အခန်း (၂၆၂၁-၂၆၂၅)
Vol. 134 Ch. 2621-2625
Chapter 2621
မျောက်ထွက်ပေါ်လာသည်နှင့် မိုးကောင်းကင်ယံတွင် မိုးကြိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။
လောကကြီးအတွင်းမှဥပဒေသများသည် ရှေးဟောင်းအချိန်ကာလအတွင်းမှ အပြစ်သားတစ်ယောက် လွတ်မြောက်လာသည်ကို အာရုံခံမိရုံဖြင့် ရက်စက်ကြမ်းကြုတ်ဆုံးမိုးကြိုးကို အသုံးပြုကာ ချေမှုန်းလိုပုံရသည်။
"ကောင်စုတ်လေးလု....ဒီတစ်ကြိမ် ငါ့အတွက်ကပ်ဘေးမိုးကြိုးကို မင်း ကူညီပြီးတောင့်ခံပေးထားအုံး...ဒီအမှိုက်ကောင်တွေကို မင်းအတွက် ငါရှင်းပေးမယ်...ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာကျေးဇူးကြွေးမှ မတင်ဘူးနော်"
မျောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ရှေးဟောင်းအချိန်ကာလများအတွင်းတွင် သူ မည်သည့်အပြစ်မျိုး ကျူးလွန်ခဲ့မိသည်ကို သူ မမှတ်မိတော့ချေ။သူ မွေးဖွားလာစဥ်ကတည်းက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ရိုက်ခတ်ခြင်းကို ခံနေရသည်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် လုယွီ၏သိုလှောက်အိတ်အတွင်းတွင်းသာ ပုန်းအောင်းနေရလေ၏။
ယခုချိန်တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ကပ်ဘေးမိုးကြိုးကို ရင်ဆိုင်နေသည်။မျောက်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ပြင်ပသို့ လွတ်လွတ်လပ်လပ် ထွက်လာခြင်းဖြစ်သည်။
"ဒီမျောက်စုတ်ကတော့....ဓားနဲ့အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံရပြီး သေသင့်တယ်"
လုယွီသည် ကျင့်ကြံဆင့်ချိုးဖျက်နေသော်လည်း ပြင်ပရှိအရာများကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာနေခဲ့သည်။
မျောက် မည်သို့လုပ်ရန် စီစဥ်နေသည်ကို ရှာဖွေဖော်ထုတ်နိုင်သဖြင့် လုယွီက အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။
သေသင့်သောမျောက်စုတ်သည် သူ့အား တစ်ချိန်လုံး အကွက်ချစီစဥ်နေပေ၏။ထိုမျောက်သည် ဤကဲ့သို့အခွင့်အရေးမျိုး ရရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"မိုးကြိုးလှိုင်းတွေ ပိုပြီးကျလာစမ်းပါ...ငါက အရမ်းကြီးမားတဲ့ခွန်အားနဲ့ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ရမယ်"
လုယွီသည် အလွန်စိတ်ဆိုးဒေါသထွက်သွားခြင်းမရှိချေ။ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏စွမ်းအား ပို၍ပြင်းထန်လေလေ သူ ပိုမိုအားကောင်းလာစေသောအားဆေးများ ဖြစ်လေလေပင်။
ထိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား တိုးတက်လာစေရန်လည်း ကူညီပေးနိုင်သည်။
သိုင်းပညာသူတော်စင်၏အထက်တွင် သိုင်းပညာအင်မော်တယ်နယ်ပယ်ရှိသည်။
ထိုနယ်ပယ်သို့ရောက်ရှိသွားပါက သူ၏သေမျိုးရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းအင်မော်တယ်များနှင့် ပခုံးချင်းယှဥ်နိုင်လေပြီ။သူ၏ရုပ်ခန္ဓာကိုယ်သာ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားလျှင် ပြန်လည်ဝင်စားခြင်းသံသရာ လမ်းကြောင်းခြောက်သွယ်အတွင်းသို့ ဝင်ရောက်ရန်မလိုအပ်တော့ချေ။
အတိအကျပြောဆိုရလျှင် ထိုနယ်ပယ်သည် သေမျိုးများ၏တွေးတောဆင်ခြင်နိုင်စွမ်းထက်ကျော်လွန်နေကာ ရုပ်ခန္ဓာကိုယ်၏ခွန်အားသည် အကန့်အသတ်မရှိပေ။ထိုအချိန်ရောက်လျှင် ရွှယ်အင်မော်တယ်များပင် လုယွီသည် ရွှယ်အင်မော်တယ်များကိုပင် လွယ်လင့်တကူ အနိုင်ယူနိုင်ပေမည်။
ဘုန်း...
ကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များကြားမှနေ၍ မိုးကြိုးလှိုင်းများမှသိပ်သည်းထားသော ရက်စက်ကြမ်းကြုတ်သည့်မှော်သားရဲများသည် လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။
တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် လုယွီသည် ခေါင်းမော့၍မတ်တတ်ရပ်နေကာ သူ၏စိတ်နှလုံးသားတစ်ခုလုံး တည်ငြိမ်အေးချမ်းနေသည်။
ဤအခြေအနေမျိုး၌ သူ ထိတ်လန့်ကြောက်ရွံနေလျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏နှစ်ခြင်းကို ခံယူရမည်မှာ အနှေးနှင့်အမြန်ပင်။
"လာကြစမ်း"
လုယွီသည် မလှုပ်မယှက် ဆက်၍မနေတော့ချေ။သူက ခြေထောက်ကိုမြှောက်ကာ မိုးကြိုးလှိုင်းများထံသို့ဦးတည်၍ ပျံသန်းလိုက်သည်။
လုယွီ၏အပြုအမူကို မြင်တွေ့ချိန်တွင် မျောက်သည်ပင် မယုံကြည်နိုင်ဖြစ်သွားသကဲ့သို့ ခံစားမိလေ၏။
"ဘယ်လိုအရူးမျိုးလဲ...သူက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုတောင် စိန်ခေါ်နေတယ်...ငါ ဒီအရူးနဲ့အဝေးမှာနေမှဖြစ်မယ်"
မျောက်သည် လုယွီနှင့်ဝေးရာသို့ အလျှင်အမြန်ရှောင်တမ်းကာ တစ်ချိန်တည်းမှာပင် ကြွင်းကျန်နေသောဓမ္မအစောင့်အရှောက်များကို သတ်ဖြတ်လိုက်သည်။
မည်သည့်ဓမ္မစောင့်ရှောက်သူမျှ မျောက်ကိုဟန့်တားနိုင်ခြင်းမရှိချေ။သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မျောက်၏သတ်ဖြတ်ခြင်းခံရကာ မြေပြင်ပေါ်၌ သွေးများစွန်းထင်းသွားတော့သည်။
"မင်းက လုယွီမွေးထားတဲ့ စိတ်ဝိညာဥ်သားရဲလား...သူက ငါတို့နတ်ဘုရား အမိန့်ပေးထားတဲ့ ဦးစားပေးသတ်ဖြတ်ရမယ့် စာရင်းထဲမှာပါနေတယ်...ဒီနေ့ သူ သေချာပေါက် သေဆုံးရလိမ့်မယ်...သူ့နောက်ကိုဆက်လိုက်နေရင် မင်းအတွက် ဘာအနာဂတ်မှ ရှိမှာမဟုတ်ဘူး...မင်းက စောစောစီးစီး သူ့ကိုစွန့်ခွါပြီး အမှောင်လမ်းကြောင်းကနေ အလင်းထဲကို ပြန်ဝင်လာသင့်တယ်...ငါက မင်းကို ကြီးမားတဲ့ဆုလာဘ်တွေပေးဖို့ နတ်ဘုရားရဲ့ရှေ့မှာ ထောက်ခံပေးမယ်"
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် မျောက်ထံမှ ကြီးမားသောစွမ်းအားကိုခံစားမိသဖြင့် အလျင်စလို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။ထိုအစား သူသည် မျောက်ကို သွေးဆောင်ဖြားယောင်းရန် ကြိုးပမ်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ ဤနေရာသို့လာရသည့် အဓိကရည်ရွယ်ချက်မှာ လုယွီအား သတ်ဖြတ်ရန်ပင်။တခြားတည်ရှိမှုကြီးတစ်ခုကို မလိုအပ်ဘဲ သူ ရန်စလိုခြင်းမရှိချေ။
သို့ရာတွင် မမျှော်လင့်ဘဲ သူ၏စကားကိုကြားချိန်တွင် မျောက်၏မျက်လုံးများပြူးကျယ်သွားသည်။
"မင်းရဲ့ခွေးမျက်လုံးတွေက ကန်းနေတာလား...မင်းကသာ အဲ့ဒီကောင်စုတ်လေးရဲ့ စိတ်ဝိညာဥ်သားရဲပဲ"
မျောက်သည် အလွန်ဒေါသထွက်သွားကာ မြွေစိမ်းမြင့်မြတ်နတ်ဆရာကို ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်း...
မြွေစိမ်းမြင့်မြတ်နတ်ဆရာ လွင့်ထွက်သွားလေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ငွေ့များလည်း ပျက်ပြယ်သွားလေပြီ။သူ၏ခုခံကာကွယ်မှုသည် အလွန်အားနည်းသဖြင့် မျောက်၏ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်ခြင်းမရှိချေ။
သူသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၌ အတော်အသင့် အဆင့်အတန်းမြင့်မားသူတစ်ယောက်ပင်။မည်သည့်အချိန်ကစ၍ ဤကဲ့သို့အနိုင်ကျင့်မှုမျိုးကိုခံရသူ ဖြစ်သွားခဲ့သနည်း။
"သေစမ်း"
မြွေစိမ်းမြင့်မြတ်နတ်ဆရာက အလွန်ဒေါသထွက်သွားသည်။သူသည် အဆိပ်ရှိသောမြွေစိမ်းတစ်ကောင်ကို ဆင့်ခေါ်ကာ မျောက်အားကိုက်ရန် အမိန့်ပေးလိုက်သည်။
Chapter 2622
မြွေစိမ်းသည် မျောက်ကိုကိုက်ရန်အတွက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။
"ဒါက ဘာကောင်လဲ...ပျက်စီးစမ်း"
မျောက်က စိတ်မရှည်သောပုံဖြင့် လေတစ်ချက်မှုတ်ထုတ်လိုက်သည်။
သူ၏ပါးစပ်မှနေ၍ လေပြင်းများထွက်လာကာ ရုတ်တရက် ကြောက်မက်ဖွယ်လေမုန်တိုင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။
မြွေစိမ်းသည် လေပြင်းများ၏တိုက်ခတ်ခံရမှုကြောင့် ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားကာ အစိမ်းရင့်ရောင်အခိုးအငွေ့များအဖြစ်သာ ကျန်ရှိတော့လေ၏။
"မင်းက ငါ့ရဲ့အဆိပ်ငွေ့တွေ လွှမ်းခြုံတာကို ခံရပြီးမှတော့...မင်း သေချာပေါက် သေဆုံးရလိမ့်မယ်"
မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏မျက်လုံးအတွင်း၌ ထူးဆန်းသောအစိမ်းရောင်အလင်းတန်းများ တောက်ပနေသည်။သူသည် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေလေ၏။
