← Chapters

အခန်း (၂၆၁၆-၂၆၂၀)

Vol. 134 Ch. 2616-2620

အခန်း (၂၆၁၆-၂၆၂၀)

Vol. 134 Ch. 2616-2620

Chapter 2616

ရှဲရှဲ...ရှဲရှဲ...

မိုးကြိုးလှိုင်းများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ သူ၏အရိုးများနှင့်ရိုးတွင်းခြင်ဆီများကို ဆေးကြောသန့်စင်ကာ လုယွီ၏ခန္ဓာကိုယ်ကို အဆက်မပြတ်ထိန်းညှိပေးနေသည်။

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှလာသော ကြီးကျယ်ခမ်းနားသောစွမ်းအားများကို ခံစားကာ မိုးကောင်းကင်ယံအား တဖန်ထပ်၍ မော့ကြည့်လိုက်သည်။

ဤတစ်ကြိမ်ကပ်ဘေးမိုးကြိုးသည် ယခင်က သူ လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်စဥ်ကထက် ပို၍ပြင်းထန်ပေ၏။

သို့ရာတွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ယခင်နှင့်မတူညီတော့ချေ။အထူးသဖြင့် မဖျက်ဆီးနိုင်သောခန္ဓာကိုယ်နည်းစနစ်ကိုကျင့်ကြံပြီးနောက် အကယ်၍ သူ၏ရုပ်ခန္ဓာကိုယ်၌ ဒဏ်ရာရရှိသွားလျှင်ပင် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။သူသည် မည်သည့်ဒဏ်ရာမျိုးမျှမရရှိနိုင်သော ရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟုပင် ဆိုနိုင်ပေ၏။

လုယွီသည် အစောပိုင်းကကျဆင်းလာသော မိုးကြိုးလှိုင်းကို ခံစားနေချိန်ပင်မရဘဲ နောက်ထပ်မိုးကြိုးလှိုင်းတစ်လှိုင်းက ထပ်မံ၍ကျရောက်လာသည်။

ဤတစ်ကြိမ်မိုးကြိုးလှိုင်းသည် ပထမအကြိမ်ထက်ပို၍ပြင်းထန်ကာ တုန်ခါသံကြီးသည် ပုန်းကွယ်နဂါးချိုင့်ဝှမ်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။

တစ်ချိန်တည်းမှာပင် ကျောင်းတော်အတွင်းရှိလူများသည် အနောက်ဘက်တောင်ရှိရုတ်ရုတ်သဲသဲဖြစ်နေမှုများကို သတိပြုမိသွားသည်။

"ဒါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပဲ...တစ်ယောက်ယောက်က အနောက်ဘက်တောင်မှာ ကျင့်ကြံဆင့်ချိုးဖျက်နေတာပဲဖြစ်မယ်"

"ဒီကပ်ဘေးမိုးကြိုးအဆင့်က ရွှယ်အင်မော်တယ်နဲ့အထက်အဆင့်တွေ ရင်ဆိုင်ရတဲ့အရာမျိုးပဲ...ဖြစ်နိုင်တာတော့ အနောက်ဘက်တောင်က ဧည့်အကြီးအကဲတစ်ယောက်ယောက် ကျင့်ကြံဆင့်ချိုးဖျက်နေတာများလား"

ထိုကပ်ဘေးမိုးကြိုးသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများ၏ စိတ်အာရုံကိုလည်း ဆွဲဆောင်သွားနိုင်ခဲ့သည်။

"မြင့်မြတ်တဲ့နတ်ဘုရားက ဒီတစ်ကြိမ်မှာ လုယွီကိုသတ်ဖြတ်ရမယ်လို့ အမိန့်ပေးထားတာ....သူက အနောက်ဘက်တောင်မှာ ပုန်းအောင်းနေတယ်"

အစိမ်းရောင်မျက်လုံးတစ်စုံရှိသော လူကြီးတစ်ယောက်သည် ဓမ္မအစောင့်အရှောက်ငါးယောက်ကိုခေါ်ဆောင်၍ အနောက်ဘက်တောင်သို့ ဦးတည်သွားလေ၏။

သူသည် မြွေစိမ်းမြင့်မြတ်နတ်ဆရာဖြစ်ကာ သူ၏အဆိပ်ပညာရပ်ကျွမ်းကျင်မှုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၌ သူ၏အဆင့်အတန်းမှာ လွန်စွာမြင့်မားသည်။

အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏အစီအစဥ်များကို လုယွီ အဆက်မပြတ်ဖျက်ဆီးနေသဖြင့် မျက်စိဆံပင်မွှေးစူးနေခဲ့သည်။ဤတစ်ကြိမ်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏ကိုယ်ပိုင်အစီအစဥ်အတိုင်း လှုပ်ရှားခြင်းဖြစ်သော်လည်း အခွင့်ကောင်းရှာ၍ လုယွီကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ထားသည်။

"ဒီနေ့...လုယွီ သေကိုသေရမယ်"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ထိုနေရာ၌ အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်ကို ခံစားမိသဖြင့် တခြားမြင့်မြတ်နတ်ဆရာသုံးယောက်ကိုပါ ခေါ်ဆောင်လိုက်၏။

မြင့်မြတ်နတ်ဆရာသုံးယောက်နှင့် ဓမ္မအစောင့်အရှောက်ဆယ်ယောက်ကျော်တို့သည် အနောက်ဘက်တောင်သို့ တဟုန်ထိုးအပြေးသွားလိုက်ကြသည်။

မူလက အနောက်ဘက်တောင်ရှေ့တွင် ကာကွယ်စောင့်ကြပ်နေသော တပည့်တချို့ရှိသည်။သို့ရာတွင် သူတို့သည် မြင့်မြတ်နတ်ဆရာသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိချေ။

"နတ်ဆိုးဂိုဏ်းကကောင်တွေက အနောက်ဘက်တောင်ကို ကျူးကျော်ဝင်ရောက်သွားပြီ"

"အနောက်ဘက်တောင်က စာပေသူတော်စင်ရဲ့ကျင့်စဥ်အမွေအနှစ်တွေ ရှိတဲ့နေရာပဲ...မင်းတို့က သေချင်နေကြတာလား"

ထိုနေရာတွင်ရှိနေသောတပည့်များသည် သူတို့မသေဆုံးမီ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

