အခန်း (၂၆၃၁-၂၆၃၅)
Vol. 135 Ch. 2631-2635
Chapter 2631
တာယွီတော်ဝင်နန်းတွင်း၏သတ်မှတ်ချက်အရ အမတ်အဆင့်ရရှိရန်အတွက် ကျင့်ကြံသူတစ်ယောက်သည် အနည်းဆုံး ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိရန် လိုအပ်သည်။
လုယွီ၏လက်ရှိအရည်အချင်းဖြင့် သူသည် အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ် ခန့်အပ်ခံရရန် လိုအပ်သောအချက်များနှင့် ပြည့်စုံနေလေပြီ။
ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ မရှားသော်လည်း အလွန်ပေါများနေခြင်းမဟုတ်ချေ။
ထို့ထက်ပို၍အရေးကြီးသည်မှာ လုယွီ၏အသက်အရွယ်ပင်။
ယခုချိန်၌ လုယွီ၏အသက်သည် အိုမင်းခြင်းမရှိသေးပေ။သူ့အား ဘွဲ့ထူးတစ်ခုသာ အပ်နှင်းခံရပါက တာယွီအင်ပါယာတွင် အသက်အငယ်ဆုံးအမတ်ဖြစ်လာပေမည်။
"အရှင့်သားနဲ့ငါက သူ့ကို လျှော့တွက်ခဲ့မိတယ်"
ချိုင်ကူဘိုးဘေး၏မျက်လုံးအတွင်း၌ ရှုပ်ထွေးနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"စီနီယာက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်ကုသလိုက်ပါအုံး"
လုယွီက ချိုင်ကူဘိုးဘေးကို ဆေးလုံးတစ်လုံး ထုတ်ပေးလိုက်၏။
ယခင်က ချိုင်ကူဘိုးဘေးသည် နတ်ဘုရားကုန်းမြေမှ လုယွီထွက်မလာခင်၌ သူ့အတွက်ဖြင့် ထျန်းပိုယန်နှင့်တိုက်ခိုက်ခဲ့လေရာ ထိုကြင်နာမှုကို သူ ပြန်ပေးဆပ်ရပေမည်။
"အရှင့်သားက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူတွေနဲ့ တိုက်ခိုက်နေတယ်...မင်း ကျန်းဖေးကိုသွားပြီးကူညီတာ ပိုကောင်းလိမ့်မယ်...အဲ့ဒီမဟာနတ်ဆရာဆိုတဲ့ကောင်တွေက မရိုးရှင်းဘူး"
ချိုင်ကူဘိုးဘေးသည် မလိုလားအပ်သော ယဥ်ကျေးမှုများ ပြုလုပ်မနေတော့ချေ။သူက ဆေးလုံးကိုယူကာ သောက်သုံး၍ သူ ပြန်လည်ကောင်းမွန်လာစေရန် ကျင့်ကြံနေတော့သည်။
လုယွီက ခေါင်းညိတ်ပြကာ သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
ပတ်ဝန်းကျင်ရှိနေရာတိုင်းအားလုံးနီးပါးတွင် ပြင်းထန်သောတိုက်ပွဲများ ရှိနေသည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ဂရုတစိုက်ကြည့်ရှုပါက ထိုတိုက်ပွဲများသည် သူတော်စင်ခန်းမဆောင်၏အနီးအနားတွင်သာရှိနေကြောင်း တွေ့ရှိရပေမည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ အဓိကရည်ရွယ်ချက်သည် သူတော်စင်ခန်းမဆောင်ကို စီးနင်းနိုင်ရန်ပင်။
"သူတို့က နတ်ဘုရားကုန်းမြေအတွက် တကယ်ကြီးရောက်လာကြတာပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ တိုက်ခိုက်နေဆဲဖြစ်သည်ကိုကြည့်ပြီး လုယွီက ရုတ်တရက် လေထုအတွင်းသို့ ပျံဝဲတက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျောင်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်တွေအားလုံး သေရမယ်"
ထိုအသံသည် မိုးကောင်းကင်၏သံမဏိစည်းမျဥ်းအလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များအားလုံးသည် ရုတ်တရက် သူတို့၏ရှေ့သို့ အဖြူရောင်ဓားချီတစ်လှိုင်း ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ထို့နောက် ထိုဓားချီသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ထွင်းဖောက်ဝင်ရောက်လာပေ၏။
ဒုတ်...ဒုတ်....ဒုတ်...
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှသာမာန်ဂိုဏ်းသားများအားလုံးသည် မည်မျှထိအဆင့်မြင့်မားသော ကျင့်ကြံသူဖြစ်နေပါစေ ထိုဓားချီကြောင့် သေဆုံးသွားကြသည်။
ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးအတွင်း၌ သွေးများက မြစ်ပြင်တမျှ စီးဆင်းနေသည်။စူးရှနာကျင်စွာ အော်ဟစ်လိုက်သော အသံများနှင့်အတူ ထိုလူများ၏ဒဏ်ရာများမှ သွေးများယိုစီးကျနေဆဲပင်။
ထိုကဲ့သို့သေလမ်းရောက်ရှိသွားသူများအားလုံးမှာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှသာမာန်ဂိုဏ်းသားများဖြစ်သည်။
လှုပ်ရှားမှုတစ်ခုဖြင့်ပင် လုယွီသည် ထောင်နှင့်ချီသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများကို သုတ်သင်ဖယ်ရှားနိုင်ခဲ့လေ၏။
ဤနေရာရှိလှုပ်ရှားမှုသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူတချို့၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
"သူက နတ်ဘုရားသတ်မိန့်ပေးထားတဲ့ လုယွီပဲ"
"ငါတို့အတူပူးပေါင်းပြီး သူ့ကိုသတ်ကြစို့"
လုယွီသည် သူ့ထံသို့တိုးဝင်လာသူများကို ပုရွက်ဆိတ်တစ်စုကိုကြည့်နေသည့်အလား တည်ငြိမ်အေးဆေးစွာ ကြည့်နေလေ၏။
"မင်းတို့က ကျောင်းတော်ထဲကိုလာပြီး သတ်ဖြတ်ဝံ့မှတော့...အကျိုးဆက်ကို မင်းတို့ ပြန်ခံစားရမယ်"
အကန့်အသတ်မရှိသော အင်မော်တယ်သုတ်သင်ဓားချီများက လုယွီ၏လက်ဖဝါးအတွင်းမှ ပွင့်အံထွက်လာသည်။
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ဓားချီများက ရစ်ဝဲနေကာ သူက လေထုအတွင်းသို့ ပျံသန်းလိုက်၏။မရေမတွက်နိုင်သောဓားချီများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံအတွင်းမှ လုယွီသည် ဓားအင်မော်တယ်တစ်ယောက်နှင့် တူညီနေပေ၏။
"သတ်စမ်း"
အင်မော်တယ်သုတ်သင်ဓားချီများ အောက်သို့ကျရောက်လာကာ ထောင်သောင်းချီသောဓားချီများအဖြစ် ကွဲထွက်သွားပြီး ရှေ့သို့တက်လာသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များထံသို့ တိုးဝင်သွားသည်။
ဒုတ်....ဒုတ်....ဒုတ်...