သူသည် အဆိပ်ကိုအသုံးပြုရာ၌ အကျွမ်းကျင်ဆုံးပင်။အကယ်၍ သူ့ထက် အစွမ်းထက်သူအမြောက်အများနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏အဆိပ်အောက်၌ ရှုံးနိမ့်သွားကြရသည်။
မျောက်ကိုကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်ပုံရသော်လည်း သူ၏အဆိပ်အောက်တွင် အနည်းငယ်မျှပင် ခံနိုင်ရည်မရှိချေ။
အဆိပ်ငွေ့များ၏လွှမ်းခြုံမှုအောက်တွင် မျောက်၏ပုံရိပ်က ဝေဝါးစပြုလာသည်။
"ဒါကို အဆိပ်လို့ခေါ်ဖို့ ထိုက်တန်လို့လား"
မျောက်က အထင်အမြင်သေးသောလေသံဖြင့် သရော်တော်တော်ပြောဆိုသည်။
အဆိပ်ငွေ့များသည် မျောက်၏နံဘေးပတ်လည်၌ ရစ်ဝဲနေသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်နိုင်ခြင်းမရှိချေ။
မျောက်က သရော်တော်တော်အပြုံးနှင့် နောက်ထပ်လေပြင်းတစ်ချက် ထပ်မံ၍မှုတ်ထုတ်လိုက်ရာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များအားလုံး လွင့်ပြယ်သွားတော့သည်။
ဤမျောက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဟု မြွေစိမ်းမြင့်မြတ်နတ်ဆရာက တွေးတောထားမိခြင်းမရှိချေ။
အကယ်၍ သူ့ထက် ကျင့်ကြံဆင့်ပို၍မြင့်မားသူဆိုလျှင်ပင် ထိုအဆိပ်ငွေ့များနှင့်ရင်ဆိုင်ရချိန်တွင် အနည်းငယ်ကြောက်ရွံထိတ်လန့် သွားပေမည်။မည်သည်ကြောင့် ထိုမျောက်သည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံပုံ မရှိရသနည်း။
"လုယွီဆီမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ စိတ်ဝိညာဥ်သားရဲ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ...ဒါက ကင်းထောက်တွေပို့ထားတဲ့ အစီရင်ခံစာတွေထဲမှာလည်း ဖော်ပြမထားဘူး"
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ချက်ချင်းဆိုသလိုပင် ညည်းတွားလိုက်၏။သူသည် အဆိပ်နည်းစနစ်ကို ထပ်မံ၍အသုံးပြုကာ အခွင့်ကောင်းယူ၍ ရှောင်တိမ်းသွားရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် မျောက်သည် အလွန်ဒေါသထွက်နေဆဲပင်။
"ငါ့ကို အဲ့ဒီကောင်စုတ်လေးရဲ့စိတ်ဝိညာဥ်သားရဲလို့ မင်း ထပ်ပြောပြန်ပြီလား...မင်းကသာ သူ့ရဲ့စိတ်ဝိညာဥ်သားရဲ"
မျောက်သည် အလွန်ဒေါသထွက်နေသဖြင့် ပတ်ဝန်းကျင်ရှိအဆိပ်ငွေ့များကို လျစ်လျှူရှုကာ မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏ရှေ့သို့ တဟုန်ထိုးပြေးဝင်လိုက်၏။
"မကောင်းတော့ဘူး"
မြေစိမ်းမြင့်မြတ်နတ်ဆရာက နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးတော့သည်။သူ၏ခန္ဓာကိုယ်သည် လျှင်မြန်သွက်လက်သော မြွေစိမ်းတစ်ကောင်နှင့်တူညီနေကာ အချိန်တခဏအတွင်းမှာပင် အဝေးသို့ရောက်ရှိသွားသည်။
သို့ရာတွင် သူ ပျံသန်းနေစဥ်မှာပင် ရုတ်တရက် မျောက်၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ထို့နောက် မျောက်က သူ့ကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လေ၏။
ဖြောင်း...
ကျယ်လောင်သောအသံတစ်သံနှင့်အတူ မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ထိုရိုက်ချက်ကြောင့် မူးဝေသွားသည်။အစွမ်းထက်သောအားလှိုင်းကြောင့် သူ၏ခန္ဓာကိုယ်မှအရိုးများ ကျိုးကြေသွားကာ သူ၏ပါးစပ်မှ သွေးများယိုစီးကျလာသည်။
ကြောက်ရွံထိတ်လန့်မှုများက သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်လာသည်။
"မင်း....ဘယ်လိုလုပ်ပြီး မင်းမှာ ဒီလိုတုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ စွမ်းအားမျိုးရှိနေတာလဲ"
သူ၏ရှေ့၌ မျောက်၏ကြောက်မက်ဖွယ်ကောင်းသောမျက်နှာကြီး ထွက်ပေါ်လာပေ၏။
"ပြောစမ်း...ဘယ်သူက စိတ်ဝိညာဥ်သားရဲလဲ"
မျောက်က တင်းမာခက်ထန်စွာ မေးမြန်းသည်။
ဤအရှိန်အဝါမျိုးကို မြွေစိမ်းမြင့်မြတ်နတ်ဆရာမဆိုထားနှင့် တခြားထိပ်သီးအစွမ်းထက် ကျင့်ကြံသူများပင် ထိတ်လန့်ကြောက်ရွံကြပေမည်။
"ငါက...ငါက စိတ်ဝိညာဥ်သားရဲ...ငါက စိတ်ဝိညာဥ်သားရဲပါ"
မြွေစိမ်းမြင့်မြတ်နတ်ဆရာက ပျာပျာသလဲ ပြောဆိုသည်။
"မင်းက စိတ်ပါလက်ပါပြောနေတာ မဟုတ်ဘူး"
မျောက်သည် မျက်မှောင်ကြုတ်ကာ မြွေစိမ်းမြင့်မြတ်နတ်ဆရာအား ထပ်မံ၍ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
"ငါက စိတ်ဝိညာဥ်သားရဲပါ...ငါက စိတ်ဝိညာဥ်သားရဲပါ"
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် မျောက်၏လက်အတွင်း၌ အရုပ်တစ်ရုပ်ဖြင့်သာ တူညီနေသည်။သူသည် ပါးရိုက်ခံရမှုကြောင့် မူးဝေနေလေ၏။သူ၏ချောမောခန့်ညားသောမျက်နှာသည် ယခုလက်ရှိအချိန်၌ ဖူးယောင်နေလေပြီ။သူ၏ဦးခေါင်းပိုင်းမှ အရိုးများလည်း ကျိုးပဲ့သွားကာ သူ၏ပါးစပ်ကိုပင် မပိတ်နိုင်တော့ချေ။
"ဝူး...ဝူး......."