မြွေစိမ်းမြင့်မြတ်နတ်ဆရာက သရော်တော်တော် ပြောဆိုသည်။

"အဲ့ဒီပုဂ္ဂိုလ်က တံခါးပိတ်ကျင့်ကြံနေတယ်...မင်းတို့ ဘယ်လောက်ပဲအော်နေနေ သူ ကြားမှာမဟုတ်ဘူး"

သူသည် သူတော်စင်ယီဟန်၏နာမည်ကို တိုက်ရိုက်မခေါ်ဆိုဝံ့သဖြင့် နာမ်စားတစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ထို့နောက် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများသည် သူတို့၏ဓားများကိုဖြုတ်၍ သူတို့ရှေ့ရှိ ကျောင်းတော်တပည့်များ၏ခေါင်းများကို ဖြတ်လိုက်တော့သည်။

အနောက်ဘက်တောင်၏ရှေ့တွင် သွေးများက မြစ်ပြင်တမျှ စီးဆင်းသွားလေ၏။

"ခွေးမသားတွေ"

ကျောင်းတော်မှဟောပြောသူတချို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်အမင်း ဒေါသထွက်သွားကြသည်။သူတို့က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများကို ဟန့်တားရန် ရှေ့သို့ပြေးဝင်လိုက်ကြ၏။သို့ရာတွင် မမျှော်လင့်ဘဲ သူတို့ ရှေ့တိုးလိုက်စဥ်တွင် သူတို့၏ခန္ဓာကိုယ်များကို အစိမ်းရင့်ရောင်အခိုးအငွေ့များ လွှမ်းခြုံသွားသည်။

ထိုအစိမ်းရင့်ရောင်အခိုးအ​ငွေ့များတွင် သေစေနိုင်သောအဆိပ်မျိုးစုံ ရောယှက်ပါဝင်နေသည်။ထိုအခိုးအငွေ့များကို တစ်စုံတစ်ယောက်မှ ထိတွေ့မိသည်နှင့် ထိုအဆိပ်များ၏သက်ရောက်ခြင်းကိုခံရကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ငွေ့များ ဝင်ရောက်သွားပေမည်။

အကယ်၍ ထိုသူသည် မှော်စွမ်းအင်များကိုအသုံးပြု၍ အကာအကွယ်မှော်စွမ်းအင်အလွှာကို သိပ်သည်းထားလျှင်ပင် ထိုအဆိပ်များကို အပြည့်အဝဟန့်တားနိုင်မည်မဟုတ်ချေ။

"ဟား ဟား ဟား...ကျောင်းတော်ငါးခုဆိုတာ တကယ်တော့ ကြက်လေး ခွေးလေးတွေရှိနေတဲ့နေရာပဲ"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် အော်ဟစ်ရယ်မောကာ သူ၏လက်ကိုမြှောက်၍ ဟောပြောသူဆယ်ယောက်ကျော်၏အသက်များကို နှုတ်ယူလိုက်တော့သည်။

ပြင်ပ၌ ဆူညံနေစဥ်တွင် လုယွီသည် ဒုတိယမြောက်မိုးကြိုးလှိုင်းကို ခံယူနေပေ၏။

ထောင်နှင့်ချီသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးလှိုင်းများ ကျရောက်လာသည်။လုယွီသည် ထိုမိုးကြိုးလှိုင်းများကို အပြည့်အဝ တောင့်ခံနိုင်ခဲ့သည်။သို့ရာတွင် ပေါက်ကွဲမှု၏နောက်ခံအားလှိုင်းများကို ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်း၌ ပုန်းအောင်းနေသူနှစ်ယောက် ခံစားနေရလေ၏။

"ငါတို့ သူ့ကို အမြင်မှားသွားမိတယ်...သူက သာမာန်မဟုတ်တဲ့ လူငယ်တစ်ယောက်ပဲ...သူ့ရဲ့မြေကမ္ဘာအင်မော်တယ်ကပ်ဘေးမိုးကြိုးက အရမ်းပြင်းထန်လွန်းတယ်"

"အခုချိန်မှ ဒီအကြောင်းတွေကိုပြောဖို့ အရမ်းနောက်ကျသွားပြီ...ချိပ်စည်းတံဆိပ်ကို မြန်မြန်အားဖြည့်ကြရအောင်...ဒီကပ်ဘေးမိုးကြိုးလှိုင်းတွေ ချိပ်စည်းတံဆိပ်ကို ရိုက်ခတ်သွားလို့မရဘူး"

အလွန်အမင်းအံ့အားသင့်တုန်လှုပ်နေသော အမျိုးသားနှင့်အမျိုးသမီးတို့သည် ချိပ်စည်းတံဆိပ်ကို စတင်၍အားဖြည့်လိုက်ကြ၏။

သို့ရာတွင် သူတို့ စတင်လှုပ်ရှားလိုက်သောအချိန်မှာပင် ပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးလှိုင်းများက ထပ်မံ၍ဆင်းသက်လာသည်။

တောက်ပသောလျှပ်စီးမိုးကြိုးလှိုင်းများက ကောင်းကင်ယံမှ ကျဆင်းလာကာ ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံးကို လင်းထိန်သွားစေသည်။

ဘန်း...

လုယွီက မြေပြင်ပေါ်၌မတ်တတ်ရပ်ကာ ထိုကပ်ဘေးမိုးကြိုးများကို ခံယူလိုက်၏။ကျောက်တုံးများက သူ၏နံဘေးပတ်လည်၌ ပျံ့လွင့်နေကာ သူ၏ခြေထောက်အောက်ရှိ မြေပြင်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

Chapter 2617

မိုးကြိုးလှိုင်းများက ကျယ်လောင်သောတုန်ခါသံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်နေသည်။

လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများနှင့်ပြည့်နှက်နေကာ သူ၏မွေးညှင်းပေါက်တိုင်းမှနေ၍ အဘက်ဘက်မှလာသော မိုးကြိုးစွမ်းအားများကို စုပ်ယူနေလေ၏။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် လောကကြီးအတွင်း၌ အပြင်းထန်ဆုံးမိုးကြိုးပင်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏အောက်တွင် မည်သည့်သက်ရှိမဆို သူတို့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှလာသော ထိတ်လန့်ကြောက်ရွံမှုကို ခံစားရပေမည်။

ဟူး....ဟူး...

