
မည်သူနိုင်သည် ရှုံးသည်ကို သူတို့အနက်မှတစ်ယောက်ကမျှ ပြောဆိုခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိတုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းများကို မြင်တွေ့ချိန်တွင် သူတို့အားလုံး လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိနံရံများနှင့်မြေပြင်ပေါ်တွင် နေရာအနှံ့အပြား၌ နက်ရှိုင်းသောလက်ဝါးရာကြီးများရှိနေသည်။အစွမ်းထက်သောစွမ်းအားများကြောင့် ကျောက်တုံးများလည်း ကြေမွှနေပေ၏။
တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် မကြုံစဖူးဖျက်ဆီးနိုင်မှုစွမ်းအားများကို ကြုံတွေ့ခဲ့ရပုံပင်။အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းများက တိုက်ပွဲကွင်းပြင်အတွင်းမှ ထွက်ပေါ်နေဆဲဖြစ်သည်။
"ကြည့်လိုက်စမ်း...လုရှီရဲ့ခန္ဓာကိုယ်ပေါ်က သားမွှေးဝတ်ရုံမရှိတော့ဘူး"
"သွေးနတ်ဆိုးတွေတောင်မှ လုရှီကို ဒဏ်ရာနည်းနည်းလေးရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး...ကြည့်ရတာတော့ အရှင့်သားရဲ့စွမ်းအားက တကယ့်ကို သိမ်မွေ့နက်နဲပုံပဲ"
တစ်စုံတစ်ယောက်က အရဲကိုး၍ မေးမြန်းလိုက်၏။
"လုရှီ....လုရှီနဲ့အရှင့်သားကြားမှာ ဘယ်သူနိုင်သွားလဲ"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလေသည်။
"အနိုင် အရှုံးမရှိဘူး"
ဤချိုင်လုံရှင်းသည် အမှန်တကယ်ကို ပါရမီရှင်တစ်ယောက်ပင်။
တိုက်ပွဲအတွင်း၌ လုယွီသည် ချိုင်လုံရှင်းကို ဖိနှိပ်ထားနိုင်ခဲ့သည်။
သို့ရာတွင် ချိုင်လုံရှင်းသည် နည်းစနစ်မျိုးစုံကို အသုံးပြုနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။လုယွီ သူ့အား အနိုင်ယူတော့မည့်အချိန်တိုင်း ချိုင်လုံရှင်းသည် လောကကြီးတခွင်လုံးတုန်လှုပ်ချောက်ချားသွားစေနိုင်သော တိုက်ခိုက်မှုမျိုးကို အသုံးပြုလေ၏။
မြောက်မြားစွာသောလှုပ်ရှားမှုများအောက်တွင် လုယွီပင်လျှင် အနည်းငယ်ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်။
အကယ်၍ လုယွီထံတွင် အတွေ့အကြုံရင့်ကျက်မှုသာရှိမနေဘဲ တစ်ဖက်လူအသုံးပြုသော လှုပ်ရှားမှုတိုင်းကို တည်ငြိမ်စွာချေဖျက်နိုင်ခြင်းမရှိပါက ယနေ့တွင် ချိုင်လုံရှင်း၏လက်အတွင်း၌ သူ ရှုံးနိမ့်သွားနိုင်သည်။
"ဖြစ်နိုင်တာတော့ နောင်အနာဂတ်မှာ ချိုင်လုံရှင်းရဲ့လုပ်ဆောင်ချက်တွေက အတိတ်ကရေခဲဘုရင်တွေအားလုံးထက် ကျော်လွန်သွားလိမ့်မယ်...သူက ဘိုးဘေးတွေထက်သာလွန်ပြီးတော့ ဧကရာဇ်တစ်ပါးတောင် ဖြစ်သွားနိုင်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
ထို့နောက်လုယွီသည် တိုက်ပွဲကွင်းပြင်မှနေ၍ ထွက်ခွါခဲ့တော့သည်။
Chapter 2602
လုယွီသည် တိုက်ပွဲကွင်းပြင်မှထွက်ခွါ၍ တခြားစမ်းသပ်နယ်မြေများသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
ဤှသည်က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကဲ့သို့ စမ်းသပ်နယ်မြေများပင်။ထိုနယ်မြေများအတွင်းရှိ စမ်းသပ်မှုများသည် အလွန်ခက်ခဲသော်လည်း အန္တရာယ်အဆင့်သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံလောက် မြင့်မားခြင်းမရှိချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုစမ်းသပ်နယ်မြေများသည် တပည့်အများစုအား ခေါင်းကိုက်စေရန် လုံလောက်ပေ၏။
"လုယွီက စိန်ခေါ်မှုတွေ လုပ်နေတာလား"
"ဒါပေမယ့် သူက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကနေ ထွက်လာပြီးတော့ အရှင့်သားချိုင်နဲ့ တိုက်ခိုက်ခဲ့တယ်...သူက အနားယူဖို့ မလိုအပ်ဘူးလား"
"ဒါကမှ အစစ်အမှန်ပါရမီရှင်ပဲ...ငါ အရင်ကတွေ့ခဲ့ဖူးတဲ့ ပါရမီရှင်ဆိုတဲ့ကောင်တွေက နာမည်ကျော်ကြားအောင် တမင်ဟန်ရေးပြနေကြတာ"
လုယွီ၏ရက်စက်ကြမ်းတမ်းမှုကိုမြင်ချိန်တွင် တပည့်များအားလုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံနေကြ၏။