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ယခုလက်ရှိချိန်၌ ငိုချင်နေသော်လည်း မျက်ရည်ကျမလာချေ။
သူသည် လုယွီအား သတ်ဖြတ်လိုရုံသက်သက်ပင်။မည်သည်ကြောင့် အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခုကို သူ ရန်စမိသွားသနည်း။
မျောက်၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် လုယွီ၏စိတ်ဝိညာဥ်သားရဲမဟုတ်သည်မှာ သိသာထင်ရှားလှ၏။
"ငါ မင်းကို သတ်မယ်"
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် အော်ဟစ်ကြုံးဝါကာ သူ၏အင်္ကျီလက်မောင်းအတွင်းမှနေ၍ ခြောက်ကပ်နေသောမြွေသေကောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် သူ၏သွေးများကို မြွေသေကောင်ပေါ်သို့ မှုတ်ထုတ်ကာ မှော်မန္တန်တစ်ပုဒ်ကို စတင်၍ရွတ်ဆိုလေသည်။
သို့ရာတွင် သူ၏ပါးစပ်မှအရိုးများသည် မျောက်၏ပါးရိုက်ချက်ကြောင့် ကျိုးပဲ့သွားလေပြီ။သူသည် မှော်မန္တန်ကိုပင် ချောချောမွေ့မွေ့ရွတ်ဆိုနိုင်ခြင်းမရှိချေ။သူ၏မန္တန်ရွတ်ဆိုသံသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ နားလည်ရန်ခက်ခဲသည်။
"ဘာပေါက်ကရမန္တန်တွေကို ရွတ်နေတာလဲ"
မျောက်သည် စိတ်မရှည်တော့သဖြင့် ထပ်မံ၍ပါးဖြတ်ရိုက်ရန် လက်ရွယ်လိုက်သည်။
သို့ရာတွင် ရုတ်တရက် မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏ဘေးရှိ ခြောက်ကပ်နေသောမြွေသေကောင် အသက်ဝင်လာလေ၏။မူလက သေဆုံးနေသောမြွေသည် ရုတ်တရက် လှုပ်ရှားစပြုလာသည်။
Chapter 2623
"နှစ်တစ်ထောင်အဆိပ်ပြင်းမြွေလား"
မျောက်က မျက်မှောင်ကြုတ်လိုက်သည်။
မြွေသေကောင်ကိုကြည့်ရင်းဖြင့် မျောက်သည် အတိတ်မှတစ်စုံတစ်ခုကို တွေးတောမိသွားပုံရကာ မလှုပ်ရှားတော့ချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး မြွေစိမ်းမြင့်မြတ်နတ်ဆရာ အပျော်လွန်သွားသည်။သူသည် မျောက်၏လက်အတွင်းမှ အလျှင်အမြန်ရုန်းထွက်ကာ နောက်သို့ဆုတ်လိုက်၏။
"ဟား ဟား ဟား...သေသင့်တဲ့မျောက်စုတ်...ငရဲကိုသွားစမ်း"
မြွေစိမ်းမြင့်မြတ်နတ်ဆရာက မောက်မာဝံ့ကြွားစွာ အော်ဟစ်ရယ်မောပြီး ပြောဆိုသည်။
မျောက်က အထင်အမြင်သေးသောအကြည့်ဖြင့် သူ့အား ကြည့်နေလေသည်။
"ဒီလိုမျိုးအားနည်းတဲ့ နှစ်တစ်ထောင်အဆိပ်ပြင်းမြွေရှိနေမယ်လို့ ငါ မျှော်လင့်မထားးမိဘူး...ပြောရမယ်ဆိုရင် မင်း ဒီမြွေကို ဘယ်လိုများသန့်စင်ခဲ့တာလဲ...ဒီပစ္စည်းက မဆိုးဘူးလို့တော့ ငါထင်တယ်...ဒါ့ကို မင်းနဲ့အတူထားရင် အမှိုက်ပဲဖြစ်နေမှာ"
မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏မျက်နှာပေါ်မှအပြုံး ရုတ်တရက် တောင့်တင်းသွားသည်။
မျောက်သည် အဆိပ်ပြင်းမြွေ၏စွမ်းအားကြောင့် ကြောက်ရွံထိတ်လန့်သွားခြင်းမရှိချေ။ထိုအစား သူက ထိုအဆိပ်ပြင်းမြွေသည် အလွန်အားနည်းသည်ဟု ခံစားနေရခြင်းဖြစ်သလော။
ဤသည်က အမှန်ပင်။မျောက်သည် အဆိပ်ပြင်းမြွေကိုကြည့်ပြီး အလွန်အားနည်းသည်ဟု ခံစားနေရလေ၏။
အတိတ်တွင် မျောက်သည် ဤအဆိပ်မျိုးကိုအသုံးပြု၍ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။သူ ထိုအဆိပ်ကိုအသုံးပြုလိုက်စဥ်တွင် ကောင်းကင်ယံတခွင်လုံး၌ တုန်လှုပ်ချောက်ချားဖွယ် အဆိပ်ငွေ့များဖြင့် ပြည့်နှက်သွားခဲ့သည်။
နှိုင်းယှဥ်ကြည့်ပါက မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် အရွယ်ရောက်ပြီးသူတစ်ယောက်၏မှော်လက်နက်ကို မတော်တဆရရှိသွားကာ ဟန်ရေးပြနေသော ကလေးတစ်ယောက်နှင့် တူညီနေသည်။
"ဒီမြွေက မဆိုးဘူး...ငါ ဒါကို ယူလိုက်မယ်"
မျောက်သည် ကောက်ကျစ်ယုတ်မာစွာပြုံး၍ သူ၏လက်ကိုဆန့်တန်းကာ ထိုမြွေသေကောင်ကို ဖမ်းဆုပ်လိုက်၏။
ထူးဆန်းစွာဖြင့် မူလကရက်စက်ကြမ်းကြုတ်သော အဆိပ်ပြင်းမြွေသည် မျောက်၏လက်အတွင်းသို့ ရောက်ရှိချိန်တွင် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအားလုံး ပျောက်ကွယ်သွားပုံရသည်။ထိုမြွေသည် အလွန်နာခံရို့ကျိုးစွာဖြင့် ဘောလုံးတစ်လုံးကဲ့သို့ခွေခေါက်နေကာ အနည်းငယ်မျှပင် မလှုပ်ရှားတော့ချေ။
မလှမ်းမကမ်းရှိ မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် သွေးအန်ထွက်လုနီးပါးပင်။
မည်သို့ ဖြစ်ပျက်သွားသနည်း....
ဤသည်က သူ၏အရေးပါဆုံးဝှက်ဖဲပင်။သူ ထိုအရာကိုအသုံးပြုခဲ့သည့်တိုင် တစ်ဖက်လူကိုသတ်ဖြတ်နိုင်ခြင်းရှိမည်မဟုတ်ဟု သူ မျှော်လင့်မထားမိချေ။ထို့ပြင် သူ၏ဝှက်ဖဲသည် တစ်ဖက်လူ၏လက်အတွင်းသို့ ကျရောက်သွားလေပြီ။
ဖူး...
မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏ခန္ဓာကိုယ်တုန်ရီသွားကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
သူနှင့်နှစ်တစ်ထောင်အဆိပ်ပြင်းမြွေအကြားရှိ ဆက်သွယ်မှု ရုတ်တရက်ပြတ်တောက်သွားခြင်းကို မြွေစိမ်းမြင့်မြတ်နတ်ဆရာက ခံစားမိသည်။
"သေသင့်တဲ့မျောက်စုတ်...မင်း စောင့်နေစမ်း"
မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် ကြေကွဲဝမ်းနည်းခြင်းနှင့်ဒေါသထွက်ခြင်းကို ရောယှက်၍ခံစားနေရလေ၏။သူက နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သူသည် ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ထားပြီလေပြီ။အကယ်၍ သူ ဤနေရာ၌ ဆက်၍နေနေပါက လုယွီကို မသတ်နိုင်သည့်အပြင် သူ့အား မျောက်က သတ်ဖြတ်သွားပေမည်။
ဤသည်က အလွန်မုန်းတီးဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
မျောက်၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"မင်းက ထွက်ပြေးချင်သေးတာလား"
သူသည် မြွေစိမ်းမြင့်မြတ်နတ်ဆရာကို ဖမ်းဆီးလိုသဖြင့် သူ၏လက်ကို ဆန့်တန်းလိုက်၏။
သို့သော် ထိုအချိန်မှာပင် မျောက်၏ခေါင်းထက်၌ မိုးကြိုးတိမ်တိုက်များ သိပ်သည်းစပြုလာသည်။ထိုတိမ်တိုက်များသည် အမှန်တကယ်ကိုပင် ကွဲထွက်သွားကာ မိုးကြိုးလှိုင်းတစ်လှိုင်းက မျောက်ရှိနေရာသို့ ရိုက်ခတ်လေ၏။
"မကောင်းတော့ဘူး"
မျောက်က စူးရှကျယ်လောင်စွာအော်ဟစ်ကာ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။
ဝုန်း....ဝုန်း....
ယခင်က မျောက် မတ်တတ်ရပ်နေသောနေရာရှိ မြေပြင်ပေါ်တွင် မိုးကြိုးလှိုင်း၏ရိုက်ခတ်မှုကြောင့် ငါးမီတာခန့်နက်သော ကျင်းကြီးတစ်ကျင်း ကျန်ရစ်ခဲ့လေ၏။ထိုကျင်းနက်ကြီးအတွင်းမှနေ၍ ပူနွေးသောအခိုးအငွေ့များက တလူလူထွက်ပေါ်နေသည်။
"မိုးကြိုးလှိုင်းတွေကို ကောင်စုတ်လေးလုက အပြည့်အဝဆွဲဆောင်မထားနိုင်ပုံပဲ...ငါ အရမ်းမောက်မာနေလို့မဖြစ်ဘူး...ငါ ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
မျောက်သည် ခေါင်းနပန်းကြီးသွားကာ ချက်ချင်းပင် အဝေးသို့ ထွက်ပြေးလိုက်တော့သည်။
ယခုချိန်တွင် လုယွီအားတိုက်ခိုက်ရန်လာသူများကို ဟန့်တားပေးမည်ဟူသော သူ့၏ကတိကိုလည်း သူ မေ့လျော့သွားလေပြီ။
တခြားတစ်ဖက်တွင် ကောင်းကင်ယံအတွင်း၌...
လုယွီသည် မိုးကြိုးများအကြား၌ မတ်တတ်ရပ်နေကာ သူ၏ခန္ဓာကိုယ်ကို မရေမတွက်နိုင်သောမိုးကြိုးလှိုင်းများက လွှမ်းခြုံထားသည်။
မိုးကြိုးလှိုင်းများမှ အသွင်ပြောင်းလာသော မှော်သားရဲများသည် အသိဥာဏ်ရှိနေသည့်အလား သူတို့၏ပါးစပ်များကို ဖြဲဟထားကြ၏။
ပတ်ဝန်းကျင်ရှိမိုးကြိုးလှိုင်းများမှနေ၍ ရာနှင့်ချီသောမိုးကြိုးသားရဲများအသွင်သို့ ပြောင်းလဲသွားလေရာ အကယ်၍ တစ်စုံတစ်ယောက်မှ တွေ့မြင်မိပါက မကြုံစဖူးတုန်လှုပ်ချောက်ချားမှုမျိုးကို ခံစားရပေမည်။
လုယွီ၏နံဘေးပတ်လည်ရှိ မိုးကြိုးသားရဲအရေအတွက်မှာ လွန်စွာများပြားသည်။
"ဒါက မိုးကောင်းကင်တာအိုရဲ့စိတ်ဆန္ဒလား...ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ အင်မော်တယ်တွေက ကောင်းကင်နဲ့မြေပြင်ကြားမှာရှိတဲ့ဥပဒေသတွေရဲ့ ရိုက်ခတ်မှုကို မခံရဘဲနဲ့ ချောချောမွေ့မွေ့ ကျင့်ကြံဆင့်တက်လှမ်းနိုင်တယ်လို့ ငါ ကြားထားတယ်...အခုခေတ်ကာလမှာ ကောင်းကင်နဲ့မြေပြင်ကြားမှာရှိတဲ့ဥပဒေသတွေက ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက် ထွက်ပေါ်လာမှာကို ခွင့်မပြုကြတော့ဘူး"
လုယွီက သူသည် လောကကြီးအတွင်း၌ တစ်မူထူးခြားသောသူဖြစ်နေခြင်းကို သိရှိထားသည်။
အကြောင်းအရင်းမှာ သူသည် အစစ်အမှန်အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနေသည့် တစ်ယောက်တည်းသောကျင့်ကြံသူ ဖြစ်ခြင်းကြောင့်ပင်။
ဤသည်က ကောင်းကင်နှင့်မြေပြင်မှ တည်ရှိခွင့်မပြုသော တစ်စုံတစ်ရာဖြစ်နေသည်။အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို ရှာဖွေဖော်ထုတ်နိုင်သည်နှင့် ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်တာအိုမှ အမြစ်ပြတ်သုတ်သင်ပေလိမ့်မည်။
လုယွီက လှုပ်ရှားလိုက်၏။သူ့ထံသို့ မိုးကြိုးများ ကျရောက်လာမည်ကို သူ မစောင့်ဆိုင်းတော့ချေ။ထိုအစား သူက အရင်ဦးဆောင်၍ မိုးကြိုးသားရဲများကို ဖမ်းဆုပ်လိုက်သည်။
Chapter 2624
"ဝေါင်း....ဝေါင်း..."
မိုးကြိုးသားရဲများသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ လုယွီပေါ်သို့ ခုန်အုပ်လိုက်ကြ၏။
သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးများဖြင့်ဖွဲ့စည်းထားကာ သူတို့၏အလွန်အမင်းထက်ရှသောလက်သည်းများကို လုယွီထံဦးတည်၍ ဝှေ့ယမ်းနေကြသည်။
လုယွီက သူတို့ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းအရှိန်သည် ချက်ချင်းဆိုသလိုပင် ဖြတ်သန်းတိုက်ခတ်သွားကာ မိုးကြိုးမှော်သားရဲများကို ကြေမွှပျက်စီးသွားစေသည်။
ဘုန်း....ဘုန်း....ဘုန်း....
