← Chapters

အခန်း (၂၆၂၆-၂၆၃၀)

Vol. 135 Ch. 2626-2630

အခန်း (၂၆၂၆-၂၆၃၀)

Vol. 135 Ch. 2626-2630

Chapter 2626

ထိုမြှားသည် သက်တန့်တစ်စင်းအလား မိုးကောင်းကင်ယံကိုဖြတ်သန်း၍ မိုးကောင်းကင်တာအိုမျက်လုံးကို ထွင်းဖောက်သွားသည်။

လုယွီ၏မှော်စွမ်းအားဖြင့် သိပ်သည်းထားသော ထိုမြှားသည် အနီရောင်မိုးကြိုးလှိုင်းများ၏ပိတ်ဆို့ဟန့်တားမှုကို ချိုးဖျက်ကာ မိုးကောင်ကင်တာအိုမျက်လုံးကို ရိုက်ခတ်မိသွားလေ၏။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံတခွင်လုံး တုန်ခါသွားသောအသံကြီးက လေဟာနယ်ချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။

ထောင်နှင့်ချီသော ​ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသားရဲများသည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာလေ၏။

အကယ်၍ယခင်ကလုယွီဆိုပါက ထိုတုန်လှုပ်ချောက်ချားဖွယ်မိုးကြိုးလှိုင်းများအောက်တွင် သေဆုံးသွားရမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ အစစ်အမှန်ရှေးဟောင်းအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ထိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် အားနည်းပြီးအစွမ်းအစမဲ့နေပုံရသည်။

"ပျက်ပြယ်သွားစမ်း"

လုယွီသည် သူ့ထံသို့ အဘက်ဘက်မှတိုးဝင်လာသော မိုးကြိုးသားရဲများကိုကြည့်ပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။

ထိုမိုးကြိုးသားရဲများသည် ထိတ်လန့်ကြောက်ရွံသွားကာ မိုးကောင်းကင်တာအို၏အမိန့်ကို မနာခံကြတော့ဘဲ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားတော့သည်။

ဝုန်း...

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ကောင်းကင်ယံတခွင်လုံး တုန်ခါသွားသောအသံကြီးက လေဟာနယ်အတွင်း၌ ထပ်မံ၍မြည်ဟီးသွားသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းက ရှေးဟောင်းခေတ်ရဲ့မိုးကောင်းကင်တာအို ချန်ခဲ့တဲ့ အမွေအနှစ်ကိုရပြီးတော့ အခွင့်အရေးတစ်ခုရပြီး သက်ရှိအဖြစ်မွေးဖွားလာခဲ့တာ...မင်းက မိုးကောင်းကင်တာအိုရဲ့စိတ်ဆန္ဒကိုရော ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့စိတ်ဆန္ဒကိုရော ကိုယ်စားမပြုနိုင်ဘူး...ဒီလိုစကားမျိုးတွေကိုပြောဖို့ မင်းကိုယ်မင်း အရည်အချင်းရှိတယ်လို့ ထင်နေတာလား"

မိုးကောင်းကင်တာအိုမျက်လုံးမှ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျနေခြင်းကို ကြည့်ရသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှားသည် မိုးကောင်းကင်တာအိုကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။

"သွား​တော့...နောက်တစ်ကြိမ်ကျရင် ငါကိုယ်တိုင် မိုးကောင်းကင်ထိလာပြီး မင်းကို လာရှာမယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

မိုးကောင်းကင်တာအိုမျက်လုံးသည် မလိုလားပုံဖြင့် ဟိန်းဟောက်နေသော်လည်း ပတ်ဝန်းကျင်ရှိတိမ်မည်းများသည် အလျှင်အမြန်ပျက်ပြယ်စပြုနေလေပြီ။ထို့ကြောင့် မိုးကောင်းကင်တာအိုမျက်လုံးသည် ကြီးမားသောအရွယ်အစားကို ထပ်မံ၍ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မိုးကောင်းကင်တာအို ပျက်ပြယ်သွားခဲ့သည်။ထိုအရာသည် ထွက်ခွါမသွားမီ လုယွီကို စေ့စေ့စပ်စပ်မှတ်သားထားသည့်အလား အဓိပ္ပါယ်ပါသောအကြည့်မျိုးဖြင့် ကြည့်သွားလေ၏။

မိုးကောင်းကင်ယံရှိ တိမ်မည်းများအားလုံးလည်း ပျောက်ကွယ်သွားလေပြီ။

လုယွီသည် မျက်လုံးစုံမှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြီးမားသောစွမ်းအားများကို တိတ်တဆိတ်အာရုံခံလိုက်သည်။

သူ၏ကြွက်သားများနှင့်အရိုးများမှ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။သူ၏အရိုးများကြားမှနေ၍ နဂါးဟိန်းသံသဲ့သဲ့ကလည်း ထွက်ပေါ်နေပေ၏။

ဤတစ်ကြိမ်တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့နိုင်ရုံသာမက အစစ်အမှန်နဂါးအကောင်သုံးဆယ်၏စွမ်းအားမျိုးကိုလည်း ပိုင်ဆိုင်သွားလေပြီ။

သူ၏ခွန်အားသည် ယခင်ထက် သုံးဆနီးပါး မြင့်တက်သွားခဲ့သည်။

ရှေးဟောင်းအချိန်ကာလများ၏စံသတ်မှတ်ချက်အရ လုယွီ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။

ဤသိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သည် ရှေးဟောင်းခေတ်မှ တစ္ဆေအင်မော်တယ်တချို့ဖြင့် ခြေရာချင်းတိုင်းနိုင်သည်။

တာအိုကျမ်းစာများအတွင်း၌ ဖော်ပြထားသော သေမျိုးများမှ နတ်ဆိုးနတ်ဘုရားများကို သတ်ဖြတ်သည့် ဇာတ်ကြောင်းများတွင် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်တစ်ယောက်သည် တစ်ရက်တွင် လီပေါင်းတစ်သောင်းကျော် ခရီးသွားလာနိုင်သည်။သူသည် မှော်မန္တန်များရွတ်ဆို၍ တောင်များ မြစ်များကို ရွှေ့ပြောင်းနိုင်သည့်အပြင် သူ၏ဓားဖြင့် မိုးကောင်းကင်ကိုအက်ကွဲစေနိုင်စွမ်းရှိသည်။