လုယွီသည် ပထမဆုံးစမ်းသပ်နယ်မြေအတွင်း၌ အချိန်နှစ်နာရီခန့်ကြာမြင့်ပြီးနောက် ထွက်ခွါခဲ့သည်။
ဤအချိန်တွင် မိုးကောင်းကင်ယံ၌ မှောင်ရီပျိုးစပြုနေသော်လည်း မည်သူကမျှ ပင်ပန်းနွမ်းနယ်သည်ဟု မခံစားရချေ။
ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော မြင်ကွင်းတစ်ခုက တပည့်အများစု၏စိတ်နှလုံးသားများအတွင်း၌ ဖြတ်ပြေးသွားသည်။
ဤသည်က ပိုင်မင်ဟန် ကျောင်းတော်သို့ စတင်ဝင်ရောက်ခဲ့စဥ်ကမြင်ကွင်းနှင့် တူညီနေသည်။ထိုအချိန်တုန်းက သူမ၏အသက် အလွန်ငယ်ရွယ်နေသဖြင့် လက်ထောက်ကျောင်းအုပ်ရာထူးနှင့် သင့်တော်ခြင်းမရှိဟု လူအများစုက တွေးထင်ထားကြ၏။
ပိုင်မင်ဟန်သည် မည်သည့်စကားမျှတုံ့ပြန်ပြောဆိုခြင်းမရှိဘဲ စမ်းသပ်နယ်မြေများထံ တစ်ခုပြီးတစ်ခုသို့သွားရောက်၍ ဆက်တိုက်စိန်ခေါ်ခဲ့သည်။
ထိုစမ်းသပ်နယ်မြေများအတွင်း၌ အခက်အခဲများနှင့် ပြည့်နှက်နေလေရာ တပည့်အများစုသည် ထိုနေရာများအတွင်းသို့ ဝင်ရောက်ရန် ကြောက်ရွံကြသည်။
သို့ရာတွင် ပိုင်မင်ဟန်အတွက်မူ မည်သည့်အတားအဆီးမျှ မရှိသကဲ့သို့ပင်။မည်သည့်စမ်းသပ်နယ်မြေကမျှ သူမကို ဟန့်တားနိုင်ခြင်းမရှိချေ။
ဤနည်းလမ်းဖြင့် သူမသည် စမ်းသပ်နယ်မြေများအားလုံးကို အောင်မြင်စွာဖြတ်ကျော်ခဲ့ကာ တခြားသူများ မချိုးဖျက်နိုင်မည့်အမှတ်များကို စံချိန်တင်ခဲ့သည်။
"ဖြစ်နိုင်တာတော့ လုရှီက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်ရဲ့စံချိန်မှတ်တမ်းတွေအားလုံးကို ချိုးဖျက်ဖို့ကြံစည်နေတာများလား"
"ဒါက...အရမ်းကြမ်းတမ်းလွန်းတယ်"
လူတိုင်း အံ့အားတသင့်ရေရွတ်နေကြသဖြင့် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်နေသည်။အစောပိုင်းက လုယွီစိန်ခေါ်ခဲ့သောစမ်းသပ်နယ်မြေ၏ အဆင့်ဇယား ထွက်ပေါ်လာလေပြီ။
လုယွီ၏နာမည်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းစွာပင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။ထို့ပြင် သူ၏နာမည်နောက်၌ ရမှတ်ဂဏန်းများက တသီတစ်တန်းကြီးရှိနေလေကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။
ထို့နောက် ပိုင်မင်ဟန်၏နာမည် ဒုတိယနေရာသို့ ကျဆင်းသွားတော့သည်။
"လုရှီက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်ရဲ့စံချိန်ကို ထပ်ပြီးချိုးဖျက်လိုက်ပြန်ပြီ"
"လက်ထောက်ဂိုဏ်းချုပ်ပိုင်မင်ဟန်ရဲ့အမှတ်တွေက မိုးထိအောင်မြင့်မားနေပြီလို့ ငါ အစကတွေးထင်ထားခဲ့တာ....လုရှီက နောက်ထပ်စံချိန်သစ်တစ်ခု တင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထို့နောက် လုယွီသည် စမ်းသပ်နယ်မြေလေးခုကို ဆက်လက်၍ ဆက်တိုက်စိန်ခေါ်ခဲ့သည်။
သူ၏စိန်ခေါ်မှုတိုင်းသည် ရေစီးဆင်းနေသကဲ့သို့ ချောမွေ့နေကာ အနည်းငယ်မျှပင် တစ်ဆို့နေခြင်းမရှိချေ။
မူလက စမ်းသပ်နယ်မြေများကိုစိန်ခေါ်ရာတွင် အချိန်နှစ်နာရီခန့် ကြာမြင့်သော်လည်း နောက်ဆုံးစမ်းသပ်နယ်မြေသို့အရောက်တွင် လုယွီသည် လဖက်ရည်တစ်ခွက်စာခန့်သာကြာမြင့်ပြီးနောက် ထွက်ခွါသွားတော့သည်။
ယခင်ကအတိုင်းပင် လုယွီသည် စတုတ္ထမြောက်စမ်းသပ်နယ်မြေ၏စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့လေ၏။
လုယွီ၏တုန်လှုပ်ချောက်ချားဖွယ် ဆက်တိုက်စိန်ခေါ်မှုများအောက်တွင် သတင်းတစ်ခုက တောမီးပမာ ပျံ့နှံ့လာခဲ့သည်။
ဤသည်က လုယွီ ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့စဥ်က ရင်ဆိုင်ခဲ့ရသော မှော်သားရဲကွင်းပြင်ကို ထျန်းယင်မှ ပြုပြင်ထားခဲ့သည်ဟူသောသတင်းပင်။
ထိုနယ်မြေအတွင်း၌ လုယွီသည် မှော်သားရဲဘုရင်များကိုပင် ရင်ဆိုင်ခဲ့ရလေ၏။
ဤအကြောင်းအရင်းကြောင့် လုယွီသည် ဝင်ခွင့်စာမေးပွဲကို နောက်ဆုံးမှဝင်နိုင်ခဲ့ခြင်းပင်။