လုယွီ အသက်ရှုသွင်းသည့်အချိန်တိုင်း စိတ်ဝိညာဥ်စွမ်းအားများသည် လေပွေကဲ့သို့ ဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အဆက်မပြတ်လှည့်ပတ်နေသည်။

မိုးကြိုးလှိုင်းများ၏ဆေးကြောသန့်စင်မှုအောက်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ အရည်အသွေးပြောင်းလဲစပြုလာသည်။

မူလက လုယွီ၏ခွန်အားသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။သူ နောက်ထပ်နယ်ပယ်တစ်ခု တက်လှမ်းနိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။

သို့ရာတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်သွားသည်နှင့်အမျှ သူ၏ခွန်အား သိသိသာသာ တိုးပွါးလာပေမည်။

လုယွီက မိုးကောင်းကင်ယံကိုမော့ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"မင်း တတ်နိုင်တာ ဒါ အကုန်ပဲလား"

ဘုန်း...

ကျယ်လောင်သောမိုးခြိမ်းသံတစ်သံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ဤသည်က မိုးကောင်းကင်တာအိုကို ဖီဆန်ခြင်းပင်။

မိုးကောင်းကင်တာအိုတွင် ရှေးဟောင်းအချိန်ကာလ ပျက်စီးသွားပြီးနောက် စိတ်ဆန္ဒတစ်ခုကျန်ရှိခဲ့သည်။ထိုစိတ်ဆန္ဒသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ကို အာရုံခံမိသည်နှင့် ဤလောကကြီးနှင့်မသက်ဆိုင်သူအလား ထိုလူကိုသတ်ဖြတ်ရန် ကြိုးပမ်းလေ၏။

သို့ရာတွင် မြောက်မြားစွာသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ ကျရောက်လာသည့်တိုင် လုယွီကို သတ်ဖြတ်နိုင်ခြင်းမရှိချေ။

ဤသည်က မိုးကောင်းကင်တာအို၏စိတ်ဆန္ဒကို ဂုဏ်သိက္ခာကျဆင်းစေခြင်းပင်။

ရုတ်ချည်းဆိုသလိုပင် မိုးကြိုးလှိုင်းများက အဘက်ဘက်မှကျရောက်လာကာ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထူးဆန်းသောသဘာဝလွန်ပုံရိပ်များကလည်း မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ နေရာအနှံ့အပြား၌ ထွက်ပေါ်နေသည်။

မူလက တချို့နေရာများရှိ ကောင်းကင်ယံတွင် တိမ်မည်းများလွှမ်းခြုံနေကာ မကြာမီတွင် မိုးရွာချတော့မည့်ပုံပင်။သို့ရာတွင် ထိုနေရာများမှ တိမ်မည်းများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

"မိုးကြိုးလှိုင်းတွေက တစ်စုံတစ်ခုရဲ့ဆွဲဆောင်မှုကို ခံနေရပုံပဲ"

"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ဘာတွေဖြစ်နေတာလဲ"

မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေနှင့် နီးကပ်သောနေရာတွင်ရှိနေသော အစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏နေရာများမှထွက်လာကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ကျင့်ကြံဆင့်ချိုးဖျက်နေသော လူတချို့ရှိနေကာ သူတို့ရင်ဆိုင်နေရသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ကျရှုံးသွားလေ၏။

ကောင်းကင်နှင့်မြေပြင်အကြားရှိ မိုးကြိုးလှိုင်းများအားလုံး လုယွီ၏ခေါင်းထက်၌ စုဝေးနေသည်။

ထိုမိုးကြိုးလှိုင်းများသည် သိသာထင်ရှားစွာဖြင့် မြောက်မြားစွာသော ရက်စက်ကြမ်းကြုတ်သည့်မှော်သားရဲများအသွင်သို့ သိပ်သည်းသွားသည်။ထိုကပ်ဘေးမိုးကြိုးသားရဲများသည် အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်နေကြ၏။

"ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး အသွင်ပြောင်းလဲခြင်း....ဒီကောင်လေးက မိုးကောင်းကင်ကို ဖီဆန်ချင်နေတာလား...တကယ်လို့ သူ့ရဲ့အချက်အလက်တွေကိုသာ ငါ ကြိုမသိခဲ့ဘူးဆိုရင် သူက နယ်မြေသခင်အဆင့်ကပ်ဘေးမိုးကြိုးကို ရင်ဆိုင်နေတာလို့ ငါ ထင်မိလိမ့်မယ်"

"မင်းနဲ့ငါက ချိပ်စည်းတံဆိပ်ပေါ်မှာပဲ အာရုံစိုက်ထားရမယ်....အခုချိန်မှာ ဒီကောင်လေးကို စိုးရိမ်ပူပန်နေလို့မရဘူး...သူ ဆွဲဆောင်လိုက်တဲ့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက အရမ်းအစွမ်းထက်လွန်းတယ်...ချိပ်စည်းတံဆိပ် ကျိုးပျက်သွားမှာကိုပဲ ငါ စိုးရိမ်နေတယ်"

"ကြွက်တစ်သိုက် ဒီနေရာကိုဝင်လာနေပြီ...ဒါပေမယ့် ငါတို့က အခုချိန်မှာ သူတို့ကိုဂရုစိုက်နေဖို့ အချိန်မရှိဘူး...ဒီကောင်လေးရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"

ချိုင့်ဝှမ်းအတွင်း၌ ပုန်းအောင်းနေသူနှစ်ယောက်သည် မကြာမီမှာပင် သူတို့အချင်းချင်း ဆက်သွယ်ပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြကာ အကောင်းဆုံးကြိုးစား၍ ချိပ်စည်းတံဆိပ်ကို ကာကွယ်လိုက်ကြ၏။

ဝှစ်...ဝှစ်...ဝှစ်...