နောက်ထပ် ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ရှေ့သို့တရကြမ်းတိုးဝင်လာသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များအားလုံး မိုးရွာချလိုက်သကဲ့သို့ ပြိုလဲကျသွားပေ၏။သူတို့၏အလောင်းများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။
"ဟား ဟား ဟား...လူငယ်တွေက တကယ်ကို မောက်မာကြမ်းတမ်းတာပဲ....ဒါပေမယ့် အနှေးနဲ့အမြန် မင်း သေရလိမ့်မယ်"
သရော်တော်တော်အသံတစ်သံက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။
လုယွီ၏မျက်လုံးသည် လျှပ်စီးများကဲ့သို့ တဖျတ်ဖျတ်တောက်ပနေလေ၏။သူက အသံထွက်ပေါ်လာသော လေဟာနယ်သို့ကြည့်ကာ ပြောဆိုသည်။
"ခင်ဗျားရဲ့ခေါင်းကိုဖွက်ပြီး အမြှီးကိုပဲပြမနေစမ်းနဲ့...ထွက်လာခဲ့စမ်း"
ထို့နောက် လုယွီက သူ၏လက်ကိုဆန့်ထုတ်ကာ လေဟာနယ်တစ်နေရာသို့ ဖမ်းဆုပ်လိုက်သည်။
ထိုနေရာရှိလေဟာနယ် ချက်ချင်းကျစ်လစ်သိပ်သည်းသွားကာ လေဟာနယ်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
အဖိုးအိုတစ်ယောက်သည် လေဟာနယ်အတွင်းမှ အတင်းအကြပ်ဆွဲထုတ်ခြင်း ခံလိုက်ရ၏။သူ၏ဝတ်စုံအရ အကဲဖြတ်ကြည့်ပါက သူသည်လည်း အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ မြင့်မြတ်နတ်ဆရာတစ်ယောက်ဖြစ်သည်။
"ကောင်လေး....မင်း သတိထားနေစမ်း"
အဖိုးအိုသည် အနည်းငယ်သွေးလန့်နေပုံရကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
"ဘာလို့...ခင်ဗျား ဒီလောက်ထိအကျယ်ကြီး အော်နေတာလဲ"
လုယွီက သူ၏လက်ကိုညှစ်လိုက်ရာ ထိုအဖိုးအိုသည် သွေးမြူများအဖြစ်သို့ ရောက်ရှိသွားတော့သည်။
Chapter 2632
လုယွီ၏ခွန်အားသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရှိ ထိပ်သီးကျင့်ကြံသူများထက်ပင် သာလွန်နေသဖြင့် လူအမြောက်အများ အံ့အားသင့်တုန်လှုပ်သွားသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ဆုလာဘ်ကို လိုချင်သဖြင့် လုယွီအားသတ်ဖြတ်ရန် တရကြမ်းပြေးဝင်လာသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များအားလုံး နေရာမှာပင် ရပ်တန့်လိုက်ကြ၏။
အစိမ်းရောင်ကြာနတ်ဘုရား၏ဆုလာဘ်သည် ကြီးကျယ်ခမ်းနားသော်လည်း သူတို့စွန့်စားရမည်မှာ တန်မတန်ကို ချိန်ဆကြည့်လိုက်ကြသည်။လုယွီ၏နည်းစနစ်များကို ကြည့်ခြင်းအားဖြင့် အကယ်၍ မြင့်မြတ်နတ်ဆရာတစ်ယောက်မှ သူ့အားတိုက်ခိုက်လျှင်ပင် ထိုလူသည် လွယ်လင့်တကူသတ်ဖြတ်ခြင်းခံရပေမည်။
"အဲ့ဒီကောင်လေးက နာမည်ကျော်ကြားတာနဲ့ ထိုက်တန်တာပဲ...ငါတို့ အစိမ်းရောင်ကြာနတ်ဘုရားကို အမြန်ဆုံးအကြောင်းကြားကြရအောင်"
လျှို့ဝှက်နေရာများ၌ ပုန်းအောင်းနေသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ သူလျှိုများသည် နတ်ဘုရားထံသို့ အလျှင်အမြန် သတင်းပို့လိုက်ကြ၏။
သို့ရာတွင် သူတို့သည် ထိုသတင်းကိုပေးပို့လိုက်သည်နှင့် ပေါက်ကွဲသံကြီးကဲ့သို့ ကျယ်လောင်သောအသံတစ်သံက သူတို့၏နားအတွင်း၌ မြည်ဟီးလာသည်။
"ကောင်းတယ်...မင်းတို့က မင်းတို့ကိုယ်မင်းတို့ ဖော်ထုတ်လိုက်မှတော့ သွားသေကြစမ်း"
ဝှစ်...ဝှစ်....