လုယွီနှင့်အတူ ကျောင်းတော်သို့ဝင်ရောက်ခဲ့သော တပည့်များသည် ဝင်ခွင့်ဖြေဆိုသည့်နေ့၌ ကြုံတွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်တွေးတောနေကြသည်။
လုယွီသည် အချိန်အနည်းငယ်သာ နောက်ကျသွားပါက ကျောင်းတော်ဝင်ခွင့် အခွင့်အရေးကို ဆုံးရှုံးသွားပေမည်။
ဤသည်က ကျောင်းတော်အတွက် ကံကောင်းမှုတစ်ခုဟုပင် ဆိုပေသည်။အကယ်၍ ကျောင်းတော်၏တံခါးမကြီးကိုသာ အနည်းငယ်စော၍ ပိတ်လိုက်ပါက လုယွီကဲ့သို့ထူးချွန်သော တပည့်မျိုးကို ဆုံးရှုံးသွားပေလိမ့်မည်။
"အဲ့ဒီထျန်းယင်ဆိုတဲ့ကောင်က တကယ့်ကိုသန္ဓေဆိုးတာပဲ...သူက ကျောင်းတော်တောင် မဝင်ရသေးတဲ့ တပည့်တစ်ယောက်ကို အကွက်ချစီစဥ်တာ တကယ့်ကို ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ"
"အဲ့ဒီကောင်က သူ့ရဲ့ဦးလေးလက်ထောက်ကျောင်းအုပ်ထျန်းအရှိန်နဲ့ မောက်မာရိုင်းစိုင်းနေတာ...သူ့ကို ငါ မျက်စိဆံပင်မွှေးစူးနေတာ တော်တော်ကြာနေပြီ"
"သူရူးနေတာကောင်းတယ်...သူရှိနေတာက လောကကြီးအတွက် ကပ်ဆိုးတစ်ခုပဲ...တကယ်လို့ သူ့ကို ရူးနေတယ်ဆိုပြီး လွှတ်ပေးထားရင် အရမ်းလွယ်ကူလွန်းရာကျမယ်...သူက ကျောင်းတော်ရဲ့အပြင်းထန်ဆုံးပြစ်ဒဏ်ကို ခံယူသင့်တယ်"
Chapter 2603
ထျန်းယင်သည် ဝင်ခွင့်စာမေးပွဲ၏ခက်ခဲမှုအဆင့် ပြောင်းလဲလိုက်ကြောင်းကို ကြားသိချိန်တွင် တပည့်များအားလုံး အလွန်ဒေါသထွက်သွားသည်။
ဤသည်က ခွင့်လွှတ်နိုင်ဖွယ်မရှိသော ပြစ်မှုကြီးပင်။
စမ်းသပ်နယ်မြေအတွင်းသို့ ဝင်ရောက်သော မည်သူမဆို အလွန်အမင်းများပြားသော အန္တရာယ်များနှင့်ရင်ဆိုင်ရကာ သတိမလပ်နေနေရသည်။
ထိုအကြောင်းကို တွေးတောကြည့်ပါက အကယ်၍တစ်စုံတစ်ယောက်မှနေ၍ စမ်းသပ်နယ်မြေကို ပြင်ဆင်ထားပါက အတွင်းသို့ဝင်ရောက်သူအားလုံး ပျက်သုဥ်းခြင်းနှင့်ရင်ဆိုင်ရပေမည်။
ထို့ထက်ပို၍ ဆိုးရွားပြင်းထန်သောကိစ္စမှာ ဤမတော်တဆဖြစ်ရပ်သည် ကျောင်းတော်တစ်ခုလုံးအပေါ် သက်ရောက်သွားစေသောကြောင့်ပင်။
မူလကတည်းကပင် တော်ဝင်စာမေးပွဲတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အဆင့်များ ဆိုးရွားနေမှုကြောင့် ကျောင်းတော်သို့ဝင်ရောက်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပို၍နည်းပါးလာသည်။
အကယ်၍ ဝင်ခွင့်စာမေးပွဲတွင် ဝင်ခွင့်ဖြေဆိုသူများအား ဒုက္ခပေးရန်ရည်ရွယ်၍ တစ်စုံတစ်ယောက်က စမ်းသပ်နယ်မြေကို ပြုပြင်ထားသောသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ကျောင်းတော်၏နာမည်ဂုဏ်သတင်း များစွာထိခိုက်သွားပေမည်။
ထိုအချိန်ကျလျှင် မည်သူကမျှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ တက်ရောက်လိုတော့မည်မဟုတ်ချေ။တပည့်သစ်များ ဝင်ရောက်ခြင်းမရှိပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ပျက်သုဥ်းခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ငါတို့က ထျန်းယွဲ့နဲ့အပေါင်းအပါတွေကို အပြစ်ပေးသင့်တယ်"
"ငါတို့ ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်ဘူး"
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က သူသည် ထိုကိစ္စကို အဆုံးထိစုံစမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်၏။ဤကိစ္စတွင် ပါဝင်ပတ်သတ်သော မည်သူမဆို ထျန်းယင်၏ညွှန်ကြားချက်ကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျောင်းတော်၏အပြစ်ပေးခြင်းခံရပေမည်။
ထိုကြေငြာချက်ကိုကြားချိန်တွင် ထျန်းပိုယန်က အေးစက်စက် တုံ့ပြန်လေ၏။
"ထျန်းယွင်က ရူးနေပြီ...သူ့ရဲ့စိတ်ဝိညာဥ်က မပြည့်စုံတော့ဘူး...ဒါကြောင့် သူက ကျောင်းတော်ရဲ့အပြစ်ပေးမှုကိုခံယူဖို့ မသင့်တော်သေးဘူး...ဒီကိစ္စကို နောင်တစ်ချိန်ကျမှ ဆွေးနွေးကြရအောင်"
ထိုစကားကိုကြားချိန်တွင် လူအုပ်ကြီးက ဒေါသတကြီး ကျိန်ဆဲနေကြတော့သည်။
အကယ်၍ လူတစ်ယောက်သည် ရူးသွပ်သွားပါက သူ ကျူးလွန်ခဲ့သောပြစ်မှုအတွက် တာဝန်ယူစရာမလိုတော့သလော....