လုယွီသည် အကယ်၍ သူသည် သက်ရှည်မီးအိမ်အနီးသို့ ထပ်မံ၍ချဥ်းကပ်ပါက ယခင်ထက်ပို၍ကြာရှည်စွာ လောင်ကျွမ်းစေနိုင်မည်ဟူသော ခံစားချက်မျိုးကိုပင် ရရှိနေလေ၏။

"ထားလိုက်တော့ ..ရုပ်ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ဖို့က အချိန်လိုအပ်တယ်"

လုယွီသည် မဆင်မခြင် လုပ်ဆောင်ခြင်းမရှိချေ။ဤတစ်ကြိမ်တွင် သူသည် ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ခဲ့ရုံသာဖြစ်ပြီး ရုပ်ခန္ဓာကိုယ်ခွန်အားကို အဆင့်ချိုးဖျက်ခဲ့ခြင်း မဟုတ်ချေ။

လုံလောက်သောခွန်အားမရှိဘဲနှင့် လုယွီသည် စွန့်စားဝံ့ခြင်းမရှိချေ။

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို ခံစားပြီးနောက် ပုန်းကွယ်နဂါးချိုင့်ဝှမ်းတစ်နေရာသို့ ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်သည်။

"စီနီယာတို့ကို ကျေးဇူးတင်ပါတယ်"

အချိန်အတော်ကြာပြီးနောက် အမျိုးသားတစ်ယောက်၏ ဒေါသတကြီးပြောဆိုသံက ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာသည်။

"ငါတို့ကို စီနီယာလို့ မခေါ်စမ်းနဲ့...ငါက မိုးကောင်းကင်တာအိုမျက်လုံးပွင့်အောင် မဆွဲဆောင်နိုင်ဘူး...မင်းက မိုးကောင်းကင်တာအိုကို နောက်ပြန်ဆုတ်သွားစေခဲ့တယ်....ငါက မင်းရဲ့စီနီယာ မဖြစ်နိုင်ဘူး...ငါ မင်းကို တောင်းပန်ချင်တာက နောက်တစ်ကြိမ်အဆင့်ချိုးဖျက်မယ်ဆိုရင် ငါတို့ဆီကို မလာခဲ့နဲ့...ဒီနေရာက မင်းလိုရုန့်ရင်းကြမ်းတမ်းတဲ့လူမျိုးကို လက်ခံဖို့အတွက် အရမ်းသေးငယ်လွန်းတယ်"

မူလက ပုန်းကွယ်နဂါးချိုင့်ဝှမ်းကို အလွန်လှပသောနေရာတစ်ခုဟု သတ်မှတ်နိုင်သည်။သို့ရာတွင် မိုးကြိုးလှိုင်းများ၏ရိုက်ခတ်ခြင်းခံရပြီးနောက် ကွဲကြေနေသော ကျောက်စကျောက်နများဖြင့် ပြည့်နှက်နေသည်။ယခင်က ဤနေရာတစ်ခုလုံးကို လွှမ်းခြုံနေသော စိတ်ဝိညာဥ်ဆေးပင်များနှင့်သစ်ပင်ပန်းမန်များသည်လည်း ယခုချိန်တွင် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးနေလေပြီ။

"စီနီယာ...​ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက ကျွန်တော်ထိန်းချုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ"

လုယွီက ခါးသက်သက်ပြုံး၍ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် နေရာတစ်နေရာရှာဖွေ၍ အဆင့်ချိုးဖျက်ရုံသာဖြစ်သော်လည်း ဤတစ်ကြိမ်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အလွန်ပြင်းထန်မည်ဟု သူ မျှော်လင့်မထားမိချေ။

Chapter 2627

"ကောင်စုတ်လေး...မင်းက ဒီနေရာကိုဖျက်ဆီးခဲ့ပြီးတော့ ဒီအတိုင်းထွက်သွားတော့မလို့လား"

ချိုင့်ဝှမ်း၏နက်ရှိုင်းသောနေရာမှနေ၍ ပေါ့ပါးညင်သာသော အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

သူမသည် လီစစ်၏မိသားစုမှ အကြီးအကဲဖြစ်ပြီး သူတော်စင်ယီဟန်၏နောက်လိုက်တစ်ယောက်ပင်။

လုယွီသည် လီစစ်ပေးသောတံဆိပ်ပြား၏ကောင်းကျိုးဖြင့် သူမကိုရှာဖွေပြီးမှသာ ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်း၌ ကျင့်ကြံခွင့်ရခဲ့ခြင်းဖြစ်သည်။

လုယွီက ပြောဆိုသည်။

"စီနီယာက ဘယ်လိုလျော်ကြေးမျိုးလိုချင်တာလဲ"

"မင်း ခုဏကသုံးသွားတဲ့မှော်မန္တန်က တော်တော်လေးကောင်းတယ်လို့ ငါ ထင်တယ်...ငါ့ကို သင်ပေးနိုင်မလား"

ထိုအမျိုးသမီးက အပြုံးနှင့်ပြောဆိုလေ၏။

လုယွီက ခေါင်းခါပြလိုက်၏။သူ အသုံးပြုခဲ့သောမှော်မန္တန်သည် အမတ်ကြီးချွယ် သူ့အားလက်ဆင့်ကမ်းသင်ကြားပေးခဲ့သော ရှေးဟောင်းမှော်နည်းစနစ်တစ်ခုပင်။သူ ထိုမှော်မန္တန်အား လက်ဆင့်ကမ်းမပေးနိုင်သည်ကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ သူ့ထံတွင်သာ သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ရှိမနေပါက ထိုအရာကိုအသုံးပြုရန် လွန်စွာခက်ခဲပေမည်။

အကယ်၍ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောရုပ်ခန္ဓာကိုယ်ခွန်အားမရှိပါက ထိုမှော်မန္တန်ကို အပြီးထိမရွတ်ဆိုရသေးမီမှာပင် ပြိုလဲကျသွားပေလိမ့်မည်။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။

"ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ...ကျွန်တော်က ဒီနေရာကို ဖျက်ဆီးခဲ့မိမှတော့ အရင်အတိုင်း ပြန်ကောင်းအောင် လုပ်ပေးမယ်လေ"

ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။အမျိုးသားနှင့်အမျိုးသမီးတို့သည် လုယွီ ရယ်စရာပြောနေသည်ဟုသာ တွေးထင်ထားကြ၏။

တစ်စုံတစ်ခုကို ဖျက်ဆီးရန်မှာလွယ်ကူသော်လည်း ယခင်အတိုင်း အကောင်းပကတိဖြစ်အောင် ပြန်လည်လုပ်ဆောင်ရန်မှာ အလွန်အမင်းခက်ခဲသည်။

ထို့ပြင် ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်း၌ စိတ်ဝိညာဥ်ဆေးပင် အမြောက်အများရှိသည်။မည်သည့်နည်းဖြင့် ထိုအရာများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်နည်း။

"ထားလိုက်တော့...မင်း သွားလို့ရပြီ....ဒီနေရာကို ငါတို့ဟာငါတို့ပဲ ဂရုစိုက်လိုက်မယ်"

အမျိုးသမီးက ရယ်သွမ်းသွေးကာ ပြောဆိုသည်။

သူမပြောဆိုသောလေသံမှာ အမှန်တကယ်ကို ဟာသပြက်လုံးတစ်ခုအား ကြားခဲ့ရသကဲ့သို့ပင်။

လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သေးသော်လည်း သူ့ထံတွင် အလွန်ကြီးမားသောစွမ်းအားမျိုးရှိနေသည်။သူမတို့သည် မိသားစုဝင်များအား လုယွီနှင့်ရင်းနှီးစွာဆက်ဆံရန် အမှာစကားကို သတင်းပို့ရန်အတွက် ကြံစည်ထားပြီးလေပြီ။မည်သည်ကြောင့် ဤကိစ္စငယ်လေးအတွက်ဖြင့် လုယွီကိုအခက်တွေ့အောင် လုပ်ဆောင်ရမည်နည်း။

သို့ရာတွင် လုယွီသည် ရယ်စရာပြောနေခြင်းမဟုတ်ချေ။

ရုတ်တရက် သူ၏လက်ကိုဆန့်တန်းလိုက်ရာ သူ၏လက်ဖဝါးအတွင်း၌ ရှင်သန်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။

သေခြင်းရှင်ခြင်းမဟာတာအိုက သူ၏လက်အတွင်း၌ လှည့်ပတ်နေလေ၏။

သူ၏လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် သက်ရှိများအားလုံးကို ရှင်သန်ကြီးထွားစေနိုင်စွမ်းရှိသည်။ဤကဲ့သို့နည်းလမ်းမျိုးကို အတုအယောင်အင်မော်တယ်များ မပြုလုပ်နိုင်သော်လည်း လုယွီကမူ ပြုလုပ်နိုင်သည်။

"သူ ဘာလုပ်နေတာလဲ"

ချိုင့်ဝှမ်းအတွင်း၌ပုန်းအောင်းနေသူ နှစ်ယောက်လုံး ကြက်သေသေသွားသည်။သူတို့သည် ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။

ပုန်းကွယ်နဂါးချိုင့်ဝှမ်းကို ပြုပြင်လိုပါက မည်ကဲ့သို့တန်ကြေးမျိုး ပေးဆပ်ရမည်ကို သူတို့နှစ်ယောက်လုံး ကောင်းစွာသိရှိထားသည်။

အကယ်၍ သူတို့သည် ဤနေရာကိုပြင်ဆင်လိုပါက နဂိုမူလအခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိရန် အနည်းဆုံးအချိန်တစ်လ ယူရပေမည်။

ထို့နောက် သူတို့သည် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

မူလက ကောင်းကင်ဘုံမိုးကြိုးများကြောင့် ကျင်းချိုင့်များဖြစ်ကျန်ခဲ့သော မြေပြင်သည် ယခင်အတိုင်းပြန်ဖြစ်သွားကာ ရုတ်တရက် အစိမ်းရောင်သစ်ကိုင်းများ ရှင်သန်ကြီးထွားလာသည်။

ယခင်က ကြေမွှပျက်စီးသွားသော စိတ်ဝိညာဥ်ဆေးပင်များနှင့်သစ်ပင်ပန်းမန်များသည် မြေပြင်၏ထောင့်တစ်နေရာတိုင်းမှ ထွက်ပေါ်စပြုလာသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျက်စီးသွားသောမြေပြင်ပေါ်တွင် မရေမတွက်နိုင်သောသစ်ပင်ပန်းမန်များ ရှင်သန်ကြီးထွားနေလေပြီ။

ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ်က ထိုအရာများအားလုံး၏ရှင်သန်ကြီးထွားမှုကို လမ်းညွှန်ပေးနေသကဲ့သို့ပင်။

အတွေးတစ်ချက်ဖြင့်ပင် အရာအားလုံးကို ရှင်သန်ကြီးထွားစေနိုင်စွမ်းရှိသည်။

ထူထပ်သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များက ပုန်းကွယ်နဂါးချိုင့်ဝှမ်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေ၏။

"ဒါက...."

ချိုင့်ဝှမ်းအတွင်းရှိလူနှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤနည်းလမ်းသည် သူတော်စင်နယ်ပယ်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များသာ အသုံးပြုနိုင်သောအရာပင်။

ဤသည်က ဖန်တီးခြင်းဖြစ်သည်။မည်သည့်အရာမျှမရှိတော့သည်ကို တစ်စုံတစ်ခုအဖြစ်ဖန်တီးကာ သေဆုံးပြီးသောအရာများကို အပြည့်အဝပြန်လည်ရှင်သန်စေခြင်းဖြစ်ပေ၏။

"စီနီယာတို့ကို နှုတ်ဆက်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ အနောက်ဘက်တောင်မှ ထွက်ခွါခဲ့တော့သည်။

လုယွီ ထွက်ခွါသွားပြီးနောက် ချိုင့်ဝှမ်းအတွင်းရှိ သစ်ပင်ပန်းမန်များအားလုံး ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်ကာ ယခက်ထက်ပင် ပို၍စိမ်းလန်းစိုပြည်နေသည်။

လေထုအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ် စိတ်ဝိညာဥ်စွမ်းအင်များနှင့် ပြည့်နှက်နေပေ၏။ဤနေရာသည် စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝသောရတနာမြေအဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားလေပြီ။

"ကြည့်ရတာတော့ ငါတို့ အပြင်ကိုမထွက်တာ အချိန်အတော်ကြာသွားပုံပဲ...ပြင်ပကသတင်းတွေ ငါတို့ ဘာမှမသိရဘူး...ဒီလိုပါရမီရှင်မျိုးက ဘယ်နေရာက ရောက်လာတာလဲ...သူက ထိပ်တန်းမိသားစုကြီးတွေရဲ့မျိုးဆက်တစ်ယောက်လား"

"သူက ထိပ်တန်းမိသားစုကြီးတွေကမဟုတ်ဘူး...ငါတို့မိသားစုရဲ့ဂျူနီယာမျိုးဆက်က သူ့ရဲ့အကြောင်းကို ငါ့ဆီစာတစ်စောင် ပေးပို့ထားတယ်...သူက အောက်ဘုံကနေတက်လှမ်းလာပြီးတော့ အရင်တုန်းက ဘာနာမည်ကျော်ကြားမှုမှမရှိဘူး...ဒါပေမယ့် နောက်ပိုင်းမှာ သူ လောကီအင်မော်တယ်နယ်ပယ်တုန်းက ရွှယ်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်...ပြီးတော့ သူက ရှောင်မိသားစုဆီကနေ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူနိုင်ခဲ့တယ်...အခုချိန် ကျောင်းတော်မှာ သူ့ရဲ့နာမည်ဂုဏ်သတင်းက အရမ်းမြင့်မားနေပြီ...သူက ဒီတစ်သုတ်တပည့်တွေအားလုံးရဲ့ တပည့်ခေါင်းဆောင်ပဲ"

Chapter 2628

"ကျောင်းတော်က ဒီလိုမျိုးပါရမီရှင်တစ်ယောက်ကို မွေးထုတ်ထားနိုင်တာလား....ဒါက အတိတ်စာမျက်နှာတွေကို ပြန်ရောက်သွားသလိုပဲ...သူက ကောင်းကင်ဘုံနယ်မြေမှာ ပြိုင်ဘက်ကင်းဖြစ်လာမှာ သေချာတယ်"

"ထားလိုက်တော့....အပြင်ဘက်မှာရှိတဲ့ရွှေခေတ်က ငါတို့နဲ့ဘာမှ မဆိုင်တော့ဘူး...ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်....ဒီနေရာမှာစောင့်ကြပ်နေရတာကပဲ ငါတို့အတွက် လုံလောက်ပြီ...."

ချိုင့်ဝှမ်းအတွင်းရှိ စကားပြောဆိုနေမှု တဖြည်းဖြည်း အဆုံးသတ်သွားတော့သည်။

အနောက်ဘက်တောင်၏ဂိတ်တံခါးရှေ့၌....

လုယွီသည် ပြင်ပသို့ထွက်လိုက်ချိန်တွင် ချက်ချင်းဆိုသလိုပင် ပြင်းထန်သောသွေးညှီနံကို ရှုရှိုက်မိသည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များနှင့် ကျောင်းတော်တပည့်များအကြားမှတိုက်ပွဲသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။သူတို့သည် ကျောင်းတော်တပည့်များကို အနိုင်ရရှိသွားသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့၏ရက်စက်ကြမ်းကြုတ်ဆုံးနည်းလမ်းများကိုအသုံးပြုကာ သတ်ဖြတ်လိုက်ကြ၏။

မြေပြင်ပေါ်ရှိ နေရာအနှံ့အပြားတွင် ကြက်သွေးရောင်သွေးများဖြင့် စိုရွှဲနေကာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။

"လုယွီ...ငါ မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ"

လုယွီ ပြင်ပသို့ထွက်လိုက်စဥ်မှာပင် ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံတစ်သံကို ကြားလိုက်ရသည်။

ဤသည်က မြွေစိမ်းမြင့်မြတ်နတ်ဆရာပင်။သူသည် အနောက်ဘက်တောင်၏ပြင်ပ၌ လုယွီထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

သူသည် အနောက်ဘက်တောင်အတွင်းသို့ ခြေမချဝံ့တော့ချေ။မျောက်၏ပါးရိုက်ချက်များသည် သူ့အား အမှန်တကယ်ကိုပင် ထိတ်လန့်ကြောက်ရွံစေခဲ့သည်။

မျောက်သည် အဝေးသို့ထွက်ခွါသွားသော်လည်း မည်သည့်အချိန်၌ သူ ပြန်ရောက်လာမည်ကို မည်သူမျှအတပ်မပြောနိုင်ချေ။

"ငရဲကိုသွားစမ်း"

မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏စိတ်နှလုံးသားအတွင်း၌ ကြေကွဲဝမ်းနည်းမှုများ ခံပြင်းဒေါသထွက်မှုများဖြင့် ပြည့်နှက်နေသည်။သူသည် နာကျည်းမုန်းတီးမှုများဖြင့် လုယွီကို တိုက်ခိုက်လိုက်ခြင်းပင်။

သူသည် မျောက်ထံမှ အရှက်ခွဲအနိုင်ကျင့်ခံထားရမှုကို လုယွီထံမှပြန်ယူရန် ကျိန်ဆိုထားလေ၏။

ဘုန်း....