စူးရှရှလေတိုးသံနှင့်အတူ ဓားချီများသည် ကျောင်းတော်၏နေရာအနှံ့အပြား၌ ပုန်းအောင်းနေသော သူလျှိုများထံသို့ တိုးဝင်သွားသည်။ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်အတွင်း၌ ပုန်းအောင်းနေသည့် သူလျှိုများအားလုံး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရ၏။
လုယွီ၏အစွမ်းထက်သောစွမ်းအားကို မြင်တွေ့ရချိန်တွင် ကြွင်းကျန်သော မြင့်မြတ်နတ်ဆရာအဆင့်ရှိသည့် အစွမ်းထက်ကျင့်ကြံသူများအားလုံး နောက်သို့ဆုတ်လိုက်ကြကာ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့တော့ချေ။
"အဲ့ဒီကောင်လေးရဲ့စွမ်းအားက ငါတို့မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်...ဒါပေမယ့် သူက တစ်ယောက်တည်းရှိတာ...ငါတို့က သူကို ခဏလောက် ထိန်းထားနိုင်ဖို့ပဲလိုတယ်...နတ်ဘုရားက မကြာခင်ရောက်လာတော့မယ်"
လုယွီ၏ရှေ့၌ မြင့်မြတ်နတ်ဆရာခုနစ်ယောက် ထွက်ပေါ်လာသည်။
ထိုမြင့်မြတ်နတ်ဆရာတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တောက်ပသောရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပေ၏။ဤသည်က သူတို့ကို ကာကွယ်ပေးထားသော နတ်ဘုရားအလင်းတန်းပင်။သူတို့ ဤနေရာသို့ထွက်ခွါမလာမီ အစိမ်းရောင်ကြာနတ်ဘုရားထံမှ နတ်ဘုရားစွမ်းအားကို လက်ခံရရှိခဲ့သည်။နတ်ဘုရား၏ကူညီထောက်ပံမှုဖြင့် သူတို့သည် မယုံကြည်နိုင်ဖွယ်စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်လေ၏။
မြင့်မြတ်နတ်ဆရာခုနစ်ယောက် အတူတကွစုဝေးမိချိန်တွင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ်က သူတို့ထံမှ ထွက်ပေါ်နေသည်။
"သေစမ်း"
မည်သည့်အပိုစကားတစ်ခွန်းမျှမဆိုဘဲ မြင့်မြတ်နတ်ဆရာခုနစ်ယောက်သည် သူတို့၏အားအကောင်းဆုံးမှော်မန္တန်များကိုရွတ်ဆို၍ အတူပူးပေါင်းကာ လုယွီကို တိုက်ခိုက်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံတခွင်လုံး၌ အရောင်အသွေးစုံလင်သော မှော်မန္တန်များနှင့် ပြည့်နှက်သွားကာ ရွှေရောင်အလင်းတန်းများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့နှံ့လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိအဆောက်အအုံအမြောက်အများ အရည်ပျော်ကျသွားသည်။
ဤသည်က မြောက်များစွာသောရွှယ်အင်မော်တယ်များ၏ ပူးပေါင်းတိုက်ခိုက်မှုပင်။ထိုစွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်နိုင်လုမတတ် ပြင်းထန်ပေ၏။
"မင်းတို့အားလုံး အတူပေါင်းပြီးတိုက်ခိုက်တာ ပိုကောင်းတယ်...ငါကလည်း အခုချိန်မှာ ငါ့ရဲ့ခွန်အား ဘယ်လောက်အားကောင်းနေပြီလဲဆိုတာ သိချင်နေတယ်"
တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများက လုယွီ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်နေသည်။သူသည် မည်သည့်ရှေးဟောင်းသိုင်းပညာနည်းစနစ်ကိုမျှ အသုံးမပြုချေ။သူသည် သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုကို ပေါင်းစည်း၍ ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
ထိုလက်သီးစွမ်းအားသည် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပေါက်ကွဲသွားသည်။လေထုအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော စွမ်းအားလှိုင်းများဖြင့် ပြည့်နှက်သွားပေ၏။ထိုလက်သီးချက်တွင် လောကကြီးကိုဆုတ်ဖြဲနိုင်သောစွမ်းအားမျိုး ပါဝင်နေသကဲ့သို့ပင်။ထိုစွမ်းအားသည် ရုတ်တရက်ပွင့်အံထွက်လာခြင်းဖြစ်သဖြင့် လူအများအား ခုခံကာကွယ်နိုင်မှုကင်းမဲ့စေသည်။
ဘုန်း...