"ထျန်းယင် ဒီကိစ္စကိုလုပ်ခဲ့တဲ့အချိန်တုန်းက သူ မရူးသေးဘူး...ဒါက သူ့ရဲ့အသိစိတ်နဲ့လုပ်ခဲ့တာ....သူ့ရဲ့စိတ်ဝိညာဥ် မပြည့်မစုံဖြစ်သွားလို့ စိတ်လွတ်ပြီးဆုံးဖြတ်ချက်ချခဲ့တာမဟုတ်ဘူး...တာယွီရဲ့ဥပဒေအရ ဒါက ရာဇဝတ်မှုကြီးပဲ...သူ့ကို ကျောင်းတော်စည်းမျဥ်းနဲ့ အပြစ်ပေးသင့်ရုံတင်မကဘူး...တော်ဝင်တရားစီရင်ရေးဌာနကိုတောင် သူ့ကို ပို့သင့်တယ်"
စည်းမျဥ်းဥပဒေခန်းမမှ မဟာကွန်ဖြူးရှပ်ပညာရှင်တချို့က ထျန်းပိုယန်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လေသည်။
စည်းမျဥ်းဥပဒေခန်းမမှမဟာကွန်ဖြူးရှပ်ပညာရှင်များသည် တစ်ချိန်က တော်ဝင်နန်းတွင်း၏တရားစီရင်ရေးဌာနတွင် အရေးကြီးသောရာထူးနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။
သူတို့သည် တာယွီ၏ဥပဒေများကို သူတို့၏လက်ဖမိုးကဲ့သို့ သိရှိနားလည်ထားသူများဖြစ်သဖြင့် ထျန်းပိုယန်ကို ငြင်းဆန်ရန်အခွင့်အရေးမပေးချေ။
မကြာမီမှာပင် ထျန်းပိုယန် တိတ်ဆိတ်ငြိမ်သက်သွားသည်။သူ မည်မျှပင်အစွမ်းထက်နေပါစေ စည်းမျဥ်းဥပဒေခန်းမမှ မဟာကွန်ဖြူးရှပ်ပညာရှင်များကို ထိပ်တိုက်ရင်ဆိုင်၍ မေးခွန်းထုတ်ဝံ့ခြင်းမရှိချေ။
သို့ရာတွင် ထျန်းပိုယန်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူသည် ထျန်းယင်အား မိသားစုအိမ်တော်သို့ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ခဲ့သည်။သူသည် နာမည်ကျော်ကြားသောသမားတော်တစ်ယောက်ကို ရှာဖွေ၍ ထျန်းယင်ကို ကုသစေလေ၏။
ထျန်းယင်ကိုဖမ်းဆီးရန်သွားသော တပည့်များသည် သူ့အားရှာမတွေ့တော့သဖြင့် အလွန်ဒေါသထွက်သွားကြသည်။
"ငါတို့မှာ ဒီလိုလက်ထောက်ကျောင်းအုပ်မျိုးရှိဖို့ လိုအပ်သေးလို့လား"
ဤမေးခွန်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကြေငြာသင်ပုန်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။
ဤကြေငြာချက်သည် အလွန်အမင်းမြန်ဆန်စွာဖြင့် တခြားကြေငြာချက်များ၏အထက်သို့ ရောက်ရှိသွားသည်။ကျောင်းတော်အတွင်းရှိ ကွန်ဖြူးရှပ်ပညာရှင်များနှင့်အစေခံများပင်လျှင် ထိုကြေငြာချက်ကို သတိပြုမိလေ၏။
"တော်ဝင်နန်းတွင်းရဲ့အရေးပါတဲ့အရာရှိတစ်ယောက်ဖြစ်တဲ့ ကျောင်းအုပ်ကြီးက နေ့တိုင်း ကိစ္စတွေအများကြီးကို စီမံဆောင်ရွက်ရတယ်...ဒါကြောင့် သူက ကျောင်းတော်ရဲ့ကိစ္စတွေကို ဂရုစိုက်ဖို့အချိန်မရှိတာ ကျိုးကြောင်းဆီလျော်တယ်...ဒါကြောင့် လက်ထောက်ကျောင်းအုပ်တွေက ကျောင်းတော်ရဲ့အစစ်အမှန်ထိန်းချုပ်သူတွေ ဖြစ်လာတယ်"
"လက်ထောက်ကျောင်းအုပ်ထျန်း အုပ်ချုပ်ရေးရုံးမှာ တာဝန်ယူကတည်းက...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ပိုပြီးအတင့်ရဲလာတယ်...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ ဂုဏ်သတင်းကလည်း ကျောင်းတော်ငါးခုကြားမှာ အဆိုးရွားဆုံးဖြစ်လာပြီးတော့ ဒီနေ့လိုအခြေအနေမျိုးထိ ရောက်လာတာပဲ"
"ငါတို့ရဲ့ကျောင်းတော်က အခုချိန်မှာ ဘယ်လိုအခြေအနေမျိုး ရောက်နေပြီလဲဆိုတာ မင်းတို့အားလုံး တွေးကြည့်ကြအုံး...ကျောင်းတော်ဝင်ခွင့်ကိုလာဖြေတဲ့သူတွေကိုတောင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက လမ်းတစ်ဝက်ကနေဖြတ်ပြီး တိုက်ခိုက်နေတယ်...ဒါကို အုပ်ချုပ်ရေးရုံးတော်ကရော ကျောင်းတော်ကပါ ဂရုမစိုက်ကြဘူး...လက်ထောက်ကျောင်းအုပ်ထျန်း ဘာတွေလုပ်နေတာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး"
"ကောလဟာလတွေအရတော့ လက်ထောက်ကျောင်းအုပ်ထျန်းက ဒီစီရင်စုနယ်မြေရဲ့ဟန်ပြအရာရှိသက်သက်ပဲ...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ သူ ဒီလိုအဆင့်အတန်းမျိုးရလာတယ်ဆိုတာ ထျန်းမိသားစုနဲ့သူတော်စင်ယီဟန်ကြားက ကျေးဇူးကြွေးတစ်ခုကြောင့်ပဲ...."