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများနှင့်အတူ လမ်းတလျှောက်ရှိကျောင်းတော်တပည့်များကိုသတ်ဖြတ်၍ အနောက်ဘက်တောင်သို့ရောက်ရှိလာသည်။

"လုယွီ ဒီနေရာမှာရှိနေတယ်....သူ့ကိုကြည့်ရတာ ကျင့်ကြံဆင့်ချိုးဖျက်နေတဲ့ပုံပဲ"

"မြင့်မြတ်နတ်ဆရာ...ကျွန်တော်တို့က သူ ကျင့်ကြံဆင့်ချိုးဖျက်တာကို ကြားဖြတ်နှောက်ယှက်ကြမလား"

လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ မိုးကြိုးလှိုင်းများကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာ ​ထိတ်လန့်ကြောက်ရွံသွားကြ၏။

ဤကဲ့သို့ ကပ်ဘေးမိုးကြိုးအဆင့်မျိုးကို တာအိုကျမ်းစာများအတွင်း၌သာ မှတ်တမ်းတင်ထားပြီး သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးခြင်းမရှိချေ။

"ငါတို့ ဒီကောင်လေးကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး...နောင်တစ်ချိန်မှာ ပြဿနာတွေဖြစ်မလာအောင် သူ့ကို အမြန်ဆုံးရှင်းပစ်ရမယ်"

မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

သူက ဓမ္မအစောင့်အရှောက်နှစ်ယောက်ကို ညွှန်ကြားလိုက်၏။

"မင်းတို့နှစ်ယောက်...အဲ့ဒီနေရာကိုသွားပြီး သူ့ကိုကြားဖြတ်နှောက်ယှက်ကြစမ်း"

ကျင့်ကြံရာတွင် အကြီးမားဆုံးတားမြစ်ချက်မှာ ကြားဖြတ်နှောက်ယှက်ခံရခြင်းပင်။

ထို့ကြောင့် ကျင့်ကြံသူအများစုသည် သူတို့ကျင့်ကြံဆင့်ချိုးဖျက်နေစဥ်တွင် ကာကွယ်စောင့်ကြပ်ပေးရန် မိတ်ဆွေများ အပေါင်းအဖော်များကို ရှာဖွေထားလေ့ရှိသည်။

ဓမ္မအစောင့်အရှောက်နှစ်ယောက်သည် စတင်လှုပ်ရှားသည်နှင့် လုယွီထံဦးတည်ကာ သူတို့၏အစွမ်းထက်ဆုံး သတ်ဖြတ်မှုနည်းစနစ်များကို အသုံးပြုလိုက်ကြသည်။

သာမာန်အားဖြင့် ထိုဓမ္မအစောင့်အရှောက်နှစ်ယောက်သည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီသည် အားအနည်းဆုံးအခြေအနေမျိုး၌ ရှိနေလေ၏။သူ ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်သဖြင့် သူတို့၏တိုက်ခိုက်မှုများကို ခံယူရုံသာရှိသည်။

Chapter 2618

"ဟား ဟား ဟား...ငရဲကိုသွားစမ်း"

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ ဓမ္မအစောင့်အရှောက်နှစ်ယောက်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၌ လုယွီအား ဆုကြေးထုတ်ထားသောပမာဏသည် စိတ်ကူးယဥ်တွေးတောကြည့်၍ပင်မရသောအဆင့်သို့ ရောက်ရှိနေလေပြီ။

သူတို့သည် လုယွီအား ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်ပါက ကြီးမားသောဆုလာဘ်များရရှိမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ထို့ပြင် အစိမ်းရောင်ကြာနတ်ဘုရားကိုယ်တိုင်ကပင် သူတို့ကို ဆုလာဘ်များ ချီးမြှင့်နိုင်ချေရှိသည်။

"ဘာ ပါရမီရှင်လဲ....သူက ငါတို့ရဲ့ခြေနင်းတုံးသက်သက်ပဲ"

သူတို့၏တိုက်ခိုက်မှုများက ချက်ချင်းဆိုသလိုပင် လုယွီပေါ်သို့ ကျရောက်လာသည်။

ဘန်း...ဘန်း...

ခပ်အုပ်အုပ်အသံနှစ်သံက လုယွီ၏ခန္ဓာကိုယ်အရေပြားမှ ပဲ့တင်ထပ်လာပေ၏။

ဤသည်က သတ္တုအချင်းချင်းထိခတ်မိသော အသံနှင့်တူညီကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လုယွီ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူ၏ခန္ဓာကိုယ်အရေပြားများက ရွှေရောင်တောက်ပနေသည်။သူသည် ခြေတစ်လှမ်းမျှပင်နောက်တွန့်သွားခြင်း မရှိသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသွားခြင်းလည်းမရှိချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဓမ္မအစောင့်အရှောက်နှစ်ယောက်လုံး အံ့အားသင့်သွားသည်။

သူတို့အား အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ထိပ်သီးကျင့်ကြံသူများဟု သတ်မှတ်၍မရသော်လည်း သူတို့၏ခွန်အားသည် အားနည်းခြင်းမရှိပေ။ထိုသို့မဟုတ်ပါက သူတို့သည် ဓမ္မအစောင့်အရှောက်များ ဖြစ်လာမည်မဟုတ်ချေ။

ဓမ္မအစောင့်အရှောက်တစ်ယောက်သည် တော်ဝင်နန်းတွင်းမှ စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် ခွန်အားခြင်းညီမျှသည်။သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် လုယွီကို နာကျင်စေခြင်းပင်မရှိချေ။

အထူးသဖြင့် လုယွီသည် ယခုလက်ရှိချိန်၌ ကျင့်ကြံဆင့်ချိုးဖျက်နေဆဲဖြစ်သဖြင့် အားအနည်းဆုံးအခြေအနေမျိုး၌ရှိနေသည်။ဤသည်က အနည်းငယ် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

"အမှိုက်တွေ....ဘေးဖယ်ကြစမ်း"

မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏မျက်လုံးအတွင်း၌ အစိမ်းရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်ပြောဆိုသည်။

"မင်းတို့နှစ်ယောက်...ဒီဆုလာဘ်ကို ငါ တစ်ယောက်တည်းမယူချင်ဘူး...ဒီကောင်လေးရဲ့ကျင့်ကြံဆင့်အခြေခံက အရမ်းနက်ရှိုင်းတယ်...တကယ်လို့ သူ့ကိုသာ ဆက်ပြီးကြီးထွားခွင့်ပြုလိုက်ရင် အနှေးနဲ့အမြန် ငါတို့ဂိုဏ်းအတွက် ဆူးညှောင့်ခလုတ်ဖြစ်လာလိမ့်မယ်...ငါတို့ အတူပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်ကြရင် မကောင်းဘူးလား...သူ့ကို အမြန်ဆုံးရှင်းပစ်ရအောင်"

"ကောင်းပြီလေ...ငါတို့အားလုံး အတူပူးပေါင်းပြီး အဲ့ဒီကောင်လေးကို တစ်ချက်တည်းနဲ့ရိုက်သတ်မယ်"

တခြားမြင့်မြတ်နတ်ဆရာနှစ်ယောက်ကလည်း သဘောတူညီလိုက်၏။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းတွင် မြင့်မြတ်နတ်ဆရာတိုင်းသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိသည်။