ထိတ်လန့်တကြားအော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ယခင်က လွှမ်းမိုးချုပ်ကိုင်နိုင်ပုံရသော မြင့်မြတ်နတ်ဆရာခုနစ်ယောက်သည် နောက်သို့မီတာရာပေါင်းများစွာအကွာအဝေးထိ လွင့်ထွက်သွားလေ၏။
သူတို့အနက်မှ ကျင့်ကြံမှုအခြေခံအားနည်းသူတချို့သည် သွေးများအန်ထုတ်လိုက်ရကာ သူတို့၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။
သူတို့အားလုံးသည် လုယွီကို မွန်းစတားတစ်ကောင်ကို မြင်လိုက်ရသည့်အလား စူးစိုက်၍ကြည့်နေကြသည်။သူတို့သည် ယခင်ကဲ့သို့ လုယွီကို အထင်အမြင်သေးဝံ့ခြင်း သရော်တော်တော်ပြောဆိုဝံ့ခြင်း မရှိတော့ချေ။
ဤသည်က လက်သီးတစ်ချက်သာဖြစ်သော်လည်း သူတို့အနက်မှမည်သူမျှ ခံနိုင်ရည်မရှိခဲ့ချေ။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၌ မြင့်မြတ်နတ်ဆရာဖြစ်လာသူများသည် အစိမ်းရောင်ကြာနတ်ဘုရား၏ကောင်းချီးပေးခြင်းကိုလည်း ခံယူထားပြီးလေပြီ။
ယခုလက်ရှိချိန်တွင် လုယွီပိုင်ဆိုင်ထားသောခွန်အားကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် အလွန်အမင်းခက်ခဲသည်။
တခြားတစ်ဖက်တွင် ချိုင်ကူဘိုးဘေးသည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
မြင့်မြတ်နတ်ဆရာခုနစ်ယောက်၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်ကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။သူသည် ထိုလူများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိသည့်အပြင် ထိပ်တိုက်ရင်ဆိုင်ရပါက သူ သေဆုံးသွားပေလိမ့်မည်။
"ငါ့ရဲ့မျက်လုံးတွေက ငါ့ကို လှည့်စားနေတာများလား...ဖြစ်နိုင်တာတော့ ဒီကောင်လေးက နတ်ဘုရားတစ်ပါး ပြန်ဝင်စားလာတာများလား...သူ့ရဲ့စွမ်းအားက အရမ်းကိုတုန်လှုပ်ချောက်ချားဖို့ကောင်းနေပြီ"
Chapter 2633
ချိုင်ကူဘိုဘေးကဲ့သို့ ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင် ထိတ်လန့်တုန်လှုပ်နေသည်။
ကျောင်းတော်အတွင်းရှိ တခြားသူများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကျောင်းတော်အတွင်း၌ ဤကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုး ရှိနေသည်ကို မြင်တွေ့ချိန်၌ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်သွားသည်။သူတို့အနက်မှလူအမြောက်အများသည် လူအုပ်ကြီးအတွင်းမှ ခွဲထွက်ကာ အဝေးသို့ အလျှင်အမြန်ထွက်ပြေးသွားတော့သည်။
ဤသည်က ကျောင်းတော်အတွက် အခွင့်အရေးရရှိသွားခြင်းဟူသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ကျောင်းတော်တပည့်တချို့သည် အခွင့်ကောင်းယူ၍ တိုက်ခိုက်ကြလေရာ အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်သွားလေ၏။
ချိုင်လုံရှင်းနှင့်လီစစ်တို့သည် ထိုမြင်ကွင်းကိုမြင်တွေ့သော်လည်း အံ့အားသင့်သွားခြင်းမရှိချေ။သို့ရာတွင် သူတို့၏စိတ်နှလုံးသား၏နက်ရှိုင်းသောနေရာတွင်မူ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များကို ခုခံကာကွယ်နိုင်ရန်အတွက် သူတို့သည် အင်အားများစွာစိုက်ထုတ်ခဲ့ရသည်။သူတို့၏ခန္ဓာကိုယ်များပေါ်၌ သွေးများစိုရွှဲနေကာ အလွန်ဆိုးရွားသောအခြေအနေမျိုးသို့ ကျရောက်နေလေ၏။
ယခုလက်ရှိချိန်တွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏တိုက်ခိုက်မှု လျော့ပါးသွားလေရာ သူတို့ အနားယူရန်အတွက် အချိန်အနည်းငယ်ရရှိသွားသည်။
"ဒီတိုက်ပွဲအပြီးမှာ လုယွီရဲ့နာမည်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအနှံ့ ကျော်ကြားသွားမှာကို ငါ မြင်ယောင်မိတယ်"
ထိုကဲ့သို့အတွေးမျိုးက လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ရှိနေသည်။
ရွှယ်အင်မော်တယ်ခုနစ်ယောက်ကို လက်သီးတစ်ချက်ထိုးနှက်ရုံဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းမှာ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၌ဖြစ်စေ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ဖြစ်စေ ထူးချွန်ပြောင်မြောက်သော တိုက်ပွဲအောင်မြင်မှုကြီးပင်။
မြင့်မြတ်နတ်ဆရာခုနစ်ယောက်၏မျက်နှာများပေါ်၌ ရှက်ရွံသောအရိပ်အယောင်မျိုး ထင်ဟပ်နေသည်။
သူတို့၏မှော်စွမ်းအားလှိုင်းများကို အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဖျက်ဆီးခဲ့သည်ကိုသာ သူတို့ခံစားလိုက်ရပြီး ပြန်လည်သိပ်သည်းရန်ပင် အခွင့်အရေးမရခဲ့ချေ။
သူတို့အနက်မှတချို့သည် ထိုလက်သီးအားလှိုင်းကြောင့် မျက်နှာတပြင်လုံး လူသေကောင်ကဲ့သို့ ဖြူရော်နေသည်။သူတို့သည် ပြင်းထန်သောအတွင်းဒဏ်ရာများကိုလည်း ခံစားနေရလေ၏။
"ငါတို့ သတိလက်လွတ်နေခဲ့မိတယ်...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ အနောက်ဘက်တောင်က ဧည့်အကြီးအကဲတွေလောက်ပဲ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူရှိတယ်လို့ ငါတို့ ထင်ထားခဲ့တာ...ဒါပေမယ့် ဒီကောင်စုတ်လေးက အရမ်းအစွမ်းထက်နေမယ်လို့ ငါတို့ မျှော်လင့်မထားမိဘူး"
"အခုချိန်မှ နောင်တရနေလို့ အသုံးမဝင်တော့ဘူး...မြင့်မြတ်တဲ့နတ်ဘုရား မကြာခင်ရောက်လာတော့မယ်...ငါတို့က ဒီကောင်လေးကို ငါတို့ရဲ့အစီအစဥ်တွေ ဖျက်ဆီးခွင့်မပြုနိုင်ဘူး"
"ငါတို့က လျှို့ဝှက်နည်းစနစ်တွေကို အသုံးပြုရလိမ့်မယ်...ငါတို့ရဲ့အသက်စွမ်းအားတွေကို လောင်ကျွမ်းစေပြီးတော့ ဒီကောင်စုတ်လေးကို သတ်ပစ်ရမယ်"
မြင့်မြတ်နတ်ဆရာခုနစ်ယောက်သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းလိုက်ကြ၏။
သူတို့၏အသက်စွမ်းအားများသည် တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲ၍ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်သည် ဆေးမီးဖိုနှင့် တူညီနေသည်ဟု သူတို့အားလုံး ခံစားနေရသည်။အစွမ်းထက်သောစွမ်းအားများက သူတို့၏ခန္ဓာကိုယ်တွင်းအင်္ဂါများအထိ စီးဝင်နေကာ သူတို့အား မကြုံစဖူးစွမ်းအားမျိုးကို ရရှိစေသည်။