လုယွီ၏လက်သီးချက်တိုင်းတွင် တောင်ကြီးတစ်လုံးကဲ့သို့လေးလံသည့် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုးပါဝင်သည်။ဤသည်က မြေပြင်ကိုအက်ကွဲစေပြီး တောင်များကိုပြိုလဲစေနိုင်သည့် စွမ်းအားမျိုးပင်။ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏အရှိန်အဟုန် အနည်းငယ်အားပျော့သွားလေ၏။
"ငါက ကောင်းကင်ဘုံဧကရာဇ်ရဲ့ဆက်ခံသူ...ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ရဲ့အမွေအနှစ်ကိုလည်း ဆက်ခံထားတဲ့သူပဲ....မင်းလို မိုးကောင်းကင်အိုရဲ့အမွေအနှစ်ကို ဆက်ခံထားတဲ့ကောင်က ငါ့ကို သတ်နိုင်မှာလား"
"ငါ့ရဲ့စိတ်ဆန္ဒက ဒီလောကကြီးထဲမှာ ပြိုင်ဘက်ကင်းပဲ"
"ငါက မဟာစိတ်ဆန္ဒကြီးတစ်ခုကို စိတ်ပိုင်းဖြတ်ထားပြီပြီ...နောင်အနာဂတ် ငါ မဟာတာအိုကိုရတဲ့ချိန်မှာ လောကကြီးထဲမှာရှိတဲ့ ဥပဒေသတွေကို ပြန်ရေးမယ်...လောကကြီးရဲ့ကံကြမ္မာကိုလည်း အသစ်ပြန်ဖွဲ့စည်းမယ်"
"ငါက ဧကရာဇ်တစ်ပါး...လောကကြီးတဲမှာရှိတဲ့ အရာအားလုံးက ငါ့ကို အရှုံးပေးအညံခံရမယ်"
လုယွီ၏အသံသည် ပို၍ပို၍ ကျယ်လောင်စပြုလာကာ ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လောကကြီးတခွင်လုံး တုန်ခါသွားလေ၏။
အနောက်ဘက်တောင်တစ်တောင်လုံးသာမက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေပေါ်တွင် ရှိနေသူတိုင်းသည် သူတို့ပေါ်သို့ မကြုံစဖူးဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာခြင်းကို ခံစားမိသည်။
မြောက်မြားစွာသောသက်ရှိများ နတ်ဆိုးမှော်သားရဲများသည် သူတို့၏သွေးမျိုးဆက်အတွင်းမှလာသော ခြိမ်းခြောက်နိုင်စွမ်းရှိသည့်ခံစားချက်မျိုး ရရှိနေသည်။
မိုးကောင်းကင်ယံ ရုတ်တရက်ကွဲထွက်သွားကာ မျက်လုံးတစ်စုံထွက်ပေါ်လာသည်။
ဤသည်က မိုးကောင်းကင်တာအို၏မျက်လုံးပင်။
ထိုအရာသည် လုယွီ အောက်ဘုံတွင်ရှိနေစဥ်က ကြုံတွေ့ခဲ့သော မိုးကောင်းကင်တာအိုမဟုတ်ဘဲ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ မိုးကောင်းကင်တာအိုဖြစ်သည်။
ကောလဟာလများအရ တာအိုသခင်များ အဆင့်တက်လှမ်းချိန်မှသာ ထိုမျက်လုံးတစ်စုံ ထွက်ပေါ်လာလေ့ရှိသည်။
ရှင်းပြနိုင်ဖွယ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ်က လောကကြီးတခွင်လုံးကို လွှမ်းခြုံသွားသဖြင့် တော်ဝင်နန်းတော်အတွင်းရှိ တည်ရှိမှုကြီးတချို့ပင် ထိတ်လန့်တုန်လှုပ်သွားသည်။
"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ဘာတွေဖြစ်နေတာလဲ"
"အဲ့ဒီနေရာမှာ တာအိုသခင်အဆင့်ကို တစ်ယောက်ယောက်က တက်လှမ်းနေတာများလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် အချင်းချင်းဆက်သွယ်ပြောဆိုနေကြ၏။သူတို့သည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြသည်။
သို့ရာတွင် အစွမ်းထက်ထိပ်သီးပုဂ္ဂိလ်အများစုသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့သွား၍ စုံစမ်းခြင်းမပြုချေ။
ထိုနယ်မြေသည် မည်သည့်နေရာမျိုးဖြစ်သနည်း...ဤသည်က သူတော်စင်ယီဟန်၏ပိုင်နက်နယ်မြေပင်။
စာပေသူတော်စင်ယီဟန်ထံတွင် ကြီးမားကျယ်ပြန့်သော ပိုင်နက်နယ်မြေရှိသည်။မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတစ်ခုလုံးသည် သူတော်စင်ယီဟန်၏ပိုင်နက်နယ်မြေသာဖြစ်သည်။
ယီဟန်သည် ထိုကဲ့သို့လောကီစည်းစိမ်များကို အာရုံမစိုက်သော်လည်း မည်သည့်အစွမ်းထက်အင်အားစုကမျှ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းတွင် ခြေကုပ်ယူဝံ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ သူတော်စင်ယီဟန် သူတို့အား အထင်သေးသွားမည်ကို စိုးရွံသောကြောင့်ပင်။
"မြန်မြန်...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ရှာဖွေဖော်ထုတ်ကြစမ်း"
"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ပြင်ပမှာ ဘယ်လိုဖြစ်ပြီး အတားအဆီးအလွှာတစ်ခုရှိနေတာလဲ...အဲ့ဒီနေရာမှာ အရေးကြီးတဲ့ကိစ္စကြီးတစ်ခုဖြစ်နေတာ သေချာတယ်"
လုယွီ၏ ကျင့်ကြံဆင့်ချိုးဖျက်မှုနှင့်အတူ ယခင်က အမေ့လျော့ခံ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေကို နောက်ဆုံးတွင် လောကကြီးတခွင်လုံးမှ သတိပြုမိသွားလေပြီ။