ဤသည်က အတင်းအဖျင်းစကားသက်သက်ဖြစ်သော်လည်း အကြောင်းအရင်းမရှိဘဲ မည်သူမျှ ပြောဆိုမည်မဟုတ်ချေ။ထိုအကြောင်းအရာများအားလုံးသည် အခြေခံအကြောင်းတစ်ခုရှိသဖြင့် ထွက်ပေါ်လာခြင်းပင်။
မကြာမီမှာပင် ထိုသတင်းများသည် ကျောက်စိမ်းဆေးမီးဖိုတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
Chapter 2604
နောက်ဆုံးတွင် ထျန်းပိုယန် မည်သည်ကြောင့် လက်ထောက်ကျောင်းအုပ်ဖြစ်ခဲ့သည်ကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိသွားလေ၏။
အတိတ်တွင် ထျန်းမိသားစု၏ဘိုးဘေးတစ်ယောက်သည် သူတော်စင်ယီဟန်ကို အကူအညီပေးခဲ့ဖူးသည်။သူတော်စင်ယီဟန်သည် ထိုထျန်းမိသားစုဘိုးဘေးအား ထျန်းမိသားစု၏ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးခဲ့သည်။
ထိုထျန်းမိသားစုဘိုးဘေးသည် အကူအညီပေးခဲ့သော်လည်း သူတော်စင်ယီဟန်ကို မည်သည့်အရာမျှတောင်းဆိုခဲ့ခြင်းမရှိချေ။ဤသည်က သူတို့မိသားစု၏အခြေခံအုတ်မြစ်ပင်။အကယ်၍ သူတော်စင်ယီဟန်သည် သူတို့၏အကူအညီအတွက် ပြန်လည်ပေးဆပ်ခဲ့ပါက တခြားသူများသည် ယီဟန်၏မျက်နှာကို ထောက်ထားစရာမရှိတော့သဖြင့် သူတို့အား အင်အားကုန်သုံး၍ တိုက်ခိုက်ကြပေမည်။
သို့ရာတွင် ထျန်းပိုယန်၏မျိုးဆက်အရောက်တွင် သူသည် မိသားစုခေါင်းဆောင်ဖြစ်လာခဲ့လေ၏။ထျန်းပိုယန်သည် စီရင်စုနယ်မြေတစ်ခု၌ အရာရှိတစ်ယောက်ဖြစ်သည်ကို ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိသဖြင့် သူတော်စင်ယီဟန်ကို သွားရောက်ရှာဖွေကာ အကူအညီတောင်းခံခဲ့သည်။
သူသည် သူတော်စင်ယီဟန်အပေါ် ထျန်းမိသားစု၏ကျေးဇူးကြွေးကို သူ၏အနာဂတ်ဖြင့်လဲလှယ်လိုခဲ့သည်။
ဤလှုပ်ရှားမှုကို သူ အလွန်စွန့်စား၍လှုပ်ဆောင်ခဲ့ခြင်းပင်။အကယ်၍ သူ သတိလက်လွတ်နေမိပါက သူတော်စင်ယီဟန်နှင့်ထျန်းမိသားစုအကြားမှ ကျေးဇူးကြွေး ပျောက်ကွယ်သွားရုံသာမက သူ၏ဆန္ဒများလည်း ပြည့်ဝမည်မဟုတ်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် သူတော်စင်ယီဟန်သည် ထျန်းပိုယန်၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့လေ၏။
သူတော်စင်ယီဟန်သည် ထျန်းပိုယန်ကို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၏အရာရှိဖြစ်လာစေရုံသာမက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ်အဖြစ်လည်း ခန့်အပ်ခဲ့သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ဟူသည်မှာ အရေးမပါသောရာထူးနေရာမျိုးမဟုတ်ချေ။သူသည် ကျောင်းတော်၏ကံကြမ္မာကို ရရှိရုံသာမက သူ၏ကျင့်ကြံဆင့်သည်လည်း ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။
ထို့ထက်ပို၍ကောင်းမွန်သောကိစ္စမှာ ထျန်းပိုယန်သည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းရှိ စာအုပ်များကို အတားအဆီးမရှိ ဖတ်ရှုနိုင်ခြင်းပင်။
ထိုအကြောင်းအရင်းကြောင့် ထျန်းပိုယန်၏ကျင့်ကြံဆင့် အလွန်လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး အချိန်တိုအတွင်းမှာပင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မူလက ထိုကိစ္စများသည် လျှို့ဝှက်ချက်အဖြစ်တည်ရှိနေသော်လည်း ယခုလက်ရှိချိန်တွင် သတင်းတစ်ခု ထုတ်ပြန်ကြေငြာလိုက်သကဲ့သို့ ကျောင်းတော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် ထျန်းပိုယန်အပေါ် ပို၍အထင်သေးသွားကြလေ၏။
မိသားစုကျေးဇူးကြွေးကိုအသုံးပြု၍ အမြင့်သို့တက်လှမ်းလာသူကို မည်သူကမျှ အလေးမထားကြချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ထျန်းပိုယန်၏နာမည်ဂုဏ်သတင်းသည် အဆုံးစွန်ဆုံးအခြေအနေထိ ကျဆင်းသွားတော့သည်။