ယခင်က သူတို့သည် ရွှယ်အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့် ကျင့်ကြံသူများသာဖြစ်သော်လည်း သူတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းပြီးနောက် ရွှယ်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်နှင့် နီးကပ်သွားလေပြီ။
ဤသည်က အဆင့်ငယ်တစ်ဆင့် မြင့်တက်သွားခြင်းနှင့်တူညီသည်။သူတို့ရရှိသောခွန်အားသည် သာမာန်ထက် များစွာပို၍ကျော်လွန်နေသည်။သို့ရာတွင် သူတို့ပြန်ပေးဆပ်လိုက်ရသောတန်ကြေးမှာလည်း အလွန်သိသာထင်ရှားလှ၏။ကျင့်ကြံသသူများသည် အသက်စွမ်းအားကိုလောင်ကျွမ်းရသောနည်းလမ်းကို သေရေးရှင်ရေးအခြေအနေမျိုးတွင်သာ အသုံးပြုကြသည်။သာမာန်အခြေအနေမျိုးတွင် ထိုနည်းလမ်းကိုအသုံးပြုခြင်းမှာ အလွန်ရှားပါးသည်။
"ကောင်စုတ်လေး...မင်း ခုဏက အရမ်းမောက်မာနေတာမလား...မင်း ဘယ်လောက်ပဲသန်မာအားကောင်းနေပါစေ မင်းက နို့နံတောင်မစင်သေးတဲ့ ကောင်စုတ်လေးပဲ....ငါတို့တွေ ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့တာ နှစ်တွေအကြာကြီးရှိခဲ့ပြီ...မင်းလိုကောင်စုတ်လေးကို ဖျက်ဆီးနိုင်ဖို့လုံလောက်တာထက်ပိုတယ်"
မြင့်မြတ်နတ်ဆရာခုနစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်ကြသည်။သူတို့သည် လုယွီကို သေလူတစ်ယောက်ကို မြင်နေရသည့်အကြည့်မျိုးဖြင့် ကြည့်နေကြ၏။
ချိုင်ကူဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့လူစုက သွေးအန်တဲ့အထိ အရိုက်ခံထားရတောင် သောက်ရေးမပါတဲ့စကားတွေ ပြောနိုင်တုန်းပဲလား...လုယွီ ငါ မင်းကို ကူညီပေးမယ်"
ချိုင်ကူဘိုးဘေး ခုန်ထလိုက်သည်နှင့် လျှို့ဝှက်ပုန်းအောင်းနေသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ မြင့်မြတ်နတ်ဆရာတစ်ယောက်က သူ့အား ဟန့်တားထားလေသည်။
နှစ်ဖက်စလုံး ပြင်းထန်စွာ စတင်တိုက်ခိုက်ကြတော့သည်။ကံအကြောင်းမလှစွာဖြင့် ချိုင်ကူဘိုးဘေးသည် သူ၏ဒဏ်ရာများ အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။ထို့ကြောင့် သူ၏စွမ်းအားအကုန်အစင်ကို ထုတ်ဖော်အသုံးမပြုနိုင်ပေ။ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီကို မကူညီနိုင်တော့ချေ။
"ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်...."
လုယွီ၏စိတ်အတွင်း၌ ရှဖုန်း၏ပုံရိပ်က ထွက်ပေါ်လာသည်။
သူ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့ လာခဲ့စဥ်တွင် လမ်းခရီး၌ ရှဖုန်း၏ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တုန်းက လုယွီသည် သေဆုံးခြင်းမရှိသော်လည်း ဆိုးရွားသောအခြေအနေမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းခံရလေ၏။သူသည် တောအုပ်အတွင်း၌ ပုန်းအောင်းနေရပြီး ပြင်ပသို့ခေါင်းမထွက်ဝံ့ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုကဲ့သို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရတော့မည်မဟုတ်ပေ။
"ဒါက လုံလောက်ပြီလို့ ခင်ဗျားတို့က ထင်နေကြတာလား"
လုယွီ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ ပွင့်အံထွက်လာသည်။ထို့နောက် သူ၏လက်ကိုမြှောက်လိုက်သည်နှင့် အနက်ရောင်လက်သည်းကြီးတစ်ခုက သူ၏ခေါင်းထက်၌ သိပ်သည်းသွားသည်။
Chapter 2634
လုယွီ မှော်မန္တန်အားရွတ်ဆိုလိုက်ချိန်တွင် သူ၏ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများ ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာသည်။
အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ ထိုအရာကို မလှမ်းမကမ်းအကွာအဝေးရှိ ကျင့်ကြံသူများပင် ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။
မင်းတို့အားလုံး မကြောက်ကြနဲ့...ဒီကောင်လေးက လေလုံးထွားနေတာ...ငါတို့ အတူပူးပေါင်းတိုက်ခိုက်ပြီး သူ့ကိုသတ်ကြရအောင်"
မြင့်မြတ်နတ်ဆရာများသည် လုယွီ၏မှော်စွမ်းအားများ မည်မျှထိအစွမ်းထက်သည်ကို ရှင်းရှင်းလင်းလင်းအာရုံခံနိုင်ကြသည်။
သို့ရာတွင် သူတို့သည် အုပ်စုဖွဲ့၍ လုယွီတစ်ယောက်တည်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။ဤကဲ့သို့အခြေအနေမျိုးတွင် အကယ်၍ သူတို့နောက်ဆုတ်လိုက်ပါက အလွန်အမင်း ရှက်ရွံဖွယ်ကောင်းပေမည်။
"သတ်စမ်း"
ရုတ်ချည်းဆိုသလိုပင် မြင့်မြတ်နတ်ဆရာများသည် သူတို့၏အားအကောင်းဆုံးမှော်မန္တန်များကို ထပ်မံ၍ရွတ်ဆိုကာ လုယွီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
လုယွီသည် သူ့ထံသို့တိုးဝင်လာသော မှော်စွမ်းအားလှိုင်းများကိုကြည့်ပြီး သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များက အေးစက်သည်ထက်ပို၍အေးစက်လာပေ၏။
သူက သူ၏လက်ကိုမြှောက်လိုက်ရာ လေထုအတွင်းရှိ အနက်ရောင်လက်သည်းပုံရိပ်ယောင်ကြီးက အောက်သို့ကျရောက်လာသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်
အနက်ရောင်လက်သည်းကြီးသည် လေထုကိုဖြတ်သန်း၍ မြင့်မြတ်နတ်ဆရာခုနစ်ယောက်ထံသို့ တိုးဝင်သွားသည်။
"ဟား ဟား ဟား...တကယ့်ကို အဆင်အခြင်ကင်းမဲ့တဲ့ကောင်လေးပဲ...ကောင်စုတ်လေး ဒီနေ့ ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲဆိုတာ မင်းသိအောင် ငါ ပြပေးမယ်...အစစ်အမှန်ခွန်အားက ဘယ်လိုမျိုးလဲဆိုတာ မင်း ကြည့်လိုက်စမ်း"
နောက်ထပ်အချိန်အခိုက်အတန့်တွင် အနက်ရောင်လက်သည်းကြီးနှင့် မှော်မန္တန်ခုနစ်မျိုးတို့ ရိုက်ခတ်မိသွားလေ၏။အစွမ်းထက်သောလေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဝုန်း...