ရွှယ်အင်မော်တယ်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ဂိုဏ်းကြီးတချို့ပင် လျှော့တွက်ဝံ့မည်မဟုတ်ချေ။

"သတ်စမ်း"

မြွေစိမ်းမြင့်မြတ်နတ်ဆရာက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အစိမ်းရင့်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ကြီးမားသောမြွေစိတ်ဝိညာဥ်တစ်ကောင်အဖြစ် သူ၏ရှေ့၌ သိပ်သည်းသွားသည်။ထိုမြွေကြီးသည် ပါးစပ်ကိုကျယ်လောင်စွာဟ၍ လုယွီကိုကိုက်ရန်အတွက် တိုးဝင်သွားလေ၏။

ပြင်းထန်သောသွေးညှီနံက ရုတ်တရက် လေထုအတွင်း၌ ထွက်ပေါ်လာသည်။အဆိပ်ရှိသောမြူခိုးများ မျောလွင့်နေခြင်းကြောင့် ပတ်ဝန်းကျင်ရှိသစ်ပင်ပန်းမန်များအားလုံး ညှိုးနွမ်းခြောက်သွေ့သွားကာ အနက်ရောင်အရည်များက မြေပြင်ပေါ်သို့ယိုစီးနေသည်။

ထိုလူသုံးယောက်၏ပူးပေါင်းတိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်လုမတတ်ပြင်းထန်သည်။လုယွီသည်လည်း ပျက်စီးသွားလုနီးပါးပင်။

ဤသည်က သူ့အတွက် မကြုံစဖူး သေခြင်းနှင့်နီးကပ်နေသောအချိန်ဖြစ်သည်။သူ့ထံတွင် ရှေးဟောင်းသိုင်းပညာသူတော်စင် ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် ရွှယ်အင်မော်တယ်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။သို့ရာတွင် ဤသည်က လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက်၏ခွန်အားကို လျစ်လျှူရှုထားနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ချေ။

အတိတ်တွင် လုယွီသည် စစ်ပွဲအတွင်း၌ရှုရာဧကရာဇ်နှင့်တိုက်ခိုက်ခဲ့ခြင်း ရှဖုန်း၏လက်အတွင်းမှ လွတ်မြောက်လာခဲ့ခြင်းမှာ သူ့ထံတွင်ထိပ်တိုက်ရင်ဆိုင်နိုင်သော နည်းလမ်းတချို့ရှိနေသောကြောင့်ဖြစ်သည်။အမှန်အားဖြင့် ရွှယ်အင်မော်တယ်နှင့်လောကီအင်မော်တယ်ဆိုသည်မှာ အလွန်ကွာဟချက်ကြီးမားသော ကျင့်ကြံဆင့်နယ်ပယ်များပင်။

တစ်စုံတစ်ယောက်သည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ခြေချနိုင်သည်နှင့် ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားလေပြီ။သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြစ်စေ ခွန်အားဖြစ်စေ ကြောက်ခမန်းလိလိ ပြောင်းလဲသွားပြီသာဖြစ်လေ၏။

ဝုန်း...

ထိုအချိန်မှာပင် လုယွီ၏သိုလှောင်အိတ် ရုတ်တရက် တုန်ခါသွားသည်။

သိုလှောင်အိတ်အတွင်းမှနေ၍ အနီရောင်အတွင်းခံဝတ်ဆင်ထားသော ကလေးတစ်ယောက် ခုန်ထွက်လာသည်။သူ၏မျက်လုံးသည် စူးရှရှတောက်ပနေကာ သူ့ကိုကြည့်ရသည်မှာ ကြွေရုပ်တစ်ရုပ်နှင့် တူညီနေလေ၏။

"ကလေးတစ်ယောက်လား"

ဤအချိန်အခိုက်အတန့်တွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ မြင့်မြတ်နတ်ဆရာသုံးယောက်လုံး ကြက်သေသေသွားသည်။

သို့ရာတွင် သူတို့သည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော အစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။မည်သည့်ကိစ္စများ ဖြစ်ပျက်နေပါစေ သူတို့သတ်ဖြတ်မည့်ရည်ရွယ်ချက်ကို သက်ရောက်မှုရှိမည်မဟုတ်ချေ။

"မင်းက ဘယ်နေရာက ထွက်လာတာလဲ...လုယွီနဲ့အတူ သွားသေလိုက်စမ်း"

မြင့်မြတ်နတ်ဆရာသုံးယောက်လုံး၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤနေရာသို့ သူတို့ရောက်ရှိလာသောရည်ရွယ်ချက်သည် လုယွီကို သတ်ဖြတ်ရန်ပင်။လုယွီအား သတ်ဖြတ်နိုင်ရန်အတွက် မည်သည့်ကိစ္စကိုမဆို သူတို့ပြုလုပ်ရပေမည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် သူ၏တင်ပါးနှစ်ဖက်ကို သူ့လက်ဖြင့် ပွတ်သပ်နေလေ၏။သူ့အား မျောက်မှ ကန်ထုတ်လိုက်ခြင်းပင်။

"မင်းတို့အားလုံး...သေကြစမ်း"

လက်နက်စိတ်ဝိညာဥ်ကလေးငယ်က လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံဖြင့် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏အမူအယာသည် မျောက်နှင့်တစ်ထပ်တည်း တူညီနေလေ၏။

သိုလှောင်အိတ်အတွင်းရှိ မျောက်သည် လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏အမူအယာကို မြင်တွေ့ချိန်တွင် စိတ်ကျေနပ်အားရစွာဖြင့် လက်ခုပ်လက်ဝါးတီးကာ ပြောဆိုလိုက်သည်။

"မဆိုးဘူး...မဆိုးဘူးပဲ...ဒီကလေးက ငါ့ရဲ့သင်ကြားပေးမှုနဲ့ထိုက်တန်တယ်...မြန်မြန် အဲ့ဒီကောင်တွေကို ရိုက်လိုက်စမ်း"

Chapter 2619

လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ပုံပန်းသွင်ပြင်သည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ပုံရကာ သူသည် ကြီးမားသောအရှိန်အဝါနှင့် အော်ဟစ်ကြုံးဝါးလိုက်သော်လည်း မည်သူကမျှ သူ့ကို အလေးအနက်မထားကြချေ။

"အဲ့ဒီကလေးကို အရင်သတ်ရအောင်...ပြီးမှ လုယွီကို ရင်ဆိုင်ကြမယ်"