"မင်းကလည်း ငါ့ကို ဖျက်ဆီးချင်တာလား"
လုယွီသည် မိုးကောင်းကင်တာအိုမျက်လုံးကို တန်းတန်းမတ်မတ်မော့ကြည့်လိုက်၏။သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ ဇဝေဇဝါဖြစ်နေသောခံစားချက်မျိုးရှိနေသည်။
အတိတ်ဘဝတွင် သူ တာအိုသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်စဥ်၌လည်း မိုးကောင်းကင်တာအိုမျက်လုံး ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် ထိုအချိန်တုန်းက မိုးကောင်းကင်တာအိုမျက်လုံးသည် ပိတ်နေလေ၏။
ရှေးဟောင်းတာအိုကျမ်းစာများအရ မိုးကောင်းကင်တာအိုမျက်လုံးသည် အစဥ်အမြဲ ပိတ်ထားခဲ့သည်။အကြောင်းအရင်းမှာ လောကကြီးအတွင်းရှိ အစွမ်းထက်ကျင့်ကြံသူအားလုံးသည် အတုအယောင်အင်မော်တယ်များ ဖြစ်နေသောကြောင့်ပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် တာအိုသခင်အဆင့်သို့တက်လှမ်းနိုင်လျှင်ပင် ရှေးဟောင်းခေတ်မှအမွေအနှစ်များ၏ အဖျားအနားကိုသာ ထိတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မိုးကောင်းကင်တာအိုမျက်လုံး ပွင့်နေခဲ့သည်။
အကယ်၍ ကျောင်းတော်၏အနောက်ဘက်တောင်တွင် သဘာဝအတားအဆီးများသာရှိမနေလျှင် ထိုသတင်းပျံ့နှံ့သွားပါက အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။
ဤသည်က ကောင်းကင်ဘုံနယ်မြေ၏မိုးကောင်းကင်တာအိုသည် လုယွီ၏အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ခြင်းပင်။
လုယွီသည် ဤလောကကြီးအတွင်း၌ တစ်ဦးတည်းသော အစစ်အမှန်အင်မော်တယ်ဖြစ်ပေ၏။
ရုတ်တရက် အက်ရှရှအသံတစ်သံက မိုးကောင်းကင်တာအိုမျက်လုံးမှ ထွက်ပေါ်လာသည်။
"ဒီလောကကြီးထဲမှာ...ဘာအင်မော်တယ်မှ မရှိရဘူး"
ထိုအသံသည် ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်းပင်။
ထိုအသံအတွင်းတွင် မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။ဤသည်က အချိန်အတော်ကြာတည်ရှိခဲ့သော ဥပဒေသစည်းမျဥ်းတစ်ခုကဲ့သို့ စက်ယန္တရားဆန်သော ခံစားချက်တစ်ခုတည်းသာရှိနေသည်။
ပတ်ဝန်းကျင်ရှိ မိုးကြိုးသားရဲများသည် မည်သည့်စိုးရိမ်ပူပန်မှုမျိုးမျှမရှိတော့ဘဲ လုယွီထံသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်ဝင်လာကြ၏။
Chapter 2625
ဘုန်း....
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် မိုးကြိုးများအကြား၌ နစ်မြုပ်သွားတော့သည်။
သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိစပြုလာသည်။ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် မိုးကြိုးပင်လယ်ကြီး၏အောက်တွင် သိုင်းပညာသူတော်စင်၏ရုပ်ခန္ဓာကိုယ်ဖြင့်ပင် အပြည့်အဝတောင့်ခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် လုယွီသည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံပုံမရချေ။သူ၏မျက်လုံးက လေဟာနယ်အတွင်းသို့ စူးစိုက်၍ကြည့်နေဆဲပင်။
"ဒီအသေးအဖွဲဒဏ်ရာလေးတွေက ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး...မင်းက ငါ့ကို တိုက်ခိုက်ဝံ့မှတော့ မင်း တန်ကြေးပြန်ပေးဆပ်ရမယ်"
မိုးကြိုးပင်လယ်အကြားရှိလုယွီသည် မလှုပ်မယှက် ငြိမ်ခံနေမည့်လူစားမျိုးမဟုတ်ချေ။
တခြားသူမျှ လာရောက်ရိုက်နှက်သည်ကို ငြိမ်ခံနေသည်မှာ သူ၏အကျင့်စရိုက်မဟုတ်ပေ။
မိုးကောင်းကင်တာအိုသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော်လည်း လုယွီ၏စိတ်ဆန္ဒကို အပြည့်အဝဖိနှိပ်နိုင်ခြင်းမရှိချေ။
"အင်မော်တယ်သုတ်သင်ဓားချီ...သတ်ဖြတ်စမ်း"
လုယွီ၏လက်ချောင်းထိပ်မှ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော ဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ မိုးကောင်းကင်တာအိုမျက်လုံးထံသို့ ဦးတည်၍ ဖြန့်ကျက်လိုက်၏။
ကောင်းကင်နှင့်မြေပြင်အတွင်းရှိ အရာရာတိုင်း ရပ်တန့်သွားသကဲ့သို့ပင်။လုယွီ၏ခန္ဓာကိုယ်ပတ်လည်မှ ဓားချီများသာ ကြွင်းကျန်နေသည်။ထက်ရှသောဓားချီလှိုင်းများက မိုးကောင်းကင်တာအိုထံသို့ဦးတည်၍ တိုးဝင်သွားသည်။
"အင်မော်တယ်...မရှိရဘူး"
မိုးကောင်းကင်တာအိုမျက်လုံးထံမှနေ၍ အက်ရှရှအသံကြီး ထပ်မံ၍ထွက်ပေါ်လာသည်။
ဘုန်း...