မိုးကြိုးတစ်စင်း မြေပြင်ပေါ်သို့ဆင်းသက်လာသည့်အလား ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားပေ၏။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် လုယွီ၏အနက်ရောင်လက်သည်းသည် ပို၍အစွမ်းထက်ပုံရကာ သူ့ရှေ့ရှိ မှော်စွမ်းအားလှိုင်းများအားလုံးကို ဖျက်ဆီးလိုက်သည်။
ထို့နောက် ထိုစွမ်းအားလှိုင်းသည် အားပျော့သွားခြင်းမရှိဘဲ မြင့်မြတ်နတ်ဆရာခုနစ်ယောက်လုံးကို ရိုက်ခတ်မိသွားသည်။
"မဟုတ်ဘူး...."
မြင့်မြတ်နတ်ဆရာခုနစ်ယောက်က အသံကုန်အော်ဟစ်လေ၏။
သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။မည်သည့်ကိစ္စမျိုးဖြစ်ပျက်နေပါစေ သူတို့၏မျက်လုံးကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
ဘန်း...
နောက်ဆုံးတွင် အနက်ရောင်လက်သည်းကြီးသည် မြင့်မြတ်နတ်ဆရာခုနစ်ယောက်ပေါ်သို့ ကျရောက်သွားပြီးနောက် သူတို့အားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
သူတို့ခုနစ်ယောက်၏အောက်တွင် ကြီးမားကျယ်ပြန့်သော လေ့ကျင့်ရေးကွင်းပြင်ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် လေ့ကျင့်ရေးကွင်းပြင်၏မြေပြင်အက်ကွဲသွားကာ မြောက်မြားစွာသော အက်ကွဲကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။
မြင့်မြတ်နတ်ဆရာခုနစ်ယောက်လုံး မြေပြင်ပေါ်၌ လဲကျနေသည်။သူတို့၏ပါးစပ်မှ သွေးများယိုစီးကျလာကာ သူတို့၏အရိုးများလည်း ကျိုးပဲ့သွားလေပြီ။သူတို့သည် လုယွီကို သရော်တော်တော် မကြည့်ဝံ့တော့သည့်အပြင် ထိတ်လန့်ကြောက်ရွံမှုက သူတို့၏အရိုးများအတွင်း၌ အမြစ်တွယ်နေတော့သည်။
လုယွီ၏လက်ရှိခွန်အားကို ရွှယ်အင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်လေ၏။
ဤသည်က ရယ်စရာပြက်လုံးတစ်ခုမဟုတ်သည်မှာ အကြွင်းမဲ့ပင်။ယခင်အကြောင်းများကို ပြန်တွေးကြည့်ပါက ဦးရီးတော်ရှားဟိုလီသည် ရွှယ်အင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်ဖြင့် ရှုရာဧကရာဇ်တစ်စုကို သူတစ်ယောက်တည်းဖြင့်တိုက်ခိုက်ခဲ့သည်တိုင် ရှုံးနိမ့်ခဲ့ခြင်းမရှိချေ။
ရွှယ်အင်မော်တယ်နယ်ပယ်သို့ရောက်ရှိစဥ်တွင် အဆင့်ငယ်တစ်ခုစီသည် လွန်စွာကွဲပြားခြားနားလှ၏။အကယ်၍ ရွှယ်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်သို့ အစစ်အမှန်ရောက်ရှိနေသည့် ကျင့်ကြံသူခုနစ်ယောက် လုယွီအား လာရောက်တိုက်ခိုက်လျှင်ပင် သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိကာ ရှုံးနိမ့်သွားရပေမည်။သူတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းပြီး ကျင့်ကြံဆင့်တိုးမြှင့်ခဲ့သူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
"မြင့်မြတ်တဲ့နတ်ဘုရားက မင်းကို မဟာကွန်ဖြူးရှပ်ပညာရှင်တွေကိုကျော်ပြီး သတ်ရမယ့်စာရင်းရဲ့နံပါတ်တစ်နေရာမှာ ဘာလို့ထားတာလဲဆိုတာ နောက်ဆုံးတော့ ငါသိသွားပြီ...ငါတို့က မင်းကို တတ်နိုင်သမျှ အမြန်ဆုံးသတ်ခဲ့သင့်တာ...မင်း ကျင့်ကြံဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေး မပေးခဲ့သင့်ဘူး"
မြင့်မြတ်နတ်ဆရာများအနက်မှတစ်ယောက်က စိတ်ဓာတ်ကျဆင်းနေသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားအပေါ်၌ အလွန်အမင်းသစ္စာရှိသော်လည်း သူ၏အမိန့်များအပေါ် တသွေမတိမ်းလုပ်ဆောင်ခဲ့ခြင်းမရှိချေ။
မြင့်မြတ်နတ်ဆရာများ၏အမြင်အရ လုယွီသည် တက်သစ်စပါရမီရှင်လူငယ်တစ်ယောက်ပင်။အကယ်၍ လုယွီသည် အစွမ်းထက်သူဖြစ်သည့်တိုင် သူတို့အတွက် အလေးစိုက်စရာမဟုတ်ခဲ့ချေ။