အတိတ်တွင် ထျန်းပိုယန်ကို ထောက်ပံပေးနေသော လူတစ်စုသည်လည်း သူ့အား တစ်ယောက်ပြီးတစ်ယောက် စတင်၍စွန့်ပစ်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတော်စင်ယီဟန်သာ စစ်ဆေးမေးမြန်းလာပါက ထျန်းပိုယန်သည် ကျောင်းတော်၌ခြေကုပ်ရတော့မည်မဟုတ်ဟု လူအများက ခန့်မှန်းပြောဆိုနေကြသည်။သူသည် ကျောင်းတော်မှ ထုတ်ပယ်ခြင်းပင် ခံရနိုင်သည်။
ရလဒ်အနေဖြင့် ထျန်းပိုယန်သည် ကျောင်းတော်အတွင်း၌ အနာဂတ်မရှိတော့ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် ထျန်းပိုယန်အား ပြစ်မှားမိလျှင်ပင် ပြဿနာမရှိတော့ချေ။
ပြင်ပ၌ဖြစ်ပွါးနေသော ရုတ်ရုတ်သဲသဲကိစ္စများသည် လုယွီအား အနည်းငယ်မျှပင် အနှောက်အယှက်မဖြစ်စေပေ။
စမ်းသပ်နယ်မြေများအားလုံးကို စိန်ခေါ်ပြီးနောက် လုယွီသည် တံခါးပိတ်ကျင့်ကြံမည်ဟု ကြေငြာချက်ထုတ်ပြန်လိုက်၏။
သူသည် လီစစ်ပေးသောတံဆိပ်ပြားကိုအသုံးပြု၍ ကျောင်းတော်၏ဧည့်အကြီးအကဲကို သွားရောက်ရှာဖွေကာ သူ၏ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် အနောက်ဘက်တောင်သို့ ဝင်ရောက်ခဲ့သည်။
အနောက်ဘက်တောင်၏နက်ရှိုင်းသောနေရာ၌ ဧည့်အကြီးအကဲတချို့ရှိနေသည်။သူတို့သည် သူတို့၏စိတ်ဆန္ဒအလျောက် သူတော်စင်ယီဟန်နောက်သို့ လိုက်ခဲ့ကြသူများဖြစ်သဖြင့် သူတို့၏ကျင့်ကြံဆင့်များသည် အလွန်အမင်းသိမ်မွေ့နက်နဲလှ၏။
ထိုနေရာ၌ စိတ်ဝိညာဥ်စွမ်းအားများသည် ပြင်ပလောကထက် အဆများစွာ ပို၍ထူထပ်သိပ်သည်းသည်။ဤနေရာ၌ ကျင့်ကြံဆင့်ချိုးဖျက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုပင်။
"သာမာန်အခြေအနေမျိုးမှာ လက်ထောက်ကျောင်းအုပ်တောင် ခွင့်ပြုချက်မရှိရင် အနောက်ဘက်တောင်နားကို မသွားဝံ့ဘူး...ကြည့်ရတာတော့ လုရှီက အရာအားလုံးကို တွက်ဆထားတဲ့ပုံပဲ"
"ဒါတွေအားလုံးက ထျန်းပိုယန်ကြောင့်ဖြစ်မယ်...သူက ငါတို့ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ထိခိုက်နာကျင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာ"
တပည့်အများစုသည် ထျန်းပိုယန်ကို ရိုသေလေးစားခြင်းမရှိတော့သဖြင့် လက်ထောက်ကျောင်းအုပ်ဟုမခေါ်ဘဲ သူ၏နာမည်ကိုသာ တိုက်ရိုက်ခေါ်ဆိုကြတော့သည်။
ထျန်းမိသားစုဝင် ကျောင်းတော်တပည့်များမှာမူ ကျောင်းတော်အတွင်း၌ သူတို့၏အဆင့်အတန်းသည် အောက်ဆုံးထိထိုးကျသွားလေပြီ။
သာမာန်အားဖြင့် ထိုထျန်းမိသားစုဝင်များသည် သူတို့၏နောက်ခံအင်အားကိုအသုံးပြုကာ ကျောင်းတော်အတွင်း၌ တခြားလူများကို အနိုင်ကျင့်လေ့ရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထျန်းပိုယန်၏အခွင့်အာဏာ ပျက်စီးသွားသဖြင့် ထျန်းမိသားစုဝင်များသည် လူအများ၏ပစ်မှတ် ဖြစ်လာလေပြီ။
အထူးသဖြင့် ထျန်းယွဲ့ပင်။သူသည် ယခင်က လုယွီကို လှောင်ပြောင်သရော်ခဲ့သည်အား လူအမြောက်အများက မှတ်မိနေကြ၏။သူသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌သာ ပုန်းအောင်းနေရကာ ပြင်ပသို့မထွက်ဝံ့ချေ။အကြောင်းအရင်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တူကျန့်ထျန်းအပါအဝင် ကျောင်းတော်တပည့်အမြောက်အများသည် သူ့အားစိန်ခေါ်ရန် စီစဥ်နေကြသောကြောင့်ပင်။
တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော တူကျန့်ထျန်းသည် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအားလုံးကို ရုတ်သိမ်းလိုက်လေပြီ။သူသည် လုံးလုံးလျားလျား ကွဲပြားခြားနားသောလူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ဤသည်က လူအများ၏အမြင်တွင် အလွန်ထူးဆန်းနေပေ၏။