သူ လက်စားချေရသည့်အရသာကို မခံစားရသေးမီမှာပင် ပြင်းထန်သောလက်ဝါးရိုက်ချက်တစ်ချက်က သူ့၏ခေါင်းပေါ်သို့ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုရိုက်ချက်ကြောင့် သူ မြေပြင်ပေါ်သို့လဲကျကာ သေလုမျောပါးဖြစ်သွားသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါက သူ့ရဲ့စွမ်းအားလား...မဖြစ်နိုင်ဘူး"

မြွေစိမ်းမြင့်မြတ်နတ်ဆရာက တုန်လှုပ်ချောက်ချားနေသည်။သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုများမှာ အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

ရိုက်ချက်တစ်ချက်ဖြင့်ပင် သူ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

သူ ခုခံကာကွယ်ခြင်းပင် မပြုနိုင်ခဲ့ချေ။

"အစိမ်းရောင်ကြာနတ်ဘုရားက တကယ်ကြီးလာဝံ့တာလား...သူ ဒီနေရာမှာ သေသွားရမှာကို မကြောက်ဘူးလား"

လုယွီက တီးတိုးရေရွတ်ကာ နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် မြွေစိမ်းမြင့်မြတ်နတ်ဆရာ၏အသက်စွမ်းအားများအားလုံးကို နှုတ်ယူသွားလေ၏။

"ငါ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ်ပြီး ရန်စခဲ့မိတာလဲ...သူ့ရဲ့မျက်လုံးထဲမှာ နတ်ဘုရားပဲရှိနေတယ်...ငါ ရှိမနေဘူး"

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် မသေဆုံးမီအချိန်တွင် အလွန်ကြီးမားသောနောင်တတရားကို ရရှိသွားသည်။

မူလက သူသည် ကြီးမားသောဆုလာဘ်ကို ရယူလိုသဖြင့် ဤနေရာသို့လာရောက်ခဲ့ခြင်းပင်။သို့ရာတွင် သူ၏အသက်ကို ဤနေရာ၌ချန်ထားခဲ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။

မြွေစိမ်းမြင့်မြတ်နတ်ဆရာသည် လုယွီအတွက် အရေးစိုက်စရာမလိုသူတစ်ယောက်ပင်။

လုယွီအတွက် သူသည် အစိမ်းရောင်ကြာနတ်ဘုရားလက်အောက်ရှိ ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ပြီး စကားအရာသွင်း၍ပြောရန်ပင် မထိုက်တန်ချေ။

လုယွီက ခေါင်းမော့ကာ အဝေးတစ်နေရာရှိကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ထိုနေရာတွင် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲနေဆဲပင်။

ဤတစ်ကြိမ်တွင် သူ၏ရည်ရွယ်ချက် အထမြောက်စေရန်အလို့ငှါ အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုလိုက်လေပြီ။

အပေါ်ယံတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၌ မြင့်မြတ်နတ်ဆရာသုံးယောက်သာ ရှိခဲ့သော်လည်း ယခုလက်ရှိတိုက်ပွဲတွင် မြင့်မြတ်နတ်ဆရာဆယ်ယောက်ကျော် ထွက်ပေါ်လာခဲ့သည်။

ထိုမြင့်မြတ်နတ်ဆရာတစ်ယောက်စီသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိလေ၏။သူတို့ထွက်ပေါ်လာသည့်နေရာတိုင်းရှိ ကျောင်းတော်တပည့်များအားလုံး ရှုံးနိမ့်သွားကာ မည်သူကမျှ သူတို့ကိုယှဥ်ပြိုင်မတိုက်ခိုက်နိုင်ချေ။

ဝုန်း...

လူရိပ်တစ်ရိပ်လွင့်ထွက်လာကာ ကျောင်းတော်၏ဗုံမျှော်စင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားသည်။

ထိုလူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော ချိုင်ကူဘိုးဘေးပင်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံး စုတ်ပြတ်သတ်နေကာ သူ၏မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်တချို့ဖြစ်နေသည်။

"ကောင်စုတ်လေးတွေ...မင်းတို့ရဲ့တိုက်ခိုက်မှုက အရမ်းပြင်းထန်လွန်းတယ်"

ချိုင်ကူဘိုးဘေး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးရှိနေကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူ၏ရှေ့၌ မြင့်မြတ်နတ်ဆရာသုံးယောက် မတ်တတ်ရပ်နေလေ၏။

သူတို့တစ်ယောက်ချင်းစီ၏နဖူးပေါ်တွင် ကြာပန်းစိမ်းအမှတ်အသားရှိနေကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားများ ထွက်ပေါ်နေလေရာ လူအများသည် သူတို့ကို စေ့စေ့မကြည့်ဝံ့ချေ။

"ချိုင်ကူဘိုးဘေး....ငါတို့က မင်းနဲ့ရန်သူမဖြစ်ချင်ဘူး...ဒီနေရာမှာပဲ အေးအေးဆေးဆေးနေပါ"

မြင့်မြတ်နတ်ဆရာသုံးယောက်အနက်မှတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သောက်ချေးပဲ...မင်းတို့က အရှင့်သားကို တိုက်ခိုက်ဝံ့မှတော့...ငါက ဘယ်လိုနည်းနဲ့မှ မင်းတို့ကို လျစ်လျှူရှုမထားနိုင်ဘူး"

ချိုင်ကူဘိုးဘေးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

မြင့်မြတ်နတ်ဆရာသုံးယောက်က မျက်မှောင်ကြုတ်လိုက်၏။

"ငါတို့က ရေခဲနယ်မြေမင်းသားကိုလည်း မထိဘူးလေ...မင်းတို့ ဘာမှမလှုပ်ရှားသရွေ့ မင်းတို့ ဘာမှမဖြစ်စေရဘူးလို့ ငါတို့ အာမခံတယ်"

Chapter 2629

ထိုအချိန်မှာပင် ဓမ္မအစောင့်အရှောက်တစ်ယောက်က အပြေးရောက်လာသည်။

"မြင့်မြတ်နတ်ဆရာတို့...ရေခဲနယ်မြေမင်းသားက အရမ်းအစွမ်းထက်တယ်...သံမဏိအရိုးမြင့်မြတ်နတ်ဆရာနဲ့လခြမ်းမြင့်မြတ် နတ်ဆရာတို့တောင် ဒဏ်ရာအပြင်းအထန်ရသွားတယ်...ဓမ္မအစောင့်အရှောက်တချို့လည်း သေသွားကြပြီ"

သူက သတင်းပို့ရန် ရောက်ရှိလာခြင်းပင်။

မြင့်မြတ်နတ်ဆရာသုံးယောက်လုံး၏မျက်နှာများ သုန်မှုန်သွားသည်။

သူတို့သည် ချိုင်လုံရှင်းနှင့်ရန်သူမဖြစ်လိုသဖြင့် ချိုင်ကူဘိုးဘေးကို သွေးဆောင်ဖြားယောင်းနေခြင်းဖြစ်သည်။