အကျိုးဆက်အနေဖြင့် သူတို့သည် ကျင်းမင်ခုံးနှင့်တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကိုသာ အာရုံစိုက်ခဲ့ကြ၏။လုယွီ ကျင့်ကြံဆင့်ချိုးဖျက်နေစဥ်တွင် မြွေစိမ်းမြင့်မြတ်နတ်ဆရာကသာ လူတချို့ကိုခေါ်ဆောင်၍ သူ့အားသတ်ဖြတ်ရန်သွားခဲ့သည်။
ခြေလှမ်းတစ်လှမ်းမှားသွားသည်နှင့် အရာအားလုံး အဆုံးသတ်သွားလေပြီ။
ဤတစ်ကြိမ် အစိမ်းရောင်ကြာနတ်ဘုရား၏တိုက်ခိုက်မည့်အစီအစဥ်သည် ဖရိုဖရဲဖြစ်သွားပြီဟု ဆိုနိုင်ပေ၏။
Chapter 2635
"ကံဆိုးချင်တော့ ခင်ဗျားတို့မှာ အခွင့်အရေးမရှိတော့ဘူး"
လုယွီ၏မျက်လုံးအကြည့်က အေးစက်တင်းမာနေသည်။သူက ထိုလူများ၏အသက်ကို အဆုံးသတ်ပေးရန်အတွက် သူ၏လက်ချောင်းထိပ်မှနေ၍ ဓားချီများ ထွက်ပေါ်လာသည်။
သူသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏အကြောင်းကို ကောင်းစွာသိရှိထားလေ၏။သူသည် ထိုလူများကို အသက်ရှင်ခွင့်မပေးနိုင်သဖြင့် သူတို့နှင့်အချိန်ဖြုန်းလိုခြင်းမရှိချေ။
ဘန်း...
ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက မိုးကုပ်စက်ဝိုင်းတစ်နေရာမှနေ၍ မြည်ဟီးလာသည်။
အဝေးရှိတိမ်တိုက်များအကြားတွင် ရောင်စုံအလင်းတန်းများက တောက်ပလာပေ၏။ထိုရောင်စုံအလင်းတန်းများသည် အရောင်ခုနစ်ရောင်ရှိကာ အင်မော်တယ်တေးသံသာများသီဆိုနေသော အသံများက ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ဤသည်က တိမ်တိုက်များအကြားတွင် အင်မော်တယ်များမျောလွင့်နေသည်နှင့်တူညီကာ အလွန်အမင်းအံ့သြမှင်သက်ဖွယ် မြင်ကွင်းတစ်ခုပင်။
ဒေါင်...ဒေါင်...ဒေါင်...
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ရှေးဟောင်းကြေးနီခေါင်းလောင်းများ ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာစဥ်ကပင် ထိုရှေးဟောင်းကြေးနီခေါင်းလောင်းသည် မြည်ဟီးခြင်းမရှိချေ။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် အန္တရာယ်ကျရောက်လာမှသာ မြည်ဟီးသောအချက်ပေးခေါင်းလောင်းဖြစ်သည်။ကျောင်းတော်အားဖျက်ဆီး နိုင်စွမ်းရှိသော စွမ်းအားတစ်ရပ် ချဥ်းကပ်လာစဥ်တွင် ထိုခေါင်းလောင်းသည် ကြိုတင်၍သတိပေးလေ၏။
ကျောင်းတော်ဘက်ရှိလူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် အနိုင်ရရှိရန် သေချာနေသောအခြေအနေမျိုးတွင် မည်သည်ကြောင့် အပြောင်းအလဲတစ်ခု ဖြစ်လာရသနည်း။
"ဟား ဟား ဟား...မြင့်မြတ်တဲ့နတ်ဘုရား ရောက်လာပြီ....မင်းတို့အားလုံး သေရတော့မယ်"
မြေပြင်ပေါ်၌လဲလျောင်းနေသော မြင့်မြတ်နတ်ဆရာတချို့သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
သူတို့၏စိတ်နှလုံးသားများအတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရားသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။
ယခုလက်ရှိအခြေအနေတွင် သူတို့သည် အရေးနိမ့်နေသော်လည်း အစိမ်းရောင်ကြာနတ်ဘုရားလှုပ်ရှားသည်နှင့် အခြေအနေ ချက်ချင်းပြောင်းပြန်ဖြစ်သွားပေမည်။
မိုးကောင်းကင်ယံအတွင်းမှ တိုက်ပွဲသည်လည်း အဆုံးသတ်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။
ကျင်းမင်ခုံး၏ဝတ်စုံသည် လေနှင့်အတူ လူးလွန့်နေကာ သူမက နူးညံညင်သာစွာ လေထုအတွင်းမှ ဆင်းသက်လာသည်။သူမ၏မျက်လုံးအတွင်း၌ တည်ကြည်လေးနက်မှုများ ထင်ဟပ်နေပေ၏။
သူမ၏ရှေ့တွင် မဟာနတ်ဆရာသုံးယောက်အနက်မှ တစ်ယောက်သည် ဓားရှည်တစ်လက်ဖြင့် တောင်နံရံတစ်ခုတွင် ထိုးစိုက်ထားခြင်းခံထားရသည်။တခြားမဟာနတ်ဆရာတစ်ယောက်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။မဟာနတ်ဆရာကျိုးဟွာတစ်ယောက်တည်းကသာ တည်ငြိမ်အေးဆေးသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားနိုင်သည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက မြင့်မြတ်နတ်ဆရာကျိုးဟွာ၏ခါးမှ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျနေသည်ကို တွေ့မြင်ရပေမည်။သူသည် ဒဏ်ရာရရှိထားသည်မှာ သိသာထင်ရှားလှ၏။