Chapter 2605
တချို့လူများသည် တူကျန့်ထျန်း၏အကျင့်စရိုက် ပြောင်းလဲသွားသည်ဟု ယူဆထားကြ၏။သို့ရာတွင် လူအများစုကမူ မြစ်များသည် လွယ်လင့်တကူဖြင့် သဘောသဘာဝမပြောင်းလဲနိုင်ဟု တွေးတောကြသည်။တူကျန့်ထျန်းကဲ့သို့ သတ်ဖြတ်လိုစိတ်ပြင်းထန်သောနတ်ဆိုးမျိုးသည် အကျင့်စရိုက်ပြောင်းလဲသွားသည်မှာ ဖြစ်နိုင်ချေမရှိသောကိစ္စပင်။
တချို့လူများကမူ တူကျန့်ထျန်းသည် ယခုလတ်တလောအချိန်တွင် လျှို့ဝှက်နည်းစနစ်တစ်ခုကို လေ့ကျင့်နေသဖြင့် သတ်ဖြတ်မှုမပြုလုပ်ခြင်းသာဖြစ်မည်ဟု ခန့်မှန်းနေကြသည်။
"လုရှီကို ဆန့်ကျင်တဲ့ဘယ်သူမဆို...ငါ့ရဲ့ရန်သူပဲ"
တူကျန့်ထျန်း၏စကားလုံးများသည် ထျန်းယွဲ့တို့လူစုအား ဆောင်းရာသီအတွင်းရှိ ပုစဥ်းရင်ကွဲကောင်ကဲ့သို့ ပုန်းအောင်းသွားစေသည်။
တခြားလူများ၏ ခြိမ်းခြောက်မှုများကို အလေးမထား၍ရသော်လည်း တူကျန့်ထျန်းကို သာမာန်အမြင်ဖြင့် တိုင်းတာ၍မရချေ။
သူသည် ယခင်ကတည်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။အကယ်၍ သူ့ထံတွင် တော်ဝင်နန်းတွင်းမှစစ်ဗိုလ်ချုပ်ဟူသော အဆင့်အတန်းသာမရှိပါက တော်ဝင်တရားစီရင်ရေးဌာနနှင့်တော်ဝင်စစ်ခုံရုံးမှ ဖမ်းဆီးပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
မည်သူကမျှ တူကျန့်ထျန်းအား မဆန့်ကျင်ဝံ့ချေ။သူသည် အစစ်အမှန် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။
ထျန်းယွဲ့သည် ထျန်းပိုယန်၏ဘေး၌နေ၍ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ပုန်းအောင်းနေရန်သာ တက်နိုင်တော့သည်။
"မိသားစုခေါင်းဆောင်...အဲ့ဒီကောင်တွေက အရှင့်ကို နည်းနည်းလေးတောင် အာရုံမစိုက်ကြတော့ဘူး...တကယ်လို့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့က ကျောင်းတော်ထဲမှာ နည်းနည်းလေးတောင် နေရာရတော့မှာမဟုတ်ဘူး"
ထျန်းယွဲ့က ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။
သူ၏ရှေ့တွင် ထျန်းပိုယန်သည် ဆံပင်များဖွာလန်ကျဲနေပြီး နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် ထိုင်နေလေ၏။
ဤရက်အနည်းငယ်အတွင်းတွင် ထျန်းပိုယန်သည် အသက်ဆယ်နှစ်ကျော်ခန့် ပို၍အိုစာသွားပုံရသည်။
ဘန်း...
သူသည် သူ့ရှေ့ရှိစားပွဲခုံကို ပြင်းပြင်းထန်ထန်ရိုက်ပုတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"သူက တံခါးပိတ်ကျင့်ကြံချင်တာလား...ဒီလိုဆိုတော့လည်း ငါက သူ့ကို လုံခြုံဘေးကင်းစွာနဲ့ကျင့်ကြံခွင့် မပြုနိုင်ဘူး"
ထျန်းပိုယန်ထံတွင် တခြားရွေးချယ်စရာ မရှိတော့ချေ။
အများဆုံးအနေဖြင့် သူ့ထံတွင် အချိန်သုံးရက်သာကျန်ရှိတော့ကြောင်း အနက်ရောင်ဝတ်ရုံဝတ်လူက ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့သည်။
သုံးရက်ကြာပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှ ထွက်ခွါသွားပေမည်။ဤသည်က အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်မှ အင်အားစုသည် ထျန်းပိုယန်အား လုံးလုံးလျားလျားစွန့်ပစ်လိုက်ပြီဟု ဆိုလိုခြင်းပင်။
ဤသည်က ထျန်းပိုယန်အတွက် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေသည်။
သူ၏တွက်ဆမှုအရ ယန်ကျွင်းသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့ ရောက်ရှိနေလောက်လေပြီ။မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၌ သူ လုပ်ဆောင်ခဲ့သမျှ ကိစ္စအားလုံးသည် စုံစမ်းစစ်ဆေးရေးမှူးယန်ကျွင်း၏ စူးရှသောအမြင်ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။