မြင့်မြတ်နတ်ဆရာသုံးယောက်၏ မှော်စွမ်းအားလှိုင်းများ လက်နက်စိတ်ဝိညာဥ်ကလေးငယ်နှင့် နီးကပ်လာလေပြီ။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ခန္ဓာကိုယ်တစ်ခုလုံးမှ ရုတ်တရက် အနက်ရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏နောက်တွင် အနက်ရောင်အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာလည်ပတ်နေသည်။

ထိုက်တောင်ကြီးကဲ့သို့လေးလံသည့် တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ်က ရုတ်တရက် မြင့်မြတ်နတ်ဆရာသုံးယောက်ထံသို့ ကျရောက်လာသည်။

ထိုလူသုံးယောက်၏မျက်နှာအမူအယာများ ပျက်ယွင်းသွားပေ၏။သူတို့ပေါ်သို့ ကြီးမားသောတောင်ကြီးတစ်လုံး ဖိစီးထားသကဲ့သို့ ခံစားနေရကာ အသက်ပင်မရှုနိုင်တော့ချေ။

"မဟုတ်သေးဘူး...ဒီကလေးက တစ်ခုခုတော့ မှားနေတယ်"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ပထမဆုံးအသိဝင်လာကာ နောက်သို့ချာခနဲလှည့်၍ ထွက်ပြေးတိမ်းရှောင်လိုက်သည်။

တောင်ကမူတစ်ခုပေါ်သို့ သူ ထွက်ပြေးနိုင်ခဲ့သော်လည်း တခြားမြင့်မြတ်နတ်ဆရာနှစ်ယောက်သည် အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်ကို လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်မှ ချိပ်ပိတ်ထားလိုက်ကာ မလှုပ်ရှားနိုင်တော့ချေ။

သူတို့သည် အချင်းချင်းဆက်သွယ်နိုင်ခြင်း မရှိသည့်အပြင် စကားပင်မပြောနိုင်တော့ချေ။သူတို့၏မျက်နှာများပေါ်တွင် တုန်လှုပ်ချောက်ချားသောအမူအယာမျိုးရှိနေကာ သူတို့၏မျက်လုံးအကြည့်များက တောင့်တင်းနေသည်။

မြင့်မြတ်နတ်ဆရာတစ်ယောက်သည် မြွေစိမ်းမြင့်မြတ်နတ်ဆရာ သူတို့အား ကယ်တင်ပေးစေလိုသဖြင့် ကြောက်ရွံထိတ်လန့်မှုများပြည့်နှက်နေသော အကြည့်ဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။

"ဒါက ဘယ်လိုငရဲမျိုးလဲ"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် မျက်မှောင်ကြုတ်လိုက်ကာ ကမူးရှုးထိုးပြုလုပ်ခြင်းမရှိချေ။

သို့ရာတွင် မကြာမီမှာပင် သူ့နောက်သို့လိုက်ပါလာသော မြင့်မြတ်နတ်ဆရာနှစ်ယောက်၏ခန္ဓာကိုယ်အရေပြားများ သာမာန်မျက်စိဖြင့်မြင်ရသောအရှိန်နှုန်းဖြင့် အလွန်လျှင်မြန်စွာ အိုမင်းရင့်ရော်လာခြင်းကို မြင်တွေ့လိုက်ရသည်။

သူတို့၏အရေပြားများရင့်ရော်လာကာ အရေးအကြောင်းများ ထွက်ပေါ်လာသည်။

ဤှသည်က အချိန်ဥပဒေသပင်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောက် လှည့်ပတ်လိုက်ချိန်တွင် အချိန်ကိုရှေ့တိုးနောက်ဆုတ်လုပ်နိုင်ကာ လူများ၏အသက်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည်။

မြင့်မြတ်နတ်ဆရာနှစ်ယောက် မလှုပ်မယှက်ရှိနေသည်မှာ အသက်တစ်ရှိုက်စာပင် မကြာသေးသော်လည်း နှစ်လချီ၍ကြာညောင်းသွားပုံရသည်။

ကျင့်ကြံသူများတွင် ရှည်လျားသောသက်တမ်းရှိသော်လည်း အသက်စွမ်းအားကို အကန့်အသတ်မရှိ ကုန်ဆုံးစေခြင်းမပြုနိုင်ချေ။ဤအသက်စွမ်းအားကုန်ဆုံးမှုသည် သူတို့နှစ်ယောက်အတွက် အလွန်များပြားပေ၏။

"သူတို့ရဲ့အသက်တွေ အိုမင်းသွားတယ်...ဒါက ဘယ်လိုမှော်ရတနာမျိုးလဲ"

မြွေစိမ်းဓမ္မအစောင့်အရှောက်သည် ရုတ်တရက် လုယွီနှင့်ပတ်သတ်သော ကောလဟာလတစ်ခုကို တွေးတောလိုက်မိရာ သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်။

ယခင်က လုယွီသည် ရှောင်မိသားစုနှင့် ပြင်းထန်သောတိုက်ပွဲကြီးကိုဆင်နွှဲကာ ရှေးဟောင်းဧကရာဇ်ဆင့်မှော်ရတနာတစ်ခုကို ရှောင်အိမ်တော်မှယူဆောင်သွားခဲ့သည်။

ထိုကိစ္စကြောင့် ရှောင်မိသားစုသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏လှောင်ပြောင်သရော်ခြင်းကို ခံရလေ၏။

သို့ရာတွင် လူအများစုကမူ လုယွီထံမှ မှော်ရတနာကိုလုယက်ရန် ရှာဖွေနေကြဆဲပင်။

လူတိုင်းသည် လောဘနှင့်မကင်းနိုင်ချေ။

ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လုယွီ ပိုင်ဆိုင်ထားခြင်းသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏အာရုံစိုက်စရာကိစ္စ ဖြစ်လာသည်။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ခဲ့ကာ ကျောင်းတော်၏အကာအကွယ်ကို ရရှိထားခြင့်ကြောင့်သာ တခြားသူများသည် သူ့အား မဆင်မခြင်မလုယက်ဝံ့ခြင်းဖြစ်သည်။

"ဒါက ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာပဲဖြစ်မယ်...ဒါက ငါ့အတွက် အခွင့်အရေးကောင်းပဲ...ဟား ဟား ဟား...ဒီကောင်လေးကိုသတ်ဖို့ ရွေးချယ်ခဲ့တာ ငါ မှန်သွားတယ်"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် အလွန်ပျော်ရွှင်သွားလေ၏။