ချိုင်လုံရှင်းသည် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ကာ သူတို့၏ဂိုဏ်းဝင်များကို အသေအပျောက်ရှိစေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"ဟား ဟား ဟား...အရှင့်သားက မင်းတို့လိုအရေးမပါတဲ့ကောင်တွေနဲ့ ဘယ်လိုလုပ်ပြီး ညှိနှိုင်းမှာလဲ...မင်းတို့ကိုယ်မင်းတို့ အရမ်းအထင်ကြီးမနေစမ်းနဲ့"

ချိုင်ကူဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်းက သေချင်နေတာလား"

မြင့်မြတ်နတ်ဆရာသုံးယောက်အနက်မှ တစ်ယောက်၏မျက်လုံးအကြည့်သည် အေးစက်တင်းမာသွားလေ၏။

သူသည် လက်အတွင်း၌ နဂါးခေါင်းတောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။သူက ထိုတောင်ဝှေးကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ရာ အနက်ရောင်အရိပ်တစ်ရိပ် ပျံဝဲထွက်လာသည်။

လေဟာနယ်အတွင်းတွင် အနက်ရောင်အရိပ်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာရှိသည့် ဘီလူးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

ထိုမြင့်မြတ်နတ်ဆရာသည် တစ္ဆေကျင့်ကြံသူတစ်ယောက်ပင်။ကျောင်းတော်၏ပြင်ပ၌ သရဲတစ္ဆေစိတ်ဝိညာဥ်များ ထွက်ပေါ်လာသောမြင်ကွင်းသည် သူ၏လက်ချက်ဖြစ်ပေ၏။

ထိုဘီလူးသည် သူ၏အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ ချိုင်ကူဘိုးဘေးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုပုံဖြင့် ခုန်အုပ်လိုက်သည်။

ချိုင်ကူဘိုးဘေး အံ့အားသင့်တုန်လှုပ်သွားသည်။သူ၏မှော်စွမ်းအားများကို အလျှင်အမြန်လှည့်ပတ်လိုက်ရာ သူ့ရှေ့၌ ထူထပ်သောရေခဲနံရံကြီးတစ်ခု ဖွဲ့စည်းသွားပေ၏။

ဂျစ်...ဂျစ်...

ဘီလူးသည် ရေခဲနံရံရှေ့သို့ရောက်ချိန်တွင် သူ၏ပါးစပ်မှနေ၍ အနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။ထူထပ်မာကျောသော ရေခဲနံရံကြီး အလျှင်အမြန်အရည်ပျော်စပြုလာသည်။

"ချိုင်ကူဘိုးဘေး...မင်းက အရမ်းခေါင်းမာလွန်းတယ်...ဒီနေ့တော့ မင်း ဘယ်လိုနည်းနဲ့မှ အသက်ရှင်နိုင်မှာမဟုတ်ဘူး"

မြင့်မြတ်နတ်ဆရာတစ်ယောက်၏ မောက်မာဝံ့ကြွားစွာပြောဆိုလိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"သောက်ချေးပဲ"

ချိုင်ကူဘိုးဘေးကလည်း အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိချေ။သူ၏ပြင်းထန်သောမှော်စွမ်းအားများကို ရေခဲဖီးနစ်တစ်ကောင်အသွင်သိပ်သည်း၍ ဘီလူးနှင့် တိုက်ခိုက်စေသည်။

ကြီးမားသောမှော်စွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်၌ ဂယက်ထနေသည်။ချိုင်ကူဘိုးဘေးသည် ယခင်ကတည်းက ဒဏ်ရာရရှိထားသဖြင့် ယခုလက်ရှိချိန်တွင် ပို၍ဆိုးရွားလာခဲ့သည်။

"တကယ်လို့ ဒီနေရာမှာ ရေခဲနယ်မြေနန်းတော်က တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေရှိနေရင် ငါတို့ ခုချက်ချင်းထွက်သွားရလိမ့်မယ်...ဒါပေမယ့် အခုချိန်မှာ မင်း တစ်ယောက်တည်းပဲရှိနေတာ...မင်းက သေချင်နေမှတော့ ငါတို့ အခွင့်အရေးမပေးဘူးလို့မပြောနဲ့"

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ မြင့်မြတ်နတ်ဆရာတစ်ယောက်က သရော်တော်တော် ပြောဆိုလေ၏။

ချိုင်ကူဘိုးဘေးက အံ့တင်းတင်းကြိတ်လိုက်သည်။သူသည် ထိုလူများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။အစောပိုင်းက သူ သတိတစ်ချက်လွတ်သွားစဥ်တွင် တစ်စုံတစ်ယောက်၏တိုက်ခိုက်ခြင်းကိုခံရကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

မူလက သူသည် ထိုဒဏ်ရာများကိုကုသပြီးမှသာ ထိုလူများနှင့်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။သို့ရာတွင် ထိုမြင့်မြတ်နတ်ဆရာများသည် သူ၏ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်ပုံရသည်။သူတို့သည် သူ့အား အဆက်မပြတ်လိုက်လံတိုက်ခိုက်ကာ သူ ပြန်လည်ကုသရန်အတွက် အခွင့်အရေးမပေးခဲ့ချေ။

"သူ တစ်ယောက်တည်းလို့ ဘယ်ကောင်ပြောတာလဲ"

ထိုအချိန်မှာပင် တိုးညှင်းသောအသံတစ်သံက မြင့်မြတ်နတ်ဆရာသုံးယောက်၏နောက်မှ ထွက်ပေါ်လာပေ၏။

မြင့်မြတ်နတ်ဆရာသုံးယောက်သည် သူတို့နောက်၌ တစ်စုံတစ်ယောက်ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားမိပေ။သူတို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ကြသည်။

"ဒါက မင်းလား...သူက နတ်ဘုရား သတ်မိန့်ပေးထားတဲ့သူပဲ"

"သူ့ကို အရင်သတ်ကြစို့"