သူသည် နဂါးအစောင့်တပ်အတွင်းသို့ အမြန်ဆုံးဝင်ရောက်နိုင်မှသာ လွတ်မြောက်ရန်လမ်းစတစ်စကို ရရှိပေမည်။
ထျန်းပိုယန်သည် ယခုလက်ရှိအဆင့်အတန်းမျိုးကိုရရှိနိုင်ရန် တန်ကြေးများစွာ ပေးဆပ်ခဲ့ရသည်။မည်သည့်နည်းဖြင့် သူ လက်လျှော့အရှုံးပေးနိုင်မည်နည်း။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ငါက အခုချိန်ကနေစပြီးတော့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကိုနှိမ်နင်းဖို့ စီစဥ်ထားတယ်....မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းမှာရှိတဲ့ ဂိုဏ်းတွေနဲ့ကျောင်းတော်က လက်ရွေးစင်တပည့်တွေအားလုံး ပူးပေါင်းပါဝင်ရမယ်...ဘယ့်သူမှ ဒီအမိန့်ကို မလိုက်နာလို့မရဘူး....မဟုတ်ရင် တော်ဝင်နန်းတွင်းကထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှုနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်"
ထျန်းပိုယန်က ချက်ချင်းဆိုသလိုပင် အမိန့်ထုတ်ပြန်လိုက်၏။
ဤရူးသွပ်သောအမိန့်ကိုကြားချိန်တွင် ကျောင်းတော်တပည့်အများစုသည် အံ့အားသင့်သွားခြင်းမရှိချေ။
ယခုချိန်၌ ထျန်းပိုယန်သည် လုယွီအား ပစ်မှတ်ထားနေကြောင်းကို လူတိုင်း သိရှိထားပြီးလေပြီ။
မည်သည့်အကြောင်းပြချက် ပေးနေပါစေ ထျန်းပိုယန်၏ရည်ရွယ်ချက်မှာ သိသာထင်ရှားနေသည်။
ဤအမိန့်သည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်အနေဖြင့် ထုတ်ပြန်ခြင်းပင်။
အစွမ်းထက်သောရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် နယ်မြေခံအုပ်ချုပ်ရေးရုံးတော်များသည် အနီးပတ်ဝန်းကျင်ရှိ ဂိုဏ်းများ အင်အားစုများမှ အစွမ်းထက်သူများကို ခေါ်ယူစုဆောင်းလေ့ရှိသည်။
ထိုကဲ့သို့ ဆင့်ခေါ်ခံရသူများသည် တံခါးပိတ်ကျင့်ကြံနေလျှင်ပင် ထွက်လာရလေ၏။ထိုသို့မဟုတ်ပါက ရာဇဝတ်မှုကျူးလွန်သူအဖြစ်ယူဆကာ အပြစ်ပေးခြင်းခံရပေမည်။
ဤသည်က တော်ဝင်နန်းတွင်းမှနေ၍ ဂိုဏ်းများအားလုံးကိုထိန်းချုပ်နိုင်ရန် စီစဥ်ထားသောစည်းမျဥ်းပင်။
ထိုဂိုဏ်းများသည် တော်ဝင်နန်းတွင်း၏အမိန့်ကို လိုက်နာလိုသည်ဖြစ်စေ မလိုက်နာလိုသည်ဖြစ်စေ တခြားရည်ရွယ်ချက် ထားရှိ၍မရချေ။အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းသည် ဆင့်ခေါ်မှုကို လာရောက်ခြင်းမရှိပါက အမြစ်ပြတ်သုတ်သင်ခြင်းခံရနိုင်သည်။
"စက်ဆုပ်ဖို့ကောင်းလိုက်တာ...လုရှီက တံခါးပိတ်ကျင့်ကြံနေတယ်လေ...သူက လုရှီထွက်လာအောင် ဒီနည်းလမ်းနဲ့ ဖိအားပေးနေတာပဲ"
"သူ ဒီအမိန့်ကို ချမှတ်လိုက်တာက...တော်ဝင်စာမေးပွဲဖြေဆိုမယ့်သူတွေကို သက်ရောက်သွားစေနိုင်တယ်...ဒါက အရမ်းကိုအဆင်အခြင်မဲ့တဲ့ လှုပ်ရှားမှုပဲ"
လူအမြောက်အများသည် ထျန်းပိုယန်ကို ကျိန်ဆဲနေကြ၏။တချို့လူများသည် သူတို့၏အနာဂတ်ကိုပင် လျစ်လျှူရှုကာ မိုးကောင်းကင်ကျမ်းစာဆောင်သို့သွား၍ ထျန်းပိုယန်ကိုရှာဖွေကာ အမိန့်ကိုရုတ်သိမ်းပေးရန် တောင်းဆိုကြသည်။
ထျန်းပိုယန်သည် ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့သည်။သူသည် လာရောက်တောင်းဆိုသူများကို အပြစ်ပေးသည့်အပြင် တချို့တပည့်များကို ကျောင်းတော်မှပင် ထုတ်ပယ်ခဲ့သည်။
အချိန်တစ်ရက်ဟူသော တိုတောင်းသောကာလအတွင်းမှာပင် ထျန်းပိုယန်သည် ရာနှင့်ချီသော ကျောင်းတော်တပည့်များကို ထုတ်ပယ်ခဲ့လေ၏။
သို့ရာတွင် မိုးကောင်းကင်ကျမ်းစာဆောင်သို့ တပည့်များ တစ်ယောက်ပြီးတစ်ယောက် သွားနေဆဲပင်။
"တကယ်လို့ ခင်ဗျားမှာ အရည်အချင်းရှိရင်...ကျုပ်တို့အားလုံးကို ထုတ်ပယ်လိုက်စမ်း"
မြောက်မြားစွာသော ကျောင်းတော်တပည့်များက ဒေါသတကြီး အော်ဟစ်ကြုံးဝါးနေကြသည်။
Thank For Reading.