နှစ်ဖက်အကြားရှိအခြေအနေမှာ သိသာထင်ရှားသည်။
ကျင်းမင်ခုံးသည် တစ်ယောက်တည်းဖြင့် မဟာနတ်ဆရာသုံးယောက်ကို တိုက်ခိုက်ခဲ့သည်။သူမသည် ထိုလူသုံးယောက်အနက်မှ နှစ်ယောက်ကိုသတ်ဖြတ်ကာ တစ်ယောက်ကိုဒဏ်ရာရစေခဲ့ခြင်းမှာ ကောင်းမွန်သောရလဒ်ပင်။
"မင်းက မဆိုးဘူး...အနောက်ဘက်တောင်ကို ပြန်သွားနေစမ်း...ဒီနေရာက ကိစ္စတွေကို ငါ ဂရုစိုက်လိုက်မယ်"
အစောပိုင်းက လုယွီ၏လှုပ်ရှားမှုများကို ကျင်းမင်ခုံးက မြင်တွေ့ပြီးဖြစ်သည်။
ယခုအချိန်တွင် အစိမ်းရောင်ကြာနတ်ဘုရားရောက်ရှိလာသဖြင့် သူမ အလွန်အမင်း သတိထားရပေမည်။သူမသည် ဤကဲ့သို့ပါရမီရှင်တစ်ယောက် သေဆုံးသွားမည်ကို မလိုလားချေ။
"စီနီယာ...ဘာမှမစိုးရိမ်ပါနဲ့....ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
သူသည် ရှေ့သို့ထွက်လာပြီးဖြစ်သဖြင့် အနောက်ဘက်တောင်သို့ ပြန်သွား၍ပုန်းအောင်းနေရန် အကြောင်းမရှိချေ။
ချိုင်ကူဘိုးဘေးက မိုးကောင်းကင်ယံအတွင်းသို့ အလျှင်အမြန် ပျံသန်းသွားလိုက်သည်။
"တော်ဝင်ကြင်ယာတော်ကျင်း...ဒီအဖိုးကြီးက ကျန်းဖေးရဲ့အကြောင်းကိုကြားဖူးနေတာ အချိန်အတော်ကြာနေပြီ...ပြောရမယ်ဆိုရင် ငါတို့က ဇာတိမြို့အတူတူပဲ"
ထိုအဖိုးအိုသည် လက်ရှိအခြေအနေကို သိနားလည်သဖြင့် လုယွီ၏နောက်၌ အလျှင်အမြန်မတ်တတ်ရပ်နေလေသည်။သူသည် အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် လုယွီကိုခေါ်ဆောင်၍ ထွက်ပြေးရန် ကြံရွယ်နေခြင်းပင်။
အမှန်အားဖြင့် ဤသည်က သူ့အား ချိုင်လုံရှင်းပေးအပ်ထားသောတာဝန်ပင်။
"မင်းက အတိတ်မှာ ကျန်းဖေးလို့နာမည်ကြီးခဲ့တာနဲ့ ထိုက်တန်ပါတယ်....မင်းရဲ့ခွန်အားက အချိန်တွေအရမ်းကြာခဲ့တာတောင် အားနည်းမသွားခဲ့ဘူး"
ကျိုးဟွာမြင့်မြတ်နတ်ဆရာက စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်၏။
ကျင်းမင်ခုံး၏မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မျိုးမျှရှိမနေချေ။သူက ကောင်းကင်ယံအတွင်းရှိ ရောင်စုံတိမ်တိုက်များကို မော့ကြည့်လိုက်သည်။
"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေက တော်ဝင်မြို့တော်ရဲ့အနီးမှာရှိတယ်....နင်တို့က တော်ဝင်နန်းတွင်းရဲ့အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ဖို့ နည်းလမ်းတွေအများကြီး အသုံးပြုထားပေမယ့် နန်းတွင်းက အစွမ်းထက်ကျင့်ကြံသူတွေ မကြာခင်မှာ ရောက်လာလိမ့်မယ်...နင်တို့ ဒီနေရာမှာ လှုပ်ရှားချင်တာသေချာလား"
ကောင်းကင်ယံရှိအင်မော်တယ်တေးသံသာများသည် ရပ်တန့်သွားခြင်းမရှိချေ။ရောင်စုံတိမ်တိုက်များ၏အထက်တွင် ပုံရိပ်တစ်ရိပ်က မျောလွင့်နေပေ၏။
ထိုပုံရိပ်သည် အမျိုးသမီးတစ်ယောက်ဖြစ်ကာ သူမ၏ဆံနွယ်ရှည်များက လေထုအတွင်း၌ လူးလွန့်နေသည်။သူမ၏မျက်လုံးတစ်စုံသည် ကောင်းကင်ယံရှိကြယ်များနှင့် တူညီသည်။သူမ၏ကျောက်စိမ်းရောင်ခြေဖဝါးက မြေပြင်ပေါ်သို့ ဆင်းသက်လာကာ သူမ၏ခန္ဓာကိုယ်အရေပြားက ကြွေရုပ်ကဲ့သို့ လှပချောမွေ့နေပေ၏။
သူမ၏မျက်နှာပေါ်၌ မျက်နှာလွှားဇာကို တပ်ဆင်ထားသည်။ဤသည်က သူမ၏ဝိုးတဝါးအလှကို ပို၍ပေါ်လွင်စေကာ လူအများအား သူတို့၏စိတ်နှလုံးသားများအတွင်းမှ စွဲလန်းမှုကို ပို၍တိုးပွါးစေသည်။
သူမ၏နောက်၌ တောက်ပနေသောအလင်းဘီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေသည်။
ထိုအလင်းဘီးသည် မလည်ပတ်လျှင်ပင် ရာနှင့်ချီသောလူများက ဒူးထောက်ဦးညွှတ်ကာ ကျမ်းစာများရွတ်ဆိုနေသော ပုံရိပ်ယောင်မြင်ကွင်းက လေထုအတွင်း၌ ထွက်ပေါ်နေသည်။