လုယွီကို မြင်တွေ့လိုက်ရသော အချိန်အတန့်မှာပင် သူတို့သည် သူ့အား မှတ်မိသွားခဲ့သည်။

လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား၏အစီအစဥ်များကို အကြိမ်ပေါင်းများစွာဖျက်ဆီးခဲ့သော နံပါတ်တစ်ရန်သူတော်ပင်။ယခုလက်ရှိချိန်တွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များအားလုံးသည် လုယွီ၏ပုံပန်းသွင်ပြင်ကို မှတ်သားထားကြ၏။

"အိုက်ယား...မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ...မြန်မြန်ထွက်ပြေးတော့"

ချိုင်ကူဘိုးဘေးသည် လုယွီကိုမြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် သာမာန်အားဖြင့် အကျိုးအမြတ်ကိုသာ သိရှိသူပင်။ချိုင်လုံရှင်းနှင့်စကားပြောဆိုရာမှတဆင့် သူသည် လုယွီ၏အကြောင်းကို အမြောက်အများသိရှိခဲ့ရသည်။

ဤကဲ့သို့ပါရမီရှင်တစ်ယောက်သည် နောင်တစ်ချိန်တွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးတစ်ခုဖြစ်လာမည်ဟု သူ ကြိုတင်ခန့်မှန်းနိုင်သည်။

အကယ်၍ လုယွီသာ ဤနေရာ၌သေဆုံးသွားပါက အလွန်စိတ်ပျက်ဖွယ်ကောင်းပေမည်။

"ဟား ဟား ဟား...သူ ထွက်ပြေးနိုင်မှာမဟုတ်ဘူး...မြင့်မြတ်တဲ့နတ်ဘုရား ပစ်မှတ်ထားတဲ့ ဘယ်သူမဆို သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး"

မြင့်မြတ်နတ်ဆရာသုံးယောက်က လှောင်ပြောင်ရယ်မောလိုက်၏။

လုယွီက ထိုလူသုံးယောက်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့က ဒီနေရာကိုရောက်လာပြီးမှတော့...ပြန်ထွက်မသွားကြနဲ့တော့"

ထိုစကားဆုံးသည်နှင့် လုယွီ၏လက်ဝါးမှ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။

အလွန်ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာလေပြီ။

ထို့နောက် လုယွီက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားပုံရသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....ထိုက်ယွမ်လက်ဝါး...

Chapter 2630

မြင့်မြတ်နတ်ဆရာသုံးယောက်သည် ချက်ချင်းဆိုသလိုပင် အစွမ်းထက်သောလက်ဝါးပုံရိပ်ယောင်ကြီး၏ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။

ဤသည်က အထက်ကိုးကောင်းကင်မှ မိုးကြိုးတစ်စင်း သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ပင်။မြင့်မြတ်နတ်ဆရာသုံးယောက်သည် အစွမ်းထက်သောအားလှိုင်း၏ လွှမ်းခြုံခြင်းခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားကာ အလျှင်အမြန်ခုခံလိုက်ကြသည်။

ဘန်း...ဘန်း...ဘန်း...

ကျယ်လောင်သောဆူညံသံများနှင့်အတူ မြင့်မြတ်နတ်ဆရာသုံးယောက်၏ အကာအကွယ်မှော်စွမ်းအင်အလွှာများ စက္ကူတစ်ချပ်ကဲ့သို့ ကြေမွှပျက်စီးသွားသည်။

"ဘယ်လို....ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

မြင့်မြတ်နတ်ဆရာသုံးယောက်သည် လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် ကြိုးပြတ်သွားသောစွန်များအလား လွင့်ထွက်သွားကြ၏။

သူတို့သုံးယောက်လုံး ကူကယ်ရာမဲ့ ဖြစ်နေကြသည်။သူတို့၏စိတ်နှလုံးသားများအတွင်း၌ မကြုံစဖူး တုန်လှုပ်ချောက်ချားခြင်းကို ခံစားနေရသည်။

"မကောင်းတော့ဘူး...ဒီကောင်လေးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေက မှားနေတယ်...သူက ဖုံးကွယ်ထားတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"

"ပြေးကြစို့"

မြင့်မြတ်နတ်ဆရာသုံးယောက်၏မျက်နှာများ ဖြူရော်သွားကာ သူတို့က ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။

"မင်းတို့ ထွက်ပြေးနိုင်မှာလား...ပြန်လာခဲ့စမ်း"

လုယွီက သူ၏လက်ကိုဆန့်ထုတ်ကာ မြင့်မြန်နတ်ဆရာသုံးယောက်ကို ဖမ်းဆုပ်လိုက်၏။

ထိုလူသုံးယောက်အနက်မှ တစ္ဆေကျင့်ကြံသူမြင့်မြတ်နတ်ဆရာ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။သူ၏နောက်ကျောမှ ခြစ်ခြစ်တောက်ပူပြင်းသော အပူလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ထို့နောက် သရဲတစ္ဆေပုံများရေးဆွဲထားသောအရုပ်တိုင်တစ်တိုင်ထွက်လာကာ တောက်ပသောအလင်းရောင်များ အဆက်မပြတ် ဖြာထွက်နေပေ၏။

ဝေါင်း....

သရဲတစ္ဆေကျင့်ကြံသူမြင့်မြတ်နတ်ဆရာ၏ခန္ဓာကိုယ်မှနေ၍ သရဲတစ္ဆေများ၏အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။ဤသည်က နားအူလုမတက် အလွန်ကျယ်လောင်သည်။

ထိုသရဲတစ္ဆေများသည် လုယွီ၏လက်ဝါးအတွင်းမှ လွတ်မြောက်နိုင်ရန်အတွက် အားကုန်ရုန်းကန်လိုက်ကြသည်။

"ငါ မင်းကို သွားခွင့်ပြုလို့လား"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ့၏နောက်၌ ထွက်ပေါ်လာကာ ထိုသရဲတစ္ဆေများကို မြဲမြံစွာဆုပ်ကိုင်လိုက်၏။

ထိုသရဲတစ္ဆေများသည် အဆက်မပြတ်ရုန်းကန်နေဆဲပင်။သူတို့၏မျက်လုံးများအတွင်း၌ ယခင်ကဲ့သို့ သွေးဆာမှု ရူးသွပ်မှုများနှင့် ပြည့်နှက်မနေဘဲ ထိတ်လန့်ကြောက်ရွံမှုများသာရှိနေသည်။