ယခုလက်ရှိအချိန်တွင် သူသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို အရင်ဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သူဖြစ်သဖြင့် သူ၏အပိုင်သာဖြစ်သင့်သည်။

လုယွီကမူ ကျင့်ကြံဆင့်ချိုးဖျက်နေဆဲဖြစ်သဖြင့် အားအနည်းဆုံးအခြေအနေမျိုး၌ ရှိနေဆဲပင်။

"မင်းတို့အားလုံး...အတူပူးပေါင်းတိုက်ခိုက်ပြီး မြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ကယ်တင်ကြစမ်း"

မြွေစိမ်းမြင့်မြတ်နတ်ဆရာက ကျယ်လောင်စွာအော်ဟစ်၍ အမိန့်ပေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဓမ္မအစောင့်အရှောက်များ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူတို့သည် လေဟာနယ်အတွင်း၌ တောင့်တင်းနေသော မြင့်မြတ်နတ်ဆရာနှစ်ယောက်၏ကံကြမ္မာကို မြင်တွေ့ထားပြီးလေပြီ။

မည်သူကမျှ ထိုသောက်ရေးမပါသောမှော်ရတနာမှနေ၍ သူတို့၏အသက်စွမ်းအားများကို ဝါးမြိုသွားခြင်းအား မလိုလားချေ။

"မြေစိမ်းမြင့်မြတ်နတ်ဆရာ...ဒီနေရာက ခက်ခဲမှုက အရမ်းမြင့်မားတယ်...ငါတို့ တခြားသူတွေကို အကူအညီထပ်တောင်းတာ ပိုကောင်းလိမ့်မယ်"

ဓမ္မအစောင့်အရှောက်များအနက်မှတစ်ယောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ နောက်သို့ထွက်ပြေးလေသည်။

သို့ရာတွင် သူ အဝေးသို့ ထွက်မပြေးနိုင်သေးမီမှာပင် မြေစိမ်းတစ်ကောင်၏ပုံရိပ်က ရုတ်တရက် လေဟာနယ်အားဖြတ်သန်းလာကာ သူ၏လည်ပင်းကိုကိုက်လိုက်၏။

ထိုဓမ္မအစောင့်အရှောက်သည် ရုတ်တရက်တောင့်တင်းသွားကာ သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

Chapter 2620

ပထမဆုံးထွက်ပြေးခဲ့သော ဓမ္မအစောင့်အရှောက်ကို အစိမ်းရောင်မြူခိုးများက လွှမ်းခြုံသွားခဲ့သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားကာ မကြာမီမှာပင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထွက်ပြေးရန်ကြံစည်နေသော တခြားဓမ္မအစောင့်အရှောက်များအားလုံး ကြက်သေသေသွားသည်။သူတို့သည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။

"ထွက်ပြေးရဲတဲ့ ဘယ်သူမဆို...ဒီအတိုင်း အဆုံးသတ်ရမယ်...မင်းတို့အားလုံး တိုက်ခိုက်ကြစမ်း"

မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။

သူသည် သူ၏လက်အောက်ငယ်သားများပေါ်တွင် အနည်းငယ်မျှပင် သနားညှာတာခြင်းမဟုတ်ချေ။

သူ၏ခန္ဓာကိုယ်တွင် အစိမ်းရင့်ရောင်အဆိပ်အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။ထိုအဆိပ်ငွေ့များ ထိတွေ့မိသော အနီးပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များထံမှနေ၍ တရှဲရှဲအသံများထွက်ပေါ်နေလေ၏။

ထို့နောက် ထိုသစ်ပင်ပန်းမန်များအားလုံး ညှိုးနွမ်းခြောက်သွေ့သွားတော့သည်။

ယခုလက်ရှိနေရာတွင်ရှိနေသော ဓမ္မအစောင့်အရှောက်များ၏ခန္ဓာကိုယ်များ တုန်ရီနေသည်။အကယ်၍ သူတို့ ထွက်ပြေးမိပါက အလောင်းအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးရပေလိမ့်မည်။

"သွားပြီး မြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ကယ်တင်ကြစမ်း"

ဓမ္မအစောင့်အရှောက်ဆယ်ယောက်ကျော်သည် ရွေးချယ်စရာမရှိတော့သဖြင့် လက်နက်စိတ်ဝိညာဥ်ကလေးငယ်ထံသို့ တဟုန်ထိုးပြေးဝင်လိုက်ကြ၏။

"အိုက်ယား...မင်းတို့ကောင်တွေ သတ္တိရှိရင် ငါနဲ့တစ်ယောက်ချင်း လာချပါလား"

လက်နက်စိတ်ဝိညာဥ်က ကျယ်လောင်စွာအော်ဟစ်ကာ သူ၏မျက်လုံးများအတွင်း၌ အနက်ရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။

ထိုအနက်ရောင်အလင်းတန်း ကျရောက်သွားသောနေရာမှ မည်သူမဆို သူတို့၏ခန္ဓာကိုယ်များကို တစ်စုံတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားရကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

ဤသည်က သူတို့၏ဘဝသက်တမ်းပင်။ဓမ္မအစောင့်အရှောက်များသည် ရုတ်တရက်ကြီး သူတို့ အိုမင်းလာသည်ကို ခံစားမိလေ၏။

သူတို့သည် လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် သူတို့၏ဘဝသက်တမ်းများ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။

ရှေးဟောင်းခေတ်အချိန်ကာလများအတွင်း၌ တစ္ဆေဧကရာဇ်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အထွတ်အထိပ်အခြေအနေ၌ ရှိနေစဥ်တွင် လူတစ်ယောက်၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရာ၌ အသုံးပြုခဲ့ခြင်းဖြစ်သည်။အကယ်၍ သူသည် လူတစ်ယောက်ကို အသက်ရှင်သန်ရမည်ဟု ဆုံးဖြတ်ပါက ထိုလူသည်ငယ်ရွယ်နုနယ်သွားကာ နဂိုမူလကြီးကျယ်ခမ်းနားမှုမျိုး ပြန်လည်ရရှိပေမည်။အကယ်၍ ထိုလူ သေဆုံးရမည်ဟု သူ ဆုံးဖြတ်ပါက သူ၏ဘဝသက်တမ်းယုတ်လျော့သွားကာ တခြားသူများ၏လက်တွင်း၌ သေဆုံးရပေလိမ့်မည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အတွင်း၌ အချိန်မဟာတာအိုကို ချိပ်ပိတ်ထားသည်။အစကဏဦး၌ လုယွီ ထိုအရာကိုပထမဆုံး ရရှိစဥ်တွင် အသစ်မွေးဖွားလာသော လက်နက်စိတ်ဝိညာဥ်အဖြစ် ရှိနေဆဲပင်။ထိုမှော်ရတနာသည် လူအများအား တောင့်တင်းသွားစေနိုင်သော စွမ်းအားမျိုးရှိသော်လည်း အချိန်ကြာရှည်ခံခြင်းမရှိချေ။