မိုးကောင်းကင်တာအိုမျက်လုံးမှနေ၍ အနီရောင်မိုးကြိုးတစ်လှိုင်း ပွင့်အံထွက်လာကာ လုယွီထံသို့ ပြင်းပြင်းထန်ထန် ကျရောက်လာလေ၏။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိုအနီရောင်မိုးကြိုးလှိုင်းက လွှမ်းခြုံသွားသည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ပေါက်ပွင့်ထွက်သွားကာ သွေးများယိုစီးကျနေသည်။
အနီရောင်မိုးကြိုးသည် ရက်စက်ကြမ်းကြုတ်သောဓားချီတစ်လှိုင်းနှင့်တူညီသည်။ထိုအရာသည် လုယွီကို မသတ်နိုင်မချင်း ရပ်တန့်မည့်ပုံမရချေ။
အနီရောင်မိုးကြိုး၏ရိုက်ခတ်ခြင်းကိုခံရသော အချိန်အခိုက်အတန့်တွင် လုယွီသည် သူ့ထံသို့ သေခြင်းတရားချဥ်းကပ်လာသည်ကို ခံစားမိလေ၏။
ဤသည်က တာအိုသခင်များရင်ဆိုင်ရသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးနှင့် ညီမျှသည်။ထိုအရာတွင် အလွန်အမင်းသေစေနိုင်သောစွမ်းအားမျိုး ပါဝင်နေသည်။လုယွီထံတွင် သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ရှိနေသည့်တိုင် သူ့အား ကူညီထောက်ပံမှု မပေးနိုင်တော့ချေ။
"ဒါက သေခြင်းတရားလား...ငါ ဒါကို တစ်ကြိမ်ကြုံတွေ့ပြီးသွားပြီ"
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိသွားပုံပင်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်လာရန်မှာ တစ်စုံတစ်ယောက်သည် ဒြပ်စင်ငါးမျိုးချီကိုစုစည်းရမည့်အပြင် သေခြင်းနှင့်ရှင်ခြင်းကို နားလည်သဘောပေါက်ရန်လိုအပ်သည်။
သေခြင်း....ဘဝသက်တမ်း....
လုယွီ၏မျက်လုံး လင်းလက်တောက်ပသွားသည်။သူသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်လာနိုင်သည့်သော့ချက်ကို နားလည်သဘောပေါက်သွားပုံပင်။အတွေးတစ်ချက်ဖြင့်ပင် သူ့ထံ၌ ကြီးမားသောပြောင်းလဲမှုကြီး ဖြစ်ပေါ်သွားခဲ့သည်။
ခရက်...
တိုးညှင်းသောအသံတစ်သံက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။
ဤသည်က အချိန်အတော်ကြာချိပ်ပိတ်ထားခဲ့သော တစ်စုံတစ်ခု နောက်ဆုံး၌ပွင့်သွားသကဲ့သို့ပင်။လုယွီထံမှ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာကာ မိုးကောင်းကင်ယံထိတိုင် မြင့်တက်သွားသည်။
ဤနေ့တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်နိုင်လေပြီ။
ဤသည်က ယခုလက်ရှိရှိနေသော တခြားမြေကမ္ဘာအင်မော်တယ်များနှင့်မတူညီဘဲ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ အစစ်အမှန်မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။
လုယွီသည် ဤလောကကြီးအတွင်း၌ တစ်ဦးတည်းသော အစစ်အမှန်အင်မော်တယ်ပင်။
ဝုန်း....ဝုန်း....
မိုးကောင်းကင်တာအို အလွန်ဒေါသထွက်သွားလေ၏။သူ၏မျက်လုံးရှေ့၌ အင်မော်တယ်တစ်ယောက် မွေးဖွားလာသည်ကို သူ စောင့်ကြည့်နေရသကဲ့သို့ပင်။
ပတ်ဝန်းကျင်၌ မြောက်မြားစွာသော အနီရောင်မိုးကြိုးလှိုင်းများ စုဝေးလာကာ လုယွီကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုပုံရသည်။
"ငါကလည်း မင်းနဲ့ရင်ဆိုင်ချင်တယ်"
လုယွီ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူ၏ခန္ဓာကိုယ်သည် အလွန်အမင်းလျှင်မြန်သောအရှိန်နှုန်းဖြင့် ကောင်းမွန်လာပေ၏။
အနီရောင်မိုးကြိုးလှိုင်းကြောင့်ပွင့်ထွက်သွားသော ဒဏ်ရာသည်လည်း တဖြည်းဖြည်းပိတ်သွားကာ ပြန်လည်ကောင်းမွန်လာတော့မည့် အရိပ်အယောင်ရှိနေသည်။
လုယွီသည် မိုးကောင်းကင်တာအိုမျက်လုံးရှိနေသောနေရာသို့ လက်ညှိုးညွှန်လိုက်၏။သူ၏မျက်လုံးများအတွင်း၌ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။သူ၏လက်တစ်ဖက်ကို လေးကိုင်းဆွဲသည့်အသွင် ကွေးညွတ်၍ ကျန်လက်တစ်ဖက်ဖြင့် မြှားတစ်စင်းတပ်သည့်အသွင် ပြုလုပ်လိုက်သည်။လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်များ တလိမ့်လိမ့်ထွက်လာကာ သူ၏လက်အတွင်း၌ ရွှေရောင်လေးတစ်လက်အဖြစ် သိပ်သည်းသွားသည်။
လေးကြိုးအားဆွဲလိုက်ချိန်တွင် သွေးနီရောင်မြှားတစ်စင်း ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိလေဟာနယ် တဖြည်းဖြည်းပုံပျက်စပြုလာပေ၏။ထိုမြှား၏ရှေ့တွင် မိုးကောင်းကင်တာအိုပင် သေးသိမ်သွားပုံရသည်။
လုယွီ၏လေးသည် လပြည့်ဝန်းကြီးနှင့်တူညီသည်။
ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါစပြုလာကာ လုယွီ၏နံဘေးပတ်လည်၌ မြောက်မြားစွာသော လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။ပတ်ဝန်းကျင်ရှိမိုးကြိုးသားရဲများအားလုံးသည် ထိုတုန်လှုပ်ချောက်ချားဖွယ်အားလှိုင်း၏အောက်တွင် ကြောက်ရွံထိတ်လန့်စွာဖြင့် ပြားပြားဝပ်နေကြကာ အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ချေ။
လုယွီက လေးကြိုးကိုဆွဲတင်ကာ မြှားကိုပစ်လွှတ်လိုက်သည်။
ထိုမြှားသည် ချက်ချင်းဆိုသလိုပင် ပျံဝဲသွားကာ မိုးကောင်းကင်တာအိုမျက်လုံးထံသို့ တိုးဝင်သွားလေ၏။
အနီရောင်မိုးကြိုးလှိုင်းများ ပွင့်အံထွက်လာသော်လည်း သွေးနီရောင်မြှားသည် ထိုအရာများအားလုံးကို ထွင်းဖောက်ကာ မိုးကောင်ကင်တာအိုမျက်လုံးကို ထိုးစိုက်မိသွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှား...
တစ်ချိန်တုန်းက အမတ်ကြီးချွယ်မှနေ၍ တာအိုအင်မော်တယ်များကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့သော ရှေးဟောင်းသိုင်းပညာတစ်ရပ်သည် သေမျိုးလောက၌ ထပ်မံ၍ထွက်ပေါ်လာလေပြီ။
Thank For Reading.