"မင်းက ငါ့ကို သတ်ရဲလို့လား...မြင့်မြတ်တဲ့နတ်ဘုရားက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

သရဲတစ္ဆေကျင့်ကြံသူနတ်ဆရာသည် ကျယ်လောင်စွာအော်ဟစ်ကာ လုယွီကို ခြိမ်းခြောက်လေသည်။

လုယွီသည် သူ၏တောင်စဥ်ရေမရစကားများကို ထပ်မံ၍နားထောင်ခြင်း မပြုတော့ချေ။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက ထိုသရဲတစ္ဆေများအားလုံးကို ဝါးမြိုလိုက်တော့၏။

အကြိမ်ရေအနည်းငယ်ခန့်ဝါးမြိုပြီးနောက် လေထုအတွင်း၌ သရဲတစ္ဆေများ လျော့ပါးလာသည်။တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ မျက်လုံးအတွင်း၌ ထူးဆန်းသောအလင်းရောင်များ တောက်ပသွားသည်။

သရဲတစ္ဆေမြင့်မြတ်နတ်ဆရာသည် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။သူ၏မျက်လုံးများ ထုံမှိုင်းနေကာ သူ၏စိတ်ဝိညာဥ်ပျက်စီးသွားလေပြီ။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တခြားမြင့်မြတ်နတ်ဆရာနှစ်ယောက် ကြက်သေသေသွားသည်။မူလက သူတို့သည် အတူပူးပေါင်း၍ လုယွီကိုတိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည်။သို့ရာတွင် လုယွီသည်အလွန်အစွမ်းထက်သဖြင့် သူတို့ မယှဥ်ပြိုင်နိုင်ဖြစ်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

"ငါ့ကိုပြောစမ်း...မင်းတို့နှစ်ယောက်ကရော ဘယ်လိုသေချင်လဲ"

လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။

မြင့်မြတ်နတ်ဆရာနှစ်ယောက်သည် ခေါင်းငိုက်စိုက်ကျနေလေ၏။သူတို့သည် ထပ်မံ၍ ရူးသွပ်မိုက်မဲဝံ့ခြင်းမရှိချေ။

မြင့်မြတ်နတ်ဆရာတစ်ယောက်က တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"တာအိုမိတ်ဆွေလုယွီ...ငါတို့က နတ်ဘုရားရဲ့အမိန့်ကို နာခံရတာ...ငါတို့ရဲ့စိတ်ဝိညာဥ်တွေကို နတ်ဘုရားက ထိန်းချုပ်ထားတယ်....တကယ်လို့ ငါတို့က သူ့ရဲ့အမိန့်ကိုမနာခံဘူးဆိုရင် ငါတို့ သေဆုံးရလိမ့်မယ်...တာအိုမိတ်ဆွေလုယွီက ကျေးဇူးပြုပြီး ငါတို့ရဲ့အသက်ကို ချမ်းသာပေးပါလား"

"အမှန်ပဲ...မင်း ငါတို့ကိုလွှတ်ပေးတာနဲ့ ငါတို့သိသမျှအရာရာတိုင်း မင်းကိုပြောပြမယ်...အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှာ ငါတို့ရဲ့အဆင့်အတန်းက အရမ်းမြင့်မားတယ်...တခြားသူတွေမသိတဲ့ကိစ္စတွေကို ငါတို့ သိထားတယ်...မင်း အဲ့ဒါတွေကိုသိချင်မှာ သေချာပေါက်ပဲ"

သူတို့သည် သူတို့၏ဂုဏ်သိက္ခာကိုဘေးချိတ်၍ အသနားခံတောင်းပန်လိုက်သည်။

ယခုလက်ရှိချိန်တွင် လုယွီသည် သူတို့၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သူဖြစ်သဖြင့် သူတို့ ကလန်ကဆန်မလုပ်ဝံ့ချေ။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။

ဤနေရာပတ်ဝန်းကျင်ရှိ နေရာအနှံ့အပြားတွင် ကျောင်းတော်တပည့်များ၏အလောင်းများ ရှိနေသည်။မည်မျှထိများပြားသော အဆောက်အအုံများ ပြိုလဲရသည်ကိုလည်း မသိနိုင်ချေ။

"မေ့လိုက်တော့...မင်းတို့က သေတာပဲကောင်းတယ်"

လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မည်သူကိုမျှ အသက်ချမ်းသာပေးလိုစိတ် မရှိတော့ချေ။

သူ၏လက်ယာလက်ကိုဆုပ်လိုက်မှုနှင့်အတူ နဂါးဖမ်းလက်သည် မြင့်မြတ်နတ်ဆရာသုံးယောက်ကို သွေးမြူများအဖြစ် ခြေမွှဖျက်ဆီးလိုက်တော့သည်။

လုယွီ၏ယခုလက်ရှိခွန်အားသည် သူ၏ခန့်မှန်းချက်အရ ရွှယ်အင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်ဖြင့် ခြေရာခြင်းတိုင်းနိုင်လေပြီ။

လျှို့ဝှက်ဆေးလုံးများကိုအသုံးပြု၍ ရွှယ်အင်မော်တယ်နယ်ပယ်သို့ အတင်းအကြပ်တက်လှမ်းခဲ့သူများသည် လုယွီ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ထိုကဲ့သို့ကျင့်ကြံသူများကို လုယွီက လက်သီးတစ်ချက်ထိုးနှက်ရုံဖြင့် ခြေမွှဖျက်ဆီးနိုင်ပေမည်။

သွေးမြူများပျက်ပြယ်သွားချိန်တွင် ရွှယ်အင်မော်တယ်နယ်ပယ် မြင့်မြတ်နတ်ဆရာသုံးယောက်လည်း ပျောက်ကွယ်သွားလေပြီ။

လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ကာ ချိုင်ကူဘိုးဘေးသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။တစ်ချိန်တည်းမှာပင် လုယွီကိုကြည့်သော သူ၏မျက်လုံးအကြည့်က ပို၍ပို၍တည်ကြည်လေးနက်လာသည်။

All Chapters