သို့ရာတွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အဆက်မပြတ်ကြီးထွားလာခြင်းနှင့်အတူ အတိတ်မှနည်းစနစ်တချို့ကို ပြန်လည်မှတ်မိလာလေပြီ။

"ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး"

လက်နက်စိတ်ဝိညာဥ်ကလေးငယ်က အော်ဟစ်၍ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အသစ်မွေးဖွားလာသော လက်နက်စိတ်ဝိညာဥ်ပင်။ထို့ပြင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ထိခိုက်ပျက်စီးနေသောအခြေအနေမှ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။

အချိန်ကိုနောက်ပြန်ဆုတ်ခြင်းသည် လူတစ်ယောက်၏ဘဝသက်တမ်းကို အတင်းအကြပ်ဆွဲထုတ်ခြင်းဖြစ်သည်။ဤနည်းလမ်းသည် မိုးကောင်းကင်ကိုပင်ဖီဆန်နေသဖြင့် ကြာရှည်တောင့်ခံနိုင်ခြင်းမရှိပေ။

"မြန်မြန်...မြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ကယ်တင်ကြစမ်း"

ဓမ္မအစောင့်အရှောက်များသည် နေရာမှာပင် တောင့်တင်းနေဆဲဖြစ်သော မြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ကယ်တင်လိုက်ကြ၏။

ထိုမြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ထပ်မံ၍ကြည့်လိုက်မိချိန်တွင် လူတိုင်း တုန်လှုပ်ချောက်ချားသွားသည်။

ယခင်က ထိုမြင့်မြတ်နတ်ဆရာနှစ်ယောက်သည် လူလတ်ပိုင်းအရွယ်များဖြစ်သော်လည်း ယခုလက်ရှိချိန်၌ အလွန်အမင်းအိုမင်းသွားလေပြီ။သူတို့၏ခန္ဓာကိုယ်အရေပြားပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေကာ အိုမင်းပြီးပုပ်သိုးသိုးအငွေ့အသက်မျိုး ထွက်ပေါ်နေသည်။

သူတို့၏ဘဝသက်တမ်း မည်မျှကုန်ဆုံးသွားသည်ကို မသိနိုင်သော်လည်း သူတို့သည် သေလုမျောပါးဖြစ်နေလေပြီ။

ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ယောက်သည် မြင့်မြတ်နတ်ဆရာနှစ်ယောက်ကို ဆေးလုံးများတိုက်ကျွေးကာ သူတို့၏အသက်နှစ်ချောင်းကို ကယ်တင်လိုက်သည်။

သို့ရာတွင် ဤသည်က သူတို့၏အသက်ကို ကယ်တင်နိုင်ရုံသက်သက်ပင်။သူတို့၏အထွတ်အထိပ် အခြေအနေမျိုးသို့ ပြန်လည်ကောင်းမွန်လာရန်မှာ မဖြစ်နိုင်ချေ။

"ကောင်စုတ်လေး...မင်း ဘယ်ကိုထွက်ပြေးမှာလဲ"

တခြားဓမ္မအစောင့်အရှောက်များသည် လက်နက်စိတ်ဝိညာဥ်ကလေးငယ်ထံသို့ တဟုန်ထိုးပြေးဝင်လိုက်ကြ၏။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် သူ့ထံသို့ လူအမြောက်အများ ပြေးဝင်လာသည်ကိုမြင်ချိန်တွင် ချက်ချင်းဆိုသလိုပင် စူးရှကျယ်လောင်စွာအော်ဟစ်ကာ သိုလှောင်အိတ်အတွင်းသို့ ပြန်ဝင်ပြေးရန် ကြံစည်လိုက်သည်။

ထိုအချိန်မှာပင် သိုလှောင်အိတ်တုန်ခါသွားကာ မျောက်တစ်ကောင်၏ပုံရိပ်က အတွင်း၌ထွက်ပေါ်လာသည်။

"ငါ နေရောင်ခြည်ကို တစ်ခါထပ်ပြီးမြင်တွေ့နိုင်ပြီ...ငါ မင်းတို့ကိုသတ်ပြီး ဒီဆေဘာဓားကိုယဇ်ပူဇော်ရမယ်"

မျောက်သည် သူ၏လက်ကိုဆန့်တန်းကာ လက်နက်စိတ်ဝိညာဥ်ကလေးငယ်ကို သိုလှောင်အိတ်အတွင်းသို့ ဆွဲသွင်းလေသည်။ထို့နောက် သူ၏လက်ကို ထပ်မံ၍ဆန့်တန်းကာ သူ့ရှေ့ရှိဓမ္မအစောင့်အရှောက်တချို့ကို ပါးဖြတ်ရိုက်လိုက်သည်။

ဖြောင်း...ဖြောင်း...ဖြောင်း...

မျောက်၏ပါးဖြတ်ရိုက်ခြင်းခံရသော ဓမ္မအစောင့်အရှောက်များ၏ခေါင်းများ ပေါက်ကွဲသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တခြားဓမ္မအစောင့်အရှောက်များအားလုံး ထိတ်လန့်ကြောက်ရွံသွားကြ၏။သူတို့ရှေ့ရှိ မျောက်ထံတွင် စိတ်ပျက်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်မျိုးရှိသော်လည်း သူထုတ်ဖော်ပြသသောခွန်အားသည် သာမာန်ထက်သာလွန်ထူးကဲကာ တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

သူတို့သည် နတ်ဘုရားတစ်ပါးကိုမြင်တွေ့လိုက်ရသည့်အလား ကောင်းကင်နှင့်မြေပြင်အကြား၌ ပျံ့နှံ့လာသော တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို ခံစားလိုက်ရသည်။

ထိုအချိန်အခိုက်အတန့်မှာပင် မျောက်သည် နောက်ဆုံးတွင် သိုလှောင်အိတ်အတွင်းမှ ခုန်ထွက်လာလေ၏။

All Chapters